Channel Myanmar

Drama

Life of Mariko in Kabukicho (2023) 5.7
Life of Mariko in Kabukicho (2023) Life of Mariko in Kabuchiko ( 2023 ) =============================== ဒီဂျပန်ကားက တော်တော်စားတဲ့ ဂျပန်ကားလို့ပြောရမယ်။ ဇာတ်အိမ်တည်တာကတော့ ဂျပန်ရဲ့ ဂိုဏ်စတားတွေဆုံသလို လူလည်းစည်တဲ့ ရှင်ဂျူခုမှာ။ အဲဒီမှာ မာရိခိုဆိုတဲ့ ကောင်မလေးက ဘားဖွင့်ထားတယ်။ ဒါပေမဲ့ သူ့အဓိက အလုပ်က အလွတ်စုံထောက်အလုပ်။ သူကလည်းဆန်းသလို သူ့ဘားကိုလာသောက်ကြတဲ့ လူတွေကလည်း လူထူးဆန်းတွေချည်း။ အဲဒီဘားမှာ တော်တော့်ကို အကြောင်းအရာစုံ အကြောင်းအရာကြောင်ကြောင်ကြားကြားတွေ ကြားရတတ်တယ်။ မာရိခိုရဲ့နောက်ကြောင်းကလည်း လျှို့ဝှက်ဆန်းကြယ်သလို သူ့ဘားကို လာတဲ့သူတွေကလည်း လျှို့ဝှက်ဆန်းကြယ်တယ်။ သူဟာ ဘားဖွင့်ထားပေမဲ့ နာမည်ရ အလွတ်စုံထောက်လည်း ဖြစ်နေတယ်။ ဒီတော့ သူ့ဆီကို အရေးကြီးတဲ့အမှုတွေ လာအပ်ကြတယ်။ဒီတစ်ခါ သူဖြေရှင်းရမယ့်အမှုက ဂျပန်ကိုရောက်လာတဲ့ဂြိုဟ်သားတစ်ကောင်ကို ရှာပေးရမယ့်အမှု။ ဒီဂြိုဟ်သားကို ဂျပန်နဲ့အမေရိကန် သဘောတူညီချက်အရ အမေရိကန်ကို ပို့ဖို့ လုပ်ထားပေမဲ့ စခန်းက ပညာရှင်တစ်ယောက်က ဂြိုဟ်သားကိုခိုးသွားတယ်။ ဒီတော့ ဒီဂြိုဟ်သားနဲ့ ...
movie

Life of Mariko in Kabukicho (2023)

Strained (2023) 6.1
Strained (2023)  ဒီတစ်ခါမှာ​တော့...ကြည့်ရှုသူပရိတ်သတ်ကြီးကို...ဇာတ်လမ်း​ဇာတ်အိမ်​ကောင်း​ကောင်း...မိသားစုဇာတ်ကား​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်...ဇာတ်ကား​လေးနာမည်က​တော့...Str ained ဖြစ်ပြီး....ဒါရိုက်တာ...Okechukwu Oku ကရိုက်ကူးပုံ​ဖော်ထားပါတယ်...ဒီဇာတ်ကားမှာ မင်းသမီး Tracey George နဲ့Queen Nwokoy တို့ကအပြိုင်သရုပ်​ဆောင်ထားကြပြီးမင်းသား Samuel Nnabuike ကပါ၀င်အားဖြည့်သရုပ်​​ဆောင်းထားပါတယ် ဒါအပြင် ဒီဇာတ်ကားကreating 6/10 အထိရရှိထားတဲ့ ဇာတ်ကား​ကောင်း​လေးတစ်ကားလည်း ဖြစ်ပါတယ် ဇာတ်လမ်းအစမှာအဲဘယ်ယာတို့ ဇနှီး​မောင်နှံနှစ်ဦး ပထမဦးဆုံးရင်​သွေး​လေး ​မွေးဖွားဖို့အတွက် ​ဆေးရုံသွားဖို့ပြင်ဆင်​နေကြပုံနဲ့စတင်ထားပါတယ် ဒီလိုနဲ့ သမီး​လေးမီးဖွားပြီးတဲ့​နောက်မှာ​တော့ အမျိုးသားဖြစ်သူ ​အော်ဇိုက အလုပ်ကိစနဲ့ခရီးသွားရဖို့အ​ကြောင်း ဖန်လာပါ​တော့တယ် တကယ့်ဇာတ်လမ်းကအခုမှစတာပါပဲ မီးတွင်းထဲ​သွေးနုသားနုနဲ့အဲဘယ်ယာတစ်​ယောက် နို့စို့အရွယ်က​လေး​လေးတစ်​ယောက်နဲ့ထားခဲ့ဖို့စိတ်မချတဲ့ ​​​အော်ဇိုက​နောက်ဆုံးဘယ်လိုမှမတတ်နိုင်​တော့တဲ့အဆုံး အဲဘယ်ယာ အရမ်းမုန်းတဲ့၁၃ နှစ်​လောက်​​​ဝေးကွာ​နေတဲ့ သူမအ​မေကို​ ​ခေါ်ထားလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ် အဲဘယ်ယာလည်း ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး သ​ဘောတူလိုက်ရပါတယ်အဲ့ဒီ​နောက် အဲဘယ်ယာတစ်​ယောက် သူမအရမ်းမုန်းတဲ့သူမ မဂ်လာ​ဆောင်ကို​တောင် မဖိတ်ခဲ့တဲ့အ​မေဖြစ်သူနဲ့တစ်အိမ်ထဲမှာ အဆင်​​ပြေ​အောင် ​နေနိုင်ပါ့လား...သူတို့နှစ်​ယောက်ကြားမှာ​ကော ဘယ်လိုအဖုအထစ်​လေး​တွေရှိခဲ့လို့လဲ အဲဘယ်ယာက​ရော ဘာလို့သူမအ​မေအရင်းကို ခါးခါးသီးသီးဖြစ်​နေတာလည်းဆိုတာပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦးဒီဇာတ်ကားက အိမ်တွင်းအကြမ်းဖက်မှု​ကြောင့် မိသားစု​တွေအိမ်​ထောင်​ရေး​တွေနဲ့ သားသမီး​တွေအ​ပေါ်မှာ ဘယ်လိုမျိုးအကျိုးသက်​ရောက်မှု​တွေဖြစ်လာနိုင်လဲ...ဆိုတာကို မီး​မှောင်းထိုးပြထားတဲ့ ...
movie

Strained (2023)

Face to Face (2023) 7.6
Face to Face (2023) ကိုးရီးယားဒရာမာတွေထက် ပိုရှုပ်ထွေးတဲ့ဟာသ ဒရာမာဇာတ်လမ်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Face To Face ဖြစ်ပြီးဇာတ်ကားနာမည်အတိုင်းအထက်တန်းလွှာမိသားစုနှစ်ခုရဲ့မျက်နှာချင်းဆိုင်ဒရာမာအားပြိုင်မှုတွေကိုတ၀ကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ အိမ်မှာအကြီးအကျယ်ရန်ဖြစ်နေတဲ့လင်မယားနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီးသူတို့ရန်ဖြစ်ရတဲ့အကြောင်းအရင်းကတော့ လက်ရှိနေနေတဲ့အိမ်ကနေတခြားအိမ်ကိုပြောင်းမှာကို မိန်းမဖြစ်သူက သဘောမတူရာကစတာပဲ ဖြစ်ပါတယ်။မိန်းမဖြစ်သူက လစာကအိမ်ငှားခ တစ်လစာတောင်မရှိတဲ့ ရတောင်မရသေးတဲ့အလုပ်ကို ဒီအိမ်ကပြောင်းသွားရင် သွားရလာရမှာဝေးလို့မပြောင်းချင်တာရယ် ယောက်ျားဖြစ်သူကလည်း အိမ်ငှားခတွေစျေးကြီးလို့ ရှေ့လျှောက်မတတ်နိုင်တဲ့အတွက် ပြောင်းချင်နေတာပဲ ဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ရန်ဖြစ်ကြရင်းနဲ့ ကနေအခြေအနေပိုဆိုးလာတဲ့အခါမှာတော့ အမေချစ်သမီးတို့ထုံးစံအတိုင်း မိဘတွေကိုလှမ်းခေါ်တိုင်ပါတော့တယ်။ဒီလိုပဲယောက်ျားဖြစ်သူဖက်က မိဘတွေကလည်းသတင်းကြားတာနဲ့အိမ်ကိုတန်းရောက်ချလာကြတော့တာပါပဲ။ဒီလိုနဲ့ လင်မယားနှစ်ယောက်တည်း ရန်ဖြစ်သောင်းကျန်းနေတဲ့အိမ်ကို နှစ်ဖက်မိဘစုံစုံလင်လင် ရောက်လာကြပါတော့တယ်။မိဘတွေရောက်လာလို့ ပြေလည်သွားမယ်တော့မထင်လိုက်ပါနဲ့။လူကြီးတွေရဲ့ထုံးစံအတိုင်း ဟိုပြိုင်ဒီပြိုင်နဲ့ ရန်ပွဲသေးသေးလေးကနေ ပိုပိုကြီးလာပြီး အဲ့ဒီ အိမ်ကနေပါ ပြန်ချင်တိုင်းပြန်လို့မရတဲ့ အခြေအနေတွေဖြစ်လာတဲ့အခါမှာတော့ အဲ့ဒီတစ်ညတာအတွင်း မိသားစုနှစ်ခုဘယ်လိုမျက်နှာချင်းဆိုင်ဘယ်လိုဒရာမာတွေခင်းပြီး ဖြတ်သန်းဖြေရှင်းကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.31GB / 659MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….2h Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw lay
movie

Face to Face (2023)

Godzilla Minus One (2023) 8.4
Godzilla Minus One (2023) Godzilla Minus One (2023) ===================== IMDb Rating - 8.3/10ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် ဂေါ်ဇီလာ ရှေးဟောင်းကားတွေကို အမှတ်တရဖြစ်စေမဲ့ စတိုင်နဲ့ ရိုက်ကူးထားတဲ့နောက်ဆုံးထွက် ဂေါ်ဇီလာကားပဲဖြစ်ပါတယ်။ ဂေါ် ဇီလာအမှတ်တံဆိပ်စတင်ခဲ့ပြီး နှစ် ၇၀ မြောက်အထိမ်းအမှတ်လည်းဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဟာ ဘက်ဂျက် ၁၅ သန်းထဲနဲ့ ရိုက်ကူးထားပြီး ဂျပန် နဲ့ အမေ ရိကန်မှာတင် ၇၅ သန်းကျော် ပြန်ဝင်နေပါပြီ။ CGI သုံးထားတာဖြစ်ပေမဲ့ ဂန္ဓဝင် အရုပ်စတိုင်အတိုင်း တူအောင် ပြန်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ IMdb မှာလည်း 8.4 တောင်ရရှိထားပါတယ်။ Godzilla (2014) ရဲ့ ဒါရိုက်တာ Gareth Edwards ကတော့ ဂေါ်ဇီလာရုပ်ရှင်ဆိုတာ ဒီလိုဖြစ်ရမှာဆိုပြီး အားကျသံကြီးနဲ့ မှတ်ချက်ပေးသွားပါသေးတယ်။ဇာတ်လမ်းအကျဉ်း - ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ် ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်း မတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ...
movie

Godzilla Minus One (2023)

2023
4K HEVC
Better Days ( 2019 ) 7.5
Better Days ( 2019 ) IMDB 7.6 ရရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေး တကားကိုတင်ဆက်ပေးလိုက်ပါတယ် တရုတ်ပြည်မှာ နာမည်ကြီးပေါက်ကားလေးတကားဖြစ်ပြီး ဝင်ငွေယွမ်ဘီလီယံ နဲ့ချီပြီးရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် မင်းသား ရိယန်ချန်းရှီ ( Yi Yangqianxi ) က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ... မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ... ဒါပေမယ့်... အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်... ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်... ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ? Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Romance Runtime : 2h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu  Encoded ...
movie

Better Days ( 2019 )

[18+]Showgirls(1995) 6.7
[18+]Showgirls(1995) [18+]Showgirls(1995)******************** (Dark Side Production မှတင်ဆက်သည်...) ဒီဇာတ်လမ်းဟာ.. Las Vegasရဲ့ဖော်ချွတ်အက လောကထဲကိုမိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ... ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း... မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း.. ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို.. ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်..ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်...File Size : (2.7GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:08:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB   
movie

[18+]Showgirls(1995)

God of Novels (2020) 5.2
God of Novels (2020) Our Story ( 2020 ) ================Our Storyဟာ ဂျပန်ကျောင်းတွင်းရိုမန့်ဇာတ်လမ်းလို့ ပြောလို့ရပေမဲ့ ကျောင်းတွင်းရိုမန့်က ဒီကားရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပဲတည်ရှိနေခဲ့တယ်။ သူ့နာမည်အတိုင်းပဲ Our Storyဟာ ဇာတ်လမ်းရေးတဲ့အကြောင်း တစ်နည်းပြောရရင် လူငယ်စာရေးဆရာနှစ်ဦး ဝတ္တုရေးတဲ့အကြောင်းပေါ့။ မင်းသားကတော့ တက်သစ်စ စာရေးဆရာအဖြစ်ရပ်တည်ပေမဲ့ သူ့ခံယူချက်က ငွေရတဲ့စာတွေ ရေးနိုင်ဖို့လို ခံယူထားတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်။ဒီလိုခံယူရတာကလည်း သူ့အဖေက ဝတ္တုတွေရေးရင်း အိမ်စရိတ်မထောက်နိုင်ဘဲ သူကိုယ်တိုင်လည်း ဝတ္တုရေးတဲ့စားပွဲပေါ်ပဲ ကွယ်လွန်သွားခဲ့တော့ ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ငွေရတဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ မင်းသမီးကတော့ နာမည်ကြီးဘတ်ဆဲလားစာရေးဆရာမဖြစ်နေတဲ့ အထက်တန်းကျောင်းသူလေး။ မင်းသားဖြစ်ချင်တဲ့ ဘဝမျိုးကို ပိုင်ထားတဲ့သူ။ ဒါပေမဲ့ သူကတော့ ဝတ္တုရေးတဲ့အလုပ်ကို ချစ်သလို ဝတ္တုတွေကို ချစ်တယ်။ ဒီလိုနဲ့ သူတို့စာတွေကို အကဲဖြတ်ပေးနေတဲ့သူက သူတို့ကို စာအုပ်တစ်အုပ်အတူတူရေးခိုင်းခဲ့တယ်။ မင်းသမီးက ဇာတ်လမ်းတွေးပြီး မင်းသားက စကားလုံးနဲ့ပုံဖော်ပေးရတယ်။ ကျောင်းလည်းတူ အလုပ်လည်းအတူတူလုပ်နေရပေမဲ့ ...
movie

God of Novels (2020)

A Light Never Goes Out (2023) 6.3
A Light Never Goes Out (2023) A Light Never Goes Out (2022)======================IMDb - 6.3/10ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက​တော့ LED ဆိုင်းဘုတ်​ခေတ်​မစားခင်​ခေတ်က အဏုမြူ​ချောင်း​တွေနဲ့ဆိုင်းဘုတ်​​​တွေနဲ့ ​ဟောင်​ကောင်မြို့လမ်း​ပေါ်ကို အလင်း​ရောင်စုံ​ပေးခဲ့တဲ့သူ​တွေကို ​ဂုဏ်ပြုတဲ့အ​နေနဲ့ ရိုက်ကူးပြထားတဲ့ ​ဟောင်​ကောင်ဒရာမာကား​ကောင်း​လေး A Light Never Goes Out ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း​ဟောင်​ကောင်ရဲ့ ဥပ​ဒေအသစ်​ကြောင့် လမ်းမ​ပေါ်က အဏုမြူဆိုင်းဘုတ်အများစု ဖြုတ်ချခံရလိုက်ပြီး LED ဆိုင်းဘုတ်​တွေ အစားထိုးလာတာ​ကြောင့် အဏုမြူ​ဆိုင်းဘုတ် ​​ဘေလ်တစ်​ယောက် စီးပွား​ရေးဆုတ်ယုတ်လာပြီး ​နောက်ဆုံးအလုပ်တစ်ခုကိုလုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ်​​ဘေလ်ရဲ့ ဇနီးဖြစ်သူ ဟွမ်တစ်​ယောက် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး​နောက် အတိတ်ကအမှတ်တရ​တွေကို သတိရရာက​နေ အလုပ်ရုံအသွား ​ဘေလ်ရဲ့ တပည့်ဆိုသူ လီယိုနဲ့​တွေ့ဆုံခဲ့ပြီး​နောက် ​ဘေလ်တစ်​ယောက် အပြီးမသတ်လိုက်ရတဲ့ ဆန္ဒတစ်ခုရှိ​ကြောင်းသိလိုက်ရပါတယ်ခင်ပွန်းသည်ရဲ့ ​နောက်ဆုံးဆန္ဒကို ဖြည့်ဆည်း​ပေးချင်တာ​ကြောင့် ဟွမ်တစ်​ယောက် လိုက်စုံစမ်းရင်း အရင် အတိတ်ကအမှတ်တရ​လေး​တွေပါ စုမိသလိုဖြစ်လာပါတယ်အမှတ်တရ​တွေမှာ ​​ပျော်စရာ ဝမ်းသာစရာ ဝမ်းနည်းစရာ​တွေနဲ့ ပြည့်နှက်​နေတာ​လေးကို ကြည့်ရှုသူကို မျိုးစုံရသ​ပေးနိုင်​အောင် ရိုက်ပြထားတဲ့ ဒရာမကား​ကောင်း​လေးပဲဖြစ်ပါတယ်( ...
movie

A Light Never Goes Out (2023)

Holy Motors (2012) 7.0
Holy Motors (2012)  ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို၂၀၁၂ ကထွက်ရှိထားတဲ့ Holy Motors ဆိုတဲ့ Drama &Fantasy အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကို ဒါရိုက်တာ Leos Carax ကရိုက်ကူးပုံဖော်ထားပြီး rating 7/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ မင်းသား Denis Lavant နဲ့ မင်းသမီးEdith Scob တို့ပါဝင်သရုပ်ဆောင်ထားပြီးမင်းသား Denis Lavant ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိထားပြီး မင်းသမီး Edith Scob ကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးရရှိထားရုံသာမက ဒီဇာတ်ကားကအခြား အကောင်းဆုံးရုပ်သံတေးဖြတ်ဆု အကောင်းဆုံး ဒါရိုက်တာဆု စတဲ့အကယ်ဒမီဆုပေါင်း ၂၉ ဆုအထိဆွတ်ခူးရရှိထားပြီးဆန်ကာတင်စာရင်း ၇၁ အခုအထိချိတ်ခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်..ဇာတ်လမ်းအစမှာ မစ္စတာအောစကာတစ်ယောက်မိုးလင်းပြီးဆိုတာနဲ့ မစ္စဆီလင်းနဲ့ အတူတူ ထူးဆန်းဖွယ်ချိန်းဆိုမှုကိုးခုကို အကောင်အထည်ဖော်ဆောင်ရွက်ကြပုံနဲ့စတင်ထားပါတယ် ချိန်းဆိုမှုတစ်ခုဆီမှာ မတူညီနဲ့ဇာတ်ရုပ်တစ်မျိုးစီ မတူညီတဲ့ဘဝတစ်ခုစီကို သရုပ်ဆောင်ရမှာဖြစ်ပါတယ် ဒီလိုနဲ့ မစ္စဆီလင်းနဲ့ မစ္စတာအောစကာတို့နှစ်ယောက် ဒီထူးဆန်းဖွယ်ချိန်းဆိုမှု ကိုးခုကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါမ့လား..ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါဦး...ဒီဇာတ်ကားမှာ မစ္စတာအောစကာအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Denis Lavant ...
movie

Holy Motors (2012)

[18+]Affair(2014)
[18+]Affair(2014) [18+]Affair(2014)**************** ချွဲယွန်းနီဆိုတဲ့ ပြခန်းမှူးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီး အလယ်တန်းကျောင်းသူ သမီးတစ်ယောက်နဲ့ ဘဝခရီးဆက်နေရသူ တစ်ယောက်ဖြစ်တယ် Single mother တစ်ယောက်ဖြစ်ပေမဲ့လည်း သပ်ရပ်ကြော့ရှင်းတဲ့ သူ့ပုံစံကြောင့် ပုရိသတွေကြားမှာ ရေပန်းစားနေသူလည်းဖြစ်တယ် တစ်နေ့မှာ ဓာတ်ပုံဝယ်ဖိုသွားရင်း ခပ်ငယ်ငယ် ဓာတ်ပုံဆရာလေးကို မြင်ကာ မျက်စိကျသွားခဲ့တယ် ဖြစ်ချင်တော့ ပြခန်းရဲ့ ပြပွဲမှာ အဲဒီဓာတ်ပုံဆရာရဲ့ လက်ရာတွေကို အသုံးပြုဖို ဖြစ်လာတော့ ဓာတ်ပုံဆရာလေးနဲ့ ရင်းနှီးဖို အကြောင်းဖန်လာခဲ့တယ် အဲဒီနောက်မှာ ဓာတ်ပုံဆရာလေးကို အရက်တိုက် ကင်မရာအမ်း တိုက်ခန်းအမ်းနဲ့ အမျိုးမျိုး မြူဆွယ်ခဲ့ရာ နောက်ဆုံးတော့ ဓာတ်ပုံဆရာလေးရဲ့ အချစ်ကို ရရှိခဲ့တယ် ဒါပေမဲ့လည်း Single mother မမကြီးက ဓာတ်ပုံဆရာလေးကို တကယ် မချစ်ဘဲ သူ့ရဲ့ အာသီသကြောင့်သာ တွဲ‌နေခဲ့တယ် ဓာတ်ပုံဆရာလေးကို လက်ဖဝါးပေါ်တင်ပြီး ဟိုမှောက်ဒီလှန်လုပ်မဲ့ ကလေးတစ်ယောက်အမေရဲ့ လှည့်ကွက်တွေကို ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်File Size 536MB Quality ...
movie

[18+]Affair(2014)

Srimulat: Hidup Memang Komedi (2023) 7.1
Srimulat: Hidup Memang Komedi (2023) Srimulat.Hidup.Memang.Komediဆရီမူလတ် လူရွှင်တော်အဖွဲ့အကြောင်း ရိုက်ထားတဲ့ ဒုတိယအဆက်ကားလေးကိုပါ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ပထမကားထဲကအကြောင်းအရောတွေဖြစ်တဲ့ လူရွှင်တော်အဖွဲ့ကို မြို့တော်ကြီးမှာ ဖျော်ဖြေဖို့ ဂျာဗားကျွန်းကနေ သွားရောက်ကြပုံတွေ ကြိုးစားကြပုံတွေ ဘာသာစကားအခက်အခဲတွေ အဓိကဇာတ်ကောင်တွေရဲ့ အချင်းချင်း မိသားစုလိုနေရင်း တလွဲတွေလုပ် ဆူပူငေါက်ငမ်းကြရင်းနဲ့ တစ်နိုင်ငံလုံးသဘောကျအောင် ဖျော်ဖြေပေးနိုင်မှာလားဆိုတာ ဒီဒုတိယကားမှာ ဆက်ရှုစားရမှာပဲဖြစ်ပါတယ် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပဲဖြစ်ပြီး ဘဝမှာတခါတလေ ဘာမှမစဉ်းစားပဲ ကိုယ်ချစ်ရသူရယ် ကိုယ့်ကိုချစ်တဲ့မိတ်ဆွေတွေရယ်သာရှိရင် ဘဝကြီးဆိုတာ ဒီလိုပဲနေပျော်စရာကြီးပါလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားနိုင်ဖို့ ဒီ heart warm ဖြစ်စေမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Srimulat: Hidup Memang Komedi (2023)

2023
Srimulat: Hil Yang Mustahal – Babak Pertama (2022) 6.9
Srimulat: Hil Yang Mustahal – Babak Pertama (2022) Srimulat: Hil Yang Mustahal – Babak Pertama (2022)အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီးခဲ့တဲ့ အင်ဒိုနီးရှား လူရွှင်တော်အဖွဲ့ ဆရီမူလတ်အဖွဲ့ရဲ့ အစောပိုင်းနေ့ရက်တွေအကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ် ဒီအဖွဲ့ကို တက်ဂ်ရာဟာဂျိုကနေပြီးတော့ သူ့ဇနီး ဆရီမူလတ်ကို အမှတ်တရအဖြစ်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်.... စစ်ပြီးကာလ အင်ဒိုနီးရှားမှာ စားဝတ်နေရေးကျပ်တည်း ရုန်းကန်နေရအချိန်မှာ ဆရီမူလတ်တို့လို ဖျော်ဖြေရေးအဖွဲ့တွေကို နိုင်ငံတော်အစီအစဉ်နဲ့ ရုပ်သံကနေတင်ဆက်ပြီးတော့ ပြည်သူတွေကို ဖျော်ဖြေပေးဖို့ ဂျကာတာကို ဖိတ်လိုက်ပါတယ် ပျော်ပျော်နေတတ်တဲ့ ဆရီမူလတ်အဖွဲ့သားတွေ ဂျကာတာရောက်လာတဲ့အခါမှာ တောသားမြို့တက်လေးတွေ ဘယ်လိုတလွဲတွေလုပ်ကြမှာလဲ အဆင်ပြေပြေနေနိုင်ဖို့ရော ဘယ်လိုလုပ်ကြမလဲ သူတို့လူရွှင်တော်အဖွဲ့ကြီးရော အောင်မြင်မှာလားဆိုတာ ကြည့်ရမှာပါပဲ.... ဟာသ ဒရမ်မာ အချိုးကျကျပေါင်းစပ်ထားတဲ့ အတ္တုပတ္ထိကားလေးမို့ အာရှကားကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့မယ့်ကားလေးပါပဲ နောက်ဆက်တွဲ အပိုင်း ၂ လေးလည်း ရှိသေးတာမို့ စောင့်မျှော်အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 773MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Srimulat: Hil Yang Mustahal – Babak Pertama (2022)

2022
Andragogy (2023) 8.2
Andragogy (2023) Andragogy (2023)မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီး အင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာ အကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေ ပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။ အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့် တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။ အဲဒီလိုကနေ ...
movie

Andragogy (2023)

2023
Paul, Apostle of Christ (2018) 6.6
Paul, Apostle of Christ (2018)  ၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာအမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီးAndrew Hyatt က ရိုက်ကူးပေးထားပါတယ်။တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင်လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် ThePassion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ်သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ်ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက်အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်းကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိကရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကိုလက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာမဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့်အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကိုပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာလု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီးပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်းတင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, theApostle of Christ ရုပ်ရှင်ဟာ Grace Award for Movies ...
movie

Paul, Apostle of Christ (2018)

Parimala D’Souza (2023) 8.7
Parimala D’Souza (2023) "အိပ်ပျော်သွားသော မိန်းကလေး"IMDb 8.7 ရထားတဲ့ ကန်နားဒါးမှုခင်းဇာတ်လမ်းလေး ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ အက်ရှင် ဇာတ်ကြမ်း အချစ်ဇာတ်လမ်း စုံလင်အောင် ကြည့်ရမယ့်ကားလေးပါပါရီမာလာဆိုတဲ့ ပျော်ပျော်နေတတ်တဲ့ အိမ်ထောင်ရှိမိန်းမငယ်လေးက ခြံကျယ်ကြီးမှာ မိသားစု ညီအစ်ကိုမောင်နှမတွေနဲ့ သာမန်ဘဝကို ဖြတ်သန်းရင်းအရွှန်းအဖောက်တွေပါတဲ့ ဟာသဇာတ်လမ်းလေးကနေ အချိုးအကွေ့ဖြစ်ပုံက တစ်နေ့ ရေချိုးကန်ထဲက သွေးအိုင်ထဲ လဲနေတဲ့ ပါရီမာလာ သေဆုံးနေတာကို မြင်လိုက်ရတဲ့ အချိန်မှာတော့...တစ်မိသားစုလုံး ထိတ်ထိတ်ပျာပျာတွေဖြစ်ပြီး သက်ဆိုင်ရာဌာနက ထက်မြက်တဲ့ အမျိုးသမီးအင်စပတ်တာ မဒမ်ဗီဂျေးလက်ရှ်မီးက တာဝန်ယူစုံစမ်းဖို့ ဖြစ်လာတယ်သေကြောင်းကြံစည်မှုအဖြစ် အသက်သွင်းထားတဲ့ လူသတ်မှုဖြစ်နေတာကို သိသွားချိန်မှာတော့ တရားခံအစစ်ကို ဘယ်လိုရှာတွေ့သွားမှာလဲဆိုတာကို...အချစ်ဟာသနဲ့ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်း အချိုးကျရောစပ်ထားတဲ့ ဒီကားလေးမှာ ဆက်လက်အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.5GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Parimala D’Souza (2023)

2023
Downtown Owl (2023)
Downtown Owl (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဟာသဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်သုံးယောက်ပါပါတယ်.ပထမဇာတ်ဆောင်ဖြစ်တဲ့ဂျူလီယာရေဘီယာဟာ အောင်းလ်မြို့ကို အထက်တန်းကျောင်းဆရာမအဖြစ်ပြောင်းရွေ့လာခဲ့ပါတယ်....သူမရဲ့ယောက်ျားဖြစ်သူ ပါရဂူအတန်းတက်နေလို့ အချိန်ပိုရ‌အောင် ပြောင်း‌လာတာပါ။သူမဟာပထမနှစ်ဝက်ပဲသင်ဖို့ရည်ရွယ်ထားတာဖြစ်ပြီး ‌နောက်နှစ်ရောက်ရင်အိမ်ပြန်ပြီးကလေးယူဖို့စီစဉ်ထားပါတယ်....အောင်းလ်မြို့ကိုရောက်ရှိလာတဲ့ ဆရာမအသစ်ဖြစ်တဲ့အလျောက် သူမကနာမည်ကြီးလာပါတယ်....နောက်တစ်ယောက်‌ကတော့ ထိုမြို့ကအထက်တန်းကျောင်းသား မစ်ခ်ျပါ...မစ်ခ်ျကဝါသနာမပါတဲ့ဘောလုံးကိုကစားရင်း သူသဘောကျနေတဲ့ကောင်မလေးက ဆရာတစ်ယောက်နဲ့ဖောက်ပြန်နေလို့ စိတ်ညစ်နေရသူပါ....နောက်တစ်‌ယောက်ကတော့ ဟော်ရေစ့်ဆိုတဲ့အဖိုးကြီးပါ....ဒီတော့ အောင်းလ်မြို့ကိုပြောင်းရွှေ့လာတဲ့ဆရာမအသစ် ဂျူလီယာရေဘီယာနဲ့ မစ်ခ်ျတဲ့ဟော်ရေစ့်တို့နဲ့တွေ့ဆုံခဲ့ပါတယ်....အချိန်ကြာလာတဲ့အခါ ဂျူလီယာဟာ အောင်းလ်မြို့ရဲ့လူနေမှုစံနှုန်းတွေကိုသိမြင်လာတဲ့အခါမှာတော့....ဒီဇာတ်ကားဟာ အဆိုပါဇာတ်ကောင်သုံးယောက်ကိုအကြောင်းပြုရင်း ရိုက်ကူးထားပါတယ်.....တင်ဆက်ပြသပုံတွေ...နောက်ခံသီချင်းတွေကောင်းမွန်တဲ့အတွက် ကြည့်ပျော်တယ်လို့ပြောလို့ရပါတယ်...ခံစားကြည့်ကြပါခင်ဗျာ File size…(1.3 GB)/(610 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Downtown Owl (2023)

Good Morning (1959) 7.8
Good Morning (1959) အိုဇုဟာ စစ်ကြိုခေတ်မှာ ရုပ်ရှင်စရိုက်ခဲ့တဲ့ ဒါရိုက်တာပေမဲ့ သူ့လက်ရာတွေကတော့ လက်ရှိသက္ကရာဇ်အထိ ထင်ကျန်နေတုန်းပဲ။ ဒီလိုထင်ကျန်နေတဲ့သူတွေ ဂျပန်မှာတင် နည်းတော့ မနည်းပါဘူး။ ဒါပေမဲ့ မတူတာက အိုဇုဟာ သူများတွေလို ဆန်းပြားတဲ့ဇာတ်တွေ အကြောင်းအရာအစဖော်ပေးလိုက်တာနဲ့ အားလုံးစိတ်ဝင်စားလာမယ့် ဇာတ်တွေကို ရိုက်ခဲ့တာမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း မိသားစုတွေကြားက အဖြစ်အပျက်တွေကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ရင်းကို ဒီလိုမှတ်ကျောက်တင်နိုင်ခဲ့တာပါပဲ။ တခြား အဲဒီခေတ်တွေကနေ အခုခေတ်အထိ ထင်ရှားဆဲ ဒါရိုက်တာတွေလည်း ဒါမျိုးတွေ ရံဖန်ရံခါတော့ ရိုက်တတ်ကြပေမဲ့ အိုဇုလို ဒီလိုအကြောင်းအရာတွေချည်း သန့်သန့် ရိုက်နေတဲ့လူတော့ ကျွန်တော်သိသလောက်မရှိဘူး။ ဒီလိုမျိုးခပ်ဆင်ဆင် အပုသုံးကားကိုရိုက်ခဲ့တဲ့ ဆတ္တရာဂျစ်ရေးလို ဂုရုကြီးမှာတောင်မှပဲ ဒီလိုကားမျိုးသက်သက်ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ အိုဇုကတော့ တစ်စိုက်တမတ်ပဲ ဒါမျိုးတွေချည်းပဲ ရိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ဒါမျိုးတွေ တစ်ကားပြီး တစ်ကား ကျွန်တော်တို့ကြည့်နေရပေမဲ့ ဘယ်တော့မှလည်း ငြီးငွေ့သွားချင်စရာမကောင်းနေဘူး။ အိုဇုရဲ့ ထူးခြားတဲ့ဟန်က တတမိဖျာရိုက်ချက်ရယ် မြုပ်ကွက်ချန်တဲ့ ...
movie

Good Morning (1959)

Mean Machine (2001) 6.4
Mean Machine (2001) "The Mean Machine" လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ...
movie

Mean Machine (2001)

These Final Hours (2013) 6.6
These Final Hours (2013)  ခင်ဗျားတို့မှာသာ အသက်ရှင်သန်ဖို့အတွက် အချိန်၁၂နာရီသာကျန်တော့မယ်ဆိုရင် ဘာလုပ်ကြမလဲကိုယ်ချစ်ခင်ရသူတွေ အနားမှာပဲ နေမှာလားဒါမှမဟုတ် ဘဝကိုစိတ်ရှိလက်ရှိပျော်ပျော်ကြီးလုပ်ချင်ရာတွေလုပ်ပြီး ဖြတ်သန်းပစ်လိုက်မလားဒီဇာတ်ကားက ကမ္ဘာပျက်ခါနီး အချိန်၁၂နာရီအလိုမှာလူတွေရဲ့ သဘာဝကို ဒါရိုက်တာ Zak Hilditchရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီဇာတ်ကားက ဆန်ခါတင်စာရင်းများစွာ မှာပါဝင်ခဲ့ပြီးလူငယ်အမျိုးသမီးအကောင်းဆုံးဇာတ်ဆောင်ဆုအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အကောင်းဆုံးဒါရိုက်တာဆု စတဲ့ဆုများစွာကို ဆွတ်ခူးရရှိထားပါတယ်ဒီ These Final Hours ဆိုတဲ့ မင်းသား Nathan Phillips ,မင်းသမီးလေး Jessica De Gouwတို့ပါဝင်သရုပ်ဆောင်ထားပြီး rating 6.6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..ဒီဇာတ်လမ်းအစမှာ ဂျင်မီတစ်ယောက် ကမ္ဘာပျက်ခါနီး အချိန်မှာကိုယ်ဝန်ရှိနေတဲ့ ရည်းစားကိုထားခဲ့ပြီး ရည်းစားအသစ်နဲ့ပျော်ပါးဖို့ အဆုံးသတ်ပါတီပွဲကျင်းပရာဆီကို ထွက်လာရာလမ်းမှာမမျှော်လင့်ဘဲ ရို့စ်ဆိုတဲ့ ဖခင်နဲ့ကွဲသွားပြီး ခိုကိုးရာမဲ့နေတဲ့ဆယ်နစ်သမီးအရွယ် ကလေးမလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ် ဒီလိုနဲ့ ပါတီပွဲကိုသွားမယ့် ဂျိမ်းစ်တစ်ယောက်ကလေးမလေးကို ဖခင်နဲ့ပြန်လည်တွေ့ဆုံပေးဖိူကြိုးစားရာမှာဘာတွေဆက်ဖြစ်လာမလဲ..ဘယ်လိုတွေ့ကြုံရမလဲ ကလေးမလေးကရာ သူမရဲ့ဖခင်နဲ့ပြန်လည်စုံစည်းနိုင်ပါ့မလားတဖြည်းဖြည်းကမ္ဘာပျက်ဖို့ အချိန်တွေနီးကပ်လာတာနဲ့အမျှဂျိမ်းစ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်လာမလဲပါတီပွဲကိုသွားပြီး ရည်းစားအသစ်နဲ့ပျော်ပါးမလား ဒါမှမဟုတ်ကိုယ်ဝန်သည်ကောင်မလေးဆီကိုပဲ ပြန်ပြေးမလား ဆိုတာကြည့်ရှသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦးဒီဇာတ်ကားကိုအပြီးထိသေချာလေးကြည့်ပြီးသွားရင်တော့ခင်ဗျားတို့ရဲ့ရင်ထဲမှာ တစ်ခုခုကိုဆို့နှစ်ပြီး ကျန်ခဲ့မှာအသေချာပါပဲဇာတ်ညွှန်းရေးဆရာကိုပဲအပြစ်တင်ရမလား ...
movie

These Final Hours (2013)

Above the Shadows (2019) 6.1
Above the Shadows (2019)  Holly ဆိုတဲ့ကောင်မလေးဟာ မိသားစုတစ်စုကအလတ်မလေးပေါ့..တစ်အိမ်လုံးနဲ့သူနဲ့ကအကြောမတည့်ပေမယ့် အမေဖြစ်သူနဲ့တော့အတော်လေးရင်းနှီးရှာတယ် တစ်နေ့အမေဖြစ်သူဆုံးသွားအပြီးမှာ သူမဘဝရုတ်ချည်းပြောင်းလဲခဲ့တယ်...ဖြစ်ပုံကတော့ တစ်မနက်ခင်းနိုးထလာတဲ့အချိန်မှာသူမဟာကိုယ်ပျောက်သွားတာပါ..ဒီလိုနဲ့ရှင်သန်လာရင်း တစ်နေ့မှာ သူ့ကိုမြင်နိုင်တဲ့တစ်ဦးတည်းသောယောကျာ်း Shayne နဲ့တွေ့ဆုံခဲ့ပါတယ်..Shayne ဟာလည်းတစ်ချိန်က လက်ဝှေ့ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့အမေ့ခံဖြစ်နေပါပြီဒီလိုမျိုး အကူအညီလိုနေကြတဲ့နှစ်ယောက်သားတွေ့ကြချိန်မှာ တစ်ဦးကိုယ်တစ်ဦးဘယ်လိုကူညီကြမလဲဆိုတာ... File size…1.6GB / 754MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre …..Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Above the Shadows (2019)