Channel Myanmar

Drama

On Fire (2023)
On Fire (2023)  ဒီဇာတ်ကားက သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးတွေကို နှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမည်ဆိုရင် အဆုတ်ရောဂါကို ခံစားနေရတဲ့ဖခင် ၊ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်တို့နဲ့ ဒေဗ့်တို့မိသားစုဟာ တောအုပ်ကလေးတစ်ခုအနီးက ကားအိမ်ကလေးမှာနေထိုင်ကြပါတယ်။ယောက္ခမဖြစ်သူဟာ အဆုတ်ရောဂါခံစားနေရသော်လည်း မကြာခဏဆေးလိပ်ခိုးသောက်တတ်သောကြောင့် ချွေးမဖြစ်သူနဲ့ သိပ်ပြီးအဆင်မပြေသည့်အပြင် ဆေးကုသစရိတ်တွေကြောင့်လည်း မိသားစု စီးပွါးရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင်း ကမ္ဘာတစ်ဝှမ်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေ ဖြစ်ပွါးနေရာမှ သူတို့နေထိုင်ရာမြို့လေးဆိီသို့လည်း တောမီးအန္တရာယ်ရောက်လာသောအခါ သူတို့မိသားစု မီးဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းနိုင်ပါမလား......စသည်ဖြင့် အခက်အခဲတွေကို ကျော်လွှားပုံကို ရင်တထိပ်ထိပ်နဲ့ ကြည့်ရမည့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(732 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Drama, Action, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

On Fire (2023)

Staring at Strangers (2022)
Staring at Strangers (2022)  Staring at strangers ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ဇာတ်ကောင် Carpenter Damián ကအဝတ်ဗီရိုထဲမှာ ပုန်းနေပြီး အပြင်ကမိသားစုတစ်စုမသိအောင် နေနေရတဲ့သူတစ်ယောက်ပါ။သူ့သူဌေးဆီက အလုပ်ဖြုတ်ခံရပြီး ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရာက အဲဒီဗီရိုကို အလုပ်သမားတွေ လူရှိနေမှန်းမသိဘဲ ဗီရိုဝယ်သူဆီ သယ်သွားခဲ့ကြတယ်။မိသားစုမရှိ သူငယ်ချင်းလည်းမရှိတဲ့ Carpenter တစ်ယောက် အပြင်လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ဗီရိုထဲမှာပဲ သူ့ရဲ့ကမ္ဘာငယ်တစ်ခုအဖြစ် ထွက်ပေါက်ရှာနေထိုင်ရင်းက ​အိမ်ပိုင်ရှင်ဇနီးသည် Lucia နဲ့ ဘယ်လိုတွေ ခံစားချက်ပေါ်ပေါက်လာမလဲ၊ လူမမိအောင် အမြဲတမ်းပုန်းနေနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ psychology thriller ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin 
movie

Staring at Strangers (2022)

J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

Oopiri [Thozha ] (2016) 8
Oopiri [Thozha ] (2016) Thozha (imdb 8/10 Rtscore 77 %) ......(ရင်ဘတ်မိတ်ဆွေ)......ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသဒရာမတောင်ပိုင်းကားလေးတစ်ကားပါပဲ ဘာဟူဗလီကားထဲက မင်းသမီးချောဖြူနုအုဖတ်လေး သမန်းနားလဲပါဝင်ထားပြီး ဇာတ်ပို့မင်းသားကြီး ပရာကတ်ရာ့ဂျ်တို့လို သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ်ဒီကားလေးကတော့ မသန်စွမ်းရောဂါဖြစ်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက် ဘဝမှာ ဘာကိုမှအလေးမထား အချုပ်ကျလိုက် လမ်းဘေးရှကီထုလိုက်နဲ့ အလေလိုက်နေတဲ့ စီနူဆိုတဲ့သူကို အလုပ်ခန့်လိုက်ပါတယ်..ဆရာသမားက လက်ကြောလဲမတင်း အလုပ်ကလဲကြေးများတဲ့အပြင် ဘာကိုမှလဲအလေးအနက်မရှိပါဘူး ဒီအလုပ်ကို လျှောက်တော့လဲ သူဌေးရဲ့အတွင်းရေးမှူးမလေးကို ဖွန်ကြောင်ချင်လို့ ဝင်အလုပ်လျှောက်တာပါသူဌေးကတော့ သူ့ရိုးသားပွင့်လင်းမှုကို သဘောကျပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ တစ်ယောက်အခက်အခဲကို တစ်ယောက်ဘယ်လိုဖေးမကူပြီး ဘာဆက်ဖြစ်မလဲ....ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ် ဘာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.9GB / 1.18GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oopiri [Thozha ] (2016)

2016
Ordinary Angels (2024) 7.6
Ordinary Angels (2024) Ordinary Angels (2024)Drama ရုပ်ရှင်ကောင်း ကြိုက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes – 85%, IMDb rating – 7.8 ရရှိထားပါတယ်။ ၁၉၉၄ ခုနှစ် ကန်တက်ကီ ပြည်နယ်၊ လူးဝစ်ဗေးလ်မြို့က အသည်းရောဂါသည် ကောင်မလေးကို အသည်းအစားထိုးကုသနိုင်ဖို့ ရန်ပုံငွေရှာဖွေ ပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း တကယ့်ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ အက်ဝါ့ဒ်ရှမစ်ဟာ ဇနီးဖြစ်သူထရီဆာ ရောဂါနဲ့ သေဆုံးပြီးနောက် သမီးလေး၂ယောက်နဲ့ ဘဝကို ရုန်းကန်နေရသူပါ။ ပိုပြီး ကံဆိုးတာက သမီးအငယ်လေး မီရှဲလ်ဟာ အသည်းရောဂါကို ခံစားနေရပြီး အစားထိုးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။ သမီးလေးရဲ့ ရောဂါကို ကုပေးရင်း အကြွေးနွံထဲမှာ နစ်နေခဲ့ပါတယ်။ ထရီဆာရဲ့ အသုဘကို သိလည်းမသိဘဲ ယောင်လည်လည်နဲ့ ရောက်လာတဲ့ ရှာရွန်ဆိုတဲ့ အမျိုးသမီးနဲ့တွေ့ဆုံခဲ့ပါတယ်။ ရှာရွန်ဟာလည်း မြို့ထဲမှာ ဆံပင်အလှပြင်ဆိုင်ဖွင့်ထားပေမယ့် အရက်စွဲတဲ့ ပြဿနာရှိနေသူပါ။ လိုနဲ့ ရှာရွန်လည်း အက်ဒ်တို့ မိသားစုကို သနားသွားပြီး ကူညီပေးဖို့ ရန်ပုံငွေ ရှာဖို့ ...
movie

Ordinary Angels (2024)

2024
[18+]Young Sister-In-Law 2(2017)

[18+]Young Sister-In-Law 2(2017)

The Housemaid (2010) 6.4
The Housemaid (2010) 2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကိုအနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီးနောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်းအဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကိုဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက်ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက်မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေးအနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size…    1.4 GB /  652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

The Housemaid (2010)

Waitress (2007) 7.0
Waitress (2007) The waitress(2007)ဒီတစ်ခါတော့ IMDb 7/10, Rotten Tomatoes 89% ရရှိထားခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုဆိုတာရှိကြစမြဲပါ။ရွေးချယ်ခွင့်မရှိတဲ့အခြေအနေမှာတောင် ရွေးချယ်မှုရှိနေတာပါပဲ။အရေးကြီးတာက ကိုယ့်ရဲ့ရွေးချယ်ခွင့်ကို ကိုယ်ကိုကိုယ်တိုင်ကလက်လွှတ်မခံလိုက်ဖို့ပါပဲ။ ဒီဇာတ်ကားလေးမှာတော့ ဂျန်နာဟာ သိပ်ကိုထိန်းချုပ်တတ်ပြီးတစ်ကိုယ်ကောင်းဆန်လွန်းတဲ့ယောကျာ်းနဲ့ပေါင်းသင်းနေရတဲ့ပိုင်မုန့်လုပ်ရာမှာ ထူးချွန်လွန်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ပါ။သူမဘဝမှာ အမြဲလိုလို အကြောက်တရားနဲ့စိတ်ဆင်းရဲမှုတွေနဲ့ပြည့်နေတတ်ပေမဲ့ တစ်ခုတည်းသောရည်မှန်းချက်လေး ရှိနေပါသေးတယ်။ အဲဒါကတော့ ငွေစုပြီး သူ့ယောကျာ်းဆီက ထွက်ပြေးဖို့ပါပဲ။ဒါပေမဲ့ နဂိုကံဆိုးတဲ့ဘဝမှာမှ ထပ်ဆင့်ကံဆိုးပြန်ပါတယ်။အဲဒါကတော့ ကလေးရသွားတာပါပဲ။သူ့ဘဝက ကံကောင်းချင်‌ေတာ့ ပိုက်ဆံကောက်ရတယ်ကံဆိုးချင်တော့ ချော်လဲလို့ သုံးလိုက်ရတယ် ဆိုတာမျိုးပါပဲ။အတက်အကျမဲ့ ကံ‌တောက်လျှောက်ဆိုးနေရာကနောက်ဆုံးတော့ သူ့ရဲ့မီးယပ်ဆရာဝန်နဲ့ ကြိုက်မိသွားပါလေရော။ဒီလိုနဲ့ တစ်ဖက်ကဆိုးလွန်းတဲ့ယောကျာ်း၊ တစ်ဖက်ကတော့နူးညံ့တဲ့‌ဆရာဝန်လေး၊ နောက်တစ်ဖက်ကလည်းလူသိမခံနိုင်တဲ့ ဖောက်ပြန်မှု ဒါတွေကြားဂျန်နီတစ်ယောက် ဘယ်လိုရွေးချယ်မှုတွေဖန်တီးပြီးအဆုံးသတ်မှာ လွတ်မြောက်ပြီး ပျော်ရွှင်သွားနိုင်မလားဆိုတာတော့ကိုယ်တိုင်ပဲတက်လက်ကြည့်ရှုအားပေးလိုက်ပါဦးနော်။  File size…    1.8 GB /  968MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Comedy/Drama Subtitle…. Myanmar Subtitle ...
movie

Waitress (2007)

Elizabeth: The Golden Age (2007) 6.8
Elizabeth: The Golden Age (2007) အနုပညာ ကဗျာစာပေတွေ တစ်ခေတ်ပြန်လည်ထွန်းကားလာတဲ့ ၁၅၅၈-၁၆၀၃ ခုနှစ် ကာလကိုThe Golden Age လို့ ခေါ်ကြပါတယ်။အင်္ဂလန်ပြည်ကို Queen Elizabeth I အုပ်စိုးခဲ့စဉ်မှာထွန်းကားခဲ့တဲ့ ကာလဖြစ်လို့ Elizabethan era လို့လည်းတင်စားကြပါသေးတယ်။Queen Elizabeth I ဟာဆိုရင်ဖြင့် တခြားသောဘုရင်မတွေလို ကြင်ယာဖက်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးတတ်တဲ့မိန်းမ‌တစ်ယောက်တော့ မဟုတ်ပါဘူး။သူဟာ နိုင်ငံ့အရေးကို သူတစ်ယောက်တည်း အစွမ်းအစနဲ့ဦးဆောင်နိုင်တယ်လို့ ခံယူချက်ရှိတဲ့ တစ်ကိုယ်တည်းအပျိုကြီးလုပ်ကာ အုပ်ချုပ်သူပါ။ဒါကြောင့်လည်း သူဟာ Virgin Queen လို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကတော့ Queen Elizabeth ရဲ့ သူအုပ်စိုးစဉ်ကာလအတွင်းမှာသူ့ရဲ့စကားကိုတည်အောင် ဘယ်လိုတွေစွမ်းဆောင်သွားခဲ့လဲ၊ The Golden Age, Elizabethan era လို့တင်စားရလောက်အောင် သူဘာတွေစွမ်းဆောင်ခဲ့လဲဆိုတာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ File size…    2.2 GB /  1 GB Quality… BluRay 1080p / 720p Format… ...
movie

Elizabeth: The Golden Age (2007)

Criminal Activities (2015) 5.8
Criminal Activities (2015)  Old But Gold ကားလေးတွေပြန်ကြည့်ချင်သူတွေအတွက်ခေတ်ဟောင်းအက်ရှင်မင်းသားကြီးဂျွန်ထရာဗိုတာပါဝင်သရုပ်ဆောင်ထားတဲ့ Criminal Activities ဆိုတဲ့ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ဇာတ်လမ်းအမျိုးအစားကတော့သည်းထိပ်ရင်ဖိုဒရာမာအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းကို ဈာပနတစ်ခုမှာစတင်ထားတာကိုတွေ့ရမှာဖြစ်ပြီးအချိန်မတန်သေးပဲ ကွယ်လွန်သွားခဲ့တဲ့သူငယ်ချင်းဖြစ်သူအတွက်သူ့ရဲ့ သူငယ်ချင်းလေးယောက်က ဈာပနပွဲကိုလာတက်ခဲ့ကြပါတယ်။နောက်တော့ သူငယ်ချင်းတွေစကားလက်ဆုံပြောကြရင်းနဲ့အောင်မြင်မှာ သေချာတဲ့စတော့ရှယ်ယာကို ရောင်းဖို့ရှိတယ်ဆိုတဲ့အကြောင်း သူငယ်ချင်းတစ်ယောက်က စကားစလိုက်တဲ့အခါမှာယောက်ျားလေးတွေ ထုံးစံအတိုင်း ရရာနေရာကပိုက်ဆံယူပြီးအကုန်ပုံအောထည့်ဝယ်လိုက်ပါတော့တယ်။ကံကြမ္မာဆိုတာကလည်းထင်သလောက် သဘောမကောင်းတဲ့အခါမှာတော့ စတော့တွေ အကုန်လုံးသုံးစားမရဖြစ်ကုန်ပြီး လူဆိုးဂိုဏ်းဆီက ပိုက်ဆံချေးလာပေးတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့လေးယောက်သားတိုင်ပတ်ကုန်ကြပါတော့တယ်။ဒါပေမယ့် လူဆိုးဂိုဏ်းခေါင်းဆောင်ကသဘောကောင်းပြီး သူတို့ကိုရွေးချယ်စရာတစ်ခုပေးခဲ့ပါတယ်။အဲ့ဒီ ရွေးချယ်စရာကတော့ အဲ့ဒီခေါင်းဆောင်ရဲ့ ရန်သူဖြစ်သူရဲ့ညီကိုပြန်ပေးဆွဲပေးရမှာ ဖြစ်ပြီးအဲ့လိုလုပ်ပေးရင်အကြွေးတွေ အကုန်ချေပေးမယ်လို့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ဒီတော့ ဘာမှရွေးချယ်စရာရှိမနေတဲ့ သူငယ်ချင်းလေးယောက်လည်းမရဲတရဲနဲ့ ပြန်ပေးဆွဲဖို့ကြိုးစားပြီးနောက်မှာတော့ ဘာတွေဆက်ကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ Plot Twist ပေါင်းများစွာနဲ့စိတ်ဝင်စားစရာဇာတ်ကားဟောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…965MB / 440MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre …..Crime , Drama ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Criminal Activities (2015)

A Guide to Recognizing Your Saints (2006) 6.9
A Guide to Recognizing Your Saints (2006)  ဒီတစ်ခါ ဇာတ်ကားဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့အမေရိကန်ဒရာမာဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ဒါရိုက်တာ ဒီတိုမွန်တီရယ် ကိုယ်တိုင်ရဲ့ဘဝအတွေ့အကြုံ မှတ်တမ်းက သူ့ရဲ့ငယ်စဉ်ဘဝကို ဇောင်းပေးမှီငြမ်း ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ကား ထွက်ရှိခဲ့တဲ့ ၂၀၀၆ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာဇာတ်ကားဆု၊ ဇာတ်ပို့ဆုတွေ ၈ခုထိရခဲ့ပြီး nomination ၉ခုရတဲ့အထိအောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့Robert Downey Jr.၊ Channing Tatum နဲ့ Shia Labeouf တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းက ဒီတိုက လက်ရှိအချိန်မှာ အယ်လ်အေမှာအောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်အဖြစ်နဲ့ အစပျိုးထားပါတယ်။ သူ့ရဲ မိခင် ဖလော်ရီနဲ့ ငယ်သူငယ်ချင်းနာ့ဖ်တို့ဆီက ဖုန်းဆက်တိုက်တွန်းမှုတွေကြောင့် သူစွန့်ခွာခဲ့တဲ့ငယ်စဉ်နေရပ် နယူးယောက် အော်စတိုရီယား ကို နေမကောင်းဖြစ်နေတဲ့ ဖခင်ကို ဆေးရုံတက်ရန် ဖျောင်းဖျဖို့ ပြန်လာခဲ့ပါတယ်ဇာတ်အိမ်တလျှောက် ၁၉၈၀ ဝန်းကျင် ဒီတို ငယ်စဉ်ဘဝကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိအချိန် ...
movie

A Guide to Recognizing Your Saints (2006)

[18+]Sexless(2017)
[18+]Sexless(2017) [18+]Sexless(2017)******************ပရိသတ်ကြီးတိုအတွက် Sexlessဆိုတဲ့ အိမ်ထောင်ရေးဇာတ်လမ်းလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးထဲမှာတော့… ဂျီယောင်းဟာ ခင်ပွန်းဖြစ်သူ ပလတ်စတစ်ဆာဂျရီဆရာဝန်နဲ့ အိမ်ထောင်သက်တမ်း၅နှစ် ရှိနေခဲ့ပေမယ့် ယောက်ျားဖြစ်သူဟာ သူမရဲပ အလိုဆန္ဒကို မဖြည့်ဆည်းပေးခဲ့ပါဘူး ခင်ပွန်းဖြစ်သူက ဆေးရုံက ဘိုယောင်းဆိုတဲ့ သူနာပြုလေးနဲ့ ဖောက်ပြန်နေပြီးဇနီးဖြစ်သူ ဂျီယောင်းကိုတော့ မိသားစုဆိုတဲ့ စကားနဲ့ပဲ အတူနေဖိုကို ငြင်းဆန်နေတဲ့သူပါ နွေးထွေးကြင်နာမှုတွေ လိုအပ်နေတဲ့ ဂျီယောင်းနဲ့ ဖောက်ပြန်နေတဲ့ ခင်ပွန်းဖြစ်သူတို အရင်လိုပျော်ရွှင်ကျေနပ်မှုတွေ ပြန်ရလာမလားFile Size 728MB Quality : WEB-DL720p Format…mp4 Duration…01:23:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS
movie

[18+]Sexless(2017)

Typist Artist Pirate King (2022) 5.8
Typist Artist Pirate King (2022)  ကိုယ့်ကိုကိုယ် လက်နှိပ်စက်စာရေးမ ပန်းချီဆရာမ ပင်လယ်ဓားပြဘုရင်ရယ်ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေတဲ့ အဖွားအိုအော်ဒရီအေမစ်က သံသယလွန်ကဲစိတ်ရောဂါဝေဒနာသည်တစ်ယောက်ဖြစ်တယ်... တစ်နေ့မှာ အော်ဒရီက ဆန်ဒါလန်မှာရှိတဲ့ပန်းချီပြခန်းကို သွားချင်ခဲ့ပြီး သူနာပြုဆန်ဒရာကိုဖိအားပေးပို့ခိုင်းခဲ့တယ်။ လန်ဒန်ကနေ ဆန်ဒါလန်အထိက မိုင်၂၈၀ကွာဝေးတဲ့ခရီးပါ။ ဒီလိုနဲ့ ပန်းချီပြခန်းအထိအတူသွားကြရင်း လမ်းမှာကြုံရတဲ့သူတွေအပြင် တစ်ကားလုံးမှာ အော်ဒရီရဲ့စိတ်ဖောက်ပြန်တဲ့လက္ခဏာတွေကို အဓိကတွေ့ရမှာပါ။စိတ်ရောဂါသည်တွေရဲ့စိတ်က သာမန်လူတွေနဲ့ဘယ်လိုကွာခြားတယ်ဆိုတာအဓိကကြည့်ရမှာဖြစ်ပြီး ရောဂါသည်အော်ဒရီက ညီမဖြစ်တဲ့ဒိုရိုသီကို နှစ်ပေါင်းများစွာ အဆက်သွယ်မလုပ်တာက ဘာကြောင့်ဆိုတာနဲ့... အဆုံးမှာသူတို့ညီအစ်မရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်မယ်၊ ဆန်ဒါလန်ခရီးစဥ်ကြောင့် အော်ဒရီနဲ့ သူနာပြုဆန်ဒရာကရောပိုပြီးရင်းနှီးလာမလားဆိုတာကိုကြည့်ရမှာပါ။ဇာတ်ကားကပေးချင်တဲ့အဓိကမက်ဆေ့က စိတ်ဝေဒနာသည်တွေကိုပိုပြီးနားလည်လာစေဖို့ပါပဲ။ ထင်ယောင်ထင်မှားဖြစ်တာ သံသယလွန်ကဲတာတွေက ဆက်ဆံရေးကိုပျက်ပြားစေတယ်ဆိုတာအပြင် သံသယလွန်ကဲတတ်တဲ့ဝေဒနာသည်အော်ဒရီအေမစ်ကရော ဒီမကောင်းတဲ့သံသယစိတ်တွေနဲ့ ဘယ်လိုနေနေရတယ်ဆိုတာကို စိတ်ရောဂါသည်တွေရဲ့ပင်ကိုယ်သဘာဝစရိုက်ဗဟုသုတအနေနဲ့ ပိုပြီးသိလာရတဲ့ဇာတ်ကားမျိုးပါ။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra 
movie

Typist Artist Pirate King (2022)

Friday Night Sext Scandal (2024) 6.4
Friday Night Sext Scandal (2024) အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လိင်ကိစ္စတွေ အပြာကားတွေကို ဖုန်းထဲမှာ ချက်ချင်းဆိုသလို ပြောဆိုကြည့်ရှုနိုင်လာပါတယ်။ နောက်ပိုင်း သမီးရည်းစားတွေကြားမှာလည်း ကိုယ့်ရဲ့ ဝတ်လစ်စလစ်ပုံတွေ အပြန်အလှန်ပေးပို့ကြတာတွေက မထူးဆန်းတော့ပါဘူး၊ ဒီလိုနဲ့ပဲ ဝက်ဘ်ဆိုဒ်တွေ တယ်လီဂရမ်တွေပေါ် ပျံ့နှံ့သွားကြတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြောင့် လူငယ်ဘဝမှာ အပျော်ကနေ အပျက်ဖြစ်သွားကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရှောင်နှင့် လော်ရန်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ သူတို့အမေနှစ်ယောက်ကလည်း ခင်မင်ကြပါတယ်။ ရှောင်ဟာ ကျောင်းအသင်းရဲ့ တက်သစ်စဘောလုံးသမားအဖြစ် နာမည်ရနေပြီးတော့ လော်ရန်ဟာလည်း တီးဝိုင်းအဖွဲ့မှာ တော်တဲ့သူတစ်ဦးပါ။ ရှောင်ဟာ ဘောလုံးအသင်းက စီနီယာတွေက ပါတီကိုဖိတ်တဲ့အတွက် သွားတဲ့အခါမှာ စီနီယာတွေက ကျောင်းက သူတို့ ကြူလို့ရလာတဲ့ ကောင်မလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို အပြန်အလှန်မျှဝေကြပြီး သူတို့ဖန်တီးထားတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ စုစည်းပြီး သိမ်းဆည်းထားကြတာကို သိလိုက်ရပါတယ်၊ဒါပေမဲ့ ရှောင်က အဖွဲ့ထဲမှာ ဝင်ဆံ့ချင်တာကြောင့် သူကပါ ပါဝင်ပြီးတော့ ကျောင်းက ပန်းဖွားအကမယ်လေးရဲ့ ဝတ်လစ်စလစ်ပုံကို အရယူဖို့ ကြိုးစားပါတော့တယ်၊ ...
movie

Friday Night Sext Scandal (2024)

Interstate 60 (2002) 7.6
Interstate 60 (2002)  လူတွေ ဘာလို့ဆုတောင်းကြသလဲ…ဆုတောင်းလိုက်တဲ့အခါ လူတွေက စိတ်ခွန်အားတွေ ၊ ငြိမ်းချမ်းမှုတွေရလို့ ဆုတောင်းကြတယ်လို့တော့ ဖတ်ရဖူးပါတယ်။ဒါပေမဲ့ ကျွန်တော်ကတော့ ဆုတောင်းတွေထက် ကိုယ်တိုင်လုပ်ယူရတာကို ယုံကြည်တဲ့သူမျိုးဆိုတော့ ဆုတောင်းတွေဟာ ပြည့်တယ်လို့ မယုံကြည်ထားပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်ကိုပြောတာပါ။ဒီဇာတ်ကားထဲမှာ ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့သူ တစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သူက တော်ရုံလူတွေတွေ့နိုင်တဲ့သူမျိုးမဟုတ်ဘဲ ကံကောင်းလွန်းတဲ့သူမျိုးမှ ကြုံရတွေ့ရ ဆုတောင်းခွင့်ရကြတဲ့ သူမျိုးပါ။ ဒီထဲမှာ ဇာတ်ကောင် နီးလ်က ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အခိုက်အတန့်တွေမှာ အဖြေတစ်ခုလိုချင်တယ်လို့ ဆုတောင်းလိုက်မိရာကနေ လိုချင်တောင့်တမှုတွေ ၊ လွတ်လပ်ခွင့်တွေ ၊ အဖြစ်ချင်ဆုံး ဆန္ဒဆိုတာတွေကို သိမြင်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လူငယ်တွေကြည့်လို့ကောင်းမယ့် fantasy, comedy, drama ရောထားတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ဒီကားကြည့်ပြီးတဲ့အခါ ခင်များတို့ရော ဆုတစ်ခုတောင်းခွင့်ရမယ်ဆို ဘာကိုတောင်းမလဲ ၊ ဒါမှမဟုတ် ခင်များတို့ ကိုယ်တိုင်ရော လက်ရှိမှာ ရှာဖွေနေတဲ့ အဖြေတစ်ခုကို ရှာတွေ့သွားမလား ကျွန်တော်တော့ ...
movie

Interstate 60 (2002)

Por (2024) 6
Por (2024) POR 2024 ကျောင်းတော်ကရန်စများIMDb-6.1/10သင်ဟာ တက္ကသိုလ်ဘဝကို လက်ချာခန်းထဲ ကုန်ဆုံးခဲ့တဲ့သူမဟုတ်ဘဲ အပေါင်းအသင်းတစ်အုပ်နဲ့ ကျောင်းဝင်းပျော်ကြီးလုပ်ခဲ့တဲ့သူဆို တစ်ချိန်ကဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါပြီ။ ကျောင်းဝင်းထဲပဲပျော်တဲ့သူဆိုထဲက တစ်တန်းနှစ်နှစ်နေရမှတို့ဘာတို့လည်း ပါတယ်ပေါ့လေ ဆိုတော့ကာ ဇာတ်လမ်းကိုဆက်ကြဦးစို့ရဲ့။အမောင်ပရာဘူဟာ အတော်လေးကို ကျောင်းနေပျော်တဲ့သူတစ်ယောက်၊ ကျောင်းနေပျော်ပေမဲ့ စာနေတော်သူတော့မဟုတ် thesis မှာတဘုံးဘုံးကျနေတဲ့ ကျောင်းတော်ကြီးရဲ့ရှားပါးနှစ်ချို့ကျောင်းသား၊ သူ့ကိုယ်သူတော့ စူပါစီနီယာလို့ ခံယူထားတဲ့သူ တက္ကသိုလ်ဆိုတာက စီနီယာကဟိတ်ဆို ဂျူဂျူတွေတိတ်ရတဲ့နေရာဆိုတော့ စူပါ့စူပါစီနီယာပရာဘူကတော့ လူတကာရဲ့ကြောက်ရတဲ့ ခေါင်းဆောင်ကြီးလိုလို ဘာလိုလိုပေါ့။ဒါပေမဲ့ နေရာတိုင်းမှာ အစဉ်အလာဆိုတာမျိုးကို လက်သင့်မခံတတ်တဲ့ လူကန့်လန့်လူ့ဂွစာဆိုတာမျိုးက ရှိနေတတ်တော့ စီနီယာဆိုတာ ဘာလဲဘယ်လဲပြန်မေးပြီးရိုက်မယ့် ပထမနှစ်ကျောင်းသား ယူဗာဆိုသူပေါ်လာတဲ့အခါတော့ ပရာဘူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ...နဂိုထဲက ရန်စလေးတွေ ဇယားလေးတွေရှိခဲ့ဖူးတဲ့ ဒီလူနှစ်ယောက်ကြားက အားပြိုင်မှုအပြင်၊ အမျိုးဇာတ်ခွဲခြားမှု‌တွေ ၊ နိုင်ငံရေးဘက် ခပ်ပါးပါးအားပြိုင်မှုတွေ ၊ ဆရာဆရာမတွေရဲ့ ဘက်လိုက်မှုတွေနဲ့အတူ ကျောင်းသားအဖွဲ့တွေကြားက ပြဿနာမျိုးစုံကိုရှုစားရင်းနဲ့ ငယ်စဉ်က ပြဿနာအိုးလုပ်ခဲ့တဲ့ဘဝကို ပြန်တမ်းတလိုက်ကြပါစို့လား။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size…2.6GB / 1.3GB Quality…WEB DL ...
movie

Por (2024)

2024
Double Engine (2024) 9.2
Double Engine (2024) Double Engine (2024) သူဋ္ဌေးအိပ်မက် မြွေအိပ်မက်IMDb-9.5/10ဟိုက်ဒရာဘတ်မြို့ကြီးက သုံးဘီးအငှားမောင်းသမားဒန်နီတစ်ယောက်။ ၂၁နှစ်ပြည့်မွေးနေ့မှာ ဇာတိ‌ကျေးရွာလေးကမိသားစုအတွက် လက်ဆောင်နည်းနည်းနဲ့ ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြသောက်ကြမယ်ဆိုပြီး ပြန်လာခဲ့တာပေါ့မြို့မှာအငှားမောင်းသမားဘဝနဲ့ ကျပ်ကျပ်တည်းတည်းဖြစ်နေပေမဲ့ ရွာပြန်မျက်နှာပန်းလှချင်လို့ ဆိုင်ကယ်အရမ်းနှမြောတဲ့သူငယ်ချင်းဆီက အမိုက်စားဆိုင်ကယ်ကြီး မရမကငှားစီးလာတယ် ရွာမှာကျန်ခဲ့တဲ့သူငယ်ချင်းကလည်း မြို့ကသူငယ်ချင်းကြီးပြန်လာမှာမို့ အင်္ကျီအသစ်တွေနဲ့အပျံစားစောင့်ကြို...။ငယ်ငယ်လေးတည်းကပေါင်းလာသူတွေ သောက်ရင်းစားရင်းအားလုံးတူတူခက်ခဲနေကြတာပေါ်တာပါပဲ ။ သူတို့အားလုံးပြိုင်တူတောင့်တတာက ချမ်းသာကြွယ်ဝချင်တဲ့အိပ်မက် "Double Engine" လို့မှောင်ခိုဈေးကွက်အခေါ်မြွေ က သူတို့ဘဝတွေပြောင်းလဲနိုင်မှန်းသိလို့ ထွက်လာခဲ့တဲ့ စွန့်စားခန်းကတစ်ဆင့် သူတို့တွေအချီကြီးရပြီးပွသွားမလား ဘယ်လိုရင်ဆိုင်ရယူကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…1.67GB / 744MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Double Engine (2024)

2024
Something Is About to Happen (Que Nadie Duerma) (2024)
Something Is About to Happen (Que Nadie Duerma) (2024)  ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ.ဇာတ်လမ်းကို အကြမ်းဖျင်းပြောပြရရင်တော့ လူဆီယာဆိုတဲ့ IT ကျွမ်းကျင်တဲ့ အမျိုးသမီးလေးတစ်ဦးဟာ သူတို့ကုမ္ပဏီသူဌေးရဲ့ အကျင့်ပျက်မှုကြောင့် တက်စီမောင်းပြီး အသက်မွေးဝမ်းကြောင်းရတဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်.ဒါပေမယ့်လည်း လူဆီယာဟာ ကာလက်ဖ်ဆိုတဲ့ အမျိုးသားတစ်ဦးကို ခဏလေးပဲတွေ့ခဲ့ပြီး စွဲလမ်းစိတ်ဖြစ်ခဲ့ကာ သူမောင်းတဲ့တက်စီကို တစ်နေနေ့မှာ ကာလက်ဖ်တစ်ယောက် ငှားစီးမိမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပဲ စောင့်မျှော်နေခဲ့ပါတယ်.ဇာတ်ရဲ့ အဓိကအချိုးအကွေ့တွေဟာ ဇာတ်လမ်းတစ်ဝက်လောက်ကနေ စပြီး ဇာတ်ပြီးဆုံးတဲ့အထိ အရှိန်ကောင်းလာပြီး ဘယ်သူတွေက လူဆီယာ့အပေါ် ဘယ်လိုတွေ ကြံစည်နေလဲ? လူဆီယာကရော ဘာတွေလုပ်မိသွားမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းပြီးတဲ့အထိ ဆွဲခေါ်သွားနိုင်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်.အင်္ဂလိပ်ကားတွေပဲကြည့်ရတာ ရိုးနေတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် အပြောင်းအလဲလေးဖြစ်အောင် စပိန် Thriller ကားလေးတစ်ကားကို ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ. File size…(2.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre...Drama, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Something Is About to Happen (Que Nadie Duerma) (2024)

The End We Start From (2023)
The End We Start From (2023)  အခြေအနေအကြောင်းကြောင့် မိုတီပျောက်နေသူတွေအတွက် reviewကောင်းတွေပိုင်ဆိုင်ထားတဲ့ The End We Start from ဆိုတဲ့ Survival ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဦးထူးဆန်းBenefict Cumberbatch လည်း supportingအနေနဲ့ ပါဝင်ထားတာဖြစ်လို့ မကြည့်ရသေးရင်တော့ tryကြည့်ဖို့ ညွှန်းလိုက်ပါတယ်။မိန်းမတစ်ယောက်အတွက် အနာကျင်ရဆုံး သေမင်းနဲ့အနီးဆုံးကာလတစ်ခုဖြစ်တဲ့ မီးဖွားချိန်ကျမှပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်းပဲ လန်ဒန်မြို့မှာ မုန်တိုင်းထန် ရေလွှမ်းပြီး ကပ်ဆိုက်ပါတော့တယ်။ သွေးနုသားနုမှာ ပြုစုယုယတာခံရမယ့်အစား ခင်ပွန်းဖြစ်သူနဲ့အတူ ရေဘေးကနေပြေးပြီး ယောက္ခမတွေနဲ့ အတူနေဖို့ဖြစ်လာတာပေါ့။သဘာဝကပ်ဘေးနဲ့အတူလိုက်လာတဲ့ အစာရေစာရှားပါးခြင်းနောက်မှာ ခင်ပွန်းဖြစ်သူရဲ့မိဘနှစ်ပါးက အသက်ဆုံးသွားတာနဲ့အတူ ခင်ပွန်းကလည်း စိတ်ဓာတ်ကျပြီး သွေးနုသားနုဇနီးနဲ့သားလေးကိုထားရစ်ခဲ့တာခံရ၊ ကိုယ်တိုင်လည်း သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံထားရတော့ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှု အားငယ်မှုတွေပြည့်နေတဲ့တော့တာပေါ့။ဒါပေမဲ့ သူကတော့ သူ့ကိုပဲအားကိုးရှင်သန်ရမယ့် ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်ဖြစ်နေတာကြောင့် ကြောက်ရွံ့တုန်လှုပ်ရင်း ပုန်းခိုနေလို့မရပါဘူး။ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ဘေး သူခိုးဓားပြတွေရဲ့ဘေးရန်အသွယ်သွယ်ကနေ အရရုန်းကန်လို့ ဒီကလေးငယ်လေးကို ကပ်ဘေးအသွယ်သွယ်ကနေအရကယ်ထုတ်မယ့် မိခင်တစ်ယောက်ရဲ့သတ္တိကို ဒီရုပ်ရှင်လေးကနေ ...
movie

The End We Start From (2023)

Diaz – Don’t Clean Up This Blood (2012) 7.3
Diaz – Don’t Clean Up This Blood (2012)  IMDb Rating 7.3 အထိရရှိထားတဲ့ Diaz - Don't Clean UpThis Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ်ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက်သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစားနေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိအကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့်ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲအကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Diaz – Don’t Clean Up This Blood (2012)