Channel Myanmar
Drama
Saving Mr. Wu (2015) 6.7
Saving Mr. Wu (2015) ဒီဇတ်ကားဟာ အဆိုတော် မင်းသားကြီး Andy Lau ကို အကြမ်းအရမ်း ပုံစံမျိုးနဲ့ တွေ့ရမှာ မဟုတ်သလို ခပ်ညံ့ညံ့ ပုံစံမျိုးလဲ မဟုတ်ပြန်ပါဘူး... ရုပ်ရှင်မင်းသားကြီး ဝူ ဟာ သူ့မန်နေဂျာ နှင့် အတူ ပွဲတစ်ခုမှ အပြန် ရဲဟု ပြောဆိုသူတွေထံ အကြောင်းရှာဖမ်းဆီးခံလိုက်ရပါတယ် နောက်မှ သိရတာကတော့ ရဲဆိုသူတွေဟာ ရဲအတုတွေ ဖြစ်ပြီး ဝူ ကို ပြန်ပေးဆွဲပြီး အကျပ်ကိုင် ငွေညှစ်မယ့်သူများပဲ ဖြစ်ပါတယ်... ပြန်ပေးဆွဲသူဟာလဲ အရင်က လိမ်လည်မှုများနဲ့ ထောင် ၉ နှစ်ကျပြီး ထောင်က ထွက်လာတာ တစ်နှစ်မပြည့်သေးတဲ့ သူ တစ်ဦးလဲ ဖြစ်နေပါတယ် ပိုဆိုးတာက သူ ပြန်ပေးဆွဲတဲ့သူတွေကို ပိုက်ဆံမရရအောင် အကုန် ညှစ်ယူပြီး အသက်ရှင်လျက် ပြန်မလွှတ်တက်တဲ့နေရာမှာ နာမည်ကြီးပြန်ပါတယ်... ဝူ ထက် အရင် ဖမ်းဆီးခံရသူနှင့် ဝူ နှစ်ဦးသားဖမ်းဆီးခံထားရပြီး အရင်ဖမ်းဆီးခံထားရသူတွက်ပါ သနားသဖြင့် ဝူ မှ ပြန်ပေးငွေ ပေးမည်ဟု ကတိခံပြီး သူ့အိမ်တွင် ဘဏ်ကတ် သွားယူရန် လူဆိုးအားပြောလိုက်ပါတယ် ဘတ်ကတ် ...
movie
Saving Mr. Wu (2015)
Three Steps Above Heaven (2010) 7.0
Three Steps Above Heaven (2010) Three Steps Above Heaven (2010)________IMDb - 7.0/10  IMDb rating 7.0 အထိရထားတဲ့ စပိန် အချစ်ဇာတ်ကားလေးတကားဖြစ်ပါတယ် ခပ်မိုက်မိုက် လမ်းသရဲကောင်လေးနဲ့အဖြူထည် ကျောင်းသူလေးတို့ရဲ့ ရိုမတ်ဆန်စွာရိုက်ကူးထားတဲ့အချစ်ဇာတ်လမ်းလေးလို့ပဲဆိုပါတော့ ... ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုင်ကယ်စကေး လမ်းသူရဲ ကောင်လေးလည်း အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့တွေ့တော့ နှလုံးသားရဲ့ခံစားချက်အရာအားလုံးကိုခဝါချရတော့တာပေါ့.... မူချင်ပေမယ့်လည်း ... မူချိန်မရလိုက်တဲ့ မယ်မဒီလေး .... ကောင်လေးရဲ့ ကြွပ်ဆပ်ဆပ် အပြုအမူတွေကြားမှာ အကန်းတစ္ဆေမကြောက်သလိုဖြစ်ခဲ့ရပြီလေ... အမေ့ရဲ့အုပ်ထိန်းမှုအောက်မှာ ကြီးပျင်းလာရတဲ့ သမီးအလိမ္မာလေး ကောင်လေးရဲ့အချစ်တစ်ခုအတွက် အရာအားလုံးကို စုန်ကန်ဖို့အသင့်ဖြစ်နေတာပေါ့... အချစ်ကို ပုံလောင်းချင်တဲ့အမေလည်း သမီးကို မျက်စိဒေါက်ထောက်ကြည့်နေပေမယ့် ယောက္ခထီးကို အပိုင်ချုပ်နိုင်တဲ့ ကောင်လေးရဲ့စကေးတစ်ပေါက်ကြောင့် သမီးလေးကို လိုက်မမှီတော့ဘူးလေ... ကောင်းကင်အထက် သုံးမီတာအထိ မြင့်တဲ့သူတို့ ရဲ့ အချစ်ရထားလေးကို ရိုမန်တစ်ဆန်ဆန်မြှင့်ရင်း ခုတ်မောင်းလာခဲ့တာ နေဝင်ချိန်ကမ်းခြေအလှနှင့်အတူ အိမ်တွင်းပုန်းကျောင်းသူလေးရဲ့ အပျိုစင်ဘဝလေးက...??? မိခင်ရဲ့ ပုံစံခွက်ထဲက ရုန်းထွတ်နိုင်အောင် ကြိုးစားနေတဲ့ သမီးလေးရဲ့ ဘဝ??? မတူညီတဲ့ဘဝနှစ်ယောက်ရှိတဲ့လူနှစ်ယောက် အချစ်ဆိုတဲ့အရာကို တခုတည်းပေါင်းစည်းနိုင်မှာလား ကဲ... အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့လမ်းသူရဲလေးကောင်လေးတို့ ကောင်းကင်အထက်သုံးမီတာမှာ ဘာဆက်ဖြစ်ကြမလဲ ....IMDb rating ...
movie
Three Steps Above Heaven (2010)
Race (2016) 7.1
Race (2016) Race (2016) IMDb - 7.1/10_____Rotten - 62%    ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။ ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။ CM ပရိသတ်များ အားပေးလိုက်ကြပါဦး။   (ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)     File Size         : 952 MB Quality           : Blu ray 720P Running Time : 2hr 14 minute Format           : Mp4 Genre             : Biography,Drama,sport Encoder         : Joker.phs  
movie
Race (2016)
2016
Gone With The Wind (1939) 8.1
Gone With The Wind (1939) ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား " လေရူးသုန်သုန် " ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့ ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီးအေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်းနောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး ၈ဆု ရခဲ့တဲ့ဇာတ်ကားဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ 94% နဲ့ imdb မှာ 8.2ရထားတဲ့ကားမသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ ထိပ်ဆုံး list ကနေပါတဲ့ကားစပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကားဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က ၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက် အရွဲ့တိုက်ချင်တဲ့စိတ် ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . .အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ...
movie
Gone With The Wind (1939)
The Promise (2005) 5.6
movie
The Promise (2005)
2005
From Vegas To Macau III (2016) 2.3
From Vegas To Macau III (2016) From Vegas To Macau III (2016)_____IMDb - 2.3/10   အက်ရှင်ကြမ်းကြမ်းတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ The Man From Macau 3ကို မင်းသားကြီး Chow Yun-fat အပြင် မင်းသား Andy lau ပါ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကန်(Chow Yun-fat)ရဲ့သမီးနဲ့ သူ့တပည့်ရဲ့ မင်္ဂလာပွဲကို အကြမ်းဖက်တိုက်ခိုက်ခံရပါတယ်...အဲ့ဒီအချိန်မှာပဲ ကန်ဆေးရုံရောက်နေတဲ့အချိန်မှာ ဒီအိုအေရဲ့ ငွေကို ခိုးယူထားပါတယ်ဆိုပြီး ကန်တယောက်အဖမ်းခံရပါတော့တယ် ကန်တယောက် အဖမ်းခံရတာကို ထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာပဲ ကျင်စက်နဲ့ပစ်ဖမ်းခံရတာကြောင့် ထောင်ထဲရောက်တဲ့အချိန် အတိတ်မေ့သွားပြီ ရူးသလိုနှမ်းသလိုဖြစ်သွားရှာတယ်.....ရူးသလိုဖြစ်နေတဲ့ကန်တယောက် အရင်ဇာတ်ကားတွေထက် ပိုစွမ်းတဲ့လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုကြပါအုံးစို့ထွက်သမျှ Movieတွေထဲမှာ အကြည်ဆုံးက တရုတ်စာတန်းထိုးအသေနဲ့ ဖြစ်နေဖို့ Subtitle ကို အရောင်ထည့်ပြီး ကြည့်ရ အဆင်ပြေအောင် လုပ်ထားပါတယ်။ Subtitle Qualityနဲ့ ပတ်သတ်ပြီး စိတ်တိုင်း ...
movie
From Vegas To Macau III (2016)
2016
Ocean Heaven 2010(မြန်မာစာတန်းထိုး)
Ocean Heaven 2010(မြန်မာစာတန်းထိုး) ဒီဇာတ်ကားလေးဟာ IMDB Rating 7.7 ထိတောင်ရရှိထားတဲ့ အက်ရှင်မင်းသားကြီးဂျက်လီရဲ့ အတိုက်ခိုက်အသတ်ပုတ်ဇာတ်ဝင်ခန်းတွေမပါတဲ့ မိဘမေတ္တာဘွဲ့ဇာတ်ကားလေးပါ..... ဇာတ်လမ်းအညွှန်းပြောရရင် ဝမ်ဇီချန်းဆိုတဲ့ ဖခင်တစ်ယောက်နဲ့ ဒါဖူးဆိုတဲ့ စိတ်မနှံ့ရှာတဲ့သူ့ရဲ့သားတို့ ဇာတ်လမ်းအကြောင်းပါ ။ ဝမ်ဇီချန်းဟာ အသည်းကင်ဆာဝေဒါနာခံစားနေရပြီးတဲ့နောက်မှာ သူတစ်သက်လုံးပြုစုစောင့်ရှောက်လာတဲ့ သူ့ရဲ့သားငယ် ဒါဖူး ကို စိတ်မချတဲ့အတွက် သူ့သားငယ်ကိုလက်ခံနိုင်မဲ့ မိဘမဲ့ဂေဟာတွေ စိတ်မနှံ့တဲ့ကလေးများကျောင်းတွေကို လိုက်ပို့ခဲ့ပေမဲ့ ဒါဖူးရဲ့အသက်အရွယ်ကြောင့် အားလုံးကငြင်းဆိုခဲ့ပါတယ်။ ဒါ့ကြောင့် ဝမ်ဇီချန်းဟာ ဘယ်ကမှလက်မခံနိုင်မဲ့အတူး သူမရှိတော့တဲ့အချိန်မှာ စိတ်မနှံ့ရှာသူ သူ့ရဲ့သားဖြစ်သူ ဒါဖူး ကို လူ့လောကအလယ်မှာ တစ်ယောက်တည်းရပ်တည်နိုင်အောင် သာမန်လူတစ်ယောက်ရဲ့ နိစ္စဓူဝ အလုပ်တွေကိုကြိုးစားသင်ပေးပါတော့တယ် ...ဒါဖူးကိုလက်ခံနိုင်မဲ့ ဂေဟာကိုရော ဝမ်ဇီချန်းရှာတွေ့နိုင်ပါ့မလား ဒါဖူးကရော သူ့အဖေမရှိတော့တဲ့နောက် လူ့လောကအလယ်မှာတစ်ယောက်တည်းရပ်တည်နိုင်သွားပါ့မလားဆိုတာ Ocean Heaven ဆိုတဲ့ ယခုရုပ်ရှင်ဇာတ်ကားလေးကိုသာ ကြည့်လိုက်ကြပါ ။ ဘာသာပြန်အညွှန်းရေးသူကတော့ ညီလေး Moe Oo Mann ပဲဖြစ်ပါတယ် @ မြန်မာကြီးFile size     ...
movie
Ocean Heaven 2010(မြန်မာစာတန်းထိုး)
Enemy At The Gates (2001) 7.6
Enemy At The Gates (2001) UnicodeIMDb rateing 7.6 ရှိတဲ့ Enemy at the Gates မှာ D-Day မတိုင်ခင် ဂျာမန်တို့လက်သံပြောင်ခဲ့တာကိုကြည့်ချင်တဲ့ သူတချို့အတွက်တော့ အထိုက်အလျောက် ကျေနပ်မှာပါ ဆိုဗီယက်တို့ရဲ့စတာလင်ဂရက်မြို့(ယခု စိန့်ပီတာစဘတ်မြို့) ကို ဂျာမနီဝင်တိုက်သောအခါဝယ်.....မျှော်လင့်ချက်ကုန်ဆုံးနေတဲ့  ဆိုဗီယက်တို့အတွက် သူရဲကောင်းတယောက် ပေါ်လာခဲ့တဲ့ သူက ဗာစီလီဇိုင်းဆက်ဗ်လို့ခေါ်တဲ့ရူရယ်တောင်တန်းဘက်က လာတဲ့လက်ဖြောင့်တပ်သားတယောက် ... စိန့်ပီတာစဘတ်မြို့ကျသွားရင် ဆိုဗီယက် တနိုင်ငံလုံး ပြိုကွဲမယ့်အခြေအနေမှာ သူက ဆိုဗီယက်တွေတိုက်ချင်ခိုက်ချင်စိတ်ပေါ်လာအောင်နှိုးဆွခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်သလို ဂျာမန်တွေအတွက်တော့အိပ်မက်ဆိုးဖြစ်ခဲ့တယ်ဂျာမန်ဘက်ကလဲ သူ့ကို နှိမ်နင်းဖို့အတွက် ဗိုလ်မှူးကိုနင် ဆိုတဲ့ ဝါရင့်လက်ဖြောင့်သမားတယောက်စေလွှတ်လိုက်တဲ့အခါမှာ ပညာ သမ္ဘာအတွေ့အကြုံ သာလှတဲ့ ဗိုလ်မှူးကိုနင်ရဲ့အောက်မှာ ရုရှားကောင်လေးဘယ်လောက်တောင် စိတ်ဒုက္ခရောက်မလဲ သူ့မိတ်ဆွေတွေရောဘယ်လောက်တောင်ဆုံးရှုံးရမယ်လဲ ဆိုတာ...... ကိုတော့ ဆက်လက်အားပေးခံစားကြပါအုံး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ကို မြန်မာကြီး ခေါ် ကို အောင်အောင်ဦးပါ)ZawgyiIMDb rateing 7.6 ရှိတဲ့ Enemy at the Gates မှာ D-Day မတိုင်ခင် ဂျာမန်တို့လက်သံပြောင်ခဲ့တာကိုကြည့်ချင်တဲ့ သူတချို့အတွက်တော့ အထိုက်အလျောက် ကျေနပ်မှာပါ ဆိုဗီယက်တို့ရဲ့စတာလင်ဂရက်မြို့(ယခု စိန့်ပီတာစဘတ်မြို့) ကို ဂျာမနီဝင်တိုက်သောအခါဝယ်.....မျှော်လင့်ချက်ကုန်ဆုံးနေတဲ့  ဆိုဗီယက်တို့အတွက် သူရဲကောင်းတယောက် ပေါ်လာခဲ့တဲ့ သူက ဗာစီလီဇိုင်းဆက်ဗ်လို့ခေါ်တဲ့ရူရယ်တောင်တန်းဘက်က လာတဲ့လက်ဖြောင့်တပ်သားတယောက် ... စိန့်ပီတာစဘတ်မြို့ကျသွားရင် ဆိုဗီယက် တနိုင်ငံလုံး ပြိုကွဲမယ့်အခြေအနေမှာ သူက ဆိုဗီယက်တွေတိုက်ချင်ခိုက်ချင်စိတ်ပေါ်လာအောင်နှိုးဆွခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်သလို ဂျာမန်တွေအတွက်တော့အိပ်မက်ဆိုးဖြစ်ခဲ့တယ်ဂျာမန်ဘက်ကလဲ ...
movie
Enemy At The Gates (2001)
Pyaar Ka Punchnama 2 (2015) 7.2
movie
2015
Death Note TV Series (2015)
Death Note TV Series (2015) အခုတင်မဲ့စီးရီးကတော့ ဂျပန်ဇာတ်ကားကောင်းကြိုက် ပရိသတ်ကြီးအတွက် Death Note(2015) Series ပါ အရင် DeathNote movie တုန်းကလိုပဲ Kira(Light) နဲ့ L တို့ရဲ့ ကြားထဲက ကစားပွဲလိုပါပဲ DeathNote ဟာ ဂျပန် မန်ဂါ ကနေပြီးတော့ Live Action ပြန်ရိုက်ထားတဲ့ဇာတ်လမ်းပါပဲ Movie တုန်းကတော့ အကျဉ်းချုံးသဘောမျိုးဖြစ်ပေမဲ့ Series ပြန်ရိုက်တဲ့အခါမှာတော့ မန်ဂါထဲကဇာတ်လမ်းတွေ အတတ်နိုင်ဆုံး စုံအောင်ပြန်ရိုက်ထားပါတယ်ဇာတ်လမ်းသွားကတော့ Light တစ်ယောက် သူငယ်ချင်းဖြစ်သူ အနိုင်ကျင့်ခံရတာကနေ မကျေနပ်စိတ်တွေဖြစ်တုန်း သေမင်း Ryuk နဲ့တွေ့ Deathnote စာအုပ်ကို ရလာပါတယ် ဒီစာအုပ်မှာ နာမည်ရေးခံရရင် အဲ့ဒီသူဟာ စက္ကန့်၄၀ အတွင်းသေမှာဖြစ်ပါတယ် သေရမဲ့အကြောင်းရင်းကိုရေးထားရင် အဲ့ဒီအတိုင်းသေပြီးတော့ မရေးရင်တော့ နှလုံးရုတ်တရက်ဖောက်ပြီး သေမှာပါ Light တစ်ယောက် Death Note စာအုပ်နဲ့ Lကို ဘယ်လို ...
movie
Death Note TV Series (2015)
The Lady (2011) 7.1
The Lady (2011) The Lady (2011) ********************************(သံမဏိလိပ်ပြာ)IMDB (7.1)Google users 81% ဇာတ်လမ်းအကျဉ်း ——————– ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဂဠုန်ဦးစော ကလုပ်ကြံ သတ်ဖြတ်တဲ့ နေရာကနေစပြီးတော့ အခြေတည်ထားပါတယ်။ ထိုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ၂နှစ်အရွယ် သမီးလေးအဖြစ်သာရှိနေပါသေးတယ်။အသက်အရွယ်ရလာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အင်္ဂလန်မှာပဲ အခြေကျပြီးတော့ Michael Aris (Oxford ကဆရာ) နဲ့ အိမ်ထောင်ကျပါတယ်။ သား၂ယောက်ထွန်းကားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ်စု အမေ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ဒေါ်စု ပြန်လာတဲ့အခိုက် မှာ ၁၉၈၈ အရေးအခင်းနဲ့ကြုံရပြီးတော့…..မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအတွက် သူမရဲ့ဘဝတစ်ခုလုံးကိုရင်းနှီးမြှပ်နှံထားပုံတွေကို သမိုင်းပေါ်အခြေခံလို့ ကြည့်ရှုရမယ့် Biographical Film ဖြစ်ပါတယ်။Review CrdFile Size : (GB) and (1.3 GB) Quality : Blu-Ray 1080p Format…mp4 Duration… 2h 12min Genre : Biography, Drama, History Subtitle : Myanmar ...
movie
The Lady (2011)
2011
Bridge Of Spies(2015)
Bridge Of Spies(2015) ဒုတိယကမ္ဘာစစ်အပြီး အချိန် ဆိုဗီယက်ပြည်ထောင်စုအင်အားကောင်းနေချိန် ဂျာမနီမှာ အုပ်ချုပ်မှုကိစ္စရှုပ်ထွေးနေချိန် အရှေ့ဂျာမနီ အနောက်ဂျာမနီခွဲခြားပြီး ဘာလင်တံတိုင်းကြီးဆောက်နေချိန် အမေရိကန်တို့ရဲ့ သြဇာကြီးမားနေတဲ့ဆိုဗီယက်အပေါ်စိုးရိမ်မှုကြီးထွားနေချိန် စစ်အေးကာလအရှိန်မြင့်တက်နေဆုံးအချိန် အမေရိကန်ပြည်သူတွေစိတ်ထဲ ဆိုဗီယက်ကအမေရိကန်ကိုအနုမြူဗုံးကျဲမယ်လို့ အထင်ရောက်နေတဲ့အချိန် သမရိုးကျစစ်မှ ဘက်ပေါင်းစုံစစ်ဆင်ရေးကိုအရှိန်အဟုန်မြှင့်နေတဲ့အချိန်ဒီလိုအမှားအယွင်းမခံနိုင်တဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံ၂ခုရဲ့ အင်အားချိန်ခွင်မျှနေတဲ့အချိန်မှာ ဆိုဗီယက်တို့ရဲ့ နျူးကလီးယားစွမ်းအင်တွေကိုထောက်လှမ်းဖို့အမေရိကန်တို့ရဲ့နောက်ဆုံးပေါ် ယူ၂ လေယဉ်တွေက ဆိုဗီယက်ပိုက်နက် ပေ ၇၀၀၀၀ အထက်က ထောက်လှမ်းဖို့စေလွှတ်ခဲ့တယ် ပေ ၇၀၀၀၀ ဆိုတဲ့အမြင့်ပေကအဲဒီ့ခေတ်အခါက လေယဉ်မှူးတွေတောင်မယုံလောက်အောင်ပျံနိုင်တဲ့အမြင့်ပေ ထူးခြားတာက ဒီစစ်ဆင်ရေးကိုဦးဆောင်တာက စီအိုင်အေဖြစ်ပြီးတော့ စစ်တပ်က သတင်းစစ်ဆင်ရေးအတွက် အချက်အလက်တွေစုဆောင်းပေးရတဲ့စစ်ဆင်ရေးမျိုး ဒီစစ်ဆင်ရေးမှာပါတဲ့ အမေရိကန်လေတပ်ဗိုလ်ပါဝါတယောက်လဲ ပါဝင်ခဲ့တယ် မိဘဆွေမျိုးချစ်သူမပြောနဲ့စစ်ဆင်ရေးခန်းကထွက်တာနဲ့ဒီသတင်းကို အကောင်အထည်ဖော်ဖို့ပဲအာရုံ ထားခိုင်းပြီး အထူးလျှို့ဝှက်ထားခဲ့တယ် ဒါတင်မကဘူး ဒီစစ်ဆင်ရေးမှာပါတဲ့လူတွေက အဖမ်းခံခွင့်မရှိဘူး လေယဉ်ကို ဆိုဗီယက်တွေမိသွားခွင့်မရှိဘူး မိသွားခဲ့ရင်တောင်ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ထောင့်စေ့အောင်စီစဉ်ခဲ့တယ် ကံမကောင်းစွာနဲ့ပဲ ဗိုလ်ပါဝါရဲ့လေယဉ်ဟာပစ်ချခံရပြီးအဖမ်းခံခဲ့ရတယ်........သတင်းစစ် စစ်အေးကာလဖြစ်တဲ့အလျောက် ဆိုဗီယက်တို့ကလဲ အမေရိကန်ထဲကိုသူလျှိုတွေကိုကေဂျီဘီအဖွဲ့အုပ်ချုပ်မှု အောက်ကနေပြီးတန်ပြန်စစ်ဆင်ရေးတွေ လုပ်ခဲ့တယ် ဒီနေရာမှာဗိုလ်မှူးကြီး ရူးဒေါ့ဖ်အေဗယ်လဲအပါအ၀င်ပေါ့ ရူးဒေါ့ဖ်အေဗယ်လဲ အမေရိကန်တန်ပြန်ထောက်လှမ်းရေးလက်ထဲကိုရောက်သွားတဲ့အခါ......ဗိုလ်ပါဝါလေယဉ်ပျက်ကျခဲ့တာကိုအမေရိကန်တို့အနေနဲ့ နာဆာက မိုးလေ၀သတိုင်းတာတဲ့လေယဉ်ပျောက်ဆုံးသွားပြီဆိုပြီး သတင်းဖြန့်ခဲ့သလို ဆိုဗီယက်တို့ကလဲ ပါဝါ့ကိုအခမ်းအနားထုတ်ပြီးသူလျှိုဖမ်းမိကြောင်းကြေငြာခဲ့တယ်တဆက်ထဲမှာပဲ ဆိုဗီယက်သြဇာကြီးထွားနေတဲ့ အရှေ့ဂျာမနီကိုအမေရိကန်တို့ကအသိအမှတ်မပြုခဲ့သလို အမေရိကန်နိုင်ငံသားမည်သူမဆိုလက်ထဲလမ်းပြမြေပုံကိုင်မိရင်တောင် သူလျှိုလို့ဖမ်းဆီးခံနေရတဲ့အရှေ့ဂျာမနီမှာ အမေရိကန်ကျောင်းသားတယောက်ပရိုင်ရာဟာသူလျှိုမှုနဲ့ဖမ်းဆီးခံလိုက်ရတယ်......ဒီလိုအခြေအနေရှုပ်ထွေးနေတဲ့အချိန်မှာ ပြစ်မှုအတွေ့အကြုံကောင်းရှိတဲ့အာမခံရှေ့နေတယောက်က အမေရိကန်တနိုင်ငံလုံး ကန့်ကွက်နေတဲ့ကြားက သူလျှိုအတွက်လျောက်လဲချက်တင်ဖို့တာဝန်ပေးခြင်းခံရတယ် သူ့မိသားစုဟာဒီလုပ်ရပ်အတွက် ချောင်းမြောင်းလုပ်ကြံခံရပေမယ့်အသက်အန္တရာယ်တစုံတခုမကျရောက်ခဲ့ဘူး ရဲတွေကအစဒီလုပ်ကြံမှုကိုမျှတတယ်လို့မပြောယုံတမယ် ကန့်ကွက်နေတဲ့ကြားက ခံယူချက်စေတနာအတွေးအခေါ်အပြည့်နဲ့အရည်အချင်းရှိတဲ့ရှေ့နေတယောက်ရှိခဲ့တယ် သူကတော့ ဂျင်မ်ဒိုဗန်နို.(တွမ်ဟန့်)ပဲဖြစ်ပါတယ်.......လူ့အခွင့်အရေးဆိုတဲ့စကားမတွင်ကျယ်လှသေးတဲ့ အဲဒီ့ခေတ်မှာသူ့လုပ်ရပ်တိုင်းဟာလူအမုန်းခံရစရာတွေချည်းပဲ ဒါတင်မကဘူး ပါဝါနဲ့အေဗယ်တို့သူလျှိုချင်းလဲလှယ်ဖို့ကိစ္စကိုလဲ ...
movie
Bridge Of Spies(2015)
Aashiqui 2 (2013) 7.0
movie
Aashiqui 2 (2013)
2013
Miracle in Cell No. 7 (2013) 8.2
Miracle in Cell No. 7 (2013)