Channel Myanmar

Drama

Kidnap For Romance (2023) 7.1
Kidnap For Romance (2023) Kidnap for Romance (2023) IMDb - 7.1/10ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစရာ အချစ်၊ ဟာသဖိလစ်ပိုင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖရက်ဒ်ဆိုတာ ဖိလစ်ပိုင်ရဲ့အချမ်းသားဆုံးသူဌေးကြီးတွေထဲက တစ်ဦးရဲ့ မြေး။ သူသိတာပါတီပေးဖို့နဲ့ မိန်းမပွေဖို့။ တစ်ရက် အဘိုးဖြစ်သူက အိမ်ထောင်ပြုဖို့ပြောပြီး သူနောက်ဆုံးတွဲမဲ့မိန်းကလေးကို အတည်ယူဖို့နဲ့ မယူဘူးဆိုရင် သုံးစရာတစ်ပြားမှာ မပေးတဲ့အပြင် အဆောင်အယောင်တွေအကုန်ပြန်သိမ်းမယ်လို့ အမိန့်ထုတ်ပါတော့တယ်။အယ်လီနာကကျ ဘ၀ကို ခက်ခက်ခဲခဲရုံးကန်နေရတဲ့ မိန်းမပျိုလေးတစ်ဦး။ မိခင်ဆေးစရိတ်အတွက် ကြုံတဲ့အလုပ်ကိုဝင်လုပ်ရင်း အဖေနဲ့မောင်ဖြစ်သူ ရှာတဲ့ဒုက္ခတွေကိုပါ လိုက်ဖြေရှင်းနေရသူ။ တစ်ရက်တော့ သူဌေးမြေးဖြစ်တဲ့ ဖရက်ဒ်ကို ပြန်ပေးဆွဲဖို့အစီအစဉ်ထဲမှာ ကြံရာပါဖြစ်လာပါတော့တယ်။ဒီလိုကနေ သူတို့နှစ်ဦး ဘယ်လိုအလွဲလွဲ အကွဲကွဲတွေနဲ့ ဘယ်စခန်းဆက်ကြမလဲဆိုတာ ကြည့်ရှုခံစားကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 679MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Kidnap For Romance (2023)

2023
Monster (2023) 8
Monster (2023) Monster (2023)Original Name - KaibutsuIMDb - 8/10 Rotten Tomatoes - 96%နာမည်ကျော် ဂျပန် ဒါရိုက်တာ Hirokazu Koreeda ရဲ့ လက်ရာမွန် ဇာတ်ကားသစ် ရပါပြီ။IMDb - 8/10, Rotten Tomatoes - 96% ထိ ရရှိထားပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေကြား ရေပန်းစားနေတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ...ဆာအိုရီမုဂိနိုဟာ Single mother တစ်ဦးဖြစ်ပြီး မီနတိုမုဂိနို ဆိုတဲ့ သားလေးတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းလာတဲ့ မီနတိုရဲ့အပြုအမူတွေကြောင့် ကျောင်းက မိခင်ဖြစ်သူ ဆာအိုရီ့ကို ခေါ်တွေ့ပါတော့တယ်။မီနတို ထူးဆန်းလာရတဲ့အကြောင်းအရင်းကတော့ ဟိုရှိခါဝယိုရီ ဆိုတဲ့ သူငယ်ချင်းကောင်လေးကြောင့်ပါ။သူများနဲ့မတူဘဲ ထူးခြားနေပြီး အများက “မကောင်းဆိုးဝါး” လို့ ခေါ်ကြတဲ့ ယိုရီကြောင့် မီနတိုတစ်ယောက် ဘယ်လို‌တွေ ထူးဆန်းလာခဲ့သလဲ။ ဘာကြောင့်များ ယိုရီက သူများနဲ့မတူဘဲ ထူးခြားနေရတာလဲ။ ဒီကလေးနှစ်ယောက်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ စတာတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဂျပန်ဇာတ်ကားကောင်းလေးတစ်ကားပါပဲနော်။အညွှန်းကိုတော့ ...
movie

Monster (2023)

2023
Saachi (2023) 8.8
Saachi (2023) Saachi (2023) "ဆာချီ" ====================ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက် ရေလည်ဇာတ်နာတဲ့ IMDb 9/10 ရထားတဲ့ တေလဂူးစကားပြော ရုံတင်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆာချီတို့ရဲ့ ရွာလေးမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်နေပါတယ်။ ဆာချီရဲ့ အဖေဟာ ဆံပင်ညှပ်ဆိုင်သေးသေးလေးဖွင့်ပြီး မိသားစုကို ရှာကျွေးနေသူပါ။ သူတစ်ယောက်တည်းရဲ့လုပ်စာနဲ့ မိသားစု ထမင်းနပ်မှန်ဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့အတွက် ဆာချီ့အဖေက ခေါင်းကိုက်ရောဂါ တဖြည်းဖြည်းစွဲလာတာတောင် ဆေးခန်းမပြနိုင်ခဲ့ပါဘူး။ နောက်ဆုံး အိပ်ရာထဲ ဗုန်းဗုန်းလဲသွားချိန်မှာတော့ သူတို့မိသားစုရဲ့ တာဝန်အလုံးစုံဟာ ဆာချီ့ပခုံးပေါ်ကို လုံးလုံးလျားလျား ကျရောက်လာတဲ့အတွက် ဆာချီတစ်ယောက် သူ့အဖေရဲ့ ဆံပင်ညှပ်ဆိုင်လေးကို လက်လွှဲယူလိုက်ရပါတော့တယ်။မိသားစုရဲ့ အခက်အခဲတွေကို ဆာချီဖြေရှင်းနိုင်မှာလား၊ ရွာမှာ လူတွေပျောက်နေတာ ဘာကြောင့်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ပဟေဠိတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.03GB /  1GB Quality…WEB DL ...
movie

Saachi (2023)

2023
Karen (2021)
Karen (2021) Karen (2021) Genre – Crime, Drama, Thrillerမာလစ်နဲ့ အီမာနီတို့ လင်မယားဟာ မြို့နဲ့သိပ်မဝေးတဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဘဝသစ်တစ်ခု စတင်ဖို့ ပြောင်းရွှေ့လာကြတဲ့လူမည်း လင်မယားစုံတွဲလေးပါ။ ဒါပေမဲ့ သူတို့ရောက်လာတာတော့ လူဖြူတွေ ရှိကြတဲ့မှုခင်းအင်မတန် နည်းပါးတဲ့ ရပ်ကွက်လေးတစ်ခုပေါ့။ဒီလိုနဲ့ စနေတဲ့အချိန် ဘေးချင်းကပ်ရပ်က ကလေးနှစ်ယောက်အမေရပ်ကွက်ဥက္ကဌလိုမျိုး ကယ်ရန်ဆိုတာနဲ့ စပြီး တွေ့ခဲ့ကြတယ်။ သူတို့ ပြောင်းလာပြီး ကယ်ရန်ဆိုတဲ့ အမျိုးသမီးက ကင်မရာတွေတပ်တယ်အမူအရာတွေလည်း စတင် ပြောင်းလဲလာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကယ်ရန်ဆိုတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က စစ်မှန်တဲ့ ရည်မှန်းချက်တွေ သိလာရတဲ့အချိန်မှာ မာလစ်တို့ လင်မယား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ….။   File size…      1.7 GB /  732 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 29m Genre ..... Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Karen (2021)

2021
Island Hunter ( 2024 ) 5.8
Island Hunter ( 2024 ) ဒီတခါတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းလေးကတော့ ကျွန်းတစ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်ပျက်ကြောင့် မင်းသားဖြစ်သူ ဝမ်ခဲနှင့် မင်းသမီးဖြစ်သူ ရှောင်းယတို့ရဲ့ အန္တရာယ်ကြားထဲက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဝမ်ခဲ နှင့် ရှောင်းယတို့က သူငယ်ချင်းဘဝမှာ ခရီးထွက်ရင်းကြယ်ကြွေတာကိုမြင်ပြီး ကျွန်းတစ်ကျွန်းပေါ် ဥက္ကာခဲကြွေကျခဲ့တာကိုမြင်ခဲ့ကြတဲ့အခါ ကျွန်းပေါ် ဥက္ကာခဲလိုက်ရှာကြမယ်ဆိုပြီးတော့ ထူးဆန်းတဲ့ကျွန်းပေါ်သို့ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်ကျွန်းပတ်ဝန်းကျင်မှာနေထိုင်တဲ့လူတွေမှာတော့ ရှေးပုံပြင်တစ်ခုရှိကြတာပေါ့ ပုံပြင်အရဆိုရင် ဟိုးရှေးရှေးက ကျွန်း‌ပေါ်မှာလူတွေနေထိုင်ခဲ့‌ကြပြီး အဲ့ဒီလူတွေထဲက အမဲလိုက်မုဆိုးတစ်ယောက်က မြွေတစ်ကောင်ကိုဖမ်းမိခဲ့ရာကနေပြီးတော့ စတင်ပြီး သူတို့နေတဲ့ကျွန်းဟာ စွန့်ပစ်ကျွန်းအဖြစ်ဒုက္ခရောက်သွားတဲ့ပုံပြင်လေးဖြစ်ပါတယ်လူတွေပြောနေကျ ပုံပြင်ထဲကအတိုင်း တကယ်ပဲစွန့်ပစ်ကျွန်းကြီးဖြစ်နေမလား ကျွန်းပေါ်မှာဘယ်လိုအန္တရာယ်တွေရှိနေမလဲ ဝမ်ခဲနှင့်ရှောင်းယတို့ ကျွန်းပေါ်မှာပဲဘယ်လိုတွေဖြတ်သန်းကြမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Fantasy , Romance  Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By  Xing Xing Encoded by LK
movie

Island Hunter ( 2024 )

After Sundown (2023) 5.7
After Sundown (2023) နေကွယ်ပြီးနောက် ရောက်သည့်အခါ (၂၀၂၄)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ မူဗီလေးကတော့ CM ပရိသတ်ကြီးတို့အကြိုက် ထိုင်း BL ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ၁၉၆၁ ခုနှစ်ကာလကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဆန်ရာဝီဆိုတဲ့ ကောင်လေးဟာ ဘုန်းကြီးကျောင်းမှာ ကြီးပြင်းလာတဲ့ လိမ္မာပြီး နူးညံ့သိမ်မွေ့တဲ့ ၂၁ နှစ်အရွယ်ကောင်လေးပါ ရည်ရွယ်ချက်ကြီးမားပြီး စာပေလေ့လာချင်တဲ့ကလေးမို့ တစ်နေ့မှာ သူ့ဆရာတော်ရဲ့မိတ်ဆွေဟောင်းဖာလစ်ရဲ့တောင်းဆိုချက်အရ သူ့ရဲ့ ပညာရေး နဲ့ အနာဂတ်အတွက် ဖာလာနန်ကွန်ကို လိုက်သွားခဲ့ရပါတော့တယ်တစ်ဖက် အဘိုးဖာလစ်ကလည်း မြေးဖြစ်သူ ဖရာဖလန် ၂၅ နှစ်မှာ ကံကြမ္မာဆိုးနဲ့ကြုံတွေ့ရမယ်ဆိုတဲ့ဟောကိန်းကြောင့် သူ့မြေးနဲ့ ကံကြမ္မာပေါင်းစည်းဖို့ ကြမ္မာလက်တွဲဖော်ကို ရှာနေတဲ့အချိန်မှာ အဘက်ဘက်က ကိုက်ညီနေတဲ့ ရာဝီတစ်ယောက် ဖရာဖလန်ရဲ့ ဖူးစာဖက်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်သူတို့နှစ်ဦးရဲ့ကံကြမ္မာပေါင်းစည်းမှုကရော အဆင်ချောလှပပါ့မလား အတိတ်က အာဃာတတွေကရော သူတို့အားလုံးကို ဘယ်လိုလောင်မြိုက်စေဦးမလဲဆိုတာကို Horror Vibe လေးနှောပြီးကြည့်ရမှာမို့ မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Mary, Char Ou တို့ပဲ ...
movie

After Sundown (2023)

2023
The Prequel of Gold Convoyers 5 : A Battle of Desert ( 2010 ) 5.7
The Prequel of Gold Convoyers 5 : A Battle of Desert ( 2010 ) အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီ အပိုင်း (၅) မှာတော့ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့က မြောက်ပိုင်းနယ်စပ်ကို ကုန်သည်အဖွဲ့တစ်ဖွဲ့ကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သည်အဖွဲ့က ဂိတ်က ထွက်သွားပြီး မိုင် (၂၀) အကွာမှာပဲ အကုန်ခေါင်းဖြတ်သတ် ဓားပြတိုက်ခံလိုက်ရပြီး ဟေးကျီတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပါတယ်။ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့က ဒီကိစ္စကို လိုက်လံ စုံစမ်းရန် နေခဲ့ပါတယ်။ ဝမ်ကျောက်ရှင်းရဲ့ ညီအစ်ကိုလို ခင်မင်ခဲ့တဲ့ သူငယ်ချင်းကောင်းရှန်က ယွဲ့ယာမြို့မှာ လူဆိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိထားခဲ့ပေမယ့် ကောင်းရှန်က လုံးဝ ပျောက်နေခဲ့ပါတယ်။အမှန်မှာတော့ ကောင်းရှန်က စစ်တပ်ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေအကြောင်းကို သက်သေရထားတဲ့အတွက် စစ်သူကြီး ထိန်ဖေးက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ယွဲ့ယာမြို့က လူဆိုးထိန်းဖေ့က ကောင်းရှန်နဲ့ ရင်းနှီးသူ ဖြစ်တဲ့အတွက် ကောင်းရှန်ကို မသတ်ဖို့ သူက စစ်သူကြီးထိန်ဖေးရဲ့ အမိန့်အတိုင်း လိုက်နာခဲ့ရပါတယ်။ ဒါပေမဲ့ ထိန်ဖေးရဲ့ လောဘတွေက မရပ်တန့်နိုင်ပဲ ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့ကို အပြတ်ရှင်းဖို့ ကြံစည်နေခဲ့ပါတယ်။လက်နက်ရော၊ ရေရော၊ အင်အားရော ထိန်းချုပ်ထားတဲ့ စစ်တပ်ကို ဝမ်ကျောက်ရှင်းနဲ့ ...
movie

The Prequel of Gold Convoyers 5 : A Battle of Desert ( 2010 )

Freedom’s Path (2022)
Freedom’s Path (2022)  ဒီရုပ်ရှင်ကတော့ သမိုင်း၊ စစ်ပွဲနောက်ခံ ဒရာမာ လေးပါပဲ။ သမိုင်းကတော့ အမေရိကန် ပြည်တွင်းစစ် ( ၁၈၆၁ - ၁၈၆၅) ကို အခြေခံထားတာဖြစ်ပါတယ်။ ကျွန်စနစ်ဖျက်သိမ်းရေးကိုထောက်ခံတဲ့ မြောက်ပိုင်းတပ် (ယူနီယံတပ်) နဲ့ မထောက်ခံတဲ့ တောင်ပိုင်းတပ် (ကွန်ဖဒရေစီ) တပ်တွေ တိုက်ခိုက်ကြတဲ့ကာလပါ။ အဲဒီပြည်တွင်းစစ်မှာ လူမည်း ၁၈၀၀၀၀ လောက် ပါဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ အမေရိကန်မှာ ၁၇၆၀ ကျော်ကစပြီးနှစ် ၁၀၀ လောက်အမြစ်တွယ်နေတဲ့ ကျွန်စနစ်ကို တိုက်ဖျက်ရတာ မလွယ်ခဲ့ပါဘူး။ မြောက်ပိုင်းသား ယန်းကီးတွေတောင်မှ နိုင်ငံပေါင်းစည်းရေးအတွက်ပဲ တိုက်ပြီး ကျွန်တွေကိုအထင်သေးတဲ့သူတွေရှိတုန်းပါပဲ။ စစ်ပွဲကာလ တောင်ပိုင်းကနေ မြောက်ပိုင်းကိုထွက်ပြေးဖို့ ကြိုးစားကြတဲ့ ကျွန်တွေအကြောင်း၊ ကျွန်တွေကို ပြန်လိုက်ဖမ်းတဲ့မုဆိုးတွေအကြောင်း ပါပါတယ်။ နောက်ဆုံး စစ်ပွဲကြီးအပြီး မြောက်ပိုင်း ယူနီယံတပ်တွေနိုင်ပြီး ကျွန်စနစ် ဖျက်သိမ်းခဲ့တာတောင် လူမည်းတွေကို အကြီးအကျယ်နှိမ်တဲ့ နယ်မြေတွေရှိခဲ့တုန်းပါပဲ (Green ...
movie

Freedom’s Path (2022)

The Trial (2023) 8.4
The Trial (2023) The Trial 2023 ဒိုင်ယာရီနောက်ကွယ်ကအမှန်တရားဉာဏ်ကစားရတာကြိုက်တဲ့ မှုခင်းပရိသတ်တို့အတွက် India အလှမယ်တစ်ယောက်ဖြစ်တဲ့ Spandana Palli ရဲ့ the trialဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရူပါရော ဘော်ဒီပါလန်းတဲ့ Spandanaတစ်ယောက် ဘယ်လိုဇာတ်လမ်းလှည့်ကွက်နေတဲ့ ကြည့်ရှုသူကို အတွေးများစေမလဲဆိုတာ ရှုစားကြပါဦး။ရူပါနဲ့အာဂျေးဟာ မိဘချင်း‌ပေးစားလို့ အကြောင်းပါခဲ့တာဆိုပေမဲ့ အများအမြင်မှာတော့ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပေါ့။ ဒီလိုနဲ့ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်မှာ ရူပါအတွက် အာဂျေးက အံ့အားသင့်စရာလေးစီစဉ်ပြီးတော့ ရမ်နာဂါက The Nestဆိုတဲ့တိုက်ခန်းကိုလာခဲ့ဖို့ခေါ်တာပေါ့။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာပါလာတဲ့သတင်းကတော့ သူတို့ရဲ့အသိမိတ်ဆွေအားလုံးအတွက် အံ့အားသင့်စရာဖြစ်သွားတာပါ။ ဒီသတင်းကတော့ အာဂျေးတစ်ယောက် နှစ်ပတ်လည်နေ့စပရိုက်စ်တိုက်နေတုန်း တိုက်ပေါ်ကခြေချော်ကျပြီး ဆုံးသွားပါပြီတဲ့။မတော်တဆမှုတစ်ခုနဲ့ ဒီအမှုကိုပိတ်လိုက်ပေမဲ့ အာဂျေးရဲ့အသိုင်းအဝိုင်းကတော့ မကျေနပ်ကြပါဘူး။ ဒီကြားထဲကမှ အရက်ဘားတစ်ခုမှာ ရည်းစားဟောင်းနဲ့ပျော်ပါးနေတဲ့ပုံကိုမြင်လိုက်တော့ ညီမဝမ်းကွဲဖြစ်တဲ့ ဗိုင်ရှနာဗီက အာဂျေးရဲ့အခန်းမှာရှာဖွေရင်းနဲ့ အာဂျေးရဲ့ဒိုင်ယာရီစာအုပ်ကိုတွေ့သွားပါတော့တယ်။ အထဲမှာလည်း အိမ်ထောင်သက်တမ်းတစ်လျှောက် ကိုယ်ရောစိတ်ပါ ညှင်းပန်းခံနေရသယောင်အရေးအသားတွေကြောင့် ဒိုင်ယာရီကို သက်‌သေအနေနဲ့ တရားရုံးကို တင်သွင်းလိုက်အပြီးမှာ အာဂျေးရဲ့သေဆုံးမှုကို ပြန်စစ်ဆေးဖို့တာဝန်က အင်စပက်တာရာဂျိဗ့်ရဲ့ပခုံးပေါ်ရောက်လာပါတော့တယ်။အာဂျေးနဲ့ရူပါကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။ အာဂျေးရဲ့သေဆုံးမှုဟာ တကယ်ပဲ သွေးရိုးသားရိုးမဟုတ်ဘူးလား။ ကိုယ်တိုင်လည်း လက်ထောက်အင်စပက်တာဖြစ်တာမလို့ နယ်နယ်ရရမဟုတ်တဲ့ရူပါကို ရာဂျိဗ့်တစ်ယောက် စစ်မေးရင်း အမှုမှန်ကိုဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။( အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

The Trial (2023)

2023
27 Days Underground ( 2022 ) 5.8
27 Days Underground ( 2022 ) မိသားစုအခက်ခဲတွေကိုယ်စီနဲ့ စားဝတ်နေရေးကာမိအောင် မိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့ သူတို့... တစ်နေ့မှာ မတော်တဆ မိုင်းတွင်းမှာမြေပြိုမှုဖြစ်ပြီး မီတာ၄၀၀နီးပါးရှိတဲ့ မိုင်းတွင်းအောက်ခြေတစ်နေရာမှာ သူတို့ညီနောင်ငါးယောက်လုံး ပိတ်မိနေပါတော့တယ်၊ ကယ်ဆယ်ရေးသမားတွေ စဉ်ဆက်မပြတ် ကယ်တင်ဖို့ ကြိုးစားပေမဲ့လည်း သူတို့ပိတ်မိနေတဲ့နေရာက သာမာန်လှိုဏ်ဂူလေးတောင် မဟုတ်ဘဲ တည်နေရာကိုတောင် ခန့်မှန်းမရတဲ့ မှောင်မိုက်၊လေထုချို့တဲ့ပြီး သီးခြားကမ္ဘာကြီးတစ်ခုလိုဖြစ်နေတဲ့ မြေအောက်ကဥမင်တွင်းတစ်ခု ဖြစ်လို့နေပါတယ်-"ထမင်းအသက်၇ရက် ရေ့အသက်တစ်မနက်"ဆိုတဲ့ဆိုရိုးစကားတွင်ခဲ့သလို သူတို့ရော အရာအားလုံး ပြတ်လတ်နေတဲ့တွင်းနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား-ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ခက်ခဲလှတဲ့နေ့ရက်တွေကို ကုန်ဆုံးရင်း ဘဝကိုရေစုန်မျှောလိုက်လေမလား~မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရုန်းကန်သွားမလား-ဘယ်အရာတွေကရော သူတို့ငါးယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေခဲ့တာလဲ _မိသားစုလား၊သံယောဇဉ်လား၊ကိုယ်ချစ်တဲ့လူတွေအတွက်ပဲလား..."မိုင်းတွင်းထဲက ငိုရှိုက်သံ"ဆိုတဲ့ရုပ်ရှင်မှာ လူ့ဘဝရဲ့လောကဓံတွေ၊အခက်ခဲတွေအပြင် စည်းလုံးညီညွှတ်မှုနဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာရပ်တွေ ၊ အလုပ်သမားတွေရဲ့ဘဝကိုပါ ရှုထောင့်တစ်ခုကနေ သဘာဝဆန်ဆန် ရိုက်ကူးပေးထားတာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက် CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie ...
movie

27 Days Underground ( 2022 )

4K HEVC
The Prequel of Gold Convoyers 4 : Struggle for Hostages ( 2010 ) 5.7
The Prequel of Gold Convoyers 4 : Struggle for Hostages ( 2010 ) အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒါကတော့ The Prequel of Gold Convoyers ရဲ့(၄)ကားမြောက်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းက ဖျင်အန်းပို့ဆောင်ရေးအဖွဲ့မှ ာလေ့ကျင့်ရေးဆင်းပြီး ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်။သူ့မွေးစားအဖေပေးတဲ့တာဝန်ကို ပို့ဆောင်ရေးသမားတစ်ယောက်အနေနဲ့ထမ်းဆောင်ရင်း တာဝန်ကျေနိုင်ဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာကူဖျင်အန်းက မိန်းကလေးတစ်ယောက်ကိုပို့ပေးနေတဲ့အချိန်မှာ လူဆိုးတွေနဲ့တွေ့ပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဝမ်ကျောက်ရှင်းကကူဖျင်အန်းကိုကယ်ဖို့လိုက်စုံစမ်းရင် နောက်ကွယ်က အင်အားကြီးကြီးနဲ့ချုပ်ကိုင်နေသူရှိမှန်းသိလိုက်ရပါတယ်။ ဒီမိန်းကလေးတွေကိုလူကုန်ကူးမှုကို ဝမ်ကျောက်ရှင်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ Quality : HDTV 720p Format : mp4 Genres : Drama , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Prequel of Gold Convoyers 4 : Struggle for Hostages ( 2010 )

More than Blue ( 2018 ) 6.1
More than Blue ( 2018 ) ဒီဇာတ်ကားလေးကြည့်မယ်ဆိုရင်အရင်ဆုံးမျက်ရည်ခိုင်စေချင်မိပါတယ် ရှယ်ငိုရမယ့်ကားပါ အရင်ဆုံးအကြမ်းမျဉ်းအနေနဲ့ပြောရမယ်ဆိုရင် ဒီဇာတ်ကားဟာ 2009 ခုနှစ်မှာ ထွက်ရှိပြီးအရမ်းအောင်မြင်ခဲ့တဲ့ ကိုရီးယား ရုပ်ရှင် More Than Blue ရဲ့ Remake ကားလေးဖြစ်ပြီး same title အနေနဲ့ပဲပြန်လည်ထွက်ရှိလာပါတယ်Chinese Box Office မှာ တလဝန်းကျင်ကို ထိပ်ဆုံးကရပ်တည်ခဲ့ပြီး 153 million ဝင်ငွေရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းလေးကိုနည်းနည်းပေးလိုက်ရအောင်အလွမ်းအဆွေးသီချင်းတွေ နားထောင်ဖူးကြလား... ဒီဇာတ်လမ်းထဲမှာလည်း အဆိုတော်တစ်ယောက်က နာမည်မရှိတဲ့ အလွမ်းသီချင်းဟောင်းတစ်ပုဒ်ကို နားထောင်ရင်း ကြိုက်သွားပြီး ဒီသီချင်းကိုဆိုဖို့ တေးရေးဆရာနောက်ကိုလိုက်ရင် သီချင်းလေးထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို သိလိုက်ရတယ်...အဲ့လူနှစ်ယောက်က K နဲ့ Cream တဲ့ ၁၆ နှစ်အရွယ်မှာ မိသားစုနဲ့ သေကွဲကွဲရပြီး အထီးကျန်ခဲ့ရတဲ့ လူနှစ်ယောက်ပေါ့.... သူတို့နှစ်ယောက်အတွက် ၁၆ နှစ်အရွယ်ကစပြီး တစ်ယောက်အတွက် တစ်ယောက်က ရပ်တည်ပေးခဲ့ကြတယ်...မိသားစုလို့ခေါင်းစဉ်တပ်ရင်း ရင်ဘတ်ထဲက အချစ်တွေကို ထုတ်မပြောခဲ့ကြတဲ့သူတို့နှစိယောက်ကြားမှာ ဘယ်လို လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးတွေရှိတယ်ဆိုတာ ဇာတ်ကားလေးကြည့်ရင်းသိလာမှာပါ... Quality : WEB-DL 1080p , 720p Format : mp4 During : 1h 14 min Genres : ...
movie

More than Blue ( 2018 )

2018
Agnyaathavaasi (2018) 4.3
Agnyaathavaasi (2018) Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie

Agnyaathavaasi (2018)

2018
The Prequel of Gold Convoyers 3: Confidence of Banking Stockroom ( 2010 ) 5.8
The Prequel of Gold Convoyers 3: Confidence of Banking Stockroom ( 2010 ) အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီတစ်ခါမှာတော့ အင်မတန်မှကပ်စေးကုတ်တဲ့ ချန်ယိုယွီကတော့နန်းတော်ငွေချောင်းတွေထိန်းသိမ်းတဲ့ မှတ်တမ်းရေးမှူးတစ်ယောက်ပေါ့။တနေ့မှာအထက်လူကြီးရဲ့မသမာတာကိုတွေ့သွားပေမဲ့ သူ့ကို အပြစ်ပုံချဖို့ကြိုးစားပါတော့တယ်။ သူ့ဇနီးနဲ့သားအန္တရာယ် ရောက်မှာကိုသိတာကြောင့် ပို့ဆောင်ရေးစခန်းကို ဌားပြီး ဇနီးနဲ့သားကိုလုံခြုံတဲ့နေရာဆီပို့ဆောင်ဖို့ကြိုးစားပါတော့တယ်။ကဲဒီတော့လမ်းခရီးမှာဘယ်လိုတွေဒုက္ခရောက်ကြမလဲ။ ဒီအမှုကိုဘယ်လိုဖြေရှင်းမလဲဆိုတာစိတ်ဝင်တစားကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Prequel of Gold Convoyers 3: Confidence of Banking Stockroom ( 2010 )

The Prequel of Gold Convoyers 2: Super National Treasure ( 2010 ) 5.8
The Prequel of Gold Convoyers 2: Super National Treasure ( 2010 ) ပထမကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ မင်းကြီးက မသေဆေးကို ဖော်စပ်ဖို့သာ အားသာနေပြီး နိုင်ငံ့အရေးကို လျစ်လျူရှုခဲ့ပါတယ်။ တစ်နေ့မှာ ကျင့်မင်းသားကြီးအိမ်တော်က ကျောက်ပြားကို အစောင့်အထပ်ထပ်ချထားတဲ့ကြားက "အမြီးကိုးချောင်းမြေခွေး" ကခိုးယူသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ "အမြီးကိုးချောင်းမြေခွေး" ရဲ့သတင်းက တိုင်းပြည်အနှံ့ပြန့်သွားပြီး အစိုးရကလည်းဖမ်းမိန့်ထုတ်ခဲ့ပါတယ်။နန်းတွင်းကိုယ်ရံတော်တပ်က ဝမ်ကျောက်ရှင်းဟာ အမိန့်အရ ဖျင်အန်းပို့ဆောင်ရေးစခန်းမှာ ပို့ဆောင်ရေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေခဲ့ပါတယ်။ မင်းသားကြီးအိမ်က ပျောက်သွားတဲ့ ကျောက်ပြားအကြောင်း စုံစမ်းဖို့နဲ့ "အမြီးကိုးချောင်းမြေခွေး"ကို ဖမ်းဆီးဖို့ ဆရာတူညီမဖြစ်သူဆီကနေ အမိန့်က်ို လက်ခံရရှိခဲ့ပါတယ်။နောက်နေ့မှာ ခရိုင်မှူးအသစ်က ဖျင်အန်းပို့ဆောင်ရေးရဲ့ သူဌေးဂူဖျင်အန်းနဲ့ သူမအဖေကို ဆင့်ခေါ်ပြီး အလုပ်အပ်ခဲ့ပါတယ်။ "နတ်သားနှင်းရည်ခံပြား" ကို "အမြီးကိုးချောင်းမြေခွေး" လက်ထဲက ကာကွယ်ပေးရန်ဖြစ်ပါတယ်။"နတ်သားနှင်းရည်ခံပြား" က ဘယ်လို အဖိုးတန်တဲ့ ရတနာဖြစ်နေမလဲ...... ဖျင်အန်းတစ်ယောက် ဝမ်ကျောက်ရှင်းရဲ့ အကူအညီနဲ့ "အမြီးကိုးချောင်းမြေခွေး" ကို ဖမ်းဆီးနိုင်လိမ့်မလား...... "အမြီးကိုးချောင်းမြေခွေး" ကရော ဘယ်သူ ဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie

The Prequel of Gold Convoyers 2: Super National Treasure ( 2010 )

The Prequel of Gold Convoyers: An Urgent Letter ( 2010 ) 5.8
The Prequel of Gold Convoyers: An Urgent Letter ( 2010 ) စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် မင်ခေတ် ကျားကျင်လက်ထပ်မှာ ရှင်ဘုရင်က အရည်အချင်းမပြည့်ဝပဲ အာဏာရှိမူးမတ်တွေက တိုင်းပြည်ကိုပြန်ပြီးဒုက္ခပေးနေကြတယ်။ တိုင်းပြည်ဟာကမောက်ကမနဲ့ ခေတ်ပျက်တစ်ခုကိုရင်ဆိုင်နေရပါတယ်။ကိုယ်ရံတော်တပ်က ရှေ့ပြေးစာပို့သမားလေးတစ်ယောက်ဟာ ဖေးယွီစစ်ခန်းဆိုတဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေတာဝန်ယူရတဲ့တပ်ကိုဝင်ချင်ပေမယ့် သူ့ရဲ့သူတစ်ပါးကိုဂရုစိုက်တဲ့စိတ်ကြောင့် တာဝန်ကိုသာအဓိကထားရတဲ့ ဖေးယွီတပ်ထဲကိုဝင်ဖို့ခက်နေပါတယ်။တစ်နေ့မှာတော့ သူဟာဓားပြတွေကိုနှိမ်နင်းဖို့အတွက်အရေးကြီးတဲ့မြေပုံတစ်ခုကို အမြန်ပို့ဆောင်ရတဲ့တာဝန်ကျလာပါတယ်။ လမ်းမှာဓားပြတွေနဲ့တွေ့ပြီး ချောက်ကမ်းပါးအောက်ကျသွားပြီး ဒဏ်ရာရတော့ ပို့ဆောင်ရေးအဖွဲ့တစ်ခုကယ်လိုက်ပြီး သူ့ကိုစောင့်ရှောက်ပေးလာခဲ့ပါတယ်။ ဒီလိုနဲ့သူကစီးပွားရေးသမားယောင်ဆောင်ရင်း တာဝန်ကိုပြီးဆုံးအောင်ထမ်းဆောင်ဖို့ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားကတော့ The.Prequel.of.Gold.Convoyersရဲ့ပထမဆုံးကားပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

The Prequel of Gold Convoyers: An Urgent Letter ( 2010 )

Nunchucks ( 2012 ) 5.6
Nunchucks ( 2012 ) ဒီတစ်ခေါက်မှာတော့ CM က အတိုက်အခိုက်ကြိုက်တဲ့ ဖန်တွေအတွက် နမ်ချပ်ကူ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းက ဇာတ်ညွှန်းရေးရင်း ကိုယ်ပိုင်ဘဝပျောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပေါ့... တုန်းဖန်ကျယ်ဆိုတဲ့လူဟာ ငယ်စဉ်တည်းက လီရှောင်လုံကို သဘောကျခဲ့ပြီးတော့ အနုပညာလောကထဲ ကျင်လည်နေခဲ့သူတစ်ယောက်ပေါ့... ဒါကြောင့်လည်း သူ့သားကိုတောင် လုံရှင်းလို့ နာမည်ပေးခဲ့တာ...ဒီလိုနဲ့ သူက လီရှောင်လုံရဲ့ ဘဝနဲ့ စိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးဖို့ ကြိုးစားရင်းနဲ့ နမ်ချပ်ကူ ဇာတ်ညွှန်းကို ရေးရင်း ဇာတ်ညွှန်းရေးရအဆင်မပြေခဲ့တဲ့အတွက် တောထဲထွက်သွားခဲ့တယ်... နောက်ဆုံးမှာ မိန်းမလည်းထွက်ပြေး ကလေးလည်း တောထဲ ပျောက်သွားခဲ့ရတယ်... ဒီလိုနဲ့ ကလေးပျောက်လိုက်ရှာရင်းနဲ့ တောလည်ခဲ့ရတယ်...ကဲ ကလေးကို ပြန်ရှာတွေ့မှာလား... နောက်ပြီး သူ့ဇာတ်ညွှန်းကရော ဘာဖြစ်လာမှာလဲ... ထုံးစံအတိုင်း ဇာတ်လမ်းလေးကတစ်ဆင့် အဖြေရှာကြည့်တာပေါ့... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Nunchucks ( 2012 )

Demolition (2015) 7.0
Demolition (2015)  -IMDb Rating - 7.0/10 ခံစားချက်ဆိုတာတွေကကျွန်တော်တို့တွေကို လူသားဆန်စေပါတယ်..။ခံစားချက်မရှိတဲ့လူတစ်ယောက်ဟာယန္တာရားအရေခွံနဲ့လူတစ်ယောက်သက်သက်ပါပဲ...။ဇနီးသည်ကားတိုက်သေသွားပြီးနောက်နောက်နေ့မနက်မှာ အလုပ်သွားခဲ့တဲ့ခံစားချက်လုံးဝမရှိတဲ့လူတစ်ယောက်...အရာရာကို ဖြိုချဖျက်စီးပြီးဘယ်လိုတည်ဆောက်ထားသလဲ အဖြေရှာတတ်တဲ့စိတ်ရောဂါသမားတစ်ယောက်...ဒီလို ယန္တာရားအရေခွံနဲ့လူတစ်ယောက်ရဲ့စိတ်.. အတွေး... ပြောင်းလဲပုံ အဆင့်ဆင့်ကိုဒီရုပ်ရှင်မှာ Jakeရဲ့ အကောင်းဆုံးacting skillတွေနဲ့ ပီပီပြင်ပြင်ဖော်ညွှန်းသွားပါတယ်။  ဒီကားဟာ တိကျတဲ့ ရသမရှိပေမဲ့ဝေဝါးထူးခြားတဲ့ ရသတစ်ခုကို ဖော်ညွှန်းရိုက်ကူးထားတဲ့ Comedy , Dramaဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Jake Gyllanhaal (Main castအဖြစ်)သရုပ်ဆောင်ထားတဲ့ ကားတွေဟာမကောင်းတာ မရှိသလောက်ရှားပါတယ်။ဒီတစ်ခါ Demolitionမှာလဲသူ့ရဲ့ အနုပညာမှော်ဝင်စားမှုကိုတွေ့ရဦးမှာပါ..... (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size…    1.3 GB /  637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung 
movie

Demolition (2015)

2015
Guilty (2020) 5.4
Guilty (2020) Guilty 2023 - မပျော်ရတဲ့ဗယ်လင်တိုင်းညIMDb-5.4/10မင်းသမီးချောလေးကီယာရာနဲ့ အကိတ်လေး Akansha Ranjan Kapoor တို့နှစ်ယောက်အပြိုင်ကျဲထားတဲ့ ကျောင်းသားတွေကြားက thriller/ drama ဇာတ်လမ်းတစ်ပုဒ်ကျောင်းသားအရွယ်တွေမှာ ဗယ်လင်တိုင်းဆိုတာ ပျော်ရတဲ့နေ့တွေထဲကတစ်ရက်ပဲလေ ဒီကားထဲမှာတော့ ကျောင်းသားဘဝအပျော်တွေခဏရပ်ပြီး လိင်အကြမ်းဖက်မှုတစ်ခုကြောင့် အားလုံးအစစ်ဆေးခံသံသယတွေဝင်နဲ့နေကြရတာတွေရဲ့အစက ဗယ်လင်တိုင်းညမှာဖြစ်ခဲ့တာမို့ပါပဲဗီဂျေးဆိုတာလူချစ်လူခင်များ ပျိုတိုင်းကြိုက်နှင်းဆီလေးတစ်ယောက် ၊ နန်ကီကတော့သူမတူအောင်တော်တဲ့တေးရေးဆရာမလေး ဗီဂျေးရဲ့ချစ်သူ၊ တာနူဆိုတဲ့ မိန်းမလှလေးက ခု‌မှကျောင်းပြောင်းလာတဲ့အသစ်လေး ဗီဂျေးကိုကြိတ်သဘောကျနေတဲ့သူ၊ ကျောင်းသားတွေ ပြဇာတ်အတူက concert တွေအတူတက်ကြရင်း 2018 ဗယ်လင်တိုင်းညမှာ Twitter မှာ #MeToo နဲ့ တာနူတစ်ယောက် rape ခံရတယ်ဆိုတဲ့သတင်းတက်လာတယ်လိင်အကြမ်းဖက်သူလို့ စွပ်စွဲခံရသူကဗီဂျေး... အားလုံးမူးရူးကွဲပြဲနေတဲ့ ဗယ်လင်တိုင်းညအဖြစ်အပျက်တွေကိုလည်း ဘယ်သူမှမမှတ်မိနေတော့ ကျောင်းစရောက်တည်းက အသွက်လွန်အလန်းလေးကို လူတိုင်းအချစ်တော် သဘောမနောကောင်းဗီဂျေးက ကျူးလွန်တယ်ဆိုတာ ဘယ်သူကမှမယုံကြည်နေလေတော့...ရဲစုံထောက်တွေ သတင်းမီဒီယာတွေ ဆိုရှယ်မီဒီယာတွေမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ဒီအမှုကို တစ်ယောက်ချင်းမေးမြန်းအဖြေရှာရင်း တရားခံကဘယ်သူဖြစ်မလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Guilty (2020)