Channel Myanmar

Drama

Hanukkah on Rye (2022) 7.3
Hanukkah on Rye (2022) Hanukkah on rye (2022) ================== IMDb rating - 7.3/10ဒီဇာတ်ကားကို‌ Hallmark channel ရဲ့ 2022 ခုနှစ်ထွက် အကောင်းဆုံး Chanukah film လို့သတ်မှတ်ထားကြပါတယ်ဒီဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.... Hanukkah ရာသီရောက်ပြီဆိုတာနဲ့ Jewish deli ဆိုင်ဖြစ်တဲ့ Jake တို့ဆိုင်က လက်မလည်အောင်ရောင်းချရပါတယ်။ တစ် ဖက်မှာလည်း molly တို့ဆိုင်ကလည်း ထိုနည်းတူပါပဲ။ ဒီဆိုင် 2 ဆိုင်ရဲ့ အဓိကကွာခြားက တစ်ဆိုင်က ရှေးရိုးဆွဲပုံစံအတိုင်း ကျင့်သုံးပြီး နောက်တစ်ဆိုင်ကတော့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတာပါ။တစ်နေ့မှာတော့ Jake တစ်ယောက် ဆိုင်ခွဲတိုးချဲ့ဖို့ဆိုပြီး Molly တို့ ဆိုင်ဖွင့်ထားတဲ့နေရာအနီးမှာ လာရောက်ဖွင့်ဖို့လုပ်ရင်း Molly နဲ့ကံကြမ္မာဖန်လာခဲ့ပါတယ်။ Hanukkah ပွဲတော်လေးက Jake နဲ့ Molly တို့ရဲ့ ဖူးစာဖက်ကိုရှာတွေ့စေမလား...စီးပွားပြိုင်ဘက်မိသား စုကြားမှာ နှစ်ယောက်သား အဆင်ပြေနိုင်ပါ့မလားဆိုတာကို ဒီဇာတ် လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.7 GB) / (623 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

Hanukkah on Rye (2022)

2022
{18+} Arthaat (2021)
{18+} Arthaat (2021) Arthaat (2021)လင်ရယ် မယားရယ်လို့ဖြစ်လာရင် ဆိုးတူကောင်းဖက် အတူဒွန်တွဲနေထိုင်ရမှာဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်လည်း ဂုဏ်ပေးလေးစားရမှာ အမှန်ပါပဲ။ လောကကြီးကို ထောက်တည်ထားတဲ့ ထောင့်တွေထဲမှာ လိင်မှုကိစ္စဟာလည်း တစ်ခုအပါအဝင်ဆိုရင် မမှားနိုင်ပါဘူး။ လင်နဲ့မယားကြားက ကွာဟချက်တွေထဲမှာ ဒီကိစ္စရဲ့လိုအပ်ချက်တွေလည်း ပါဝင်ပါတယ်။ဒါကြောင့် လင်နဲ့မယားဆိုတာ တချို့သော ကိစ္စရပ်တွေအသာထားပေဦးတော့။ ဒီကိစ္စအဆင်မပြေတဲ့အခါမှာလည်း အချင်းချင်းမေတ္တာတွေလျော့ပေါ့လာတာများပါတယ်။ဒီဇာတ်ကားလေးမှာလည်း ယောက်ျားဖြစ်သူရဲ့မစွမ်းဆောင်နိုင်ရည်ကို မိန်းမကအလိုမကျဘဲ သူ့စိတ်ထဲမှာ အမြဲယောက်ျားဖြစ်သူကို အပြစ်ရှာချင်နေတယ်။ ဇရက်တောင်ပံကျိုးဖြစ်နေတဲ့ သူမကို ကြောင်ခံတွင်းပျက်တွေက အမြီးရရ ခေါင်းရရ အမြတ်ထုတ်လာတဲ့အခါမှာတော့ ဇာတ်လမ်းက ဘယ်လိုဖြစ်သွားတော့မလဲ။ဆိုတော့ ၁၈အပေါင်းကားလေးကို ၁၈ယောက်စုကြည့်လို့ရပါပြီနော်။Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…937MB / 496MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Taylor
movie

{18+} Arthaat (2021)

The Silence (2010) 7.0
The Silence (2010)  ၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence)ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama,Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာလယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ်ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲတစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်းတူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့်ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီးရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းကမတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်းပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီးတစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ..ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲမှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့်တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

The Silence (2010)

Primbon (2023) 5.3
Primbon (2023) Primbon (2023)ထုံးတမ်းထလေ့ အယူအဆတွေ ဘေးလူတွေရဲ့ ပြောစကားကို နားမထောင်မယုံကြည်တတ်တဲ့ မိသားစုလေး သဘာဝလွန် ဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ရာနာ တစ်ယောက်သူ့အမေအတွက် မွေးနေ့လက်ဆောင်လုပ်ပေးဖို့ တောစပ်ထဲကိုထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ပတ်အကြာ အားလုံးက သေပြီလို့မှတ်ယူထားတဲ့ ရာနာတစ်ယောက် အိမ်ကိုပြန်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး မိသားစုအတွင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ။ ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုာကို သည်းထိတ်ရင်ဖိုနဲ့ ကြောက်လန့်စွာကြည့်ရှုရမယ့် မိသားစု သရဲရုပ်ရှင်‌လေးဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Robin ပဲဖြစ်ပါတယ်Genre..... Drama, Horror Quality…. 1080p | 720p File size… 874MB | 476MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie

Primbon (2023)

2023
Innocent Vengeance (2023) 6.4
Innocent Vengeance (2023) Innocent Vengeance (2023)သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အဒမ် တို့မိသားစုလေးထဲ ကံဆိုးမှုတွေကျရောက်လာတဲ့အခါ အဒမ်တစ်ယောက် စိတ်ဒဏ်ရာတွေကို ဘယ်လိုရင်ဆိုင်ဖြေရင်းမလဲ။ လုယက်သူတို့ လက်ချက်ကြောင့်မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ အဒမ်တစ်ယောက် ဘယ်လိုပြန်လည်ရုန်းကန်ပြီး လမ်းအသစ်တွေလျှောက်မလဲ ဆိုတာမြင်တွေ့ရမယ့် သည်းထိပ်ရင်ဖို ပညာပေးရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဘဝအသစ်မှာ အဒမ်တစ်ယောက်ဘယ်လို ခြေလှမ်းအသစ်တွေလျှောက်မလဲ ဘယ်သူတွေနဲ့တွေ့မလဲ သူငယ်ချင်းရဲ့အကြံပေးမှုကြောင့် စိတ်ကျန်းမာရေးဆရာဝန်ပြရင်း ဘဝအသစ်ပြန်လည် ထူထောင်ဖို့ကြိုးစားမယ့် အဒမ်ရဲ့ ခရီးမှာ ဘယ်လိုသင်ခန်းစာတွေပေးသွားမလဲ မြင်တွေ့ရမယ့် ပညာပေးဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဒမ် ရဲ့ ဘဝကိုဖျက်ဆီးသွားတဲ့ ဓားပြတွေနဲ့ အဒမ်ပြန်ဆုံတဲ့အခါ သူဘာလုပ်မလဲဆိုတာကို စိုးရိမ်စိတ်အပြည့်နဲ့ ‌ရင်ခုန်စွာ ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Robin ပဲဖြစ်ပါတယ်Genre..... Thriller Quality…. 1080p | 720p File size… 1.1GB | 547MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie

Innocent Vengeance (2023)

2023
Boy’s Note (2023) 5
Boy’s Note (2023) Catatan Si Boy (2023) IMDb - 5.7/10ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အင်ဒိုမင်းသား မင်းသမီးငယ်ငယ်ချောချောလေးတွေများစွာ ပါဝင်ထားပါတယ်။ချစ်သူကို ပိုင်ဆိုင်ဖို့ဆိုရင် ဘာမဆိုရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ဆိုပေမဲ့ မိဘကို ဆုံးရှုံးသွားရမှာမျိုးဆိုရင်တော့ ကြေကွဲစွာနဲ့ အရှုံးပေးလိုက်မယ်ဆိုတဲ့ ကောင်လေးတစ်ယောက်။ အဖေဖြစ်သူကို မလွန်ဆန်နိုင်တဲ့အတွက် ချစ်သူကိုထားခဲ့ပြီး အဖေ့စိတ်တိုင်းကျ နေခဲ့ပေမဲ့ ချစ်သူကိုတော့ ထာ၀ရချစ်သွားမယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရပြီး နှစ်ဦးသား ပေါင်းစည်းနိုင်မှာလားဆိုတာ။ အချစ်စစ်မှန်ရင် အခက်အခဲအတားအဆီးတွေ များနေပါစေ ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ မိုတီလေးရမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p | 720p File size… 1.8GB | 937MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Boy’s Note (2023)

2023
Warrior Strong (2023) 5.8
Warrior Strong (2023) Warrior Strong [2023] (IMDb 6.2/10)ဇာတ်လမ်းစစချင်းမှာ ဘစကတ်ဘောကွင်းထဲက နည်းပြ ရှမစ်ဒ်တစ်ယောက် နှလုံးဖောက် ဆေးရုံရောက်ပါတယ်.. ဒီအချိန်မှာပဲ ရှမစ်ဒ်ရဲ့ တချိန်က တပည့်ဟောင်း ဘီလာဟာလည်း သူ့ရဲ့ NBA နည်းပြကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ အသင်းလက်မဲ့ဖြစ်သွားခဲ့ရပါတယ်... နာမည်ဆိုးနဲ့ကျော်ကြားသွားပြီမို့ လိဂ်တစ်ခုလုံးကရော ပရိတ်သက်များကပါ ဝိုင်းဝန်ပယ်ကျဉ်တာကို ဘီလာ ခံရပါတော့တယ်... ဒီလိုနဲ့ အသင်းလက်မဲ့ ဖြစ်သွားတဲ့ ဘီလာတစ်ယောက် နာမည်ကို ပြန်အဖတ်ဆယ်ပြီး NBAလောကထဲ ပြန်ဝင်ဖို့ လိုလာပါတော့တယ်... ဒီအတွက် အေးဂျင့် လုပ်သူ ကာတာရဲ့ အကြံပေးချက်အတိုင်း ဘီလာလို့ စတင်ကျော်ကြားလာတဲ့ သူ့ရဲ့မွေးရပ်မြေကလေးက Warriors အသင်းကို သွားရောက်ပြီး နည်းပြ ရှမစ်ဒ်အစား နည်းပြဝင်လုပ်ဖို့ ဖြစ်လာရပါတော့တယ်... ဒီလိုနဲ့ နာမည်အဖတ်ဆယ်ရုံသက်သက် သွားရောက်ခဲ့တဲ့ ဘီလာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ... သူ ပြန်သွားချင်တဲ့ NBA ဘတ်စကတ်ဘော ထိပ်သီးလောကထဲကိုရော ပြန်ဝင်နိုင်ပါ့မလားဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung ...
movie

Warrior Strong (2023)

2023
Alien Siege (2005)
Alien Siege (2005) Alien Siege (2005 )ဒီတစ်ခါ CM ပရိသတ်ကြီးတဲ့ ငယ်ငယ်တုန်းကခွေငှါးကြည့်ရတဲ့ အရသာရစေဖို့ ခွေဆိုင်ခေတ်က ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းက Sci-Fi အမျိုးအစားဖြစ်တဲ့အတွက် အဲ့ခေတ်က CGI မျိုးပဲသုံးထားတာဖြစ်ပြီး သူ့ဟာနဲ့သူတော့ ကြည့်ရမဆိုးဘူးလှပါဘူးဇာတ်လမ်းကလဲ ကမ္ဘာကြီးကိုဂြိုလ်သားတွေဝင်ရောက်လာပြီ ကမ္ဘာပျက်ဘေးကို ကာကွယ်ရမဲ့ Survival စတိုင်မို့ ဒီလိုဇာတ်ကားတွေကို ငယ်ငယ်တုန်းက ခွေထိုးကြည့်ခဲ့ရတဲ့ ကလေးဘဝအရသာလေးကို ရရှိမှာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာကြီးကို ကူလ်ကူလို့ခေါ်တဲ့ ဂြိုလ်သားမျိုးနွယ်စုက ကျူးကျော်သိမ်းပိုက်နေပါတယ် သူတို့က လူနဲ့တော်တော်တူတဲ့ မျိုးစိတ်ဆိုပေမဲ့ နည်းပညာကတော့ အလင်းအလျင်နဲ့ ခရီးသွားနိုင်တဲ့ထိကို တိုးတက်နေပြီပဲ ဖြစ်ပါတယ် သူတို့မျိုးနွယ်မှာဖြစ်နေတဲ့ ရောဂါဗိုင်းရပ်စ်ပိုးကို လူသားတွေကိုပေါင်းခံပြီးရတဲ့အရည်နဲ့ပဲ ကုသနိုင်တာမို့ ကမ္ဘာကြီးကိုလာရောက်ကျူးကျော်တိုက်ခိုက်နေတာပါ နောက်ဆုံးမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဂြိုလ်သားမျိုးစိတ်တွေက လူသားသန်းရှစ်ဆယ်ကို ကူလ်ကူတွေကို ပေးအပ်ပြီး စစ်ပွဲကိုရပ်ဖို့ သဘောတူခဲ့ကြပါတယ် အမေရိကန်နိုင်ငံကတော့ လူပေါင်း ငါးသန်းပေးဖို့ ခွဲတမ်းကျပြီး မဲစနစ်နဲ့ရွေးချယ်ကာ ပေးအပ်ဖို့စီစဉ််ထားပါတယ် ကူလ်ကူနည်းပညာတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင် ဒေါက်တာချေ့စ်ရဲ့သမီးဟာ ခွဲတမ်းစာရင်းထဲ ရွေးချယ်ခံလိုက်ရတဲ့အခါမှာ သမီးကိုချစ်တဲ့ ဖခင်တစ်ယောက်အနေနဲ့ ...
movie

Alien Siege (2005)

2005
Air Mata di Ujung Sajadah (2024) 7.1
Air Mata di Ujung Sajadah (2024) Air Mata Di Ujung Sajadah [2023] ( IMDb 7.1/10 )အကွီလာ့အမေဟာ အကွီလာနဲ့ အာဖန်တို့ ချစ်ကြိုက်နေတာကို သဘောမတူပါဘူး... အကြောင်းကတော့ အာဖန်ဟာ မိဘမဲ့တစ်ယောက် ဆင်းရဲတဲ့ အနုပညာကျောင်းသားဖြစ်နေလို့ပါ … ပန်းချိဆရာတွေမှာ ဘာအနာဂတ်မှာ မည်မည်ရရမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အကွီလာ့မိခင်ဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တားဆီးဖို့ ကြိုးစားပေမယ့် အကွီလာဟာ မိခင်သဘောထားကို ဆန့်ကျင်ပြီး အာဖန်နဲ့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြပါတယ်... ချစ်ခရီးဟာ မဖြောင့်ဖြူးချင်တော့ အကွီလာ ကိုယ်ဝန်ရှိစဉ်မှာပဲ အာဖန်ဟာ အက်ဆီးဒန့်နဲ့ ဆုံးပါးသွားရပါတော့တယ်... ဒီလိုနဲ့ အကွီလာလည်း မိခင်ရင်ခွင် ပြန်ခိုလှုံလိုက်ရပါတယ်... မိခင်လုပ်သူဟာ သမီးနဲ့ပက်သက်ရင် အိပ်မက်တွေကို အကောင်အထည်ဖော်စေချင်သူမို့ အကွီလာ မီးဖွားပြီးပြီးချင်မှာပဲ မြေးဦးလေးကို အာရစ်ဖ်နဲ့ ယွန်နာတို့ လက်ထဲထည့်ပေးပြီး သူတို့ကိုလည်း ဂျာကတာကနေ အပြီးအပိုင်ပြောင်းရွှေ့သွားစေပါတယ်... ဒီလိုနဲ့ အကွီလာဟာလည်း သူ့သားကလေးဟာ ချက်ကြိုးနဲ့ ပတ်မိပြီး သေဆုံးလျက်သားလေးမွေးလာတဲ့ဆိုတဲ့ အဖြစ်ကို လက်ခံရှင်သန်နေထိုင်လာရင်းက တစ်နေ့မှာ မိခင်လုပ်သူဟာ ကင်ဆာရောဂါနဲ့ ဇီဝိန်မချုပ်ခင်မှာ သူ့မြေးလေး အသက်ရှင်လျက်ရှိသေးကြောင်း ...
movie

Air Mata di Ujung Sajadah (2024)

2024
A Very Good Girl (2023) 5.7
A Very Good Girl (2023) A Very Good Girl [2023] ( IMDb 5.8/10, RT 58% )မာစီဆိုတဲ့ ကောင်မလေးဟာ သူ့အမေသေဆုံးသွားအောင် လုပ်ခဲ့တဲ့ မားသားမောလ် ကုန်တိုက်ပိုင်ရှင် မော်လီကို လက်စားချေဖို့ ကြံစည်ထားတာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်... မာစီတို့ဟာ ကိုယ်ကကောင်းရင် အများက ပြန်ကောင်းလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်ခဲ့ကြပေမယ့် လက်တွေ့လောကဟာ သူတို့ ထင်သလို ဖြစ်မနေပါဘူး... ဒီလိုနဲ့ မိခင်ကိုပါဆုံးရှုံးရပြီးတဲ့နောက်မှာ မာစီ အသက်ရှင်ရတဲ့ အကြောင်းပြချက်ဟာ တစ်ခုသာရှိပါတော့တယ်... အဲ့ဒါက မော်လီကို လက်စားချေဖို့ပါပဲ... အဲ့အတွက် မာစီဟာ ဖီလိုဆိုတဲ့ လူကုံထံမလေးအသွင်ဆောင်ပြီး မော်လီ့အဝန်းအဝိုင်းထဲကို ရောက်ဖို့ ကြိုးစားပါတော့တယ်... ဒီနောက်မှာတော့ တစ်ဆင့်ပြီး တစ်ဆင့် သူစီစဉ်အကွက်ချထားတဲ့အတိုင်း ကြိုးစားပါတော့တယ်... ဇာတ်လမ်းဟာ ပရိသတ်ထင်သလိုတော့ သာမန်ဇာတ်ကားများနည်းတူ အဆုံးသတ်သွားတာ မဟုတ်ဘဲ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, ...
movie

A Very Good Girl (2023)

2023
[18+] Pantasya ni Tami (2024)
[18+] Pantasya ni Tami (2024) Pantasya ni Tami (2024)တာမီဆိုတဲ့ကောင်မလေးဟာ Anime ပရိသတ်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင် Fanfic တွေရေး၊ ကာရိုက်တာတွေနေရာမှာ စိတ်ကူးယဉ်ဝင်ခံစားပြီး ဖီးတက်လေ့ရှိတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ပါ။တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူနဲ့စကားဆက်မိရာက Anime Con တစ်ခုကို Cosplay သမားအဖြစ် ပွဲသွားတက်ရာကနေ ဝါသနာတူ အသွင်တူမိတ်ဆွေတွေအများကြီးရခဲ့တဲ့နောက်မှာတော့ Cosplay လောကထဲဝင်ဖို့စိတ်အားထက်သန်လာခဲ့ပါတယ်။အဲဒီပွဲမှာတွေ့ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်က သူ့ကို Gravure Model လို့ခေါ်တဲ့ ယောက်ျားသားတွေစိတ်ဝင်စားရာ မပေါ့်တပေါ်ဝတ်စုံလေးတွေနဲ့ ဓာတ်ပုံမော်ဒယ်လုပ်ရင် ဝင်ငွေလမ်းဖြောင့်နိုင်တယ်ဆိုတာ အလင်းဖွင့်ပြခဲ့တဲ့နောက် ဒီလောကထဲ ထဲထဲဝင်ဝင်ရောက်သွားချိန်မှာတော့...တာမီအဖြစ် ပရိသတ်အသည်းကျော် Azi Acosta လေးက Costume တွေတစ်စုံပြီးတစ်စုံ ချွတ်လိုက်ဝတ်လိုက်နဲ့ အထူးသရုပ်ဆောင်ပြထားတာဖြစ်တဲ့အတွက် တာမီလေးနဲ့အတူစိတ်ကူးယဉ်ကြည့်လိုက်ကြရအောင်ပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 3.9GB, 1.55GB, 795MB Quality - 4K HEVC, 1080p, 720p Format - mp4 Duration ...
movie

[18+] Pantasya ni Tami (2024)

2024
4K HEVC
Restore Point (2023) 6.7
Restore Point (2023) Restore Point (2023)~ IMDb - 6.7/10, RT - 95%, Meta - 74% ~ဒီကားကတော့ ခေတ်လွန်သိပ္ပံကားတွေကို မှုခင်းဒရာမာနဲ့ရောစပ်ပြီး ကြည့်ရတာကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ချက်ဇ်စကားပြောဇာတ်လမ်းဖြစ်ပြီး ဆန်ခါတင်ဆု နှစ်ဆုလည်း၀င်ထားပါတယ်။ဇာတ်လမ်းကို ဥရောပအလယ်ပိုင်းမှာအခြေပြုထားပါတယ်။ 2041 ခုနှစ်မှာ လူတွေ သမားရိုးကျမဟုတ်ဘဲသေရင် အသက်ပြန်သွင်းလို့ရတဲ့ ဥပဒေရှိပါတယ်။ အသက်ပြန်သွင်းဖို့အတွက် ၄၈နာရီတစ်ခါ အသက်ပြန်သွင်းပွိုင့်ကို အရံဒေတာကူးပေးရပါတယ်။အမ်တိုခီနိုဝါစကာက စုံထောက်တစ်ယောက်ဖြစ်ပြီး "ဘ၀ရဲ့မြစ်" လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းနောက်ကိုလိုက်နေတာပါ။ တစ်နေ့တော့ လင်မယားနှစ်ယောက်အသတ်ခံရမှုကိုလိုက်ရင်း ယောက်ျားဖြစ်သူက အသက်သွင်းဌာနရဲ့သုတေသနခေါင်း‌ဆောင်ဖြစ်ပြီး အရံဒေတာကလည်း ဖျက်ခံထားရတဲ့အတွက် အသက်ပြန်သွင်းလို့မရပါဘူး။ အဲဒါအပြင် ဆာဗာတစ်ခုလုံး ဗိုင်းရပ်စ်၀င်တော့ အရံဒေတာတွေ ကျပန်းဖျက်ခံရပြီး လူတွေတကယ်သေလာတဲ့အခါမှာတော့ အမ်တစ်ယောက် တရားခံကိုအပူတပြင်းရှာရပါတော့တယ်။ တရားခံက အမ်လိုက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကလား... သုတေသနခေါင်း‌ဆောင်သေဆုံးတဲ့ကိစ္စကရော ဘယ်သူ့လက်ချက်လဲ... ဆိုတာတွေကို အဖြေရှာရင်း စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

Restore Point (2023)

2023
The Crazy Dad ( 2024 ) 5.9
The Crazy Dad ( 2024 ) " ကျွန်တော့ဘဝတစ်ခုလုံးရဲ့ပြိုင်ဘက်တွေကို ကြိုးဝိုင်းထဲမှာပဲတွေ့ရမယ်ထင်ခဲ့တာ.. နောက်မှနားလည်ခဲ့တာက ကိုယ်တိုင်အတွက်အသန်မာဆုံးပြိုင်ဘက်က ဘဝဆိုတာကိုပဲ "ဒီဇာတ်ကားလေးကတော့ အရမ်းကိုမှနာမည်ကြီးကျော်ကြားခဲ့တဲ့ လက်ဝှေ့ချန်ပီယံချန်ဖုန်းတစ်ယောက် လမ်းပေါ်က မတော်တဆရန်ပွဲလေးကြောင့် ဘဝပျက်ပြီးထောင်ထဲ ရောက်သွားခဲ့ရတဲ့အကြောင်းပဲဖြစ်ပါတယ် ။Slice of life ဇာတ်လမ်းမျိုးကြိုက်တတ်တဲ့ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ လက်ဝှေ့ချန်ပီယံချန်ဖုန်းဟာ လမ်းပေါ်ကရန်ပွဲတစ်ခုကြောင့် ဘဝပျက်ပြီးထောင်ထဲဝင်ခဲ့ရပါတယ် ။ သူထောင်ကျတဲ့အချိန် အပြင်ဘက်မှာကျန်ခဲ့တဲ့ ချစ်သူဆီမှာ ကိုယ်ဝန်ကျန်ခဲ့ပါတယ် ။ဒီလိုနဲ့ အရာရာကျရှုံးနေပြီလို့ထင်ခဲ့တဲ့ ချန်ဖုန်းတစ်ယောက် သမီးလေးကြောင့် မျှော်လင့်ချက်ရောင်ခြည်လေးပြန်ရှိလာခဲ့ပြန်ပါတယ် ။ ဒါပေမဲ့ သူထောင်ကထွက်လာတဲ့အချိန်မှာ သမီးလေးက သူ့ကိုအသိအမှတ်မပြုတဲ့အပြင် ထောင်ထွက်တစ်ယောက်ဖြစ်နေလို့ မုန်းပါမုန်းနေတဲ့အခါ.... သူသမီးလေးအတွက် ဘယ်လိုမျိုး ရူးရူးသွပ်သွပ်ကြိုးစားသွားမလဲ ? သမီးလေးဆီက အသိအမှတ်ပြုမှုကို ရအောင် ဘယ်လိုတွေ ရင်ဆိုင်ကျော်ဖြတ်သွားရမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ရှင် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The Crazy Dad ( 2024 )

Io Capitano (2023) 7.6
Io Capitano (2023) Io Capitano (2023)~ IMDb - 7.6/10, RT - 100%, Meta - 82% ~လာမယ့်အော်စကာရဲ့ Best International Feature Film အတွက် အီတလီကိုယ်စားပြုအဖြစ်အရွေးခံရပြီး လက်ရှိမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်ပါ။ အီတလီရုပ်ရှင်လို့တပ်ထားပေမဲ့ အီတလီရုပ်ရှင်ကား ကြည့်ရမှာတော့မဟုတ်ပါဘူး။ Io Capitano aka Me Captain ဟာ အီတလီကို အောက်လမ်းကခိုးဝင်ဖို့ကြိုးစားခဲ့ကြတဲ့ အာဖရိကတိုက်သားတွေအကြောင်းကို ရိုက်ပြထားတယ်။ ဒီရုပ်ရှင်အတွက် အိုင်ဒီယာကို အီတလီဒါရိုက်တာ Matteo Garrone ကရခဲ့ပြီး သူကိုယ်တိုင်ပဲရိုက်ထားတယ်။ Dogman (2018) နဲ့ သူ့ကို သိကောင်းသိကြလိမ့်မယ်။ဇာတ်လမ်းကတော့ ဆိုခဲ့သလိုပဲ... ၁၆နှစ်သားကောင်လေးနှစ်ယောက်ဟာ အာဖရိကက ဒါကာဆိုတဲ့မြို့ကလေးကနေ အောင်မြင်ဖို့အိပ်မက်တွေမက်ပြီး အီတလီကိုသွားဖို့ကြံကြတယ်။ ဒီခရီးက သေဖို့ကပိုများတဲ့ ခရီးဆိုတာ တော်တော်များများသိကြတယ်။ သူတို့အမေတွေကလည်း လုံးဝလက်သင့်မခံနိုင်သလို သူတို့သွားမေးတဲ့လူတွေကတောင် ...
movie

Io Capitano (2023)

2023
The Homesman (2014) 6.6
The Homesman (2014) The Homesman (2014)~ IMDb - 6.6/10, RT - 81%, Meta - 68% ~ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ...
movie

The Homesman (2014)

2014
King of Devil’s Island (2010) 7.5
King of Devil’s Island (2010) ၁၉၀၀ကျော်ခုနှစ်တွေတုန်းက နော်ဝေးနိုင်ငံမှာ ဆိုးသွမ်းတဲ့လူငယ်တွေကို ထိန်းသိမ်းဖို့ ကျွန်းပေါ်မှာတည်ထားတဲ့ ကျောင်းတစ်ကျောင်းရှိခဲ့ပါတယ် ယခုဇာတ်ကားက ထိုကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ်ကို အခြေပြုပြီးတော့ ပြန်လည်ရိုက်ကူးထားပြီး IMDb 7.5ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါဇာတ်လမ်းအညွှန်းအဆိုပါကျောင်းဟာ ကျောင်းလို့ခေါ်ရုံလောက်သာရှိပြီး ထိုကျောင်းမှအစောင့်တွေ အုပ်ထိန်းသူတွေက ကျောင်းသားတွေကို နေ့စဉ်နှင့်အမျှ ရိုက်နှက်ပြောဆိုနှိပ်စက်နေကြတာပါ။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျောင်းသားတွေအပေါ် လိင်ကိစ္စကျူးလွန်တာတွေအထိပါ လုပ်‌ကြတဲ့အထိပါပဲ။ ထိုမျှတင်မကဘဲ ကျောင်းသားတွေကို အလုပ်ကြမ်းမှန်သမျှကို နေ့တိုင်းခိုင်းပြီးတော့ ထောင်သားတွေကိုထားသလိုကိုထားတာပါ။ဒီလိုမျိုး ကျောင်းသားတွေဟာ နေ့တိုင်း စိ‌တ်ရောကိုယ်ပါနှိပ်စက်တာခံနေရတဲ့အချိန်မှာ အများနဲ့မတူတဲ့ လူငယ်လေးတစ်ယောက် ထိုကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ သူကတော့ လုံးဝ ငြိမ်ခံမနေဘဲနဲ့ ထိုနေရာကနေ လွတ်မြောက်ဖို့အတွက်ပဲ စဉ်းစားနေတဲ့သူပါ။ သူကြိုးစားသမျှက အရာထင်လာမလား, လွတ်မြောက်ဖို့ဆိုတာကရော ဖြစ်နိုင်ရဲ့လားဆိုတာနဲ့ ဇာတ်ကားထဲမှာပါတဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(887 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:56:00 Genre...Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

King of Devil’s Island (2010)

Song of the South (2023) 6.1
Song of the South (2023)  'Dat Rung Phuong Nam'(Song of the South)ဟာဗီယက်နမ် စစ်ပွဲနောက်ခံဝတ္ထုဖြစ်ပြီး ရသမျိုးစုံပေးစွမ်းနိုင်လို့နာမည်ကျော်ခဲ့ပါတယ်။1997ခုနှစ်မှာ ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုရိုက်ကူးခဲ့ပြီး အတော်လည်းလူကြိုက်များရေပန်းစားခဲ့ပါတယ်။အခုလည်း 2023 adaptionအဖြစ် နောက်တစ်ကြိမ် ရုပ်ရှင်ပိတ်ကားထက်ကို နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ...။ဇာတ်အိမ်ပိုင်းမှာဆိုရင် အချစ်၊အမုန်း၊မေတ္တာ၊ဂရုဏာ ဘာမှအပြစ်ပြောစရာမရှိအောင် ရသပေးစွမ်းနိုင်စွမ်းရှိတဲ့အပြင် ဗီယက်နမ်ရဲ့ရှုခင်းလှလှတွေ၊ ရိုးရာဓလေ့တွေကို စစ်ပွဲနောက်ခံထားပြီးလှလှရိုက်ကူးပြသွားပါတယ်။ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပြောပြရရင် အန်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ဖခင်ဟာတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး နယ်ချဲ့တွေကို ‌တောခိုကာပုန်ကန်နေသူပါ...။ဒီအကြောင်းကို အစိုးရအရာရှိတွေသိသွားတော့ အန်နဲ့မိခင်ဖြစ်သူဟာလက်ရှိမြို့ကအိမ်မှာ မနေနိုင်တော့ဘဲ ဖခင်ရှိရာနေရာကို ထွက်ပြေးလာခဲ့ပါတော့တယ်။သို့ပေမယ့် လမ်းတစ်ဝက်မှာ အဓိကရုဏ်းတွေဖြစ်တော့ အန်ရဲ့မိခင်ဟာတိုက်ပွဲတွေကြားကမြေစာပင်အဖြစ် ကျည်ထိပြီး အသက်ပျောက်ခဲ့ရရှာပါတယ်။ဒီလိုနဲ့ အန်လေးတစ်ယောက်တည်း ဖခင်ဆီကို ဘယ်လိုခရီးဆက်မလဲ၊လမ်းတစ်လျှောက်မှာ ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေကစောင့်ကြိုနေမလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာပဲ တစိမ့်စိမ့်စီးမျှောခံစားကြည့်လိုက်ပါတော့ဗျာ...။ File size…2.18 GB / 1.09 GB Quality…WEB-Rip 1080p 5.1 CH/ ...
movie

Song of the South (2023)

Just the Two of Us (2023) 6.6
Just the Two of Us (2023)  လူတွေပြောနေကျ စကားတစ်ခွန်းရှိတယ်...။အချစ်တစ်ခုတည်းနဲ့မပြည့်စုံဘူး...နှစ်ကိုယ်တူဘဝတည်ဆောက်ဖို့ဆိုမေတ္တာ၊သစ္စာ၊ ဥစ္စာ ပြည့်စုံဦးမှ ဘာဘာညာညာပေါ့....။ဒီအရာတွေပြည့်စုံပြီပဲထား နှစ်ယောက်တစ်ဘဝကို တကယ်တမ်းတည်ဆောက်လို့ရပြီလား ခိုင်မြဲပြီလား.....။ဒီအချက်တွေအပြင် ကျွန်တော်တို့ မျက်စိအောက်တင်ဘဲ မေ့လျော့နေခဲ့တဲ့အခြားအရေးကြီးအချက်ရှိပါသေးတယ်...။ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် mental support၊စိတ်ခွန်အားပေးဖို့၊တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို အလေးထားပြီး psychological freedomသူ့ကိုယ်ပိုင်စိတ်လွတ်လပ်ခွင့်ထားပေးဖို့လည်းလိုပါသေးတယ်....။ဒါတွေ မပေးဆပ်နိုင်ဘဲ အရမ်းချစ်တယ်ဆိုပြီး နှုတ်ကသာ တစ်ဖွဖွချစ်တယ်ပြောရင်းနဲ့.... ကိုယ့်လက်တွဲဖော်ကို အပိုင်သိမ်းပိုက်ချုပ်ချယ်ထားချင်မယ်ဆိုရင်တော့ ကိုယ့်အချစ်ကသူ့အတွက် မွန်းကြပ်စရာတွေသာဖြစ်လာမှာပါ...။ဒီအချိန်ကျရင်တော့ အချစ်ဟာကြောက်ဖို့ကောင်းသွားပြန်ပါပြီ...။အတ္တအချစ်စိတ်ဟာ ဘယ်လောက်ထိ မွန်းကြပ်စေနိုင်လဲ၊ဘယ်လိုရုန်းထွက်မှလွတ်မလဲဆိုတာကို ဒီပြင်သစ် psychologicaldramaလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.68 GB / 868 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Just the Two of Us (2023)

[19+]Adult Shop Albasaeng – Those Who Experience It In Person(2019)
[19+]Adult Shop Albasaeng – Those Who Experience It In Person(2019) [19+]Adult Shop Albasaeng – Those Who Experience It In Person(2019)***************************************************************** အချိန်တန်အရွယ်ရောက်ပြီးပေမဲ့ sexကိစ္စတွေမှာတော့ အတွေ့အကြုံလုံးဝမရှိသေးတဲ့ ရုပ်ဆိုးဆိုးကျောင်းသားလေးဝူဆော့က တစ်အိမ်ထဲအတူနေတဲ့အဒေါ်ကြီးနဲ့ sexလုပ်ဖို့အကြောင်းဖန်လာပါတော့တယ် ဘာမှမတတ်တဲ့ဝူဆော့တစ်ယောက် လူကြီးကစားစရာဆိုင်ကိုရောက်သွားပြီး ဘယ်လိုသိုင်းကွက်တွေနဲ့ ပညာတွေသင်ယူလာမလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်နော်... ကွီးယားဆက်ဆီမော်ဒယ် တက်တူးမမလည်းပါဝင်တာမို့ ဂေါင်းသေးတို့အဖွဲ့ စိတ်ကျေနပ်မှုရပါလိမ့်မယ်...     File Size : 943MB Quality : WEB-DL  720p Format…mp4 Duration…01:23:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS
movie

[19+]Adult Shop Albasaeng – Those Who Experience It In Person(2019)

Water Lilies (2007) 6.7
Water Lilies (2007) Water lilies (2007)IMDb rating - 6.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ “မာရီ”၊ “ဖလော်ရီယန်”နဲ့ “အန်နီ”ဆိုတဲ့ ၁၅နှစ်အရွယ်ကလေးမလေးသုံးယောက်ပါဝင်ပါတယ်။မာရီက တစ်ခုခုဆိုရင် မဝံ့မရဲတဲ့သူ၊ စကားနဲပြီး အနေအေးတဲ့ကောင်မလေးပါ။မာရီရဲ့သူငယ်ချင်း ‘အန်နီ’ကတော့ ဝဝတုတ်တုတ် ချစ်စရာကလေးမလေးဖြစ်ပြီး‘ဖရန်ဆွာ’ဆိုတဲ့ ကောင်လေးဆီက ပထမဆုံးအနမ်းရချင်နေသူလေးပါ။ဖလော်ရီယန်ကတော့ ဘယ်သူ့ကိုမှထည့်မထွက်တတ်တဲ့သူ၊ရေထဲဘဲလေးအကအဖွဲ့ ခေါင်းဆောင်၊ ကောင်လေးတွေပါးစပ်ဖျားမှာတသသဖြစ်ရတဲ့အလှဘုရင်မလေးပါ၊ ဒါကြောင့် ယောကျ်ားတိုင်းနဲ့အိပ်တဲ့အပျက်မလို့သတင်းတွေထွက်နေတဲ့သူလည်း ဟုတ်ပါတယ်။မာရီက ရေထဲဘဲလေးအကဖျော်ဖြေပွဲကိုကြည့်ပြီးတဲ့နောက်မှာဖလော်ရီယန်ဆီ ချဉ်းကပ်လာခဲ့ပါတယ်။ကောင်မလေး ၃ယောက်ရယ် သုံးပွင့်ဆိုင်နေတဲ့ပြဿနာလေးရယ်ကဘယ်လိုဖြစ်သွားမလဲ။ သူတို့တစ်ဦးချင်းဆီရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံးအထမြောက်နိုင်ဖို့ဆိုတာတွေအဆင်ပြေပြေဖြစ်လာနိုင်ပါ့မလား။ ဒီဇာတ်လမ်းမှာ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတွေရဲ့မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်တဲ့သဘောသဘာဝလေးတွေ၊ပျိုဖော်ဝင်စ လိင်စိတ်နိုးကြွားမှုအကြောင်းတွေကိုလှလှပပနဲ့ သဘာဝကျအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းက အေးအေးညိမ့်ညိမ့်လေး ကြည့်ရမှာဖြစ်ပြီးruntime ကလည်း မိနစ် ၈၀ စာလောက်ပါပဲ။awards တွေလည်း သိမ်းပိုက်ထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…     2.1 GB /   854 MB Quality… Web-DL 1080p ...
movie

Water Lilies (2007)

2007