Channel Myanmar

Drama

Poka (2023) 6
Poka (2023) Poka 2023 ဘာဘီ IMDb 6.3ဒုစရိုက်လောကက ဂိုဏ်းတွေကို ယောကျာ်းတွေပဲဦးစီးပြီးအောင်မြင်တာတွေပဲတွေ့ရတတ်ပေမဲ့ မိန်းမဦးစီးတဲ့ဂိုဏ်းဆိုတာမရှိသလောက်ပါပဲဒီမှာတော့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မိန်းမကအုပ်ချုပ်တဲ့ဂိုဏ်းတစ်ခုပေါ့ အစကတော့ဒီလောက်အာဏာမရှိခဲ့ပေမဲ့ သူကိုင်တွယ်လိုက်တဲ့ပို့ကုန်မှန်သမျှက ယောကျာ်းသားတွေပို့ရင်တောင် ၂ခါလောက်ပျောက်တတ်ပေမဲ့ သူပို့ရင်တော့တိတိကျကျရောက်တယ် အဆင်ပြေတယ်ဆိုတဲ့မှတ်ချက်တွေကြောင့် လူအထင်ကြီးလေးစားခံရပြီး အောင်မြင်လာခဲ့တယ်ဒါကြောင့်မို့ ဒီအဖွဲ့ကိုဦးစီးဖို့ ဆရာဖြစ်သူကသူ့ကိုတာဝန်ပေးလိုက်ချိန်မှာတော့ အဖွဲ့သားတွေကသဘောတူတဲ့လူကတူ မတူတဲ့လူကမတူနဲ့ အဖွဲ့တွေကွဲသွားရင်းက ရန်စတွေဖြစ်ခဲ့ကြတယ် ဒီကြားထဲ နေထိုင်နေတဲ့ပတ်ဝန်းကျင်မှာပါ မထင်ထားတဲ့ပြဿနာတွေကြုံလာချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကြည့်ရှုလိုက်ပါဦး(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB / 554MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Poka (2023)

2023
Walang kaParis (2023)
Walang kaParis (2023) လူတစ်ယောက်ရဲ့ဘဝမှာသုံးကြိမ် ချစ်မိတတ်တယ် ငါကတော့ ပထမ ဒုတိယ တတိယ အရာအားလုံးမင်းပါပဲ.....လှပါတယ်ဆိုတဲ့အချစ်မြို့တော် ပါရီ/ပဲရစ်မြို့ရဲ့ လမ်းသွယ်တွေမှာ လမ်းပတ်လျှောက်ရင်း စကားတွေဖောင်ဖွဲ့ခဲ့ကြတဲ့ Before sunset ထဲက Jessie နဲ့ Celine ကိုမှတ်မိကြတယ်ဟုတ် အဲ့လို vibe လေးကို ဒီဖိလစ်ပိုင်အချစ်ဇာတ်ကားလေးမှာပြန်ခံစားမိတယ်ပြောရရင် ဇာတ်အိမ်မတူပေမဲ့ ကော်ဖီဆိုင်တူတူထိုင်တာ သုဿန်ကိုတူတူသွားကြတာ စသဖြင့် ရိုက်ကွင်းနေရာလေးတွေကိုလည်း reference ယူထားတာကိုတွေ့ရတယ် နှစ်ယောက်သား လမ်းလျှောက်စကားဖောင်ဖွဲ့ရင်း အချစ်အကြောင်း ဘဝအကြောင်း အနုပညာအကြောင်းတွေဆွေးနွေးကြနဲ့ ကြည့်ရတာတကယ်ကို ငြိမ့်ငြိမ့်လေးပါပဲ Ghost ကားထဲက အိုးလုပ်တဲ့ ဂန္ဓဝင်အခန်းလေးကိုတောင် လက်စွမ်းပြ မှီငြမ်းထားတဲ့တစ်ခန်းပါပါသေးတယ်ဇာတ်ကားလေးက ရိုက်ချက်တွေ ရိုက်ကွင်းတွေ ဒိုင်ယာလော့တွေ အပြစ်ပြောစရာမရှိသလို ဇာတ်အိမ်လေးကလည်း ရိုးရိုးလေးနဲ့ပဲ အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုထားတယ်ပဲရစ်မြို့က ဖိလစ်ပိုင်ပန်းချီဆရာ ဂျိုဂျို နဲ့ သူ့ရဲ့လက်ရာပုံတူပန်းချီထဲက ငယ်သူချင်းကောင်မလေး မေရီတို့ရဲ့ အချစ်ကို ရှာဖွေကြပုံ အချစ်ကို အဓိပ္ပာယ်သတ်မှတ်ကြပုံလေးတွေကို တီးလုံးလှလှလေးတွေနဲ့ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်File size_(1.4GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Drama Subtitle_Myanmar ...
movie

Walang kaParis (2023)

Siddharth Roy (2024) 8.8
Siddharth Roy (2024) Siddharth Roy (2024) "အချစ်ရူး" IMDb - 8.9/10ရုပ်ရှင်တစ်ကားရိုက်ပြီး အကြာကြီးပျောက်သွားခဲ့တဲ့ တလေဂူးလ်မင်းသား ဒီပါ့ခ်ဆာရို့ဂျ်ရဲ့ ဒရာမာစစ်စစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆစ်ဒါးသ်ဆိုတာ ကောလိပ်ကျောင်းသားတစ်ယောက်။ စာသင်ခန်းတွေကို ဝင်ချင်တဲ့အချိန်ဝင် ထွက်ချိန်တဲ့အချိန် ထွက်သွားတတ်တဲ့ကျောင်းသား။ ကျောင်းသုံးကိရိယာဘာတစ်ခုမှ မပါဘဲ စာသင်ခန်းထဲဝင်လာပြီး သူငယ်ချင်းဆီက စက္ကူဖြဲ ဘောပင်ငှား လက်ချာလိုက်ရေးပြီး သင်သမျှ နားလည်တတ်ကျွမ်းသွားတတ်တဲ့ အိုင်းစတိုင်းထက်တောင် ဉာဏ်ရည်မြင့်မားတယ်လို့ ကောလိပ်မှာ ထင်ရှားတဲ့သူ။ ဝမ်းနည်းမှု၊ အကြောက်တရား၊ ဒေါသနဲ့ ချစ်ခြင်းမေတ္တာကင်းပြီး ယုတ္တိဗေဒနဲ့ပဲ ရှင်သန်နေတဲ့သူလို့ ကျောင်းသူကျောင်းသားတွေ သိထားကြတဲ့သူပေါ့။အင်ဒူဆိုတာ ကောလိပ်နောက်ဆုံးနှစ်မှ ဆစ်ဒါးသ်တို့ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူသစ်။ အခိုက်အတန့်သေးသေးလေးတွေကနေတောင် ပျော်ရွှင်မှုကို ရှာဖွေစုဆောင်းတတ်တဲ့ လှပပျိုမြစ်တဲ့ကောင်မလေး။ ကျောင်းပြောင်းလာတဲ့နေ့မှာပဲ ဆစ်ဒါးသ်နဲ့တွေ့ပြီး ပဟေဠိဆန်တဲ့လူတစ်ယောက်အနေနဲ့ အင်ဒူ့စိတ်ထဲမှာနေရာယူခဲ့တယ်။ သူတို့နှစ်ယောက် အကြောင်းအရာတစ်ခုမှာ ဆုံတွေ့ကြချိန်မှာတော့...။ခံစားမှုကင်းတဲ့ ဆစ်ဒါးသ်တစ်ယောက် အင်ဒူနဲ့ပတ်သက်မိချိန်မှာတော့ အချစ်ဇာတ်လမ်းဖြစ်မလား အလွမ်းဇာတ်လမ်းဖြစ်မလားဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.19GB / 1.36GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard ...
movie

Siddharth Roy (2024)

2024
The Whistleblower (2014) 6.8
The Whistleblower (2014) The Whistleblower 2014သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ "ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား"2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစား‌နေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ...
movie

The Whistleblower (2014)

Just One Time (2021) 5.6
Just One Time (2021) Just One Time [2021] (IMDb 5.7/10)Just One Time ဆိုတဲ့ စပိန်ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးပြဿနာအကြောင်းကို ရိုက်ပြထားတာပါ... ဇာတ်လမ်းကတော့ ပါဘလိုက ဇနီးသည် အီဗာကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အတွက်ကြောင့် ဥပဒေအရ လူမှုဖူလုံရေးစင်တာမှာ ကုထုံးခံယူရတာကနေ စတင်ခဲ့ပါတယ်... ပါဘလိုဟာ ဒေါသကြီးတတ်သော်ငြား တခါမှာ ရှူးရှူးဒိုင်းဒိုင်းသောင်းကျန်းတတ်သူ မဟုတ်ခဲ့တာမို့ သူဟာ သူမှန်ကန်ကြောင်း အကျိုးအကြောင်းဆီလျော်ကြောင်းသာ လက်ခံထားခဲ့ပါတယ်... ကုထုံးပညာရှင် လော်ရာက ပါဘလိုနဲ့ အီဗာတို့ကို တလှည့်စီ တွေ့ဆုံပြောဆိုရင်းက သူတို့ ကနဦးက ထွက်ဆိုချက်တွေနဲ့ ကွဲလွဲပြီး ပိုမိုရှုပ်ထွေးလာပါတော့တယ်... ဒီအချိန်မှာပဲ လော်ရာဟာ အနှောက်အယှက်တစ်ခုနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်... စပိန်နိုင်ငံမှာ လင်လုပ်သူက ဇနီးသည်ကို ရိုက်နှက်ခြင်းဟာ ပုံမှန်ပဲလို့ ထင်မြင်ယူဆကြတာဟာ နှစ်ပေါင်းများစွာပါ... ဇာတ်လမ်းအရ မကြာသေးခင်ကမှ ဥပဒေတွေ ချမှတ်လိုက်ကြတာမို့... ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကို လိုက်လံဖြေရှင်းပေးရတဲ့ လော်ရာတို့လို လူမှုဖူလုံဝန်ထမ်းတွေဟာ ယောက်ျားတွေရဲ့ ပစ်မှတ်ထားအန္တရာယ်ပြုခြင်းကိုလည်း ခံရပါတယ်... ဒီလိုမျိုး အန္တရာယ်တစ်ဖက် ပါဘလိုတို့အရေးတစ်ဖက်မှာ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ... အကြမ်းဖက်မှုမှာ မှန်ကန်တဲ့အကျိုးအကြောင်းပြချက်ဆိုတာ မရှိဘူးဆိုတဲ့ လော်ရာတစ်ယောက် သူ့အပေါ်ကျရောက်လာတဲ့ ...
movie

Just One Time (2021)

2021
The Long Game (2023) 6.7
The Long Game (2023) IMDb 6.7 Rotten Tomatoes 97% ရရှိထားတဲ့ ဒရာမာရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်လေးက စာရေးဆရာ Humberto G. Garcia ရဲ့ ဝေဖန်မမှုတွေခံခဲ့ရပြီး ကိုယ်ပိုင်ထုတ်ဝေခဲ့တဲ့ စာအုပ်လေးကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထဲမှာတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်က မြို့ငယ်လေးက မက္ကဆီကန်‌အထက်တန်းကျောင်းသား ငါးယောက်နဲ့ဖွဲ့ထားတဲ့ "Mustangs" လို့အမည်ရတဲ့ အထက်တန်းကျောင်းဂေါက်သီးရိုက်အသင်းလေးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။အချိန်ကာလအားဖြင့် အမေရိကန် ဗီယက်နမ် စစ်တွင်းကာလ ၁၉၅၇ ဖြစ်ပါတယ်။ ဆန်ဖီလစ်ပီလို့ခေါ်တဲ့ မြို့ကလေးကတော့ အမေရိကန် နဲ့ မက္ကဆီကို နယ်စပ်မှာတည်ရှိတဲ့ မြို့ကလေးပါ။ ဒီမြို့ငယ်လေးက အထက်တန်းကျောင်းမှာ "ဂျိုး"လို့အမည်ရတဲ့ မက္ကဆီကန်ကျောင်းသားလေးနဲ့ သူငယ်ချင်းလေးယောက်ဟာ ဂေါက်သီးရိုက်အားကစားကို ဝါသနာထုံကြတဲ့သူတွေဖြစ်ပြီးတော့ အားလပ်ရက်တွေမှာလည်း ဆန်ဖီလစ်ပီ ဂေါက်ကလပ်မှာ ကယ်ဒီ (ဂေါက်ပစ္စည်းသယ်သူ) အလုပ်ကိုလုပ်ကိုင်ရင်း တဖက်တလှမ်းကနေ မုန့်ဖိုးရှာနေကြတဲ့ကျောင်းသားတွေပါ။၁၉၅၇ ဆိုတဲ့အချိန်ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေ အထွတ်အထိပ်ကိုရောက်ရှိနေတဲ့ကာလပါ။ ဆန်ဖီလစ်ပီမြို့ထဲမှာ ကြီးစိုးနေတဲ့အမေရိကန်တွေဟာ မက္ကဆီကန်တွေကို ...
movie

The Long Game (2023)

How Is Katia? (2022) 6.9
How Is Katia? (2022)  ယူကရိန်းသရုပ်ဆောင်မင်းသမီး အန်နာစတေးရှားက ဒီရုပ်ရှင်ထဲမှာ သမီးလေးအတွက်ရုန်းကန်ရတဲ့ အမေတစ်ယောက်အဖြစ်ရော၊လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေမှာ ရှင်သန်ရုန်းကန်နေရတဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ရောကို အကောင်းဆုံးပီပြင်စွာ ခံစားသက်ဝင်နိုင်ခဲ့တဲ့အတွက် ၂၀၂၂ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပါတယ်။ကာတီယာဆိုတဲ့ ဆယ့်တစ်နှစ်သမီးလေးရဲ့ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့ အလုပ်သုံးလေးခုလုပ်ရင်း ကြိုးစားနေတဲ့ မိခင်ဖြစ်သူ အာနီယာ။ အာနီယာတို့သားအမိက စိတ်အခြေအနေသိပ်မကောင်းတော့တဲ့ မိခင်အိုကြီးရယ်၊ အစ်မဖြစ်သူရယ်နဲ့ အတူနေနေပေမဲ့ ဘဏ်ကြွေးယူပြီး သားမိနှစ်ယောက်အတူနေဖို့ တိုက်ခန်းဖိုးကြေအောင်ဆပ်နေရသူ။ တစ်ရက်မှာ သမီးဖြစ်သူ ကျောင်းအသွား ကားတိုက်ခံလိုက်ရတာကနေ အာနီယာရဲ့ဘ၀က ပြိုလဲပျက်စီးဖို့ အစပြုလာပါတော့တယ်။သမီးဖြစ်သူရဲ့ ကျန်းမာရေးစရိတ်၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာကနေ တရားမျှတမှုရရှိဖို့၊ တိုက်ခန်းဖိုးဆက်မသွင်းနိုင်လို့ ဘဏ်ကနေ တိုက်ခန်းကိုသိမ်းဖို့အကြောင်းကြားတာတွေ။ ဒီလိုအဖြစ်အပျက်တွေကြားမှာ ရုန်းကန်ရတဲ့ အာနီယာရဲ့ဘ၀ကို ပီပီပြင်ပြင်ရိုက်ကူးပြထားလို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

How Is Katia? (2022)

Her Body (2023) 5.7
Her Body (2023) Her Body (2023)ချက်ဇ်နိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ဇာတ်ကားကောင်းလေးပါ။ အပြင်မှာ တကယ်ရှိခဲ့တဲ့ ချက်ဇ်နိုင်ငံက ဒိုင်ဗင်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (၁၈+ warning ဝတ်စလစ်အခန်းတွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူး)ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရေယာ ဟာ ချက်ဇ်နိုင်ငံက နာမည်ကြီး ဒိုင်ဗင်သမား တစ်ယောက်ပါ။ သူဟာ ချက်ဇ်သမ္မတနိုင်ငံရဲ့ ချန်ပီယံဖြစ်ပြီးတော့ အတ္တလန်တာမှာ အိုလံပစ်အားကစား ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ အဲမတိုင်ခင် မက်ဒရစ်မြို့က ပြိုင်ပွဲ တစ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ကျောရိုးဒဏ်ရာရရှိသွားပြီး အားကစားလောက ကနေ အနားယူလိုက်ရပါတယ်။ ဒီလိုနဲ့ ဘဝမှာ ရည်မှန်းချက် ပျောက်သွားတဲ့ အန်ဒရေယာ ဟာ အဒမ်ရဲ့ အကူအညီနဲ့ အပြာကားလောကထဲကို ရောက်သွားပြီး နာမည်ကြီး အပြာမင်းသမီး ဖြစ်သွားပါတော့တယ်။ အပြာလောကထဲရောက်သွားတဲ့ အန်ဒရေယာ့ ဘဝမှာ ဘာတွေ ရုန်းကန်ရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ...
movie

Her Body (2023)

2023
To Die For (1995) 6.8
To Die For (1995) To Die For [1995] (IMDb 6.8/10, RT 66%)မင်းသမီးကြီး Nicole Kidman ရဲ့ ကားဟောင်းတွေထဲက ကားကောင်းတစ်ကား လာပါပြီ။ ရုပ်ရှင်ဆုတွေလည်း အများကြီး ရထားခဲ့တဲ့ကားပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ကူးထားခဲ့ကားဖြစ်တဲ့အပြင် ဇာတ်ရဲ့ စလယ်ဆုံးကို ဆက်တိုက် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ဆူဇန် မာရက်တိုဆိုသူဟာ ရုပ်မြင်သံကြားတင်ဆက်သူ တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့ရသူပါ... ရူးသွပ်လွန်းလို့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတွေရဲ့ ဘဝ၊ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံ နောက်ဆုံး မင်္ဂလာပွဲမှာ သုံး ခြုံလွှာအထိ လိုက်တုပပြီး အသုံးပြုသူပါ... သူ့ယောက်ျား လယ်ရီ မာရက်တိုဟာလည်း သူ့ရဲ့ တမူထူးခြားတဲ့ ပုံစံကလေးကြောင့်ပဲ ဆူဇန်ကို ချစ်မြတ်နိုးပြီး လက်ထပ်ပေါင်းသင်းခဲ့သူပါ... ဒါပေမယ့် ဆူဇန်ဟာ ရုပ်မြင်သံကြားအလုပ်ပေါ်မှာ အလွန်အကြူးစွဲလမ်းနေတဲ့အတွက်ကြောင့် သူတို့မိသားစုပိုင်စီးပွားရေးဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ တွဲလုပ်ဖို့ တိုက်တွန်းမိပါတော့တယ်... ဒီလို တိုက်တွန်းလာတဲ့အပေါ် ဆူဇန်ကတော့ လုံးဝမကြိုက်ပါဘူး... သူ့လမ်းကြောင်းကို ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း မြင်လာပါတော့တယ်... ဒီလိုနဲ့ သူရိုက်ကူးနေတဲ့ လူငယ်ရေးရာ ...
movie

To Die For (1995)

1995
Firefly (2023) 7.8
Firefly (2023) Firefly ( 2023 )Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ ...
movie

Firefly (2023)

2023
Naam Katra Isai (2023) 7.5
Naam Katra Isai (2023) Naam Katra Isai (2023) "ကျော်စောမှု"ဒရာမာကြိုက်တဲ့ ပရိတ်သတ်တွေအကြိုက် တမီးလ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ရိုးရိုးရှင်းရှင်း ဇာတ်လမ်းလေးတစ်ပုဒ်ကို အပိုစာသားတွေ အိုဗာဖြစ်တာတွေ မပါအောင်ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါလက်ခ်ရှယာဆိုတဲ့ ရိုးရိုးအအ ကောင်မလေးက ဂီတကို ဝါသနာပါပြီး ကားဝပ်ရှော့ဆိုင်က လူလတ်တန်းစား ကောင်လေးနဲ့ ချစ်သူလို မောင်နှမလို ဆက်ဆံရေးမျိုးရှိပါတယ်သီချင်းဆိုပြိုင်ပွဲမှာ သွားအရွေးခံပေမယ့် ဒိုင်ကအဝတ်အစားနဲ့ ပတ်သက်လို့ အရှက်ရအောင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်တာကို ခံလိုက်ရပြီး သနားစိတ်ဝင်သွားတဲ့ ကောင်လေးက လက်ခ်ရှာယာ ကိုယ်ပိုင်သီချင်းဆိုခွင့်ရဖို့ ကူညီပေးမယ် လုပ်ရင်းမှ...လူလတ်တန်းစားအဖို့ တေးသံသွင်းတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေ စွန့်စားရပုံတွေသာမက ထင်ပေါ်ကျော်ကြားမှုအတွက် အစားထိုးပေးလိုက်ရတဲ့ ကိုယ်ကျင့်တရားနဲ့ ပင်ကိုဘဝနေထိုင်မှု စတာတွေကိုပါ အဖက်ဖက်က တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.88GB / 820MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Naam Katra Isai (2023)

2023
Do the Right Thing (1989) 8.0
Do the Right Thing (1989)  IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie

Do the Right Thing (1989)

Happy Ending (2024) 7.5
Happy Ending (2024) Happy Ending 2024ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ကျိန်စာအတိုက်ခံလိုက်ရပြီး သောက်ကျိုးနည်းဘဝကို ပိုင်ဆိုင်သွားရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဟာ့ရှ်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ကြည့်ချင်လွန်းပြီး အိမ်ကိုလိမ် ကျောင်းလစ်ပြီး ရုပ်ရှင်သွားကြည့်ပါတော့တယ်။ သူရုပ်ရှင်ကြည့်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူတို့မြို့က တရားဟောဆရာကြီး ဘာဘာဆိုတဲ့ ဆွာမိကြီးဟာလည်း သူ့ရဲ့ချုပ်တည်းမှုကို စမ်းသပ်တဲ့အနေနဲ့ ရုပ်ရှင်ရုံထဲကို တိတ်တဆိတ် ရောက်ရှိလို့နေခဲ့ပါတယ်။ရုပ်ရှင်ကြည့်ကြရင်းနဲ့ မီးပျက်သွားတဲ့အခါ ပြဿနာဖြစ်ကြရင်း ဘာဘာရုပ်ရှင်ရုံထဲရောက်နေတာကို ဟာ့ရှ်က ဖော်မိသလိုဖြစ်သွားရကနေ ဘာဘာတစ်ယောက် အရှက်ရပြီး သိက္ခာတွေလည်း ကျသွားရပါတော့တယ်။ ဒီလိုနဲ့ ဘာဘာတစ်ယောက် သူ့ကို လူလေးစားမခံရအောင် လုပ်တာဟာ ဟာ့ရှ်ကြောင့်ပါဆိုပြီးတော့ ဟာ့ရှ်ကို သူစိတ်ဝင်စား ချစ်မြတ်နိုးတဲ့သူတိုင်း သေရပါစေဆိုပြီး ကျိန်စာတိုက်လိုက်တဲ့နောက်မှာတော့ ........ ဟာ့ရှ်တစ်ယောက် ဒီကျိန်စာကြီးနဲ့ ဘယ်လိုတွေ အထီးကျန်ဖြတ်သန်းရမလဲ ... မထင်မှတ်ဘဲ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့တဲ့အချိန်မှာ သူ့ရဲ့ကျိန်စာနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ...ကျိန်စာကိုရော ပျက်ပြယ်သွားအောင်လုပ်နိုင်ပါ့မလားဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်) File size…1.84GB / 825MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle ...
movie

Happy Ending (2024)

2024
Au Revoir les Enfants (aka) Goodbye, Children (1987) 8.0
Au Revoir les Enfants (aka) Goodbye, Children (1987)  Best European Film, Best Film, Best Director ဆုတွေကို ဒီဇာတ်ကားနဲ့ပဲ ဆွတ်ခူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာကြီး Louis Malle ရိုက်ကူးထားပြီး ဆုတွေအများကြီး ရထားတဲ့ Drama/War ဇာတ်ကားကောင်းလေးတစ်ကားပါဇတ်အိမ်လေးကတော့ 1944 ခုနှစ် ပြင်သစ်ကို ဂျာမန်တွေဝင်လာတဲ့ကာလကိုရိုက်ကူးထားတာပဲဖြစ်ပြီး ဂျူလီယန် နဲ့ ဖရန်ဆွာ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အားလပ်ရက်ပြီးတော့ ST. JOHN ဆိုတဲ့ ကျေးလက် ဘုန်းတော်ကြီးသင် ဘော်ဒါကျောင်းကို တက်ဖို့ပြန်လာကြတာပေါ့.....တစ်နေ့တော့ အဲဒီကျောင်းကို ဘွန်နက် ဆိုတဲ့ ကျောင်းသားသစ်လေးတစ်ယောက်ရောက်လာတယ်.....အချိန်ကာလအနေနဲ့ နာဇီတွေဟာ ဂျူးတွေကို လိုက်ရှင်းနေတဲ့အချိန်ဖြစ်ပြီး တစ်ဖက်မှာလည်း မဟာမိတ်တပ်တွေက နာဇီတွေကို ချေမှုန်းဖို့အတွက် စစ်မျက်နှာဖြန့်နေတဲ့အချိန်ပေါ့....နာဇီတွေလိုက်ဖမ်းနေတဲ့ရန်ကနေ ထွက်ပြေးခိုလုံနေကြတဲ့ ဂျူးလူမျိုးတွေလည်း နေရာအသီးသီးမှာ ပြန့်ကျဲနေကြတာပေါ့....နာဇီ ဂတ်စတာပို တွေဟာလည်း ST. JOHN ကိုဝင်ရောက်ရှာဖွေတဲ့အခါမှာတော့......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1 ...
movie

Au Revoir les Enfants (aka) Goodbye, Children (1987)

Chronicle of a Blood Merchant (2015) 6.38
Chronicle of a Blood Merchant (2015) Chronicle of a Blood Merchant (2015)ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ်နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle ...
movie

Chronicle of a Blood Merchant (2015)

2015
Accidental Texan (2024) 5.6
Accidental Texan (2024) Accidental Texan (2024)၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်ကောင်းလေးပါ။ IMDb rating 6, Rotten Tomatoes – 52% ရရှိထားပါတယ်။ ၁၉၉၉ ခုနှစ်က ကိုးလ်သွန်မဆင် ရေးသားခဲ့တဲ့ Chocolate Lizards ဆိုတဲ့ စာအုပ်ကို ခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ အာဝင် ဟာ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်ပါ။ ဟားဗက်တက္ကသိုလ်မှာ တက်ရင်း အနုပညာအလုပ်လုပ်ချင်တာမို့ ကျောင်းထွက်ပြီး ဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူပါ။ သူ့အနေနဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရပြီးတော့ ပျော်နေတုန်း ရိုက်ကွင်းမှာ တလွဲလုပ်လိုက်မိပါတယ်။ သူလည်း အလုပ်ပြုတ်သွားသလို စိတ်ညစ်ပြီးတော့ ကား လျှောက်မောင်းရင်း ကန္တာရတစ်နေရာမှာ ကားပျက်ပြီး လူလည်း သောင်တင်သွားပါတယ်။ သူရောက်သွားတာကတော့ တက္ကဆက်ပြည်နယ် ဘာဖယ်လိုဂက်ပ်ဆိုတဲ့ မြို့ငယ်လေးရဲ့ အပြင်ဖက်မှာပါ။ သူလည်း မြို့လေးကို လမ်းလျှောက်သွားပြီး အကူအညီတောင်းပါတော့တယ်။ ဒီလိုနဲ့မြို့လေးမှာ အာဝင် လည်း မားလ်ဆိုတဲ့ လူတစ်ယောက်နဲ့ဆုံပြီးတော့ ရေနံတူးရင်း ဘဝကို ပြောင်းလဲပေးလိုက်တဲ့ အဖြစ်မျိုးတွေ ကြုံရပါတော့တယ်.....အညွှန်း ...
movie

Accidental Texan (2024)

2024
Trapped Balloon (2023) 7.4
Trapped Balloon (2023) Trapped Balloon (2023)မိခင်မရှိတော့တဲ့နောက် တစ်ကိုယ်တည်းနေနေတဲ့ ဖခင်ဖြစ်သူနဲ့တွေ့ဖို့ ဟီရိုရှီးမားက တဲရှိမ ဆိုတဲ့ ကျွန်းလေးဆီ ရောက်လာခဲ့တဲ့ ရင်ကိုဆိုတဲ့ ကောင်မလေးတစ်ယောက်... ရင်ကို ဒီလိုပြန်လာတာကလည်း နာမကျန်းဖြစ်နေတဲ့ အဖေ့ကို ပြုစုဖို့၊ ဆုံးသွားတဲ့ အမေ့ကို သတိရလို့ဆိုတာတွေအပြင် အလုပ်လုပ်တိုင်း အဆင်မပြေမှုတွေ ကြုံရပေါင်းများလို့ စိတ်ဓာတ်ကျနေတာလည်း ပါပါတယ်။ဒီလိုမျိုးအကြောင်းပြချက်တွေနဲ့ တဲရှိမကျွန်းဆီ ရောက်လာတဲ့ ရင်ကိုရဲ့ဘဝထဲ ဝင်ရောက်လာသူကတော့ ကန်းဂျိဆိုတဲ့ ထူးဆန်းတဲ့သူတစ်ယောက်ပါပဲ။ ကန်းဂျိဆိုတာက နှုတ်နည်းပြီး တစ်နေ့တစ်နေ့ ငါးထောင်ဖမ်းလိုက်၊ အိမ်ပြန်လာလိုက်၊ လတ်ဆတ်တဲ့ငါးတွေရရင် ရင်ကိုတို့အိမ်ကိုပေးလိုက်၊ ရင်ကိုနဲ့ သူ့အဖေတို့ အကူအညီလိုရင် လာကူညီလိုက်နဲ့ ဘဝကို တည်ငြိမ်အေးဆေးစွာ ကျော်ဖြတ်နေသူပါ။ ရင်ကိုအတွက် ထူးဆန်းနေတာကတော့ ရင်ကိုတို့အိမ်ကို ကန်းဂျိတစ်ယောက် တံခါးမရှိ ဓားမရှိဝင်ထွက်နေတာရယ်၊ ကန်းဂျိအိမ်မှာ အမြဲချည်ထားတဲ့ ပူဖောင်းရယ်ပါပဲ။ရင်ကိုတစ်ယောက် ကန်းဂျိကို ကြောက်နေရာကနေ တစ်နေ့မှာတော့ ပျောက်နေတဲ့ မူလတန်းကျောင်းသူလေးကို သွားကယ်လာတဲ့ ကန်းဂျိဖြစ်သူကြောင့် နှုတ်နည်းလွန်းတဲ့ ကန်းဂျိအကြောင်းကို ပိုလို့တောင် သိချင်သွားပါတော့တယ်။ ကန်းဂျိဆိုတဲ့သူဟာ ဒီလောက်စိတ်သဘောထားကောင်းပါရက်နဲ့ ဘာလို့ အပြုံးအရယ်နည်းနေခဲ့ပါသလဲ?ချည်နှောင်ထားတဲ့ ပူဖောင်းလေးတွေက ...
movie

Trapped Balloon (2023)

2023
Semmelweis (2023) 7
Semmelweis (2023) Semmelweis (2023)ကျွန်တော်တို့ ဆေးပညာသမိုင်းစာမျက်နှာကို လှန်ကြည့်လိုက်မယ်ဆိုရင် ခေတ်အဆက်ဆက်က သမားတော်တွေ ဆရာဝန်တွေဆိုတာ လူနာကိုအလယ်မှာထားလို့ ရောဂါပိုးတွေရော ရောဂါအမျိုးမျိုးနဲ့ပါ လွန်ဆွဲတိုက်ခိုက်နေကြရတာပါ။ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတဲ့ ကုသနည်းတွေနဲ့အတူ ရောဂါဆန်းတွေလည်း တစ်ခုပြီးတစ်ခုမြင်နေရတယ်ဆိုပေမဲ့ အသစ်အသစ်ရှာတွေ့လာတဲ့ကုသမှုတိုင်းရဲ့နောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့အသက်တွေနဲ့ အားစိုက်ခဲ့ရတဲ့ ဆရာဝန်တွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မမေ့လိုက်သင့်ပါဘူး။ အခုဒီနေ့မှာ တင်ဆက်ပေးချင်တာတော့ တစ်ချိန်က မိခင်တွေရဲ့ကယ်တင်ရှင် Miracle Worker ရယ်လို့ တင်စားခဲ့ကြတဲ့ ဒေါက်တာအစ်ဂ်နက်ဆမ်မယ်ဝိုက်စ်ရဲ့Biography Dramaလေးပဲဖြစ်ပါတယ်။ဗီအန်နာမြို့ရဲ့ အကောင်းဆုံးဆေးခန်းမှာအလုပ်လုပ်ဖို့က အဲဒီခေတ်အဲဒီအချိန်က ဗီအန်နာမြို့က ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးရဲ့အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ ဒီဆေးခန်းက မီးဖွားမယ့်မိခင်တွေအတွက်တော့ သေမင်းဆေးရုံကြီးလို့ ခေါ်ရတဲ့အထိ အဝင်ပဲရှိ ထွက်လမ်းမရှိလို့ သမုတ်ရတဲ့အထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သေမင်းတံခါးဝပေါ့။ ဒီဆေးရုံမှာမွေးမယ့်အစား လမ်းဘေးမှာပဲမွေးပစ်လိုက်ရရင်တောင် ကောင်းသေးတယ်ဆိုတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။‌ဒီလိုနဲ့ သေမင်းဆေးရုံကြီးကို သားဖွားဆရာမကောလိပ်က သားဖွားဆရာမ သူနာပြုတစ်ယောက် အလုပ်လာလျှောက်ရာကနေ ဒေါက်တာဆမ်မယ်ဝိုက်စ်တစ်ယောက် မိခင်တွေတဖြုတ်ဖြုတ်သေနေတာ သူတို့ဆေးခန်းတစ်ခုတည်းမှာဖြစ်နေတယ်ဆိုတာ ဒီကပ်ဆိုက်နေတယ်ဆိုတာ ဒီဆေးခန်းမှာပဲ ထိန်းမရသိမ်းမရဖြစ်နေတာကို သိသွားပါတော့တယ်။ ဘာလို့လဲဆိုတော့ ပထမဆုံးအလုပ်လာဆင်းတဲ့ သားဖွားဆရာမကောလိပ်က သူနာပြုက မီးဖွားထားတဲ့မိခင်တွေ အဖျားတက်ပြီး သူ့ရှေ့တင်ဆုံးသွားတာကို မျက်မြင် မြင်လိုက်ရပြီး ...
movie

Semmelweis (2023)

2023
Passion (2008) 6.8
Passion (2008) Passion ( 2008 )Direceted By Ryusuke Hamaguchi"ရုပ်ရှင်တွေအားလုံးဟာ တစ်ချိန်တည်းမှာ ဖစ်ရှင်လည်းဆန် ဒိုကူမန်ထရီလည်းဖြစ်နေကြတယ်။ ဒိုကူမန်ထရီသန့်သန့်ဆိုတာလည်း မရှိသလို ဖစ်ရှင်သန့်သန့်ဆိုတာလည်း မရှိဘူး"လို့ ရူဆုခဲဟမဂုချိက ပြောဖူးတယ်။ Passion ( 2008 )ဟာလည်း ကျွန်တော်တို့ဘဝထဲရှိနေတဲ့ ဖစ်ရှင်တစ်ခုလို့ပြောရမလားပဲ။ သူ့ကိုယ်ပိုင်ပွဲဦးထွက်ရုပ်ရှင်လို့ပြောလည်းရတယ်။ ဒီမတိုင်ခင် ၂၀၀၇က ထွက်ခဲ့တဲ့ သူ့ပွဲဦးထွက်အစစ် Solarisက သူ့ဆရာ ခိရိုရှိကူရိုဆာဝါရဲ့ စီမံပေးမှုနဲ့ တာကော့စကီးရဲ့ ဆိုလာရစ်ကို ပြန်ရိုက်ထားတာဆိုတော့ ဒါကို ကျွန်တော်တော့ ထည့်မတွက်ချင်ဘူး။ သေချာတာတော့ ဟမဂုချိဟာ ပွဲဦးထွက်မှာတင် တော်တော်ကြမ်းခဲ့ပါတယ်။ Passion ( 2008 )ဟာလည်း သူ့ထုံးစံအတိုင်းပဲ လူ့အတွင်းစိတ်ရဲ့ မရေရာခြင်း ဝေဝါးခြင်းတွေကို မြင်သာထင်သာရှိအောင် ပြထားတဲ့ ရုပ်ရှင်ပါပဲ။သူ့ဇာတ်က ရှင်းရှင်းလေး‌တော့ ရှင်းရှင်းလေး။ သူငယ်ချင်းတစ်အုပ်ရှိတယ်။ ကောင်လေးသုံးယောက်ပေါ့။ ကောင်မလေး၂ယောက်လည်းပါမယ်လို့ ယူဆရတယ်။ အဲဒီအုပ်ထဲက ကောင်လေးနဲ့ကောင်မလေးတစ်တွဲက အတူတူနေနေတဲ့အတွဲတွေ။ နောက်သူငယ်ချင်းကောင်လေးက အိမ်ထောင်ရှိတယ်။ ကလေးလည်းမွေးတော့မယ်။ နောက်သူငယ်ချင်းကောင်လေးကတော့ ...
movie

Passion (2008)

2008