Channel Myanmar

Drama

It Gets Better (2012) 7.1
It Gets Better (2012) "It Gets Better" (2012)ဇာတ်ကားလေးရဲ့ထိုင်းနာမည်အတိုင်း လိင်ပြောင်းအမျိုးသမီးလေးတွေက "ဘယ်သူ့ကိုမှ ငါတို့ကိုလာချစ်ပေးဖို့မတောင်းဆိုဘူး သူတို့ရဲ့ဖြစ်တည်မှုကို စာနာ နားလည်ပေးရင် ကျေနပ်ပါပြီ" ဆိုတဲ့ “ไม่ได้ขอให้มารัก” (Mai Dai Khor Hai Maa Rak)ဒါ့အပြင် ဒီဇာတ်ကားက လိင်တူချစ်ကြိုက်မိခြင်းက ဖြစ်ပေါ်လာတဲ့ ခံစားချက်ကြောင့် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကြား စိတ်ဆန္ဒတွေ၊ အတွေးများစွာနဲ့ ဗျာများခဲ့ရပုံ၊ လိင်ပြောင်းအမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဂရုဏာသက်ဖွယ် သူတို့ရဲ့ဘဝ ဇာတ်ကြောင်းအစုံအလင် မသက်ဆိုင်တဲ့ storyline 3 ခုကို ဟန်ချက်ညီညီ ပေါင်းစပ်ရိုက်ကူးပြသထားပါတယ်။ပထမဆုံးအနေနဲ့ အဖေဖြစ်သူတည်ထောင်ထားတဲ့ ဂေးဘားကို အမွေဆက်ခံဖို့ရောက်လာတဲ့ ကောင်ချောလေး သွန့်မိုင်နဲ့ လိင်ပြောင်အမျိုးသမီးလေးတွေကြားက အချစ်ဇာတ်လမ်း၊ဒုတိယမြောက်ဇာတ်လမ်းအနေနဲ့ ငယ်စဉ်ကတည်းက မိန်းကလေးစိတ်ပေါက်နေတဲဒင်းကို ဖအေဖြစ်သူက ကိုရင်ဝတ်ခိုင်းရင်း ဘုန်းကြီးကျောင်းက ဦးပုဇဉ်းတစ်ပါးကိုသဘောကျမိပြီး ကလေးပီပီ ချဉ်းကပ်ပုံလေးတွေနဲ့အတူနောက်ဆုံး နယ်ဘက်က အဖေဖြစ်သူဆီ ခဏခဏသွားချောင်းရင်း လိင်ပြောင်းအမျိုးသမီးကြီးဆာထန်နဲ့ တောသားလေးကြားက ဇာတ်လမ်းလေးတွေကိုရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Laila ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.3GB ...
movie

It Gets Better (2012)

2012
Dark Blue Almost Black (2006) 7.1
Dark Blue Almost Black (2006) IMDb 7.1% Rotten Tomatoes 70%rating လည်းကောင်း ကြည့်လို့လည်း ကောင်းမယ့် စပိန် dark/comedy ကားလေးဖြစ်ပါတယ်လိင်ဆက်ဆံခန်းတွေနဲ့ အသုံးအနှုန်း တချို့ပါတာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူးဇာတ်လမ်းအကျဉ်းကတော့Jorge ဆိုတဲ့ လူငယ်လေးတစ်ယောက်က လူမမာအဖေကို ပြုစုပေးရပြီး စီးပွားစီမံဘွဲ့ကို ၇ နှစ်ကြာ ကြိုးစားယူထားပေမဲ့ အတွေ့အကြုံမရှိလို့ တံခါးစောင့်အလုပ်နဲ့ပဲ ဘဝ လမ်းဆုံးနေသူတစ်ယောက်ပါ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ crush လေးတစ်ယောက် ဂျာမနီမှာ ကျောင်းတက်ပြီး ပြန်လာပေမဲ့ သူ့စိတ်ထဲမှာတော့ ကောင်မလေးနဲ့ယှဉ်ရင် သိမ်ငယ်ရတယ်လို့ အမြဲခံစားရပါတယ်ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ အန်တိုနီယိုက ထောင်ထဲမှာ "Paula" ဆိုတဲ့ အကျဉ်းသူတစ်ယောက်နဲ့ ကြိုက်မိသွားပြီး ဒချိပါတော့တယ် Paula ရဲ့ရည်ရွယ်ချက်က ထောင်ထဲမှာ တခြားအကျဉ်းသူတွေ အနိုင်ကျင့်တာမခံရအောင် "မိခင်နှင့်ကလေး" အဆောင်ကို ပြောင်းခွင့်ရဖို့ ကိုယ်ဝန်ရချင်တာပါဒါပေမဲ့ ကံဆိုးချင်တော့ Jorge အစ်ကိုက မြုံနေပြီး သူ့ကောင်မလေးကို ကိုယ်ဝန်ရအောင်လုပ်ပေးဖို့ ညီဖြစ်သူ ...
movie

Dark Blue Almost Black (2006)

Beautiful Wedding (2024)
Beautiful Wedding (2024) Beautiful Wedding(2024) ============ Romance, Comedyဒီခေတ်စကားနဲ့ပြောရရင် အတော်ဆိုးတဲ့ Red Flag နှစ်ယောက်ရဲ့ အရမ်းလှပတဲ့ မင်္ဂလာပွဲလေးကိုကြည့်ရှုရမှာဖြစ်ပါတယ် ဒါပေမယ့် သာမန်ချစ်ကြိုက်ကွဲငြား ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး အလွဲအလွဲအချော်အချော်နဲ့ ဆုံလာမိတဲ့ လူနှစ်ယောက်ကနေ ဘဝရဲ့ဖူးစာဖက်တွေဖြစ်သွားတဲ့အကြောင်းပါပဲ လက်စ်ဗေးဂတ်စ်မှာ one night stand အဖြစ်မူးရူးသောင်းကျန်းပြီး မနက်အိပ်ယာနိုးတဲ့အချိန်မှာ လက်ထပ်လက်မှတ်ထိုးပြီးသားဖြစ်နေတဲ့ ထရက်ဗစ်နဲ့ အက်ဘီဟာ သူငယ်ချင်းစုံတွဲဖြစ်တဲ့ မဲရ်နဲ့ ရှက်ပလီတို့နဲ့အတူ ပျားရည်ဆမ်းခရီးအဖြစ် မက္ကဆီကိုကို ထွက်လာပါတယ် သူတို့အိမ်ထောင်ရေးကို ထပ်ပြီးရှေ့ဆက်မလား အဆုံးသတ်မလား တစ်ယောက်ကိုတစ်ယောက် အဖြေရှာအကဲခပ်ဖို့အတွက် ထွက်လာခဲ့ကြတဲ့ ခရီးဆိုလည်းမမှားပါဘူး....ဒီခရီးမှာ ထင်ထားသလို အဆင်ချောနေတာတော့မဟုတ်ပါဘူး ဖဲရိုက်တော်တဲ့ အက်ဘီက ဒေါ်လာသန်းနဲ့ချီပြီး ကာစီနိုဝိုင်းမှာ ဖဲနိုင်လာတာကို မကျေနပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုကလည်း နောက်ကနေလိုက်လာပါတော့တယ်... အက်ဘီနဲ့ ထရက်ဗစ်ရဲ့ မင်္ဂလာအစစ်အမှန်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Romance ဇာတ်လမ်းတွေမှာ မြင်ဖူးနေကျ သရုပ်ဆောင်တွေဖြစ်တဲ့ Dylan Sprouse , Virginia Gardner , Austin North တို့က ပါဝင်အားဖြည့်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ...
movie

Beautiful Wedding (2024)

Bleeding Love (2023) 5.5
Bleeding Love (2023) Bleeding Love (2023)အမေတွေကသားတွေကို အချစ်ဆုံးဖြစ်ပြီးတော့ အဖေတွေက သမီးတွေကိုအချစ်ဆုံးပဲဆိုတာ လူတိုင်းအသိပါပဲ။ "ထူးအိမ်သင်" လိုပေါ့ ... သမီးလေးမျက်နှာနဲ့ လောကကြီးကိုအံတုရဲတယ်ဆိုတာ ဖခင်တွေပါပဲ။ မိန်းမအတွက်နဲ့ အသောက်စားအပျော်ပါး မလျော့ကြတဲ့ ယောကျာ်းလေးတွေဟာ သမီးလေးအတွက်နဲ့ ဆေးလိပ်တွေ အရက်တွေဖြတ်ပြီး အလုပ်တွေကြိုးစားကြသူတွေပါ။ ဒီလို အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာလေးတွေကို ကြည်နူးစရာကောင်းအောင် ရိုက်ကူးထားတဲ့ ၂၀၂၃ ခုနှစ်ထွက် Bleeding Love ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ အပြင်တကယ့်လက်တွေ့ဘဝမှာလဲ သားအဖအရင်းတွေဖြစ်ကြပါတယ်။ အဓိကသရုပ်ဆောင်အနေနဲ့က အဖေအဖြစ်နဲ့ကလေးဆိုးတွေထိန်းကျောင်းပေးနေကျဖြစ်တဲ့ မင်းသားကြီး Ewan McGregor (အိုဘီဝမ်ကီနိုဘီ) ဖြစ်ပြီးတော့ သမီးဖြစ်သူကတော့ တက်သစ်စမင်းသမီးဖြစ်တဲ့ Clara Mathilde McGregor ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဖေဖြစ်သူကနေ မူးယစ်ဆေးစွဲပြီး ဆေးလွန်နေတဲ့သမီးဖြစ်သူကို ပြန်လည်ထူထောင်ရေးကို ပို့ပေးဖို့ ဇနီးဟောင်းကနေ အကူညီတောင်းလာခဲ့ပါတယ်။ ခက်တာက အဖေနဲ့သမီး စကားမပြောဖြစ် မတွေ့ဖြစ်ခဲ့ကြတာ နှစ်အတော်ကြာနေပြီးမှ ခုလိုရုတ်တရက်ပြန်တွေ့ရတာပါပဲ။ ဖခင်က စွန့်ပစ်သွားတယ်ဆိုပြီး Truama ရနေတဲ့သမီးဖြစ်သူနဲ့ ငယ်ရွယ်စဉ်က ဆိုးခဲ့မိုက်ခဲ့ပြီး အရက်ပါစွဲနေခဲ့တဲ့အဖေဖြစ်သူ ကားတစ်စီးနဲ့ နှစ်ယောက်သားအတူတူ အမေရိကန်က အဝေးပြေးလမ်းမပေါ်မှာ သူတို့ကြားက အဖုထစ်တွေ မကျေလည်တာတွေကို ...
movie

Bleeding Love (2023)

2024
Dummy (2002) 6.6
Dummy (2002) Dummy (2002) ============== IMDb Rating - 6.6/10ဒီဇာတ်ကားလေးကတော့ The Pianist နဲ့ Oscar ရခဲ့တဲ့ Adrien Brodyတို့၊ Resident Evil မင်းသမီးကြီး Vera Farmiga တို့အပြင် Resident Evil မင်းသမီး Milla Jovovich ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance-Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ 2000ခုနှစ်အငွေ့အသက်တွေအများ ကြီးပါပြီး အဲဒီခေတ်ကခေတ်စားတဲ့ pop-rockဇာတ်ဝင်တေးလေးတွေနဲ့ Nostalgicဖြစ်ဖြစ်နဲ့ ခံစားကြည့်ရှုရမယ့် ကားဟောင်း၊ကားကောင်းလေးတစ် ကားပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စတီဗင်က ငယ်ငယ်ကတည်းက ရုပ်သေးနဲ့ အသံတုလုပ်ပြီးဖျော်ဖြေသူတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် သာမန်အလုပ်လေး တစ်ခုမှာပဲ လုပ်နေခဲ့တဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာသူငယ်ချင်းဆိုလို့ သူနဲ့ဘဝတူ မိဘအိမ်မှာပဲနေနေတဲ့ အဆိုတော်ရူးမလေး တစ်ယောက်ပဲရှိပါတယ်။ စတီဗင်တစ်ယောက် အလုပ်ထွက်ပြီး အိပ်မက်နောက် လိုက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ သူကြုံရတဲ့အခက်အခဲတွေကြားထဲကနေ မိန်းက လေးတစ်ယောက်ကိုပါ သဘောကျမိသွားပြန်ပါသေးတယ်။ အလုပ်အကိုင်မယ် မယ်ရရမရှိ၊ မိဘအိမ်မှာနေနေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ဘဝအကြောင်း တွေ၊ မိသားစုပြဿနာတွေနဲ့ တခြားလေးနက်တဲ့အကြောင်းအရာတွေကို တင်ဆက် ထားလို့ Rom-Comဆိုပေမယ့် Dramaအရသာတွေလည်းခံစားရမယ့် ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်)File Size..........(1.95 GB) / (792 ...
movie

Dummy (2002)

2002
Anwar: The Untold Story (2023)
Anwar: The Untold Story (2023) Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie

Anwar: The Untold Story (2023)

2023
Ambajipeta Marriage Band (2024) 6.8
Ambajipeta Marriage Band (2024) Ambajipeta Marriage Band (2024) "အမ်ဘာဂျီပါတာ ရွာကလေး"IMDb 6.8 ရထားတဲ့ တေလဂူးစကားပြော ကျေးလက်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်...ရယ်ရရုံသက်သက်မဟုတ်ပဲ လူ့အဖွဲ့အစည်းအကြောင်းကို ဗဟိုပြုပြီး ဇာတ်လမ်းဆင်ထားတာမို့ ဇာတ်ကွက်ကိုပါ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းကို ၂၀၀၀ ကာလက အမ်ဘာဂျီပါတာ ဆိုတဲ့ ရွာကလေးကို နောက်ခံထားပြီး အဓိက ဇာတ်ကောင်တွေကတော့ မာလီနဲ့ ပက်ဒါတို့ အမွှာမောင်နှမ ၂ ယောက်ပါ သူတို့အဖေက ဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်ပြီး မာလီက မင်္ဂလာဆောင်တွေရဲ့ တီးဝိုင်းမှာလိုက်တီးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်...ပက်ဒါကတော့ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ... သူတို့ရွာမှာ အားလုံးကြောက်ရတဲ့ သူဌေးဖြစ်တဲ့ ဗန်ကတ် ဆိုသူလည်း ရှိပါတယ် သမီး အချိန်ပြည့်အလုပ်ရဖို့ ဖခင်က ဗန်ကတ်ကို အပူကပ်ခဲ့ရာကနေ ဗန်ကတ်နဲ့ ပက်ဒါတို့ နှစ်ယောက်ကို တစ်ရွာလုံးက အတင်းအဖျင်းတွေ ပြောလာတဲ့အခါမှာ ...အတားအဆီးတွေနဲ့ လူ့ဘဝဇာတ်ခုံ၊ ဇာတ်နိမ့်ဇာတ်မြင့် ကွာခြားပုံ၊ လူ့အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်ရပုံတွေအပြင်.... ဟာသဇာတ်လမ်းတစ်ခုကနေ မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်လေးကို ...
movie

Ambajipeta Marriage Band (2024)

2024
Memory (2023) 6.7
Memory (2023) Memory (2023)~ IMDb - 6.7/10, RT - 84%, Meta - 72% ~လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ ...
movie

Memory (2023)

2023
4K HEVC
22 Bullets (2010) 6.6
22 Bullets (2010)  ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကိုအခြေပြုပြီးရိုက်ကူးထားတာပါ...။လက်တွေ့ဘဝမှာဆိုရင် "Jacky Imbert"၊ ရုပ်ရှင်ထဲမှာဆိုရင်တော့"ချာလီမာတီ"ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့်ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး...။ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာဘယ်သူတွေမှန်းသိအောင်ရှာကာတစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်...။ File size…2.17GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

22 Bullets (2010)

Dark Blue (2002) 6.6
Dark Blue (2002) အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ...
movie

Dark Blue (2002)

Life, Animated (2016) 7.4
Life, Animated (2016) ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့“အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကိုထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီးရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီးဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကိုရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကိုရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင်ဖန်တီးထားတာမဟုတ်ပါဘူး။ကျွန်တော်သေချာပြောနိုင်တာတစ်ခုကဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။  ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်...အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီးတက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက်အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုးသွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီးအရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီးမိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီးစကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက“Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့... အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ?အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ?ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက်ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကိုအတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ.... File size…    1.1 GB /  630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Life, Animated (2016)

They Want Me Gone (2022)
They Want Me Gone (2022)  ဒီဇာတ်ကားကတော့ 2022က ထွက်ရှိခဲ့တဲ့ Psychological, Drama ဇာတ်ကားအမျိုးအစားလေးပါ။ဒီကားထဲမှာတော့ သမီးဖြစ်သူကို ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်းပြုစုပျိုးထောင်ရတဲ့ အမေတစ်ယောက်ရဲ့ အခက်အခဲပေါင်းများစွာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ်ဇာတ်လမ်းအညွှန်းကိုပြောပြရရင်တော့ မိုနီကာဟာ ယောကျာ်းဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီးနောက် သမီးဖြစ်သူကိုခေါ်ခဲ့ကာ ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်း ရုန်းကန်ပြီးတော့ သူ့သမီးလေးကို စောင့်ရှောက်နေခဲ့ပါတယ်။ နှစ်များစွာ ရုန်းကန်ပြီးတဲ့နောက်မှာ ခက်ခဲမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မတောင့်ခံနိုင်တော့ပဲ မြို့ကထွက်သွားဖို့စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ အရာရာအကြောင်းကြောင်းကြောင့် ထွက်မသွားနိုင်ခဲ့တဲ့အပြင် သူအရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ရာအ‌ဖြစ်အပျက်နဲ့ ကြုံတွေ့ရပြီးနောက်မှာတော့ စိတ်ဖိအားတွေနဲ့ မွန်းကြပ်မှုတွေအောက်မှာ ခံနိုင်ရည်မရှိတော့ပဲ သူ့ရဲ့တစ်ခုတည်းတော့ထွက်ပေါက်ဖြစ်တဲ့ မြို့ကထွက်သွားနိုင်ဖို့ကိုပဲ စဉ်းစားနေခဲ့ပြီး ဘယ်သူတွေပဲ လာနှောင့်ယှက်ပါစေ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(939 MB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

They Want Me Gone (2022)

A Letter From Mars(2003) 7.0
A Letter From Mars(2003) A Letter From Mars(2003)************************** ဆိုဟီးဆိုတဲ့ ကလေးမလေးဟာ ဆုံးပါးသွားတဲ့ အဖေကို အင်္ဂါဂြိုလ်သွားတယ်ထင်ပြီး အင်္ဂါဂြိုလ်ကို စာတွေ အမြဲပို့နေခဲ့တယ် ....သူစာတွေ ပို့တိုင်းလည်း သူ့ကို ငယ်ငယ်ကတည်းက ကြိတ်ချစ်ခဲ့ရတဲ့ ဆွန်းဂျယ်က သူ့အဖေအဖြစ်ဟန်ဆောင်ကာ အင်္ဂါဂြိုလ်ပေါ်မှ စာပြန်ပို့သလို ပြန်ရေးပေးလေ့ရှိတယ် ...တစ်နေ့မှာ ဆိုဟီးဟာ ဆိုးလ်မြို့ပေါ်က အဒေါ်အိမ်ကို ပြောင်းသွားပြီးအချိန်အတော်ကြာတဲ့အထိ ရွာလေးဆီ ပြန်မလာခဲ့ဘူး ရွာမှာကျန်ခဲ့တဲ့ ဆိုဟီးရဲ့ အဘွားကိုလည်း ဆွန်းဂျယ်ကပဲ စောင့်ရှောက်ပေးနေခဲ့တယ်...တစ်နေ့မှာ ဆိုဟီးက ရွာကို ပြန်လာခဲ့ရာ ဆွန်းဂျယ်နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်..ဒီနောက်မှာတော့ ဆိုဟီးဟာ သူမျှော်လင့်ထားတာနဲ့ တခြားစီဖြစ်နေတဲ့အခါမှာတော့...File Size :2,3GB, 867MB Quality : WEB-DL1080p,720p Format…mp4 Duration…01:47:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ‌Miri Encoded by Phyo Pyae
movie

A Letter From Mars(2003)

Peace in the Valley (2022)
Peace in the Valley (2022) အက်ရှလေနဲ့ ဂျွန်တို့ဟာ သားလေးဖြစ်သူ ဂျက်ဆီနဲ့အတူနေကြပြီး ပျော်ရွှင်တဲ့မိသားစုလေးပါ။တစ်နေ့မှာ မိသားစုလိုက် ဈေးဝယ်သွားကြရင်း ကုန်တိုက်ကို ဓားပြတိုက်တာနဲ့တိုးသွားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဂျွန်တစ်ယောက်လည်း ‌ေ-သနတ်မှန်ကာ ဆုံးပါးသွားခဲ့ပါတယ်။ ကုန်တိုက်မှာရှိနေတဲ့လူတွေကို ကယ်တင်နိုင်ခဲ့လို့ လူစွမ်းကောင်းတစ်ယောက်အနေနဲ့ သတ်မှတ်ခဲ့ကြပေမဲ့ ကျန်ရစ်ခဲ့တဲ့ ဇနီးသည် အက်ရှလေနဲ့ သားဖြစ်သူ ဂျက်ဆီတို့ဖြတ်ကျော်ရတဲ့နေ့ရက်တွေကတော့ မလွယ်ကူခဲ့ပါဘူး။ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း အက်ရှ‌လေတစ်‌ယောက် သားလေး ဂျက်ဆီကို ဘယ်လိုဆက်ပျိုးထောင်သွားမလဲ၊ သူကိုယ်တိုင်ရော ရှေ့ဆက်နိုင်ပါ့မလား၊ ရှင်ကျန်သူတို့ရဲ့ အပြစ်စိတ်ကိုရော ဘယ်လို ကျော်လွှားဖို့ ကြိုးစားရမလဲဆိုတာကို ဆက်လက် ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.2 GB)/(638 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Peace in the Valley (2022)

Together 99 (2023)
Together 99 (2023) ဒီဇာတ်ကားလေးမှာတော့ ယိုရန်နှင့် ကလာ့ဆီအပါအဝင် သူတို့သူငယ်ချင်းအုပ်စုဟာ ၁၉၇၅ မှာ “အတူတကွ” ဆိုတဲ့ အနုပညာအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပြီး စိတ်တူကိုယ်တူ ကြိုးစားရုန်းကန်ခဲ့ကြပေမယ့် အရွယ်တစ်ခုရောက်လာတဲ့နောက်ပိုင်းမှာ ကျန်တဲ့အဖွဲ့ဝင်တွေက ကိုယ့်အလုပ်လမ်းကြောင်းနဲ့ကိုယ်ဖြစ်သွားတဲ့အတွက် ခွဲခွာခဲ့ကြရပြီး “အတူတကွ” အဖွဲ့မှာလည်း ယိုရန်နှင့် ကလာ့ဆီ နှစ်ယောက်ပဲ ကျန်ရှိပါတော့တယ်။ဒီလိုနဲ့ ၁၉၉၉ မှာမှ ယိုရန့်မွေးနေ့ကို အကြောင်းပြုပြီး အချိန်အကြာကြီးကွဲကွာနေခဲ့ကြတဲ့ သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ကြပုံတွေ၊ ငယ်ကျိုးငယ်နာတွေ၊ အမှတ်တရတွေကို တသီတတန်း စကားတွေဖောင်ဖွဲ့ပြောကြရင်းက ပြန်လည် အမှတ်ရလွမ်းဆွတ်ပုံတွေကို ဆွတ်ပျံ့အားကျဖွယ်ရာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ခုနှစ်က မူရင်းဇာတ်ကားကို သရုပ်ဆောင်အသစ်တွေနဲ့ ၂၀၂၃ မှာ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး အမာခံကြည့်ရှုသူပရိတ်သတ်တွေကတော့ မူရင်းဇာတ်ကားကို ပိုသဘောကျကြောင်း အငြင်းပွားကြတာတွေ ရှိခဲ့ပေမယ့် တော်တော်လေး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေသံယောဇဉ်ကို ကောင်းစွာ ဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.3 ...
movie

Together 99 (2023)

Story Ave (2023)
Story Ave (2023) Kadir ဆိုတဲ့ လူငယ်လေးက OTL လို့ခေါ်တဲ့ ဂရပ်ဖီတီတွေ လိုက်ရေးတဲ့ လူငယ် street gang တစ်ခုထဲကအဖွဲ့ဝင် အရမ်းဖြစ်ချင်နေသူပါ။Kadir မှာ မသန်စွမ်း ညီလေး တစ်ယောက်ရှိပေမယ့် အဲ့ဒီညီလေးက Kadir ရဲ့ စောင့်ရှောက်မှု အောက်မှာ ဆုံးသွားခဲ့ရတဲ့အတွက် သူ့ကိုယ်သူ အမြဲ အပြစ်ရှိနေသလို ခံစားနေရပါတယ်။ တစ်နေ့မှာသူတို့အဖွဲ့ရဲ့ ဂိုဏ်းချုပ်ကြီး Skemes ဆိုသူဆီ သွားပြီး အဖွဲ့ဝင်အဖြစ် လက်ခံပေးဖို့ ပြောပေမယ့် ဟိုကသူ့ကို တာဝန် ပေးအပ်လိုက်ပါတယ်။ ဘာလဲဆိုတော့ သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်ရမှာပါ။ အဲ့ဒီက ရတဲ့ငွေနဲ့ ဂရပ်ဖီတီ ဆွဲဖို့ ဆေးဘူးတွေ ဝယ်ရမယ် လို့ပြောခဲ့ပါတယ်။ဒါနဲ့ အတွေ့အကြုံမရှိတဲ့ Kadir တစ်ယောက် Luis ဆိုတဲ့ လူအိုကြီး တစ်ယောက်ကို ဓားပြတိုက်ခဲ့ပေမယ့် သဘောကောင်းတဲ့ Luisက Kadir ကို ပိုက်ဆံကြည်ကြည်ဖြူဖြူ ...
movie

Story Ave (2023)

Blue Star (2024) 7.5
Blue Star (2024) Blue Star (2024) "ရန်ဘက်"IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့ တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ် လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလ ကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ်အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကို မရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်း တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ် မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီး ရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ်လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က ...
movie

Blue Star (2024)

2024
[18+]An Affair: My Wife’s Friend 2(2019)
[18+]An Affair: My Wife’s Friend 2(2019) [18+]An Affair: My Wife's Friend 2(2019)**************************************အကိတ်အလန်းတွေ နှစ်ပင်လိမ် ၃ ပင်လိမ်အခန်းအလန်းတွေကြည့်ရမှာဖြစ်ပါတယ်...အိမ်နဲ့ကုမ္ပဏီက ဝေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လုပ်ငန်းခွင်ကအထက်လူကြီးရဲ့အိမ်မှာ နေဖိုဖြစ်လာခဲ့တဲ့ဟျွန်းဆူ ဟယ်ဂျင်းမှာ အိမ်ထောင်ရှိပြီးတော့ လုပ်ဖော်ကိုင်ဖက်ဆိုတဲ့အကြောင်းပြချက်နဲ့ ဟျွန်းဆူနဲ့ ဖောက်ပြန်နေတာပဲဖြစ်ပါတယ် ဟယ်ဂျင်းရဲ့သူငယ်ချင်းဖြစ်သူကလည်း အလုပ်ထွက်ခဲ့ပြီးဟယ်ဂျင်းအိမ်မှာ လာနေဖို ဆုံးဖြတ်လိုက်တဲ့အခါ ဇနီးမောင်နှံနှစ်ယောက်၊သူငယ်ချင်းဖြစ်သူ၊ လုပ်ဖော်ကိုင်ဖက်ကြားက လေးပွင့်ဆိုင်ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်လာကြမလဲFile Size 1.8GB, 720MB Quality : WEB-DL720p Format…mp4 Duration…01:12:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS
movie

[18+]An Affair: My Wife’s Friend 2(2019)