Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
5.8
The Uninvited (2003)
ဂျောင်ဝန်းတစ်ယောက် ရထားစီးလာရင်း နဲ့ ကလေးမနှစ်ယောက်ကို ဒီတိုင်းတွေ့လိုက်တယ်အစကတော့ သတိအမှတ်မဲ့နေရင်း ဂိတ်ရောက်တော့ ပုံမှန်အတိုင်းပဲ ဆင်းတာပေါ့နောက်နေ့သတင်းမှာ အဲ့ဒီကလေးမလေး နှစ်ယောက် ရထားပေါ်မှာအဆိပ်မိပြီးသေနေတယ်ဆိုတဲ့သတင်းပါလာခဲ့ပါလေရောအဲ့နေ့ကစပြီး ဂျောင်ဝန်းတစ်ယောက် စိတ်တွေခြောက်ခြားပြီး ကလေးမလေးတွေရဲ့ဝိဉာဉ်က သူ့နောက်ကိုလိုက်ပါလေတော့တယ်သူနဲ့ဘဝတူ ဝိဉာဉ်တွေကိုမြင်နိုင်တဲ့ ယွန်းလေးရဲ့အကူအညီနဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားရင်း သူ့အတိတ်နဲ့ပက်သက်တာတွေကိုပါ သိရှိလာတဲ့အခါမှာတော့...။မင်းသမီး Jun Ji-Hyun ပါဝင်ထားတဲ့ကားလေးမို့ အားပေးကြပါဦးနော်( အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size_(2.5GB)/(1GB) Quality_WebDL 1080p / 720p Format_mp4 Duration_02:07:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Shoon Thu Thu Chain
movie
The Uninvited (2003)
7.6
There Was a Father (1942)
There Was a Father (1942)~ IMDb - 7.6/10, Rotten Tomatoes - 100% ~There Was a Father က အိုဇုရဲ့ အသံတိတ်မဟုတ်တဲ့ ရုပ်ရှင်တွေထဲတော့ အစောဆုံးတွေထဲက တစ်ကားပဲ။ ၁၉၃၆မှာ သူ့ရဲ့ ပထမဆုံးဒိုင်ယာလော့သံပါတဲ့ ရုပ်ရှင် The Only Son ကို ရိုက်ပြီးတဲ့နောက် ၁၉၃၇မှာ စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းခဲ့ရတယ်။ ၁၉၃၉မှာမှ စစ်မှုထမ်းကာလပြီးဆုံးခဲ့တယ်။ ၁၉၄၁မှာ Brothers and Sisters of the Toda Family ကိုရိုက်ပြီးတဲ့နောက် ၁၉၄၂မှာ There Was a Father ကို ရိုက်ခဲ့တယ်။ ၁၉၄၃မှာတော့ အိုဇုကို ဗမာပြည်မှာ ဝါဒဖြန့်ရုပ်ရှင်ရိုက်ခိုင်းဖို့ ထပ်ပြီး စစ်မှုပြန်ထမ်းခိုင်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းကာလပေါ့။ ၁၉၄၅မှာ ...
movie
There Was a Father (1942)
1942
7.3
Brother’s Keeper (2021)
တူရကီ နိုင်ငံရဲ့ အရှေ့ဘက်အစွန် ဆီနှင်းတွေထူထပ်နေတဲ့နေရာမှာ အထီးကျန်စွာတည်ရှိနေတဲ့ ယောက်ျားလေးဘော်ဒါကျောင်းလေးတစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးကို အငြိမ်လေး ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ကျောင်းအုပ်ချုပ်သူတွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေကြားက အေးစက်ပြီး ဗျုရိုကရေစီဆန်တဲ့ ဆက်ဆံရေးကို ရိုက်ပြထားပြီး ဇာတ်လမ်းတစ်လျှောက် အေးစက်စက် ခံစားချက်ကို ခံစားရစေမှာပါ။ ဒါရိုက်တာ Ferit Karahan က သူ့ရဲ့ မသာယာတဲ့အတွေ့အကြုံတွေကိုထည့်သွင်းရိုက်ထားတယ်လို့ သိရပါတယ်။ဇာတ်လမ်းကတော့မယ်မတ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ သေလုမျောပါးနေမကောင်းဖြစ်ခဲ့ပါတယ်။ သူ့သူငယ်ချင်း ယူဆုဖ်က သူ့ကိုပြုစုစောင့်ရှောက်ရင်းနဲ့ ကျောင်းအုပ်ကြီးအပါအဝင် ဆရာတွေကိုအသိပေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက အကြောင်းအရင်းကို မေးမြန်းစုံစမ်းတဲ့အခါ ကလေးဟာ အပြစ်ပေးခံရလို့ ဒီလိုဖြစ်သွားတာဖြစ်ကြောင်း သိသွားခဲ့ပါတယ်။ဘာလို့ အပြစ်ပေးခံရတာလဲ၊ ပါဝင်ပတ်သက်သူတွေက ဘယ်သူလဲ၊ ဘယ်လိုတာဝန်ယူဆောင်ရွက်ကြမလဲ ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca
movie
Brother’s Keeper (2021)
9.0
Laala (2023)
Laala (2023) ဘဝမျဉ်းပြိုင်များ IMDb 9/10ဒီဇာတ်ကားမှာ ရှာမီနာ လက်ရှ်မီးနဲ့ ရှာဂျီလို့ခေါ်တဲ့ ဇာတ်ကောင်သုံးယောက်ရဲ့ဘဝတွေကို ခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ခြောက်နှစ်အရွယ်သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ လက်ရှ်မီးဟာ သမီးဖြစ်သူအတွက် ဖခင်တစ်ယောက်ရှာနေချိန်မှာ facebook ကနေ ရှာဂျီနဲ့တွေ့ဆုံခဲ့ပါတယ်… သူနဲ့ရှာဂျီရဲ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ… ရှာမီနာကတော့ ယောကျ်ားတစ်ယောက်ရဲ့ကာကွယ်မှူရှိမှ ဘေးကင်းမယ်လို့မှတ်ယူထားတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ထွက်သွားပြီး နေရာအများကြီးကို ခြေဆန့်ချင်နေတဲ့သူတစ်ယောက်…သူ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ… ဒီ၃ယောက်ရဲ့ဘဝတွေက ဘယ်လိုဆက်စပ်နေမလဲ… သင်ခန်းစာယူစရာတစ်ခုခု သေချာပေါက်ရမှာမလို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။ File size…1.43GB/ 718MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Laala (2023)
2023
5.5
Penthouse North (2013)
ဆာရာလို့ခေါ်တဲ့ မျက်မမြင်ကောင်မလေးဟာ သူ့ရဲ့ချစ်သူရွိုင်ရန်နဲ့အတူ ပန့်ဟောက်စ်မှာ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ဆာရာဟာ မျက်စိမမြင်ရပေမဲ့ ကိုယ်ထူကိုယ်ထလုပ်တတ်ပြီးသူ့ကို မျက်မမြင်တစ်ယောက်မလို့ ကူညီပေးတာမျိုးကိုလည်းမကြိုက်တတ်ပါဘူး။ဒီလိုနဲ့ နှစ်သစ်ကူးနေ့ရောက်တဲ့အချိန်မှာတော့ ညဘက်မှာသောက်ဖို့အတွက် ရှန်ပိန်ကို ကိုယ်တိုင်တစ်ယောက်တည်းထွက်ဝယ်ရင်းအိမ်ကိုပြန်ရောက်တဲ့အချိန်မှ သူ့ရဲ့ချစ်သူဟာ အသတ်ခံထားရကြောင်းကိုသိရှိပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ သူ့ချစ်သူကို သတ်လိုက်တဲ့သူနဲ့သူ့ရဲ့အဖော် ဟော်လန်ဒါဆိုတဲ့လူဟာ ဆာရာ့ကို နှိပ်စက်ပြီးတော့ချစ်သူဖြစ်သူဖွက်ထားတဲ့ပစ္စည်းတွေအကြောင်းမေးရင်းနဲ့သူ့ချစ်သူရဲ့ အတိတ်က လုပ်ခဲ့တဲ့အကြောင်းတွေကို သိလာရင်း ......သူ့ချစ်သူက ဘယ်လိုလူမျိုးလဲ .......လူကိုသတ်ပြီးတော့ ရှာရလောက်တဲ့အထိရှာနေရတဲ့ ပစ္စည်းတွေကဘယ်လောက်တောင် တန်ဖိုးကြီးနေလဲ .....သူတို့ရှာနေတဲ့ ပစ္စည်းတွေကို ရှာတွေ့သွားမှာလား ......ဆာရာကရော အနှိပ်စက်ခံရာကနေ လွတ်မြောက်လာပါ့မလား .....ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမဲ့ Drama Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.18GB / 558MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Penthouse North (2013)
7.0
[18+] Salawahan (2024)
Angeli Khang လေးရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ မာတင်နဲ့မယ်လာနီတို့ဟာ အခုမှအတူတူနေကာစ စုံတွဲဖြစ်ပါတယ်။ မယ်လာနီဟာ တစ်ချိန်ကပွေခဲ့ရှုပ်ခဲ့ ဇာတ်လမ်းဟောင်းတွေများခဲ့ပြီးအခုမှ မာတင်လိုလိုလူရိုးလူအေးစည်းကမ်းရှိသူတစ်ယောက်နဲ့တွေ့ဆုံပြီး အခြေချဖို့ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် အတူနေပြီးနောက်ပိုင်းကျမှ မာတင်ရဲ့အတ္တကြီး၊ တကိုယ်ကောင်းဆန်မှုတွေ ချုပ်ချယ်အနိုင်ကျင့်မှုတွေကိုကိုယ်တွေ့ကြုံလာရပြီးရှေ့ဆက်ဖို့တွေဝေလာချိန်မှာ မာတင်ရဲ့ညီဖြစ်သူ လီယိုရဲ့ချစ်ခွင့်ပန်မှုကို လက်ခံရရှိလိုက်ရတော့ သူ့စိတ်တွေယိမ်းယိုင်စပြုလာပါတယ်။ အဲ့ဒီလိုအချိန်မှာမှ သူတစ်ယောက်တည်းရှိနေချိန်မျိုးမှာ မျက်နှာဖုံးစွပ်နဲ့လူတစ်ယောက် လာနှောင့်ယှက်ခြိမ်းခြောက်မှုကိုလည်း ကြုံလာရပါတယ်။ မာတင်တို့ညီအစ်ကိုနဲ့သူ့ကြားက သုံးပွင့်ဆိုင်ဇာတ်လမ်း၊မျက်နှာဖုံးနဲ့ပဟေဠိဆန်ဆန်လူတစ်ယောက် ရှေ့ဆက်ဘာဖြစ်ကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။( အညွှန်းရေးသားထားသူကတော့ alias ပါ )File size_( 1.3GB)/( 500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
[18+] Salawahan (2024)
6.9
Shinjuku incident (2009)
ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့အချစ်တော်မင်းသားကြီး ဂျက်ကီချန်း ရိုက်ကူးထားတဲ့ ဂျပန်ရောက် တရုတ်ဇာတ်ကားကောင်းပါ။“ဘဝမှာ သုံးဆယ်ရာခိုင်နှုန်းက ကံတရား၊ ကျန်တာက တိုက်ပွဲပဲ” တဲ့။ဒီဇာတ်ကားလေးမှာတော့ သံခေါင်းတစ်ဖြစ်လည်း ဂျက်ကီချန်းဟာ သူ့ကောင်မလေးတစ်ယောက် သူ့အဒေါ်ရှိရာ ဂျပန်ကိုလိုက်သွားပြီး သတင်းအစအန မရတော့တဲ့အတွက် ဂျပန်ကို တရားမဝင်မှောင်ခိုလိုက်လာပါတော့တယ်။ဂျပန်ရောက်တော့ သူ့တို့ တရုတ်ညီနောင်တွေနဲ့အတူ တရားမဝင်လုပ်သားအဖြစ်နဲ့ ရရာအောက်ခြေအလုပ်တွေကို ကျပန်းလုပ်ရင်းနဲ့ သူ့ကောင်မလေးကို လိုက်ရှာပါတော့တယ်။ သူဟာ ဂျပန်ရောက်တရုတ်တွေ တရားဝင်နေထိုင်ခွင့်ရရှိရေးကို ကြိုးပမ်းရင်း သူ့ကောင်မလေးကို ရှာရင်းနဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ ပတ်သက်မိလာပါတော့တယ်။ဒီအချိန်မှာ သမာအာဇီဝကျကျ လုပ်စားချင်တဲ့ သူ့ခမျာ ဒီဂိုဏ်းပြဿနာတွေဆီကရော သူ့ညီနောင်တွေ လမ်းမှားမရောက်အောင်ရော ဘယ်လိုကြိုးပမ်းမလဲ သူ့ကောင်မလေးကိုရောရှာတွေ့နိုင်ပါ့မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Shinjuku incident (2009)
2009
6.3
Tragic Hero (1987)
Tragic Hero (1987)~ IMDb - 6.3/10, Rotten Tomatoes - 58% ~၁၉၈၆မှာ ဂျွန်ဝူးရဲ့ A Better Tomorrow ရဲ့အောင်မြင်မှုနဲ့အတူ Heroic Bloodshed ရုပ်ရှင်တွေရဲ့ သဏ္ဍာန်ကပိုပေါ်လာပြီး ချောင်ယွန်ဖတ်ရဲ့ အောင်မြင်မှုလည်း တဟုန်ထိုးတက်လာပြီးတဲ့နောက် ၁၉၈၇မှာ ချောင်ယွန်ဖတ်ကားတွေမနည်းရိုက်ခဲ့တယ်။ An Autumn's Tale, City on Fire, Tragic Hero, Rich and Famous, Flaming Brothers, A Better Tomorrow II တို့တွေပေါ့။ အဲဒီထဲက An Autumn's Tale ကလွဲလို့ ကျန်တဲ့ကားတွေအကုန် Heroic Bloodshed ကားတွေချည်းပဲ။ ပြောရရင် ညီအစ်ကိုစိတ်ဓာတ်တွေ၊ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေနဲ့ ပစ်ခန်းခတ်ခန်းကြမ်းကြမ်းတွေ တွဲဖက်ပါဝင်နေတဲ့ ရုပ်ရှင်တွေ။ ဒီကားတွေထဲက ၂ကားကတော့ ...
movie
Tragic Hero (1987)
1987
6.8
Vadakkupatti Ramasamy (2024)
Vadakkupatti Ramasamy (2024) ဗာဒါကူပါတီဂေါကပလေးဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးကို တောင်ပိုင်းဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ..ဟာသကားဆိုပေမဲ့ ဇာတ်အိမ်တည်ထားတာက ဘာသာရေးကိစ္စဖြစ်လို့ ပညာပေးဟာသကားလို့ပြောရင်လဲ မမှားပါဘူးဗျာ ရွာတစ်ရွာမှာ ရာမာဆာမီဆိုတဲ့ ဘုရားမယုံတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်သူတို့ရွာမှာကိုးကွယ်တဲ့ သာနာကာနတ်သမီးရဲ့ကျောင်းဆောင်ဟာ ရေကြီးလို့ ပျက်စီးသွားပါတယ်တဲ့ ... အဲ့အချိန်မှာ ရာမာဆာမီက ပိုက်ဆံရဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဘာသာရေးကိုခုတုံးလုပ်ရမယ်လို့ ဆုံးဖြတ်လိုက်ပြီး နတ်သမီးကပဲ သူ့ဆီကိုကြွလာတဲ့ပုံနဲ့ သူ့ခြံထဲမှာ ဘုရားကျောင်းဆောက်ပြီး ဂွင်ဖန်နေပါတော့တယ်....တစ်နေ့မှာတော့ သူတို့ရွာကို အရာရှိအသစ်ရောက်လာတဲ့အခါမှာ ဒီလိုဘာသာရေးအကြောင်းပြဂွင်ဖန်နေတာကို ဘယ်လိုဆက်လုပ်မလဲ ဂေါပကလေးရာမာဆာမီတစ်ယောက် ရွာသားတွေကို ဘယ်လိုဂျင်းထည့်မလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရီရီမောမောနဲ့ ဆက်အားပေးရမှာပါ....ဇာတ်လမ်းလေးလဲပညာရ ဟာသကားလေးဆိုဝော့ာ စိတ်ပန်းလဲပြေစေလို့ ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.51GB / 1.11GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Vadakkupatti Ramasamy (2024)
2024
7.7
Kuroneko (1968)
Kuroneko (1968)~ IMDb - 7.7/10, Rotten Tomatoes - 96% ~Kuroneko ခေါ် The Black Cat ဟာ တိုဟိုက ထုတ်ခဲ့တဲ့ တိုဟိုကို ဂုဏ်တင်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲ ပါခဲ့တယ်။ အဖြူအမဲကားကိုမှ တိုဟိုစကုတ်ဖော်မတ်နဲ့ ရိုက်ထားတယ်။ အဖြူအမဲကားဆိုပေမဲ့ မြင်ကွင်းအပြည့်ရတဲ့ ဖရိန်နဲ့ပဲ ရိုက်ထားတယ်။ ကာလာနဲ့ကားတွေလည်း ဂျပန်မှာရှိနေတာ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီဖြစ်တဲ့ ကာလပေမဲ့ အဖြူအမည်းနဲ့ပဲ ချထားတယ်။ ကောင်းတော့လည်းကောင်းပါတယ်။ သူ့အပြတွေဟာ အဖြူအမည်းနဲ့မှာ Composition နဲ့ Tone က အသေကြည့်ကောင်းတယ်။ ကူရိုဆာဝါရဲ့ Rashomon ကထက် အပြတွေက ကြည့်ကောင်းခဲ့တယ်။ဇာတ်ကတော့ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်နယ်ရှင်တွေ တိုက်ပွဲတွေကြမ်းနေခဲ့တဲ့ ခေတ်ပဲ။ ဆာမူရိုင်းတွေ ကြီးစိုးခဲ့တဲ့ ခေတ်ပေါ့။ ဒီကာလမှာ ဆာမူရိုင်းတွေက တော်တော်လေး အာဏာကြီးခဲ့သလို ဘာလုပ်လုပ်တင့်တယ်နေခဲ့တယ်။ ...
movie
Kuroneko (1968)
1968
6.3
[18+] Karinyo Brutal (2024)
အာရီယယ်ဆိုတဲ့ကောင်လေးဟာ နိုင်ငံခြားကိုအလုပ်သွားလုပ်ဖို့ရည်ရွယ်ချက်နဲ့အစ်ကိုဝမ်းကွဲရှိတဲ့မြို့ကိုတက်လာခဲ့ပါတယ်။ အလုပ်ကိစ္စတွေဘာမှအကြောင်းမထူးသေးခင်မှာ သူ့အတွက်ထူးခြားလာတာတော့ အိမ်ရှေ့အိမ်က မမလှလှပါပဲ။ အဲ့ဒီမမဟာ အိမ်ဖော်အမျိုးသမီးတစ်ဦးနဲ့နှစ်ယောက်တည်းနေပြီး ရံဖန်ရံခါ လူတစ်ယောက်အလည်လာပြီးပြန်တတ်ပါတယ်။ သူ့အစ်ကိုဝမ်းကွဲဆီမှာစုံစမ်းကြည့်တော့ သူဌေးတစ်ယောက်ရဲ့ကီပင်သဘောမျိုးဖြစ်ကြောင်း ပိုင်ရှင်ရှိလို့ မကြောင်သင့်ကြောင်းဆုံးမပါသေးတယ်။ဒါပေမယ့် မမကိုယ်တိုင်က သူ့ကိုရေလာမြောင်းပေးလုပ်လာ အိမ်ထဲကိုဖိတ်ခေါ် ဘီယာတိုက် အတင်းကြီးချကျွေးလာချိန်မှာတော့ မရှောင်နိုင်တော့ပဲ နှိုက်မြည်းမိပါတော့တယ်။ တစ်ဖြည်းဖြည်းရင်းနှီးလာ သံယောဇဉ်တွေတွယ်လာတဲ့နောက် အဲ့ဒီမမက လက်ရှိဘဲကြီးကိုသတ်ပြီး ဒီဘ၀ကလွတ်မြောက်စေဖို့ သူ့ကိုကူညီဖို့ တောင်းဆိုလာတဲ့အခါမှာတော့..။ ဇာတ်ကားထဲမှာဆက်လက်ရှုစားကြပါ။( အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.5 GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by a alias
movie
[18+] Karinyo Brutal (2024)
5.5
Red Dot (2021)
တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကိုမြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လိုစိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့အဲ့လိုစိတ်ကူးထားသူတွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသားဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီးနှစ်ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကိုပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lightsတွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်းရုတ်တရက်ကြီး Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ရှူသူတွေကိုအဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twistအပိုင်းကလည်း ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေးကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…1.24GB / 574MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Drama , Horror ...
movie
Red Dot (2021)
5
Death is All Around (2024)
Death is All Around (2024) သင့်အနီးအနားက မရဏတရားလူသားတွေက စိတ်ညစ်တာတွေများလာတဲ့အခါ အရမ်းတွေစိတ်ဖိစီးလာခဲ့အခါမျိုးမှာ လွတ်ရာလွတ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်တတ်ကြပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သူတို့ရဲ့ဝိညာဉ်က နောင်ဘဝကို မကူးခင် အပြစ်တွေကိုကျေအောင်အရင်ဆပ်ရပါတယ်။ သတ်သေတဲ့ ဝိညာဉ်တွေကို အပြစ်တွေကျေနိုင်ဖို့ ကူညီလမ်းပြပေးနေတဲ့ ကူညီသူဆိုတာရှိပါတယ်။ ကူညီသူတွေကတော့ လူသားလည်းမဟုတ် ဝိညာဉ်လည်းမဟုတ် လူတွေရဲ့ယုံကြည်မှုကနေ မွေးဖွားလာသူတွေပါ။ ကူညီသူတွေမှာ လူသားတွေနဲ့တိုက်ရိုက်ပတ်သတ်မှုမရှိရ ချစ်သူမဖြစ်ရဆိုတဲ့ စည်းကမ်းချက်ကရှိနေပါသေးတယ်။ ကူညီသူတွေထဲကမှ အတော်ဆုံးနံပါတ်၁ဖြစ်တဲ့ ကူညီသူသန့်ခ်ကတော့ လူသားတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးရင်း လူသားကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့ ........ အဲဒီကောင်မလေးနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ..... ကူညီသူတစ်ယောက်ရဲ့ တာဝန်တွေကျေပွန်အောင်ရော ဘယ်လိုတွေ ထမ်းဆောင်သွားမလဲ... ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Kaung, Mary တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1GB | 519MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Death is All Around (2024)
2024
7.3
Ajami (2009)
အခုတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် thriller/crime ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့TelAvi မှာကြုံတွေ့ခဲ့ရတဲ့ Muslimsနဲ့ Christians ကြားက ပြဿာနာပဠိပက္ခတွေကို တင်ဆက်ရိုက်ကူးထားတဲ့အပြင် အစ္စရေး Ajamiမှာ နေထိုင်နေတဲ့ နိုင်ငံသားတွေတွေ့ကြုံရတဲ့ society တစ်ခုက community တွေကြားက ချိတ်ဆက်မှုတွေ ခွဲခြားမှုတွေ အခက်အခဲတွေ commual conflicts တွေကို အခန်းဆက် 5 ခုနဲ့ပါ ထိထိမိမိတင်ပြထားပါတယ်။တကယ့်ကို harsh powerful ဖြစ်တဲ့ဇာတ်လမ်းကောင်းတစ်ခုလို့ဆိုရမှာပါ။ အားလုံးပဲကြည့်ရှူပေးကြပါဦး။ File size…(2.8 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:04:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee
movie
Ajami (2009)
7.2
Exiled (2006)
Exiled (2006)~ IMDb - 7.2/10, RT - 80%, Meta - 73% ~Directed by "Johnnie To"ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ...
movie
Exiled (2006)
2006
Without Air (2023)
ဟန်ဂေရီ Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အကောင်းဆုံး ရုပ်ရှင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေအများကြီးရထားတဲ့ ပညာရေးလောကကို မေးခွန်းထုတ်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါအန်နာ ဆိုတဲ့ ကျောင်းဆရာမတစ်ယောက်ဟာ သူ့ရဲ့ သင်ကြားပြသမှုတွေဟာ နာမည်လည်းကြီးသလို ကျောင်းသားတွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိထားတဲ့ စာပေနဲ့ ပြဇာတ် ဆရာမတစ်ယောက်ပေါ့ တစ်နေ့မှာ ကျောင်းသားတွေကို ကဗျာတစ်ပုဒ်အကြောင်းသင်နေတုန်းမှာ ပိုပြီးကိုးကားလို့ရအောင် ရုပ်ရှင်ဇာတ်ကားတစ်ခုကို ညွှန်းမိပြီး ကျောင်းသားမိဘတစ်ယောက်က မသင့်တော်လို့ဆိုပြီး တိုင်ကြားအမှုဖွင့်တာကနေ စတဲ့ အရှုပ်ထုပ်ပေါ့.......လူ့သဘောသဘာဝအတိုင်း အောင်မြင်နေတဲ့သူကို ဝိုင်းပြီးအသရေဖျက်ဖို့ ကြိုးစားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့.... မကျေနပ်တဲ့ ကျောင်းသားမိဘတွေနဲ့.....မိဘကျန်းမာရေး၊ LDRS ချစ်သူနဲ့ အဆင်မပြေမှုတွေကြားထဲကနေ စုံစမ်းစစ်ဆေးရေးခုံရုံအထိ တက်ဖိုက်ရပြီး ခေတ်ပေါ်ပညာရေးကဏ္ဍမှာ သင်ရိုးညွှန်းတမ်းတွေဟာ ထင်သလောက် ဘောင်မဝင်ဘူးဆိုတဲ့အကြောင်းနဲ့......ချွန်ထွက်ရင် "တိ" ခံရတယ်ဆိုတဲ့ သောက်တလွဲ logic တွေအကြောင်းကို မီးမောင်ထိုးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ........ဇာတ်ကားရဲ့နာမည်အတိုင်း Elfogy a levego "လေကုန်ပါတယ်" ဗျာ......ကြည့်ရှုခံစားကြည့်လိုက်ပါဦး........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ ...
movie
Without Air (2023)
Social Media 101 (2019)
Social Media 101 (2019)လူကြီးမင်းတို့ဘဝမှာ Hollywood Bollywood Tollywood BBC တို့ဆိုတဲ့ ဖျော်ဖြေရေးမီဒီယာကြီးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ Nollywood ကိုတော့ တစ်ယောက်မှကြားဖူးကြမယ်မထင်ပါဘူး။ ဟုတ်ပါတယ် Nollywood ပါ။ ကျွန်တော်လဲ ပြောရရင် ခုမှကြားဖူးတာပါ။ နိုင်ဂျီးရီးယား နိုင်ငံက သူတို့ ဖျော်ဖြေရေးမီဒီယာကို Nollywood လို့နာမည်ပေးထားတာဗျ။ Hollywood ကဇာတ်ကားတွေက ကမ္ဘာကျော်တွေ ပိုပြီးကြည့်ကောင်းတယ်တို့ Bollywood ကားတွေကမှာ ဇာတ်ရှင်ခန်းတွေကလွဲရင် ကျန်တာတွေက ကြည့်ကောင်းတယ်တို့ Tollywood ကဇာတ်ကားတွေကမှာ လူ့သဘာဝနဲ့နီးစပ်တာတို့ ငြင်းခုန်နေမဲ့အစား Nollywood ကားတွေကို ကြည့်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ကြည့်မယ်ဆိုလဲ ဘေးနားမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မထားပါနဲ့ တီဗီကို ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်မိမှာစိုးလို့ပါ။ မကြည့်ခင်သေသွားသင့်တဲ့ ကားကောင်းလေးတွေမို့ပါ။ မြန်မာပေါကေားတွေရပ်ဆိုတဲ့ သူတွေကိုပြကြည့်ပါ အကယ်ဒမီပေးပွဲကို တန်ဖိုးထားတတ်သွားပါလိမ့်မယ်။ မြန်မာအနုပညာရှင်တွေကိုတော့ သွားမပြနဲ့ ကြံဖန်ပြီးဂုဏ်ဆာနေမှာစိုးလို့။ကဲဒီလောက်ညွှန်းပြီးသွားပြီဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောကြလိုက်ရအောင်။ ဇာတ်လမ်းလေးကတော့ ပညာပေးပုံစံလေးပေါ့။ ဆိုရှယ်မီဒီယာကို ကိုယ့်အတွေးနဲ့ကိုယ် သုံးစွဲနေကြတဲ့ မိန်းမပျိုလေးသုံးယောက်ပေါ့ဗျာ။ တစ်ယောက်က လာရှင်ဖို့အတွက် သုံးတယ်။ တစ်ယောက်က ကြွားဖို့အတွက်သုံးတယ်။ တစ်ယောက်က ...
movie
Social Media 101 (2019)
2019
5.9
Club Zero (2023)
Club Zero (2023)~ IMDb - 5.9/10, Rotten Tomatoes - 63% ~Club Zero က Alice in Wonderland တို့၊ Crimson Peak တို့၊ Stoker တို့ရဲ့ မင်းသမီး Mia Wasikowska ကို တမူကွဲပြားတဲ့ ပုံစံနဲ့မြင်ရမယ့် ရုပ်ရှင်ပဲ။ အဲလစ်ထဲက ကလေးမလေးက သူရောဟုတ်ရဲ့လားထင်ရလောက်အောင် ရုပ်လည်းတော်တော်ကျသွားသလို သရုပ်ဆောင်တာလည်း ကြမ်းလာတယ်။ Club Zero က Palme d'Or ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ နောက်ခံတေးဂီတဆုတွေတော့ တခြားရုပ်ရှင်ပွဲတော်တွေမှာ တော်တော်လေးရထားတယ်။ ဒါရိုက်တာဖြစ်တဲ့ Jessica Hausner ကတော့ သိပ်တော့မရင်းနှီးပေမဲ့ ဟိုးကတည်းက ကိန်းစ်မှာ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ဒါရိုက်တာပဲ။ ဒီကားကတော့ သူ့အရင်ကားတွေနဲ့ Genre မတူဘူး။Black Comedy, Thriller ...
movie
Club Zero (2023)
2023
7.1
April Story (1998)
April Story (1998)~ IMDb - 7.1/10, Rotten Tomatoes - 81% ~Directed by "Shunji Iwai"ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ ...
movie
April Story (1998)
1998
7.1
La Ciénaga (The Swamp) (2001)
ဒီတစ်ခေါက်မှာတော့ IMDB 7.1 ရရှိထားပြီး အာဂျင်တီးနားရုပ်ရှင်ဝေဖန်ရေးအသင်း ဆုပေးပွဲမှာ ဆုပေါင်း ၁၆ဆုနဲ့ စကာတင် ၈ ခုဝင်ခဲ့တဲ့ စပိန်စကားပြော အာဂျင်တီးနား Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူလောင်အိုက်စပ်တဲ့ နွေရာသီရဲ့ အပူကို ခံစားနေရတဲ့ မိသားစုနှစ်ခု..မယ်ချာနဲ့ တာလီတို့က ဝမ်းကွဲညီအစ်မတွေဖြစ်ပြီး မယ်ချာ့ရဲ့ အိမ်မှာ ရေကူးကန်ရှိတာမို့ တာလီ့ရဲ့ သားသမီးတွေက နွေကျောင်းပိတ်ရက်မှာ မယ်ချာတို့အိမ်ကို ရေဆော့ကစားဖို့ လာရောက်ခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်မိသားစုနှစ်ခုရဲ့ ဆယ်ကျော်သက်ကလေးတွေအကြား၊ မယ်ချာနဲ့ တာလီကြား ၊ မယ်ချာတို့အိမ်က အိမ်ဖော်မလေးနဲ့ မယ်ချာ့သမီးငယ်လေးရဲ့အကြား၊ မယ်ချာတို့ လင်မယားနဲ့ တာလီတို့လင်မယားအကြား အရှုပ်တော်ပုံတွေက ဘယ်လိုတွေပေါ်ပေါက်လာမလဲဆိုတာကိုတော့..ဘာအကြောင်းကြောင့် ဆုပေါင်း ၁၆ ဆု ရရှိခဲ့လဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစား အကဲဖြတ်ကြည့်လိုက်ကြပါဦးနော်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ။) File size…(2.8GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre...Comedy, Drama Subtitle….Myanmar ...
movie
La Ciénaga (The Swamp) (2001)
First
69
70
71
72
73
Last
Previous
Next