Channel Myanmar

Drama

Ichiko (2023) 6.5
Ichiko (2023) Ichiko 2023 IMDb 6.6/10ဂျပန်နိုင်ငံမှာ ဥပဒေတစ်ခုရှိတယ် ယောကျာ်းနဲ့ကွာရှင်းပြီးရက်ပေါင်း ၃၀၀ အတွင်းမှာမွေးလာတဲ့ ကလေးကို နောက်ယောကျာ်းနဲ့အိမ်ထောင်မှာ စာရင်းသွင်းလို့မရဘူး အဲ့ဒီကလေးကို အရင်ယောကျာ်းရဲ့ မိသားစုဝင်လို့ပဲသတ်မှတ်တယ်ပေါ့ ဒါဆို အဖေဘယ်သူမှန်းမသိပဲ မွေးလာတဲ့ကလေးဆိုဘယ်လိုလုပ်ကြမလဲ....ဒီကားလေးကတော့ မွေးစာရင်းမရှိ မှတ်ပုံတင်လဲမရှိ တဲ့ အီချီကို ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုရှင်သန်နေထိုင်သွားလဲဆိုတာ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ရိုက်ပြသွားမှာဖြစ်ပါတယ် သူ့ကို အရမ်းချစ်တဲ့ ကောင်လေးနှစ်ယောက်ကရော သူ့ကိုဘယ်လိုတွေကူညီသွားမှာလဲ ပထွေးဖြစ်သူကရော သူ့အပေါ်ဘယ်လိုတွေ ဆက်ဆံမလဲ ယောက်ကျားတွေတစ်ယောက်ပြီးတစ်ယောက်ယူနေတဲ့ မိခင်အရင်းကရော ဘာလို့သူ့ကို မကူညီနိုင်တာလဲဆိုတာနဲ့ အရမ်းချစ်ရတဲ့သူတစ်ယောက်ရုတ်တရက်ပျောက်ဆုံးသွားပြီး ပြန်မလာတော့ အသည်းအသန်လိုက်ရှာကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပူဆွေးမှုကလဲ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ် ဇာတ်လမ်းက ရှေ့ရောက်လိုက်နောက်ရောက်သွားလိုက်ဖြစ်နေပေမယ့် အောက်ထောင့်မှာ ရက်စွဲလေးနဲ့ ဖော်ပြထားတော့ အလွယ်တကူနားလည်နိုင်ပါတယ် မိသားစုနဲ့ အေးအေးဆေးဆေးကြည့်မယ်ဆိုလဲ အဆင်ပြေတဲ့ကားလေးပါ တစ်ကောင်ကြွက် FA ဆိုရင်တော့ ကြည့်ရင်းနဲ့ ကြိတ်ငိုပေါ့အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery Quality…. 1080p | 720p File size… 1.8GB | 876MB Format… mp4 Duration…. 2h ...
movie

Ichiko (2023)

2023
Charulata (1964) 8.1
Charulata (1964) Charulata ( 1964 )ဆတ္တရာဂျစ်ရေးရဲ့ Charulata ဟာ တဂိုးလို့သိကြတဲ့ ဘင်္ဂါလီကဗျာဆရာ ရာဘင်္ဒြာနတ်တဂိုး ၁၉၀၁ခုနှစ်တုန်းက ရေးသားခဲ့တဲ့ ဝတ္တုဖြစ်တဲ့ Nastanirhခေါ် The Broken Nestဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။ Charulataကို ရေးရဲ့အကောင်းဆုံးလက်ရာတွေထဲက တစ်ကားလို့ဆိုကြသလို the greatest films ever made စာရင်းထဲ မကြာမကြာ ပါတတ်တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ တဂိုးရဲ့ ဝတ္တုမှာတော့ Charulataကို ၁၉ရာစုမှာ ဇာတ်အိမ်တည်ထားပေမဲ့ ရေးကတော့ ၁၈၉၇မှာ ဇာတ်အိမ်ပြောင်းတည်ခဲ့တယ်။ ဒီလိုတည်ဖို့လည်း ရေးအနေနဲ့ သမိုင်းနောက်ခံတွေကို လပေါင်းများစွာ လေ့လာခဲ့ရတယ်။ တကယ်ရိုက်တဲ့အခါမှာလည်း ၁၈၈၀ခုနှစ်ရဲ့ အိန္ဒိယကို ပုံဖော်နိုင်တဲ့ ဆက်တင်တွေဖြစ်အောင် အကုန်လုံး ပြင်ဆင်ရိုက်ကူးခဲ့တယ်။ ရေးအတွက် Charulataဟာ သူ့ရုပ်ရှင်ရိုက်သက်တမ်းတစ်လျှောက်မှာ deadline မသက်မှတ်ထားခဲ့တဲ့ ပထမဆုံးကားဖြစ်ခဲ့သလို သူကိုယ်တိုင်ကလည်း သူ့ကားတွေထဲက သူ့အကြိုက်ဆုံးကားလို့ ပြောခဲ့ဖူးတယ်။ဆတ္တရာဂျစ်ရေးဟာ တဂိုးတည်ထောင်ခဲ့တဲ့ Visva-Bharati University မှာ ကျောင်းတက်ခဲ့တဲ့သူဖြစ်သလို တဂိုးဟာလည်း ကျွန်တော်တို့သိတဲ့ ဘင်္ဂါလီကဗျာဆရာတွေထဲ ...
movie

Charulata (1964)

1964
Big Sky River: The Bridal Path (2023) 6.6
Big Sky River: The Bridal Path (2023) Big Sky River: The Bridal Path (2023) IMDb - 6.6/10အမေရိကန်အနောက်ပိုင်းဒေသက ကောင်းဘွိုင်ဇာတ်ရုပ်တွေကို အခြေခံပြီး အချစ်ဇာတ်လမ်းတွေရေးဖွဲ့လေ့ရှိတဲ့ ရောင်းအားအကောင်းဆုံးစာရေးဆရာမကြီး Linda Lael Millerရဲ့ ၀တ္ထုတွေထဲက တစ်ခုကို ရိုက်ကူးထားတဲ့ ရိုမန့်စ်ရုပ်ရှင်လေးပေါ့။မွန်တားနားပြည်နယ်က နယ်မြို့လေးတစ်ခုမှာ တာရာဆိုတဲ့ အမျိုးသမီးလေးကတော့ သမီးဖြစ်သူနဲ့အတူ လာရောက်နေထိုင်တဲ့ အိမ်ထောင်ကွဲဆရာမတစ်ယောက်။ ဘွန်တေလာက မုဆိုးဖိုကလေးနှစ်ယောက်အဖေ ဒေသခံရဲမှူးတစ်ယောက်။ ဒီလိုအနှောင်အဖွဲ့ကိုယ်စီနဲ့ သူတို့တွေရဲ့ပေါင်းစည်းမှုမှာ အဆင်မပြေတာလေးတွေရှိလာခဲ့တာပေါ့။ စစ်မှန်တဲ့ချစ်ခြင်းတရားကို အခြေခံတဲ့ သူတို့တွေရဲ့ဆုံစည်းမှုကို ဘယ်လိုတွေညှိနှိုင်းပြီး ဘယ်လိုနားလည်မှုတွေနဲ့ တည်ဆောက်ဖန်တီးကြမလဲဆိုတာ ကြည်နူးဖွယ်ရာရှုမြင်ခံစားကြရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.3GB | 672MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Big Sky River: The Bridal Path (2023)

2023
[18+]Janus: Two Faces of Desire(2014)
[18+]Janus: Two Faces of Desire(2014) [18+]Janus: Two Faces of Desire(2014)*********************************** အခုတစ်ခါမှာ ၂၀၁၄ခုနှစ်က ထွက်ခဲ့တဲ့ Janus: Two Faces of Desireဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ် အကဌာနရဲ့ကျောင်းသူဖြစ်တဲ့ဒါဟီးဟာ တစ်ခါမှ ရည်းစားမထားဖူးသလို ကောင်လေးတွေနဲ့လည်း တစ်ခါမှ အတူမနေဖူးပါဘူး ညတိုင်း ကြမ်းတမ်းလွန်းတဲ့ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး အိပ်မက်ဆိုးတွေ မက်လေ့ရှိပါတယ် စိတ်ကူးနဲ့လက်တွေ့ကို မခွဲခြားနိုင်တဲ့ ရောဂါလည်း ဖြစ်နေပြီးတော့ ရောဂါအကြောင်း ဘယ်သူ့ကိုမှ ပြောပြမထားပါဘူး သူမက အကဖျောဖြေပွဲရဲ့projectorလည်းဖြစ် စီနီယာရဲ့ခင်ပွန်းဖြစ်တဲ့ ဂုံဝူကို တစ်ဖတ်သက် ကြိုက်နေပြီး ဒီကိစ္စကြောင့်တော်တော်ခံစားနေရပါတယ် ရောဂါပျောက်ဖိုအတွက် ကုထုံးတွေလည်း လိုက်ရှာခဲ့ပြီးတော့ နောက်ဆုံးမှာတော့ သူ အခုလိုခံစားနေရတာဟာ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့်ဆိုတာ သိရပြီး အဲ့ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်...ဆရာမကြီး ၂ဦးပါဝင်တာမို့ ဒီကားကအတော်ရှယ်ပါတယ်....File Size 827MB Quality : WEB-DL 720p Format…mp4 Duration…01:24:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by ...
movie

[18+]Janus: Two Faces of Desire(2014)

Million Dollar Lethal Listing (2024)
Million Dollar Lethal Listing (2024)  Ton နဲ့ Becca တို့ကလက်ထပ်ဖို့အတွက်ပြင်ဆင်နေကြပြီး စေ့စပ်ထားတဲ့သူ၂ယောက်ပါ၊သူတို့၂ယောက်ကလက်ထပ်ပြီးရင်နေဖို့အတွက် အိမ်တလုံးဝယ်အတွက်ရည်ရွယ်ထားကြပြီး အေးချမ်းနေတဲ့သူတို့၂ယောက်ဘဝကလည်း သူတို့ရည်ရွယ်ထားတဲ့အိမ်ကိုဝယ်ယူရာမှာပဲ စပြီးပြောင်းလဲလာခဲ့ပါတယ်၊သူတို့စိတ်ကြိုက်အိမ်တလုံးကိုဝယ်ယူရာမှာပဲ ငွေကြေးလိမ်လည်ခံလိုက်ရပါတယ်၊အဲ့နောက်မှာ ခင်ပွန်းလောင်းဖြစ်သူ Tom တယောက်အမူအရာတွေစပြောင်းလာတာကို Becs တယောက် မသင်္ကာရာကနေ ကိုယ်တိုင်စုံစမ်းရာကနေမှ မထင်မှတ်ထားတာတွေကြုံလာရပါတော့တယ်၊ဇာတ်ကားက အစပိုင်းမှာပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် Tom တယောက်ကကောဘာတွေလုပ်ထားတာလဲလဲ၊ငွေတွေကိုကော ဘယ်သူကလိမ်သွားတာလဲ၊Becs ကကောဘာတွေကိုသိလိုက်ရတာလဲ စသည်ဖြင့်အဖြေတွေတခုပြီးတခုပေါ်လာတာမို့ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်လမ်းလေးဖြစ်တာမို့ ဆက်ဆက်ကြည့်သင့်တဲ့ဇာတ်ကားလေးတကားပါ File size…(1.5 GB)/(729 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama, Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw
movie

Million Dollar Lethal Listing (2024)

Barton Fink (1991) 7.6
Barton Fink (1991)  တမူထူးခြားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဒါရိုက်တာက နာမည်ကြီး Coen ညီနောင်ဖြစ်တဲ့အပြင် ကိန်းရုပ်ရှင်ပွဲတော်က Palme d'Or လို ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ပါ Writers Block ဆိုတဲ့ စာရေးဆရာတွေ အကြံဉာဏ်မထွက်တဲ့ အကြောင်းကို psychological comedy ဆန်ဆန်ပုံဖော်ထားပြီး ဒိုင်ယာလော့ခ်တွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်ဘာတွန်ဖင့်န်က နာမည်ကြီးပြဇာတ်ရေးဆရာဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ချီးကျူးခံရတာကို မနှစ်မြို့ပဲ သူ့ရင်ဘတ်ခံစားချက်အတိုင်း လူလတ်တန်းစားတွေရဲ့ စိတ်ခံစားချက်ကို တင်ပြဖို့ကသာ အိပ်မက်ပါ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်ညွှန်းမှုနဲ့ ဟောလိဝုဒ်ကိုရောက်သွားပြီး ရုပ်ရှင်ဇာတ်ညွှန်းရေးရဖို့ ဖြစ်လာပါတယ် သူ့အတွေးအခေါ်နဲ့ လုံးဝမကိုက်ညီတဲ့ ပရိုဂျူဆာတွေရဲ့ ဖိအားပေးမှုတွေ ကြုံရတဲ့အခါ.......စာရေးဖို့ အကြံက တစ်နေပြီး သူနေတဲ့ ဟိုတယ်မှာပါ ထူးထူးဆန်းဆန်းတွေ ကြုံလာရတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:56:00 Genre... ...
movie

Barton Fink (1991)

Madgaon Express (2024) 7.9
Madgaon Express (2024) Madgaon express (2024) " ဂိုအာသို့"IMDb 8/10 ရရှိထားတဲ့ ၂၀၂၄ အသစ်ထွက် ဘောလိဝုဒ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကိုတော့ မင်းသား Kunal Khemu က ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒိုဒို၊ အာယု့ရှ်နဲ့ ပင်ကူတိုဟာ ငယ်ဘဝကတည်းက တတွဲတွဲနဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ သုံးယောက်ပေါင်းလောင်းကျော်လာကြတဲ့သူတို့ဟာ တစ်နေ့မှာတော့ မိန်းကလေးသူငယ်ချင်းတွေစီစဉ်နေတဲ့ ဂိုအညခရီးအကြောင်းကြားပြီး ဂိုအာအိပ်မက်စမက်ကြပါတော့တယ်။ ဒါပေမဲ့လည်း ငယ်လို့၊ ပိုက်ဆံမရှိလို့၊ ကျန်းမာရေးမကောင်းလို့ စသည်ဖြင့် မသွားဖြစ်ခဲ့ကြတာ အသက်တွေကြီး နိုင်ငံတွေဝေးပြီး တကွဲတပြားဖြစ်သွားတဲ့အထိပါပဲ။ငွေရေးကြေးရေးအဆင်ပြေတဲ့ ပင်ကူနဲ့ အာယု့ရှ်တို့ကတော့ နိုင်ငံခြားကိုရောက်ပြီး အောင်မြင်နေပေမဲ့ ဆင်းရဲတဲ့ ဒိုဒိုတစ်ယောက်ကတော့ ရရာအလုပ်လေးလုပ်ရင်း ဆိုရှယ်မီဒီယာကိုက်ရင်း ကျန်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ ပုံတွေပြင်၊ တင်ချင်ရာတင်ပြီး အတန်းရှင်းရှာရင်းနေလာရာက အမေရိကားရောက် ပင်ကူနဲ့ အာယု့ရှ်တို့ ပြန်လာမယ်ဆိုတဲ့အခါမှာတော့ ဒိုဒိုတစ်ယောက် ခေါင်းမီးတောက်နေရပါပြီ။ဒိုဒိုတစ်ယောက် ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ လိမ်ဆင်တွေကိုဖုံးဖို့ မဖြစ်မြောက်ခဲ့တဲ့ ဂိုအာခရီးကို စီစဉ်ပြီး လိမ်ဆင်ပေါ်လိမ်ဆင်ထပ်ရင်းက ရာဇဝတ်မှုတွေနဲ့ပါပတ်သတ်မိသွားတဲ့အခါ.... မီလီယံနာအယောင်ဆောင် ဒိုဒိုနဲ့ ကိုဆန်းဆန်းတင့် ပင်ကူ၊ နောက် ညှိနှိုင်းရေးသမား အာယု့ရှ်တို့ ဂိုအာခရီးမှာ ...
movie

Madgaon Express (2024)

2024
Akelli (2023) 6.2
Akelli (2023) Akelli (2023)"လှောင်အိမ်ထဲက လိပ်ပြာ" ==============================၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန်အခြေခံ သည်းထိတ်ရင်ဖို၊ ဒရာမာရုပ်ရှင်တစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆုံးသွားတဲ့ အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ပြန်ဆပ်ပေးဖို့ အခက်အခဲဖြစ်နေတဲ့ ဂျိုတီ။ လဲရာသူခိုးထောင်းဆိုသလိုပဲ သူတပါးအတွက်နဲ့ ရှိတဲ့အလုပ်ကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ဂျိုတီဟာ အလုပ်ရှာဖို့ကြိုးစားရင်း ရွေးစရာမရှိတဲ့အတွက် အဲဒီကာလတုန်းက စစ်ဖြစ်နေခဲ့တဲ့ အီရတ်နိုင်ငံက အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။အီရတ်ကိုရောက်ရောက်ခြင်း အဖြစ်ဆိုးတစ်ခုကို မျက်မြင်တွေ့လိုက်ရတဲ့ ဂျိုတီဟာ အိန္ဒိယကို ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ပြန်ခွင့်မရသေးခင်မှာ အိုင်းစစ် စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့အခါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.9GB / 742MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Akelli (2023)

2023
Due Justice (2023)
Due Justice (2023)  အက်ရှင်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။မက်စ်က ရေတပ်ကနေထွက်ပြီး အိမ်ခြံမြေရှေ့နေအဖြစ်လုပ်ကိုင်နေသူတစ်ဦးပါ။ တစ်ရက်မှာတော့ မက်စ်ဟာ မထင်မှတ်ဘဲ လူကုန်ကူးတဲ့ဂိုဏ်းတစ်ခုရဲ့ကိစ္စထဲကို ၀င်ပါမိသွားတဲ့အခါမှာတော့ မက်စ်ရဲ့ မိသားစုဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့မက်စ်တစ်ယောက် ဒီလူသတ်မှုနောက်ကွယ်ကတရားခံတွေကို ရှာဖွေပြီး သူ့မိသားစုအတွက် တရားမျှတမှုကိုပြန်ယူပေးဖို့အတွက် ကြိုးစားရာကနေ စီအိုင်အေနဲ့ တခြားမှောင်ခိုစီးပွားရေးလုပ်ငန်းရှင်တွေကပါ ပါ၀င်ပတ်သက်လာတဲ့နောက်မှာတော့...မက်စ်ရဲ့မိသားစုက ဘာကိစ္စအကြောင်းမဲ့သတ်ခံလိုက်ရတာလဲ၊ သတ်ဖြတ်ခဲ့တဲ့သူတွေကရော ဘာအကြောင်းပြချက်တွေကြောင့်သတ်ခဲ့တာလဲ၊ မက်စ်နဲ့အတူ ဒီလူဆိုးဂိုဏ်းတွေကိုရော တခြားဘယ်သူတွေက လိုက်လံစုံစမ်းနှိမ်နင်းဦးမလဲ၊ မက်စ်တစ်ယောက် နောက်ဆုံးမှာ သူ့မိသားစုကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့သူတွေကို လက်စားချေနိုင်သွားမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Due Justice (2023)

Dig Two Graves (2014) 5.7
Dig Two Graves (2014)  လောကကြီးထဲက ထွက်ခွာသွားခဲ့ရတဲ့ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ပြန်ခေါ်ခွင့်ရှိမယ်ဆိုရင်ပရိသတ်ကြီးတို့ရော ပြန်ခေါ်ကြမှာလား။ဒါပေမယ့် လှည့်ကွက်တစ်ခုတော့ရှိနေပါတယ်။အဲ့ဒါကတော့ ကိုယ်ပြန်ခေါ်ချင်တဲ့သူနေရာမှာအသက်ရှင်နေတဲ့ တခြားတစ်ယောက်နဲ့အစားထိုးပေးရမှာပါပဲ။ဒီလိုမျိုးမှော်ပညာတွေ အောက်လမ်းပညာတွေကိုထည့်သွင်းရိုက်ကူးထားတဲ့ 2014 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Dig Two Graves ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။IMDb Rating 5.7 ရရှိထားပြီး Horror ကိုပေါ့ပေါ့ပါးပါးကြည့်ရှုချင်သူတွေအတွက်အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာ ဂျိတ်နဲ့ရှောင်ဆိုတဲ့ မောင်နှမနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီး ကလေးတွေဆိုတော့စူးစူးစမ်းစမ်းပေါက်ပေါက်ရှာရှာလုပ်တတ်ကြသူတွေဖြစ်ပါတယ်။အခုလည်း ချောက်ကမ်းပါးတစ်ခုကနေရေထဲ အတူတူခုန်ဆင်းဖို့လုပ်နေကြပေမဲ့တကယ်တမ်းခုန်ချသွားတဲ့အခါမှာတော့ ရှောင်တစ်ယောက်ပဲခုန်ချခဲ့ပြီး ကြောက်တတ်တဲ့ဂျိတ်ကတော့ကျန်နေခဲ့ပါတော့တယ်။ဒါပေမယ့် ရှောင်ကရေထဲခုန်ဆင်းသွားပြီးပြန်ပေါ်မလာတဲ့အခါမှာတော့သူချစ်ရတဲ့အစ်ကိုကို ဆုံးရှုံးလိုက်ရပြီဆိုတာကိုဂျိတ်သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ရှောင်ဆုံးပါးပြီးကတည်းက ဂျိတ်တစ်ယောက်မအိပ်နိုင်မစားနိုင်တမှိုင်မှိုင်ဖြစ်နေခဲ့ပါတော့တယ်။သိပ်မကြာခင်မှာတော့သူတစ်ယောက်တည်း ကျောင်းကနေအိမ်ကိုပြန်တဲ့လမ်းမှာ လူသုံးယောက်နဲ့တွေ့ခဲ့ပြီး အဲ့ဒီလူတွေထဲကခေါင်းဆောင်က အထက်မှာ ပြောထားခဲ့တဲ့အတိုင်းသူ့အစ်ကိုကိုပြန်ခေါ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီကမ်းလှမ်းမှုရဲ့ နောက်ကွယ်မှာမရိုးသားမှုတွေရှိနေပြီး ဂျိတ်ရဲ့အဖိုးဖြစ်တဲ့ရဲမှူးရဲ့မကောင်းခဲ့တဲ့ အတိတ်တွေကလည်းတစ်ထောင့်တစ်နေရာမှာပါဝင်နေတဲ့အခါမှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေကိုမြင်တွေ့ရမလဲဆိုတာတွေကိုသည်းထိပ်ရင်ဖို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 507MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Horror , Drama , Mysery Subtitle….Myanmar Subtitle (Hard ...
movie

Dig Two Graves (2014)

My Father Is A Hero ( 1995 ) 6.6
My Father Is A Hero ( 1995 ) 1995ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jet Li ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jet Li ရဲ့ပရိသတ်တွေကိုတော့ ဇာတ်ကားအကြောင်း သိပ်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ကုံဝေ့ဟာတရုတ်ပြည်မကြီးက ရဲဘက်ကသူလျှိုတစ်ယောက်ဖြစ်တယ်။ အလုပ်ကြောင့် မိန်းမနဲ့ကလေးကိုအချိန်မပေးနိုင်ခဲ့ဘူး။ ကိုယ်ခံပညာတော်ပြီး အရမ်းသိတတ်တဲ့သားနဲ့ ရောဂါသည်ဇနီးကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ဇနီးသည်ကရောဂါကြောင့်သူ့ကိုလိုအပ်နေချိန်မှာ သူက အရေးကြီးတဲ့အမှုတစ်မှုအတွက် ရာဇဝတ်သားယောင်ဆောင်ပြီး ဟောင်ကောင်မှာ သူလျှိုသွားလုပ်နေခဲ့ရတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုရောင်းတဲ့လူဆိုးတွေကို သားအဖနှစ်ယောက် အပီတွယ်မယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Drama , Action, Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

My Father Is A Hero ( 1995 )

1995
Pegasus 2 ( 2024 ) 7.3
Pegasus 2 ( 2024 ) Pegasus 1 ရဲ့အဆက်ဖြစ်ပါတယ်။ 1 ကိုလဲ CM မှာတင် ထားပေးပြီးပြီပဲဖြစ်ပါတယ်ပြိုင်ပွဲမှာမတော်တဆဖြစ်ပြီး ခြေထောက်ဒဏ်ရာရသွားတဲ့ကျန်းချေဟာ ယာဉ်မောင်းသင်တန်းဖွင့်ပြီး နည်းပြလုပ်စားနေခဲ့ရတယ်။ အလုပ်အကိုင်ကြပ်တည်းနေတဲ့အချိန်မှာ ကားစက်ရုံမှူးတစ်ယောက်က ပြိုင်ကားအဖွဲ့ဖို့ပံ့ပိုးပေးဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အခါ ဘတ်ဂျက်နည်းပေမယ့် သူနောက်ဆုံးပြိုင်ခဲ့တဲ့ဘရန်ဘလုခ်မှာ ပြန်သွားပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျန်းချေနဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းစွန်းယွီချန် စက်ပြင်သမား ကျိရှင်းနဲ့အတူ ကားစက်ရုံကကားမောင်းသမားလူသစ်လေး လိရှောင်ဟိုင်နဲ့ ယာဉ်မောင်းသင်တန်းကျောင်းက တပည့်ဖြစ်တဲ့လျိုရှန်သယ်တို့ပေါင်းပြီးတော့ ရှင်းတိပြိုင်ကားအဖွဲ့ကိုဖွဲ့လိုက်ပါတယ်။ စက်ရုံမှူးကြီးက ဘတ်ဂျက်အများကြီးမပေးနိုင်တော့ ဆုရဖို့အထိမမှန်းထားပေမယ့် ဒီအဖွဲ့လေးဟာဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကို ပြိုင်ကားခရေဇီတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Adventure Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Pegasus 2 ( 2024 )

L♡DK (2014) 6.1
L♡DK (2014)  မန်ဂကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ကတော့ ဂျပန်မင်းသားလေးKento Yamazakiပါပဲ။ထုံစံအတိုင်း အထက်တန်းကျောင်းမှာ မိန်းကလေးတွေရဲ့သည်းသည်းလှုပ်သဘောကျမှုခံရတဲ့ Shuseiကို Moeကလူအများရှေ့မှာ ဖွင့်ပြောလိုက်ပါတယ်။ဒီလိုဖွင့်ပြောတာကို Shuseiက လက်မခံတဲ့အပြင်ပြင်းပြင်းထန်ထန်တွေပြောလိုက်တာကြောင့် Moeရဲ့အချစ်ဆုံးသူငယ်ချင်း Aoiမှာ ဒေါသတွေထွက်ပြီးရန်တွေ့နေတုန်း မတော်တဆတစ်ခုဖြစ်သွားပါတယ်။ဒါကြောင့် Aoiမှာ Shusei မတော်တဆဖြစ်တာကိုတာဝန်ယူရပြီး နှစ်ယောက်အတူ တစ်ခန်းတည်းနေရဖို့ပါဖြစ်လာပါတယ်။ သူတို့နှစ်ယောက် တစ်ခန်းတည်းအတူနေရင်းရန်တွေတကျက်ကျက်ဖြစ်ကြရင်း ဘာတွေဆက်ဖြစ်ကြမလဲစောင့်ကြည့်လိုက်ပါဦးနော်။  File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

L♡DK (2014)

[18+]Let’s Go To Rose Motel 2 – Thirst(2014)
[18+]Let’s Go To Rose Motel 2 – Thirst(2014) [18+]Let's Go To Rose Motel 2 - Thirst(2014)***************************************** မီနာနဲ့ ဆန်းယောတို့က မဂ္ဂဇင်းသတင်းထောက်နဲ့ထိုက်သင့်သလောက်အောင်မြင်တဲ့စာရေးဆရာ အိမ်ထောင်ရှင်စုံတွဲတွေပဲဖြစ်ကြပါတယ် အိမ်တွင်းအောင်းပြီးအချိန်ပြည့်စာပဲရေးနေတဲ့ဆန်းယောဟာ တစ်ရပ်ကွက်တည်းဖြစ်တဲ့သူ့အဆက်ဟောင်းဒါယောင်းနဲ့ အချိန်အတော်ကြာတွဲနေခဲ့ကြပါတယ် တစ်နေ့မှာ မီနာက ဒါယောင်းနဲ့အမှတ်မထင်ပြန်လည်ဆုံတွေ့ပြီး အဆက်အသွယ်ပြန်လုပ်ကြပါတော့တယ် အဖြစ်မှန်ကိုသိသွားတဲ့မီနာက ဒေါသမထွက်ဘဲ ခေါင်းအေးအေးထားပြီး နားလည်မှုပေးခဲ့ပါတယ် ဒါပေမဲ့ မီနာက အလုပ်ကိစ္စကြောင့်အမှတ်မထင်ဆုံခဲ့ရတဲ့ဒါယောင်းရဲ့ခင်ပွန်းဖြစ်သူ ဟျွန်းဝူကိုသွေးဆောင်ပါတော့တယ် ရှုပ်ထွေးနက်နဲတဲ့ဆက်ဆံရေးတွေကိုဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရှုလိုက်ကြပါဦးနော် File Size 727MB Quality : WEB-DL 720p Format…mp4 Duration…01:29:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS
movie

[18+]Let’s Go To Rose Motel 2 – Thirst(2014)

Southpaw(2015) 7.4
Southpaw(2015) Southpaw(2015) ===========သိပ်မကြာသေးခင်က Jake Gyllenhaal ရဲ့Road House(2024) UFC Boxer အက်ရှင်ကားတစ်ကားထွက်လာတယ်...ကောင်းမွန်တဲ့အက်ရှင်ကားဆိုသော်ငြား တစ်ချို့သူတွေအတွက်Southpaw(2015) လောက်ရင်ထဲမရောက်ဘူးလို့ဆိုကြတယ်...ဒါ့ကြောင့် Southpaw ကားကို Quality လုံးဝအလန်းဖြစ်အောင်လုပ်ပြီးတင်ပေးထားပါတယ်... ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့...ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲဒီလို      ထိုးသတ်တာကိုမကြိုက်ဘူး ။တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်...ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ...ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။' သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း '' ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း 'ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ဒီကားမှာ အဓိကထားပြောချင်တာတော့ ...
movie

Southpaw(2015)

[18+]Original Sin: Sex (2016)
[18+]Original Sin: Sex (2016) [18+]Original Sin: Sex (2016)****************************ဂယောင်းဟွမ်နဲ့ အွန်းဆော့တိုဟာ နွေရာသီပိတ်ရက်မှာ သူများတွေလို အလည်အပတ်သွားဖို ပိုက်ဆံမတတ်နိုင်တဲ့အတွက် ဂယောင်းဆော့ အချိန်ပိုင်းအလုပ်ရှာလိုရထားတဲ့ ဟိုတယ်လေးမှာပဲ အလုပ်လည်းလုပ်ရင်း အပန်းလည်းဖြေမယ်ဆိုပြီး ခရီးထွက်လာပါတယ် ဒါပေမဲ့ ကံအကြောင်းမလှစွာပဲ အွန်းဆော့က အဲဒီဟိုတယ်ရဲ့ သူဌေးဆီမှာ မုဒိမ်းကျင့်ခံလိုက်ရပါတယ် အကြောင်းစုံကို ဂယောင်းဟွမ်သိသွားတဲ့အခါ ဂယောင်းဟွမ်တစ်ယောက် စိတ်လိုက်မာန်ပါနဲ့ဟိုတယ်သူဌေးကို သတ်မိသွားပါတော့တယ်နောက်တစ်နေ့မှာပဲ အဲဒီဟိုတယ်ကို ဓာတ်ပုံဆရာတစ်ယောက်နဲ့ ရုရှားမော်ဒယ်‌မလေးအီရီရာတို ဓာတ်ပုံရိုက်ကူးရေးလုပ်ဖို ရောက်လာကြပါတယ် ရုရှားမလေးက ဟိုတယ်သူဌေးရဲ့အလောင်းကို မြင်သွားတဲ့အခါမှာတော့... File Size 988MB Quality : WEB-DL 720p Format…mp4 Duration…01:27:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS 
movie

[18+]Original Sin: Sex (2016)

Pusher II (2004)
Pusher II (2004)  Pusher 1 အပြီး ၈ နှစ်အကြာမှ ဆက်ထုတ်ခဲ့တဲ့ Pusher 2 လာပါပြီ။ IMDb မှာလည်း Pusher 1 နည်းတူ 7.3 ရရှိထားပါတယ်။ ဒီကားက ပထမကားထက်ပိုကောင်းလာပါတယ်။Pusher 1 မှာ အရံဇာတ်ကောင်အနေနဲ့ပဲပါ၀င်ခဲ့ရတဲ့ Mads Mikkelsen ရဲ့ တိုနီဇာတ်ကောင်ဟာ Pusher 2 မှာတော့ အဓိကဇာတ်ကောင်ဖြစ်လာခဲ့ပါပြီ။တိုနီတစ်ယောက် ထောင်ကပြန်လွတ်လာခဲ့ပြီ ဒါပေမဲ့ သူပြန်လာခဲ့တဲ့ကမ္ဘာကြီးကတော့ သူ့အပေါ် ခက်ထန်ကြမ်းတမ်းနေဆဲပဲ။ မိသားစု၀င်၊ အသိမိတ်‌ဆွေ နဲ့ ရည်းစားတို့ဟာလည်း အရင်အတိုင်းပဲ ထူးမခြားနား။ ယုံကြည်လို့မရဘူး။ဇာတ်လမ်းအစမှာ တိုနီဟာ ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး သူ့ဘ၀ကိုအစကနေပြန်စဖို့ရာမျှော်လင့်ချက်နဲ့ အဖေဖြစ်‌သူဆီရောက်ချလာပါတယ်။ အဖေ နဲ့ ဦးလေးဖြစ်သူတို့ကလည်း ကားလုပ်ငန်းကိုဗန်းပြပြီး မှောင်ခိုလုပ်ငန်းလုပ်ကိုင်တဲ့ ရာဇ၀တ်သားအကြီးစားတွေပဲ။ အဖေဆီအလုပ်၀င်ရင်း အဖေ့ဆီကအလေးပေးမှုကို ငတ်မွတ်တောင်းတနေတဲ့တိုနီရဲ့ ဘ၀ထဲကို ကိုကင်းစွဲနေတဲ့ ရှားလက်လို့အမည်ရတဲ့ တစ်ချိန်ကပတ်သက်ခဲ့ဖူးတဲ့ ...
movie

Pusher II (2004)

Endless Borders (2023)
Endless Borders (2023)  IMDB 7/10 ရရှိထားပြီး ဆု ၃ ခုနဲ့ Nomination တစ်ဆု ဝင်ထားတဲ့ 2 023 ခုနှစ်ထွက် Thriller/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမှုတစ်ခုကြောင့် နယ်နှင်ဒဏ်ပေးခံထားရတဲ့ အီရန်နိုင်ငံသား ကျောင်းဆရာဖြစ်သူ အာမက်က နယ်စပ်ရွာလေးက အရွယ်စုံ လူမျိုးစုံ ကလေးတွေကို စာသင်ပြပေးသူဖြစ်ပါတယ်။ သူများကို ကူညီတတ်ပြီး စိတ်ရင်းကောင်းတာမို့ ဒုက္ခရောက်နေသူတွေ့ရင် လက်မနှေးတတ်တဲ့ အာမက်က ခါတိုင်းလိုပဲ တာလီဘန်တွေလက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် အာဖဂန်နစ္စတန်မိသားစုကို ကူညီပေးခဲ့ပြန်ပါတယ်။စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့ပေမဲ့လည်း အာဖဂန်မိသားစုရဲ့ အရှုပ်အထွေးတွေနဲ့ သွားပတ်သက်မိတဲ့ သူ့တပည့်ဖြစ်သူ ဘာလာ့ဂျ်ကြောင့် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို ပြဿနာတောထဲ ဝင်ပါမိသွားရာက အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် သူတို့နေထိုင်တဲ့ရွာလေးကနေ ထွက်ပြေးဖို့ဖြစ်လာတဲ့အခါမှာတော့..(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(789 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Endless Borders (2023)

They Shot the Piano Player (2023)
They Shot the Piano Player (2023)  ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဂီတသမားတစ်ယောက်ရဲ့ documentary ကို animation ပုံဖော်ထားတဲ့ ကာတွန်းဇာတ်လမ်းလေးပါဘယ်လို ခေတ်ပေါ် ဂီတမျိုးဖြစ်နေပါစေ တချိန်က ဂီတဂုရုကြီးတွေရဲ့ ဆန်းသစ်မှုကြောင့် ပေါ်ထွက်လာရတာချည်းပါ သူတို့က အချိန်ခဏလောက် ပေါ်လာပြီး ချက်ချင်းမြုပ်သွားတာလည်း ဖြစ်နိုင်တယ်... ပရိသတ်တွေမသိကြရတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ musician တွေကတော့ သူတို့လက်ရာတွေကို လေ့လာသင်ယူပြီး ခေတ်ပေါ်သီချင်းတွေ ဖန်တီးလာကြတာမို့လို့ အများမသိတဲ့ ဂုရုများလို့ ပြောရမလိုပဲ ဒီမှာဆိုရင်လည်း ၁၉၆၀ ကာလ ဘရာဇီး Samba Jazz ဂီတလှုပ်ရှားမှုမှာ ဂုရုတစ်ပါးဖြစ်တဲ့ စန္ဒရားဆရာ Tenório အကြောင်း နောက်ခံရာဇဝင်ကို အမေရိကန် ဂီတ ဂျာနယ်လစ်တစ်ယောက်က အားတက်သရော လိုက်လံမေးမြန်းတာတွေကို တင်ဆက်ထားတယ်ဒါ့အပြင် Tenório က စောစီးစွာ ကြွေလွင့်ခဲ့ရတယ် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားရတယ် သူ့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းမိတ်ဆွေ ဂီတသမား အစုံအလင်ကို ဂျာနယ်လစ်က လိုက်လံ အင်တာဗျူးရင်း ...
movie

They Shot the Piano Player (2023)

Fitzcarraldo (1982) 8.0
Fitzcarraldo (1982)  Fitzcarraldo ဆိုတဲ့ဇာတ်ကားက 1982 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Adventure/Documentary အမျိုးအစားဖြစ်ပါတယ်။အမေဇုန်မြစ်ဒေသကမြို့ငယ်လေးမှာနေထိုင်တဲ့ Fitzcarraldo ဆိုတဲ့လုပ်ငန်း‌တွေအရှုံးပေါ်ခဲ့ပေမဲ့ အရှုံးမပေးတတ်တဲ့လုပ်ငန်းရှင်ပေါက်စလေးဟာ အော်ပရာတေးဂီတပြဇာတ်တွေအပေါ်မှာရူးသွပ်တဲ့သူပါ။ သူနေတဲ့မြို့ငယ်လေးဆီမှာအော်ပရာ ပြဇာတ်ရုံတည်ဆောက်ဖို့ကြိုးစားပေမယ့် ရန်ပုံငွေမလောက်တဲ့အခါ သူကရော်ဘာစီးပွားရေးလုပ်ငန်းကိုပြောင်းလုပ်ဖို့ကြိုးစားပါတယ်။ရော်ဘာပင်တွေကိုရှာဖို့ ရည်းစားဆီကပိုက်ဆံချေး သင်္ဘောတစ်စီးကိုဝယ်ပြီး အမေဇုန်မြစ်အပေါ်ပိုင်းဆီ ရေဆန်အတိုင်းဆန်တက်သွားပါတော့တယ်။အဲဒီမှာ ဘာတွေနဲ့ကြုံရမလဲ......သူလိုအပ်နေတဲ့ ရန်ပုံငွေရောရသွားနိုင်မလား ဆိုတာတွေကိုတော့ ဇာတ်ကားလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး...... File size…(4.8 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:38:00 Genre... Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Fitzcarraldo (1982)