Channel Myanmar

Drama

Distortion (2012) 6.2
Distortion (2012) Distortion (Khon Lok Jit) (2012) IMDb - 6.2/10ရုပ်ရှင်နယ်ပယ်မှာ နိုင်ငံအသီးသီးကရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းနာမည်ပါပဲ။ အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းတော့ ထိုင်းရုပ်ရှင်ဇာတ်လမ်းပါ။ ထင်ယောင်ထင်မှားမှုကနေ ဖြစ်ပေါ်လာတဲ့ psychological-thriller ရုပ်ရှင်ပေါ့။စိတ်ရောဂါပညာရှင်၊ သိပ္ပံပညာရှင်၊ စီးပွားရေးသမားနဲ့ ကျောင်းသူလေးတစ်ယောက်။ သူတို့လေးဦးကြားက ဖုံးကွယ်ထားတဲ့ အကြောင်းအရာကိုယ်စီနဲ့ တိုက်ဆိုင်စွာပဲ ကွင်းဆက်လူသတ်မှုထဲမှာ ကိုယ်စီပါဝင်လာကြတဲ့အခါ...။ ဒေါက်တာကူရန်ဆိုတဲ့ စိတ်ရောဂါပညာရှင်က သတင်းမှာတွေ့လိုက်ရတဲ့ လူသတ်မှုဖြစ်ရာနေရာကို ရောက်လာခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ အဲဒီလူသတ်မှုနောက်မှာ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပြီး အသတ်ခံလိုက်ရတဲ့သူတွေကလည်း လိင်တူချစ်သူတွေဖြစ်နေပါတယ်။ ထပ်ပြီးတိုက်ဆိုင်တာက အသတ်ခံရတဲ့လူတွေဟာ ဒေါက်တာကူရန်ရဲ့ ကျောင်းနေဖက်တွေဖြစ်နေတဲ့နောက်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်)Genre..... Drama, Sci-fi, Thriller Quality…. 1080p | 720p File size…  2.6GB | 1.1GB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Distortion (2012)

2012
Days of Happiness (2023) 6.8
Days of Happiness (2023) Days of Happiness (2023)~ IMDb - 6.8/10, Rotten Tomatoes - 100% ~ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ ...
movie

Days of Happiness (2023)

2023
Play (2011) 7.1
Play (2011) ဒီရုပ်ရှင်က အသက်မပြည့်တဲ့ကလေးငယ်တွေ ကလေးအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်လုယက်တဲ့ ဖြစ်ရပ်မှန်ကိစ္စရပ်တွေပေါ်မှာ အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဆွီဒင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဂိုသန်ဘာ့ဂ်မြို့အလယ်ပိုင်းမှာ အသက် ၁၂နှစ်နဲ့ ၁၄နှစ်ကြားကလေးငယ်တွေ အုပ်စုဖွဲ့ပြီး တခြားကလေးတွေကို အနိုင်ကျင့်လုယက်ခဲ့တာဟာ ၂၀၀၆ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ သိရှိရတဲ့အကြိမ်ရေပေါင်း လေးဆယ်ခန့်ရှိပါတယ်။ ဒီကလေးတွေက အနိုင်ကျင့်လုယက်တယ်ဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာထက် စကားလုံးတွေနဲ့ ဆွဲဆောင်အကျပ်ကိုင်ပြီး လုယက်ကြတာပါ။ဒီဇာတ်လမ်းမှာဆိုလည်း ရွှေ့ပြောင်းလုပ်သားမိသားစုက လူမဲကလေးငါးယောက်အုပ်စုဟာ ကလေးငယ်လေးတွေဆီကနေ အဖိုးတန်ပစ္စည်းတွေကို လုယူတာမျိုးမဟုတ်ဘဲ ငါတို့ရှုံးလို့ပေးလိုက်ရတယ်ဆိုတာမျိုးဖြစ်အောင် နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြောဆိုပြီး လုယက်တာကို တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ ၂၀၁၂ခုနှစ်မှာ နော်ဒစ်နိုင်နိုင်ငံများရုပ်ရှင်အဖွဲ့ကပေးတဲ့ ထူးချွန်ဆုကို ဆွတ်ခူးခဲ့သေးတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)  File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:58:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Play (2011)

Humanist Vampire Seeking Consenting Suicidal Person (2023) 7.2
Humanist Vampire Seeking Consenting Suicidal Person (2023) Humanist Vampire Seeking Consenting Suicidal Person (2023)~ IMDb - 7.2/10, Rotten Tomatoes - 82% ~"ရိုးရှင်းခြင်း၌ အလှတရားရှိ၏" တဲ့။အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို‌ လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။ဒီကားရဲ့ ...
movie

Humanist Vampire Seeking Consenting Suicidal Person (2023)

2023
My Christmas Hero (2023) 6.5
My Christmas Hero (2023) My Christmas Hero (2023) ===================ခရစ္စမတ်စ်ကာလဟာနီကိုးလ်တို့မိသားစုအဖို့ နီကိုးလ်ရဲ့အဘွားဖြစ်သူ ဒိုရိုတီမရှိဘဲဆင်နွှဲရမယ့် ပထမဦးဆုံးသော ခရစ္စမတ်စ်လေးပါ။ နီကိုးလ်ရဲ့ အဘိုးဖြစ်သူဂျွန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ ဂျွန် စစ်ပွဲတွင်းမှာ ကျဆုံးသွားခဲ့တာ နှစ်ပေါင်းမြောက်များစွာ ကြာပြီးတဲ့ထိတိုင်အောင်ကို ဒိုရိုသီကမမေ့နိုင် သေးဘဲ အမြဲတမ်းတပြီးချစ်နေခဲ့တာကြောင့် နီကိုးလ်နဲ့ နီကိုးလ်ရဲ့အမေတို့ နှစ်ယောက်လုံးဟာ ငယ်ငယ်လေးကတည်းကစပြီး ဒိုရိုသီ့ဆီကနေ အဘိုး ဖြစ်သူရဲ့အကြောင်းတွေ၊ အမှတ်တရတွေကိုကြားသိထားရပြီး အလွတ်တမ်း မှတ်မိနေခဲ့တာပေါ့။ဒီလိုနဲ့ ဒိုရိုသီဆုံးပါးသွားပြီးနောက်ပိုင်းမှာ နီကိုးလ်ရဲ့အမေဟာ အမေဖြစ်သူ ကိုသတိရတဲ့စိတ်၊ အဖေဖြစ်သူကိုလွမ်းဆွတ်တဲ့စိတ်တွေနဲ့ စိတ်ခံစားရသက် သာရအောင်လို့ စေတနာ့ဝန်ထမ်းအလုပ်တွေကိုပဲ ဆက်တိုက်မနားတမ်းလုပ် နေခဲ့ပါတယ်။ ဒါနဲ့ပဲ နီကိုးလ်တစ်ယောက် မကြာခင်ရောက်လာတော့မယ့် ခရစ္စမတ်စ်မှာ သူ့အမေဖြစ်သူကို ခံစားရသက်သာရအောင်လို့ အဘွားဆီကနေ တစ်စိတ်တစ်ပိုင်း အနည်းငယ်လောက်ပဲ သိထားခဲ့ရတဲ့ အဘိုးဖြစ်သူရဲ့စစ်ပွဲ တွင်းကအကြောင်းတွေကိုစုံစမ်းဖို့ကြံပါတော့တယ်။ ဒီတော့ သူအောင်မြင်နိုင် ပါ့မလား၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ "My Christmas Hero" ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.41 GB) / (548 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, ...
movie

My Christmas Hero (2023)

2023
You Get Me (2017)
You Get Me (2017) You Get Me (2017)ဒီကားလေးကတော့ မင်းသမီးချောလေး"ဘယ်လာသွန်း"က အဓိကဇာတ်ကောင် "ဟိုလီ" အဖြစ်ပါဝင်ထားတဲ့ Crime Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ "ဟိုလီ" ဟာ ဒီမြို့မှာ သူ့မိထွေးနဲ့အတူအခြေချခါစ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ တစ်နေ့ "ဟိုလီ"ပါတီတက်ရင်း "တိုင်လာ"ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညနဲ့ နောက်နေ့တစ်ဝက်တာအချိန်ကို ပျော်ပျော်ပါးပါး အတူကုန်ဆုံးခဲ့ကြတယ်။ "ဟိုလီ"အတွက် သူတို့အတူကုန်ဆုံးခဲ့တဲ့အချိန်ဟာထူးခြားပေမဲ့လို့ "တိုင်လာ"အတွက်တော့ ပျော်ခဲ့ရတဲ့သာမန်အချိန်တွေပဲဖြစ်ခဲ့ဟန်တူပါတယ်။"တိုင်လာ"ဟာ ပါတီမှာတုန်းက သူ့ကောင်မလေး"အယ်လီ"နဲ့ ကတောက်ကဆတ်ဖြစ်ခဲ့တာကြောင့် သူတို့ ၂ဦးကိစ္စပြတ်သွားပြီလို့ထင်နေခဲ့ပေမဲ့ ကောင်မလေးရဲ့ ဖြေရှင်းချက်တွေကို နားထောင်အပြီးမှာတော့ သူတို့ချစ်သူ၂ဦး ပြန်လည်ပေါင်းထုပ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းဖွင့်ချိန်ရောက်လာတဲ့အခါမှာ အသစ်ရောက်လာတဲ့ကျောင်းသူဟာ အခြားသူမဟုတ်၊ "တိုင်လာ"နဲ့ နီးစပ်ဖို့ ကြိုးစားနေတဲ့ "ဟိုလီ"ပဲဖြစ်ပါတယ်။တဖြည်းဖြည်း "ဟိုလီ"တစ်ယောက် သူတို့သူငယ်ချင်းအုပ်စုထဲကို ဝင်ရောက်လာပြီး "အယ်လီ"နဲ့ လက်ပွန်းတတီး ခင်မင်လာခဲ့တယ်။ "တိုင်လာ"ကတော့ "အယ်လီ"နောက်ကွယ်မှာ မှားမိထားတာကို ထုတ်မပြောနိုင်ဖြစ်နေခဲ့တယ်။ အလန်းဇယားလေး"ဟိုလီ"က Social Media မသုံးတာဟာ "အယ်လီ့"သူငယ်ချင်းအတွက် ...
movie

You Get Me (2017)

2017
Once Upon a Lifetime (2021) 7.4
Once Upon a Lifetime (2021) ဒီဇာတ်လမ်းလေးကတော့ Once upon a lifetime ဆိုတဲ့အတိုင်း ချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်ပေးမှုတွေနဲ့ healing ဖြစ်စေတဲ့ခံစားချက်တွေကို joy ဆိုတဲ့ ထူးခြားဆန်းကြယ်လွန်းတဲ့ကောင်မလေးတစ်ယေက်နဲ့ပုံဖော်ပြီး ရောထွေးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့...လူကောင်သေးသေးလေးဖြစ်တဲ့ သောမတ်စ်တစ်ယောက် ပန်းခြံထဲမှာတစ်ယောက်တည်း ထိုင်ကစားနေတဲ့အချိန်မှာ သူ့အတန်းထဲကလူကောင်ကြီးကြီးတစ်ယောက်ရောက်လာပြီး သူ့ကိုလာအနိုင်ကျင့်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အာရုံကတော့သစ်ပင်လေးတွေကိုပဲ စိုက်ကြည့်နေတဲ့ကောင်မလေးဆီမှာပဲ ရှိနေခဲ့တာပေါ့ ဒီလိုနဲ့ကောင်မလေးကိုသွားစကားပြောရင်းနဲ့ ကောင်မလေးကသောမတ်စ်ကို မျက်စိကျသွားပြီး အိမ်အထိလိုက်လာတဲ့အထိဖြစ်သွားပါတယ်။ ထူးဆန်းတာက ကောင်မလေးမှာမျိုးရိုးနာမည်ရော ဘယ်သူဘယ်ဝါလဲဆိုတာကို အဲဒီကောင်မလေးကိုယ်တိုင်မသိခဲ့တာပါ။ ဒီလိုကနေ သောမတ်စ်ရဲ့အမေက သူတို့အိမ်မှာတစ်ညအိပ်ခိုင်းလိုက်ပြီး နောက်တစ်နေ့ရောက်တဲ့အချိန်မှာ တစ်ညတွင်းအချင်း ကောင်မလေးက ၉ နှစ်အရွယ်ကနေ အသက် ၁၅ နှစ်အရွယ်ကိုပြောင်းသွားတာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားပေးကြပါဦး။ File size…(1.3 GB)/(623 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee
movie

Once Upon a Lifetime (2021)

Coyote (KoJot) (2017) 7.1
Coyote (KoJot) (2017) ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားတဲ့ ဟန်ဂေရီ Action/Drama ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။မီရှီက တွေဝေတတ်ပြီး လုပ်သမျှအဆင်မပြေတဲ့ လူငယ်လေးတစ်ယောက်ပါ။ ချစ်သူနဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ ကြိုးစားရာမှာ အဆင်မပြေတာတွေကြုံခဲ့ရပြီး ဘဝကို စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာပဲ ဆုံးပါးသွားတဲ့ အဘိုးဖြစ်သူက ဟန်ဂေရီက တူစကိုဆိုတဲ့မြို့လေးက သူပိုင်တဲ့အိမ်နဲ့ မြေကို သူ့ကိုအမွေပေးခဲ့တာကြောင့် သူက အမွေဆက်ခံရဖို့ ဖြစ်လာပါတော့တယ်။လက်ရှိနေနေတဲ့မြို့ကြီးကနေ မြို့ငယ်လေးက အမွေရတဲ့ အိမ်လေးကို သွားပြီး ချစ်သူနဲ့ အေးအေးဆေးဆေးနေဖို့ အိမ်ကို ပြင်ဆောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မထင်ထားတဲ့ အန္တရာယ်တွေက သူတို့ကို ဆီးကြိုနေခဲ့ပါတော့တယ်။အဲဒါကတော့ မြို့က အာဏာရှိတဲ့လူကြီး ပါလ်ဆိုအီကာလ်က သူ့ကို မြေရောင်းဖို့ အတင်းအကျပ် ဖိအားပေးခဲ့တာပါပဲ။ သူ့အဘိုးရဲ့အမွေအနှစ်မို့ အဆုံးစွန်ထိ ကာကွယ်ဖို့ ကြိုးစားပေမဲ့ လူပျော့လူညံ့လေးဖြစ်သူ မီရှီတစ်ယောက် မြို့ခံအာဏာရှိသူ ပါလ်ဆိုအီကာလ်နဲ့ ယှဉ်ပြိုင်ပြီး သူ့ရဲ့အိမ်နဲ့ခြံလေးကို ကာကွယ်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ...
movie

Coyote (KoJot) (2017)

[18+] Dilig (2024)
[18+] Dilig (2024) Dilig (2024)ရိုဆာက မုဆိုးဖိုသူဌေးကြီးတစ်ဦးကို လက်ထပ်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဘိုးကြီးမှာ သူနဲ့ ရွယ်တူသမီးတစ်ယောက်ရှိနေတဲ့အတွက် ဥယျာဉ်မှူး ငယ်ငယ်တောင့်တောင့်တစ်ယောက်ကိုရွေးချယ်ပြီး အဲဒီသမီးဖြစ်သူကိုပထုတ်ဖို့ကြံခဲ့ပါတယ်။သမီးဖြစ်တဲ့ ကတ်တလင်းကလည်း သူ့ကိုတစ်ဖက်သတ်ချစ်သလို မိဘချင်းသဘောတူတဲ့ ငယ်သူငယ်ချင်းဒဲလ်ရှိပေမဲ့ ဥယျာဉ်မှူးကောင်လေးကိုမှ စွဲစွဲလန်းလန်းချစ်မိသွားတဲ့နောက် အခြေအနေတွေက ရိုဆာအကွက်ထဲကိုဝင်သွားမလား... အခြေအနေတွေရှုပ်ထွေးမသွားခင် ကယ်တင်ရှင်ပေါ်လာနိုင်မလား... ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။Hibang ထဲက အမိုက်စားစကီလေးဖြစ်တဲ့ Rica Gonzales က ဗီလိန်ရီဆာအဖြစ် ပွဲကြမ်းပြထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.15GB Quality - 1080p Format - mp4 Duration - 50Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB
movie

[18+] Dilig (2024)

2024
My First Summer (2020) 6.7
My First Summer (2020) My First Summer (2020)မိန်းကလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လှပစွာရိုက်ကူးထားတဲ့GL ရုပ်ရှင်ကားလေးဖြစ်ပြီး Rotten tomato လည်း 89% ရထားပါတယ်။မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပျင်းလာခဲ့ရပြီး လောကကြီးအကြောင်းဘာမှနားမလည်တဲ့ အသက် ၁၆ နှစ်အရွယ်ကောင်မလေး ကလော်ဒီရာ…မျက်စိရှေ့မှာတင် အမေရေနစ်သေဆုံးသွားတာကြောင့် နေ့ရက်တိုင်းကိုစိတ်ဒဏ်ရာတွေနဲ့ တစ်ယောက်တည်း ကျော်ဖြတ်နေရတဲ့ အချိန်မှာရွယ်တူ ၁၆ နှစ်အရွယ် တက်တက်ကြွကြွနေတတ်တဲ့ ကောင်မလေး ဂရေ့စ်နဲ့တွေ့ခဲ့ပါတယ်။အထီးကျန်ပြီး အလင်းရောင်မရှိ အုံ့မှိုင်းနေတဲ့ ကလော်ဒီရာရဲ့ဘဝကိုဂရေ့စ်တစ်ယောက်က ပျော်ရွှင်မှုနဲ့ အလင်းရောင်လေးတွေပေးခဲ့ပါတယ်။နေ့စဉ် အတူတူအချိန်ဖြုန်းကြရင်းနဲ့ ကောင်မလေးနှစ်ယောက်ကြားမှာသံယောစဉ်ကတစ်ဆင့် ချစ်ခြင်းမေတ္တာပေါ်ပေါက်လာပုံလေးကိုလှလှပပလေး ရိုက်ကူးပြထားတဲ့ အပြင် ချစ်ခြင်းမေတ္တာဟာဝမ်းနည်းမှုတွေကို ကုစားပေးနိုင်ပြီးတော့မထင်မှတ်တဲ့နေရာမှလည်း ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာနိုင်ကြောင်းကိုရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ကြည့်ပြီးရင်လုံးဝနောင်တရမှာမဟုတ်တာမလို့GL သဘောကျတဲ့သူတွေအတွက်တော့ကားကောင်းလေးတစ်ကားဖြစ်မှာပါ File size…    8.7 GB / 2.2 GB /  989 MB Quality… Web-DL 4K /1080p / 720p Format… mp4 ...
movie

My First Summer (2020)

La Vie en Rose (2007) 7.6
La Vie en Rose (2007) La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie

La Vie en Rose (2007)

Stake Land (2010) 6.4
Stake Land (2010)  "Stake land" ဒါမှမဟုတ် တံစို့ထိုးနယ်မြေပေါ့...။ခေတ်ကာလအားဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရော၊တိုင်းပြည်တွေရော၊ အစိုးရတွေပါမကျန် ဗမ်ပိုင်းယားတွေကြောင့်ပျက်သုဥ်းသွားခဲ့တဲ့အချိန်...။ဒီသွေးစုပ်ဖုတ်ကောင်တွေ စပေါ်လာပြီးနောက်မှာ လူတွေဟာဘေးကင်းအောင်ဆိုပြီး အစုအဝေးနဲ့နေကြပါတယ်...။သို့ပေမဲ့ ဗမ်ပိုင်းယားတွေကလည်း လူ့သွေးနံ့ကိုမိုင်နဲ့ချီအဝေးကနေရနိုင်တာမလို့ အစုအဖွဲ့နဲ့နေလေ ကိုယ်သေတွင်းကိုယ်တူးမိဖို့ရာခိုင်နှုန်းများလေဆိုတဲ့အခြေအနေပါ...။ဒီလိုကာလကြီးမှာ ဗမ်ပိုင်းယားတွေကို အံတုပြီး တိုက်ခိုက်နေတဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးကြီးနဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။သူတို့နှစ်ဦးဟာ ဧဒင်သစ်ဆိုတဲ့ လွတ်လပ်ရာနယ်မြေအသစ်ကိုချီတက်နေကြတာပါ။ဒီနယ်မြေသစ်ကိုမရောက်မီ လမ်းမှာဘယ်လိုအခက်အခဲတွေကြုံရမလဲဘယ်လိုဗမ်ပိုင်းယားတွေကြုံရမလဲ၊ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ...အသက်ရှင်အောင်ရုန်းကန်ခဲ့ကြတာတွေကို စီးမျှောကြည့်ရှုရင်းvimpire hunuter vibe မျိုး ၊ survival vibeမျိုးခံစားရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.58 GB / 800 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Stake Land (2010)

Delibal (2015) 6.7
Delibal (2015)  "သိပ်ကိုချိုမြတဲ့ပျားရည်တစ်စက်ဟာ တစ်ခါတရံမှာသိပ်ကိုခါးသက်တဲ့ အဆိပ်တစ်ခွက် ဖြစ်နေတတ်ပါသတဲ့"CM ပရိသတ်ကြီးအတွက် ရိုမန့်စ်ဒရာမာကားကောင်းလေးတစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်။ဗိသုကာပညာဗေဒကျောင်းသားလေး ဘားရစ်စ်က သူ့ဝါသနာဖြစ်တဲ့သီချင်းတွေကိုလုပ်ရင်း ဘဝကို ပျော်ပျော်ပဲ နေတတ်တဲ့သူတစ်ယောက်ပါ။ဖူဆွန်ဆိုတဲ့ ကောင်မလေးကို ပထမဆုံးမြင်လိုက်ရတဲ့ အခါမှာတော့ဘဝမှာ တစ်ခါမှမချစ်ဘူးတဲ့ အချစ်တွေနဲ့ ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားခဲ့ပါတော့တယ်။ နာမည်လည်း မသိ၊ ကောင်မလေးအကြောင်းဘာမှမသိဘဲ ချစ်မိသွားလေတော့ ကောင်မလေးကို ရှာပုံတော်ထွက်ရပါတော့တယ်။ သူ့ရဲ့အချစ်တွေက စစ်မှန်ခဲ့တော့ သူချစ်တဲ့ကောင်မလေးကို ရှာတွေ့သွားပါတယ်။ သူချစ်တဲ့ကောင်မလေးဖူဆွန်ကတော့ အချစ်ဆိုတာ ဘာမှန်းမသိ အဖေရဲ့ဖြစ်ချင်စေတဲ့ဆန္ဒတွေနဲ့အတူ ယူအက်စ်မှာ မာစတာဘွဲ့ယူဖို့အတွက် စာဆိုမှစာပဲ လုပ်ပြီးကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုကောင်မလေးမျိုးကို ချစ်မိသွားတဲ့ဘားရစ်စ်ကတော့ ကောင်မလေးကို ကြိုးစားလိုက်ရင်းနဲ့ နောက်ဆုံးတော့ကောင်မလေးအချစ်ကို ရသွားပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ပုံပြင်ထဲက နတ်သမီးပုံပြင်တွေလိုပဲပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်ယောက်သား လက်ထပ်လိုက်ကြပါတော့တယ်။ချစ်သူဘဝနဲ့ အိမ်ထောင်ရေးဆိုတာ ဆီနဲ့ရေလိုကွာခြားနေတယ်ဆိုတဲ့အတိုင်းပဲ သူတို့နှစ်ယောက်လက်ထပ်ပြီးနောက်ပိုင်းမှာတော့ရုတ်တရက်ကြီး ဘာမှမပြောမဆိုနဲ့ ဘားရစ်စ်တစ်ယောက် အစအနမကျန်လောက်အောင် ခြေရာဖျောက်သွားချိန်မှာတော့…….ဒီလောက်ချစ်ကြတဲ့နှစ်ယောက် ဘာပြဿနာတွေများရှိလို့ ဘားရစ်စ်တစ်ယောက်ဒီလိုလုပ်သွားရတာလဲ ဆိုတာကို အဖြေရှာကြည့်ရှူရင်းသူတို့နှစ်ယောက်ရဲ့ ချစ်သူရည်းစားဘဝက ...
movie

Delibal (2015)

[18+]Delicious You Passed(2020)
[18+]Delicious You Passed(2020) [18+]Delicious You Passed(2020)*******************************ဒါလည်းကွီးယားတက်တူးမမရဲ့ကားပါပဲ..ဆိုတော့အညွှန်းမဖတ်ဘဲ ဒေါင်းလိုက်ပါတော့..ဂယောင်းဆူနဲ့ ယောင်းဆူ ညီအစ်ကိုနှစ်ယောက်က Enjoy Village ဆိုတဲ့ ဟိုတယ်လေးကိုဖွင့်ဖို ပြင်ဆင်နေကြတာပါအဲဒီဟိုတယ်မှာ မန်နေဂျာအဖြစ် အလုပ်လုပ်ဖိုအတွက်သင်တန်း နည်းပြဆရာမ လုပ်ခဲ့ဖူးတဲ့ ဟန်ဂျီယူနဲ့အရက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးသူ ယူဘန်းဆွန်းတို လာလျှောက်ကြပါတယ်‌ဂယောင်းဆူ ယောင်းဆူ ညီအစ်ကိုနှစ်ယောက်လည်း လျှောက်ထားသူနှစ်ယောက်ကိုအလုပ်ခန့်ထားဖိုရာ စမ်းသပ်မှုအမျိုးမျိုး လုပ်ကြတဲ့အခါမှာတော့...File Size : 1.7GB & 632MB Quality : WEB-DL 1080p, 720p Format…mp4 Duration…01:12:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS
movie

[18+]Delicious You Passed(2020)

Animal (2023) 6.7
Animal (2023)  Animal (2023) ရုပ်သံကြည်လင်ပြတ်သားသော Netflix ဗားရှင်း WEBDLအကြည်ကိုသာ တင်ဆက်ထားပါတယ် ========================================================= IMDb - 6.7/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ စော်ကြည်ဘဲတစ်ဖြစ်လဲ ကလေးအဖေကြီး ရန်ဘီးရဲ့ တိရစ္ဆာန်ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်ဗျ။ရူပီး ကုဋေတစ်ရာကျော်အသုံးပြုရိုက်ကူးထားပြီး ကုဋေကိုးရာကျော်ပြန်လည်ရရှိခဲ့တဲ့ ဟင်ဒီရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ အာဂျွန်ရတ်ဒီနဲ့ ကဘီးရ်ဆင်းဂ်တို့လို အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဆန်ဒိဗ်ရတ်ဒီဗန်ဂါကနေ ရိုက်ကူးတည်းဖြတ်ထားတာပါ။ သတ်မှတ်ချက်အရ A-ratedရုပ်ရှင်ဖြစ်တဲ့အတွက် ၁၈နှစ်ပြည့်ပြီးမှပဲ ကြည့်ရှုသင့်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ရတဲ့ ရတ်ရှ်မီးကား၊မင်းသမီးချော တရီပသီ ရုပ်ရှင်အသိုင်းအဝိုင်းမှာ ဒိုးလ်မိသားစုရယ်လို့ ဂုဏ်ရှိန်ကြီးမားလှတဲ့မိသားစုထဲက ဘော်ဘီဒိုးလ်၊ ရန်ဘီးရဲ့ ကပူးရ်မိသားစုထဲက ဘကြီးတော်စပ်သူ မင်းသားကြီး အာနီလ်ကပူးရ်တို့ပါဝင်ထားပါတယ်။ရန်းဗီဂျေးက အဖေကိုသိပ်ချစ်တဲ့ ပါးပါးဘွိုင်းလေးတစ်ယောက်။ ဖခင်ဖြစ်သူက ဘယ်လောက်ပဲအချိန်မပေးနိုင်ပါစေ ငါ့အဖေသာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှင်သန်နေသူတစ်ဦး။ ဒီလောက်ချစ်တဲ့ သားအပေါ်မှာ ဖခင်ပြန်ပေးတာက နွေးထွေးကြင်နာမှုလစ်ဟင်းတာနဲ့ ရိုက်နှက်ဆုံးမမှုတွေ။ ဒါလည်းမိသားစုကိုချစ်တဲ့စိတ်က တစ်စက်ကလေးမှ မလျော့။အစ်မဖြစ်သူ ကောလိပ်မှာ ထိကပါးရိကပါးလုပ်ခံရချိန်မှာတော့ အထက်တန်းကျောင်းသားလေး ရန်းဗီဂျေး AK-47နဲ့သွားကြမ်းပါတော့တယ်။ ဒီလို အချစ်ကြီးပြီး အမျက်ကြီးသူတစ်ယောက် အိမ်ထောင်ကျလို့ ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့အခါမှာတော့...။လူဆိုတာမျိုးက ...
movie

Animal (2023)

2023
4K HEVC
Parking (2023) 8.0
Parking (2023) Parking (2023) "နေရာ" IMDb - 8.0/10သတင်းရင်းမြစ်တွေအရ ၂၀၂၃တမီးလ်ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးစာရင်းဝင်ထားတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။အက်ရှ်ဝါဆိုတာ အိုင်တီပညာရှင်တစ်ဦး။ကိုယ်ဝန်သည်ဇနီးဖြစ်သူနဲ့အတူ ချန်နိုင်းမြို့မှာအိမ်ငှားနေဖို့ ပြောင်းလာပါတယ်။သူတို့ငှားနေတဲ့ အောက်ထပ်မှာတော့ လူရိုးလူဖြောင့် အစိုးရဝန်ထမ်း လူ့ဂွစာအဘိုးကြီးမိသားစုနေပါတယ်။လာဘ်ပေးလာဘ်ယူမုန်း ခေတ်သစ်လူ့အဖွဲ့အစည်းကိုလည်း အမြင်မကြည်တဲ့အဘိုးကြီးနဲ့ ဇနီးဖြစ်သူရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ကြင်နာတတ်တဲ့ အိုင်တီပညာရှင်လူငယ်တို့ တွေ့တွေ့ချင်းမှာတော့ ပလဲနံသင့်ရှိကြပါပေရဲ့။ဒါပေမဲ့လည်း ဇာတ်လမ်းနာမည်အတိုင်း တစ်နေရာတည်းရှိတဲ့ ပါ့ခ်ကင်ကို မောင်ပိုင်စီးဖို့ကြိုးစားကြတဲ့အခါမှာတော့။ ကြောင်နဲ့ကြွက်လို တကျက်ကျက်ဖြစ်လာမဲ့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းလေးကို ပရိသတ်တို့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.59GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Parking (2023)

2023
The Beekeeper (2024)
The Beekeeper (2024)  ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။ဇာတ်လမ်းအကျဉ်းဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို ...
movie

The Beekeeper (2024)

4K HEVC