Channel Myanmar

Drama

Rest in Peace (2024) 5.9
Rest in Peace (2024) Rest in Peace ( 2024 )အာဂျင်တီးနားရုပ်ရှင်လောကဟာ လက်တင်အမေရိကရဲ့ အဖွံ့ဖြိုးဆုံးရုပ်ရှင်လောက ၃ခုထဲက တစ်ခုပါပဲ။ နောက်နှစ်ခုကတော့ မက္ကဆီကိုနဲ့ဘရာဇီး။ မက္ကဆီကိုမှာတော့ Alfonso Cuarónတို့ , Alejandro González Iñárrituတို့ , Guillermo del Toroတို့လို နာမည်ကျော် ဒါရိုက်တာတွေပေါ်ထွန်းပြီးသား ဘရာဇီးမှာတော့ City of God ဒါရိုက်တာ Fernando Meirellesတို့, The Motorcycle Diariesဒါရိုက်တာ Walter Sallesတို့လိုလူတွေ ပေါ်တာကြာပြီပေမဲ့ အာဂျင်တီးနားမှာတော့ သိသလောက် အဲဒီလောက်နာမည်ကျော်တွေတော့ မရှိသလောက်ပဲ။ အာဂျင်တီးနားအာဂျင်တီးနားရုပ်ရှင်တွေနဲ့ ကျွန်တော်တော့ တော်တော်စိမ်းသေးတယ်ဆိုတာထက် ကြည့်ဖူးတာတောင် ၅ကားပြည့်မယ်မထင်ဘူး။ ဒါလည်း အင်တာမှာ ပေါ်ပြူလာဖြစ်လာတဲ့ ကားတွေလောက်ပါပဲ။ တနှစ်ကနဲ့ မနှစ်ကတော့ အင်တာမှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ အာဂျင်တီးနားကားတစ်ကားစီထွက်ခဲ့သေးတယ်။ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Argentina, 1985ရယ် မနှစ်က ဒီမှာလည်း လူတော်တော်ကြည့်ခဲ့ကြတဲ့ When Evil Lurksရယ်ပေါ့။ ကျွန်တော်ကြည့်ဖူးသလောက်နဲ့တော့ အာဂျင်တီးနားကားတွေရဲ့ ကိုယ်ပိုင်ဟန်ကို Cultureကို ...
movie

Rest in Peace (2024)

2024
Patna Shuklla (2024) 5.6
Patna Shuklla (2024) Patna Shukla (2024) (ရှေ့နေမလေးရှုကလာ) IMDb - 5.4/10ယခုတစ်ခါမှာတော့ အမျိုးသမီးရှေ့နေလေတစ်ယောက်ရဲ့ ဘဝအကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။တန်ဗီလိုခေါ်တဲ့ အမျိုးသမီးရှေ့နေတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ သားလေးအပေါ် မယားဝတ္တရား မိခင်ဝတ္တရားတို့နဲ့ အညီလုပ်ကိုင်ပေးရင်းနဲ့ ရှေ့နေအလုပ်ကိုလည်း ကြိုးစားပမ်းစားလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ တန်ဗီဟာ ကြိုးစားလုပ်ကိုင်ပေမဲ့ အမှုသေးသေးလေးတွေကိုပဲ ကိုင်တွယ်ရတဲ့အပြင် ခင်ပွန်းဖြစ်သူဟာလည်း ဒီအလုပ်နဲ့ပတ်သတ်ပြီး အရမ်းကြီးလေးစားမပြခဲ့ပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ရင်ကီကူမာရီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာ တန်ဗီဆီကို အမှုတစ်ခုလာရောက်အပ်ပါတော့တယ်။အဲဒီအမှုကတော့ သူဟာစာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ပေမဲ့ အောင်စာရင်းထွက်လာတဲ့အခါမှာ စာမေးပွဲကျကြောင်းသိလိုက်ရတဲ့အခါမှာ ရလဒ်ကိုမကျေနပ်ပြီး သူ့ရဲ့အဖြေလွှာကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ကျောင်းကိုပြန်ပြီးတော့ တရားစွဲချင်တာပဲဖြစ်ပါတယ်။ တန်ဗီဟာ ဒီအမှုကို ဖြေရှင်းပေးဖို့လက်ခံလိုက်ပြီးနောက်မှာတော့ ဒီအမှုဟာ အရင်အမှုတွေလို ရိုးရှင်းလွယ်ကူနေတာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ ရှုပ်ထွေးမှုအပေါင်းသောင်းခြောက်ထောင်ရှိနေတဲ့နောက်မှာတော့ ........ တန်ဗီတစ်ယောက် ဒီအမှုကို ဘယ်လိုဖြေရှင်းသွားမလဲ ...... အမှုကိုဖြေရှင်းရင်း မိသားစုအပေါ်မှာရော တာဝန်ကျေနိင်ပါ့မလား..... ဆိုတာတွေကို ကြည့်ရှုရမဲ့ တရားရုံးဒရာမာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ BpL~Alex~ToMo~Aditi~KKKZ တို့ပဲဖြစ်ပါတယ်) File size…1.78GB / 734MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Alex~ToMo~Aditi~KKKZ 
movie

Patna Shuklla (2024)

2024
One Not Five Minuttess (2024) 8.2
One Not Five Minuttess (2024) 105 Minutes (2024) ပုံရိပ်မဲ့ ချောက်ချားမှုများIMDb-8.3/10Hansika Motwani ရဲ့တစ်ကိုယ်တော် Horror/thriller ကားတင်ဆက်ပေးလိုက်ပါတယ်ရှော့ပင်းထွက်ပြီး အိမ်ပြန်လာတဲ့ဂျာနူးတစ်ယောက် အမှောင်ထဲမှာ အားလုံးနဲ့အဆက်အသွယ်ပြတ်ပြီး ချောက်ချားစရာတွေကြုံတွေ့လာတဲ့အချိန်... ဘယ်သူဘယ်ဝါ ဘာကြောင့်မှန်းမသိဘဲ ထိတ်လှန့်စေတဲ့ အသံပိုင်ရှင်ရဲ့ အငြိုးအတေး ၊ အမိန့်ပေးစေခိုင်းမှုတွေ ၊ နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ အိပ်မက်လိုထင်ယောင်ထင်မှားတွေ ၊ နိုးလာတဲ့အချိန် မြင်တွေ့ရတဲ့ ရင်ထိတ်စရာပုံရိပ်တွေ ၊ ဘယ်ကမှန်းမသိ ရုတ်တရက်ကြုံတွေလာရတဲ့ အမှောင်ထဲကထောင်ချောက်တွေနဲ့ နာကျင်မှုတွေဒီလိုတွေဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းကဘာလဲ ဒီလိုထိတ်လန့်စရာအခြေအနေကနေရော ဂျာနူးတစ်ယောက်တည်း တွန်းလှန်ကျော်ဖြတ်နိုင်မလား... Horror ပရိသတ်ကြီးပဲ ရှုစားအကဲဖြတ်ပေးပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.8GB / 800MB Quality…WEB DL 1080p /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni
movie

One Not Five Minuttess (2024)

2024
Joshua Imai Pol Kaakha (2024) 6.1
Joshua Imai Pol Kaakha (2024) Joshua( 2024) ကြေးစားချစ်သူ၂၀၂၄ မှအသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.0/10 ရရှိထားတဲ့ EX ကို အသက်ပေးပြီး ကာကွယ်သွားမဲ့ ကြေးစားလူသတ်သမားကားလေး လာပါပြီ။ဂျော့ရှ်ရွှာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကြေးစားလူသတ်သမားတစ်ဦးပါ။ ငွေသာရရင် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းတဲ့လူမျိုးပေါ့။ ဒါပေမဲ့ ဒီလူကြမ်းကြီးမှာလည်း အတိတ်က အချစ်ဇာတ်လမ်းရှိခဲ့ပါသေးတယ်။အဲဒါကတော့ ရှေ့နေမလေး ကွန်ဒါဗီနဲ့ပဲဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ရတဲ့သူတို့ကို ကံကြမ္မာတစ်ပတ်လည်ပြီး ပြန်ဆုံဖို့ အကြောင်းဖန်လာချိန်မှာတော့ ဂျော့ရှ်ရွှာတစ်ယောက် ကွန်ဒါဗီ့ကို သက်တော်စောင့်လုပ်ပေးဖို့ဖြစ်လာပါတော့တယ်။ အကြီးစားမူးယစ်ဆေးအမှုကိုရုံးတင်ရမဲ့ EX ရှေ့နေမလေးကို တာဝန်အတိုင်း စာချုပ်ပြီးသည်အထိ ကာကွယ်ပေးသွားနိုင်ပါ့မလား...။ကွန်ဒါဗီ့ရဲ့ မူးယစ်ဆေးအမှုကရော သက်တော်စောင့် ငှားရလောက်အောင် ဘာလို့သိပ်အန္တရာယ်များနေရတာလဲ...။ နှစ်ယောက်သားရဲ့ တစ်ကျော့ပြန်ဆုံစည်းမှုမှာ ရင်ထဲကမီးပွားလေးတွေ ပြန်တောက်လောင်လာဦးမလား...(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစ်ပါတယ်) File size…2.2GB / 978MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Joshua Imai Pol Kaakha (2024)

2024
Art of Love (2024)
Art of Love (2024) Art of Love (2024) Synopsisပေါ့ပေါ့ပါးပါးရုပ်ရှင် ကြည့်ချင်သူများအတွက် Drama, Romance, Thriller ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တူရကီနိုင်ငံက ရိုက်ကူးထားပြီး Netflix ကနေ ဖြန့်ချီပေးထားပါတယ်။ Netflix ကားတွေ ပေါချင်းတိုင်း ပေါနေတဲ့အချိန်မှာ ဥရောပနိုင်ငံတွေက ရိုက်တဲ့ ရုပ်ရှင်တွေကတော့ အဆင့်အတန်းတစ်ခုမှာ ရှိနေပါသေးတယ်။ အခုဇာတ်ကားဟာလည်း ဇာတ်လမ်း၊ဇာတ်အိမ်မှာ အဆင့်တစ်ခုရှိပြီး ဥရောပနိုင်ငံတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကိုပါ တပါတည်း ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာလင်းဟာ အင်တာပိုလ်ရဲ့ အနုညာမှုခင်းအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ ပြတိုက်တွေ၊ ပြခန်းတွေကနေ တန်ဖိုးအရမ်းမကြီးတဲ့ ပန်းချီကားတွေအခိုးခံရမှုကို လိုက်လံစုံစမ်းဖို့ တာဝန်ပေးခြင်းကို ခံရတဲ့သူပါ။ ဒီလိုနဲ့ ပန်းချီကားအခိုးခံရမှုတွေကိုစုံစမ်းရင်း အရင်က အဆက်ဟောင်းဖြစ်တဲ့ ဂူနေးဆိုတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ပြန်ဆုံပါတယ်။ အာလင်းဟာ ပန်းချီကားတွေ အခိုးခံရမှုမှာ ဂူနေး ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေပါတယ်။ တကယ်ပဲ ဂူနေးက ပတ်သက်နေတာလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။အညွန်း နဲ့ ဘာသာပြန်ကတော့ Leonard ...
movie

Art of Love (2024)

2024
Lucky Girl (Ya, Nina) (2023) 5.8
Lucky Girl (Ya, Nina) (2023)  ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ ဘဝကို ခြယ်မှုန်းထားတဲ့ ယူကရိန်းရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဥရောပဖလင် ပရိသတ်တွေ နှစ်ခြိုက်ကြမယ့် အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ... အရောင်အသွေးစုံလှတဲ့ set design တို့ကိုလည်း ခံစားရဦးမှာပါ Nina(ခေါ်) "မိကံကောင်း" လေးက နာမည်ကြီးတီဗီအစီအစဥ်တင်ဆက်သူ တစ်ယောက်ဖြစ်ပါတယ်ဒီကောင်မလေးက မာနကြီးတယ် ရိုင်းစိုင်းတယ် ကိုယ်ထင်တာကို ဇွတ်တရွတ်လုပ်တတ်တယ် ဒါပေမဲ့ လူအများအားကျလောက်အောင် ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက် ....တစ်နေ့ ကင်ဆာဖြစ်မှန်း သိလိုက်ရတဲ့ နေ့ကစပြီး သူကမ္ဘာပျက်ရတော့တယ်... သူလုံးဝခံနိုင်ရည်မရှိဘူးပိုင်ဆိုင်တာတွေ တစ်စတစ်စ ဆုံးရှုံးရရင်း တချိန်ကမာန်တွေလည်း မနိုင်တော့ လျှော့ရတော့တာပါပဲ ကင်ဆာရောဂါသည် သူငယ်ချင်းတွေကလည်း အချင်းချင်း ဖေးမတစ်လှည့်... ဟိတ်ဟန်ကြီးတဲ့ Nina ကို ဆုံးမသွန်သင် ပညာပေးတာက တစ်ဖုံနဲ့ ...မိကံကောင်းလေးတစ်ယောက် ပြောင်းလဲလာနိုင်ပါ့မလားဆိုတာကိုတော့ ... ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ စိတ်ခံစားချက်အဖုံဖုံတို့ကို တွေ့မြင်ခံစားရမှာပဲ ဖြစ်ပါတယ် File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / ...
movie

Lucky Girl (Ya, Nina) (2023)

Shayda (2023) 6.8
Shayda (2023)  လတ်တလော ဆိုရှယ်မီဒီယာမှာ ခပ်စိတ်စိတ် မြင်ရတွေ့နေရသလိုမျိုး Domestic violence အကြောင်း ရိုက်ကူးထားတဲ့ Shaydaဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအနေအထားကိုပြောရရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ မှန်းရလွယ်တဲ့ ပလော့တွစ်တွေဘာတွေမပါတဲ့ ဒရာမာတစ်ပုဒ်ပေမဲ့ domestic violence ဆိုတာဘာလဲ။ ကိုယ်သာဒီလိုအဖြစ်နဲ့ကြုံလာခဲ့ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ၆ နှစ်အရွယ်သမီးလေးရဲ့မိခင် ရှေဒါဆိုတဲ့ဇာတ်ကောင်ရဲ့ POVနဲ့ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။အီရန်နိုင်ငံသူ ရှေဒါတစ်ယောက် ခင်ပွန်းဖြစ်သူဟိုစိန်ရဲ့ အကြမ်းဖက်ရိုက်နှက် အလိုမတူမုဒိမ်းကျင့်မှုတွေ ခဏခဏခံရပြီးတဲ့နောက်မှာတော့ သတ္တိမွေးပြီး အီရန်ကနေ ဆွေမရှိမျိုးမရှိ ဩစတေးလျကို ထွက်ပြေးပြီး အမျိုးသမီးဂေဟာတစ်ခုမှာ သွားနေပါတယ်။ အရင်ကလည်း ကွာရှင်းခွင့်တောင်းဖို့ ကြိုးစားဖူးပေမဲ့ သမီးလေးမိုနာကို အတင်းခေါ်သွားပြီး အကြပ်ကိုင်တဲ့အတွက် ဒီတစ်ခါတော့ သမီးနဲ့အဝေးကိုထွက်ပြေးပြီးမှ ကွာရှင်းဖို့ တရားစွဲတာပါ။အီရန်ဆိုတာက အမျိုးသားတွေကို အခွင့်ထူးပေးတဲ့နိုင်ငံဖြစ်နေတာကြောင့် ရှေဒါဘက်က သက်သေနဲ့တင်ပြနေတာတောင်မှ တရားရင်ဆိုင်နေစဉ်ကာလအတွင်းမှာ မိုနာလေးကို ဟိုစိန်နဲ့တွေ့ခွင့်ပေးရဖို့ ဖြစ်လာပါတော့တယ်။မိန်းမဆိုတာ ‌ယောက်ျားကိုခစားရမှာပဲ ပြုစုပေးရမှာပဲဆိုတဲ့ အတ္တသမားခင်ပွန်းသည်ဟိုစိန်၊ သမီးလေးကိုသနားရင် ...
movie

Shayda (2023)

(18+) Paloma, Nakakalalaki Ka (1998) 6.5
(18+) Paloma, Nakakalalaki Ka (1998) Paloma (1998) "တိမ်ထူထူကြားက ဥယျဉ်မှူး" IMDb - 6.5/10ပါလိုမာဆိုတာ အိမ်ကြီးထဲကနေ ဘယ်ကိုမှထွက်ခွင့်မရှိဘဲ အစ်မကြီးဖြစ်သူနဲ့အတူနေရသူလေး။ ချစ်တဲ့သူနဲ့ အကြိမ်ကြိမ်ထွက်ပြေးခဲ့ပေမဲ့ အစ်မဖြစ်သူက မရရအောင်ခွဲပြီး ပြန်ခေါ်လာခဲ့တာ။ အစ်မဆိုပေမဲ့ အစ်မအရင်းမဟုတ်ဘဲ မိဘတွေဆုံးပါးသွားကတည်းက အပျိုကြီးမမရဲ့ မွေးပြီးစားခြင်းခံနေရတဲ့သူ။တစ်ရက် အပျိုကြီးမမက ခြံထဲမှာ အလုပ်လုပ်ဖို့ ဥယျာဉ်မှူးတစ်ယောက်ခန့်လိုက်ပါတယ်။ ဥယျာဉ်မှူးဖြစ်ဖို့အရည်အချင်းတွေက အသက်ငယ်ရမယ်၊ ကျန်းမာရေးကောင်းရမယ်၊ သူတို့အိမ်မှာပဲနေရမယ်တဲ့။အဲဒီလို ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းတဲ့ ဥယျာဉ်မှူးကလေး သူတို့အိမ်ကိုရောက်လာတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)' File size…2.55GB / 878MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by V
movie

(18+) Paloma, Nakakalalaki Ka (1998)

1998
Rahel Makan Kora (2023) 7.9
Rahel Makan Kora (2023) Rahel Makan Kora (2024) "ချစ်ခြင်းတရားမှာ သက်သေတည်" IMDb - 8.1/10ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာ အိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲ တုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန် အမှန်တရားဘက်တော်သားကြီးပေါ့။မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီး စိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီး သဘောတူနေလေရဲ့။ ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်း အရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2GB / 902MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Rahel Makan Kora (2023)

2023
Gone Mom: The Disappearance of Jennifer Dulos (2021) 6.2
Gone Mom: The Disappearance of Jennifer Dulos (2021)  ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် may လ 2019 ခုနှစ်မှာ ပျောက်ဆုံးသွားတဲ့ ကလေး ၅ ယောက်ရဲ့မိခင် Jennifer Dulos ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ thriller/mystery ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့...Jennifer Dulos တစ်ယောက် ရှုပ်ထွေးလှတဲ့ New York မြို့ပြကြီးကနေ တိတ်ဆိတ်တဲ့နယ်မြို့လေးတစ်ခုကို ခေါင်းအေးအေးထားပြီး စာရေးဖို့ထွက်လာပါတယ်။ လူတွေရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေမယ့် အခိုက်အတန့်တစ်ခုဆိုတာရှိတယ်။ အဲဒါကိုလူတွေကသတိမထားခဲ့မိကြတာပါ။ Jennifer ရဲ့ ဘဝအလှည့်အပြောင်းက အဲဒီမြို့လေးမှာပဲ စတင်ခဲ့တယ်ဆိုရမှာပေါ့။ File size…(1.5 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee
movie

Gone Mom: The Disappearance of Jennifer Dulos (2021)

Black Death (2010) 6.4
Black Death (2010)  ၁၃ရာစုနှစ်ခေတ်ဟောင်းက ဘာသာရေး၊အောက်လမ်းအယူအစွဲတွေကြားမှာ ဇာတ်အိမ်တည်ထားပြီး အတော်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ပုဒ်ပဲဗျ...။အဓိကသရုပ်ထားတဲ့သူတွေကလည်း GOTထဲကဘိုရိုမီယာမင်းသားSean Bean၊ Fantastic Beastမင်းသားEddie Redmayneနဲ့ GOTထဲကမှော်ဆရာမမယ်လီဆန်ဒရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးCarice van Houtenစတဲ့ ဒိတ်ဒိတ်ကြဲတွေပါပဲ...။ဒီဇာတ်လမ်းထဲမှာလည်း သူတို့ရဲ့ သရုပ်ဆောင်ပုံကပြောစရာမလိုအောင်ကွက်တိကျနေပြီး ဇာတ်လမ်းနဲ့တစ်သားတည်းဖြစ်လွန်းလှပါတယ်...။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်...။အချိန်ကာလအားဖြင့် ၁၃၈၄ခုနှစ်၊ အင်္ဂလန်မှာ ပလိပ်ကပ်ရောဂါကြီးဖြစ်ပွားပြီး တိုင်းပြည်တစ်ဝက်လောက်ကလူတွေသေကြေပျက်ဆီးကြရပါတယ်...။လူတွေယုံကြည်ကြတာက ဒီရောဂါဟာ ဘုရားသခင်ကပြစ်ဒဏ်ခတ်တာ၊ အပြစ်ရှိတဲ့လူတွေကို ဆေးကြောသုတ်သင်ဖို့ဘုရားသခင် စီရင်ချက်ချလိုက်တာပဲပေါ့...။သို့ပေမယ့် စိမ့်တောတွေဝန်းရံလျက်ရှိတဲ့ရွာလေးတစ်ရွာမှာတော့အဲ့ဒီကပ်ရောဂါ လုံးဝမကျရောက်ပါဘူးတဲ့...။ရောဂါမဖြစ်လို့ လူမသေတဲ့အပြင် အဲ့ဒီရွာမှာက သေပြီးသားလူတွေကို အသက်ပြန်သွင်းတတ်တဲ့ စုန်းမ၊အောက်လမ်းဆရာရှိနေတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်....။အဲ့ဒီခေတ်မှာက ဘုရားသခင်ကလွဲပြီး တခြားယုံကြည်သက်ဝင်သူရှိရင်...၊စုန်းမဆိုပြီး မိစ္ဆာဒိဌိဆိုပြီး မီးရှို့သုတ်သင်ခံရပါတယ်...။အခုလည်း ဒီလိုသတင်းစကားတွေကြောင့် အဲ့ဒီရွာမှာ တကယ်ပဲစုန်းမ၊ အောက်လမ်းဆရာ ရှိမရှိသိနိုင်ဖို့ဆိုပြီး ပုပ်ရဟန်းမင်းကြီးကသူရဲကောင်းတပ်ဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ဖမ်းဆီးစေပါတယ်...။ဇာတ်လမ်းလေးကဒီလိုနဲ့ အစပြုခဲ့ပြီး....Action, Drama, History, Horror, Mystery စတဲ့ရသအစုံပါဝင်တာမို့ ကြည့်ရှုခံစားသင့်တဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်.... File size…2.19GB / 1.3GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

Black Death (2010)

The Monk and the Gun (2024) 7.4
The Monk and the Gun (2024)  ဒီရုပ်ရှင်အကြောင်းကိုမပြောချင် ကျွန်တော်တို့ သိထားရမှာလေးတွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းလေးတွေကို သိမှ ဒီရုပ်ရှင်လေးကပေးချင်တဲ့ ရသကိုအပြည့်အဝခံစားနိုင်မှာ ဖြစ်လို့ပါ။ လက်ရှိကျွန်တော်တို့ နေနေကြတဲ့ ကမ္ဘာကြီးဟာ အင်မတန်ပူပြင်းလှတဲ့ သဲကန္တာရကြီးဆိုပါစို့. အဲလိုဆိုရင် ဒီကားထဲမှာပါတဲ့ ဘူတန်နိုင်ငံလေးဟာ အိုအေစစ်လိုမျိုးနိုင်ငံလေးပါပဲ။ ဘူတန်နိုင်ငံဆိုတာ ကုန်းတွင်းပိတ်နိုင်ငံသေးသေးလေးဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားမှာတည်ရှိပါတယ်။ နိုင်ငံက အရမ်းသေးပြီး နေထိုင်တဲ့လူဦးရေက တစ်နိုင်ငံလုံးပေါင်းမှ တစ်သန်းလောက်တောင် မပြည့်ပါဘူး။ ဒီရုပ်ရှင်ဇာတ်ကြောင်းကို အခြေတည်ထားတဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်အချိန်လောက်မှာ အဲဒီ့နိုင်ငံလေးကို ဘုရင်စနစ်နဲ့ပဲ အုပ်ချုပ်နေခဲ့တာပါ။ ဆိုတော့ ဘုရင်ကြီးရဲ့ ဩဇာဟာ ပြည်သူတိုင်းအပေါ်မှာ သက်ရောက်ပြီး ပြည်သူတိုင်းကလည်း သူတို့ရဲ့ဘုရင်ကြီးကို ချစ်ခင်မြတ်နိုးကြပါတယ်။နောက်ပြီး ဘူတန်နိုင်ငံဟာ ဗုဒ္ဓဘာသာအဓိက ကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး သူတို့ရဲ့ ဘုရင်ကြီးဟာလည်း မေတ္တာတရားနဲ့ပေါင်းစပ်ပြီး ပြည်သူတွေကို အုပ်ချုပ်တာကြောင့် သူတို့တိုင်းပြည်လေးဟာ လောဘဒေါသမောဟတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အတော်လေးနည်းပါးပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကိုတိုင်းတာတဲ့ GDP ...
movie

The Monk and the Gun (2024)

Unravel: A Swiss Side Love Story (2023) 5.2
Unravel: A Swiss Side Love Story (2023) Unravel : A Swiss Side Love Story (2023)ဘဝရဲ့ အခက်အခဲတွေများလာပြီး မွန်းကျပ်လာတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပေါက်တတ်ကြတယ်မလား၊ ဒီလို သတ်သေချင်တဲ့သူတွေကို သူတို့ရဲ့ဆန္ဒတွေပြီးမြောက်သွားစေဖို့ ကူညီပေးတဲ့ ဆေးရုံက ဆွဇ်ဇာလန်နိုင်ငံမှာ တည်ရှိပြီး ဒီလိုကူညီပေးတာဟာ သူတို့နိုင်ငံမှာတော့ တရားဝင်ပါတယ်။ လူစီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ မိသားစုပြဿနာလေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် ဆွဇ်ဇာလန်နိုင်ငံက အဲဒီဆေးရုံကို လာခဲ့ပြီး ဆွေးနွေးရာကနေ လူစီဟာ တကယ်ပဲ သတ်သေချင်ရဲ့လားဆိုတာကို ပြန်စဉ်းစားခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ ဆွဇ်ဇာလန်ကို လည်ပတ်ကြည့်ရင်း နိုအာဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ နိုအာကတော့ လူတိုင်းကို ကူညီပေးတတ်သူဖြစ်ပြီးတော့ လူစီနဲ့တွေ့တော့ လူစီ့အကြောင်းတွေသိပြီးတဲ့နောက်မှာ လူစီရဲ့ဘဝကို ပြန်ရနိုင်ဖို့ အတက်နိုင်ဆုံး အစွမ်းကုန်ကူညီပေးပါတော့တယ်။ နိုအာက ဘယ်လိုတွေ ကူညီပေးပြီးတော့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို အရိုအချိုလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Romance, Drama Quality…. 1080p | 720p File size… 1.5GB ...
movie

Unravel: A Swiss Side Love Story (2023)

2023
24 Hours with Gaspar (2024) 5
24 Hours with Gaspar (2024) 24 Hours with Gapar (2024)ဒီရုပ်ရှင်ကို အင်ဒိုနီးရှား ဒါရိုက်တာက ရိုက်ကူးပြီး Netflix က ဖြန့်ချီပေးထားတာပါ။ IMDb rating – 5/10 ရရှိထားပါတယ်။ အရာရာပျက်ဆီးနေတဲ့ အနာဂတ် ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး တမူထူးခြားတဲ့ Action, Drama, Crime ဇာတ်လမ်းမျိုးကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စပါဆိုတဲ့ စုံထောက်တစ်ယောက်ဟာ နှလုံးက ညာဖက်မှာ ရောက်နေပြီး အသက်ရှင်ဖို့ အချိန် ၂၄ နာရီပဲ ကျန်ပါတော့တယ်။ အဲတော့ သူ မသေခင်လေးမှာပဲ ငယ်ငယ်က ပျောက်ဆုံးသွားခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ ကီရာနာ့ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ စုံစမ်းရင်း ဝမ်အာလီဆိုတဲ့ လူဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒါနဲ့ ဂတ်စပါလည်း အဖွဲ့တစ်ဖွဲ့စုပြီးတော့ ဝမ်အာလီ့ဆိုင်ကို ဝင်လုဖို့လုပ်ပါတယ်။ ဂတ်စပါဟာ ငယ်ငယ်က နားထောင်ခဲ့တဲ့ နတ်သမီးပုံပြင်တွေကို ယုံကြည်သူ ဖြစ်ပြီးတော့ ဝမ်အာလီ့ဆီမှာ ရောက်နေတဲ့ ဘူးအနက်လေးဟာ ဆုတောင်း ပြည့်အောင် လုပ်ပေးနိုင်မယ်လို့ ထင်မြင်နေပါတယ်။ ...
movie

24 Hours with Gaspar (2024)

2024
Take Me Home Tonight (2011) 6.3
Take Me Home Tonight (2011)  ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်စရာ လူငယ်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုတွေလုပ်ကြရစမြဲပါ ကလေးဘဝတည်းကစ...အသက်တွေကြီးလာတဲ့အထိ..ကိုယ့်အတွက် ကောင်းမယ်ထင်တဲ့ဟာကို ရွေးချယ်ကြတာပါပဲ။ မှားမှာကို ကြောက်ပြီး ဘာမှမရွေးခဲ့ရင်တော့မမှားဘူးပေါ့လေ..သေချာတာကတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုတာပါပဲ။ဒီ လူငယ်ဖန်စီဇတ်လမ်းလေးမှာ မတ်ဖရန့်ကလင်းဆိုတဲ့ကောင်လေးက ငယ်ငယ်ကတည်းက မှားမှာကိုကြောက်တတ်တဲ့သူပါ..MIT ကျောင်းလိုမျိုးကနေဘွဲ့ရပြီးတာတောင် မအောင်မြင်မှာကြောက်ပြီး ဘာအလုပ်မှလုပ်ဖို့ မရွေးချယ်ရဲဘဲ ကုန်တိုက်တစ်ခုက ဗီဒီယိုဆိုင်မှာအလုပ်ဝင်လုပ်နေပါတယ်...တစ်နေ့မှာ ကျောင်းတုန်းက သူကြိတ်ကြွေခဲ့ရတဲ့တိုရီ ဆိုတဲ့ ကောင်မလေးကို ပြန်ဆုံမိပါတယ်။မတ် တစ်ယောက် တိုရီကို ဘယ်လိုတွေ ပြောပြီးပါတီအတူတက်ရဖို့ ကြံဖန်မလဲဆိုတာ..။ File size…2.26GB / 915MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

Take Me Home Tonight (2011)

Lover (2024) 7.4
Lover (2024) Lovers (2024) "တစ်စစီကျိုးပဲ့"IMDb 7.3 ရထားတဲ့ တမီးလ် ရိုမန့်ဇာတ်လမ်း ဖြစ်ပြီး မြင်နေကျ အချစ်ကားတွေလို ပေါ့ပေါ့ပါးပါး အပြောင်အပျက်တွေ သိပ်မပါပဲ အမှန်အကန်ဆွေးလို့ရမယ့် ဇာတ်လမ်းလေးလို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းကတော့ အာရွန်က အင်ဂျင်နီယာဘွဲ့ရ/ အလုပ်မရှိ/ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကြံရွယ်နေပြီး ကောလိပ်ကတည်းက တွဲခဲ့တဲ့ ချစ်သူကောင်မလေး "ဒီဗယာ" ကတော့ အိုင်တီအလုပ်တစ်ခု လုပ်နေသူပါအာရွန်က တစ်ခုခုဆို မူးရူး ရမ်းကား၊ သဝန်တိုတတ်ပြီး ဒီဗယာ့ကို မကြာခဏ ပြဿနာရှာတတ်ပေမယ့် ဒီဗယာကတော့ ချစ်သူကို အစစအရာရာ သည်းခံ "I can fix you" ဆိုတဲ့ မိန်းကလေးပေါ့မတူညီတဲ့ နောက်ခံ၊ စရိုက်အပြုအမူတွေကြောင့် တစ်ကြောင်း၊ သူ့ကောင်မလေးနားက အောင်မြင်နေတဲ့ ယောကျာ်းလေးအပေါင်းအဖော်တွေကို မနာလိုတာကြောင့်ရယ်...ပြဿနာတွေတက်လိုက် ပြန်အဆင်ပြေသွားလိုက် ငိုတစ်လှည့် ရယ်တစ်ခါ.... များလှတဲ့ မညီမျှခြင်းတွေက သူတို့နှစ်ယောက်ရဲ့ အချစ်ကို အကြိမ်ကြိမ် စမ်းသပ်ရင်း သူတို့နှစ်ယောက် ဒီလိုစိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နိုင်မှာလား၊ အရှိတရားကို မလွန်ဆန်နိုင်ပဲ မျက်ရည်စများကသာ အဆုံးသတ်လား ဆိုတာကတော့....အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Lover (2024)

2024
Möbius (2013) 6.1
Möbius (2013)  Mobius (2013)===========မောဘီးယပ်စ်ဆိုလို့ မာဗယ်ထဲက မောဘီးယပ်စ်နဲ့ လွဲမသွားကြပါနဲ့ဦး။ ဒီမောဘီးဘပ်စ်က သတ်သတ်ပါ။ဒီကားက Mobius Strip ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က ကစားဖူးလောက်မဲ့ မျက်နှာပြင်နှစ်ဖက်ရောနေတဲ့ စက္ကူအဝိုင်းစလေးကနေ reference ယူထားတာပါ။ 2013ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 6.1/10 ရရှိထားပါတယ်။ ရုရှား-ပြင်သစ်-အင်္ဂလိပ်စကားပြောရုပ်ရှင်ပါ။ Drama/Thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်ညွှန်းကတော့ ရော့စ်တော့ဗ်စကီဆိုတဲ့လူကို ဖမ်းတဲ့နေရာမှာ အချက်အလက်တွေနှိုက်ဖို့သူလျှိုရွေးတော့ ‌Financial Expert တစ်ယောက်ဖြစ်တဲ့ မင်းသမီးကို ရွေးလိုက်ကြတယ်။ အပေးအယူကတော့ U.Sကနေ အလုပ်လုပ်ခွင့်အပိတ်ခံထားရတဲ့သူ့ကို ပြန်ရအောင်လုပ်‌ပေးမယ်ပေါ့လေ။ အချက်အလက်နှိုက်ရမဲ့သူလျှိုဆိုတော့ စီးပွားရေးလုပ်ငန်းကနေတဆင့် ဝင်လုံးပေမဲ့ အီစီကလီကိစ္စလေးတွေပါပါတာပေါ့။ အဲလိုသူလျှိုအလုပ်လုပ်နေတုန်းမှာပဲ မင်းသမီးကသူ့အချစ်စစ်ကိုရှာတွေ့ပါလေရော။ ဖြစ်ချင်တော့ သူ့ချစ်သူကလည်း တကယ့်လူမှသွားဖြစ်နေပြန်တယ်။ သူလျှိုအလုပ်နဲ့ အချစ်ရေးရောထွေးလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ )File size_(2GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Thriller Subtitle_Myanmar ...
movie

Möbius (2013)

RAM: Rapid Action Mission (2024) 8.3
RAM: Rapid Action Mission (2024) RAM (2024) ရမ် IMDb- 8.3/10စစ်ဆင်ရေးတစ်ခုလုပ်ပြီဆိုရင် အရမ်းကိုတော်ပြီးတော့ နာမည်ကြီးတဲ့ ဆူရာပရာကတ်ရှ်တစ်ယောက် အကြမ်းဖက်သမားအဖွဲ့ကို နှိမ်နင်းဖို့ သူ့အဖွဲ့နဲ့အတူ လာရင်းနဲ့ သူ့အဖွဲ့ကို ကယ်တင်ပေးရင်း သူကတော့ စိတ်မကောင်းစွာနဲ့ပဲ ဆုံးပါးသွားခဲ့ရပါတယ်။ သူ့မှာ တစ်ဦးတည်းသော သားလေးရမ်ဆိုတာရှိပါတယ်။ ရမ်ကတော့ အဖေက သူငယ်ငယ်လေးကတည်းက ဆုံးပါးသွားပြီးချိန်ကစလို့ ဘဝကို ပေါ့ပေါ့နေပေါ့ပေါ့စား နေခဲ့ပါတယ်။ဒီလိုနဲ့ ရမ်အသက်ရလာတဲ့အချိန်မှာတော့ သူ့အဖေနှိမ်နင်းခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်ဟာ နောက်ထပ်အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ လူသစ်စုဆောင်းနေတယ်ဆိုတဲ့ သတင်းကိုရပြီးနောက် ရမ်အဖေရဲ့တပည့်ဖြစ်သူ ဂျေဘီဦးဆောင်ပြီး အဲဒီအကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ အချက်အလက်တွေ စတင်စုဆောင်းခဲ့ပါတော့တယ်။ဆရာဖြစ်သူရဲ့ မှာခဲ့တဲ့စကားအရ ဆရာဖြစ်သူရဲ့သားကိုပါ သူတို့အဖွဲ့ထဲဝင်ဖို့အတွက် ဂျေဘီတစ်ယောက်သွားရောက် စည်းရုံးခဲ့ပေမဲ့လည်း ရမ်ကတော့ တွင်တွင်ငြင်းနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရမ်တစ်ယောက် အချစ်စိတ်တွေ ပေါက်ဖွားလာပြီး ဒေါက်တာလေးတစ်ယောက်ကို ချစ်မိသွားရာကနေ .... အဲဒီဒေါက်တာလေးရဲ့ တိုက်တွန်းချက်အရ သူ့အဖေတို့အဖွဲ့ကို ဝင်ရောက်တဲ့နောက် ဘယ်လိုမစ်ရှစ်တွေထမ်းဆောင်ရမလဲ ..... အကြမ်းဖက်သမားတွေကရော ဘာတွေ ကြံစည်နေကြတာလဲ... ဒေါက်တာမလေးနဲ့ ရမ်တို့ရဲ့ လမ်းခရီးကရော ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲ ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~Aditi~KKKZ~V~Yunni တို့ပဲဖြစ်ပါတယ်) File size…2.2GB ...
movie

RAM: Rapid Action Mission (2024)

2024
Charlie Wilson’s War(2007) 7.1
Charlie Wilson’s War(2007)  "ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့...ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး...တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်...ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်...မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ...သွေးတွေအန်ရင်း ကျုပ်ခွေးသေသွားတယ်...""အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ""သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ...မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ...ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်...ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့..လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်""မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်...အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်..."ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်း ခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်...ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်...ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ... ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်...ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကို မယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်....ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ...
movie

Charlie Wilson’s War(2007)

2007