Channel Myanmar

Drama

Desperado ( 2024 ) 6
Desperado ( 2024 ) ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့ လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့ လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာ မင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။ သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကို သမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်း သူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။ လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကို ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Desperado ( 2024 )

The Remains of the Day (1993) 7.8
The Remains of the Day (1993) The Remains of the Day (1993)~ IMDb - 7.8/10, Rotten Tomatoes - 96% ~ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler's List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး ...
movie

The Remains of the Day (1993)

1993
Love Birds (2023) 5.3
Love Birds (2023) Love Birds (2023)"အချစ်ငှက်ကလေးတွေ" =================================မာယာဆိုတဲ့ ရှေ့နေမလေးဟာ အင်မတန့်အင်မတန်တော်တဲ့ ကွာရှင်းရှေ့နေမလေးပါ။ ကွာရှင်းပေးတဲ့နေရာမှာ တော်တာမဟုတ်ဘူး။ ကွာရှင်းချင်တဲ့လင်မယားတွေကို ကွာရှင်းချင်စိတ်ပျောက်အောင် တရားရုံးမှာ လျှောက်လွဲချက်ပေးပြီး အထောက်အထားမခိုင်လုံလို့ တရားသူကြီးက ကွာရှင်းမိန့်ပေးရင်တောင် မာယာဟာ စကားလုံးလှလှလေးတွေနဲ့ တယောထိုးပြီး ကာယကံရှင်တွေကို ချစ်စိတ်ကြင်နာစိတ်ပြန်ဝင်ပြီး ပြန်ပေါင်းစည်းအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့တော့ သူ့ဆီကို အသိကနေတဆင့်ရောက်လာတဲ့ ဒီပါ့ခ်နဲ့ ပူဂျာဆိုတဲ့ ကွာရှင်းချင်နေတဲ့ လူထူးဆန်းဇနီးမောင်နှံကို ပြန်ပေါင်းစည်းရေး မောင်းတီးပေးရတဲ့အချိန်မှာတော့ အခွီလေးတွေမထူမပါးဖောက်ထားတဲ့ အချစ်ငှက်ကလေးတွေဆိုတဲ့ အနှီရုပ်ရှင် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Love Birds (2023)

2023
The Village (2023) 5.8
The Village (2023) The Village (2023)~ MyDramaList – 7.1/10 ~ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို ...
movie

The Village (2023)

2023
Blue Jay (2016) 7.3
Blue Jay (2016) ဒီတခေါက်တင်ဆက်ပေးထားတာကတော့American Horror Story, Ocean's 8 စတဲ့ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ်မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါIMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူးဒီဇာတ်ကားက ကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ်အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&W အဖြစ်ရိုက်ထားပါတယ်ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့စည်ကားဆူညံမှု‌တွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကို ခဏပြန်လာကြတဲ့ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကို ဖန်တီးထားပါတယ်အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကိုပြန်တွေးအမှတ်ရစေပြီး ကြည်နူးမိစေပါတယ်Before Sunrise လို ဇာတ်လမ်းသွားမျိုးကိုသဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ်ဇာတ်ကြောင်းလေးကတော့...ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့ အိမ်ကပစ္စည်းတွေကိုရှင်းရင်းအိမ်ကိုပြန်ပြင်ပြီး ...
movie

Blue Jay (2016)

2016
Sixty Minutes (2024) 5.7
Sixty Minutes (2024)  ဒီနှစ် အစမှာ ထွက်ရှိလာတဲ့ ဂျာမန် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။Octavioက MMA fighter တစ်ယောက်ပါ။ သူ့ အသက် ၁၉နှစ်မှာ သူ့ exနဲ့ ရထားတဲ့ သူသိပ်ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူ့သမီးလေးမွေးနေ့မှာမှ သူ လက်ဝှေ့ထိုးရမယ့် ပွဲက ၃ခါလောက် အချိန်ရွှေ့ဆိုင်းနေတာပါ။သူ့သမီးလေး မွေးနေ့ကို အချိန်မီ မရောက်နိုင်မှာ စိုးရိမ်နေတဲ့ သူ့ဆီကို ကြိုးဝိုင်းထဲ ဝင်ခါနီးဆဲဆဲမှာ သူ့ Ex ဆီက ဖုန်းဝင်လာပါတယ်။ နောက်တစ်နာရီအတွင်း မရာက်လာနိုင်ရင် သူ့ကို မိဘ အုပ်ထိန်းခွင့်မပေးနိုင်တော့ဘူးလို့ ပြောလာပါတယ်။ ဒီလိုနဲ့ Octavioတစ်ယောက် ဘာကိုမှ လှည့်မကြည့်ဘဲ သမီးဆီရောက်ဖို့ ထွက်လာခဲ့ပေမယ့် သူ့နောက်ကို လူတွေက တောက်လျှောက်လိုက်လာနေခဲ့တာပါ။ လမ်းတစ်လျှောက် ကြုံရတဲ့ အခက်အခဲတွေ အနှောင့်အနှေးတွေကို ကျော်ဖြတ်ပြီး သမီးဖြစ်သူဆီ ဘယ်လိုအရောက်သွားမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…(1.7 GB)/(952 ...
movie

Sixty Minutes (2024)

[18+] Zillion (2022) 7.4
[18+] Zillion (2022) IMDb 7.4 အထိရရှိပြီး ၂ နာရီ ၁၈ မိနစ်ကြာတဲ့ Crime/Drama အမျိုးအစားရုပ်ရှင်ပါ။ ဒီရုပ်ရှင်က Nightlife အကြောင်းကိုရိုက်ပြထားတဲ့ရုပ်ရှင်ပါ။အချိန်ကာလအားဖြင့် ၁၉၉၇ခုနှစ်ပါ။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အကြီးဆုံး ဒစ်စကိုနိုက်ကလပ်ကြီးရဲ့ ပိုင်ရှင်သူဌေး၊ ဘယ်လ်ဂျီယံရဲ့အလှဆုံး အမျိုးသမီး မစ္စဘယ်လ်ဂျီယံ ၁၉၉၇ ရဲ့ဘေးမှာ မနက်တိုင်းနိုးထခွင့်ရတဲ့သူ အသက် ၂၇ နှစ်အရွယ် ခရန့်ခ်ဟာ မူလအစမှာတော့ အီလက်ထရောနစ်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတဲ့ ကွန်ပျူတာဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ဒါပေမဲ့ တစ်ခုခုကိုလိုချင်ပြီဟေ့ဆိုရင် ရအောင်ယူတတ်တဲ့ ဉာဏ်ကြီးရှင်ဖရန့်ခ်ဟာ မှောင်ခိုပစ္စည်းရောင်းတဲ့အလုပ်နဲ့ပဲ မတင်းတိမ်နေဘဲ ဘယ်လ်ဂျီယံမှာ တစ်ခါကမှမရှိခဲ့ဖူးတဲ့ နည်းပညာတွေ ၀န်ဆောင်မှုတွေနဲ့ ဒစ်စကိုကလပ်ကြီးကိုတည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက်စီမံကိန်းကြီးကို အကောင်အထည်‌ဖော်လိုက်တဲ့နောက်မှာတော့ Nightlife ဘုရင် ဖရန့်ခ်ရဲ့ အောင်မြင်မှုတွေ၊ ဘ၀ အနိမ့်အမြင့်အတက်အကျတွေ နဲ့ ဒစ်စကိုခရီးစဉ်ကြီးကို ဆက်လက်ကြည့်ရှုရမှာပါ။ဒီရုပ်ရှင်ထဲမှာ ၉၀ နှစ်တွေတုန်းက Nightlife ကို ဒစ်စကိုမီးတွေ Techno သီချင်းတွေနဲ့ တစ်ကားလုံး ...
movie

[18+] Zillion (2022)

The Ballad of Little Jo (1993) 6.7
The Ballad of Little Jo (1993)  လူလတ်ဘဝမှာ ယောကျ်ားတစ်ယောက်လိုနေထိုင်ခဲ့တယ်... သေကာမှ မိန်းမတစ်ယောက်ဖြစ်နေမှန်းသိရတော့တယ်။ ၁၉ရာစုလောက်က ဖြစ်ရပ်မှန်ဇာတ်ကြောင်းတစ်ခုကို စိတ်ကူးစိတ်သန်းယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျို့စ်ဖင်းမော်နက်ဟန်ဆိုတဲ့ သူဌေးသမီးက ဓာတ်ပုံဆရာနဲ့ကြိုက်ခဲ့ပြီး တရားမဝင်ကလေးတစ်ယောက်ရခဲ့တယ်။ အဲဒီခေတ်က ၁၉ရာစုဆိုတဲ့အတိုင်း အမျိုးသားတွေကအခွင့်ထူးခံဘဝမျိုးနဲ့နေရပြီး အမျိုးသမီးတွေရဲ့ဘဝကတော့ လူချမ်းသာမျိုးရိုးမှမဟုတ်ရင် သိပ်ပြီးမလုံခြုံလှပါဘူး။ တရားမဝင်ကလေးရခဲ့တဲ့ ဂျို့စ်ဖင်းအပေါ် အဖေဖြစ်သူရဲ့အမျက်ကြောင့် ဂျို့စ်ဖင်းက အိမ်ကနေထွက်လာခဲ့ရတယ်။ အိမ်ခြေရာမဲ့မိန်းကလေးအဖြစ်နဲ့သွားလာရင်း မလုံခြုံလာတာကြောင့် နောက်ဆုံးမှာ ယောကျ်ားလေးအဖြစ်အသွင်ပြောင်းပြီး ဂျိုးမော်နက်ဟန်အဖြစ်နဲ့ သတ္တုတွင်းတူးတဲ့မြို့လေးကိုရောက်လာခဲ့ပါတော့တယ်။  File size…(3.1 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama, Romance, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

The Ballad of Little Jo (1993)

Wiener-Dog (2016) 5.9
Wiener-Dog (2016) Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်ကပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီးခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကိုအိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာကနောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံကသူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကိုပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ညီဖြစ်သူ Tommy နဲ့ ချစ်သူ ...
movie

Wiener-Dog (2016)

2016
The Taste of Money (2012) 5.7
The Taste of Money (2012) (18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့်အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစားကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲကတစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်းဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စအရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့The Housemaid ရဲ့ အဆက်အနေနဲ့ ...
movie

The Taste of Money (2012)

Guthlee Ladoo (2023) 7.7
Guthlee Ladoo (2023) Guthlee Ladoo (2023) ဂူသလီးနဲ့လဒူးIMDb-7.8/10 Sanjay Mishra နဲ့ Subrata Datta တို့လို ဝါရင့်အနုပညာရှင်ကြီးနှစ်ယောက်နဲ့ ကလေးတွေရဲ့ညသရုပ်ဆောင်ချက်တွေကို ရင်ထဲထိနေအောင် ရှုစားရမဲ့ကားပါ ဘဝမှာ ရှင်သန်ရတဲ့အနေအထား ပတ်ဝန်းကျင်တူရင်တောင် စိတ်ကူးရည်မှန်းချက်တွေကမတူညီကြပါဘူးကလေးငယ်တွေရဲ့စိတ်ကူးရည်မှန်းချက်ကွဲပြားသွားတာက မိဘတွေရဲ့အတွေးခံယူမှု သင်ကြားပြသမှုတွေနဲ့ အများကြီးသက်ဆိုင်ကြောင်းဒီကားမှာမြင်တွေ့ရမှာပါ ဂူသလီး နဲ့ လဒူးဆိုတာ သန့်ရှင်းသမားကြီး‌တွေရဲ့ သားတွေပေါ့ ဂူသလီးရဲ့အဖေက ပညာနဲ့ဒီဘဝကနေလွတ်မြောက်အောင်လုပ်နိုင်တယ်လို့ သင်ကြားပေးတဲ့သူ လဒူးရဲ့အဖေကတော့ ကံကြမ္မာဆိုတာပြောင်းလဲလို့မရဘူးဆိုပြီး ဒီဘဝကိုပဲလက်ခံတတ်အောင်သင်ကြားပေးတဲ့သူ ဂူသလီးလေးက ကျောင်းစာသင်ခန်းတွေရဲ့ အပြင်ကနေ စာတွေလိုက်သင်ပညာကို အရမ်းတောင့်တလိုချင်နေပေမဲ့ လဒူးလေးကတော့ လဒူးမုန့်ချိုတွေပဲအမြဲစားချင်နေတဲ့ ဝတုတ်လေး ဂူသလီးလေး စာအရမ်းတတ်ချင်တာကို သိလို့ပံ့ပိုးချင်ကြသူတွေရှိသလို သန့်ရှင်းရေးသမားသားဆိုတာနဲ့ အဆင့်အတန်းခွဲ နှိမ်ထားချင်သူကလည်းအပြည့် ဇွဲမသေးတဲ့ ဂူသလီးနဲ့ အားပေးတန်တဲ့အဖေကြောင့် ဒီကလေးအနာဂတ်က အပြောင်းအလဲတွေဖြစ်လာမလား...|လူ့အဖွဲ့အစည်းရဲ့ဖိနှိပ်မှုတွေကြားမှာ အရှုံးပေးသွားရမလား လဒူးလေးကရော သူငယ်ချင်းဂူသလီးနဲ့အတူပြောင်းလဲလာမလားဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Yunni ~ ToMo ~ Sai တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie

Guthlee Ladoo (2023)

2023
Nothing Ever Happened (2022) 6.5
Nothing Ever Happened (2022) IMDb 6.5 / 9 wins & 28 nominationsပေါ်တူဂီဒရာမာရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပီဒရို၊ မာရီယာ နဲ့ ပေါ်လိုတို့ဟာ ဆယ်ကျော်သက် သူငယ်ချင်းသုံးဦး။ သူတို့တစ်ယောက်ချင်းစီမှာ ဆယ်ကျော်သက်စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေ၊ အိမ်တွင်းရေးပြဿနာတွေ ကိုယ်စီရှိကြတယ်။ သူတို့သုံးယောက် ပေါင်းမိသွားတဲ့အခါမှာတော့ ပျော်ရွှင်မှု၊ လွတ်လပ်မှုနဲ့ အချစ်တို့ကို သူတို့ရှာတွေ့သွားကြတယ်။ပီဒရိုရဲ့အိမ်မှာတော့ မိသားစု၀င်သုံးယောက်ရှိတယ်။ ပီဒရိုရဲ့အဖိုးဟာ အကြောင်းကိစ္စတစ်ခုကြောင့် ရွာကနေတက်လာပြီး ပီဒရိုတို့အိမ်မှာလာနေပေးတယ်။ ပီဒရိုတို့ဆီမှာလည်း အိမ်ထောင်ရေး၊ စီးပွား‌ရေး အစရှိသဖြင့် အိမ်တွင်းရေးပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတယ်။ တစ်နေ့မှာတော့ ပီဒရိုတို့သူငယ်ချင်းသုံးယောက်ဟာ ယခင်ကတည်းကတိုင်ပင်ထားကြတဲ့ သဘောတူညီမှုတစ်ခုကို တကယ်ဖြစ်အောင် လုပ်လိုက်ကြတဲ့အခါမှာတော့ ဘယ်လိုမထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဖြစ်ကုန်မလဲဆိုတာကို ပီဒရိုတို့အိမ်လေးထဲက အဖိုးဖြစ်သူ အန်တိုနီယိုရယ် အဖေရယ် အမေရယ်တို့သုံးဦးအကြားက ဒရာမာတွေနဲ့ ရောယှက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဒရာမာက လက်တွေ့ဘ၀က မိသားစုပြဿနာတွေနဲ့ ထပ်တူကျအောင်ရိုက်ကူးပုံဖော်ထားပြီး တော်တော်လေးတော့ စိတ်ကျဉ်းကြပ် ဖိစီးစရာကောင်းတာမလို့ စိတ်ဓာတ်ကျနေတဲ့သူတွေ စိတ်ညစ်နေတဲ့သူတွေအနေနဲ့တော့ ကြည့်ရှုဖို့သိပ်မသင့်ကြောင်း စကားပါးလိုက်ပါရစေ။ ...
movie

Nothing Ever Happened (2022)

[18+]19 Prohibition of Secret Tutoring(2020)
[18+]19 Prohibition of Secret Tutoring(2020) [18+]19 Prohibition of Secret Tutoring(2020)****************************************** 2020ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 19 Prohibition of Secret Tutoring ဆိုတဲ့ အချစ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ် ယူဂျောင်က ရည်းစားဖြစ်သူနဲ့ အတူနေတဲ့အခါ အမြဲငြီးငွေ့ဖိုကောင်းတယ်လို ခံစားနေရသူပါဒီလိုနဲ့ တစ်ရက်မှာ အသိတစ်ယောက်က လိင်ကိစ္စနဲ့ ပတ်သက်တဲ့ လျှိဝှက်သင်တန်းတစ်ခုကို ညွှန်းပေးခဲ့ပါတယ် ဒီလျှိဝှက်သင်တန်းကို သင်တန်းကို တက်ပြီးတဲ့နောက် ယူဂျောင်နဲ့သူ့ချစ်သူတိုဆက်ဆံရေးမှာအပြောင်းအလဲတွေ ဖြစ်သွားမလားဆိုတာ ကြည့်လိုက်ကြပါဦးနော်ပါတဲ့အခန်းတိုင်းရော လေဒီအမိုက်စားတွေရော စွန်းမိမိုက်နေလို့ဒေါင်းရကျိုးလုံးဝနပ်စေရမယ်ုလို့အာမခံပါတယ်ဗျို့...File Size : 1.6GB / 592MB Quality : WEB-DL  1080P / 720p Format…mp4 Duration…01:12:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS
movie

[18+]19 Prohibition of Secret Tutoring(2020)

Gentlemen Broncos (2009)
Gentlemen Broncos (2009)  Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။“တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ ...
movie

Gentlemen Broncos (2009)

Upon Entry (2022) 7.0
Upon Entry (2022) ရုပ်ရှင်ကို စကြည့်လိုက်မိတာနဲ့ ထိုင်ရာကနေ မထနိုင်လောက်အောင် ကြည့်ရှုနေသူကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုင်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။Upon Entry ရုပ်ရှင်ဟာ လူဝင်မှုကြီးကြပ်ရေး၊ ယုံကြည်မှုနဲ့ ကိုယ်ရေးကိုယ်တာထုတ်ဖော်မှုတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အသွင်အပြင်များစွာကို ကြည့်ရှု့ရမယ့် ဒရာမာ တစ်ခု ဖြစ်ပါတယ်။ Alberto Ammann, Bruna Cusí, Laura Gómezနှင့် Ben Templeတို့လို့ castတွေ အသုံးပြုထားတာကြောင့်လည်း ကြည့်ရှု့သူကို ပြုစားနိုင်တဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ ထင်မိပါတယ်။ဇာတ်လမ်းလေးကတော့ .... စာဖတ်သူ ပြည်ပနိုင်ငံတစ်ခုဆီ ခရီးသွားပြီး ပြောင်းရွှေ့အခြေချဖို့ သွားပါတယ် ထားပါစို့။ နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ တခြားသောစာရွက်စာတမ်းတွေအပြည့်ပါလျက်နဲ့ လဝက,နေ ကိုယ့်ကိုဆွဲခေါ်ထားလိုက်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမေးမြန်းပါတော့တယ်။ မေးခွန်းပေါင်းများစွာ စစ်မေးနေပေမယ့် ဘာကြောင့်မေးနေမှန်းလည်း မပြောပြဘဲ၊ ဘာဖြစ်လို့လဲဆိုတာကို မပြောဘဲ၊ အကြောင်းပြချက် မပေးဘဲ ဆက်တိုက်ကို အဘက်ဘက်ကနေ မေးမြန်းနေကြပါတော့တယ်။ ဒီလိုအခြေနေမျိုးမှာဆိုရင် စာဖတ်သူအနေနဲ့ ဘယ်လိုရင်ဆိုင်တွေ့ကြုံလာရမယ်လို့ ထင်ပါသလဲ။ ...
movie

Upon Entry (2022)

La Haine (1995) 8.1
La Haine (1995)  Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie

La Haine (1995)

Sam Bahadur (2023) 8.2
Sam Bahadur (2023) Sam Bahadur 2023 ဆမ်ဗဟာဒူးလ်IMDb-8.2/10ဒီဇာတ်လမ်းလေးဟာ အိန္ဒိယရဲ့ပထမဆုံး အဆင့်မြင့်ဗိုလ်မှူးချုပ်ကြီး ဆမ်နက်ရှောရဲ့ ဘဝဇာတ်ကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ War Drama စစ်ကားလေးပဲဖြစ်ပါတယ်69th Filmfare Awards မှာ ဆန်ကာတင်ရှစ်ဆုအထိပါဝင်ခဲ့ပြီး ဝေဖန်ရေးဆရာများရဲ့ ချီးကျူးမှုပေါင်းများစွာကို ရရှိထားတဲ့ Real life Adaptation ဇာတ်ကားပဲဖြစ်ပါတယ်ကိုလူချောကြီး Vicky Kaushal ယူနီဖောင်းနဲ့ခန့်ခန့်သန့်သန့်မြင်တွေ့ရမှာဖြစ်ပြီး အလှနှစ်ပါး Fatima Sana Shaikh နဲ့ Sanya Malhotra တို့လည်းပါဝင်ထားတဲ့ ရုံတင်ငွေ ၁၂၈ ကုဋေကျော်ရရှိထားတဲ့ကားဖြစ်ပါတယ်ဗိုလ်ချုပ်ကြီး မန်နက်ရှောရဲ့ဘဝဇာတ်ကြောင်းဆိုပေမဲ့ ဗြိတိသျှလက်အောက်ခံဘဝ ဒုတိယကမ္ဘာစစ်ကာလထဲက ဗိုလ်ဖြစ်ခဲ့တဲ့ ဗိုလ်မန်နက်ရှောရဲ့ တိုက်ပွဲပေါင်းများစွာ စစ်ပွဲပေါင်းများစွာကို ကြည့်ရှုရမှာဖြစ်ပြီး အိန္ဒိယရဲ့ ဂန္ဓဝင်ဗိုလ်ချုပ်ကြီးတစ်ယောက် ဘယ်လိုဖြစ်လာခဲ့လဲဆိုတာ တိုက်ပွဲဇာတ်ဝင်ခန်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်လို့ စစ်ကားကောင်းကောင်းမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Sam Bahadur (2023)

2023
4K HEVC
[18+] Higop (2023) 6.1
[18+] Higop (2023) Higop (2023)နိုဝါဟာ နှစ်တွေကြာတဲ့အထိ အချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့ လူငယ်တစ်ယောက်ပါ။ ကြားထဲမှာ သွေးသားဆန္ဒကို ကြုံရာလူနဲ့ဖြေရှင်းတတ်ပေမဲ့ နှလုံးသားကတော့ ရီဆာဆိုတဲ့ သူ့ကိုခြေရာဖျောက်ထွက်ပြေးသွားတဲ့ ကောင်မလေးတစ်ယောက်ကိုစွဲလန်းနေဆဲ ကြုံတိုင်းလိုက်ရှာမိနေဆဲဖြစ်ပါတယ်။အဲဒီလိုနဲ့ နှစ်နှစ်တာကာလမှာတော့ ရီဆာကို ကော်ဖီဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာကိုပြန်တွေ့ခဲ့ရပါတယ်။ အဲဒီဆိုင်ဟာကော်ဖီဆိုင်ဆိုပေမဲ့ ညဘက်မှာတော့ ဘားတစ်ခုဖြစ်သွားပြီး စားပွဲထိုးမလေးတွေရဲ့ခန္ဓာကိုယ်ကို ရောင်းစားနေတာပါ။ ရီဆာကိုယ်တိုင်လည်း ဆိုင်ပိုင်ရှင်ရဲ့အကြွေးနဲ့သိမ်းခံထားရတဲ့ အကမယ်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ကြားထဲမှာကွာခြားနေတဲ့ စည်းတွေအထပ်ထပ်နဲ့ ရီဆာကို သူ့ဘ၀ထဲပြန်ခေါ်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာဆက်ပြီး အဖြေရှာကြစေလိုပါတယ်။Pantaxa Laiya ထဲက မင်းသမီးသစ်လေးတွေဖြစ်တဲ့ Angelica Hart နဲ့ Aila Cruz တို့ကို ပွဲထုတ်ထားတာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 4.25GB, 2.15GB, 945MB Quality - 4K HEVC, 1080p, 720p Format - mp4 Duration - 1H 55Min Genre - ...
movie

[18+] Higop (2023)

2023
4K HEVC
The Lost Boys (2023) 6.8
The Lost Boys (2023) The Lost Boys (2023)~ IMDb - 6.8/10, Rotten Tomatoes - 100% ~" ကျွန်တော်က ဂျိုးပါ။ ကျွန်တော့်ငယ်ဘ၀အကြောင်းသိပ်မမှတ်မိပေမဲ့ အမေနဲ့အတူ ရေကန်ဘေးမှာ လမ်းလျှောက်လေ့ရှိတာကိုတော့မှတ်မိတယ်။ ဆောင်းရာသီဆို ရေကန်ကြီးရေခဲသွားတဲ့အခါ အဲဒီပေါ်မှာလမ်းလျှောက်ရင်း ရေခဲထဲမှာ အစီအရီပိတ်မိနေတဲ့ငါးတွေကိုတွေ့ဖူးတယ်။ ငယ်ငယ်တုန်းကတော့ ၀က်ဝံတွေလို ငါးတွေကဆောင်းခိုနေတာ ဆောင်းကုန်ရင် ပြန်အသက်ရှင်လာမယ်လို့ထင်ခဲ့ပေမဲ့ အခုတော့သိပြီ။ ငါးတွေကသေသွားကြတာဗျ...ကျွန်တော် အခု လူငယ်ထိန်းသိမ်းရေးစခန်းကိုရောက်‌နေတာ ခြောက်လပြည့်တော့မယ်။ စခန်းကို လူသစ် ဝီလီယမ်ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာတယ်။ သူနဲ့ကျွန်တော်က နှလုံးသားချင်းနီးတယ်ဗျ။ ညဆို အခန်းနံရံတွေကတဆင့် ကျွန်တော်တို့ဆက်သွယ်တယ်။ ကျန်တဲ့အချိန်ကျတော့ ခန္ဓာကိုယ်ချင်းပေါ့ဗျာ။ ကျွန်တော့်လွတ်ရက်ကနီးပြီ။ တရားသူကြီးရဲ့အဆုံးအဖြတ်လိုသေးပေမဲ့ သေချာသလောက်တော့ရှိတယ်ဗျာ။ ကျွန်တော်လည်း မျှော်လင့်နေမိတယ်။ ဒါပေမဲ့ ဝီလီယမ်ကို ဒီကိစ္စဘယ်လိုပြောပြရမှာပါလိမ့်... "လူငယ်ထိန်းသိမ်းရေးစခန်းရောက်နေကြတဲ့ ကောင်လေးတွေအကြောင်းရိုက်ကူးထားတာဖြစ်ပြီး သူတို့ရဲ့မျှော်လင့်ချက်တွေ ရင်းနှီးမှုတွေ တပ်မက်စရာကောင်းတဲ့အချစ်တွေ နာကျင်စရာကောင်းတဲ့အချိုးအကွေ့တွေကို ရိုက်ပြထားတဲ့ လှပလွန်းတဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

The Lost Boys (2023)

2023
Maboroshi (2023) 6.4
Maboroshi (2023) Maboroshi (2023)~ IMDb - 6.4/10, RT - 62%, MyDramaList - 7.3/10 ~အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို...။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိအောင်လည်းနေရတယ်။ ခံစားချက်တစ်ခုရှိလာပြီဆိုတာနဲ့ မီးခိုးဝံပုလွေတွေဟာ အဲဒီလူကို ...
movie

Maboroshi (2023)

2023