Channel Myanmar

Drama

My Name Is Loh Kiwan (2024) 5.9
My Name Is Loh Kiwan (2024) My Name is Loh Kiwan (2024)အခုတစ်ခေါက် တင်ဆက်ပေးမယ့်မူဗီလေးကတော့ Song Joong Ki ရဲ့ အသစ်ထွက်ရှိတဲ့ “My Name is Loh Kiwan” ဆိုတဲ့ကားပဲဖြစ်ပါတယ်ဂျွန်ဂီ့ရဲ့ကားတိုင်းဟာ နှစ်ခါမေးစရာမလိုအောင် အနှစ်တွေချည်းပဲဖြစ်တာမို့ ဒီကားလေးကလည်း သေချာပေါက်ကြည့်ရမယ့်ကားလေးပါ ရီုဂီဝမ်ဆိုတဲ့ ကောင်လေးဟာ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီးဟာ ဂီဝမ်တို့ သားအမိဆီကို ကျရောက်လာစေခဲ့ပါတယ် မြောက်ကိုရီးယားကနေ သူနဲ့ စိမ်းသက်လှတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဘယ်ဂျီယံကို ခက်ခက်ခဲခဲ ပြည်ပြေးလာပြီး နေသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတုန်းမှာ တစ်ချိန်က ကိုရီးယားလူမျိုးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဘယ်ဂျီယံနိုင်ငံသားခံယူထားတဲ့ မာရီလို့ခေါ်တဲ့ သေနတ်ပစ်သမားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံစည်းဖို့ဖြစ်လာပါတော့တယ်ဒုက္ခပေါင်းများစွာနဲ့ သူတို့နှစ်ယောက်ကို ဘယ်လိုအရာတွေက ဆုံစည်းစေမှာလဲ သူတို့တွေရော အဆင်ပြေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာမှာလား မြောက်ကိုရီးယားဆိုတဲ့နိုင်ငံကနေ ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ ဘယ်ဂျီယံကို တစ်ဘဝလုံးရင်းပြီးလာခဲ့တဲ့ ဂီဝမ်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘာဆိုဘာမှမရှိတဲ့ သုညဆိုတဲ့ဘဝကနေ ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်အောင် ရသပြောင်မြောက်စွာ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ ဆက်ဆက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie

My Name Is Loh Kiwan (2024)

2024
True Story (2015) 6.3
True Story (2015)  127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie

True Story (2015)

The Naked Kitchen (2009) 5.7
The Naked Kitchen (2009) The Naked Kitchen (2009)2009 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Shin Min Ah ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို ပြန်တင်ဆက်ပေးချင်ပါတယ်။ငယ်ငယ်ကတည်းက အနားမှာ အတူရှိလာခဲ့ပြီး ချစ်သူလို အစ်ကိုလိုချစ်ရတဲ့ လူနဲ့ နောက်ဆုံးမှာ လက်ထပ်လိုက်တဲ့ Mo Raeရဲ့ အိမ်ထောင်ရေးက သာသာယာယာရှိနေခဲ့တာပါ။သုံးပွင့်ဆိုင်ဇာတ်လမ်းဆိုမှတော့ တတိယလူကတော့ ပါကိုပါလာမှာပါပဲ။ ဟင်းချက်ဝါသနာပါတဲ့ ယောက်ျားဖြစ်သူရဲ့ စားသောက်ဆိုင်ဖွင့်မယ့် ကိစ္စကိုအခြေတည်ပြီး တတိယလူဝင်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီကားထဲမှာ Mo Rae အဖြစ်သရုပ်ဆာင်ထားတဲ့ Shin Min Ahရဲ့ ငယ်ရွယ်စဉ်က တက်ကြွလန်းဆန်းတဲ့အငွေ့အသက်ကို ခံစားနိုင်တယ်လို့ ထင်မိပါတယ်။ယောက်ျားလေး နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ခုန်နေတဲ့ Mo Rae ဆိုတဲ့ဇာတ်ကောင်ကို ကြည့်နေရတာက အပြစ်ကင်းသလို ဖြူစင်သလိုလို ခံစားရ ပေမယ့် တစ်ချိန်တည်းမှာပဲ ဒီလောက်လည်း ရိုးရှင်းမနေပြန်ပါဘူး။ယောက်ျား လေးနှစ် ယောက်ကို တစ်ချိန်တည်း ချစ်နိုင်ပါ့မလား?? သူပဲ ၅၂၈နဲ့၁၅၀၀ကြား ဝေခွဲမရဖြစ်နေတာလား??တစ်ဖက်က ငယ်ချစ်ဦး ဖြစ်တဲ့အပြင် လက်ထပ်ထားတဲ့ ...
movie

The Naked Kitchen (2009)

2009
Blue (2002) 6.6
Blue (2002) “ ငါတို့နှစ်ယောက် အတူတူနေကြမှာလား...တကယ့်အတွဲတွေလိုပေါ့” လို့မေးတဲ့သူနဲ့ “ငါတို့က တကယ့်အတွဲတွေပဲလေ” လို့ပြန်ဖြေတဲ့သူ... ဘယ်သူက ပိုလေးနက်တာလဲ ? ၂၄ ကြိမ်မြောက် မော်စကိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မင်းသမီးဆုရရှိခဲ့တဲ့ဂျပန်ဒရာမာဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ ။ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးနှစ်ယောက်ရဲ့ခင်မင်မှုအကြောင်းကိုအသားပေးရိုက်ကူးထားပြီး သူတို့ရဲ့သဘာဝ၊ စိတ်ခံစားချက်၊ ခံယူချက်တွေကိုအကွက်ကျကျရိုက်ပြထားပါတယ်။ ကီရိရှီးမားကတော့ ကျောင်းမှာ အေးအေးဆေးဆေးနေတတ်ပြီးသူငယ်ချင်းအများကြီးမရှိပါဘူး။ အန်ဒိုဆိုတဲ့ နှစ်ကျကျောင်းသူနဲ့ တစ်တန်းတည်းတက်နေပြီးတစ်ဖြည်းဖြည်းချင်း ရင်းနှီးလာခဲ့ကြပါတယ်။ အန်ဒိုကလည်း ကျောင်းတစ်နှစ်နားထားတဲ့သူဆိုတော့အတန်းတူသူငယ်ချင်းမရှိသေးသလို ကီရိရှီးမားကလည်းအပေါင်းအသင်းမများတော့ အတန်းထဲမှာ တတွဲတွဲဖြစ်လာခဲ့ပါတယ်။ သူ့အိမ်ကိုယ့်အိမ်အထိသွားလည်ပြီးနောက် ရင်းနှီးမှုတွေနောက်တစ်ဆင့်တက်ခဲ့ကြပြီးမှ နွေရာသီကျောင်းပိတ်ရက်မှာအန်ဒိုတစ်ယောက် ပျောက်သွားခဲ့ပါတယ်။ အန်ဒိုဘာလို့ပျောက်သွားရတာလဲ ?အန်ဒိုဘာလို့ ကျောင်းနားခဲ့ရတာလဲ ?အန်ဒိုနဲ့ကီရိရှီးမားတို့နှစ်ယောက်ကရောဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာဆက်ကြည့်လိုက်ပါတော့နော်.... File size…    1.3 GB /  784 MB Quality… WebRip 1080p / 720p Format… mp4 Duration…. 1h 56m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie

Blue (2002)

Big Fish & Begonia (2016) 7.0
Big Fish & Begonia (2016) ပရိသတ်ကြီးတို့ကို တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံးanimation movie တွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Big Fish and Begonia လို့ခေါ်တဲ့ ဒီဇာတ်ကားဟာ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဲဒီထဲကBig Fish ဆိုတဲ့ ost ဟာ ဒီနေ့ဒီအချိန်အထိ တရုတ်ပြည်မှာရေပန်းအစားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပါ။ ဒီဇာတ်ကားကို inspire ယူပြီး cosplay လုပ်တာတွေperformance လုပ်တာတွေ အခုထိ ရှိပါတယ်။ရုံတင်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာသန်း ၈၀ အထိ ရထားတဲ့ animation လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ချွင်လို့ခေါ်တဲ့ကောင်မလေးနဲ့ သူ့ရွာကလူတွေက လူမဟုတ်သလိုနတ်ဘုရားတွေလည်း မဟုတ်ကြပါဘူး။ သူတို့က သဘာဝတရားကြီးရဲ့ နိယာမတွေကိုထိန်းသိမ်းသူတွေဖြစ်ပြီးတော့ လူ့လောကမဟုတ်တဲ့နေရာမှာ နေကြပါတယ်။ သူတို့လူမျိုးဆီမှာ ထုံးတမ်းတစ်ခုရှိပါတယ်။အသက် ၁၆ နှစ်ပြည့်သူတိုင်းက လင်းပိုင်နီတွေအဖြစ်နဲ့ဝဲကြီးကနေတစ်ဆင့် လူသားလောကကို ၇ ရက်တိတိသွားလေ့လာခွင့် ရကြပါတယ်။ ချွင်ဆိုတဲ့ ကောင်မလေးကလည်း ၁၆ နှစ်ပြည့်ပြီမလို့လင်းပိုင်နီလေးအဖြစ် လူ့လောကကိုသွားရောက်လေ့လာတော့တာပေါ့။လူ့လောကဘက်ကို စရောက်ချိန် ကမ်းစပ်နားမှာလူသားမောင်နှမနှစ်ယောက်ကို ချွင် ...
movie

Big Fish & Begonia (2016)

Animal (2014)
Animal (2014) ကောလိပ်ကျောင်းသားငါးယောက်ဖြစ်တဲ့ အလီဆာ၊သူ့ချစ်သူ မတ်၊ သူ့အဖေတူမအေကွဲအစ်ကို ဂျက်ဖ်နဲ့ ဂျက်ဖ်ကောင်မလေးမန်ဒီ၊ အားလုံးရဲ့သူငယ်ချင်း ရှောင် တို့ဟာ တောအုပ်ထဲကိုခြေလျင်တောင်တက် အပျော်ခရီး ထွက်ခဲ့ကြပါတယ်။အလီဆာနဲ့ဂျက်ဖ်တို့ငယ်စဉ်က သူ့အဖေနဲ့အတူသွားလေ့ရှိခဲ့တဲ့ ရေတံခွန်ကိုရှာရင်း အဲ့ဒီမှာတင် မိုးချုပ်သွားတဲ့အတွက် ကားဆီကိုလမ်းလျှောက်ပြန်လာချိန်မှာ တောရိုင်းတိရိစ္ဆာန်တစ်ကောင် ကိုက်ဖြတ်စားသောက်ထားတဲ့အလောင်းတစ်လောင်းရဲ့ အကြွင်းအကျန်တွေနဲ့အတူ အဲ့ဒီသတ္တဝါကြီးကိုပါ ရင်ဆိုင်တိုးမိချိန်မှာတော့..။သူတို့အားလုံး ခြေဦးတည့်ရာပြေးရင်းက တောအုပ်ထဲမှာ သစ်သားအိမ်တစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီအိမ်ထဲမှာလည်း သူတို့ထက်ကြိုရောက်နှင့်သူတွေရှိနေပြီး သူတို့ကိုယ်တိုင်ဟာလည်း ဒီသတ္တဝါရဲ့ရန်က လွတ်အောင်ပုန်းအောင်းနေတာဖြစ်တဲ့အတွက် အားလုံးစုပေါင်းပြီးအမည်မသိသတ္တဝါကြီးရဲ့ အန္တရာယ်ကလွတ်အောင် ကြိုးစားကြရတော့မှာပါ။creature feature ဇာတ်ကားတွေရဲ့ ဖော်မျူလာအတိုင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သတ္တဝါကြီးကိုပုံဖော်ထားတာတွေ၊ suspense တွေအားလုံး သေသပ်စနစ်ကျပြီး ဇာတ်လမ်းရော လှည့်ကွက်ပါမိုက်ပါတယ်။File size…(1.4 GB)/(670 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:22:00 Genre...Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

Animal (2014)

Billy Lynn’s Long Halftime Walk (2016) 7.1
Billy Lynn’s Long Halftime Walk (2016) Billy Lynn's ကို မတင်ခင် အညွှန်းရေးဖို့ အများကြီး စဉ်းစားမိတယ်...ရုပ်ရှင်က အညွှန်းထပ် အများကြီး ပိုလေးနက် နေတယ်...Lynn ဆိုတဲ့ စစ်သားလေးဟာ အီရတ် က စစ်မြေပြင်မှာသူ့ အရာရှိ တပ်ကြပ်ကြီးကို အသက်စွန့်ပြီးဝင်ကယ်နေစဉ်မီဒီယာ သတင်းထောက်တွေ ရဲ့ ကင်မရာမှာရိုက်ကူးမိပြီး နာမည်ကြီးသွားခဲ့ပါတယ်... သူနဲ့ အတူ သူတို့ တပ်ဖွဲ့ ကို ဘရာဗို လို့နာမည်ပေးခဲ့ပြီး နားရက် ၂ ပတ်ပေးခဲ့ကာသူတို့ မြို့တွင် အခန်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်.... ဒီအခန်း ရောက်တဲ့ အထိ ကျနော် မရှင်းသေးပါဘူးဇတ်လမ်းသဘောကိုလဲ နားမလည်နိုင်သေးဘူးအမြဲတမ်း ရိုးရိုးကုတ်ကုတ် နေထိုင်နေတဲ့Lynn ဟာလဲ ဘယ်လိုမျိုးလဲ မသိသေးပါဘူး... အဲ့ဒီအချိန်မှာပဲ ကြိုဆိုပွဲ အခန်းအနားကို လာခေါ်တဲ့ဇိမ်ခံကားပေါ်မှာပဲ Lynn ဟာ သူ့နောက်ကြောင်းကိုပြန်တွေးမိတဲ့ အခါ သူ့ရဲ့ အကြောင်း သူ့မိသားစုသူ စစ်တပ်ထဲ ဘာကြောင့်ဝင်ခဲ့ရတယ်ဆိုတာတွေ ပါလာပါတယ်... ဒီဇတ်ကားကို ဒီလောက်နဲ့ပဲ ပြောပြတာ ...
movie

Billy Lynn’s Long Halftime Walk (2016)

2016
The Scent of Green Papaya (1993) 7.3
The Scent of Green Papaya (1993) ၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာမူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာအိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ်သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြားသူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်းအရွယ်ရောက်ကြီးပျင်းလာတဲ့အချိန်တနေ့မှာတော့ သူ ငယ်ငယ်ကတည်းကကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာအစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ်ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေကြီးပျင်း ရင့်ကျက်လာတဲ့အချိန်ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲအဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ဒိုင်ယာလော့ဂ်များများစားစားမပါဘဲရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ဇာတ်လမ်းကိုသွားထားတာပါဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့Cinematography ကောင်းတဲ့အပြင်Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ်IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကိုရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲသူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလိုဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာGolden Camera, ...
movie

The Scent of Green Papaya (1993)

Taste of Cherry (1997) 7.7
Taste of Cherry (1997) Taste of Cherry ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တဲ့အချိန်မှာပထမဆုံး ပေါ်လာတဲ့အတွေးကတော့ Cherry onTop ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ဘဝကို ထပ်ပြီးပြည့်စုံသွားစေတယ်၊ ကောင်းမွန်တဲ့အရာအဖြစ်နဲ့Cherry ကို တင်စားကြပါတယ်။ဒီဇာတ်လမ်းမှာတော့ သူ့ရဲ့ဘဝဇာတ်သိမ်းကိုကိုယ်တိုင်အကောင်းဆုံးအဖြစ် အဆုံးသတ်နိုင်ဖို့ ချယ်ရီပင်အောက်ကို ရွေးချယ်ထားတဲ့လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ထိုလူလတ်ပိုင်းအရွယ် မစ္စတာဘာဒီး ဟာ သူ့အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မယ့် လူတစ်ယောက်ကိုကားတစ်စီးနဲ့ တယ်ရန်မြို့ထဲမှာ လိုက်ရှာနေခဲ့ပါတယ်။ အဲဒီအလုပ်အတွက်လည်းငွေကြေးအမြောက်အများပေးဖို့ စီစဉ်ထားပါတယ်။သူ့ရဲ့အကြံကတော့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့လူတစ်ယောက်ကိုသူစိတ်ကြိုက်ရွေးချယ် ထားတဲ့နေရာမှာ သူ့ကို မြှုပ်နှံပေးနိုင်ဖို့ပဲဖြစ်ပါတယ်။မစ္စတာဘာဒီး နဲ့ ကားလိုက်စီးရတဲ့သူတိုင်းဟာချယ်ရီပင်တစ်ပင်ရယ်၊ သူကိုယ်တိုင်တူးထားတဲ့ကျင်းတစ်ကျင်း ရယ်၊ မက်မောလောက်ဖွယ်ငွေကြေးရယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။လုပ်ရမယ့်အလုပ်က မစ္စတာဘာဒီးအနေနဲ့အိပ်ဆေးတွေ အကုန်သောက်ပြီး ကျင်းထဲမှာ ညကတည်းကလှဲနေမယ်။ အလုပ်လက်ခံသူအနေနဲ့ မစ္စတာဘာဒီးကို မနက် (၆) နာရီမှာ (၂)ခါလာခေါ်ရမယ်။ အသက်ရှိသေးရင် သူ့ကိုဆွဲထူမယ်၊ အသက်မရှိတော့ ရင်တော့ မြေဖို့ပေးဖို့ပါပဲ။ ဒီတစ်ရက်တည်းမှာပဲ မစ္စတာဘာဒီးဟာစစ်သားတစ်ယောက်၊ ဓမ္မစာသင်သားတစ်ယောက် နဲ့တိရစ္ဆာန်ရုပ်လုံးသွင်းသူ တစ်ယောက် တို့နဲ့ တွေ့ဆုံပြီးကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ပထမဆုံး (၂)ယောက်က ကြောက်လန့်ငြင်းဆန်သွားကြပေမယ့်တိရစ္ဆာန်ရုပ်လုံးသွင်းသူ မစ္စတာဘာဂယ်ရီကတော့သူ့ကလေးအတွက် ငွေကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။မစ္စတာဘာဂယ်ရီကတော့ ...
movie

Taste of Cherry (1997)

It Could Happen to You (1994) 6.4
It Could Happen to You (1994) IMDb-6.4 ~ Rt-71%ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ပါဝင်သရုပ်ဆောင်ထားပြီး old but goldရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာမျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီးအိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရောတာပွန်ကျေပွန်တဲ့ ‌ရဲအရာရှိတစ်ယောက်အနေနဲ့ပါနယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင်မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ်အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြားအမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ‌ယောင်္ကျားဖြစ်သူအက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကိုအကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီးဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကိုထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက်အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့်တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကိုတစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီးသူပေးခဲ့တဲ့ ကတိကိုတည်ဖို့ ...
movie

It Could Happen to You (1994)

The Other Boleyn Girl (2008) 6.7
The Other Boleyn Girl (2008) ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့ပြီးIMDb 6.5/ 10, rotten tomatoes 43% ရရှိထားတဲ့သမိုင်းနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော် Scarlett Johansson လည်းပါဝင်ထားပြီးမြင်နေကျမဟုတ်တဲ့ နူးညံ့ပြီး ဖြူစင်တဲ့ကောင်မလေးဇာတ်ရုပ်နဲ့မြင်ရမှာပဲဖြစ်ပါတယ်။ British ဝတ္တုရေးဆရာ Philippa Gregory ရဲ့ ဝတ္တုကိုပဲပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ကတော့ဒုတိယမြောက် Live action ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ၁၆ ရာစုရဲ့ နန်းတော်တွင်းနဲ့ ထီးနန်းဆက်ခံမှုအရှုပ်တော်ပုံတွေနဲ့အတူ Scandalous Family လို့ခေါ်ခံလိုက်ရအောင်ထိကို ပွေလီသွားခဲ့တဲ့ Boleyn မိသားစုရဲ့ပြဿနာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ဂုဏ်နဲ့ လှမာန်ကြွ၊ ထင်ရာစိုင်းတတ်တဲ့အန်းရဲ့ နယ်နှင်ခံရအပြီး တည်ငြိမ်ထက်မြက်တဲ့ပုံစံအကူးအပြောင်း၊မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ ဘုရင်မဘဝမှာစိတ်ရဲ့ခြောက်လှန့်ခြင်းခံနေရပြီး အမြဲထိတ်လန့်၊စိတ်မလုံခြုံဖြစ်နေရတဲ့ပုံစံ အကူးအပြောင်းတွေကတကယ်အံ့ဩ‌ဖို့ကောင်းလောက်အောင်ကို ကြည့်လို့ကောင်းတာပါပဲ။ သမိုင်းနောက်ခံဇာတ်လမ်းဖြစ်တဲ့အပြင် အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အနိမ့်အမြင့်စုံတဲ့ဇာတ်လမ်းအသွားကိုမြင်ရမယ့်လက်မလွတ်သင့်တဲ့ဇာတ်ကားလေးမို့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်‌နော်။ File size…      2.2 GB /    1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

The Other Boleyn Girl (2008)

A Cup of Flavor (2023)
A Cup of Flavor (2023) A Cup of Flavor (2023)အချစ်ဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲတဲ့။ ခါးသက်မှုနဲ့ ချိုမြိန်မှုတွဲဖက်နေတဲ့အရာပေါ့။ ကော်ဖီလိုပဲ စွဲလမ်းမှုပါပေးပါတယ်။ အချစ်ဆိုတာကို လူတွေဟာ သမိုင်းအဆက်ဆက် အဓိပ္ပာယ်ဖွင့်ဆိုကြပေမဲ့ ခုထိလဲ ဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူး နောက်လဲ အဖြေရှာတွေ့မှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ အချစ်ဆိုတာ အချစ်လို့ပဲ သတ်မှတ်လိုက်ပါ။ အချစ်ဆိုတာကို လူတွေအများကြီးက အဓိပ္ပာယ်ဖွင့်ဆိုကြတယ် တင်စားကြတယ် ဖွဲ့နွဲ့ကြတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှပြီးဆုံးတယ်ဆိုတာ မရှိပါဘူး။ လူတွေမှာ ခံစားတတ်တဲ့နှလုံးသားရှိနေသရွေ့ အချစ်ဆိုတာတည်ရှိနေမှာဖြစ်သလို အချစ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ ကဗျာတွေဟာလဲ အမြဲမရိုးနိုင်ဖြစ်နေဦးမှာပါ။ အချစ်ရဲ့အကြောင်းရာတွေကို ဇာတ်လမ်းဆင်ပြထားရတဲ့ ဇာတ်လမ်းလေးထဲမှာ ၂၀၂၃ တုန်းကထွက်ထားတဲ့ ဖိလစ်ပိုင် အချစ်ကားလေးကိုလဲသဘောကျမိမှာအမှန်ပါပဲ။အစ်စီဆိုတဲ့ကောင်မလေးဟာ ဖိလစ်ပိုင်က ကော်ဖီတွေစိုက်တဲ့ နယ်မြို့လေးမှာ နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ သူတို့မြို့လေးက ကော်ဖီခြံတွေကို မနီလာကနေလာတဲ့ သူဌေးတွေက ဝယ်ထားပြီး အဲ့ကကော်ဖီစိုက်သူတွေကိုလဲ အလုပ်ပေးထားတော့ မိရိုးဖလာ ကော်ဖီစိုက်တဲ့ တောင်သူတွေခက်ခဲကုန်ကြတာပေါ့။ တောင်သူတွေတော်တော်များများကလဲ နယ်မြို့လေးမှာ မနေတော့ပဲ မနီလာမြို့ကြီးကိုတက်ပြီး ပိုက်ရှာဖို့ ထွက်ကုန်ကြတာပေါ့။ သူတို့မြို့လေးဟာ ခက်ခဲပြီး ဒေသခံတွေလဲ မရှိသလောက် ခြောက်ကပ်နေတာပေါ့။ ဒါပေမဲ့ အစ်စီမှာ အိပ်မက်တစ်ခုရှိပါတယ် သူတို့မြို့လေးကို တိုးတက်အောင်ကူညီမယ်ဆိုတဲ့အိပ်မက်ပေါ့။ တစ်နေ့မြို့ထဲကို လမ်းပျောက်ပြီးရောက်လာတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ပြီးနောက် အစ်စီရဲ့ဘဝလေးထဲ ဒီလူကဘယ်လိုပါဝင်ပတ်သက်လာမယ်ဆိုတာ ...
movie

A Cup of Flavor (2023)

2023
Under the Silver Lake (2018) 6.8
Under the Silver Lake (2018) Under the Silver Lake (2018)IMDb Rating (6.5)ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်..ဖြတ်တော့မယ်။Crime, Drama ဆိုတော့ ခြောက်ခြားစရာဘာညာထင်ချင်စရာ...ဒါပေမယ့် မဟုတ်ပါဘူး။ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးကA24 က ထုတ်တဲ့ရုပ်ရှင်ဆိုတော့ သိသာထားလိုက်တော့။ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် ...
movie

Under the Silver Lake (2018)

2018
Calvaire (2004) 6.1
Calvaire (2004)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကိုဒါရိုက်တာ Fabrice du Welz ကရိုက်ကူးပုံဖော်ထားပြီးမင်းသား Laurent Lucas ,မင်းသမီး Brigitte Lahaie နဲ့မင်းသား Jackie Berroyer တို့ပါဝင်သရုပ်ဆောင်ထားတဲ့Calvaire ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ.ဒီဇာတ်ကားဟာ Special Juary Prize, Premier AwardInternational Critics Award နဲ့ Best Film Awardစတဲ့ဆုများစွာ ရရှိထားတဲ့အပြင် ဆန်ကာတင် စာရင်းတွေမှာပါပါဝင်ထားပြီး rating 6.1/10အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ အောင်မြင်တဲ့ သဘင်ပညာသည်တစ်ယောက်ဖြစ်ချင်နေတဲ့ မာ့စ်စတီဗင်ဆိုတဲ့ ကောင်လေးတစ်ယောက်ခရစ္စမတ်ပွဲတစ်ခုကို ဖျော်ဖြေဖို့အတွက် သွားတဲ့လမ်းမှာကားပျက်သွားပြီး တောထဲမှာ ဘိုရစ်ဆိုတဲ့ သူ့ရဲ့ခွေးမလေးဘဲလ်လာကို လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ပါတယ် အဲ့မှာတင် ဘိုရစ်ကညကြီး အချိန်မတော်မိုးကလည်းရွာနေတာ ဆိုတော့ မာ့စ်ကို အနီးအနားက တည်းခိုခန်းတစ်ခုကိုလိုက်ပို့ပေးလိုက်ပါတော့တယ် ဖြစ်ချင်တော့တည်းခိုခန်းပိုင်ရှင် အဖိုးကြီးက သူ့မိန်းမပြန်အလာကိုစောင့်နေတဲ့စိတ္တဆန်ဆန်ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်နေပါတယ်ဘာမှမသိတဲ့ မာ့စ်တစ်ယောက် အစကတော့ အဖိုးကြီးရဲ့ဖော်ရွေမှုတွေ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် သာယာမိနေပါတယ်အဖိုးကြီးကလည်း ...
movie

Calvaire (2004)

ManSuang (2024) 7
ManSuang (2024) မာန်စွမ် စံအိမ်တော်ရဲ့ အရှုပ်တော်ပုံ (၂၀၂၄)အစားကြမ်းတဲ့လူဆိုးလေးKinn Porsche အတွဲကိုမှ လွမ်းလှပါပြီဆိုတဲ့ ပရိသတ်ကြီးအတွက် ဒီCPအတွဲရဲ့ comeback movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ Kinn Porsche နဲ့မတူဘဲ ဒီဇာတ်ကားလေးမှာတော့ ၁၉ ရာစုအလယ် ဘုရင်ခေတ်နောက်ခံဇာတ်လမ်းနဲ့ ကြည့်ရှုခံစားရမှာပါ။ပက်လျူဆိုတဲ့ရွာလေးကနေ ကချေသည်လုပ်ဖို့ မြို့တက်လာတဲ့ ခမ်နဲ့ဝမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် လူတစ်ယောက် တိုက်ခိုက်ခံနေရတာကို ဝင်ကယ်ရာကနေ လူသတ်သမားအဖြစ် စွပ်စွဲခံရတဲ့ဘဝကို ရောက်သွားပါတော့တယ်။ အသတ်ခံရတဲ့သူက ဖရာယာဘိုဒီဆွန်ရဲ့တူဖြစ်ပြီး အပြစ်ကိုရှောင်လွှဲချင်ရင်တော့ အလဲအလှယ်အနေနဲ့ သက်စွန့်ဆံဖျား တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ဒီတာဝန်ကတော့ လက်ရှိဘုရင် နန်းသက်ကုန်ခါနီး ဘုရင်သစ်လည်းမ‌မြှောက်ရသေးတော့ မင်းသားတွေ အချင်းချင်းအားပြိုင်တဲ့ဒီကာလမှာ ပုန်ကန်ချင်တဲ့သူတွေ လက်နက်မှောင်ခိုဝယ်တဲ့သက်သေဖြစ်တဲ့ အရောင်းအဝယ်လျှို့ဝှက်စာချုပ်ကို "မာန်စွမ်" ဆိုတဲ့ ပြဇာတ်အဖွဲ့ရဲ့စံအိမ်တော်ကြီးကနေ ရှာပေးဖို့ပါပဲ။နဂိုထဲက အကကိုဝါသနာပါတဲ့ ခမ်နဲ့ဝမ်တို့ မာန်စွမ်မှာ‌ ထပ်ဆုံတဲ့ ချာတရာနဲ့အတူ နိုင်ငံရေးအားပြိုင်ပွဲ အာဏာလုပွဲထဲ ဘယ်လိုပတ်သက်မိမလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary & Char Ou ပဲ ဖြစ်ပါတယ်။Genre..... ...
movie

ManSuang (2024)

2024
G.I. Jane (1997) 6.0
G.I. Jane (1997)  ယောက်ျားမိန်းမ ခွဲခြားဆက်ဆံခြင်းဆိုတာ ဟိုးအရင်ကတည်းကနေအခုထက်ထိ ဆက်ရှိနေသေးတဲ့ပြဿနာကြီးတစ်ခုပါ။စစ်တပ်တွေထဲမှာလည်း အဲ့လိုခွဲခြားမှုတွေအများအပြားရှိခဲ့ပါတယ်။ယောက်ျားတွေက ဘယ်နေမှာမဆို တာဝန်ထမ်းဆောင်လို့ရပေမဲ့အမျိုးသမီးတွေကိုတော့ ကျန်တဲ့အရာတွေမကြည့်ဘဲ အမျိုးသမီးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာထူးနေရာတွေ လေ့ကျင့်ရေးတွေအများအပြားမှာ ပိတ်ပင်ခံခဲ့ရပါတယ်။အခုတင်ဆက်ပေးမဲ့ G.I Janeဆိုတဲ့ 1997 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားထဲမှာအဲ့လိုခွဲခြားမှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီးIMDb Rating 6.0 ရရှိထားတဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဇာတ်ကားတစ်ကားဖြစ်ပါတယ်။အိုနီးလ်ဆိုတဲ့ထောက်လှမ်းရေးမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်က တစ်နေ့မှာတော့အဲ့လိုခွဲခြား ဆက်ဆံမှုတွေကိုမကြိုက်တဲ့ အမတ်ကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလေ့ကျင့်ရေးက တော်ရုံလေ့ကျင့်ရေးမဟုတ်ဘဲ အမေရိကန်တစ်နိုင်ငံလုံးမှာအပြင်းထန်ဆုံး လေ့ကျင့်ရေးဖြစ်တဲ့အတွက် တော်ရုံယောက်ျားတွေပါလွယ်လွယ်ကူကူမကျော်ဖြတ်နိုင်တဲ့ လေ့ကျင့်ရေးတစ်ခုပဲဖြစ်ပါတယ်။အိုနီးလ်က မိန်းမသားဖြစ်ပေမဲ့ စိတ်ဓာတ်မာတဲ့အတွက် အဲ့ဒီလေ့ကျင့်ခန်းတွေအားလုံးကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့မလဲနောက်ဆုံးမှာရော သူအောင်မြင်ခဲ့မလား သူ့ကိုကူညီပေးခဲ့တဲ့အမတ်ကြီးကရော ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေကြောင့် ဒီလိုလုပ်ပေးခဲ့တာလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.07B / 962MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama , War Subtitle….Myanmar ...
movie

G.I. Jane (1997)

Earth and Blood (2020) 5.2
Earth and Blood (2020)  2020 တုန်းကထွက်ရှိခဲ့တဲ့ Netflix တန်းဝင်ပြင်သစ်အက်ရှင်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Earth And Blood ဖြစ်ပြီးIMDb Rating 5.2 လည်း  ရရှိထားပါတယ်..စစချင်းမှာရဲစခန်းကိုဓားပြတွေ ဝင်စီးနင်းနေတာကိုတွေ့ရမှာဖြစ်ပြီးအဲ့ဒီဓားပြတွေ လိုချင်တာကတခြားမဟုတ်ဘဲ ရဲစခန်းမှာသိမ်းဆည်းထားတဲ့ ကိုကိန်းတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီကိုကိန်းတွေကို ယူလာခဲ့ပြီးနောက်မှာ အဲ့ဒါတွေကိုရောင်းပြီး ဝေးရာလစ်ဖို့စီစဉ်ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒါတွေက သူတို့ပိုင်တဲ့ပစ္စည်းတွေမဟုတ်ဘဲ ပိုင်ရှင်ကသက်သက်ရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ဓားပြတွေထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့တစ်ယောက်က သစ်စက်မှာအလုပ်လုပ်နေတဲ့ ညီဖြစ်သူကိုခေါပြီး အဲ့ဒီဆေးတွေကိုသိမ်းထားခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့ ပိုင်ရှင်အစစ်အမှန်က အဲ့ဒီအကြောင်းကိုသိသွားပြီး သစ်စက်ကိုလိုက်လာတဲ့အခါမှာတော့ မဆီမဆိုင်သစ်စက်ပိုင်ရှင်တို့ မိသားစုမှာကြားညှပ်ကုန်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အက်ရှင် ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။  File size…770MB / 391MB Quality…WEB-Dl 1080p  / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Earth and Blood (2020)

Game On (2024) 8.1
Game On (2024) Game On 2024 (ဘဝကစားပွဲ)ဆစ်ဒဟာ့သ်လို့ ခေါ်တဲ့ကောင်လေးဟာ ဂိမ်းကုမ္ပဏီတစ်ခုမှာ မားကတ်တင်းပိုင်းတာဝန်ယူထားပြီး ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။သူ့ဘဝမှာလည်း အဖော်ဆိုလို့ အချစ်ဆုံးသူငယ်ချင်းရာဟူးလ်နဲ့ အချစ်ရဆုံးသောချစ်သူ မော့ခ်ရှာတို့နှစ်ယောက်ပဲ ရှိပါတယ်။ သူငယ်ချင်းကိုလည်း မရှိမဖြစ် အရမ်းချစ်သလို ချစ်သူကိုလည်း မျက်နှာလေးမညှိုးစေရအောင် အကုန်လိုက်ဖြည့်စည်းပေးနေတဲ့ ဆစ်ဒဟာ့သ်ကို သူ့ရဲ့ချစ်သူနဲ့ သူငယ်ချင်းက ပေါင်းပြီးတော့ သူ့ရဲ့ပရောဂျက်ကို လုယူပြီးအလုပ်ပြုတ်အောင်လုပ်ရုံတင်မကဘဲ နှစ်ယောက်သားဖောက်ပြန်ကြတာကိုသိသွားတာတောင် နောက်ထပ်မလုပ်ဘူးကတိပေးရင် ခွင့်လွှတ်ပေးမယ်ဆိုပြီးပြောတဲ့ ပုခုံးကောင်းကောင်းဂျိုပေါက်နေတဲ့ဆစ်ဒဟာ့သ်။ဒီလိုနဲ့ ဘဝမှာ အလုပ်ရော ချစ်သူကိုပါ ဆုံးရှုံးခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လုပ်ဖို့ ထွက်လာတဲ့လမ်းမှာတောင် ဓားပြက တိုက်ခံရသေးတယ်။ သူ့ရဲ့အဖြစ်ဆိုးလှတဲ့ဘဝကြီးကို ထိုင်တွေးနေရင်း ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်... အဲဒီဖုန်းကောလ်ကတော့ ငယ်ငယ်က ဆော့တဲ့ဂိမ်းတွေလိုမျိုး မစ်ရှင်တွေလုပ်ပြီး အောင်မြင်ရင် တကယ့်ပိုက်ဆံရမယ့်ဂိမ်းပဲဖြစ်ပါတယ်။ အစပိုင်းမှာ ယင်ကောင်သတ်တာမျိုး ကလေးကိုငိုအောင်လုပ်ရတာမျိုးလို မစ်ရှင်သေးသေးလေးတွေလုပ်ရင်း ပိုက်ဆံရနေပေမဲ့ နောက်ပိုင်းမှာရော ဘယ်လိုမစ်ရှင်တွေ လုပ်ဆောင်ရမလဲ ....... ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Game On (2024)

2024
The Invisible Guest ( 2024 ) 6.1
The Invisible Guest ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကို တရုတ်ပြည်မှာနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ The Invisible Guest ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းကတော့ နာမည်ကြီးအဆောက်အဦးဒီဇိုင်းပညာရှင်မင်ဟောက်က မြန်စွေရဲ့ ဟိုတယ်တစ်ခုမှာအသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်နေရာမှာပဲ အိမ်ခြံမြေလောကရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ ရှားလုပ်ငန်းစုရဲ့ချွေးမဖြစ်သူ ချောင်ဝန်နာ့ကိုသံသယရှိသူအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ ချောင်ဝန်နာ့ကတချိန်လုံးသူ မသတ်ခဲ့ကြောင်းငြင်းဆန်ရင်း တနေ့မှာ ကျန့်ဝေ့ဆိုတဲ့ရဲအရာရှိတစ်ယောက်ကသူ့ကိုကူဖို့ အကြောင်းဖန်လာခဲ့တယ်။အကြောင်းရင်းကတော့ ရဲအရာရှိကျန့်က ချောင်ဝန်နာ့လူသတ်ခဲ့တယ်ဆိုတာသံသယဝင်နေတာကြောင့်ပဲပေါ့။ ကဲဒီတော့ မင်ဟောက်ကိုသတ်တာကဘယ်သူများလဲ။ ဒီအမှုကကောဘယ်လိုတွေ ပတ်သက်နေတာလဲ။ ဘယ်သူတွေပတ်သက်နေတာလဲ။ ဘာကြောင့်လဲစတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရာတွေအတွက် ဒီဇာတ်ကားလေးကိုအတူတူကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 46 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Invisible Guest ( 2024 )

Family (2023)
Family (2023) Family 2023 (မိသားစု) IMdb 6.9ဖခင်ဖြစ်သူပျောက်ဆုံးသွားပြီးနောက်မှာ မာကိုတိုနဲ့အမေဖြစ်သူတို့ကမွေးရပ်မြေကိုစွန့်ခွာပြီးတော့ နေရာသစ်ဆီ အပြောင်းအလဲသစ်တွေအတွက်ထွက်လာခဲ့ကြတယ်ခန်းဂျီးဆိုတာကတော့ ဇနီးဖြစ်သူနဲ့တိတ်ဆိတ်တဲ့ဘဝလေးတစ်ခုမှာ အေးဆေးစွာနေထိုင်သူတစ်ယောက်ပေါ့ တာကဲအိုဆိုတာကတော့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီးတော့ ကလေး၂ယောက်ကို သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးနေသူတစ်ယောက် ယွန်ချီဆိုတာကတော့ မိဘအိမ်ကိုနှစ်တွေကြာပြီးတော့မှပြန်ရောက်လာခဲ့သူတစ်ယောက် ..ဇာတ်လမ်းကတော့ ဒီမိသားစု၄ခုက လူ၄ယောက်နဲ့အစပြုထားပါတယ် တစ်ယောက်ချင်းစီတိုင်းမှာ ဘယ်လိုအကြောင်းမျိုးတွေကိုယ်စီကြုံရမလဲ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ ဘာတွေတွေ့ကြုံရမလဲ ဘယ်လိုတွေပတ်သက်နေမလဲဆိုတာကိုတော့...( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်) File size…2.7GB / 800MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 22mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Family (2023)

2023