Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
5.9
Rescue on One’s Own ( 2024 )
ဒါကတော့ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သားကိုကယ်ဖို့တစ်ယောက်ထဲ အစွမ်းကုန်ကြိုးစားတဲ့အကြောင်းပဲဖြစ်ပါတယ်။ ကျိုးတုံးယန်ကတစ်ကိုယ်တည်းသားလေးတစ်ယောက်ကို ပျိုးထောင်ပေးနေတဲ့ ရဲဟောင်းတစ်ယောက်ဖြစ်တယ်။တစ်နေ့မှာသူ့သားလေးက ကျောင်းနဲ့အတူနွေရာသီခရီးစဉ်အနေနဲ့ ထိုင်းကိုသွားရင်း ပြန်ပေးဆွဲခံလိုက်ရပါတယ်။ လူကုန်ကူးတဲ့ဂိုဏ်းရဲ့လက်ထဲကနေ သားလေးကိုပြန်ကယ်ဖို့ အစွမ်းကုန်လိုက်စုံစမ်းတဲ့အချိန်မှာ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ သူနဲ့အရင်ရန်ညှိုးရှိခဲ့ဖူးတဲ့သူဆိုတာသိလိုက်ရပါတယ်။ အရင်ရန်ငြိုးဟောင်းစာရင်းနဲ့ အသစ်ပါပေါင်းပြီး မင်းသားတို့စာရင်းရှင်းတမ်းဖွင့်တဲ့ အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Rescue on One’s Own ( 2024 )
5.7
Brighton Rock (2010)
ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီးnomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင်ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံလိုက်ရပါတယ်။သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိဖြစ်သွားတာပါ။ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေလက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့အခါမှာတော့.....။ File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , ...
movie
Brighton Rock (2010)
5.8
Footloose (2011)
ဒီဇာတ်ကားလေးကတော့ အားလုံးလည်းကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေးဖြစ်ပါတယ်..footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remakeပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက်ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေးတစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ်ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲကဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့်ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်ကကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့်ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမားတစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing withthe Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး JulianneAlexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်.. File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Footloose (2011)
7.1
The Whistleblower (2010)
၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာLarysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး RachelWeisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်းDynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲအရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက်ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာတာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှုအဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီးဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကိုအံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်းကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာအခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီးမတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကိုအမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ...
movie
The Whistleblower (2010)
6.3
Silver Haze (2023)
အချစ်ဒရာမာကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်လိင်တူမိန်းကလေးအချစ် မိသားစုအချစ် အငြိုးအတေးနာကျင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု ခံစားချက်ရသပေါင်းများစွာကိုများစွာကိုပေးစွမ်းနိုင်မဲ့ဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Silver Haze ဖြစ်ပြီး IMDb Rating 6.6 ရရှိထားတဲ့အတွက်လိုက်ပါစီးမြောပြီးကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဖရန်ကီလို့ခေါ်တဲ့ ကောင်မလေးကညီအစ်မတွေနဲ့အတူတူအမေဖြစ်သူရဲ့အိမ်မှာနေထိုင်နေတဲ့ သူနာပြုတစ်ယောက်ပဲဖြစ်ပါတယ်။အဖေဖြစ်သူမရှိတော့ဘဲ သမီးတွေနဲ့အမေပဲဘာလို့ကျန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းက ဖရန်ကီငယ်စဉ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ သက်ဆိုင်နေခဲ့ပါတယ်။ဖရန်ကီငယ်စဉ်က အရက်ဆိုင်တစ်ခုမီးလောင်နေတဲ့အချိန်အထဲမှာ ပိတ်မိနေခဲ့ပြီးမီးလောင်ဒဏ်တွေအများအပြားရခဲ့ကာကံကောင်းလို့ မသေဘဲလွတ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီမီးကို သူ့အဖေနဲ့ဖောက်ပြန်နေခဲ့တဲ့ မိန်းမကရှို့ခဲ့တဲ့မီးလို့ဖရန်ကီတို့ မိသားစုကယုံကြည်ထားခဲ့ပြီး သူ့အဖေကလည်းအဲ့ဒီမီးလောင်မှုအပြီးမှာ အဲ့ဒီမိန်းမနောက်ကိုလိုက်သွားပါတော့တယ်။ငယ်ငယ်လေးကတည်းက ဒီလိုအဖြစ်ဆိုးပေါင်းစုံကိုကြုံတွေ့ခဲ့ရတဲ့ ဖရန်ကီတစ်ယောက်ကြီးလာတဲ့အခါမှာလည်းအချစ်ရေးမှာကံမကောင်းခဲ့ပါဘူး။ဒါပေမယ့် သူနဲ့ဆေးရုံမှာတွေ့ခဲ့တဲ့ဖလောရန့်စ်ဆိုတဲ့ ကောင်မလေးနဲ့မှ အချစ်စစ်ကိုကြုံတွေ့ရသလိုဖြစ်ခဲ့တဲ့ ဖရန်ကီအတွက် ရှေ့ဆက်ဘ၀လမ်းက ပန်းခင်းလမ်းဖြစ်နေပါ့မလား သူ့အတွက်ဘယ်လိုအရာမျိုးတွေကရောစောင့်ကြိုနေဦးမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.33GB / 633MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Silver Haze (2023)
5.5
The Tearsmith (2024)
အီတလီဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့The Tearsmith ဟာ ၂၀၂၄ ဧပြီ ၄ ရက်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ Erin Doom ရေးသားထားတဲ့The Tearsmith ဝတ္တုကိုအခြေခံပြီး Alessandro Genovesi ကရိုက်ကူးပေးထားတာပါ။ Simone Baldasseroni နဲ့Caterina Ferioli က ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပြီးGen Z ပရိသတ်တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************မိဘတွေက ကားမတော်တဆမှုကြောင့်ဆုံးပါးသွားတဲ့အတွက်နီကာဟာ ဂရေ့ဗ်လို့နာမည်ပြောင်ခေါ်ကြတဲ့မိဘမဲ့ဂေဟာကိုရောက်ရှိလာခဲ့ပါတယ်။ ဂရေ့ဗ်မှာ နီကာဟာ သူ့ကိုရင့်ရင့်သီးသီးဆက်ဆံလေ့ရှိတဲ့ရီဂျယ်ဆိုတဲ့ကောင်လေးနဲ့သာမက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်လာတဲ့ အာဒဲလင်နဲ့ပါဆုံတွေ့ခဲ့ပါတယ်။ နီကာအရွယ်ရောက်လာချိန်မှာတော့ မီလီဂန်မိသားစုက ရီဂျယ်နဲ့အတူမွေးစားဖို့ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ မိသားစုတစ်ခုအမြဲလိုချင်နေခဲ့တဲ့နီကာဟာ မိဘအသစ်တွေရဲ့မေတ္တာကိုအပြည့်အဝရရှိပေမယ့် မပျော်ရွှင်နိုင်သေးဘဲ ဂရေ့ဗ်မှာကြုံခဲ့ရတဲ့နှိပ်စက်ညှင်းပန်းမှုတွေရဲ့အကျိုးဆက်ကိုခံစားနေရဆဲဖြစ်သလို ရီဂျယ်ကသူ့ကိုဘာလို့ရင့်ရင့်သီးသီးဆက်ဆံနေခဲ့လဲဆိုတဲ့အကြောင်းရင်းကိုသိရှိသွားတဲ့အခါမှာတော့ နီကာဘာဆက်လုပ်မှာလဲဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.25GB / 574MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
The Tearsmith (2024)
5.8
The New Dragon Inn ( 2024 )
ဒီတစ်ခေါက် cmကတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ရှုပ်ထွေးတဲ့လောကကြီးမှာထွက်ပြေးနေရတဲ့ သစ္စာရှိအမတ်သမီး ချိုးမော့ယန်နဲ့ သူ့လက်ထဲကမင်ခေတ်ပင်လယ်ကာကွယ်ရေးလျှို့ဝှက်မြေပုံအကြောင်းပါလုံမန်တည်းခိုဆောင်ပိုင်ရှင် ကျင်းရှန်းယွိနဲ့ သိုင်းလောကသူရဲကောင်းလေး ကျိုးဟွိုင်အန်းတို့က ပူးပေါင်းပြီးတော့ လျှို့ဝှက်အင်အားကြီးတဲ့ ပင်လယ်ဓားပြကြိုးကိုင်သူကို ရင်ဆိုင်ခဲ့ကြပြီး လာရောက် ဖမ်းဆီးတဲ့သုန်းချန်နဲ့ သိုင်းလောကလုယက်မှုတွေဖြစ်ခဲ့ကြတယ်အဘက်ဘက်အားအင်တွေက လုံမန်တည်းခိုဆောင်သင်္ဘောပေါ်မှာ တိုက်ခိုက်နေကြကာ ဒီလိုအန္တရာယ်တွေကြားထဲမှာ ကျင်းရှန်းယွိနဲ့ကျိုးဟွိုင်အန်းတို့ ဘယ်လိုအတူတိုက်ခိုက်ကြမလဲ သူတို့အချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားပေးပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK
movie
The New Dragon Inn ( 2024 )
Copenhagen (2014)
ဝီလျံဖို့ဒ်ဆိုတဲ့ အမေရိကန်လူငယ်လေးဟာ သူ့သူငယ်ချင်းအတွဲတစ်တွဲနဲ့အတူဥရောပကိုခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်ရဲ့ရည်ရွယ်ချက်က သူ့ဖခင်ဆုံးသွားတဲ့နောက် ပစ္စည်းအဟောင်းလေးတွေကိုလှန်လှောရင်းရှာတွေ့ခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပဲ။လိပ်စာ၊ရည်ညွှန်းချက်အပြည့်အစုံပါပေမယ့် သူ့အဖေမပို့ဖြစ်ခဲ့တဲ့စာလေးကို သူ့အလှည့်မှာရောက်အောင်ပို့မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲ့ဒီလိုဆုံးဖြတ်မိတာ ဘာကြောင့်လဲ သူကိုယ်တိုင်ရေရေရာရာမသိဘူး။ဖခင်ဖြစ်သူအပေါ်လည်း အဲ့ဒီလောက်လေးလေးနက်နက်ခံစားချက်ရှိတဲ့သူမဟုတ်ဘူး။သူ့စရိုက်ဟာ ညစ်ကျယ်ကျယ်ခပ်ရိုင်းရိုင်းဖြစ်တယ်။ အဲ့ဒီစရိုက်ကြောင့်ပဲ အတူခရီးသွားဖော် သူငယ်ချင်းအတွဲနဲ့ရန်ဖြစ်ပြီးလူချင်းကွဲသွားသလို အဲ့ဒီစရိုက်ကြောင့်ပဲ မြို့ခံမိန်းမငယ်လေး အက်ဖီနဲ့ ဘုဘောက်ကျပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ကိုပင်ဟေဂင်ဟာ သာမန်ဥရောပမြို့တစ်မြို့မဟုတ်ပဲ ဒင်နီယယ့် ဖခင်ရဲ့မွေးရပ်မြေဖြစ်ပါတယ်။ ဒင်နီယယ်ရဲ့ ဘာသာစကားအခက်အခဲကိုသိသွားတဲ့ အက်ဖီဟာ ဒင်နီယယ်သွားလိုတဲ့အရပ်ကို ကူညီစုံစမ်းရင်းနဲ့ ခရီးတိုလေးတစ်ခုကို စတင်မိခဲ့ကြပါတယ်။ အဲ့ဒီခရီးတိုလေးဟာ သူတို့နှစ်ဦးအတွက် တစ်သက်မမေ့နိုင်စရာ အဓိပ္ပါယ်တွေအများကြီးဆောင်ယူလာခဲ့မယ့် ခရီးလေးတစ်ခုဖြစ်လာပါတော့တယ်။Copenhagen က ၂၀၁၄တုန်းကထွက်ထားတဲ့ အင်ဒီကားလေးတစ်ကားပါ။ပရိသတ်တွေဆီကရော ဝေဖန်ရောဆရာတွေဆီကပါ ရီဗျူးအကောင်းတွေပိုင်ဆိုင်ထားပြီး၊ ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုတွေရထားပါတယ်။ အင်ဒီကားဆိုပေမယ့် နားလည်ရခက်အောင် ပညာပြထားတာတွေမပါဝင်ပဲ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောလို့ရမယ့် ဇာတ်ကားလှလှလေးတစ်ကားလည်းဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Adventure, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Copenhagen (2014)
The Beautiful Game (2024)
IMDB 6.3/10, Rt 88% ရရှိထားတဲ့ Sport/Drama ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသားကြီး Bill Nighy (Pirates of the Caribbean film ထဲက ရေဘဝဲလူသားကြီး Davy Jones) နဲ့ Micheal Ward (Top Boy ထဲက Jamie) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။နည်းပြ မယ်လ်က အကျော်ဇေယျ ဘောလုံးနည်းပြတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဘောလုံးအသင်းကို ရောမမှာပြုလုပ်တဲ့ နှစ်စဉ် အိမ်ခြေမဲ့ကမ္ဘာ့ဖလားဆု ရရှိအောင် အစွမ်းကုန် ကြိုးစားနေသူပါ။ အိမ်ခြေမဲ့ကမ္ဘာ့ဖလားဆိုတာကတော့ နိုင်ငံအနှံ့က အိမ်ခြေမဲ့တွေကပဲ ဝင်ပြိုင်နိုင်တဲ့ ပုံမှန် ဘောလုံးပွဲနဲ့ မတူတဲ့ ၄ယောက်တစ်သင်း ဘောလုံးပြိုင်ပွဲပါ။နှစ်စဉ်ယှဉ်ပြိုင်ခဲ့ပေမဲ့လည်း တစ်ခါမှ အနိုင်မရဖူးဘဲ ရှုံးပဲရှုံးနေလို့ အပူတပြင်း နိုင်လိုစိတ်ပြင်းပြနေတဲ့ နည်းပြမယ်လ်က နဂိုလေ့ကျင့်နေတဲ့ကစားသမားတွေအပြင် နောက်ထပ် ကစားသမားအသစ်တစ်ယောက်ကိုပါ ဝင်ပြိုင်စေခဲ့ပါတယ်။သူကတော့ ...
movie
The Beautiful Game (2024)
Hot Rod (2007)
ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ဒါပေမဲ့ ပထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ...
movie
Hot Rod (2007)
Hitman (2008)
နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie
Hitman (2008)
7.5
Perfume: The Story of a Murderer (2006)
Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ ...
movie
Perfume: The Story of a Murderer (2006)
The Bank Job (2008)
ဒီဇာတ်ကားကတော့ ၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း သည်းထိပ်ရင်ဖိုဘဏ်ဖောက်ကားတစ်ကားပါ။ဒီဇာတ်ကားမှာတော့ Jason Statham က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ဟာကင်မ်ဆိုတဲ့ မူးယစ်ဆေးမှောင်ခို ဒုစရိုက်သမားတစ်ယောက်ဟာ ဗြိတိသျှတော်ဝင်မင်းသမီးတစ်ယောက်ရဲ့ ညစ်ညမ်းတဲ့ဓာတ်ပုံတချို့ကို မှတ်တမ်းတင်ရိုက်ကူးထားပြီး ခြိမ်းခြောက်အကျပ်ကိုင်နေတယ်။ သူ့ရဲ့ဓာတ်ပုံတွေကို ဘဏ်တစ်ဘဏ်ရဲ့ အလုံပိတ်ခန်းတစ်ခန်းထဲက မီးခံသေတ္တာထဲမှာ သိမ်းထားတယ်လို့ ဗြိတိသျှထောက်လှမ်းရေးက သတင်းရတယ်။ အဲဒီအခါမှာ ဒီဘဏ်ကိုဖောက်ထွင်းဖို့အတွက် အကြောင်းဖန်လာတော့တယ်။ ဒါကြောင့် ဘဏ်ကိုဖောက်ဖို့အတွက် တယ်ရီ( Jason Statham)ဦးဆောင်တဲ့ လူဆိုးတစ်ဖွဲ့ကို ငှားပြီး အကောင်အထည်ဖော်ပါတော့တယ်။ဒီဇာတ်ကားဟာ တခြားစိတ်ကူးယဉ် ဘဏ်ဖောက်ကားတွေလိုမဟုတ်ဘဲ ဖြစ်ရပ်မှန်ဖြစ်တာကြောင့် လက်တွေ့ဆန်တယ်၊ စိတ်လှုပ်ရှားစရာကောင်းတယ်။ အပိုအလိုတွေမပါဘဲ ထိထိမိမိရိုက်ကူးတင်ဆက်ထားနိုင်တယ်။ အစိုးရအရာရှိကြီးတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အကွက်ချကြံစည်မှုတွေကို အရှိကိုအရှိအတိုင်း မချန်လှပ်ပဲပြသထားတာပါ...... File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
The Bank Job (2008)
7.3
Twin Peaks: Fire Walk with Me (1992)
Twin peaks fire walk with me ဆိုတဲ့ဇာတ်ကားကတော့ 1992 ကထွက်ရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Horror / crime အမျိုးအစားဖြစ်ပါတယ်။FBI အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ ဆမ်နဲ့ချက်က စားပွဲထိုးမလေးထရီဆာရဲ့အသတ်ခံရတဲ့အမှုကိုလိုက်လံစုံစမ်းရာကနေစပါတယ်။အမှု့ရဲ့သဲလွန်စကိုရှာတွေ့ပြီလို့ထင်တဲ့အချိန်မှာချက်က ရုတ်တရက်ကြီးပျောက်သွားပါတော့တယ်။ဇာတ်လမ်းတစ်လျှောက် မြုပ်ကွက်နဲ့သဲလွန်စတွေကို ကြည့်ရှုသူတွေကိုယ်တိုင်စဉ်းစားသွားရမှာမလို့ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:14:00 Genre...Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie
Twin Peaks: Fire Walk with Me (1992)
6.7
The Verge of Death (2023)
The Verge of Death / Di Ambang Kematian [2023] (IMDb 6.7/10)ဇာတ်လမ်းအစမှာ နာဒီယာဟာ သူ ၇နှစ်သမီးတုန်းက မိသားစုလိုက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောလို့ နေခဲ့ပါတယ်... သူ့အမေဟာ နာတာရှည်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရရင်းက ရုတ်တရက်ပြန်ကောင်းလာပြီးနောက်မှပဲ သတ်သေသွားခဲ့ပါတယ်... အသေဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက်မှာ သူ့အစ်ကိုဟာ ထူးဆန်းတာတွေကို စတင်မြင်တွေ့လာပါတော့တယ်... အဲ့လိုနဲ့ နှစ်အတန်ကြာတဲ့ နောက်မှာတော့ အစ်ကိုဖြစ်သူ ယိုဂက နာဒီယာကို အမေသေရတာဟာ အဖေ့ကြောင့်ဖြစ်ကြောင်း ပြောပြလာပါတော့တယ်.. ဒီလိုနဲ့ သူတို့အဖေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရင်းက သူတို့အဖေ ယစ်ပူဇော်နေတာကို တွေ့ရပါတော့တယ်... ဒီတော့မှ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပြီးတော့ သူတို့ရထားတဲ့ ချမ်းသာကြွယ်ဝမှု မှန်သမျှဟာ အရာတစ်ခုဆီမှာ အလဲအလှယ်ပြုလုပ်ပြီး ရထားကြောင်းနဲ့ အပြန်အလှန်အနေနဲ့ မအေလုပ်သူက အသက်ပေးလိုက်ရတယ်ဆိုတာပါပဲ... နာဒီယာ့အဖေဟာ ကျန်တဲ့သူတွေ အသက်မပျောက်စေရေးအတွက် ယစ်ပူဇော်မှုတွေ ဆက်လုပ်နေခဲ့ရတာပါ... ဒါပေမယ့် အရာမထင်ခဲ့ပါဘူး... ဘယ်သူတွေ ဆုံးပါးသွားပြီး ဘယ်သူတွေ အသက်ဆက်ရှင်ဖို့ ကြိုးစားသွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း ...
movie
The Verge of Death (2023)
2023
The Beautiful Summer (2023)
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ နယ်ကနေ မြို့တက်ပြီး အတူတူကြိုးစားရုန်းကန်နေတဲ့ မောင်နှမနှစ်ယောက်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတဲ့ အီတလီ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဂျီနီယာဟာ နယ်ကတက်လာသူဖြစ်ပြီး မြို့ပေါ်က ဖက်ရှင်ဆိုင်မှာ အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဂျီနီယာဟာ အစ်ကိုဖြစ်သူနဲ့အတူ သူငယ်ချင်းတွေ ဆုံနေကျနေရာကိုသွားရင်း အမလီယာဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ရင်းနှီးခဲ့ပါတော့တယ်။ အမလီယာရဲ့ အလုပ်အကိုင်ကတော့ ပန်းချီဆရာတွေအတွက် သရုပ်ပြပေးရတာပါ။အရွယ်ရောက်လာတဲ့ ဂျီနီယာဟာ အမလီယာနဲ့ အပေါင်းအသင်းဖြစ်သွားပြီး ပန်းချီဆရာတွေနဲ့ပါ ချိတ်ဆက်မိသွားတဲ့အခါ အရွယ်ရောက်သူပီပီ ဂျီနီယာဟာ သူ့ရဲ့ပထမဆုံးအချစ်ကို ပန်းချီဆရာတွေကြားမှာပဲ ရှာတွေ့ခဲ့ပါတော့တယ်။ နယ်ကနေ မြို့ကိုတက်လာပြီး အရွယ်ရောက်သူတစ်ယောက်စဖြစ်လာတဲ့အချိန် ဘယ်လိုဆုံးဖြတ်ချက်အမှားတွေ ချမိပြီး ဘယ်လိုပြုပြင်သွားမလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.4 GB)/(816 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
The Beautiful Summer (2023)
Marinette (2023)
CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin
movie
Marinette (2023)
Windcatcher (2024)
ဇာတ်လမ်းအကျဉ်းကတော့ ပါစီလို့ခေါ်တဲ့ ဆယ်နှစ်သားကောင်လေးက အဖိုးဖြစ်သူရယ် အဒေါ်နှစ်ယောက်ရယ်နဲ့အတူ နေထိုင်ပါတယ်။ ပါစီမှာ ဝါသနာတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြေးရတာပါ။တစ်ရက်မှာတော့ ပါစီရယ် သူ့သူငယ်ချင်းတွေရယ်ဟာ ကျောင်းမှာသူတို့ကို အနိုင်ကျင့်တဲ့ဘူလီအုပ်စုကို ကျောင်းအပြေးပြိုင်ပွဲမှာ အနိုင်ပိုင်းဖို့ရာအခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ ပါစီဟာ သူငယ်ချင်း၊ ဆွေမျိုးသားချင်းတွေရဲ့အကူအညီနဲ့အတူ အပြေးပြိုင်ပွဲမှာအနိုင်ရဖို့ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေနဲ့ကြုံတွေ့ရမလဲ၊ ပါစီရဲ့ဝါသနာနဲ့ မိသားစုနောက်ကွယ်မှာရော ဘယ်လိုအဖြစ်အပျက်တွေရှိနေမလဲ၊ နောက်ဆုံးမှာ ပါစီတစ်ယောက် အနိုင်ရသွားမလားဆိုတာကိုတော့ မိသားစုနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Family, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Windcatcher (2024)
8.4
Dune (2021)
Dune (2021)==========IMDb Rating - 8.4/10စောင့်မျှော်နေသူ အတော်များများရှိနေမယ့် DUNE ရုပ်ရှင်ကားကြီးထွက်လာပြီမို့ CMပရိတ်သတ်တွေအတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်၊သာမန် Sci- ficတွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်တွဲတွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်းပေ့ဆိုတဲ့ Castတွေ၊ Legendarysoundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ပြောင်မြောက်လွန်းတဲ့ VFXနဲ့ CGIတွေရဲ့ ပေါင်းစပ်မှုအပြီးမှာ DUNE2021ဇာတ်ကားဟာ ပရိတ်သတ်တွေ အမျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။အနာဂတ်နှစ်ပေါင်း၂၀၀၀၀ကျော်မှာ အခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်နေတဲ့Emperorဆိုတာရှိပြီး သူတို့ရဲ့လက်အောက်မှာတော့ Housesတွေက နယ်မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓီကအကြောင်းရင်းကတော့ House Harkonnenတွေ နှစ်ပေါင်း၈၀ကြာအောင် အုပ်ချုပ်လာတဲ့ Planet Duneတဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House ...
movie
Dune (2021)
2021
4K HEVC
6.3
Farrey (2023)
Farrey (2024) IMDb.6.3 CM ပရိတ်သတ်တွေအတွက် remake ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ထိုင်းမှာသာမက ကမ္ဘာတစ်ခုလုံးမှာပေါက်ခဲ့တဲ့ Bad genius ကားရဲ့ အိန္ဒိယဗားရှင်းremakeလေးပါ... IMDb 6.3ရထားပြီး အိန္ဒိယစတိုင်သီချင်းအလန်းစား.အကအမိုက်စားလေးတွေနဲ့ ကြည့်ရှုရမှာပါ...နီယာတီက ငယ်စဥ်ကတည်းက မိဘမဲ့ဂေဟာမှာကြီးပြင်းလာတာပါ.အားတဲ့အချိန်တွေမှာ ဂိုက်သင်ပြီးအပိုဝင်ငွေရှာလေ့ရှိပါတယ်. တစ်ရက်တော့ နီယာတီက USPCစာမေးပွဲမှာ တစ်နိုင်ငံလုံးအဆင့်ပထမရပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်.. နာမည်ကြီးသူဌေးကျောင်းကိုစကော်လာနဲ့ဝင်ခွင့်ရပြီး ကျောင်းတက်ခွင့်ရခဲ့ပါတယ်..မိဘမဲ့ဂေဟာအတွက် ငွေအရမ်းရှာပေးချင်တဲ့ နီဟာတီဟာ အဲဒီကျောင်းမှာ သူ့လိုပဲ ဉာဏ်ကြီးရှင်အာကတ်ရှ်နဲ့ပေါင်းပြီး နှစ်ယောက်သားငွေအတွက် ဘယ်လိုလုပ်ရပ်မျိုးတွေလုပ်ကြမလဲဆိုတာကတော့.... ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် File size…1.5GB / 705MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Farrey (2023)
2023
First
58
59
60
61
62
Last
Previous
Next