Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
5.8
Tiger Cruise (2004)
Maddie Dolan က ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အဖေနဲ့အတူအချိန်ဖြုန်းဖို့ Tiger Cruise ပေါ်ကို လိုက်ပါရတော့မဲ့ ကလေးမလေးပါ။အဖေက သင်္ဘောပေါ် လိုက်ခဲ့ဖို့ ခေါ်နေခဲ့ပေမဲ့ နှစ်တိုင်းငြင်းနေခဲ့တဲ့Maddie တစ်ယောက် သင်္ဘောပေါ်တက်ဖို့ ရုတ်တရက် သဘောတူလိုက်ပါတယ်။သူ့ရည်ရွယ်ချက်ကတော့ တာဝန်ထမ်းဆောင်နေရတာကြောင့် အိမ်ကိုခဏ ခဏ ပြန်မလာနိုင်တဲ့အဖေကို အိမ်ပြန်လာအောင် ဖျောင်းဖျဖို့ပါ။Tiger Cruise ဆိုတာကတော့ အမေရိကန်ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ကလေးတွေ အိမ်ထောင်ဖက်တွေ မဟုတ်တဲ့ တခြားမိသားစုဝင်တွေကိုအပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါရင်း တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်တွေနေ့စဉ်ဘဝတွေကို လေ့လာခွင့်ပေးတဲ့ ခရီးတစ်ခုပါ။ ခရီးစဉ် စတင်လာတာနဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ World Trade Centre တိုက်ခိုက်မှုဖြစ်လာတဲ့အခါ အပျော်ခရီးကနေ အရေးပေါ် စစ်ရေးအခြေအနေ ဖြစ်လာပါတော့တယ်။သင်္ဘောပေါ်က အရပ်သား ၈၀၀ ရဲ့ လုံခြုံရေးကို တာဝန်ယူရင်း သူ့အဖေရဲ့ ဂုဏ်သိက္ခာပေးဆပ်မှုနဲ့ တာဝန်ထမ်းဆောင်မှုတွေကို နားလည်လာတဲ့ Maddie တစ်ယောက်ဘယ်လိုသဘောထားတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့အညွှန်းနဲ့ ...
movie
Tiger Cruise (2004)
5.5
Eivom Theater on Garosu Street (2024)
Eivom Theater on Garosu Street (2024) ************************************** 2024ခုနှစ်မှာ ပြသခဲ့တဲ့ Eivom Theater on Garosu Street (ဂါရိုဆူလမ်းမပေါ်က အီဘုံးရုပ်ရှင်ရုံ) ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ဂါရိုဆူလမ်းမပေါ်က အီဘုံးရုပ်ရှင်မှာ စုဝေးကြတဲ့ ရုပ်ရှင်လောကသားများ၊လွန်ခဲ့တဲ့ ၃နှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကို ပြပွဲလုပ်ဖို့အတွက် အီဘုံးရုပ်ရှင်ရုံကို ဦးတည်ပြီးလာနေတဲ့ ဒါရိုက်တာအီ၊ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပေမဲ့ လတ်တလော အရင်းအနှီး မ,တည်ဖို့ အခက်ကြုံတွေ့နေရတဲ့ ထုတ်လုပ်ရေးစီအီးအိုဂင်၊ဒါရိုက်တာအီရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး လတ်တလော နာမည်ရနေတဲ့ သရုပ်ဆောင်ယွန်းအီနှင့် တခြားမျက်နှာသစ်သရုပ်ဆောင်များ၊ဒါရိုက်တာအီရဲ့ ဘီအဆင့်ရုပ်ရှင်ကို ဝေဖန်ထိုးနှက်ဖို့ရောက်လာတဲ့ movie review youtuber ပရိုဂင်၊အကြောင်းပြချက်တစ်ခုစီရှိနေတဲ့ ဒီလူအုပ်ကြီးဟာ ရုပ်ရှင်ပြပွဲအတွက် အီဘုံးရုပ်ရှင်ရုံကို ရောက်ရှိလာတဲ့အခါ...သရုပ်ဆောင်တွေရဲ့ အခက်အခဲ၊ သရုပ်ဆောင်လောကရဲ့ အရှုပ်အထွေး၊ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ အတွေးအခေါ်၊ဇာတ်ကားတစ်ခုအတွက် မြှုပ်နှံရတဲ့ ကြိုးစားအားထုတ်မှုတွေအကြောင်းကို အချိန်တိုအတွင်း ဖော်ပြသွားပြီးတော့ဒါရိုက်တာနဲ့ ထုတ်လုပ်သူ၊ သရုပ်ဆောင်နဲ့ ဒါရိုက်တာ၊ ဒါရိုက်တာနဲ့ ...
movie
Eivom Theater on Garosu Street (2024)
7.2
The Prince of Egypt
ဒီအန်နီမေးရှင်းဇာတ်လမ်းလေးမှာ Imdb 7 အထိရရှိထားပြီး မိသားစုနဲ့အတူကြည့်နိုင်တဲ့ကားကောင်းလေးတစ်ကားပါ။ မိတ်ဆွေအချင်းချင်းရိုင်းပင်းကူညီမှုနဲ့ကြိုးစားအားထုတ်ရင်ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာကိုမီးမောင်းထိုးပြထားတဲ့ပညာပေးအန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအညွှန်းဆိုရရင်တော့ဖြင့် တစ်ခါကအီဂျစ်နိုင်ငံမှာMoses နဲ့ Ramses ဆိုတဲ့ညီအကိုနှစ်ယောက်အကြောင်းနဲ့စတင်ထားပါတယ်။တစ်ယောက်ဟာ နန်းညွန့်နန်းလျာအဖြစ်ကြီးပြင်းလာခဲ့ပြီးတော့ကျန်တစ်ယောက်မှာတော့ မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုတာတော့မပြောတော့ပါဘူး။သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်နဲ့သာရင်းနှီးကျွမ်းဝင်ကြပြီးညီအကိုတွေမှန်းမသိခဲ့ကြပါဘူး။တစ်နေ့ အိမ်ရှေ့စံမင်းသားလေးဟာတိုင်းပြည်ကိုအုပ်ချုပ်ရတော့တဲ့အခါမှာတော့ ငယ်ရွယ်သေးတာကြောင့်အခက်ခဲတွေနဲ့ကြုံတွေ့ရပါတော့တယ်။အဲ့ဒီခါ သူဘာတွေကိုကြိုးစားသင်ယူပြီး ဘယ်လိုအခက်အခဲတွေကိုဖြေရှင်းမလဲဘယ်သူ့ရဲ့တိုက်ခိုက်မှုတွေ ဘယ်သူ့ရဲ့ကူညီမှုတွေကိုရနိုင်မလဲနောက်ဆုံးအီဂျစ်ပြည်ကြီးစည်ပင်ဝပြောဖို့သူကြံဆောင်နိုင်ပါ့မလားဆိုတာဇာတ်ကားလေးကိုသာကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်။(ဇာတ်ကား အညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ) File size… 3.7 GB / 1.4 GB / 727 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Animation/ Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Myo Min Thu Thant Myint
movie
The Prince of Egypt
4K HEVC
The Great Actor (2016)
The Great Actor (2016) ***********************2016ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Seok Min Woo ရိုက်ကူးခဲ့တဲ့ The Great Actorဇာတ်ဆောင်တွေအနေနဲ့ မင်းသားကြီး Oh Dal Su, Yoon Je Moon, Lee Geung Young တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်ပြဇာတ်သရုပ်ဆောင် Jang Sung pil (Oh Dal Su)က အနှစ်၂၀ကျော်ကြာ ခွေးဇာတ်ကောင်အနေနဲ့ပဲ သရုပ်ဆောင်ခဲ့ရပါတယ်ဒါပေမဲ့ သူ့အိပ်မက်က အရင်က အတူအလုပ်တွဲလုပ်ခဲ့တဲ့ စီနီယာ Sul Gang sik (Yoon Je moon)လိုမျိုး အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ပါပဲတစ်နေ့မှာ ကိန်းဒါရိုက်တာ Park (Lee Geung Young)ရဲ့ ရုပ်ရှင်အတွက် လူရွေးပွဲတစ်ခု ရှိလာပါတယ်တစ်ဖက်မှာ Jang Sung pilဟာ ဇွဲကောင်းပေမဲ့ တာဝန်မကျေတဲ့ ...
movie
The Great Actor (2016)
So Long, See You Tomorrow (2024)
So Long, See You Tomorrow (2024)*******************************"အပြိုင်စကြဝဠာဆိုတာကို ယုံကြည်ပါသလား"အဲဒီအပြိုင်စကြဝဠာမှာ ကိုယ့်ရဲ့ကိုယ်ပွါးတွေဟာပုံစံမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်တဲ့။အန်ဒုံဂျွန်းဆိုတဲ့ ကောင်လေးဟာ အပြိုင်စကြဝဠာရှိတယ်ဆိုတာကိုယုံကြည်ပြီး လက်ရှိကိုယ့်ဘဝကိုယ် မနှစ်သက်ဘဲတခြားစကြဝဠာမှာ ရှိနေတဲ့သူ ဖြစ်ချင်နေခဲ့တာပါ။အဲဒီလို ဒုံဂျွန်းရဲ့ ငြီးငွေ့နေတဲ့ဘဝကို အလင်းပေးခဲ့တာကတော့သူ့အိမ်အပေါ်ထပ်မှာနေတဲ့ ဂန်ဟျွန်းဆိုတဲ့ သူ့ရဲ့စီနီယာပဲဖြစ်ပါတယ်။ဒုံဂျွန်း လေးစားအားကျရတာထက်ကို ပိုပြီး ဘက်စုံတော်တဲ့ဂန်ဟျွန်းတစ်ယောက် မတော်တဆတစ်ခုနဲ့ ကြုံတွေ့ပြီးနောက်သူ့နားက ထွက်သွားတဲ့အခါမှာတော့...ဒုံဂျွန်းရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားလဲသွားမလဲ..။ဒုံဂျွန်းနဲ့ ဂန်ဟျွန်းကရော ပြန်ဆုံတွေ့နိုင်ပါ့မလား..။ဆိုတာတွေကို timeline ၃ခုနဲ့ ရိုက်ပြထားပြီး အပြိုင်စကြဝဠာတစ်ခုချင်းစီမှာရှိတဲ့မတူညီတဲ့ပုံစံနဲ့ ဒုံဂျွန်းကို ကြည့်ရှုရမဲ့ ဇာတ်လမ်းဆန်းဆန်းလေးပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ Children of a Lesser God ထဲမှ Shin Hee-sub၊Escape ထဲမှ Hong Xa-bin နဲ့ Castaway Diva ထဲမှ Shin Joo-hyup တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ File size…2.10GB / 920MB Quality…WEB-DL 1080p/ ...
movie
So Long, See You Tomorrow (2024)
6.5
Madame de Sévigné (2023)
ဇာတ်ကားအမျိုးအစားအများကြီးရှိတဲ့ထဲကမှ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ကားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြင်သစ် ဇာတ်ကားလေးဖြစ်တဲ့ Madame.de.Sevigne ဆိုတဲ့ကားလေးမှာ မဒမ်ဆီဗင်ညီးရဲ့ သူ့သမီးအပေါ်ထားတဲ့ ချစ်မေတ္တာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမြို့စားကတော် မဒမ်ဆီဗင်ညီးဟာ သူ့ရဲ့သမီးချောလေး ဖရွန်ဆွက်စ်ကို ယောက်ျားပေးစားဖို့ လုပ်နေပါတယ်။ အဆင်ပြေရင် ဘုရင်နဲ့လက်ဆက်ဖို့ထိပါပေါ့။ ဒါပေမဲ့ အဆင်မပြေမှုလေးတွေဖြစ်ပြီး သူ့ရဲ့အဆက်ဟောင်း မြို့စားတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သားအမိတွေ နည်းနည်းဝေးသွားကြရင်း တစ်နေ့မှာ သူ့သမီးဆီအလည်သွားရင်း အဆင်မပြေတဲ့ကိစ္စတချို့ကို ကြားလာရပါတယ်။ ဒါနဲ့ပဲ သူ့သမီးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ လိုက်မလာပါဘူး။နောက်ပိုင်းလိုက်လာတဲ့ အခါမှာသူချစ်တဲ့သူ့သမီးနဲ့သူအဆင်မပြေတော့ပါဘူး။ တစ်ခါတလေမှာ ချစ်တာကို အချစ်လွန်တဲ့အခါ ၂ဦး၂ဘက် အဆင်မပြေမှုတွေဖြစ်ပြီး ဝေးကွာသွားတတ်ပုံကို အကောင်းဆုံးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie
Madame de Sévigné (2023)
Escape (2024)
Escape (2024)***************ဒီတစ်ခါမှာတော့ Taxi Driver, Chief Detective1958 တို့လိုrating အမြင့်ဆုံးရထားတဲ့seriesတွေထဲက မင်းသား Lee Je Hoon၊D.P., Parasyte: The Grey ဇာတ်ကားတွေမှ မင်းသား Koo Kyo Hwan၊Hopeless ထဲမှ မင်းသား Hong Xa Bin တို့ အဓိကပါဝင်ထားပြီးSong Kang cameo ပါဝင်ထားတဲ့ အရမ်းပေါက်နေတဲ့ မြောက်ကိုရီးယားတပ်ပြေးဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့မြောက်ကိုရီးယားစစ်သား အင်ဂယူနမ်ဟာ တောင်ကိုရီးယားမှာလွတ်လပ်မှုကို အိပ်မက်မက်ရင်း မျှော်လင့်ချက်အပြည့်ရှိတဲ့ဘဝအသစ်တစ်ခုစတင်ဖို့ အိပ်မက်မက်နေသူပါ။ဒါကြောင့် သူ့အိပ်မက်ဖြစ်မြောက်ဖို့အတွက်ဆိုရင် အမိနိုင်ငံကနေ ထွက်ပြေးစစ်မဲ့ဇုန်ကို ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ်တစ်နေ့မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့လုပ်ရင်းစစ်သားလေး ဒုံဟျော့ဆီမှာ မိသွားပါတော့တယ်။အဲဒီနေရာကို ဗိုလ်မှူးရီဟျွန်းဆန်းပါ ရောက်ရှိလာတဲ့အခါမှာတော့...။နှစ်ပေါင်းများစွာ တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဂယူနမ်ကို နည်းမျိုးစုံနဲ့တားနေတဲ့ ဗိုလ်မှူးရီဟျွန်းဆန်းတစ်ယောက် ဒီတစ်ခါမှာရော တားနိုင်ဦးမှာလား။ဂယူနမ်ကရော သူ့အိပ်မက်တွေဖြစ်မြောက်အောင် ထွက်ပြေးပြီး ...
movie
Escape (2024)
Summer Solstice (2024)
လိင်ပြောင်းခွဲစိတ်ထားတဲ့ လီယိုဆိုတဲ့ကောင်လေးနဲ့ သူ့ရဲ့သူငယ်ချင်း အဖြောင့်မလေး အယ်လန်နောတို့ဟာ မတွေ့ဖြစ် မဆုံဖြစ်တာကြာပြီဖြစ်တဲ့အတွက် နွေရာသီအားလပ်ရက်ခရီးစဉ်တစ်ခုကို အတူတူထွက်လာခဲ့ကြပါတော့တယ်။ဒီခရီးစဉ်တစ်လျှောက်မှာပဲ သူတို့ရဲ့ လျှို့ဝှက်ချက်ဟောင်းတွေ ပေါ်ထွက်လာကြပြီး ရင်ဆိုင်မှုအသစ်တွေ တွေ့ကြုံရကာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါ်ထွက်လာကြပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် LGBT ဟာသဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.5 GB)/(760 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura
movie
Summer Solstice (2024)
Dance First (2023)
ဒီဇာတ်လမ်းလေးကတော့ နိုဘယ်ဆုရှင် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆန်မြူရယ်ဘက်ကပ်ရဲ့ ဘဝဇာတ်ကြောင်းကို သူ့ရဲ့အတွင်းစိတ်ထဲကလူတစ်ယောက်နဲ့ စကားပြောနေဟန်နဲ့ဆွဲခေါ်သွားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။စာရေးဆရာ ဆန်မြူရယ်ဘက်ကပ် နိုဘယ်ဆုရရှိပြီးနောက် ဆုကြေးငွေကို မည်သူ့ကိုပေးရမလဲလွန်ဆွဲနေရင်းနှင့် သူ၏ငယ်ဘဝတွေဆီကို တဆင့်ချင်းဆွဲခေါ်သွားပါတော့တယ်။ မိခင်ဖြစ်သူနှင့် သူ၏ဆက်ဆံရေး အဆင်မပြေပုံ၊ စာရေးဆရာဂျွိုက်စ်ထံ သွားရောက်ပညာဆည်းပူးရာမှ ဂျွိုက်စ်၏သမီးဖြစ်သူကြောင့် မိတ်ဆွေဆက်ဆံရေး အက်ကြောင်းထင်ခဲ့ရပုံ၊ အချစ်ဆုံးသူငယ်ချင်း အဲဖရက်အပေါ် သူ၏အပြစ်ရှိစိတ် ၊အမြဲတမ်းနိုင်စားခဲ့ရသော မိမိ၏ဇနီးဖြစ်သူအပေါ် အားနာစိတ် စသည်ဖြင့် စာရေးဆရာဆန်မြူရယ်ဘက်ကပ် ဘဝနေဝင် ချိန်အထိ သူ၏ဘဝအပေါ်ရှူမြင်ပုံ သူ၏နောင်တတရားတို့ကို တဆင့်ချင်းဆွဲခေါ်သွားမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(697 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Dance First (2023)
Chicago (2002)
IMDb - 7.2 Rt - 86%အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ...
movie
Chicago (2002)
About Schmidt (2024)
IMDb Rating – 7.2/10, RT – 85%ဝါရန်ရှမစ်က အာမခံကုမ္ပဏီကနေ လောလောလတ်လတ် အငြိမ်းစားယူလိုက်ပြီးနောက် အိမ်မှာ ဘာမှ လုပ်စရာမရှိတော့သူပီပီ သူ့ဇနီးသည် ဟယ်လင် ဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်လာကာ ဇနီးကိုပါ ကြည့်မရဖြစ်လာတဲ့အထိ စိတ်ခံစားချက်တွေဖြစ်လာပါတယ်။သမီးလုပ်သူ ဂျင်နီကလည်း အဝေးတနေရာမှာပဲ နေထိုင်ကာ မကြာခင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး သူယူမယ့် အမျိုးသားကိုလည်း ရှမစ်တစ်ယောက် စိတ်တိုင်းမကျပြန်ပါဘူး။ ယခင်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီကိုသွားပြီး သူမရှိတော့လို့ အလုပ်တွေ အဆင်မပြေဖြစ်နေမယ် ထင်ခဲ့သော်လည်း သူ့နေရာဝင်လာတဲ့ လူသစ်က ကောင်းကောင်းကြီးကို အလုပ်လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဇနီးသည် ဟယ်လင်က ရုတ်တရက် သေဆုံးသွားပါတော့တယ်။အလုပ်ကနေ အနားယူလိုက်တဲ့အချိန်ကစလို့ ဘာမှအဆင်မပြေတဲ့ရှမစ်တစ်ယောက် သူ့ဝေယျာဝစ္စကိုပါ လုပ်ပေးနေတဲ့ ဇနီးသည်က ကွယ်လွန်သွားတဲ့အခါ ဘဝကြီးကို ခြောက်ကပ်ကပ်နဲ့ ဖြတ်သန်းရင်း သမီးလုပ်သူရဲ့ မင်္ဂလာပွဲကို ဖျက်စီးဖို့ အကြံရလာပါတော့တယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ ...
movie
About Schmidt (2024)
Blanquita (2023)
IMDb - 6.3ဒီရုပ်ရှင်ကတော့ 2000 ခုနှစ်အစောပိုင်း ချီလီနိုင်ငံမှာဖြစ်သွားခဲ့တဲ့ သက်ငယ်ပြည့်တန်ဆာအမှုအပေါ်အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဘလန်ကာဟာ ဖာသာ မန်နျူရယ် ဦးစီးတဲ့မိဘမဲ့ဂေဟာမှာနေပါတယ်။ တစ်နေ့မှာ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်ရဲ့ သက်ငယ်ပြည့်တန်ဆာအမှုတွေနဲ့အတူ အဖမ်းခံလိုက်ရပြီး ဘလန်ကာတို့ဂေဟာက ကားလို့စ်ဆိုတဲ့ ဉာဏ်ရည်အားနည်းတဲ့ကောင်လေးကလည်း ဒီအမှုရဲ့နစ်နာသူသက်သေအဖြစ် ပါဝင်နေခဲ့ပါတယ်။ဒီလိုယုတ်မာတဲ့ သက်ငယ် မု-ဒိန်းသမားတွေကို ထောင်ထဲမှာအဆုံးသတ်ပေးဖို့အတွက် ဘလန်ကာကလည်း သူကြုံတွေ့ရတဲ့ဖြစ်ရပ်နဲ့ လူထုကြားကိုထွက်လာတဲ့အခါမှာတော့ ဘလန်ကာနဲ့ တခြားနစ်နာသူအကုန်လုံးအတွက် တရားမျှတမှုရနိုင်မှာလား၊ တရားရေးစနစ်ရဲ့ မတရားမှုတွေကို ဘလန်ကာတို့ တွန်းလှန်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1 GB)/(554 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
Blanquita (2023)
6.7
6 Bridges to Cross (1955)
ဒီကားလေးကတော့၁၉၅၅ခုနှစ်ကထွက်ရှိခဲ့တဲ့ crime/Drama ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်Great Brink's Robbery လို့ခေါ်တဲ့အဲ့ဒီအချိန်ကဖြစ်ပွားခဲ့တဲ့ဓားပြတိုက်မှုကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် အဲ့ဒီဓားပြတိုက်မှုက၁၉၅၀ဇန်နဝါရီ၁၇မှာဖြစ်ပွားခဲ့ပြီးအမေရိကန်ဒေါ်လာ၂သန်းခွဲကျော်ပါသွားခဲ့ပါတာကြောင့်အဲ့ဒီအချိန်မှာအမေရိကန်ပြည်ထောင်စုရဲ့သမိုင်းမှာ"the crime of the century"လို့ခေါ်ရလောက်အောင်အကြီးအမားဆုံးဓားပြတိုက်မှုကြီးဖြစ်ခဲ့ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့....Boston မြို့မှာရဲအသစ်ဖြစ်တဲ့ Eddie Gallagher က Jerry Florea နဲ့သူ့အဖွဲ့ဆိုင်တစ်ဆိုင်ကိုဖောက်ထွင်းခိုးယူမှုကိုတားဆီးရင်းနဲ့ Jerry ကိုသေနတ်နဲ့ပစ်မိတာကြောင့်ဒဏ်ရာရခဲ့တာကနေစတင်ပါတယ် အဲ့ဒီနောက်သူတို့နှစ်ယောက်ခင်မင်သွားပြီးတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီရင်းနဲ့ဖြစ်ပေါ်လာတဲ့ရဲတစ်ယောက်နဲ့သူခိုးတစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဥ်ကိုကြည့်ရူရမှာဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre... Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
6 Bridges to Cross (1955)
4.3
(18+)Sex Cowboys(2016)
{18+} Sex Cowboys (2016) IMDb - 4.3/10အီတလီဒါရိုက်တာကြီး Adriano Giottiရဲ့လက်ရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ဘ၀ကို လွပ်လပ်စွာနဲ့ ဖြတ်သန်းနေပြီး စိတ်ဒဏ်ရာတွေကြုံရတိုင်း ခန္ဓာကိုယ်ပေါ်မှာ ဓားတင်လှီးတတ်တဲ့ မာလာ။ဘယ်တော့မှ မချစ်တော့ဘူးလို့ သူ့ကိုယ်သူကျိန်ထားပေမဲ့ ဆိုင်မွန်နဲ့တွေ့တဲ့အခါမှာတော့ အချစ်မှာတစ်ခါကျဆုံးခဲ့ပြန်ရော။ တစ်ယောက်စာငှားထားတဲ့ အခန်းကျဉ်းလေးထဲမှာ နှစ်ယောက်အတူနေရင်း အချစ်တွေနဲ့ထုံမွန်းနေခဲ့ကြ။ အလုပ်မရှိအကိုင်မရှိဆိုတော့ အိမ်ရှင်က နှင်ချတဲ့အချိန်မှာ အလုပ်လုပ်ဖို့တိုင်ပင်ကြတယ်။သူငယ်ချင်းဖြစ်သူက နင်တို့တွေ ကျွမ်းကျင်တဲ့အလုပ်တစ်ခုခုစဉ်းစားကြည့်ဆိုတော့ သူတို့ကျွမ်းကျင်တာက ဘီယာသောက်တာနဲ့ ပိုက်ဆံဖြုန်းတာတဲ့။နောက်ပြီး ချစ်တင်းနှောတာ။ဒီတော့ ပိုက်ဆံရဖို့အတွက် ချစ်တင်းနှောတဲ့ဗီဒီယိုတွေရိုက်တင်ဖို့ ဆုံးဖြတ်လိုက်ကြရာကစ လွပ်လပ်မှုကိုခုန်မင်ပြီး ဒီမြို့ထဲကနေ ထွက်သွားချင်တဲ့ မာလာနဲ့ ငွေနောက်လိုက်တဲ့ ဆိုင်မွန်တို့ သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အခါ...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်) File size… 1.7GB / 829MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Zeo
movie
(18+)Sex Cowboys(2016)
7.9
Jama (2024)
Jama (2024) ဇာတ်သဘင်တန်ဒါဗန်ဦးဆောင်တဲ့ဇာတ်အဖွဲ့တစ်ခုမှာ ကာလီယာနမ်ဟာ မိန်းမဇာတ်ရုပ်ကိုသရုပ်ဆောင်သူရတစ်ဦးပါ ထိုဇာတ်အဖွဲ့ကိုမူလပထမတည်ထောင်ထောင်ခဲ့သူကသေဆုံးသွားပြီဖြစ်တဲ့ ကာလီယာနမ်ရဲ့ဖခင်ဖြစ်ပေမဲ့ အဖေ့ရဲ့မိတ်ဆွေဖြစ်တဲ့ လက်ရှိဇာတ်အဖွဲ့ကိုဦးစီးနေတဲ့ တန်ဒါဗန်အနားယူမှပဲ သူကဇာတ်အဖွဲ့ကိုရမှာပါဇာတ်အဖွဲ့မှာအဖွဲ့ဝင်ဆယ့်ခြောက်ယောက်ရှိပြီး အမျိုးသားဇာတ်ရုပ်ကို သရုပ်မဆောင်ရတဲ့တစ်ဦးတည်းသောသူကတော့ကာလီယာနမ်ပါ အဖွဲ့ထဲကသူ့သူငယ်ချင်းချန်ဒရာထွက်သွားပြီးနောက် မိန်းမဇာတ်ရုပ်မှန်သမျှကိုသူချည်းဒိုင်ခံကရပေးရပါတော့တယ် ယောက်ျားလေးဇာတ်ရုပ်ကိုလိုချင်ပေမဲ့ နွဲ့နှောင်းနေတဲ့သူရဲ့ပုံစံနဲ့ ယောက်ျားလေးဇာတ်ကောင်မလိုက်ဘူးလို့အနှိမ်ခံရပြီးအခွင့်အရေးမပေးခဲ့ပါဘူးတစ်ဖက်မှာလည်းရွာသားတွေကသူ့ကိုမိန်းမလိုမိန်းမရဖြစ်တယ်ဆိုပြီးလိုက်လံစနောက်နေကြပြီး သူ့အမေ့ကလည်းကာလီယာနမ်အမျိုးသမီးအနေနဲ့ဇာတ်ကတာကိုသဘောမကျ မိန်းမပေးစားဖို့ကိုအမျိုးအမျိုးစီစဉ်ပါတယ်ဒါေပမဲ့ကာလီယာနမ်ကတော့လက်ထပ်ဖို့ကသူ့အတွက်အရေးမပါဘဲ သူဘဝရည်မှန်းချက်အနေနဲ့ သူ့အဖေရဲ့ဇာတ်အဖွဲ့ကိုသာဦးစီးဖို့ကြိုးစားချင်နေသူပါငယ်ရွယ်တဲ့ဇာတ်သရုပ်ဆောင်တစ်ဦးအနေနဲ့ကွဲကွာနေတဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာ သူ့အမေရဲ့ဆန္ဒ သူ့ရဲ့ဘဝရည်မှန်းချက်တွေကြားမှာသူ့အဖေရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းဖို့ကြိုးပမ်းမလဲ...…အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team မှပဲဖြစ်ပါတယ် File size…2.04GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Jama (2024)
7.0
A War (2015)
ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ IMDB 7/10 နဲ့ RT 90% ရရှိထားတဲ့ Danish ဇာတ်ကား ကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အာဖဂန်နစ္စတန်မှာ တာဝန်ကျနေတဲ့စစ်သားတစ်ယောက်အကြောင်းဖြစ်ပြီး သူ့လက်အောက်ကဒဏ်ရာရနေတဲ့ စစ်သားကို ကယ်ဖို့ ချခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့်အပြစ်မဲ့ ပြည်သူ ၁၁ သေဆုံးခဲ့ရတဲ့ အကြောင်းလေးပါ။ဒီဇာတ်လမ်းလေးမှာတော့ စစ်သားတစ်ယောက်ရဲ့ တာဝန်တွေအိမ်ကို လွမ်းရတာတွေ စစ်သားမိသားစုတွေရဲ့ အခက်အခဲတွေကိုကြည့်ရှုခံစားနိုင်မှာပါ။ File size… 2 GB / 964 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ..... Crime / Drama/ Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Zin Sann Oo
movie
A War (2015)
Scent of Love (2003)
The Scent Of Love (2003)ကျွန်တော်ကတော့ တစ်သက်တာလို့ ပြောတော့ သူက တစ်ခဏဖြစ်မှာပါတဲ့။ဒီလိုနဲ့ သူ့ထက်ငယ်တဲ့ငချွတ်လေး ကျွန်တော့်အချစ်ကို မယုံကြည်ခဲ့ပါဘူးပေါ့။သူ့ကို နောက်ထပ်မဆုံးရှုံးချင်တော့တဲ့အခါ ရေစက်ဆိုတာ ဖန်တီးယူရမယ်မှန်း လက်ခံလိုက်ရတာပဲ။"အသက်ရှင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊၊ မင်းလိုတာမှန်သမျှ ဖြည့်ဆည်းပေးပါ့မယ်"လူချင်းနီးနေပေမဲ့ မပြောနိုင်တာတွေ များတဲ့အခါ ဒဏ်ရာတွေက မကုစားနိုင်ပြန်ဘူး။ချစ်ခြင်းတွေက ဖြူစင်တော့လည်း နောင်တတွေက လျော့မသွားပြန်ဘူး။နားလည်မှုတွေ ရှိခဲ့ကြ၊ အကြင်နာတွေ ပိုခဲ့ကြ ဆုံခဲ့ပါလျက်၊ ပျော်ရွှင်ခဲ့ပါလျက်နဲ့များ... မင်းဆီက ဂန္ဓာမာပန်းနံ့ထပ်မရတော့တဲ့အခါ...။၂၀၀၃ ခုနှစ်က ထွက်ရှိထားတာမို့ လွမ်းလွမ်းဆွေးဆွေး Melodrama မျိုးကို ၂၀၀၀ ခုနှစ်က ခံစားသက်ဝင်မှုအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.5GB | 1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron
movie
Scent of Love (2003)
5.8
Drowning Love (2016)
Drowning Love (2016)IMDb - 5.8 My Drama List - 7.2 “လမ်းခွဲလိုက်တာက နှစ်ဖက်စလုံး မနာကျင်ရမယ့်နည်းလမ်းပဲ”ဆယ်ကျော်သက်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ မိုချိဇုကိနာဆုမဲက အဘိုးရဲ့ကျန်းမာရေးကြောင့်မော်ဒယ်ဘဝကနှုတ်ထွက်ပြီး နယ်ဘက်ကိုပြောင်းလာခဲ့ရပါတယ်။နယ်ဘက်ကိုပြောင်းလာရလို့ ဝမ်းနည်းနေတဲ့နာဆုမဲက တစ်ရက်မှာတော့ပင်လယ်နားမှာ ခိုးလို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး စိတ်ဝင်စားခဲ့ပါတယ်။တစ်ရက်တော့ မော်ဒယ်ဘဝကအနားယူလိုက်တဲ့ နာဆုမဲကိုနာမည်ကျော်ဓာတ်ပုံဆရာဖြစ်တဲ့ ဟီရိုနိုအုရှိူးဂိုက photo book ရိုက်ဖို့ ကမ်းလှမ်းလာပါတယ်။ခိုးရဲ့အာရုံစိုက်မှုကိုရဖို့အတွက် နာဆုမဲက photo book ရိုက်ဖို့ သဘောတူခဲ့ပါတယ်။ဒီလိုနဲ့ ခိုးနဲ့ရင်းနှီးလာခဲ့ပြီး တစ်ရက်မှာတော့ ဟီရိုနိုအုက ရုပ်ရှင်ရိုက်ဖို့ပါ ကမ်းလှမ်းလာခဲ့ပါတယ်။ရုပ်ရှင်အတွက် စဉ်းစားနေတုန်းမှာ မုဒိမ်းမှုနဲ့ကြုံရပြီး အနုပညာလောကကနေ အပြီးတိုင်နှုတ်ထွက်၊ခိုးနဲ့လည်း လမ်းခွဲခဲ့တဲ့ နာဆုမဲတစ်ယောက် ဘယ်လိုမျိုး အားတင်းပြီး အနုပညာလောကထဲကို ပြန်ဝင်မလဲ...ခိုးနဲ့နာဆုမဲတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ... File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie
Drowning Love (2016)
5.5
Before Dawn (2024)
စစ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုချင်ပါတယ်ဆိုတဲ့သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ အမေရိကန် ဂျာမနီစစ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Before Dawn ဖြစ်ပြီး IMDB Rating 5.5ရရှိထားပါတယ်။ကမ္ဘာစစ်ကြီးတွေထဲမှာအမေရိကန်နဲ့ ဂျာမနီတို့စစ်ပွဲတွေကအကြီးမားဆုံးဖြစ်ခဲ့ပြီး ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေရိုက်ကူးခဲ့တဲ့စစ်ကားတွေလည်းအများကြီးရှိပါတယ်။ဒီဇာတ်ကားထဲမှာတော့ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်မှာ ဂျာမနီနဲ့အမေရိကန်တွေဖြစ်ခဲ့တဲ့စစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့စွန့်စားခန်းတွေကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဂျင်မ်ဆိုတဲ့ကောင်လေးက သူ့အဖေပိုင်တဲ့မွေးမြူရေးခြံကြီးထဲမှာငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်လာခဲ့တဲ့ဒွန်နဲ့လက်စ်တို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့တစ်နေ့ဒီမွေးမြူရေးခြံကြီးထဲမှာပဲနေရတဲ့ဘ၀ကြီးက သူများတွေအတွက်တော့ အိပ်မက်တစ်ခုလိုဖြစ်နေပေမဲ့သူ့အတွက်တော့ ငြီးငွေ့စရာဖြစ်လာပါတော့တယ်။အဲ့ဒီအချိန်မှာပထမကမ္ဘာစစ်ကြီးကလည်း ဖြစ်နေတဲ့အတွက် သူကိုယ်တိုင်စစ်ဝင်တိုက်ပေးစရာမလိုပေမဲ့ သူငယ်ချင်းနှစ်ယောက်ခေါ်တာကတစ်ကြောင်းသူကိုယ်တိုင်ကလည်း ဒီဘ၀ကြီးကနေ ရုန်းထွက်ချင်တာကတစ်ကြောင်းကြောင့် တပ်ထဲဝင်ပြီးစစ်တိုက်ဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ဂျာမန်တွေကို တိုက်ထုတ်ရင်း သူကြုံတွေ့ရမဲ့စွန့်စားခန်းတွေ သူ့ရဲ့ကူညီချင်စိတ်ပြင်းပြမှုကြောင့် စစ်သားတွေကိုကယ်တင်ခဲ့တာတွေပစ်မလွဲဆိုတဲ့နာမည်ပြောင်ဘယ်လိုရလာတယ်ဆိုတာတွေနဲ့ တခြားသောစစ်မြေပြင်ပေါ်မှာ ရသပေါင်းမျိုးစုံကို တွေ့ရမဲ့စစ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.13GB / 1.04GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 39m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Before Dawn (2024)
5.5
Hick (2011)
ချစ်စရာမင်းသမီးချောလေး Chloe Grace Moretz ငယ်စဉ်ကပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2011 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hick ဖြစ်ပြီး IMdb Rating 5.5အထိရရှိထားပါတယ်။ဒရာမာ ဟာသအမျိုးအစားဖြစ်ပြီးအိမ်နဲ့ဝေးနေတဲ့အိမ်ပြေးလေးတွေအတွက်ပိုကြည့်ကောင်းမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။နယ်မြို့လေးမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင် လူလီဆိုတဲ့ကောင်မလေးတစ်ယောက်က တစ်နေ့မှာတော့ အိမ်ကမိဘတွေရဲ့ဖိအားတွေကြောင့်အိမ်ပေါ်ကဆင်းလာခဲ့ပြီး သူ့အိပ်မက်ဖြစ်တဲ့လက်စ်ဗီးဂက်စ်ကိုသွားဖို့တစ်ယောက်တည်း ကားလမ်းမကြီးပေါ်လမ်းလျှောက်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမှာလမ်းကြုံခေါ်ပေးမဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး ကားကြုံလိုက်စီးခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီလူကထူးဆန်းနေတဲ့အတွက် လူလီတစ်ယောက်ချက်ချင်းဆင်းပြေးလာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမကြီးပေါ်မှာဆက်လျှောက်လာခဲ့ပြီးကားကြုံထပ်လိုက်စီးခဲ့ပါတယ်။ဒါပေမယ့်ဒီတစ်ခေါက်တော့ လမ်းကြုံတင်ခေါ်ပေးတဲ့သူက အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် သူနဲ့အဆင်ပြေခဲ့ပြီး သူ့ရဲ့ လက်စ်ဗီးဂက်စ်ကိုသွားတဲ့ခရီးစဉ်မှာ ဘယ်လိုစွန့်စားခန်းတွေထပ်မံကြုံတွေ့သွားရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 740MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Hick (2011)
First
3
4
5
6
7
Last
Previous
Next