Channel Myanmar

Drama

Bright Star (2009) 6.9
Bright Star (2009)  အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ...
movie

Bright Star (2009)

In Her Room (2023) 5.0
In Her Room (2023) In Her Room ( 2023 )In Her Roomဟာ Mysteryဆန်ဆန် ကားလို့ပြောရမယ်။ ဂျပန် Mysteryကားတွေဟာ ဂျပန်ကားတွေရဲ့ ပင်ကိုငြိမ်သက်ခြင်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုအရသာမျိုးထွက်လာလဲ ဂျပန် Mystery , Thrillerကားတွေ ကြည့်ဖူးတဲ့ လူတွေသိကြမှာပါ။ In Her Roomဆိုတဲ့အတိုင်း ဒီကားရဲ့ ပဟေဠိကတော့ ကောင်မလေးတစ်ယောက်ရဲ့ အခန်းထဲက ပဟေဠိပေါ့။လူမှုဆက်ဆံရေးသိပ်မကျင်လည်တဲ့ သွားဆရာဝန်ကောင်လေးဟာ မိယာခိုဆိုတဲ့ ကောင်မလေးကို ချစ်မိနေတယ်။ ဒီကောင်မလေးက ထူးထူးဆန်းဆန်းအကြောင်းအရာတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောတတ်တယ်။ အတွင်းစိတ်နဲ့ပတ်သက်တဲ့ အရာတွေပေါ့။ ကောင်လေးကတော့ မိယာခိုက သူ့ကိုယ်သူနားမလည်တာတွေကိုတောင် နားလည်တယ်လို့ ယုံနေတယ်။ တစ်နေ့ကျ မိယာခိုရဲ့ သူငယ်ချင်းက မိယာခိုရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြမယ်ဆိုပြီး စကားစလာတယ်။ ဒီလိုနဲ့ ကောင်လေးက မိယာခိုအခန်းထဲက လျှို့ဝှက်ချက်တွေကို သိလာရတယ်။ သူချစ်မိနေတဲ့ သူနားမလည်နိုင်တဲ့ကောင်မလေးကို ဒီကောင်လေး ...
movie

In Her Room (2023)

The Tall Man (2012) 5.9
The Tall Man (2012)  ဝါရှင်တန် ပြည်နယ်က ကိုးရော့ခ်ဆိုတဲ့ မြို့ငယ်လေးဟာယခင်က သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းအမှီပြုပြီးစည်ကားသိုက်မြိုက်တဲ့ မြို့လေး တစ်မြို့ ဖြစ်ခဲ့တာပါ။မိုင်းတွင်း တူးဖော်ရေး ပိတ်ချခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာစီးပွားလည်ပတ်မှု မရှိတော့ဘဲ တစ်စထက် တစ်စအကျဘက်ကို ဆုတ်ယုတ်လာခဲ့ပါတယ်။ အဆိုးဆုံးကမြို့နေလူထုထဲမှာ ကလေးငယ်တွေ တဖြည်းဖြည်းပျောက်ဆုံးသွားကြတာပါ။ ဒီပျောက်ဆုံးမှုတွေအတွက်ဒဏ္ဍာရီလိုလို ယုံတမ်းပုံပြင်လိုလို ဖြစ်လာတာကတော့ခေါင်းစွပ်နဲ့'လူရှည်ကြီး' တစ်ယောက်က ကလေးတွေကိုတောထဲကို ဆွဲခေါ်သွားခဲ့တာဆိုတာပါပဲ။ ဂျူလီယာဆိုတဲ့သူနာပြုတစ်ယောက်က ခင်ပွန်းဖြစ်သူ ဆရာဝန်ဆုံးပါးပြီးနောက်ပိုင်း အိမ်မှာ သားလေးဒေးဗစ်နဲ့အတူ ကလေးထိန်းတစ်ယောက်နဲ့ နေထိုင်သူပါ။ တစ်နေ့အိပ်ယာနိုးလာချိန်တွေ့လိုက်ရတာက ကလေးထိန်းကို ကြိုးနဲ့တုပ် ပါးစပ်အဝတ်ဆို့ထားပြီး ကလေးကိုလည်း မတွေ့ရတော့ပါဘူး။ကလေးကို ပြန်ရဖို့အတွက် ဂျူလီယာတစ်ယောက် ဘယ်လိုတွေလုပ်မလဲ။ မြို့က ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ သူမနဲ့ကရောဘယ်လိုဆက်စပ်နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ File size…1.44GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama , ...
movie

The Tall Man (2012)

Freedom (2023) 7.7
Freedom (2023) Freedom (2023) IMDb 7.8/10ဒီဇာတ်ကားလေးကတော့ ၁၉၈၉ ခုနှစ်ရိုမေးနီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ တော်လှန်ရေးကြီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ Political/Thriller/Drama အမျိုးအစားဇာတ်ကားကြီးဖြစ်ပါတယ်တော်လှန်ရေးကြီးဖြစ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ခေါင်းဆောင်ကို တပ်ကဖမ်းသွားပြီး အခြားလူတွေနဲ့အတူ ရေကူးကန်အလွတ်ကြီးထဲမှာ အကျဉ်းချထားလိုက်ပါတယ် သူ့အနေနဲ့ အပြင်မှာကျန်ခဲ့တဲ့မိန်းမနဲ့ကလေးဆီကိုပြန်ချင်တော့ လွတ်မြောက်ဖို့ကြိုးစားပုံကို တော်လှန်ရေးနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Drama, Histroy, Thriller, War Quality…. 1080p | 720p File size… 1.7GB | 904MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Freedom (2023)

2023
Wendy and Lucy (2008) 7.1
Wendy and Lucy (2008)  ဒီကားလေးကို ကြည့်မိတော့ လေးဖြူ ဆိုထားတဲ့ လေလွင့်သူ သီချင်းလေး ပြေးမြင်မိတယ် “ဘယ်ကိုသွားမလဲမသိတဲ့ အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ ညနေများ…” ဆိုသလိုပဲ ဝန်ဒီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူ့ သူငယ်ချင်း ခွေးမလေးဖြစ်တဲ့ လူစီနဲ့ နှစ်ယောက်သား ကားလေးတစ်စီးနဲ့ အင်ဒီယာနာကနေ အလက်စကားကို ခရီးနှင်နေတာပေါ့။အိုရီဂွန်ကိုရောက်တော့ ကားက ပျက်သွားတယ် ဒီလိုနဲ့ ခွေးစာလည်း မရှိ လူစာလည်းမရှိတဲ့အပြင် ငွေကလည်းသိပ်မရှိတော့ ဝန်ဒီတစ်ယောက် စတိုးဆိုင်ထဲမှာ အလစ်သုတ်ရာကနေ အဖမ်းခံလိုက်ရတယ်။ ဒဏ်ကြေးဆောင်ပြီး ပြန်ထွက်လာတော့ စတိုးဆိုင်ရှေ့ ချည်ထားတဲ့လူစီလေးက မရှိတော့ဘူး ပျောက်ခြင်းမလှ ပျောက်သွားပါလေရော။ အဲဒီမှာ ကားကလည်းပျက် ငွေကလည်းမရှိ အိပ်စရာမရှိ တစ်ဦးတည်းသောအဖော် လူစီကလည်းပျောက်ပြီး ပါကင်စောင့် ဦးလေးကြီးရဲ့ အကူအညီလေးနဲ့ပဲ ဒုက္ခတောတွေကြားကနေ လူစီလေးကို ပြန်လိုက်ရှာဖို့ ကြိုးပမ်းရပါတော့တယ်။ဒီ ဒရမ်မာကားလေးက Slow Burn စတိုင်လေးဆိုတော့ သာမန်ဒရမ်မာနဲ့ မတူပဲ ...
movie

Wendy and Lucy (2008)

Felines (2023)
Felines (2023)  ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ GL ကားလေးတစ်ကားပါ။ မက်စ်က သူ့ကိုယ်သူ ထူးခြားတဲ့ လိင်စိတ်တိမ်းညွတ်မှုရှိသူလို့ လက်ခံထားပေမဲ့ တစ်ခါမှတော့ တခြားမိန်းကလေးတစ်ယောက်နဲ့ မတွဲခဲ့ဖူးသူပါ။ ငြီးငွေ့ဖွယ် ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ လီလီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။လီလီနဲ့တွေ့ပြီးနောက် သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အရင်ကနဲ့ မတူတဲ့ ပုံစံစရိုက်မျိုး ပေါ်လာခဲ့တဲ့ မက်စ်က လီလီ့ကို အစွဲလမ်းကြီး စွဲလမ်းခဲ့ပြီး အခုမှ ဘဝရဲ့လက်တွဲဖော်အစစ်ကို ရှာတွေ့ပြီလို့ ထင်မှတ်မိရုံရှိသေး၊ သူ လုံးဝ ထင်မထားတဲ့ လီလီ့ရဲ့ လျှို့ဝှက်ချက်ကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့ချိန်မှာတော့.. ဆက်စီကျသလောက် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ လီလီဆိုတဲ့ မိန်းကလေးရဲ့ သရုပ်မှန်ကို မက်စ်တစ်ယောက် ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Crime, Drama, Thriller Subtitle….Myanmar ...
movie

Felines (2023)

Interstellar (2014) 8.6
Interstellar (2014) Interstellar (2014) IMDb - 8.6/10_____Rotten - 72% Won 1 Oscar. Another 43 wins & 148 nominations  2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background musicတွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် ...
movie

Interstellar (2014)

2014
BluRay DS4K HEVC
The Diving Bell and the Butterfly (2007) Le scaphandre et le papillon 8.0
The Diving Bell and the Butterfly (2007) Le scaphandre et le papillon The Diving Bell and the Butterfly (2007)ဘဝတစ်လျှောက်လုံး တစ်ခါမှရှုံးနိမ့်မှုကိုမခံစားရဘဲပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့တဲ့ ဂျွန်ဒိုမီနစ်ခ်ဘူဘီတစ်ယောက်တစ်နေ့မှာ ရုတ်တရက် လေဖြတ်သွားပါတော့တယ်။ တစ်ဘဝလုံး ကိုယ့်စိတ်တိုင်းကျနေလာခဲ့တဲ့ ဂျွန်ဒိုတစ်ယောက်လေဖြတ်ပြီး မျက်လုံးတစ်ဖက်ကလွဲလို့ဘယ်အရာမှစိတ်တိုင်းကျမလှုပ်ရှားနိုင်တဲ့အတွက်စိတ်ဓာတ်ကျလာပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ ဆရာဝန်တွေရဲ့အကူအညီနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးနောက်မှာတော့ဘဝကိုအရှုံးမပေးဘဲ လုပ်ချင်ခဲ့တဲ့အရာတွေ ပြန်လုပ်ဖို့ ကြိုးစားလာပါတယ်။ဒီလိုနဲ့ သူနာပြုမလေးအကူအညီနဲ့စာအုပ်ရေးဖို့ဖြစ်လာခဲ့ပြီး ဒီစာအုပ်ထဲကတစ်ဆင့်သူပြောချင်တာတွေကို ထုတ်ပြောနိုင်ခဲ့ပါတယ်။ အခုဇာတ်ကားလေးက ဂျွန်ဒိုမီနစ်ခ်ရေးခဲ့တဲ့The Diving Bell and the Butterflyဆိုတဲ့စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးလေဖြတ်နေတဲ့ရောဂါသည်တစ်ယောက်ရဲ့ ခံစားချက်အတွေးအမြင်တွေကို သိရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb မှာ 8/10 နဲ့ Rotten Tomatoes မှာ94%ရထားတဲ့အပြင် ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးဇာတ်ကားတွေထဲကတစ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ File size…      2.8 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ..... ...
movie

The Diving Bell and the Butterfly (2007) Le scaphandre et le papillon

Juni (2024) 8.6
Juni (2024) Juni 2024 (ဂျူနီရဲ့ အချစ်ပုံပြင်) IMDb 8.6/10ဒီတစ်ခါမှာတော့ ကဖေးပိုင်ရှင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတိုင်းပဲ အလွမ်းအဆွေး အချစ်အမုန်း ခံစားချက်အစုံကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဟင်းတစ်ပွဲကို အရသာမရှိရင် မစားတတ်တဲ့အဖေဖြစ်သူကြောင့်နဲ့ ငယ်စဉ်အရွယ်ကတည်းက မိဘဖြစ်သူတွေပျော်ရွှင်ဖို့ စမ်းချက်ကြည့်ရင်းနဲ့ အချက်အပြုတ်ကိစ္စတွေကို ဝါသနာထုံသွားတဲ့ ပါသာ။ ကြီးလာတဲ့အခါမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမြဲတမ်း မီနူးအသစ်တွေကိုပဲ စဉ်းစားပြီး လုပ်နေသူ။ဒီလို အချက်အပြုတ်ကို ခုံမင်တဲ့ ပါသာတစ်ယောက် သူ့ကဖေးကို အမြဲလာနေတဲ့ ဖောက်သည်ဖြစ်သူ ဂရပ်ဖစ်ဒီဇိုင်နာ ဂျူနီကို တိတ်တခိုးလေးချစ်ကြိုက်မိရာကနေ ....... ပါသာတစ်ယောက် ဂျူနီ့ကို ဘယ်လိုတွေ ပိုးပန်းသွားမလဲ .....ပါသာတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးကရော ဘယ်လိုတွေဖြစ်လာမလဲ.... ဆိုတာကို ခံစားကြည့်ရှုပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ~ Aditi တို့ပဲဖြစ်ပါတယ်) File size…2.3GB / 0.99GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar ...
movie

Juni (2024)

2024
The Prince, The Witch, and The Mermaid (2002) 5.5
The Prince, The Witch, and The Mermaid (2002) The Prince, The Witch, and The Mermaid (2002)အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ ရာဇဝင်ထဲကချစ်ရှုံးသမားဆို ကျွန်တော် ပထမဆုံးပြေးမြင်မိတာ ရာမဇာတ်ထဲက ဒဿဂီရိ ဒုတိယလိုက်တာကတော့ ပဒကုသလဇာတ်တော်ထဲက ဘီလူးမပေါ့။ ရာမ သီတာ ဒဿကတော့ လူတိုင်းကြားဖူး ရုပ်ရှင်တွေကြည့်ဖူးမှာဖြစ်လို့ စီအမ်ပရိသတ်‌တို့အတွက် သိပ်မရင်းနှီးလောက်မယ့် ပဒကုသလဇာတ်နဲ့ ခပ်ဆင်ဆင်တူတဲ့ ကြမ်းတမ်းတဲ့ဘီလူးမှာလည်း ချစ်တတ်တဲ့နူးနူးညံ့ညံ့နှလုံးသားနဲ့ပါဆိုတဲ့ ထိုင်းကားအ‌ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးရဲ့ ဝေးလံတဲ့ကျွန်းတစ်ကျွန်းပေါ်က ကျောက်ဂူကြီးထဲမှာ ဘီလူးမတစ်ကောင် နေထိုင်ပါတယ်။ ဘီလူးမဟာ အတော်လေးဆိုးသွမ်းတာကြောင့် တခြားရေနေသတ္တဝါတွေအပြင် ဒီရေပိုင်နက်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေသူမတွေပါ ကြောက်ကြရတဲ့သူပေါ့။ ဒါပေမဲ့ လူသူမမြင်ကွယ်ရာအရပ်မှာ နေရတဲ့ဘီလူးမဟာလည်း တစ်ကိုယ်တည်းအထီးကျန်နေသူပေါ့။ဒီလိုနဲ့တစ်နေ့ ရက်တနာတိုင်းရဲ့မင်းသား အာဖိုင်မာနီရဲ့ ညှို့ငင်နိုင်စွမ်းအပြည့်နဲ့ပုလွေသံကိုကြားလို့လာအကြည့်မှာ ချောမောတဲ့မင်းသားကို တပ်မက်သွားတဲ့ဘီလူးမဟာ အာဖိုင်မာနီကိုပြန်ပေးဆွဲလို့ လူယောင်ဖန်ဆင်းပြီးတော့ အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်လိုက်တာ သားလေးတစ်ယောက်ရတဲ့အထိပါပဲ။ဒါပေမဲ့ လူသားပီပီ လူသားတွေနဲ့ပဲနေချင်တဲ့ အာဖိုင်မာနီတို့သားအဖက အမြဲထွက်ပြေးဖို့ကြံစည်နေပေမယ့် မအောင်မြင်တာကြောင့် ရေသူမတွေရဲ့အကူအညီနဲ့ ဘီလူးမလက်ကလွတ်အောင်ကြံတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Fantasy, ...
movie

The Prince, The Witch, and The Mermaid (2002)

2002
Donnybrook (2018) 5.5
Donnybrook (2018)  Jarhead Earl ဆိုတဲ့လူဟာ ဇနီးသည်နဲ့ကလေးနှစ်‌ယောက်နဲ့အတူ အိမ်ငှားနေရာကနေတစ်နေ့မှာ အိမ်ပြောင်းပေးရဖို့ဖြစ်လာပါတော့တယ်...ကလေးတွေနဲ့မိန်းမအတွက် အိမ်ပိုင်တစ်လုံးဝယ်ပေးချင်တဲ့သူ့ရဲ့ဆန္ဒကို ဖြည့်ဖို့အတွက်"နပန်းထိုးပွဲ"လိုပြိုင်ပွဲကိုဝင်ပြိုင်ပြီး ဒေါ်လာ၁သိန်းရအောင်ကြိုးပမ်းဖို့လုပ်ပါတော့တယ်...တစ်ဖက်မှာလည်း မိန်းမဖြစ်သူက Angus ဆိုတဲ့လူအပေါ်အကြွေးအများကြီးတင်နေပါတယ်..ရေစက်ကပါလာတော့ သူယှဉ်ပြိုင်တိုက်ခိုက်ရမယ့်ပြိုင်ဘက်က သူ့မိန်းမအကြွေး‌တင်နေတဲ့ Angusဖြစ်လာတဲ့အခါမှာတော့.... File size…1.37GB / 610MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 41m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Donnybrook (2018)

The Preparation (2017) 8.1
The Preparation (2017) The Preparation (2017) အညွှန်းပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး " ငါသေရင် " ၊ " ငါသာသေသွားခဲ့ရင် " ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ ...IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon ...
movie

The Preparation (2017)

2017
The Settlers (2023) 7
The Settlers (2023) The Settlers (2023)Western, Crime အမျိုးစားရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် IMDb rating – 7.1, Rotten Tomatoes – 93% ရရှိထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်ပြပွဲတွေမှာလည်း ဆုတွေရခဲ့တဲ့အပြင်၊ ၉၆ ကြိမ်မြောက် Academy Awards ပွဲမှာလည်း ချီလီနိုင်ငံကတင်သွင်းတဲ့ အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၈၉၃ ခုနှစ်၊ ချီလီနိုင်ငံနဲ့ အာဂျင်တီးနား ၂ နိုင်ငံကြား နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ချိန်မှာ စပိန်သူဌေးတစ်ယောက်ဖြစ်တဲ့ ဟိုဆေးမန်နမ်ဒက်ဟာ နိုင်ငံတော်ကနေ သူ့ကို အုပ်ချုပ်ခိုင်းထားတဲ့ နယ်နိမိတ် အကျယ်အဝန်းကို သိဖို့နဲ့ ပြန်တောင်းဖို့အတွက် ဗြိတိသျှစစ်သားဟောင်း မက်ကလန်နမ်၊ ချီလီနိုင်ငံသား ဆယ်ဂွန်ဒို၊ အမေရိကန်လူမျိုး ဘေလ်တို့ကို လွှတ်လိုက်ပါတယ်။ ထိုခေတ်က အသစ်အခြေချ နေထိုင်သူတွေနဲ့ ဒေသခံ အင်ဒီးယန်းလူမျိုးတွေကြားမှာ မကျေနပ်မှုတွေ၊ ခွဲခြားခံရမှုတွေ၊ ပြဿနာတွေ အလွန်ကိုများပြားနေတဲ့အချိန်ပါ။ ဒီလိုနဲ့ မြင်းကိုယ်စီနဲ့ထွက်လာကြတဲ့ သူတို့သုံးယောက်နဲ့ ဒေသခံ အိုနာ လူမျိုးကြား ပြဿနာတွေတက်ပြီးတော့ သွေးစွန်းတဲ့ကိစ္စတွေ ဖြစ်လာခဲ့ချိန်မှာတော့.....။ အများကြီးမညွှန်းတော့ဘဲ ...
movie

The Settlers (2023)

2024
Rewind (2023) 7
Rewind (2023) Rewind (2023)ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီး သူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာ ဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။ ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း‌ နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့ စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကို ဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။ မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်း လော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီး ကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ ....... ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ ..... အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား.... ဆိုတာတွေကို ကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ...
movie

Rewind (2023)

2023
Straightheads (2007) Closure 5.5
Straightheads (2007) Closure ဒီဇာတ်ကားရဲ့ နောက်ထပ်နာမည်ကတော့ Closure ပါ။ဇာတ်ကားကတော့ ၁ နာရီ ၁၅ မိနစ်တည်းမို့ရှည်ရှည်ဝေးဝေးပြောစရာမရှိပါဘူး။အဲလစ်ဆိုတဲ့ ၂၃ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကသူ့တိုက်ခန်းမှာ ကင်မရာလာတပ်ပေးတဲ့ အဒမ်ဆိုတဲ့ ကောင်လေးနဲ့ကြိုက်ပြီးပါတီအတူတူသွားပြီးအပြန်မှာ လူတစ်စုက ကောင်လေးကိုရိုက်ပြီးကောင်မလေးကို မုဒိမ်းဝိုင်းကျင့်သွားကြတယ်။တစ်ရက်မှာ အဲလစ်က ကားမောင်းအပြန် သူ့ကိုမုဒိမ်းကျင့်သွားတဲ့အထဲကတစ်ယောက်ကိုတွေ့မိပြီး လက်စားပြန်ချေဖို့ နှစ်ယောက်သားအစီအစဉ်ဆွဲပြီး ပြန်သတ်ဖို့လုပ်ကြတဲ့ ဇာတ်ကားပါ။"ဇာတ်အိမ်ကတော့ ထွေထွေထူးထူးမရှိသလိုမြန်မြန်ဖြစ် မြန်မြန်ပြီးသွားတဲ့ ဇာတ်ကားမျိုးပါ။ "   File size…    1.9 GB /  736 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Straightheads (2007) Closure

The Curious Case of Benjamin Button (2008)
The Curious Case of Benjamin Button (2008)  အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie

The Curious Case of Benjamin Button (2008)

Lambasingi (2024)
Lambasingi (2024) Lambasingi (2024) "အချစ်ကြောင့်"စိမ်းလန်းသာယာတဲ့ တောတောင်ရှုခင်းတွေနဲ့ ကျေးလက်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။လူမျိုးစုတွေနေထိုင်တဲ့ တောနက်ကြီးအနီးက နယ်မြို့လေးဆီမှာ တာဝန်ကျလာတဲ့ တပ်သားအသစ်ကလေး ဗီရာ။ဒီမြို့လေးမှာက ရာဇဝတ်မှုထွေထွေထူးထူး သိပ်မရှိတဲ့အတွက် အလုပ်တာဝန်ကြီးကြီးမားမားမရှိ။ သူပုန်တွေ ပေါပေမဲ့ သူပုန်တွေကိုကိုင်တွယ်ဖို့ကလည်း တခြားတပ်စုကိုတာဝန်ပေးထားပါတယ်။ဗီရာလုပ်ရတာဆိုလို့ အရာရှိတွေ နိုင်ငံရေးသမားတွေ လာတဲ့အခါ ကြိုတင်စီစဉ်ဖို့နဲ့ ကင်းလှည့်ဖို့အတွက်လောက်ပါပဲ။ တာဝန်ထမ်းဆောင်ဖို့ နယ်မြို့လေးကို ရောက်ရောက်ချင်းနေ့မှာပဲ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားပေမဲ့ ဘယ်သူဘယ်ဝါမှန်းက မသိလိုက်ရ။တစ်ရက် တွဲဖက်နဲ့အတူ လက်နက်ချထားတဲ့သူပုန်ဗိုလ်ကြီးဆီ လက်မှတ်သွားယူတဲ့အချိန်မှာ သူချစ်မိတဲ့ မိန်းကလေးကို တွေ့လိုက်ရပါတယ်။ မိန်းကလေးက လက်နက်ချထားတဲ့သူပုန်ဗိုလ်ကြီး ဖြစ်နေတဲ့အခါမှာတော့။ သူတို့အချစ်ဇာတ်လမ်းလေးမှာ ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်ကြရမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…3.3GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Lambasingi (2024)

2024
French Kiss (1995) 6.6
French Kiss (1995) When Harry meets Sally, You've got mail, Sleepless in Seattle လိုမျိုး90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲသာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေးတစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီးအချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူလေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူ‌‌လေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်ကပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက်ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကိုရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့"လု"လည်းမဟုတ် "လယု"လည်းမဟုတ်တဲ့ "လျုခ်" တက်ဆီယာဆိုတဲ့ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲသူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ပဲ ...
movie

French Kiss (1995)

Blessed You (2023) 6
Blessed You (2023) Blessed You (2023) U/A 13+ Comedy/ Drama/Family IMDb 6.1/10အိမ်မှာ အပျို လူပျိုပေါက်တွေရှိတဲ့ မိဘတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားလောက်ညွှန်းပေးပါရစေ အာရှရဲ့ သာမန်မိသားစု တစ်ခုမှာ ကြုံနေကျဖြစ်ရပ်လေးတွေကို ဟာကွက်မရှိတစ်ခုချင်းပြသွားတာလေးတွေကိုမြင်တွေ့ရမှာပါ အစပိုင်းမှာ ပေါ့ပေါ့ပါးပါးလေး ဆွဲခေါ်သွားပြီး နောက်ပိုင်းရောက်လေလေ ပိုပြီးဆွဲဆောင်နိုင်လေလေပါပဲ ကြည့်ရှုသူရဲ့ခံစားချက်ကို ဆွဲတင်လိုက် ရိုက်ချလိုက် ပရိတ်သတ်ကပေါ့ပေါ့ပါးပါးကြိုတွေးထားတာလေးတွေကိုလဲ ပြောင်းပြန်လုပ်ပစ်လိုက်တာတွေက အားမလိုအားမရနဲ့ တကယ်ဆွဲဆောင်မှုရှိပါတယ် အင်ဒိုဇာတ်ကားလေးဖြစ်ပြီးတော့ အင်ဒိုမင်းသမီးချော Syifa Hadju လဲအမြင်ကပ်လောက်အောင်ချစ်ဖို့ကောင်းတယ်ဗျာ ဇာတ်လမ်းလေးကတော့ မယ်လ် ဆိုတဲ့ ကောင်မလေးနဲ့ ဆက်ရာဆိုတဲ့ ကောင်လေးနှစ်ယောက်က ဟိုးငယ်ငယ်လေးကတည်းသူငယ်ချင်းတွေ သူတို့အမေတွေကလဲ အချစ်ဆုံးသူငယ်ချင်းတွေ သူတို့ကို မိဘချင်းသဘောတူပြီးမြန်မြန်ယူစေချင်ကြတာ သူတို့ချင်းကလဲ ချစ်တယ်ဆိုတော့ ကဲ ဘာလိုသေးလဲလို့ တွေးလိုက်ရင်တော့မှားသွားမှာပါ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတွေ အတ္တတွေကို ပေါ့ပေါ့ပါးပါးလေးကနေ တကယ့် serious ဖြစ်အောင်ရိုက်ပြသွားမှာပါ သားသမီးတွေရဲ့ ခံစားချက် မိဘတွေရဲ့ ခံစားချက် နှစ်ခုကို ယှည်ပြီးကြည့်လိုက်ရင် ဘယ်ဘက်ကမှ မမှားတာကိုလဲ တွေ့ရမှာပါ ဘယ်ဘက်က အလျော့ပေးသွားမလဲဆိုတာကိုတော့... မိသားစုနဲ့အတူတူကြည့်ဖို့ တကယ်သင့်တော်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Blessed You (2023)

2023
Slow (2023) 7.4
Slow (2023) Slow (2023)မှတ်မိသလောက်ဆို တစ်ခါသား ပလေတိုက သူ့ဆရာသမားဆော့ခရိတ္တိကို "အချစ်ဆိုတာ ဘာလဲ ဆရာ"လို့ လာမေးတယ်။ ဆော့ခရိတ္တိက ပလေတိုကို တောထဲသွားပြီး မင်းအလှဆုံး ထင်တဲ့ ပန်းတစ်ပွင့်ခူးခဲ့ဆိုပြီး မှာလိုက်တယ်။ ပလေတိုက တောထဲသွားပြီး သူ့အလှဆုံးထင်တဲ့ ပန်းတစ်ပွင့်ကို သွားခူးလာတယ်။ ပြန်လာတော့ ပန်းက လမ်းမှာကြာတာကြောင့်ရော သူ့ဘာသာကိုက အပင်ကခူးပြီးရင် မခံတာကြောင့်ရော ညှိုးသွားတယ်။ ဒီတော့ ဆော့ခရိတ္တိက ပလေတိုကို နောက်တစ်ခေါက်ထပ်သွားခိုင်းတယ်။ ဒီတစ်ခါကျ ပလေတိုက တော်တော်နဲ့ပြန်ပေါ်မလာဘူး။ လနဲ့ချီလာတော့ ဆော့ခရိတ္တိက တောထဲလိုက်လာတယ်။ တောတွင်းတစ်နေရာမှာ ပလေတိုက တဲထိုးပြီးနေနေတာတွေ့ရတယ်။ သူ့အလှဆုံးလို့ထင်တဲ့ ပန်းပွင့်ရှိတဲ့အပင်နားမှာ တဲထိုးနေနေတာပေါ့။ အဲဒီမှာ ဆော့ခရိတ္တိက ပလေတိုကို အချစ်ဆိုတာ ဘာလဲ မင်းသိပြီကိုးလို့ ပြောသတဲ့။ "ပလေးတိုးနစ်အချစ်" ဆိုတာ ပိုင်ဆိုင်ရ ပေါင်းဆုံရမှမဟုတ်ဘဲ အချစ်ကိုအချစ်အတိုင်း ချစ်နေတဲ့အချစ်လို့ တာရာမင်းဝေ က သင်နဲ့နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ထဲ ရေးဖူးတယ်။သူ့ဖွင့်ဆိုချက်ကတော့ ပလေတိုးနစ်အချစ်ဆိုတာ လိင်ဆန္ဒတွေ ရိုမန့်တစ်တွေ မရှိနေတဲ့အချစ်မျိုး ဒါမှမဟုတ် အဲဒီအရာတွေကို ဖိနှိပ်ထားပြီးနေတဲ့အချစ် သန့်စင်အောင်နေတဲ့ ...
movie

Slow (2023)

2023