Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
5.7
Extreme Speed Police: The War on Drugs ( 2024 )
လူငယ်ပီပီ အရေးကြုံလာတဲ့အခါ ဘာကိုမှဂရုမစိုက်ပဲ တရားခံကိုအမိဖမ်းနိုင်ဖို့ သွေးဆူပြီး တတ်နိုင်သမျှနည်းနဲ့ ထင်ရာစိုင်းတတ်တဲ့မူးယစ်တိုက်ဖျက်ရေး ရဲအရာရှိတစ်ယောက်အကြောင်းဇာတ်လမ်းဖြစ်ပါတယ်။မူးယစ်တိုက်ဖျက်ရေး ပေါ်လစီကားတို့ရဲ့ ထုံးစံအတိုင်း ဘဝနဲ့ရင်းပြီးပေးဆပ်လိုက်ရတဲ့သူလျှိုအကြောင်း တခြားသူတွေနားလည်မပေးနိုင်တဲ့ တာဝန်နဲ့သံယောဇဉ်ကြားရွေးချယ်ရတဲ့အခါ တာဝန်ကိုပဲရွေးချယ်ခဲ့ရတဲ့ ရဲတို့ရဲ့ ဘဝတွေကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Extreme Speed Police: The War on Drugs ( 2024 )
6.5
Byzantium (2012)
Byzantium ဇာတ်ကားဟာ ၂၀၁၂ က ထွက်ရှိခဲ့တဲ့Fantasy Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားဟာ ၂၀၁၄ အိုင်ရစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး မင်းသမီးဆုတို့ကို ရရှိနိုင်ခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဒီကားမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတာကတော့Clara နဲ့ Elanor လို့ခေါ်ကြတဲ့ မိန်းကလေး ၂ ယောက်ဖြစ်ပါတယ်။ သူတို့က ဟိုး ၁၈၀၀ ကျော်ကာလကတည်းကနေအခုထိ အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ သွေးစုတ်ဖုတ်ကောင်၂ ယောက်ဖြစ်ပါတယ်။ သူတို့တွေ အခုထိ အသက်ရှင်ကျန်နေတဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိမလဲ။အမြဲတစေ နေရာပြောင်းပြေးနေရတဲ့ သူတို့ဘဝရဲ့နောက်ကြောင်းက ဘာတွေရှိမလဲ။အနာဂတ်မှာ ဘာတွေ ဖြစ်ကြမလဲ။သူတို့ရဲ့ ရှုပ်ထွေးတဲ့ဘဝထဲကို အချစ်ဆိုတဲ့အရာလေးကဝင်လာတဲ့အခါမှာ ဘာဖြစ်ကြမလဲ စတာတွေကို ဒီဇာတ်ကားမှာသည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... File size…2.4 GB/ 965 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy ...
movie
Byzantium (2012)
6.8
Buya Hamka Vol. 1 (2023)
Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie
Buya Hamka Vol. 1 (2023)
2023
6.2
(18+) Maps to the Stars (2014)
ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ ...
movie
(18+) Maps to the Stars (2014)
7.0
Hamka & Siti Raham Vol. 2 (2023)
အပိုင်း ၁ တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံကျော်စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ခေါ်ကလောင်နာမည် ဟမ်ကာရဲ့ဘ၀ဇာတ်ကြောင်းအပိုင်း ၂ ဖြစ်တဲ့Hamka & Siti Raham ကိုတင်ဆက်ပေးလိုက်ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားစရာကောင်းပြီးအရမ်းကျယ်ပြန်လွန်းတဲ့အတွက် အပိုင်း ၂ အနေနဲ့ဆက်လက်ထွက်ရှိလာတာပဲဖြစ်ပါတယ်။အပိုင်း ၁ ကြည့်ပြီးသားသူတွေဆိုရင်တော့ များများစားစားနောက်ကြောင်းပြန်နေစရာမလိုပေမဲ့ အကျဉ်းချုပ်အနေနဲ့ကတော့ ဟမ်ကာဆိုတဲ့လူက ဂျာကာတာမြို့ရဲ့ တက္ကသိုလ်တစ်ခုမှာ သူ့နာမည်ကို ပေးထားရလောက်တဲ့အထိ လူအထင်ကြီးလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ပြည်သူ့သူရဲကောင်းရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပိုင်း ၂ ရဲ့ အစမှာတော့ ဟမ်ကာတစ်ယောက် ဘ၀အချိုးအကွေ့များစွာနဲ့ကြုံတွေ့လာရပြီးနောက် ၁၆၄၇ ခုနှစ်မှာဒတ်ချ်ကအင်ဒိုနီးရှားနိုင်ငံကိုကျူးကျော်လာတဲ့ အချိန်မှာတော့ ကလောင်ကိုင်တဲ့လက်က လက်နက်ကိုင်တဲ့တော်လှန်ရေးသမားတစ်ယောက်ဖြစ်လာခဲ့ပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံကိုကာကွယ်ဖို့ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာတော့ ငြိမ်းချမ်းရေးရသွားခဲ့ပြီး ၁၉၅၀ ခုနှစ်မှာသူတို့မိသားစုဂျာကာတာကို ပြောင်းရွှေ့ပြီးဘာသာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြောင်းတွေအပြင် အလ္လာကိုချစ်မြတ်နိုးပြီး အမှန်ကိုအမှန်အတိုင်းရေးသားတတ်တဲ့ စာပေသမားတစ်ယောက်ဖြစ်တဲ့အခါမှာ အခန့်မသင့်စွာနဲ့ပဲ ထောင်ကျသွားခဲ့ပြီး နှိပ်စက်မှုတွေခံခဲ့ရပုံတွေနဲ့ အလ္လာရဲ့ခွန်အားကိုတောင်းခံပြီး ရှေ့ဆက်တိုက်ခိုက်ရမဲ့တိုက်ပွဲပေါင်းများစွာကို ရဲရဲရင့်ရင့်တိုက်ခိုက်သွားပုံတွေကိုစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမဲ့ အတ္ထုပတ္တိဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File ...
movie
Hamka & Siti Raham Vol. 2 (2023)
5.5
Mother of the Bride (2024)
ဒီတစ်ခေါက်တော့ သက်ကြီးပိုင်းတွေရဲ့ ငယ်ရွယ်စဉ်ကလွဲခဲ့တဲ့ အချစ်နဲ့ ပြန်တွေ့ဆုံရပုံလေးကိုဟာသလေးတွေနှောပြီး ဇာတ်လမ်းဆင်ထားတဲ့အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... မျိုးဗီဇသုတေသနပညာရှင်ဖြစ်တဲ့ ဒေါက်တာ လာနာဝင်းစလိုးတစ်ယောက် တစ်ခုခုဆို အပြစ်မြင် ဝေဖန်တတ်လို့ဆိုပြီး သမီးဖြစ်သူက ရည်းစားကောင်လေးကိုရည်းစားဘဝမှာတောင် သူနဲ့ပေးမတွေ့ဘဲ စေ့စပ်လက်စွပ်ကို လက်ခံပြီးမှ နောက်တစ်လနေရင်လက်ထပ်တော့မယ်လို့ ဖွင့်ဟလာတာကို ကြုံလိုက်ရပါတယ်..သူနဲ့အတူနေပြီး ကျောင်းဆက်တက်မယ်လို့ထင်ထားတဲ့သမီးတော်လေးက ယောကျ်ားယူတော့မယ်ဆိုပြီး Surpriseတိုက်လိုက်တဲ့အခါမှာတော့ လာနာတစ်ယောက်ရင်ကွဲနာကျရသလို သမီးဖြစ်သူ ပျော်ဖို့အတွက်သမီးအလိုကျလက်ခံပေးပြီး မင်္ဂလာပွဲကျင်းပမဲ့ထိုင်းနိုင်ငံ ဖူးခက်မြို့ကို သွားဖို့ပြင်ရပါတော့တယ်သမီးဖြစ်သူယူမဲ့ကောင်လေးကို အဲဒီတော့မှ တွေ့ဖူးတဲ့အပြင် နောက်ထပ် Surprise တိုက်ခံလိုက်ရတာကတော့အဲဒီကောင်လေးရဲ့အဖေက ငယ်စဉ်က စာမလာအကြောင်းမကြားဘဲ Ghost သွားတဲ့ သူ့ရဲ့ငယ်ချစ်ဦး ဖြစ်နေတာပါပဲ..တစ်ယောက်တည်းဆို ထက်မြက်ပြီး တော်သလောက်သူ့ငယ်ချစ်ဦး ဝေလ် ဂျက်ဆင်ရှေ့ကိုရောက်ရင် အလွဲလွဲအချော်ချော်တွေ လုပ်တတ်တဲ့ လာနာတစ်ယောက်ဒီပြန်လည်ဆုံတွေ့မှုကနေ ဘာတွေကိုတွေ့ကြုံလာရမလဲ...ရှေးဟောင်းနှောင်းဖြစ်ဇာတ်လမ်းတွေရှိတဲ့ မိဘတွေကြောင့်သားသမီးတွေရဲ့ မင်္ဂလာပွဲကလည်း ဖြစ်မြောက်ပါ့မလားဆိုတာကိုရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်.. File size…2.15 GB/ 0.99GB Quality…NF WEB-DL 1080p 5.1CH ...
movie
Mother of the Bride (2024)
Hunting Housewives (2024)
ဇနီးသည်တွေကို မကျေနပ်နေတဲ့ ခင်ပွန်းသည်ကြီးတွေအတွက် ပညာပေးလည်းဖြစ်ပြီး တမူထူးခြားတဲ့ Survivalအမျိုးအစားရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ချမ်းသာပြီး ဩဇာကြီးတဲ့ အသိုင်းအဝိုင်းဆီက ဇနီးသည်လေးယောက် ခရီးတစ်ခုထွက်ရင်း မတော်တဆမှုကြီးတစ်ခုနဲ့ ကြုံရပါတယ်။ လူသူကင်းမဲ့တဲ့ တောကြီးထဲမှာ သားရဲတိရစ္ဆာန်တွေကလည်းရှိနေတဲ့အပြင် ကယ်သူမဲ့နေတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုတွေကြိုးစားကြရမှာလဲ။ သူတို့အိမ်ထောင်ရေးအခြေအနေတွေကို တစ်ယောက်နဲ့တစ်ယောက်ရင်ဖွင့်ကြရင်း သူတို့လက်ရှိအခြေအနေကို သဘောပေါက်သွားတဲ့နောက်မှာ။ခင်ပွန်းဖြစ်သူတွေကလည်း သူတို့ဇနီးသည်တွေ မတော်တဆမှုကြုံတာကိုသိသိကြီးနဲ့ တီဗီဖန်သားပြင်ကနေ တိုက်ရိုက်ကြည့်နေခဲ့ပါတယ်။ ဘယ်လိုအကြောင်းတရားတွေကြောင့် ဒီလိုအကြောင်းအရာတွေကိုရင်ဆိုင်နေကြရတာလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(835 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Hunting Housewives (2024)
Breaking Point (2023)
ဒီဇာတ်ကားလေးကတော့ BreakDanceကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာယှဥ်ပြိုင်ရဖို့အတွက်ကြိုးစားခဲ့ရတဲ့"ထရေးနဲ့ဘန်ဂျီ"တို့ညီအစ်ကိုနှစ်ယောက်အကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ ဒီဇာတ်ကားမှာ Hannah John Kamen နဲ့ Emily Carey တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့ငယ်စဥ်ကတည်းက Breakdanceအကကို ဝါသနာရော ပါရမီပါ,ပါတဲ့ ထရေးနဲ့ဘန်ဂျီတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့အမေသေဆုံးသွားပြီးနောက်ပိုင်းမှာ မသင့်မမြတ်ဖြစ်ခဲ့ကြပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက်လုံးဆီကို ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ ဗြိတိန်ကိုယ်စားပြုယှဥ်ပြိုင်သူတွေကိုရွေးချယ်ဖို့ လူရွေးပွဲလာပြိုင်ခိုင်းတဲ့ကမ်းလှမ်းမှုကိုရရှိခဲ့ပါတယ် သူတို့နှစ်ယောက်လူရွေးပွဲမှာအရွေးခံရပြီး ဗြိတိန်ကိုယ်စားပြုတွေအနေနဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ အခြားနိုင်ငံတွေနဲ့ယှဥ်ပြိုင်ရတဲ့အခါ......မသင့်မမြတ်ဖြစ်နေကြတဲ့ညီအစ်ကိုနှစ်ယောက်ပြန်လည်းသင့်မြတ်သွားပါ့မလား သူတို့ရောအဖွဲ့ရော ပြိုင်ပွဲမှာအနိုင်ရနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Breaking Point (2023)
O.Baby (2023)
O Baby 2023 (အိုး ဘေဘီ) IMDb - 4.4/10နိုင်ငံခြားကိုပဲ အထင်ကြီးပြီး နိုင်ငံခြားမှာပဲ အနေများတဲ့မိသားစုတစ်စုအတွင်းက မာရင်ဆိုတဲ့ကောင်မလေးကို သောမတ်စ်လို့ခေါ်တဲ့ကောင်လေးနဲ့ ထိမ်းမြားလက်ထပ်ပေးဖို့လုပ်ရင်းနဲ့ ကမ္ဘာ့ဆင်ဦးရေအများဆုံး ဇင်ဘာဘွေကို ရောက်ရှိလို့လာပါတယ်။ မာရင်ဟာ အိမ်ထောင်မပြုချင်ပေမယ့်လည်း မိဘတွေရဲ့အလိုကျ ပြန်မပြောနိုင်ဘဲ မင်္ဂလာပွဲကိုလက်ခံလိုက်ရတော့တာပေါ့။ ဘုရားကျောင်းမှာ မင်္ဂလာပွဲပြီးတဲ့နောက် အမျိုးတွေစုံကြရာကနေ တောထဲကို အမဲလိုက်ထွက်ဖို့ ပြင်ကြပါတော့တယ်။သူတို့ အမဲလိုက်ထွက်တဲ့တောထဲမှာ နတ်ဆိုးတောင်ကုန်းဆိုတာရှိပါတယ်။ အဲဒီနတ်ဆိုးတောင်ကုန်းဟာ ဘာအကြောင်းကြောင့်မှန်းတော့ မသိ အလုပ်သမားတွေဟာ ဒီနေရာကို ရှောင်ကြပါတယ်။ ဒီလိုနဲ့ အဲဒီနတ်ဆိုးတောင်ကုန်းပေါ်ကို တောင်တက်ခရီးကြမ်းနှင်ဖို့ ဘေဆယ်တို့ စီစဉ်ကြတဲ့အခါမှာတော့ ......ဘိုးဘွားစဉ်ဆက် နှောင်ကြိုးတွယ်နေတဲ့ ဓလေ့ထုံးတမ်းကို စိန်ခေါ်မိသလိုဖြစ်သွားရာကနေ သူတို့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ..... အိမ်ထောင်မပြုချင်ဘဲ အလုပ်နဲ့အကိုင်နဲ့ ကိုယ့်အားကိုယ်ကြိုးစားချင်တဲ့ မာရင်လေးရဲ့ အိမ်ထောင်ရေးကိစ္စဟာရော ဘယ်လိုတွေ ဖြစ်လာမလဲ ... ဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~KKKZ~Zwe~V~ToMo တို့ပဲ ဖြစ်ပါတယ်) File size…2GB / 897MB Quality…WEB DL 1080p / ...
movie
O.Baby (2023)
2023
7.3
The Ministry of Ungentlemanly Warfare (2024)
The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာလာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံးသေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီးဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်းအဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက်ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ...
movie
The Ministry of Ungentlemanly Warfare (2024)
2024
4K HEVC
6.7
Romeo (2024)
Romeo (2024)"ရိုမီယို" ================== IMDb - 7/10ကြည်နူးချမ်းမြေ့စရာ တမီလ်စကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Pichaikkaran 1,2ဆိုပြီး သူတောင်းစားကားတွေနဲ့ နာမည်ကြီးတဲ့ တမီလ်နာမည်ကျော်မင်းသားကြီး ဗီဂျေးအန်တိုနီနဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ အသစ်ထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။အသက် ၃၅နှစ်ရောက်တဲ့ထိ ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ ချစ်ကံခေလူပျိုကြီးကတော့ အာရီဗူ။ လူကြီးတွေပေးစားဖို့လုပ်တဲ့ ကောင်မလေးတွေကိုတောင် လက်မထပ်ဘဲ အချစ်စစ်ရှာတွေ့မယ်လို့ မျှော်လင့်နေခဲ့တဲ့သူကြီး။ သူမျှော်လင့်ထားတဲ့အတိုင်း ချစ်ရတဲ့မိန်းကလေးကို ရှာတွေ့ခဲ့ပြီး လူကြီးချင်းပေးစားလို့ လက်ထပ်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့လည်း သူ့ထက် ဆယ်နှစ်ငယ်တဲ့ အဲဒီမိန်းကလေးကတော့ အာရီဗူကို ခင်ပွန်းသည်တစ်ယောက်အနေနဲ့ ချစ်ခင်စုံမက်ခြင်းမရှိခဲ့ပါဘူး။ အာရီဗူတစ်ယောက် ချစ်ရသူလည်းဖြစ် ဇနီးသည်လည်းဖြစ်ပြီးတော့ ချစ်ရတဲ့ဇနီးသည်ဆီက အချစ်ကိုရဖို့ကြိုးစားရတာတွေကို မြင်တွေ့ခံစားရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.23GB / 1.04GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Romeo (2024)
2024
6
Gadera (2024)
Gadera (2024) "ရတနာသိုက်ရှာပုံတော်"လူငယ် မျက်နှာသစ်ဒါရိုက်တာ ရေဂတ်ရှ်ဗတ်စ်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၁၂ခုနှစ် အိန္ဒိယကို ဗြိတိသျှနယ်ချဲ့တွေအုပ်စိုးချိန်။s လောဘဇောတိုက်နေတဲ့ ဗြိတိသျှလူမျိုးတွေဟာ ဟိမ၀န္တာတောင်တန်းတစ်ဝိုက်က သစ်တောတွေကိုရှင်းလင်းဖို့ အနီးနားက ရွာတွေမှာရှိတဲ့ ကျန်းမာသsန်စွမ်းတဲ့သူတွေကို အတင်းအဓ္ဓမခိုင်းစေကြပါတယ်။တစ်နေ့ ဂါဒီရာစမ်းချောင်းမှာ မျောပါလာတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းဆီကနေ ရှေးဟောင်းရွှေဒင်္ဂါးပြားတစ်ခုကို တွေ့တဲ့အချိန်မှာတော့ အရင်က ပုံပြင်လိုပြောနေကြတဲ့ ရတနာသိုက်ကြီး ရှိနေတယ်ဆိုတဲ့အချက်ဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ရွာသူရွာသားတွေကတော့ ဒီရွှေဒင်္ဂါးကို ကျိန်စာသင့်နေတာလို့ ယုံကြည်နေကြပါတယ်။ ယုံကြည်တဲ့အတိုင်းလည်း ဒီရွှေဒင်္ဂါးနဲ့ပတ်သက်သူတွေ အသေဆိုးနဲ့သေကုန်ကြပါတော့တယ်။ ကျိန်စာဆိုတာတွေကိုမယုံတဲ့ ဗြိတိသျှတွေကတော့ ဒီဒင်္ဂါးတွေ့တဲ့နေရာမှာ ရတနာသိုက်ရှိမယ်ဆိုပြီး စူးစမ်းရှာဖွေကြတဲ့နောက်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.38GB / 586MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Gadera (2024)
2024
8.8
Layar (2023)
Layar ( 2023 ) ===========အန်နီဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အမေ သူ့ကိုမွေးတဲ့ အချိန်မှာ ရုပ်ရှင်ကြမ်းပိုး သူ့အဖေက သူ့အမေနားမရှိနေဘဲ ရုပ်ရှင်ရုံကိုသွားနေခဲ့တာကြောင့် သူဟာ မွေးကတည်းက ရုပ်ရှင်တွေကို မုန်းတဲ့လူအဖြစ် မွေးလာတယ်။ ရုပ်ရှင်တွေကိုချစ်တဲ့ သူ့အဖေက သူ့ကို ရုပ်ရှင်ရုံကို လိုက်ခဲ့ဖို့ ခေါ်ပေမဲ့ သူက တစ်ခါမှ မလိုက်ခဲ့ဘူး။ တီဗီမြင်ရင် တီဗီကို တုတ်နဲ့ရိုက်ချင်တဲ့အထိ ရုပ်ရှင်ကို မုန်းတဲ့ပိုးက သူ့မှာပါလာခဲ့တယ်။ဒါက သူ့အဖေမဆုံးခင်အထိပေါ့။ သူ့အဖေဆုံးသွားတဲ့နောက် သူ့အဖေချစ်တဲ့ ရုပ်ရှင်တွေကို သူ့အဖေ ဘာလို့ ဒီလောက်ချစ်နေလဲသိရအောင် အဖြေရှာဖို့လုပ်ရင်း ရုပ်ရှင်တွေသွားသွားကြည့်ရာက ရုပ်ရှင်တွေချည်းဆက်တိုက်ကြည့်နေမိပြီး သူလည်း ရုပ်ရှင်ကြမ်းပိုဖြစ်လာခဲ့တယ်။ နောက်ဆုံး ရုပ်ရှင်အမြဲကြည့်နေရအောင် ရုပ်ရှင်ရုံမှာ အလုပ်လုပ်ခဲ့တဲ့အထိ သူက ရုပ်ရှင်တွေကိုချစ်ခဲ့တယ်။ဒီလိုနဲ့ ကိုဗစ်ကာလရောက်လာတဲ့အချိန် ရုပ်ရှင်ရုံတွေ အားလုံးပိတ်လိုက်ရတယ်။ ရုပ်ရှင်ရုံမှာ အလုပ်လုပ်နေတဲ့သူတွေ ရုပ်ရှင်ရုံကို အမီပြုပြီးနေနေရသူတွေလည်း အခက်တွေ့ကုန်ကြတယ်။ အန်နီတို့ရဲ့ နယ်ဘက်ကျေးဘက်က ...
movie
Layar (2023)
7.4
Abang Adik (2023)
Abang Adik ( 2023 ) ================မလေးရှားဒါရိုက်တာ Jin Ongရဲ့ ပွဲဦးထွက်ကားသစ်ဖြစ်တဲ့ Abang Adikဟာ Golden Horse Awardsမှာ နိုမီ၇ခုဝင်ခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီရုပ်ရှင်က မင်းသား Wu Kang-renက ရရှိထားတဲ့ ပွဲဦးထွက်ပေမဲ့ ဘောင်ဝင်တန်းဝင်ကားပါပဲ။ ထိုင်ဝမ်လို ရုပ်ရှင်အဆင့်မြင့်တဲ့ နေရာမှာပြခဲ့ပြီး တော်တော်လည်း ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Jin Ong ကိုယ်တိုင်ပဲ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး သူလည်းပွဲဦးထွက်ကားနဲ့တင် တော်တော်ချီးကျူးခံလိုက်ရပါတယ်။ ဟောင်ကောင်မှာလည်း အောင်မြင်ခဲ့တဲ့ မလေးရှားရုပ်ရှင်ပါပဲ။ဇာတ်ကတော့ မလေးရှားက ခိုးဝင်တွေအကြောင်းကို အဓိကထား ဦးတည်ထားတယ်။ ဒီထဲက ခိုးဝင်ဆိုရာမှာ လူမျိုးပေါင်းစုံပါတယ်။ အိန္ဒိယ , တရုတ်, မြန်မာ အစုံပဲ။ အဓိကကတော့ မလေးရှားမှာမွေးလာခဲ့ရင်းနဲ့ကို မွေးစာရင်းမရှိ ဘာအထောက်အထားမှမရှိလို့ ခိုးဝင်စာရင်းဝင်သွားတဲ့ လူငယ်လေးနှစ်ယောက်အကြောင်းပေါ့။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ယောက်အတွက် ...
movie
Abang Adik (2023)
5.7
The Embroidered Sword and The God of Cookery ( 2024 )
ဒီကားလေးကတော့ လူငယ်တွေအတွက် အကျိုးရှိတဲ့ ကိုယ်ဒေသရဲ့ထူးခြားတဲ့အမွေအနှစ်ကိုအသုံးချပြီး ကိုယ့်ကျေးရွာစီးပွားရေးတိုးတက်ဖို့ လူငယ်လေးတွေကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။- ဘိုးဘေးတွေက မင်ခေတ်ကတော်ဝင်ကိုယ်ရံတော်တပ်ရဲ့အမွေဖြစ်တဲ့ ရှို့ချွင်းဓားနဲ့ ရှို့ချွင်းဓားသိုင်းပညာကို အမွေဆက်ခံထားတဲ့ စားဖိုမှူးလေးတစ်ယောက်-ကိုယ့်ဇာတိရဲ့အဝေးမှာအခြေချခဲ့ပေမယ့် အသဲကွဲပြီး ကိုယ့်မျိုးနွယ်ဇာစ်မြစ်ကိုပြန်လာရှာတဲ့ ဘလော့ဂါမလေးတစ်ယောက်- မြို့ကလာတဲ့ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားပြီး အရာရာကူညီပေးနေတဲ့ ရွာသားကြီး- အစ်မကိုလိုက်ရှာရင် ရွာလေးကိုရောက်လာတဲ့ အစားအသောက်အရည်အသွေးဝေဖန်သူမြို့သားလေး သူတို့(၄)ယောက်ပေါင်းပြီးတော့ ရှို့ချွင်းဓားကိုအကြောင်းပြုပြီးတော့ ကျေးရွာတိုးတက်ဖို့ လုပ်ငန်းတည်ထောင်ကြတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Embroidered Sword and The God of Cookery ( 2024 )
Summer of Sam (1999)
ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့... File size…(3 GB)/(1.7 ...
movie
Summer of Sam (1999)
7
8 A.M. Metro (2023)
8 A.M Metro (2023) ရှစ်နာရီမက်ထရိုSaithan၊ Hate Story နဲ့Hunterrr တို့ရဲ့မင်းသား Gulshan Devaiah နဲ့ Ghoomerမင်းသမီး Saiyami Kherတို့ရဲ့ ဒရာမာကားလေးပါ.ဘဝဟာ ရထားတစ်စင်းနဲ့တူတယ်လို့ပြောကြတယ်။ ဘဝတစ်လျှောက် မောင်းနှင်သွားလိုက်ရတာ ကိုယ်ဆင်းမယ့် ဘူတာမရောက်ခင်ထိပေါ့။ ရထားပေါ်မှာ လူအမျိုးမျိုး အဖြစ်အပျက်အမျိုးမျိုးကို တွေ့ကြုံရတတ်ကြတယ်။ မြင်ရခံစားရတယ်။ ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့သူအဖို့တော့ ရထားဟာလည်း ဗလာပါပဲ။အီရာဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ပါ။ အရမ်းအလုပ်များတဲ့ ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့ ပြည့်စုံတဲ့မိသားစုလေးနဲ့ပါ။ အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရပြီး ရထားစီးရမှာ ကြောက်နေတဲ့ အီရာဟာ ဆေးရုံတက်နေတဲ့ ညီမဖြစ်သူကိုပြုစုဖို့အတွက် နှစ်ပတ်လောက် မက်ထရို(ရထား) စီးရဖို့ ဖြစ်လာပါတယ်။ အဲဒီမှာ သူ့လိုပဲ လူသိပ်မရောတတ်တဲ့ ပရီတမ်နဲ့ ဆုံခဲ့တယ်။ အီရာလိုပဲ ပရီတမ်မှာလည်း အတိတ်ဒဏ်ရာတွေနဲ့ပါ။ ဝါသနာအရ ကဗျာရေးတဲ့ အီရာဟာ ကဗျာချစ်သူပရီတမ်နဲ့ ရထားပေါ်မှာပဲ ပိုရင်းနှီးလာခဲ့တယ်။အိမ်ထောင်ကိုယ်စီရှိကြတဲ့ နှစ်ယောက်သား၊ ကဗျာရေးတဲ့သူနဲ့ ကဗျာဖတ်တဲ့သူနှစ်ယောက်ကြား ခင်မင်ရုံပဲလား။ အဲဒီထက်ပိုလာမလား။ နှလုံးသားချင်းနီးစပ်ရင် အချိန်တွေဟာ အလကားပါဆိုတဲ့ စကားအတိုင်း ...
movie
8 A.M. Metro (2023)
2023
Shaandaar (2015)
Shaandaar 2015 (ဖူးစာ)Super 30, Shaitaan, Goodbye တို့လို နာမည်ကြီးဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတင်ဆက်ထားပြီး အကောင်းဆုံးဒါရိုက်တာဆုကို ရရှိထားတဲ့ ဒါရိုက်တာVikas Bahl ဘတ်ဂျက်သန်း၆၀၀နဲ့ ရိုက်ကူးထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးရုပ်ရှင်ကားကြီးကို တင်ဆက်ပေးထားပါတယ်။ဘောလိ၀ုဒ်ပရိသတ်တို့ရဲ့ အချစ်တော် ရှာဟစ်ကပူးလ်နဲ့ အာလီယားတို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။အာလီယားလေးက ညမအိပ် နေ့မအိပ်တဲ့ဇီးကွက်လေးလို့ မွေးစားဖခင်ကတင်စားထားရသူလေးပါ။ မိဘမဲ့တစ်ယောက်ကိုအိမ်ခေါ်လာပြီးတော့ သမီးရင်းလိုပြုစုစောင့်ရှောက်ထားပေမဲ့ ဘယ်ကနေခေါ်လာတယ် ဘာလို့ခေါ်လာတယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ ဒီလိုနဲ့နှစ်တွေကြာပြီး ကြီးပြင်းလာချိန်မှာတော့ မွေးစားဖခင်ဘီပင်ရဲ့သမီး မင်္ဂလာပွဲစီစဉ်ဖို့အကြောင်းဖန်လာခဲ့တယ်။ ပွဲစီစဉ်ဖို့သွားရင်း လမ်းမှာ ရှာဟစ်နဲ့ကားအက်စီးဒင့်ဖြစ်ကြပါလေရော။ ဘီပင်နဲ့ရှာဟစ်တို့ စကားအချေအတင်ဖြစ်ရင်း ကားပေါ်ကဆင်းလာတဲ့ အာလီယားလေးကိုမြင်တော့ နှစ်သက်ရတဲ့ဆေးလိပ်ကိုတောင် ပစ်ချရတဲ့ထိ မြင်မြင်ချင်းသဘောကျသွားလေရဲ့။ကံကြမ္မာဖန်လေတော့ မင်္ဂလာပွဲစီစဉ်သူက ရှာဟစ်ဖြစ်နေပြီး ရှာဟစ်နဲ့အာလီယားတို့ကြား ဘယ်လိုဇာတ်လမ်းတွေ ဖြစ်တည်လာမလဲဆိုတာကတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…4.12GB / 1.53GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shaandaar (2015)
2015
6
The Victims ( 2024 )
ဒီတစ်ခါမှာတော့ မှုခင်းဇာတ်ကားကောင်းကောင်းကြည့်ချင်နေကြတဲ့ ပရိတ်သတ်ကြီးအတွက် The Victim ဆိုတဲ့ မှုခင်းဇာတ်ကားကောင်းလေးကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ - ဟွမ်ချွဲ့ဗီလာစားသောက်ဆိုင်မှာ အားလုံးဘောလုံးပွဲကြည့်နေကြတုန်းမှာ ဆိုင်ရှေ့မှာရပ်ထားတဲ့ကားက alarm မြည်တာမလို့ မန်နေဂျာမာဆိုတဲ့သူကသွားကြည့်ခဲ့ပါတယ် ။ အဲဒီအချက်ပေးသံထမြည်တဲ့ကားထဲမှာ အမျိုးသမီးတစ်ယောက် သေနေရာကနေ ဒီဇာတ်လမ်းလေးစခဲ့ပါတယ် ။မန်နေဂျာမာရဲတိုင်ပြီးပြီးချင်းမှာ ရဲတွေရောက်လာပြီး စစ်ဆေးကြရာမှာ သေဆုံးသူက ကာရာအိုကေဆိုင်က ကွမ်းရှို့ယင်းဆိုတဲ့အမျိုးသမီးဖြစ်ပြီး သေဆုံးပုံကလည်း လည်ပင်းအညှစ်ခံထားရတဲ့အပြင် ဓားနဲ့ပါအထိုးခံထားရပါတယ် ။အဲဒီထူးဆန်းတဲ့လူသတ်မှုကို ရဲတွေစုံစမ်းဖို့လုပ်ပေမဲ့ ဟွမ်ချွဲ့ဗီလာက CCTV မရှိတဲ့အပြင် လူသွားလူလာပြတ်တဲ့နေရာဖြစ်နေချိန်မှာတော့...ကွမ်းရှို့ယွမ်ကိုသတ်တဲ့သူကဘယ်သူဖြစ်မလဲ ? ရဲတွေသံသယရှိနေတဲ့သူနဲ့ တကယ့်တရားခံအစစ်ကရောတူညီနိုင်ပါ့မလား ? ဆိုတာကို ဇာတ်လမ်းထဲမှာ အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်စွားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie
The Victims ( 2024 )
5.2
The Day Before The Wedding (2023)
The Day Before The Wedding (2023)=========================IMDb - 5.2/10ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ 2023 မှာထွက်ရှိထားတဲ့ The Day Before The Wedding ဆိုတဲ့ ဒရာမာကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေယာဥ်မယ်အရမ်းဖြစ်ချင်တဲ့ကလယ်ရာတစ်ယောက် သူ့အိမ်မက်ကို ဆက်လျှောက်လှမ်းဖို့ သူငယ်ချင်းဖြစ်သူ ကီနန်နဲ့အတူ မဂ်လာဝတ်စုံပြစားရင်း ဘဝကိုဖြတ်သန်းခဲ့ကြပါတယ် တစ်နေ့ သူငယ်ချင်းဖြစ်သူ ကီနန်မှာလည်းကိုယ်ဝန်ရှိ မိမိမှာလည်းကိုယ်ဝန်ရှိလာတာကိုသိလိုက်ရတဲ့အပြင် ကိုယ်ဝန်တွေက အမျိုးသားတစ်ယောက်တည်းကကြောင့်ဆိုတာ သိလိုက်ရတဲ့အခါ ကလယ်ရာနဲ့ကိုနမွသူငယ်ချင်းနှစ်ယောက်ကြား ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်File size_(950MB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB
movie
The Day Before The Wedding (2023)
First
45
46
47
48
49
Last
Previous
Next