Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
7.0
Loving (2016)
Rating 7/10 လူမျိုးခြားစုံတွဲဖြစ်တဲ့ ရစ်ချက်နဲ့ မေးဒရစ် ဟာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး၁၉၅၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်သူတို့ကြီးပြင်းခဲ့ကြတဲ့ ဗာဂျီးနီးယားက မြို့လေးမှာအခြေချဖို့ လုပ်နေတဲ့အချိန်မှာဘဲ အဖမ်းခံခဲ့ရပြီးလူမျိုးခြားလက်မထပ်ရဥပဒေကြောင့် ပြည်နယ်ဒဏ်ပေးခြင်းခံလိုက်ရပါတယ်ဝါရှင်တန်မှာ အခြေချပြီးတဲ့နောက်မှာ တစ်နေ့ ကလေးတွေကြောင့်ဘဲဗာဂျီးနီးယားကို ပြန်အခြေချဖို့ ဖြစ်လာခဲ့ပါတော့တယ်တကယ့်အဖြစ်အပျက်ကို အခြေခံထားတာမို့ရစ်ချက်နဲ့ မေးဒရစ် ဟာ ဗာဂျီးနီးယားကိုဘဲ ပြန်အခြေချနိုင်မလားလူမျိူးရေးခွဲခြားတဲ့ဥပဒေတွေကိုတွန်းလှန်သွားနိုင်မလားဆိုတာ ကြည့်ရမှာဘဲဖြစ်ပါတယ် File size… 1.7 GB / 709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Su
movie
Loving (2016)
2016
6.4
Miles Ahead (2016)
Jazz ဂီတကို နှစ်သက်ကြတဲ့CM ပရိတ်သတ်ကြီးအတွက် Big Fishတို့ လိုဇာတ်ကားတွေအပြင် Star warsရဲ့ Obiwan ကြီးဖြစ်တဲ့ အပြုံးချိုချိုနဲ့ မင်းသားကြီးEwan McGregor နဲ့ MCUမှာ Iron manရဲ့ဘက်တော်သား War machine အဖြစ်လူသိများကြတဲ့ Don Cheadleတို့ရဲ့ Musicalဇာတ်ကားလေးတစ်ခုနဲ့ မိုက်ဆက်ပေးချင်ပါတယ်။ Jazz ဂီတနဲ့ လူမည်းတွေဆိုတာက ခွဲခြားလို့မရတဲ့ အရာနှစ်ခုလိုပဲ။Jazzဂီတက သူတို့တွေရဲ့ အစွမ်းတွေ အရည်အချင်းတွေအနုပညာလက်ရာတွေက ဂီတလောကကြီးကို ပုံစံတစ်ထောင့်တစ်နေရာကနေ ပြောင်းလဲစေခဲ့တာတော့ အမှန်တရားပါပဲ။ဒီဇာတ်ကားမှာတော့ Jazzဂီတရဲ့ နာမည်ကြီး ဖခင်တွေထဲကတစ်ဦးဖြစ်တဲ့ မိုင်းလ်စ် ဒေးဗစ် (Miles Davis)ရဲ့ဘဝ တစ်ဆစ်ချိုး အကြောင်းကို ရှုစားကြရမှာပါ။ မိုင်းလ်စ် တစ်ယောက် သူ့ရဲ့ လူကြိုက်များတဲ့ သီချင်းတွေဆက်တိုက်ထုတ်ခဲ့ပြီးတဲ့နောက် အိမ်ထောင်ရေးပြဿနာတွေကျန်းမာရေး ပြဿနာတွေကြား သူ့ရဲ့ ဂီတဈာန်ပျောက်ဆုံးနေခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အိမ်ကို ရောက်လာတဲ့ ခေါင်းမာမာနဲ့ရိုးလင်းစတုန်း မဂ္ဂဇင်းက ...
movie
Miles Ahead (2016)
2015
5.6
The Prequel of Gold Convoyers 9 : An Ultimate Task ( 2010 )
ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဆရာတူညီမလေးကျင်းကျင်းသေသွားတော့ ကူဖျင်အန်းကိုချစ်မိနေတဲ့ဝမ်ကျောက်ရှင်းဟာ အနာဂတ်မရှိတဲ့ ကိုယ်ရံတော်တပ်ကိုစိတ်ကုန်ပြီး ကိုယ်ရံတော်တပ်ကထွက်ပြီး အချစ်နဲ့အတူသာမန်ဘဝလေးမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်။အဲဒါကြောင့်သူ့မွေးစားအဖေကိုအသိပေးဖို့ မြို့တော်ကိုသွားတဲ့အချိန်မှာ သူ့ကိုနောက်ဆုံးတာဝန်တစ်ခုပေးအပ်လိုက်တယ်။ တိုင်းတစ်ပါးကစစ်ရှုံးပြီး အညံ့ခံလာတဲ့စစ်သူကြီးတစ်ယောက်ကိုစောင့်ရှောက်ပြီး စစ်မက်ရေးရာဌာနကိုပို့ပေးဖို့ပါ။ ဘယ်သူထင်မထားမလဲ မြို့အဝင်တံခါးမကြီးကနေ စစ်မက်ရေးရာဌာနကိုသွားတဲ့လမ်းတစ်လျှောက်မှာ အန္တရာယ်တွေအထပ်ထပ်ကြုံရမယ်လို့ပေါ့။တစ်နေ့တာအတွင်း အန္တရာယ်အထပ်ထပ်ကိုကျော်ဖြတ်ပြီး စစ်မက်ရေးရာဌာနကိုရောက်အောင်ပို့ပေးဖို့ကြိုးစားတာကို သဲထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။ Quality : HDTV 720p Format : mp4 Genres : Drama , Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Prequel of Gold Convoyers 9 : An Ultimate Task ( 2010 )
5.7
The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong ( 2010 )
ဒါကတော့ The Prequel of Gold Convoyers ရဲ့(၈)ကားမြောက်ကားပဲဖြစ်ပါတယ်။စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ ဂျပန်ဓားပြတွေက တဖြည်းဖြည်း တိုးများလာပြီး မြောက်ပိုင်းလျောင်တုန်းမှ တောင်ပိုင်း မင်ယွဲ့ကမ်းစပ်တစ်လျှောက် ဂျပန်ဓားပြတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုခံနေရပါတယ်။ ဂျပန်ဓားပြတွေ မင်တိုင်းပြည်နယ်မြေကို ကျူးကျော်နေတဲ့အချိန်မှပဲ ဂျပန်ပြည်တွင်းစစ်ကလည်း အလွန်ဆိုးရွားနေပါတယ်။ဖျင်အန်းပို့ဆောင်ရေးမှ ဂူဖျင်အန်းတို့ဟာ လျောင်တုန်းကို ပို့ဆောင်ရေးအတွက် ရောက်လာပါတယ်။ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဖြစ်တဲ့ ဝမ်ကျောက်ရှင်းဟာ ဟန့်လင်ရွာအနီးကို တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ ဂျပန်ဓားပြတွေ လုံကျိုးဖက်က ဝင်ရောက်လာပြီးနောက်မှာတော့ မင်တိုင်းပြည်နဲ့ ဂျိုဆွန်နယ်စပ်ကို ကျူးကျော်နေခဲ့ပြီး မင်တိုင်းပြည်ရဲ့ တတိယအဆင့်ရှိ ပွဲတော်သဘင်ဝန် ကုန်းအန်းဖူဟာ ဂျိုဆွန်က အပြန်လမ်းမှာ ဂျပန်ဓားပြတွေနဲ့တွေ့ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ကိုယ်ရံတော်တပ်ခေါင်းဆောင်က ဝမ်ကျောက်ရှင်းကို ကုန်းအန်းဖူကို တွေ့အောင်ရှာပြီး လျောင်ယန်ကို ပို့ဆောင်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ဒုက္ခသည်တွေက အကူအညီတောင်းတာကို ကုန်းအန်းဖူက မျက်ကွယ်ပြုခဲ့လို့ ဂူဖျင်အန်းက ဒုက္ခသည်တွေကို လျောင်ယန်ကို အခမဲ့ပို့ဆောင်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လဲ လမ်းတစ်လျှောက် ဂျပန်နင်ဂျာတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ဂူဖျင်အန်းတို့တတွေ လျောင်ယန်ကို လုံခြုံစွာပြန်ရောက်ပါ့မလား...... လမ်းတစ်လျှောက်လိုက်လာတဲ့ နင်ဂျာတွေကရော ဘာကိုလိုချင်လို့ လိုက်နေကြသလဲ...... အတွေးအခေါ်ခြင်း ...
movie
The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong ( 2010 )
7.5
Soul Virginity (2023)
(function(f,b,n,j,x,e){})(); Soul virginityရုပ်ရှင်ဟာ ဒါရိုက်တာYousef Ikhreisရဲ့ လက်ရာဖြစ်ပြီး ရုပ်ရှင်ကားတစ်ခုကို အပိုင်းငယ်၆ပိုင်းအဖြစ်တင်ဆက်ထားပါတယ်။ ထူးခြားတာက (၆)ကားလုံးဟာ သီးသန့်ခွဲထွက်မနေပဲ တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိပါတယ်။ဒီကားဟာ visually appealingဖြစ်တာထက်ကို thought-provoking(တွေးစရာ)ဖြစ်စေတဲ့ ကားမျိုးပါ။ အခု လောကကြီးမှာ ဖြစ်ပျက်နေတဲ့အမှန်တရားအချို့ကို ရောင်ပြန်ဟပ်ပြီး ကျန်တဲ့အပိုင်းကိုတော့ စာရေးဆရာဥာဏ်ကွန့်ထားတဲ့အတွက် fictionဆန်ပါတယ်။Low-budget filmဖြစ်ပေမဲ့ dialougeတော်တာ်ကောင်းပါတယ်။Philosophical questionတွေအများကြီးပါပြီး မိမိတို့ရဲ့ နေ့စဥ်ဘဝတွေနဲ့ သိပ်မကွာတဲ့အခန်းတွေလည်းပါပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီကားကိုကြည့်ပြီး ခွန်အားယူသင့်တယ်လို့ စာရေးသူမြင်ပါတယ်။ တကယ်လို့ နာမည်ကြီး စတူဒီယိုတွေကသာ budgetထုတ်ပေးရင် Emmyလောက်တော့အသာလေးရနိုင်တယ်လို့ မြင်ပါတယ်။နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ စကာတင် (၁၁)ခုဝင်ပြီး ဆုပေါင်း(၈)ဆုထားပါတယ်။ဒရမ်မာ၊ ဟော်ရာ၊ sci-fi၊ mysteryနဲ့ crimeစတဲ့ genreတွေကို သေသေသပ်သပ်ပေါင်းစပ်ထားတဲ့အတွက် ရသစုံအောင်ခံစားရမှာပါ။ဒီတော့ ကိုယ်တိုင်သာဝင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။ File size…(1.6 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre... Crime, Drama, ...
movie
Soul Virginity (2023)
7.3
The Song of Lunch (2010)
(function(f,b,n,j,x,e){})(); ကဗျာဆရာကြီး ခရစ်စတိုဖာရိဒ်ရဲ့ "The Song of Lunch" လို့အမည်ရတဲ့ ကဗျာကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားပြီး IMDb 7.3 အထိရရှိထားတဲ့ မြင်တွေ့ရခဲတဲ့ ရှားရှားပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်မင်းသားကြီး Alan Rickman နဲ့ မင်းသမီးကြီး Emma Thompson တို့ပါ။ ကဗျာကိုပြန်လည်ရိုက်ကူးထားတဲ့အတွက် ဒီရုပ်ရှင်ထဲမှာ ကာရိုက်တာတွေရဲ့နာမည်တွေကို သူ၊ သူမ အစရှိသဖြင့်ပဲ သုံးစွဲထားပါတယ်။"သူ"ဆိုတာက လန်ဒန်မြို့က စာပေထုတ်ဝေသူ သက်ကြီးပိုင်းအမျိုးသားကြီးပါ။ "သူမ"ကတော့ "သူ့"ရဲ့ရည်းစားဟောင်းဖြစ်သူ၊ လက်ရှိအချိန်မှာ ဇနီးကောင်းတစ်ဦး၊ သားတွေရဲ့အမေကောင်းတစ်ဦးတောင် ဖြစ်နေပြီး ဘ၀မှာအထိုင်ကျနေတဲ့သူ။မတွေ့ရတာ ဆယ်စုနှစ်တစ်ခု ကျော်ပြီဖြစ်တဲ့ သူ နဲ့ သူမဟာ လန်ဒန်မြို့၊ ဆိုဟိုရပ်ကွက်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာအတူစားဖို့ အကြောင်းဖန်လာခဲ့တယ်။သူဟာ စားသောက်ဆိုင်ကိုသွားဖို့ ရုံးခန်းကနေဆင်း လမ်းလျှောက်လာကတည်းကနေစပြီး မြင်မြင်သမျှအရာကို စာဆန်ပေဆန်တဲ့စကားလုံးတွေနဲ့ ပုံဖော်လာလိုက်တာ သူမနဲ့အတူ နေ့လယ်စာစားပြီးချိန်အထိပါပဲ။တချိန်ကသိပ်ချစ်ခဲ့ရပြီး ကံဆိုးစွာနဲ့လွဲချော်ခဲ့ရတဲ့ ...
movie
The Song of Lunch (2010)
7.6
Ganjil Genap (2023)
(function(f,b,n,j,x,e){})(); စက်ဘီးပဲဝယ်ဖို့တတ်နိုင်တဲ့သူကို ကိုယ်ရောင်းချင်တာကကားဖြစ်နေရင် ကိုယ့်ရဲ့ကားကဘယ်လိုမှရောင်းထွက်မှာမဟုတ်ပါဘူး။ဇာတ်လမ်းအကျဥ်းလေးက မိခင်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဂါလာက ချစ်သူနဲ့လက်ထပ်ပြီးမိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ၈နှစ်ကြာတွဲလာခဲ့တဲ့ချစ်သူဘက်ကလက်ထပ်ခွင့်တောင်းလာဖို့ကို အမြဲမျှော်လင့်နေခဲ့တဲ့သူပေါ့။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့သူတွေမှကြာကြာချစ်နိုင်တယ်ဆိုတဲ့စကားအတိုင်းပဲ ဂါလာ့ရဲ့ချစ်သူဘာရာက ဂါလာ့ကိုဆက်မချစ်နိုင်တော့ပဲ အကြောင်းရင်းမည်မည်ရရမရှိတိုင် ထားသွားခဲ့ပါတယ်။ဒီလိုနဲ့ ဂါလာလည်းအသည်းကွဲခဲ့ပြီး ရှေ့ဆက်ဘာတွေဆက်ဖြစ်လာမလဲ....။ ဒီဇာတ်ကားထဲမှာတော့ တခြားရိုမန့်စ်ကားတွေနဲ့မတူဘဲလက်တွေ့ဘဝက RS ပြဿနာတွေကိုပါထည့်ရိုက်ပြထားလို့ စိတ်ကူးယဥ်ဆန်တဲ့ရိုမန့်စ်ကားတွေနဲ့ ကွဲထွက်နေပြီး realityဆန်ဆန်ကြည့်ရမယ့် အင်ဒိုနီးရှား romance comedyကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.6 GB)/(810 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama,Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie
Ganjil Genap (2023)
7.3
Let Me Have My Son (2023)
(function(f,b,n,j,x,e){})(); ဒီဇာတ်ကားကတော့ 2023ကမှထွက်ထားပြီး ဖြစ်ရပ်မှန်အကြောင်းရိုက်ထားတဲ့ Dramaကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့ သားအတွက် စိတ်မချနိုင်ဘဲ စိတ်သောကရောက်နေရရှာတဲ့ အဖေတစ်ယောက်အကြောင်းကို အဓိကထားပြီး ရိုက်ကူးပြထားတာပါ။ဇာတ်လမ်းအညွှန်းကတော့ အငြိမ်းစားတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဟာ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့သားနဲ့ အရမ်းတွေ့ချင်နေသူပါ။ သူ့ဆန္ဒတွေပြည့်ဝတဲ့ တစ်ရက်မှာတော့ ထိုဆေးရုံကနေ ဘင်ဂျမင်ဆီကို ဖုန်းဆက်လာပါတယ်။ ထိုသို့ဖုန်းဆက်တာဟာ သူ့သားနဲ့တွေ့ပေးဖို့တင်မဟုတ်ပဲ သူ့သားက ဆေးရုံကဆင်းခွင့်ရပြီဖြစ်ကြောင်း၊ အိမ်ကိုပြန်ခေါ်သွားလို့ရပြီဖြစ်ကြောင်းဖုန်းဆက်တာပါ။ဒီတော့ ဘင်ဂျမင်ဟာ အပျော်လွန်ပြီး ချက်ခြင်းပဲ စိတ်ကျန်းမာရေးဆေးရုံကိုထွက်လာပါတော့တယ်။ ဒါပေမဲ့ ဆေးရုံကိုရောက်တော့ သူ့သားကို လုံးဝရှာလို့မတွေ့ဘဲ ဘယ်ပျောက်လို့ပျောက်မှန်းမသိ ပျောက်သွားပါတယ်။ ဆေးရုံကလူတွေတောင် သူ့သားဘယ်ပျောက်သွားလဲဆိုတာကို လုံးဝမသိကြပါဘူး။ အဲဒီလိုနဲ့ သူဟာ သူ့သားကိုပြန်ရှာလို့တွေ့မှာလား? သူ့ကိုဖုန်းဆက်တာကရော တကယ့်ဆေးရုံကဆက်တာဟုတ်ရဲ့လားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.7 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie
Let Me Have My Son (2023)
7.7
Philip’s (2023)
Philip's (2023) "ဖိလစ်တို့ မိသားစု"(function(f,b,n,j,x,e){})();IMDb 7.9 ရထားတဲ့ မလေယာလမ် စကားပြော မိသားစု family/drama လေးဖြစ်ပြီး မလေယာလမ်လှိုင်းသစ်ရဲ့ ဝါရင့်မင်းသားကြီး Mukesh က ဖိလစ်အဖြစ်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်း ဖိလစ်တို့မိသားစုမှာ ဖိလစ်နဲ့ ဘေစီ ဘလက်စီ ဘစ်တီ ဆိုတဲ့ မိတဆိုးသားသမီးသုံးယောက် ပျော်ရွှင်စွာ နေထိုင်ကြတယ် ဒါပေမဲ့လည်း တစ်နေ့... ပူပင်ကြောင့်ကြမှုကင်းတဲ့ သူတို့မိသားစုလေးကို မမြင်နိုင်တဲ့ ကံကြမ္မာဆိုးတစ်ခုကတော့ စောင့်ကြိုနေပါတယ် သူတို့တွေ အဲဒီအဖြစ်အပျက်ကနေ ဘယ်လိုများ ကြံစည်ပြီး ရုန်းထွက်ကြမလဲ...သူတို့တွေ အရင်လို သာယာတဲ့မိသားစုဘဝလေး ပြန်ပြီး ပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကိုတော့ spoil ဖြစ်သွားမှာစိုးလို့ ပရိသတ်ကြီးကပဲ ဒေါင်းကြည့်လိုက်ပါတော့...အိန္ဒိယကားတွေမှာ ဘတ်ဂျက်များ/ အက်ရှင် spectacle များများနဲ့ ဘောလိဝုဒ်ကားကြီးတွေ အီနေတဲ့သူတွေအတွက် အခုလို ဘတ်ဂျက်နည်း မလေယာလမ် ဒရာမာလေးက အအီပြေချဥ်ရည်ဟင်းတစ်ခွက်ဖြစ်မှာပဲ အသေအချာပါပဲအညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ်( ...
movie
Philip’s (2023)
2023
7.7
Pokhar Ke Dunu Paar {On Either Sides of the Pond} ( 2022)
Pokhar Ke Dunu Paar (2022)"ရေအိုင်၏အခြားတဖက်" ============================================ IMDb 7.6/10(function(f,b,n,j,x,e){})();ချန်နယ်မြန်မာ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ၂၀၂၂ ကထွက်ခဲ့တဲ့ ဟင်ဒီစကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကိုဗစ်ကာလကြီးထဲမှာ ခိုးပြေးခဲ့ကြပြီး နေထိုင်ရ ကျပ်တည်းလာမှ မွေးရပ်မြေ နယ်မြို့လေးဆီ ပြန်လာခဲ့ကြတဲ့ ဆူမစ်နဲ့ ပရီယန်ကာဆိုတဲ့ လူငယ် ဇနီးမောင်နှံနှစ်ယောက်..။ပရီယန်ကာက အနေအထိုင်ဆင်းရဲမှုနဲ့ ဖခင်ဖြစ်သူရဲ့ မကြည်ဖြူမှုကြားမှာ ပင်ပန်းနေရပေမဲ့ ဆူမစ်ကတော့ အလုပ်ရအောင်မကြိုးစားဘဲ သူငယ်ချင်းတွေတရုန်းရုန်းနဲ့ လမ်းများနေတဲ့အခါ အရာရာကိုရင်ဆိုင်ဖို့ သတ္တိရှိစေခဲ့တဲ့ချစ်ခြင်းတွေ ထွက်ပြေးမသွားအောင် နားလည်မှုတွေ၊ ကိုယ်ချင်းစာမှုတွေ လိုအပ်လာတဲ့အချိန်မှာတော့...။ ဒီရုပ်ရှင်ရဲ့ တင်ပြပုံမျိုးဟာ အိန္ဒိယရုပ်ရှင်တွေထဲမှာ မြင်ရခဲပြီး ကိုဗစ်ကာလရဲ့ ကျပ်တည်းမှုတွေကြားမှာ ရုန်းကန်နေရတဲ့ဘဝတချို့ကို Art house ဆန်ဆန်၊ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ပုံဖော်ပြထားတာဖြစ်လို့ တငြိမ့်ငြိမ့်နဲ့ ပရိသတ်ကို ပါအောင်ဆွဲခေါ်သွားမယ့်၊ အချိန်ပေးရကျိုးနပ်စေမဲ့ ရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ Alex, ToMo, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Pokhar Ke Dunu Paar {On Either Sides of the Pond} ( 2022)
7.2
Picket 43 (2015)
Picket 43 (2015) - ခြံစည်းရိုးအမှတ် ၄၃(function(f,b,n,j,x,e){})();IMDb-7.2/10ဒီတစ်ခါမှာတော့ အကြမ်းဖက်နှိမ်နင်းရေးကွန်မန်ဒိုအငြိမ်းစားအရာရှိကြီးကနေ ရုပ်ရှင်လောကကိုကူးပြောင်းလာတဲ့ Major Ravi ကိုယ်တိုင် ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ ခြံစည်းရိုးအမှတ် ၄၃ က ရုံတင်ငွေလည်း ၅.၇ ကုဋေထိ ရခဲ့ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်တစ်ဖက်နဲ့တစ်ဖက် လူနှစ်ယောက်ပဲအစောင့်ချထားတဲ့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်တစ်နေရာ ခြံစည်းရိုးအမှတ် ၄၃ ၊ ဇာတိပြန် မင်္ဂလာဆောင်ဖို့ ခွင့်ရက်တင်ပြီးခါမှ ခြံစည်းရိုးအမှတ် ၄၃ မှာ တာဝန်ကျလာတဲ့ဟာရီ ၊ ဘာကာဒီဆိုတဲ့ ခွေးလိမ္မာလေးနဲ့အတူ နယ်စပ်ခြံစည်းရိုးမှာအစောင့်ကျတဲ့ဟာရီတစ်ယောက် ပါကစ္စတန်ဘက်က နေ့ညမနားတရစပ်ပစ်ခတ်နေတဲ့ကျည်ဆံတွေကြား ခက်ခက်ခဲခဲရှင်သန်ရတာပေါ့ တစ်နေ့ ခြံစည်းရိုးတစ်ဖက်က ပါကစ္စတန်အစောင့်စစ်သားနေရာမှာ တာဝန်ကျလူသစ်ရောက်လာတယ် အရင်လူတွေနဲ့လုံးဝမတူကွဲပြားနေတဲ့သူတစ်ယောက်..တရစပ်ပစ်ခတ်နေတဲ့ ကျည်ဆံတွေချက်ချင်းရပ် သူကိုယ်တိုင်လည်း ပုန်းကွယ်မနေဘဲလွတ်လွတ်လပ်လပ်သွားလာနေတယ်လူအားလုံးအရာအားလုံးနဲ့ဝေးကွာပြီး စာတွေကိုပဲအဖော်ပြုနေရတဲ့ဟာရီ့ဆီ စာတွေလည်းထပ်ရောက်မလာချိန်မှာ သူရယ် ခွေးလိမ္မာလေးဟာရီရယ် စာတွေဖတ်ရင်းပေါ်လာတဲ့ အတိတ်နေ့စွဲတွေရယ် ခြံစည်းရိုးတစ်ဖက်ကရန်သူတော်လူထူးဆန်းရယ် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Picket 43 (2015)
2015
8.5
Gladiator (2000)
၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator ... ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့....ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, ...
movie
Gladiator (2000)
4K HEVC
8.5
A Birth aka Birth (2022)
A Birth aka Birth (2022)*************************** ဒီကားက ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...၁၈ ရာစုနှောင်းပိုင်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဘက်စွန်းရဲ့ တိုင်းပြည်လေး ဂျိုဆွန်းမှာ စာသင်သားအချို့ဟာ ပေကျင်းကနေ ဝင်လာတဲ့ စာအုပ်တွေကနေတစ်ဆင့် ကက်သလစ်ဘာသာကို ပညာရပ်အနေနဲ့ လေ့လာရာကနေ ဘာသာတရားအဖြစ် လက်ခံလာကြတယ်.တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ ကက်သလစ်ဘာသာကို မကိုးကွယ်သင့်တဲ့အရာလို့သတ်မှတ်ထားကြသလို ကိုးကွယ်တဲ့သူတွေကိုလည်း သေဒဏ်ပေးသည့်အထိ ရက်စက်စွာ ပြစ်ဒဏ်ချမှတ်လေ့ရှိကြပါတယ်...ဒီကြားထဲ အိမ်နီချင်းနိုင်ငံတွေကလည်း စစ်ပွဲမျိုးစုံတိုက်နေကြတဲ့ကာလဆိုတော့ တိုင်းပြည်ဟာ ဆူပူမှုပေါင်းများစွာနဲ့ မအေးချမ်းလွန်းတဲ့ကာလဖြစ်ပါတယ်...ဒီလိုအချိန်မှာ ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန် ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့... ဒီကားက ဗဟုသုတလည်းရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်...နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါသလို ဘက်ဂျက်လည်း တော်တော်သုံးထားတာကိုတွေ့ရတာမို့ ကြည့်သင့်ပါကြောင်း...Size - 2.10GB, 898MB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 31Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Hnin ...
movie
A Birth aka Birth (2022)
7.1
The Boys in the Boat (2023)
The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie
The Boys in the Boat (2023)
2023
4K HEVC
8.4
Hi Nanna (2023)
Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)IMDb 8.4/10 , RT 100%Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေMain cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ...
movie
Hi Nanna (2023)
2023
4K HEVC
6.6
Tokyo Revengers 2 Part 2: Bloody Halloween – Final Battle (2023)
Tokyo Revengers 2 Part 2: Bloody Halloween - Final Battle (2023)အားလုံးမျှော်နေကြတဲ့ Tokyo Revengers 2: Part 2 - Bloody Halloween Decisive Battle လေးရပါပြီနော်။ဒီတစ်ခေါက် Part 2 မှာရော Part 1 မှာတုန်းက ပြီးမြောက်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ Tokyo Manjikai ဂိုဏ် းတည်ထောင်သူ ၆ ယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်ကို Takemichi တစ်ယောက် ဖြေရှင်းနိုင်သွားမှာလား။ သူ မဖြစ်စေချင်တဲ့ အရာတွေကို ဖြစ်မလာအောင် ကာကွယ်သွားနိုင်မှာလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ Tokyo Revengers ပရိသတ်ကြီး လက်လွှတ်မခံဘဲ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Khaing က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p ...
movie
Tokyo Revengers 2 Part 2: Bloody Halloween – Final Battle (2023)
2023
5.5
Postman (2023)
ခေတ် ၄ ခေတ် ရဲ့ စာချွန်ရှင် (၂၀၂၃)စာတိုက်ကနေပို့တဲ့စာတစ်စောင် လူတွေအချင်းချင်း ဆက်သွယ်နေတဲ့စာရွက်တစ်ရွက်ဟာ သာမန်စာရွက်ဖြူတစ်ရွက်ပဲမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ စိတ်ခံစားချက်တွေ ပါဝင်နေတဲ့စာတစ်စောင်ပါပဲ။ဒိုဟာ ၉၀ ခုနှစ်နှောင်းပိုင်းက စာပို့သမားလေးတစ်ယောက်၊ ငယ်ငယ်ထဲက စာပို့ရတာနဲ့ ပေးစာရေးတဲ့စာရွက်ကို သဘောကျလွန်းတာကြောင့် ဆန္ဒအလျောက် စာပို့သမားဖြစ်လာတဲ့သူတစ်ယောက်ပေါ့။ ဒီလိုနဲ့ဒိုတစ်ယောက် မတူညီတဲ့အချိန်ကာလ ၄ ခုဖြစ်တဲ့ ကျောက်ခေတ်၊ မြန်မာယိုးဒယားစစ်ပွဲကာလက ဘန်ချလဘ်ရွာ၊ သူကိုယ်တိုင်ရောက်ရှိနေတဲ့ ၉၀ ခုနှစ်နှောင်းပိုင်းက တုံယမ်ကွန်းစီးပွားရေးပျက်ကပ်ကာလ၊ နောက်ဆယ်စုနှစ်ပေါင်းများစွာအကြာက အနာဂတ်ကာလကို စာပို့ရဖို့ဖြစ်လာပါတော့တယ်။ဘာသာစကားဆိုတဲ့အရာတောင် မဖြစ်လာသေးတဲ့ကျောက်ခေတ်ကဒူအက်၊ ကံဆိုးပြီးတော့ အင်းဝမြန်မာစစ်ပွဲထဲမှာ ပါဝင်ဖို့ဖြစ်လာတဲ့ မွေးလာကတည်းက ကံခေလွန်းတဲ့ မောင်ကံဆိုး ဒူအီ၊ အနာဂတ်ကာလမှာ ရာသီဥတုကဖောက်ပြန်နေပြီး အာဏာရှင်ဦးနှောက်ဆေးတာခံနေရတဲ့နေရာက ထွက်ပြေးဖို့ လှေလက်မှတ်ဝယ်ဖို့ငွေစုနေတဲ့ဒေး၊ နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး စာပို့သမား ဒိုဒီလူ ၄ ယောက် မတူညီတဲ့ခေတ်ကာလ မတူညီတဲ့ဘဝဇာတ်ခုံမှာ ဘယ်လိုကပြဖျော်ဖြေသွားမလဲဆိုတာ အချစ်မေတ္တာ၊ အမုန်း၊ သံယောဇဉ်၊ သစ္စာတရား အစရှိသဖြင့် ရသစုံလင်အောင် ခံစားရမှာမလို့ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie
Postman (2023)
2023
[18+] Room Service (2024)
Room Service (2024)ကာရိုးလ်ဆိုတဲ့ကောင်မလေးဟာ ဟိုတယ်တစ်ခုရဲ့ Room Service အနေနဲ့အလုပ်ဝင်လာပါတယ်။ အလုပ်ဝင်စကတည်းက ဟိုတယ်မှာ ပင်တိုင်တည်းလေ့ရှိတဲ့ ခပ်ချောချောဧည့်သည်ကိုအမြဲစောင့်ကြည့်ချောင်းကြည့်လေ့ရှိသလို နေ့လည်စာစားချိန်မှာ ဖုန်းနဲ့ညစ်ညမ်းကားကြည့်နေတဲ့အတွက် အထက်လူကြီးက သတိပေးတာခံရတဲ့အထိ ဖြစ်ဖူးပါတယ်။ တဖြည်းဖြည်းနဲ့ သူ့စောင့်ကြည့်ခံဧည့်သည်က သူ့ကိုသတိထားမိပြီး အခန်းထဲဖိတ်ခေါ်လာတဲ့အချိန်မှာတော့...မိနစ်လေးဆယ်စာ ဇာတ်လမ်းတိုလေးပါ။ မိနစ်လေးဆယ်နဲ့မမျှအောင်ရှယ်ကြမ်းပြထားပါတယ်။ အရင်ဇာတ်ကားတွေမှာ တစ်ခန်းစနှစ်ခန်းစပါခဲ့ဖူးရုံ မင်းသမီးသစ်လေးတွေကို မိတ်ဆက်ထားတဲ့ကားပါ။ Vivamax အနေနဲ့ဒီနှစ်မှာ မင်းသမီးသစ်တွေအများကြီး စာချုပ်ချုပ်ထားတဲ့အတွက် နောက်ကားတွေမှာ အသစ်အသစ်တွေ အများကြီးထပ်မြင်လာရဖို့ရှိပါကြောင်း...။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1GB Quality - 1080p Format - mp4 Duration - 44Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB
movie
[18+] Room Service (2024)
2024
7.1
Kidnapped (2023)
ဒီတစ်ခါမှာတော့ IMDb 7.1ထိရရှိထားပြီး Rotten tomatoes မှာ 83%အထိ ရရှိထားတဲ့ Italy Drama/History ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ....ပုပ်ရဟန်းမင်းကြီး Pius IX လက်ထက် Bolognaမြို့မှာ နေထိုင်တဲ့ ဂျူးလူမျိုး မိသားစုရဲ့ ၆ယောက်မြောက်သားကို အာဏာပိုင်တွေက ဘုရားကျောင်းအမိန့်ဟုဆိုကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။ဘုရားကျောင်းဟာ ထိုကောင်လေးကို ခရစ္စယာန်ဘာသာအဖြစ် ကူးပြောင်းပေးပြီး မိသားစုကိုလည်း ဘာသာပြောင်းလျှင် သူတို့သားကို ပြန်ရမယ်ဟုဆိုကာ ဖိအားပေးပါတော့တယ်။ထိုအခါမှာတော့ မွန်တာရာ ဂျူးမိသားစုဟာ သူတို့သားလေးကို ပြန်လည် ခေါ်ဆောင်ဖို့ ဘာတွေလုပ်သွားမှာလဲ သူတို့ရဲ့သားကိုရော ပြန်လည်ခေါ်ဆောင်နိုင်မှာလား ၁၈၅၀ကျော်ခုနှစ်ဝန်းကျင်က ဂျူးနဲ့ ခရစ္စယာန်ဘာသာအကြား ဘာသာရေး အရှုပ်အထွေးတွေကို ရိုက်ကူးပြထားတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်..... File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
Kidnapped (2023)
A Weekend to Forget (2023)
ဇာတ်လမ်းအကျဥ်းလေးကတော့ငယ်သူချင်းတစ်စုဟာ မတွေ့ရတာကြာနေပြီဖြစ်လို့ စနေတနင်္ဂနွေပိတ်ရက်မှာ ဖာဒီရဲ့အိမ်မှာစုပြီးပါတီပွဲကျင်းပဖို့အတွက်ထွက်လာကြပါတယ် ငယ်သူငယ်ချင်းတွေအကြာကြီးနေမှပြန်ပြီးတွေ့ရမှာဖြစ်လို့ပျော်ပျော်ရွှင်ရွှင်နဲ့ပါတီကျင်းပရင်း နောင်အနာဂတ်မှာ သူငယ်ချင်းတွေစုပြီး လုပ်ငန်းအတူတူလုပ်ဖို့လည်းဆွေးနွေးတိုင်ပင်ကြဖို့စီစဥ်ထားပါတယ်ဒါပေမဲ့ တကယ့်လက်တွေမှာထင်ထားသလိုမဖြစ်ခဲ့ဘဲ အပျော်ကနေအပျက်ဖြစ်ခဲ့ပါတယ် ငယ်ကတည်းကရန်စရှိခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ကတောက်ကဆအပြင် ထင်မှတ်မထားတဲ့ပြဿနာလေးတွေရှိလာပြီး နောက်ဆုံး လူသတ်မှုဖြစ်သွားတဲ့အဆင့်ထိဖြစ်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီလူသတ်မှုမှာ တရားခံကဘယ်သူလဲ ဘာကြောင့်သတ်ရတာလဲဆိုတာ အဖြေရှာရပါတော့တယ် တရားခံကိုဒီလူလိုလို ဟိုလူလိုလိုနဲ့ သံသယဝင်စရာကောင်းအောင်ရိုက်ပြထားပြီး တကယ့်တရားခံအစစ်ကရောဘယ်သူလဲဆိုတာကို ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်နိုင်ပါတယ် File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie
A Weekend to Forget (2023)
First
87
88
89
90
91
Last
Previous
Next