Channel Myanmar

Drama

Breathless (1960) 7.7
Breathless (1960)  Breathless (1960)~ IMDb - 7.7/10, Rotten Tomatoes - 96% ~ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ...
movie

Breathless (1960)

1960
Hiroshima Mon Amour (1959) 7.8
Hiroshima Mon Amour (1959)  Hiroshima Mon Amour (1959)~ IMDb - 7.8/10, Rotten Tomatoes - 96% ~Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ...
movie

Hiroshima Mon Amour (1959)

1959
The Truman Show (1998) 8.2
The Truman Show (1998) The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Dramaသင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်.... ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် ...
movie

The Truman Show (1998)

4K HEVC
Over the Fence (2016) 6.6
Over the Fence (2016) ဒီကားကိုရိုက်တဲ့ Nobuhiro Yamashitaက တန်းတစ်ခုရှိတဲ့အထဲတော့ပါတယ်။သူရိုက်ခဲ့တဲ့ Linda Linda Linda ( 2005 )ဟာ ဂျပန်ရဲ့ မြူဇစ်ကယ်တွေထဲအခုထိ နာမည်တွင်းနေတုန်းကားပဲ။ ဒီကားကို ကျွန်တော်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကားလို့မြင်တယ်။ဒါပေမဲ့ ဒီအချက်တွေအကုန်လုံးက ကျွန်တော့်အတွက်တော့ ယုအအိုအိကြောင့်ပါပဲ။ဒီကားထဲက ယုအအိုအိရဲ့ပုံစံက သူရဲ့ထူးခြားတဲ့ဟန်ပေါ်နေတဲ့ ပုံစံတွေထဲက တစ်ခုပဲ။ဖြူစင်တယ်။ဒါပေမဲ့ ဆွဲဆောင်မှုအားကောင်းတယ်ပေါ့။ ဘ ာလို့လဲမသိ ယုအအိုအိရဲ့ မျက်နှာပေါ်က မှဲ့တစ်လုံးနဲ့ ပိန်လှီနေတဲ့ကျောပြင်ဟာမကောင်းတဲ့ရုပ်ရှင်တစ်ကားကိုတောင် အသက်သွင်းပေးနိုင်တယ်လို့ကျွန်တော်တော့မြင်တယ်။ဒါပေမဲ့ ဒီကားကတော့ ကောင်းတဲ့ကားပါပဲ။ဒီတော့ ပြည့်စုံသွားတယ်ပေါ့။ဒီကားက ရိုမန့်ကားလို့ပြောလို့လည်းရတယ်။ တစ်ဘက်တည်းမှာပဲ ရိုမန့်ထက် လက်တွေ့တော့ကျတယ်။ယောက်ျားလေးတွေက သူတို့အမြင်ကနေ မိန်းကလေးတစ်ယောက်ကိုလွယ်တယ်လို့ သတ်မှတ်ကြတဲ့အမြင်ကို မိန်းကလေးတစ်ယောက်ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းလည်းပါတယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်ကို တပ်မက်မှုရှိကြတာခြင်းအတူတူလူ့အသိုင်းအဝိုင်းမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေကပိုအပြောခံရတာတတ်တာကတော့ မထူးတော့တဲ့အရာပါပဲ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုအမြင်တွေကပြောင်းသွားပြီပေမဲ့ တစ်ချို့လူတွေအတွက်တော့ မပြောင်းသေးတဲ့အရာတွေပဲပေါ့။ တလောက ကျွန်တော် သဲအိမ်မောင်နေဝါရဲ့ချစ်လိပ်ပြာဆိုတဲ့ဝတ္တုတစ်ပုဒ်ဖတ်လိုက်သေးတယ်။အကြောင်းအရာကတော့ စာ၁၀ကြောင်းလောက်နဲ့တင်ပြီးသွားမယ့်အထိ ရိုးရှင်းတယ်။ဒါပေမဲ့ သဲအိမ်မောင်နေဝါက မိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းမှုကိုကျွန်တော်တို့စာနာနိုင်အောင် ရေးပြနိုင်ခဲ့တယ်။ဒီလိုဝတ္တုတွေထပ်လိုသေးတယ်လို့ ကျွန်တော်တော့မြင်တယ်။ Over the Fenceဟာလည်း အဲဒီဝတ္တုလို အင်အားမျိုးရှိတဲ့ရုပ်ရှင်ပါပဲ။ တစ်ခါတလေတော့လည်း ဒီလိုရုပ်ရှင်တွေကို ...
movie

Over the Fence (2016)

Kamui (2009) 5.6
Kamui (2009) Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီးဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။  File size…    2.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ..... Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK
movie

Kamui (2009)

The End of Endless Love (2020) 6.1
The End of Endless Love (2020) ၂၀၂၀ ခုနှစ်  ရုပ်ရှင်ရုံမှာ လာကြည့်သူတိုင်း မျက်ရည်ကျခဲ့ရတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက သဘာဝလွန် တခြားကမ္ဘာက လာတဲ့ ရှင်းထန်ဆိုတဲ့ကောင်လေးက မိခင်ကမ္ဘာကို ပြန်ဖို့ ကြိုးစားတဲ့ ရက် ၁၀၀ အတွင်းအဖြစ်ပျက်လေးကို ရိုက်ကူးထားတာပါ။အရင်ဆုံး တခြားကမ္ဘာက လာတဲ့ သူတို့က လူသားတွေနဲ့မတူဘဲ လူသားတွေရဲ့ ပျော်ရွှင်မှု တစ်နည်းအားဖြင့်ပြောရင် သူ့အသံနဲ့ ဖန်တီးထားတဲ့ လူသားတွေရဲ့ပျော်ရွှင်မှုကိုစားသောက်ရင်း ရှင်သန်နေရတာပေါ့။ဒီလို သဘာဝလွန် တခြားကမ္ဘာကလာတဲ့သူ့မှာလည်း အားနည်းချက်ရှိပါတယ်။ လူတစ်ယောက်ကို သူ့စွမ်းအားသုံးပြီး ပျော်ရွှင်အောင် ၃ ကြိမ်လုပ်လိုက်မိရင် အဲ့လူနဲ့ ချိတ်ဆက်သွားတာပါပဲ။ ချိတ်ဆက်သွားတယ်ဆိုတာ ဒီလူသားသေတဲ့အချိန်မှာ သူပါ လိုက်သေရတာမျိုးပါ။ဒါကြောင့် အတတ်နိုင်ဆုံး ဘယ်သူနဲ့မှ မချိတ်ဆက်မိအောင် ကြိုးစားနေတဲ့ ရှင်းထန်တစ်ယောက်က ရှောင်လွှဲမရတဲ့ ကံတရားကြောင့် ကျီဇယ်ဆိုတဲ့ ဟန်ဆောင်အပြုံးအပြည့်နဲ့ ကောင်မလေးနဲ့ ချိတ်ဆက်မိသွားခဲ့တယ်။ မိခင်ကမ္ဘာကို အဆုံးသတ်မှာပြန်နိုင်မှာလား။ ကျီဇယ်ရဲ့ ဟန်ဆောင်အပြုံးတွေကို အသက်သွင်းနိုင်မှာလား။ ဘယ်လို အပြောင်းအလဲဖြစ်မယ်ဆိုတာ စောင့်ကြည့်လိုက်ကြပါ။ Filesize : 1.20 GB / 683 MB Quality : WEB-DL 1080p , 720p Format : mkv  Genres : ...
movie

The End of Endless Love (2020)

Lost in Perfection ( 2023 ) 6
Lost in Perfection ( 2023 ) အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 909 MB / 498 MB Quality : WEB-DL 1080p , 720p Format : mkv  Genres : Crime , Drama , Thriller , Mystery Runtime : 1h 54 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi  Encoded ...
movie

Lost in Perfection ( 2023 )

Love Again aka Ai yueni (2023) 4.2
Love Again aka Ai yueni (2023) Ai yueni: Love again (2023) IMDb - 4.2/10ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ စီအီးအိုဖြစ်သူ ယူကီက တစ်ချိန်ကရင်းနှီးခဲ့ဖူးတဲ့လူတစ်ယောက်နဲ့ အမှတ်တရတွေရဲ့ ခြောက်လှန့်မှုကို ခံစားနေရတယ်။တစ်နေ့မှာတော့ ယူကီ အဲဒီတစ်ချိန်ကလူနဲ့ တစ်ပုံစံတည်းတူတဲ့ လူငယ်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။အဲဒီလူငယ်လေးကိုပဲ ထပ်ပြီးတွေ့ချင် ထွေးပိုက်ချင်နေတဲ့ ယူကီတစ်ယောက် သူ့အဖေလက်ထက်တုန်းက ကုမ္ပဏီမှာ ဆေးဝါးတီထွင်တဲ့ ပညာရှင်ဆီသွားပြီး အကူအညီတောင်းခဲ့ပါတယ်။ပညာရှင်ဖော်စပ်ပေးတဲ့ဆေးကိုသောက်ပြီး ယူကီ့ခန္ဓာကိုယ်ကနေ အလင်းတန်းတွေထွက်လာတဲ့အချိန်မှာတော့...။(တချို့ ဇာတ်ဝင်ခန်းတွေမှာ မိသားစုနဲ့အတူမကြည့်သင့်တာကြောင့် 18+ဖြစ်ကြောင်း အသိပေးပါရစေ)(အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်) File size… 1.2GB /600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V
movie

Love Again aka Ai yueni (2023)

2023
Tsugaru Lacquer Girl aka Bakanuri no Musume (2023) 6.3
Tsugaru Lacquer Girl aka Bakanuri no Musume (2023) Tsugaru Lacquer Girl 2023IMDb-7.3/10မျိုးနဲ့ရိုးနဲ့ လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ယွန်းထည်လက်မှုပညာသည်မျိုးရိုး အာအိုကီတို့မိသားစု ခေတ်စနစ်ပြောင်းလဲမှုတွေကြား လက်မှုပစ္စည်းကို တန်ဖိုးထားဝယ်ယူမှုတွေကျဆင်းကုန်သလို လက်မှုပညာရှင်တွေ ရင်ဆိုင်ရတဲ့အခက်အခဲတွေကလည်း ပိုပိုများလာတယ်အာအိုကီတို့မိသားစုမှာ သားဖြစ်တဲ့သူက လူငယ်ပီပီ လွတ်လွတ်လပ်လပ်နဲ့ ဆံသပညာရှင်ဖြစ်ဖို့ပဲအားသန်တဲ့သူ ၊ အာအိုကီ့ဇနီးကလည်း အလုပ်ကိုပဲဦးစားပေးလွန်းတဲ့ ခင်ပွန်းကို စိတ်ပျက်ပြီးထားသွားတဲ့အချိန် ဒီတာဝန်တွေအားလုံးက မီယာကို့ပေါ်ပဲရောက်လာတော့တယ် ၊ ခေတ်ရေစီးကြောင်းနဲ့အညီ လက်မှုပညာလုပ်ငန်းကို အားစိုက်လုပ်ချင်စိတ်ရှိတဲ့ မီယာကိုတစ်ယောက် မိသားစုလုပ်ငန်း ၊ ဝင်ငွေနဲ့ တန်းဖိုးထားရာတွေကြား ကြိုးစားရပ်တည်ပုံကိုရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size… 1.65GB / 753MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL ~ Yunni ~ Alex ~ ToMo
movie

Tsugaru Lacquer Girl aka Bakanuri no Musume (2023)

2023
Marriage (aka) Zevcat (2023) 5.3
Marriage (aka) Zevcat (2023)  တူရကီ psychological drama ကားလေးတစ်ကားပါဇာတ်လမ်းအကျဉ်းကတော့ ဘဟာ ဆိုတဲ့ကောင်မလေး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်သိပ်ဖြစ်ချင်နေခဲ့တာပါ.....အဲဒီလိုနဲ့ တနေ့မှာ ခက်ဒစ်ဆိုတဲ့ သူဌေးနဲ့တွေ့ပြီး သူ့ရဲ့ အိမ်က အခက်အခဲတွေကိုပြောပြလိုက်တော့ အဲဒီသူဌေးက ဖြေရှင်းကယ်တင်ပေးရာကနေ သူလည်း သူဌေးနဲ့လက်ထပ်လိုက်ပါတယ်.......ဖြစ်ချင်နေတဲ့ ဆန္ဒလည်းပြည့် အခက်အခဲတွေလည်းရှင်းသွားတော့ ပျော်နေရမှဲ့ ဘဟာ ဟာ လက်ထပ်ပြီးနောက်ပိုင်းမှာပဲ မထင်မှတ်တာတွေဆက်တိုက်ကြုံလာချိန်မှာတော့ သူ့ရဲ့ အခက်အခဲတွေ ဆန္ဒတွေအတွက် ရင်းနှီးပေးလိုက်ရတာ တန်ရဲ့လား ဘယ်လိုရောပြန်ရုန်းထွက်မှာလဲဆိုတာ ကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားပါပဲ..... File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:02:00 Genre... Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Marriage (aka) Zevcat (2023)

The Five (2023)
The Five (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ကောင်းဘွိုင်အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ ဘာဘရာဆိုတဲ့အမျိုးသမီးတစ်ယောက်က ဝရမ်းပြေးငါးယောက်ကိုစုဖွဲ့ပြီးတော့ ဘဏ်ဖောက်ကြတဲ့အကြောင်းကိုရိုက်ထားတာပါ...ထိုကောင်းဘွိုင်ငါး‌ယောက်ဟာ ဘဏ်ဖောက်ခဲ့ပြီးပိုက်ဆံကို ဘာဘရာဆီကိုပေးလိုက်ပါတယ်...ဘာဘရာကပိုက်ဆံတွေကိုယူသွားပြီး လုံခြုံတဲ့နေရာမှာပြန်တွေ့ဖို့ချိန်းထားကြတာပါ...ဒီတော့ ကောင်းဘွိုင်ငါး‌ယောက်က ဘဏ်ဖောက်ခဲ့ပြီးတော့ ချိန်းထားတဲ့နေရာမှာ ဘာဘရာကိုစောင့်နေခဲ့ကြပါတယ်...ဘာဘရာကနောက်ကျနေတဲ့အတွက် ကောင်းဘွိုင်ငါးယောက်အကြား အခြေအတင်ဖြစ်စရာကိစ္စလေးတွေဖြစ်လာခဲ့ပါတယ်...ဒီတော့ ဘယ်လိုဆက်ဖြစ်သွားမလဲ..ဘာဘရာကငွေတွေယူပြီးထွက်ပြေးသွားတာလား...ချိန်းထားတဲ့နေရာကိုရောက်ရှိလာမလားဆိုတာ‌ကြည့်ရှုကြည့်လိုက်ပါခင်ဗျာ... File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:15:00 Genre... Action, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

The Five (2023)

Rose (2023) 7.6
Rose (2023)  ဒိန်းနစ်ရုပ်ရှင်ကား Rose ဟာ ညီအမနှစ်ယောက်ဖြစ်တဲ့ Inger နဲ့ Ellen အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပြီး ပဲရစ်ကိုသွားတဲ့ ခရီးတစ်လျှောက် ညီအမနှစ်ယောက်ရဲ့ဖြစ်ရပ်တွေကို ရိုက်ကူးပေးထားတာပါ။Inger ဟာ စိတ်ပိုင်းဆိုင်ရာ စိတ်ကစဉ့်ကလျားဖြစ်တဲ့ရောဂါကို ခံစားနေရပြီး ခရီးတစ်လျှောက်လဲ ကားပေါ်မှတခြားခရီးသည်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံနေရပါတယ်။ ပဲရစ်ကို ရောက်တဲ့အခါ Inger ရဲ့ အတိတ်ကဖြစ်ရပ်တွေကိုသိလာရပြီး Inger စိတ်ကျန်းမာရေးမကောင်းရတဲ့အကြောင်းရင်းတွေကိုပါ သိလာရတယ်။Rose ရုပ်ရှင်မှာ ညီမဖြစ်သူ Ellen တစ်ယောက် အမပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေကို တွေ့ရမဲ့အပြင် ၁၅၀၀ အချစ်က Inger ကို ဘယ်လိုလူမျိုးဖြစ်သွားအောင် ပြောင်းလဲပေးလိုက်နိုင်လဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie

Rose (2023)

Lost in the Stars ( 2023 ) 6.5
Lost in the Stars ( 2023 ) မနှစ်ကထွက်ရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ရှားရှားပါးပါးဇာတ်လမ်းကောင်းလေးမို့ လက်မလွှတ်တမ်းကြည့်သင့်တယ်လို့ပြောရမယ်ဆိုရင်လဲမမှားပါဘူး ဒီဇာတ်ကားလေးဟာဆိုရင်တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံယူထားပြီးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးတပုဒ်ပဲဖြစ်ပါတယ်. ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ တရုတ်စုံတွဲရဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီးတော့ တကယ့်လက်တွေ့လောကမှာလည်း ဒီအမှုဟာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါသေးတယ် ၂၀၁၉ ကနေ ၂၀၂၃ ထိ အမှုရင်ဆိုင်ခဲ့ရပြီး ဒီဇာတ်ကားထွက်လာတဲ့အချိန်မှာလည်း ကာယကံရှင်ဟာ အကြိမ်ကြိမ် ဒီဇာတ်ကားအကြောင်းကို ပြောပြီး Promote လုပ်ခဲ့ပါသေးတယ် စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်အညွန်းလေးကတော့မင်္ဂလာနှစ်ပတ်လည်နေ့မှာ ပျောက်ဆုံးသွားတဲ့ဇနီးသည်လေးကို ဟယ်ဖေးတစ်ယောက်အပြင်းအထန်လိုက်ရှာနေပါတယ်။ ဖြစ်စဉ်ကတော့ ဟယ်ဖေးနဲ့ လီမုကျစ်တို့ဇနီးမောင်နှံလေးဟာ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အနေနဲ့ အရှေ့တောင်အာရှကျွန်းလေးတစ်ကျွန်းကို အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။အဲဒီအချိန်မှမထင်မှတ်ပဲ လီမုကျစ်ဟာရုတ်တရက်ပျောက်သွားခဲ့တယ်။ (၁၅)ရက်ပျောက်နေတာတောင် ဒေသခံရဲတွေက လင်မယားပြဿနာဆိုပြီးအရေးတယူမရှိခဲ့ပါဘူး။ နောက်နေ့မနက်မှာတော့ သူစိမ်းမိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူဟယ်ဖေးရဲ့ဇနီးသည်ပါဆိုပြီး ဓာတ်ပုံ၊ပတ်စ်ပို့ သက်သေအခိုင်အမာတွေနဲ့ပေါ်လာပါတယ်။ ဟယ်ဖေးကိုလဲဦးနှောက်အာရုံကြောပိုင်းမှာ ရောဂါရှိတဲ့သူဆိုပြီးတန်ပြန်စွပ်စွဲပြန်တယ်။ ဟယ်ဖေးဟာဘယ်လိုငြင်းငြင်း ဘယ်လိုသက်သေတွေပဲရှာရှာ ရှာမတွေ့ဘူးဖြစ်နေခဲ့တယ်။မိန်းကလေးဟာ တကယ်ပဲဟယ်ဖေးရဲ့ဇနီးလား...... ဟယ်ဖေးပြောသလိုပဲ အယောင်ဆောင်တဲ့သူတစ်ယောက်လား...... ဒါမှမဟုတ် ဟယ်ဖေးကပဲတကယ်စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာလား..... မထင်မှတ်တဲ့ Plot twist တွေနဲ့ဇာတ်ကားတစ်လျှောက်လုံး အရှိန်ကောင်းကောင်းနဲ့ ကြည့်တဲ့သူတွေရဲ့စိတ်ကိုဆွဲခေါ်သွားနိုင်တဲ့ အရည်အသွေးတစ်ခုရှိတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်နော်။ Filesize : 3.79 GB / 1.52 GB / 850 MB Quality : WEB-DL 4K HEVC , 1080p , 720p Format : mkv Genres : Mystery , Crime , Drama , Thriller Runtime : 2h 2 min Subtitle ...
movie

Lost in the Stars ( 2023 )

4K HEVC
Radio (2003) 6.9
Radio (2003)  ဘောလုံးအသင်းကို မိန်းမနဲ့ကလေးထက် ပိုပြီးတော့ ဦးစားပေးတဲ့ နည်းပြဟာရိုးဂျုံး၊ တစ်ရက်မှာ နည်းပြဂျုံးရဲ့ အသင်းသားတွေက ဉာဏ်ရည်မမှီတဲ့ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့ရာကစလို့ သူ့ကို ကူညီပေးခဲ့ပါတယ်။ စစချင်းတွေ့တဲ့အချိန်မှာ ကောင်လေးဟာ စကားတောင် မပြောရဲဘဲ ကြောက်နေတဲ့အတွက် ရေဒီယိုတွေကိုချစ်တဲ့သူ့ကို ရေဒီယိုဆိုပြီးနာမည်ပေးရာကနေ အမည်တွင်ခဲ့ပါတော့တယ်။ရေဒီယိုလေးကို ကြည့်ပြီး ကူညီပေးချင်တဲ့ နည်းပြဂျုံးဟာ ရေဒီယိုကို ဘေးကနေ အဖော်လုပ်ပေးရင်း သူ့ကို တဖြည်းဖြည်း တိုးတက်လာအောင်လုပ်ရင်းနဲ့ လူပေါင်းဆံ့လာပါတော့တယ်။ ဒီလိုနဲ့ နည်းပြဂျုံးနဲ့ ရေဒီယိုတို့ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်သွားကြမလဲ ..... ရေဒီယိုလေးဟာရော နည်းပြဂျုံးရဲ့ အကူအညီကြောင့် ဘယ်လောက်အထိ တိုးတက်လာမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Football, Biography, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Radio (2003)

Copenhagen Does Not Exist aka København findes ikke (2023) 5.8
Copenhagen Does Not Exist aka København findes ikke (2023) Koebenhavn Findes Ikke (Or) Copenhagen Does Not Exist 2023အီဒါလို့ခေါ်တဲ့ကောင်မလေးဟာ ရုတ်တရက်ကြီး စကားတစ်ခွန်းမှ မပြောဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ တိုက်ခန်းလွတ်တစ်ခုတည်းမှာ ဆန်ဒါ့ကို အီဒါ့အဖေနဲ့ အစ်ကိုနှစ်ယောက်က သော့ခတ်ပြီးတော့ထားထားပါတယ်။ဆန်ဒါဆိုတာကတော့ အီဒါ့ကောင်လေးပေါ့၊ ဒီလိုနဲ့ အီဒါပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဆန်ဒါ့ကို စစ်မေးမြန်းတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ .........အီဒါပျောက်ဆုံးသွားတဲ့ကိစ္စက ဆန်ဒါ့ကြောင့်ရော ဖြစ်နေမလား .... ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size… 1.6GB / 573MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Alex~ToMo
movie

Copenhagen Does Not Exist aka København findes ikke (2023)

2023
Hot Blooded Angel ( 2024 ) 5.8
Hot Blooded Angel ( 2024 ) ကိုယ့်ရဲ့ယုံကြည်ရာ နားခိုရာတစ်ခုကိုကာကွယ်ဖို့ကြိုးစားတဲ့ မိန်းကလေးတစ်ယောက်အကြောင်း အက်ရှင်ကားလေးဖြစ်ပါတယ်။ တရုတ်တန်းဆိုတာ အနယ်နယ်အရပ်ရပ်ကတရုတ်တွေအတွက် နွေးထွေးတဲ့နားခိုရာတစ်ခု အားကိုးရာတစ်ခုပဲဖြစ်တယ်။အပေါ်ယံမှာအိမ်ခြံမြေစီမံကိန်းလုပ်ငန်းရှင်လိုလိုနဲ့ မကောင်းမှုတွေ ပြစ်မှုပေါင်းများစွာကျူးလွန်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ တရုတ်တန်းရှိတဲ့နေရာကို မျက်စိကျလိုချင်တဲ့အတွက် နည်းအမျိုးမျိုးနဲ့ဒုက္ခပေးပါတော့တယ်။အာဏာပိုင်တွေနဲ့ပေါင်းကြံတဲ့ မသမာတဲ့လူမိုက်ဂိုဏ်းသားတွေကို ဒီနတ်သမီးလို့တင်စားခံရတဲ့ကောင်မလေးဟာ ဘယ်လိုရင်ဆိုင်မလဲ….. ရန်ငြိုးတွေကိုအသစ်ရောအဟောင်းပါရောပြီးရှင်းတဲ့အကြောင်းကို မမလှလှတွေရဲ့အက်ရှင်ခန်းများများနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Filesize : 1.14 GB / 616 MB Quality : WEB-DL 1080p , 720p Format : mkv  Genres : Action , Crime , Drama Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Hot Blooded Angel ( 2024 )

When Frank Met Carlitos aka Cuando Frank conoció a Carlitos (2023) 7.1
When Frank Met Carlitos aka Cuando Frank conoció a Carlitos (2023) When Frank met Carlitos 2023Frank Sinatra အမေရိကန်မှာ ဆယ်စုနှစ် ၅၀ ခုစာလောက်အထိ အောင်မြင်မှုတွေရရှိခဲ့တဲ့ နာမည်ကျော်အဆိုတော် ရုပ်ရှင်သရုပ်ဆောင်ကြီးတစ်ယောက် သူငယ်စဉ်ဘဝ အတွေ့အကြုံနုစဉ်က သူ့ရဲ့အိုင်ဒေါကြီးဖြစ်ခဲ့တဲ့ ကာလို့စ်ဂါဒယ်ကို NBC Stand up showမှာ သွားတွေ့ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်အခက်အခဲတွေအားလုံးကို ဖိုက်တာတစ်ယောက်လို ကျော်လွှားပြခဲ့တဲ့ Frankရဲ့နောက်ကွယ်က inspiration ဖြစ်ခဲ့တဲ့ ကာလို့စ်ဂါဒယ်နဲ့ ပထမဆုံးတွေ့ဆုံမှုမှသည် အတွေ့အကြုံနုသေးတဲ့ Frankကို ခုလို သမိုင်းဝင် အနုပညာရှင်ကြီးအဖြစ် ဘယ်လိုတွေသင်ပြသွားမလဲဆိုတာ ရှုစားပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 1.4GB / 586MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ ToMo ~ BpL ~ Yunni
movie

When Frank Met Carlitos aka Cuando Frank conoció a Carlitos (2023)

2023
The Beat Beneath My Feet (2014) 6.4
The Beat Beneath My Feet (2014) IMDB: 6.4 Rotten Tomatoes: 50% Genre: Comedy/Dramaဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသောဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းတွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့်အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့်Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်းလူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီးသောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုကအခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ File size…    1.7 GB /  766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff
movie

The Beat Beneath My Feet (2014)

Tótem (2023) 6.1
Tótem (2023) Totem (2023) တောရိုင်းဥယျာဉ်၏အလှတရားIMDb 7.1/10အသက်ခုနနစ်နှစ်အရွယ် ကောင်မလေးဖြစ်တဲ့ ဆိုလီစီတိုဟာတစ်ရက်မှာ သူ့အဖေ တိုနာ အတွက်စပရိုက်ပါတီတစ်ခုလုပ်ဖို့ သူ့အဖိုးရဲ့အိမ်ကို အလည်အပတ်အနေနဲ့သွားရင်းတစ်ရက်တာကုန်ဆုံးခဲ့တယ်။တစ်နေကုန်ပါတီပွဲအတွက်ကူညီပြင်ဆင်ပေး‌နေရင်း ထိုနေ့အလင်းရောင်မှိန်လာတာနဲ့အမျှ သူမရဲ့ဘဝဟာ အံ့ဩစရာကောင်းစွာပြောင်းလဲတော့မယ်ဆိုတာကို သဘောပေါက်နားလည်လာပါတော့တယ်။Mexico ရုပ်ရှင်ပွဲတော်မှာ Nominee 44 ခု Award 19 ခုဆွတ်ခူးထားပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ Nominee ပေါင်းများစွာဝင်ခဲ့တဲ့ဇာတ်ကားကောင်းလေးပါ ကြည့်နေရင်း အလွန် ဝမ်းနည်းမှုနဲ့အတူဆွတ်ပျံ့ဖွယ်ကောင်းတဲ့ရသကိုပါတစ်ပါတည်းခံစားရစေပြီး ရင်ထဲမှာတစ်သက်လုံးစွဲကျန်နေစေခဲ့မဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာပါ(အညွှန်းရေးသားသူ Bluri ဖြစ်ပြီး ဘာသာပြန်ဆိုသူ CM Team မှဖြစ်ပါတယ်) File size…2.88GB / 1.34GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Tótem (2023)

2023
The Sea Shall Not Have Them (1954) 6.3
The Sea Shall Not Have Them (1954)  1954 ခုနှစ်ထွက် “ The Sea Shall Not Have Them “ ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက် ပေးလိုက်ပါတယ်။“ The Sea Shall Not Have Them “ ဆိုတာကတော့ ဗြိတိန် လေကြောင်းနှင့်ပင်လယ် ကယ်ဆယ်ရေးရဲ့ ဆောင်ပုဒ်တစ်ခုပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကာလတည်ထားပြီး John Harris ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည် အသက်သွင်းထားတာလည်းဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ မြောက်ပင်လယ်ထဲလေယာဉ်ပျက်ကျခဲ့တဲ့ ဗြိတိန်ဗုံးကြဲလေယာဉ် ကစစ်သားတွေ အသက်ကယ်လှေတစ်စီးနဲ့ပင်လယ်ထဲမှာအသက်ရှင်သန်ဖို့ကြိုးစားကြပုံ, တစ်ဖက်မှာလည်း ကိုယ့်ရဲဘော်တွေ ဂျာမန်တွေလက်ထဲရောက်မသွားခင် လေကြောင်းနှင့်ပင်လယ်ကယ်ဆယ်​ရေးအဖွဲ့ရဲ့ ရာသီဥတုအခြေအနေတွေ အခက်အခဲတွေမျိုးစုံကြားက ကယ်တင်ဖို့ကြိုးစားကြပုံတွေကို ကြည့်ရှုရမှာပါ။ File size…(6.4 GB)/(3.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:31:00 Genre... Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

The Sea Shall Not Have Them (1954)