Channel Myanmar

Drama

I Am in Love With Chuch Girl (2013) 4.5
I Am in Love With Chuch Girl (2013)   ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့ပြီး ပြသချိန် ၁နာရီနဲ့ ၅၈မိနစ်ရှိတဲ့ အချစ် အကြမ်း ကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်လမ်းလေးကတော့ ဘ၀မှာ ဘယ်လောက်ပဲ ဆိုးမိုက်နေတဲ့သူဖြစ်ဖြစ် အချစ်နဲ့ တွေ့ရင်တော့ အရာရာ ဟာပြောင်းလဲသွားတတ်တယ် ဆိုတဲ့ အကြောင်းလေးကို ရိုက်ပြထားတာပါ ဇာတ်လမ်းအကျဥ်းလေးကတော့ မိုင်လ် ဟာ အရင်က မူးယစ်ဆေး အလုပ်နဲ့ အသက်မွေးခဲ့ပြီးနောက်ပိုင်း ချမ်းသာလာတဲ့ အခါမှာ သူဟာ အလုပ်က အနားယူခဲ့ပါတယ် ဒါပေမဲ့ DEA ( Drug Enforcement Administration ) ရဲ့ ရာဇ၀င်လန်ပြီး အမှုဖွင့်ခံလိုက်ရတဲ့ အခါမှာ သူဟာ တရားရုံးမှာ အမှုရင်ဆိုင်ရပါတော့တယ် ဒီလိုနဲ့ မိုင်လ် ဟာ တရားရုံးမှာ အမှုရင်ဆိုင်ရင်း သူ့အိမ်မက်ထဲက မိန်းမပျိုလေးနဲ့ တွေ့ဆုံမိတဲ့ အခါမှာတော့ ဘယ်လို အချစ်ဇာတ်လမ်းကောင်းလေး တစ်ခု ဖြစ်ပေါ်လာလေမလဲဆိုတာကို ဆက်လက် ကြည့်ရှူကြရမှာပါCM Link Download On Google Drive   Download On Pcloud   Download On Openload   Download On Hubic   Download On Mega   Download On Yandex
movie


2013
Tunnel (2016) 6.9
Tunnel (2016) Tunnel (2016) IMDb - 6.9/10_____Rotten 100%    IMDb 6.9 Rotten Tomatoes 100 percent 2016ခုနှစ်ထွက် korea movieတွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် train to busan ဇတ်ကားပြီးရင်အကောင်းဆုံးကဒီ Tunnel ဇတ်ကားပါပဲ ကျွန်တော်ဆိုလုံးဝထိုင်ရာကတောင်မထပါဘူး (၃ခါတောင်ကြည့်တာ ပြီးမှဘာသာပြန်တာ ) ဇတ်လမိးအကျဉ်းကိုပြောပြရရင် KIA ကားcompanyအရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့လီဂျံ ု ဆူတစ်ယောက်သူ့ သမီးလေးမွေးနေ့အတွက်အိမ်အပြန်လမ်းမှာဥမင်လိူဏ်ခေါင်းပြိုကျပြီးပိတ်မိသွားပါတယ် ပိတ်မိနေတဲ့အချိန်အတောအတွင်းမှာတောင်သူ့ ရဲ့တစ်ဖက်သားကိုကူညီတတ်တဲ့စိတ်ဓာတ် နောက်ဆုံးအချိန်ထိအရူံးမပေးတဲ့စိတ်ဓာတ်တွေဟာတကယ်ကိုလေးစားဖို့ကောင်းပါတယ် (တခြားကောင်းတဲ့အချက်တွေရေးပေးချင်ပေမယ့်spoilerဖြစ်မှာဆိုးလို့မရေးတော့ပါဘူး) လီဂျုံဆူ အနေနဲ့နောက်ဆုံးအချိန်ထိအသက်ရှင်နိုင်မလားဆိုတာ CMပရိတ်သတ်ကြီးအမြန်ဆုံးပဲဒေါင်းကြည့်လိုကိကြပါခင်ဗျာ ဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်    File Size - 996 MB Quality - BR-Rip 720p Duration - 2hrs 6mins Translator - Kaung Myat Thu Encoder - Tariq L Walker  
movie

Tunnel (2016)

2016
Angrej (2015) 8.6
Angrej (2015) IMDb rating 8.6 ရရှိထားပြီး ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ အချစ် နဲ့ ဘ၀ အခြေအနေ ဇာတ်ကြောင်းလွန်ဆွဲကြပုံကို ရိုက်ပြထားပြီး လူငယ်လေးတယောက်က မိမိဘ၀အခြေအနေနဲ့ အချစ်ရေး ၂ခုကြားထဲမှာ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာကို ဒွိဟဖြစ်ပုံကို ပညာသားပါပါ ရိုက်ကူးပြသပေးထားပြီး ယခုခေတ်လူငယ်တွေ အတုယူကြည့်ရှူသင့်တဲ့ ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးခြင်ပါတယ် ဇာတ်လမ်း လေးကတော့ ယခုခေတ် ပါကစ္စတန်ကောင်လေးတစ်ယောက်နဲ့ အစပြုထားပြီး သူ့ကောင်မလေးဟာ နိုင်ငံခြား လူနေမှုဘ၀ကို အထင်ကြီးသူတယောက်ပါ တနေ့မှာ ကောင်မလေးက ကောင်လေးကို လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးဖို့ ပူဆာရာမှ ကောင်လေးက သူ့အဖေရဲ့ စကူတာလေးကို ရောင်းလိုက်ပြီး ၀ယ်ပေးခဲ့ပါတယ် ဒီလိုနဲ့ အဲ့ကောင်လေးဟာ အိန္ဒိယ ကောင်လေးတစ်ဖြစ်လဲ Angrej နဲ့ မိတ်ဆွေဖြစ်မိပြီး ပါတီပွဲတစ်ခုမှာခင်မင်ခဲ့ပါတယ် ဒီလိုနဲ့ Angrej နဲ့ ကောင်လေး စကားပြောကြရင်း Angrej ကိုကောင်လေးက သူ့စကူတာပျောက်သွားတဲ့ အကြောင်း ပြောပါတော့တယ် အဲ့မှာ Angrej က ကောင်လေးကို မင်းစကူတာက ပျောက်သွားတာ မဟုတ်တဲ့ အကြောင်း ကောင်မလေးကို လက်ဆောင်ဝယ်ပေးလိုက်တာဖြစ်ကြောင်းပြောရင်း Angrej က သူ့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြပါတော့တယ် ကဲ ပရိတ်သတ်ကြီးေ၇ Angrej ရဲ့ အချစ်ဇာတ်လမ်းလေးက လွမ်းမောစရာကောင်းမလား ပျော်ရွင်စရာတွေနဲ့ ပြည့်နက်နေမလားဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစားကြည့်လိုက်ပါတော့ ဗျာDownload On Mega   Download On Google Drive   Download On ...
movie

Angrej (2015)

2015
Imaginary Cat (2015) Complete 8.9
Imaginary Cat (2015) Complete ဇာတ်လမ်းလေးသည်စိတ်ဒဏ်ရာ ကိုယ်စီရခဲ့ကြသည်လူသား တစ် ဦးနှင့်လေလွှင့်ကြောင်လေးတစ်ကောင် တို့ကြားဖြစ်ပေါ်လာသည့် သံယောဇဉ်နှင့်ခံစားမှုတို့ ကိုဖော်ပြထားပါသည်။ အင်တာနက်ရုပ်ပြရေးဆွဲသူ တစ်ဦးဖြစ်ဖို့အတွက်ကြိုးစားနေ သည့်ဟွမ်ဂျိုးဟွမ်(ရိုဆန်ဟို)သည် စာအုပ်ဆိုင်တွင်အချိန်ပိုင်းအလုပ်ဖြင့် ငွေကြေးအခက်အခဲတွေ ကိုဖြေရှင်းနေရသူတစ်ဦးဖြစ် ပါသည်။ခေါင်းကြောမာသည့် အပြင်၊ကိုယ့်စိတ်ကူးတွေကိုပဲ ဦးစားပေးတတ်သည့် ဟွမ်ဂျိုးဟွမ်သည်အောင်မြင် သည့်ရုပ်ပြရေးဆွဲသူဖြစ်ဖို့ အတွက်အခက်အခဲတွေနှင့်ရင်ဆိုင်ခဲ့ရပါသည်။ တစ်နေ့မှာတော့လေလွှင့်ကြောင် ကလေး“Bok Gil” နှင့်ဆုံဆည်းလိုက်တဲ့ အခါမှာတော့သူ့ခံစားချက်တွေကိုပြောဖို့ အတွက်သူ့ဆီမှာ အဖော်ရှိ လာခဲ့ပါသည်။ကြောင်ကလေး“ Bok Gil ” အတွက်သူသည်အလုပ်ကိုကြိုး စားခဲ့သည်။ကြောင်ကလေးသည်သူ့သခင် ကိုစကားလုံးတွေဖြင့်နှစ်သိမ့်မပေးနိုင်ပေမဲ့သူ့ သခင်၏ဘ၀လေးပိုပြီးတော့သက်တောင့် သက်သာဖြစ်လာဖို့အတွက်တော့ အဖော်ကောင်းတစ်ဦး ဖြစ်လာခဲ့ပါသည်။ “Imaginary Cat” ဇာတ်လမ်းတွဲ သည်တောင်ကိုးရီးယားနိုင်ငံ အတွက်တော့ပထမဦးဆုံးကြောင် ကိုအဓိကထားပြီးရိုက်ကူးထားသည့် ဇာတ်လမ်းတွဲလေးဖြစ်ပါသည်။ ဇာတ်လမ်းထဲတွက်လူသားတွေရဲ့ အမြင်တွေအပြင်ကြောင်တစ်ကောင် ၏အတွေးတွေကိုလည်းထည့် သွင်းရိုက်ကူးထားပါသည်။ ဒီဇတ်လမ်းတွဲလေးကို ဘာသာပြန်ပေးထားသူကတော့ EinGyin Phyu ဖြစ်ပြီး အညွှန်းကိုတော့ Credit : News Watch(စောင့်ကြည့်သတင်းဂျာနယ်) သက်(ref: Korean drama) မှ ကူးယူ ဖော်ပြပါသည်။ Follow Me > Thit San Khant Download List ============ EP 01 EP 02 EP 03 EP 04 EP 05 EP 06 EP 07 EP 08 (End)
movie

Imaginary Cat (2015) Complete

2015
The Game (1997) 7.8
The Game (1997) IMDb (7.8/10)....Rotten Tomatoes (72%)The Game ဇာတ်ကားဟာ Seven(1995),Fight Club(1999) စတဲ့ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဒါရိုက်တာ David Fincher ရဲ့လက်ရာဖြစ်ပြီး မင်းသားကြီး Michael Douglas အဓိကပါဝင်ထားပါတယ်...။The Game ဆိုတဲ့အတိုင်းပဲ Mission Complete ဖြစ်ဖို့ ကြိုးစားရပုံတွေကို အချိတ်အဆက်မိမိရိုက်ကူးထားပါတယ်။ဒီဇာတ်ကားက အစပိုင်းမှာ ပြင်းထန်တဲ့ ခံစားချက်တစ်ချို့နဲ့ အစချီ ချပြထားခဲ့ပြီး အတော်ပဲဆွဲဆောင်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ ဇာတ်လမ်းကို အကျကြမ်းစေခဲ့လို့ ပေါ့ပါးသွားပေမယ့် ဇာတ်ကားရဲ့မေးခွန်းတွေဖြစ်တဲ့ ဘဝရဲ့ ရှင်သန်နေထိုင်မှု ခံစားချက် ခံယူချက်တွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေကတော့ ခေါင်းထဲက မထုတ်နိုင်ဖြစ်ခဲ့ရပါတယ်။ဘဝမှာ ရှင်သန်နေထိုင်မှုက ဘာအတွက်လဲ?ဘယ်လိုခံစားချက်တွေနဲ့ ရှင်သန်နေထိုင်ကြမလဲ?ကိုယ့်ဘဝတစ်ခုလုံးက တစ်ခြားလူတစ်ယောက်ရဲ့ Game တစ်ခုသာဖြစ်နေခဲ့ရင်ရော?  File size…(999MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:08:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Game (1997)

1997
[18+] Harassed by a stalker (2013)   Harassed by a stalker (2013)  =================================================   လူတွေကအရမ်းကြောက်စရာကောင်းပါတယ်..ကမ္ဘာပါ်မှာကြောက်စရာအကောင်းဆုံးကလူတွေပါပဲ.....မိတ်ဆွေအချင်းချင်းလည်းလှည့်စားတတ်တယ်သူငယ်ချင်းတွေကိုလည်းလိမ်ညာတတ်ပါတယ်...ဒီဇာတ်ကားလေးကိုကြည့် ပြီးအတော်ကိုသံဝေဂရမိပါတယ်....ဇာတ်လမ်းအစမှာတော့ချစ်သူနဲ့ကွဲကွားပြီးစကောင်မလေးတစ်ယောက်အိမ် ထောင်ပြုပြီးမိတ်ဆွေမိန်းကလေးတစ်ဦးနင့်အတူစု စီးပွားရေးလုပ်ပုံထိုမိန်းမကငွေတွေကိုလိမ်လည်ပြီး ထွက်သွားသောအခါထိုကောင်မလေးဘာဆက်လုပ်မလဲခင်ပွန်းနင့်ကော....ပြသနာမတက်အောင်ဘယ်လို လုပ်မလဲ????ထိုကောင်မလေးရဲ့ချစ်သူဟောင်းကလည်းထို ကောင်မလေးကိုစိတ်မပြတ်နိင်သောအခါ.....ဘာတွေဆက် ဖြစ်မလဲစိတ်ဝင်တစားစောင့်ကြည့်ရမှာပါ.....   ဂျပန်ကားပီပီ ဇတ်ကားတစ်ကားလုံး၁၈နစ်အထက်အခန်းတွေ ဖောဖောသီသီသုံးထားတာကြောင့် အသက်မပြည့်သူများ မကြည်ဖို့ပြောလိုက်ပါရစေ.... (ခိုးကြည့်မယ်ဆိုတာလည်း ကျွန်တော်သိပါတယ်).....   ထိုဇာတ်ကားမှာပညာပေးတွေအများကြီးပါပါတယ်လူတွေကိုအကြွင်းမဲ့မယုံဖို့ထိုဇာတ် ကားထဲမှာပါဝင်ပါတယ်....အပြင်လောကဇာတ်ခုံကအ ကြောင်းတွေကိုရိုက်ကူးပြထားတယ်လို့ထင်မှတ်ရတဲ့ထို ဇတ်ကားလေးကို၁၈နစ်ကျော်မှသာကြည့်ကြဖို့အကြံပေး ရင်းခံစားလိုက်ကြပါအုံးလို့.....     File Size : 550 MB Quality : HDRip  Duration : 01:06:49 Subtitle : Myanmar Subtitle (Hardsub) Translator : Soe Htwe  Encoder : Moe Myint Lwin
movie

[18+] Harassed by a stalker (2013)

2013
Naam Hai Akira (2016)
Naam Hai Akira (2016) ကဲဒီတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင် ဘောလိဝု သဲထိပ် ရင်ဖိုဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါအုံးမယ် ဇာတ်ကားလေးကတော့ IMDb Rating 6 ထိရရှိထားပြီးတော့ ဇာတ်ကားလေးထဲမှာ ACTION/CRIME/DRAMA/THRILL စတဲ့ ရသပေါင်းစုံကို တကားထဲနဲ့ ခံစား ရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ အကီရာ ဟာ အိန္ဒိယ နိုင်ငံမြို့ငယ်လေးတစ်မြို့မှာ နေထိုင်ပြီး ငယ်စဉ်ကတည်းက ဖခင်ရဲ့ သင်ကြားမှုကြောင့် မဟုတ်မခံစိတ်ရှိသူတစ်ယောက်ပါ အသက်၁၄ နှစ်အရွယ်မှာ မတော်တဆ အမှုအခင်းတစ်ခုဖြစ်ပွားမှုကို မြင်တွေ့မိခဲ့ပြီး မိခင်ဖြစ်သူမှာ သမီးဖြစ်သူ ရဲ့ ပညာရေးအတွက် မွမ်ဘိုင်းမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး ကောလိပ်တက်နေရာမှ တစ်နေ့မှာ ကောလိပ်က အမည်မသိ ကျောင်းသားရဲ့ ခြိမ်းခြောက် မှုကိုခံရရာမှ မဟုတ်မခံစိတ်ရှိသူ အကီရာတယောက် မှုခင်းတစ်ခုအတွင်းမှာ ပါဝင်နေခဲ့မိရာမှ ဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ
movie

Naam Hai Akira (2016)

The Infiltrator (2016) 7.0
The Infiltrator (2016) The Infiltrator (2016)IMDb - 7.0/10_____Rotten - 72%    2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။    File Size     :   900 ...
movie

The Infiltrator (2016)

2016
Labor Day (2013) 6.9
Labor Day (2013) Labor Day (2013) IMDb (6.9/10)....Rotten Tomatoes (35%)  ခင်ပွန်းက နောက်အိမ်ထောင်ပြုပြီး စွန့်သားတစ်ယောက်နဲ့စွန့်ပစ်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ (Adele) အနေနဲ့ Kate Winslet ပါဝင်ထားပါတယ်။ (Adele)ရဲ့ သားတစ်ယောက်အနေနဲ့ ကလေးသရုပ်ဆောင် အကျော်အမော်လေး Gattlin Griffith က (Henry) အဖြစ် သရုပ်ဆောင်ထားပါတယ်။ လူသတ်သမား တစ်ယောက်အနေနဲ့ မင်းသားကြီး Josh Brolin က Frank အဖြစ် ပါဝင်ထားပါတယ်။ သားတစ်ယောက်နဲ့ခင်ပွန်းသည်စွန့်ပစ်ခြင်းကို ခံရတဲ့ Adele ရဲ့ဘဝဟာ  တိတ်ဆိတ်ခြောက်ကပ်လွန်းနေမှန်း သားဖြစ်သူ Henry ဟာ ခံစားမိနေပါတယ်။  တစ်ရက်သားအမိနှစ်ယောက် Shopping Center မှာ ဈေးဝယ်တုန်း Henry နားကို လူတစ်ယောက်ရောက်လာပြီး သူ့အမေကို လက်ညှိုးထိုးပြကာ မင်းအမေလားလို့ မေးပါတယ်။ ပြီးတာနဲ့ တစ်ဆက်တည်း သူ့ကို အကူအညီပေးဖို့  သူ့မှာဒဏ်ရာရလာကြောင်းပြောပါတယ်။ Adele က ထိုသူကိုတွေ့လိုက်ချိန်မှာတော့ ...
movie

Labor Day (2013)

2013
Youth (2015) 7.3
Youth (2015) Youth (2015)IMDb (7.3/10)....Rotten Tomatoes (72%)အီတလီရုပ်ရှင်ပါ။မင်းသားကြီး Michael Caine နဲ့ Harvey Keitel တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Comedy , Drama , Music အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ Michael Caine က အကောင်းဆုံးသရုပ်ဆောင်ဆု စသဖြင့် ဆုတွေ အသီးသီး ရရှိခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ........[Spoiler Alarm]ဆွစ်တောင်တန်းတွေဆီ အားလပ်ရက် ခရီးထွက်ကြတုန်း အဘိုးကြီးနှစ်ယောက် သူတို့ဖြတ်သန်းခဲ့ကြတဲ့ဘဝတွေကို ပြန်ပြောင်းဆင်ခြင်မိကြတဲ့အကြောင်းတွေလည်း ဖြစ်တယ်။ အိုမင်းခြင်းနဲ့ နုပျိုခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ရှင်သန်မှုနဲ့ သေဆုံးမှု စတဲ့အကြောင်းအရာတွေကြားထဲက ထာဝရ ရုန်းကန်နေရခြင်းအကြောင်းတွေပေါ့။Fred Ballinger ( Michael Caine ) က ဂန္ထဝင်ဂီတစာဆိုကြီးတစ်ယောက်။ Mick Boyle ( Harvey ...
movie

Youth (2015)

2015
London Boulevard (2010) 6.2
London Boulevard (2010) London Boulevard (2010)_____IMDb - 6.2/10    IMDb (6.2/10) မင်းသား ကောလင်းဖာရဲလ်နဲ့ မင်းသမီး ကီရာနိုက်တလေ တို့အဓိကပါဝင်ထားတဲ့ Crime , Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ Mitch အဖြစ်သရုပ်ဆောင်ထားတဲ့ Colin Farrell ဟာ Pentonville အကျဉ်းထောင်ကနေ လောလောလတ်လတ် ထွက်လာသူပါ။ ရိုးရိုးသားသားပဲ ဘဝကို ဖြတ်သန်းတော့မယ်ဆိုတဲ့ စိတ်ကူးတွေ အပြည့်နဲ့ပေါ့။ ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ ပြစ်ချက်တွေနဲ့ သူရဲကောင်းကြီးဟာ ရွေးချယ်ရခက်တဲ့ အနေအထားတစ်ခုထဲကို အမှတ်မထင်ရောက်ရှိသွားပါတယ်။ Mitch တစ်ယောက် သူ့ရဲ့ရည်ရွယ်ရင်းကနေ သွေဖယ်ပြီး အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဒုစရိုက်အမှောင်လောကထဲကို ပြန်ဆွဲသွင်းခံရသင့်သလား... ဒါမှမဟုတ် Keira Knightley သရုပ်ဆောင်ထားတဲ့ ခပ်ပျော့ပျော့ စူပါစတား ကောင်မလေး Charlotte ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး ပါပါရာဇီတွေရန်ကနေ ကာကွယ်ပေးရမယ့် သတ္တိခဲကိုယ်ရံတော်ပဲ ဖြစ်သင့်သလား.. ကောင်မလေးအတွက် အသက်ကိုပေးဆပ်ပြီးကာကွယ်ရမယ့် သူရဲကောင်းကြီး ဖြစ်လာသင့်သလား...ဆိုတာကို ပရိသတ်ကြီးက ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Ken Bruen ရဲ့ဝတ္ထု London ...
movie

London Boulevard (2010)

2010
Shinobi: Heart Under Blade (2005) 6.9
Shinobi: Heart Under Blade (2005) နင်ဂျာတွေထဲမှာ အစွမ်းထက်ဆုံး အုပ်စု ၂ စု ရှိပြီး ထိုအုပ်စု ၂ ခုလုံးဟာ လုံး၀ မတည့်ကြပါဘူး တောင် တစ်ဖက် တစ်ခြမ်း စီမှာ နေထိုင်ကြပြီး အမြဲတမ်း သက်ဖြတ်နေခဲ့တာ ရန်ငြိုးတွေက နှစ်ပေါင်း ၄၀၀ တိုင်ခဲ့ပါတယ်... ထို အုပ်စု နှစ်ခုပေါင်းစည်းပြီး တော်လှန်လာမှာကို ကြောက်လန့်လာတဲ့ အစိုးရကတော့ ထိုအခွင့်အရေးကို လက်လွှတ်မခံပဲ အုပ်စု ၂ စုကို အသေအကြေ တိုက်ခိုက်စေပြီး အနိုင်ရရှိသူကို အခွင့်အလမ်း ပေးဖို့ကြေညာပေးလိုကပါတယ်.. ထို ရန်ငြိုးတွေကြားမှာတော့ နှစ်ဖက် အုပ်စု နှစ်ခုက လူကြီးတွေ ရဲ့ သားနှင့်သမီး ကတော့ ချစ်ကြိုက်နေကြပါတယ်... ထို တိုက်ခိုက်ရမည့် အမိန့်ကြေညာစာတမ်း ရောက်ရှိလာချိန်မှာတော့ သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မြေပြင်မှာ ရန်သူတွေအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာပါ... နှစ်ဖက်လုံး အသေအကြေတိုက်ခိုက်ပြီး ဘယ်သူတွေ နိုင်ကြမှာလဲ ချစ်သူနှစ်ဦးကရော လက်တွဲခွင့်ရနိုင်မှာလား... ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ.... ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့ Tariq ...
movie

Shinobi: Heart Under Blade (2005)

2005
Barbershop: The Next Cut (2016) 5.9
Barbershop: The Next Cut (2016) စီးပွားရေးပျက်ကပ်ဆိုက်သလိုဖြစ်လာတော့ ကယ်ဗင်နဲ့ အန်ဂျီဟာ တစ်နေရာထဲမှာပဲ ဆိုင်နှစ်ခုဖွင့်ဖို့ ဆုံးဖြတ်လိုက်ကြတယ် Beauty Salon နဲ့ ဆံပင်ညှပ်ဆိုင်ပေါ့ နောက်တော့ ဆံပင်ညှပ်ဆိုင်က ဝန်ထမ်းကောင်လေးတွေနဲ့ စလွန်းက ကောင်မလေးတွေ အိုးချင်းထား အိုးချင်းညှိပြီး အရှုပ်အထွေးတွေနဲ့ ခွဲခွာသွားကြတော့တယ် ဒါပေမယ့်လည်း ချီကာဂို ဂိုဏ်အချင်းချင်းကြားက စစ်ပွဲတွေဖြစ်လာတော့တဲ့အခါ သူ့အချစ်ဆုံးသားကို စိုးရိမ်နေတဲ့ ကယ်ဗင်ဟာ နေရပ်ဆီ ပြန်လာခဲ့ပြီး သူငယ်ချင်းတွေနဲ့ အတူတူ ကျော်လွှားရပါတော့တယ်... Rotten Tomatoes 90% Metacritic 67/100 CinemaScore A- ဒီကားကတော့ Barber Shop Film Series တွေထဲကမှ လေးကားမြောက်ကားဖြစ်ပြီ; ၂၀၀၄က ထွက်ခဲ့တဲ့ Barber Shop 2: BAck in Business ရဲ့ အဆက်ဖြစ်တယ် အရင်တုန်းကားတွေတုန်းက ပါခဲ့တဲ့ သရုပ်ဆောင်တွေ အထူးသဖြင့် လူမည်းမင်းသားတွေ သူတို့တွေ အကုန်ပြန်ပါလာတယ် Ice Cubeတို့ Cedric the Entertainerတို့လိုပေါ့ ပြောရသေးရင် နာမည်ကျော်တွေ ထပ်ပါလာသေးတယ် Nicki Minaj နဲ့ Tyga တဲ့ လူမည်းတွေချည်းဆိုတော့လည်း တစ်ခြား ဘာနဲ့မှ မတူတဲ့ အသုံးအနှုန်းဟာသတွေကို တစ်ဝကြီးခံစားရပါလိမ့်မယ် ဝေဖန်ရေးတွေရဲ့ ချီးကျူးမှုတစ်ချို့ကို ခံခဲ့ရတဲ့ ဒီကားဟာ ...
movie

Barbershop: The Next Cut (2016)

2016
Unforgettable (2016) 7.5
Unforgettable (2016) ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Kim So-hyun,Do Kyung-soo, Lee Da-wit, Joo Da-Young,Yeon Jun-Seok, Park Yong-woo တို့ဖြစ်ပြီးဒီဇတ်လမ်းလေးကတော့ ၅၂၈ မေတ္တာ အေးချမ်းဖြူ စင်တဲ့ချစ်ခြင်းတရားကိုအသားပေးရိုက်ကူးထားတဲ့ဇတ်ကားလေးပါပြောရရင်တော့ BFF Goal လို့ပြောလို့ရတဲ့ဇတ်ကားလေးပါဇတ်လမ်းလေးအစပြုခဲ့ပုံကတော့ တိုက်ရိုက်ထုတ်လှွင့်တဲ့ရေဒီယိုအစီအစဉ်တစ်ခုစီကိုလွန်ခဲ့တဲ့ ၂၃ က စာလေးတစ်စောင်ရောက်လာခဲ့ပါတယ် အဲ့ဒီစာလေးတစ်စောင်ကဟိုးအရင်က ဖြစ်ပျက်ခဲ့တဲ့ အချစ်ဦးအကြောင်းလေးတွေနဲ့ သူငယ်ချင်းငါးယောက်ရဲ့ချစ်ချင်းမေတ္တာတရားတွေကိုပြန်လည်အသက်ဝင်လာစေပါတယ် တောရွာလေးတစ်ရွာမှာရှိတဲ့ အရမ်းချစ်တဲ့သူငယ်ချင်းငါးယောက် သူတို့ထဲမှာမသန်စွမ်းဖြစ်လို့လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့သူငယ်ချင်မလေးတစ်ယောက်ကိုကျန်တဲ့သူငယ်ချင်း၄ ယောက်က စောင့်ရှောက်ရင်းပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းကြတယ်မသန်းစွမ်းပေမယ့် သူမမှာ မျှော်လင့်ချက်တွေ အိမ်မက်တွေရှိနေတဲ့အတွက်သူမကကိုယ့်အားကိုယ်ကိုးချင်စိတ်အရမ်းရှိတဲ့အတွက် လမ်းလျှောက်နိုင်ချင်တယ်သူတို့ရွာမှာတာဝန်ကျတဲ့ဆရာဝန်လေးကလည်းသူ့ရဲ့ခြေထောက်ဟာပြန်ကောင်းလာနိုင်တယ်လို့ မျှော်လင့်ချက်တွေပေးခဲ့လို့သူမဟာအရမ်းကိုမျှော်လင့်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ကံကြမ္မာတွေလှည့်စားလာတဲ့အခါမှာတော့သူတို့သူငယ်ချင်း ငါးယောက်ဟာ ဘယ်လိုမျိုး ဝမ်းနည်းစရာတွေ ခွဲခွာခြင်းတွေကြုံတွေ့လာရမလဲဆိုတာကို ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးသူကတော့ Aye Nyein Thu  ဖြစ်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်(Thit San Khant)Download Link============Download HD (820MB)Download Small File (490MB)File ...
movie

Unforgettable (2016)

2016
Frequency (2000) 7.3
Frequency (2000) Frequency (2000) IMDb - 7.3/10_____Rotten - 70%   ရုပ်ရှင်အညွှန်းလေးကို မပြောပြခင် ဒီရုပ်ရှင်ကားကို Video Type ခေတ်ကတည်းက ကြည့်ရှုခဲ့တာမို့ အဟောင်းတွေ ပြန်လည်တူးဆွရင်း ပြန်လည်တွေ့ရှိပြီး ဘာသာပြန် Moe Myint Lwin ကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပြီး ယခု ကြည့်ရှုသူများလက်သို့ အရောက် အပ်ခဲ့ပါပြီ.... ဇတ်လမ်းရဲ့ ပုံစံကတော့ ဂျွန် ဟာ သူငယ်စဉ်ကတည်းက ဖခင်ကို ဆုံးရှုံးခဲ့ရသူဖြစ်ပြီး မီးသတ်တပ်ဖွဲ့အတွက် ဖခင်ဟာ အသက်ပေးသွားရသူပါ ဘ၀ တစ်လျှောက်လုံး ဂျွန် ဟာ ဖခင် မေတ္တာငတ်မွတ်ခဲ့ရပါတယ်... ဂျွန် မှာ မိခင်ကြီးသာ ရှိပြီး အမေ နှင့်လဲ မတွေ့ဖြစ်တာ ပိုများနေပါတယ်... ဂျွန် ၏ အလုပ်မှာ ရဲစုံထောက်ဖြစ်ပြီး ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်... တစ်ရက်မှာတော့ ဂျွန် သူငယ်ချင်း နှင့် သူငယ်ချင်း၏ သားဖြစ်သူတို့ ဂျွန်အိမ်ကို လာပြီး ဖခင်ကြီး သိမ်းဆည်းသွားသော မီးသက်တပ်ဖွဲ့ဝန်ထမ်း သေတ္တာကို ဖွင့်စစ်ရာ ဖခင်ကြီး ...
movie

Frequency (2000)

2000
War Dogs (2016) 7.2
War Dogs (2016) ဒီကားဟာ ထူးခြားတဲ့ ပေါင်းစပ်မှုကားလေးပါ။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ Hot Shot ကားလို စစ်ကားဟာသလိုင်းလေး ဖြစ် ပါတယ်။ ဟောလိဝုဒ်မှာ Genre ကို တစ်မျိုးတစ်စားတည်း မလုပ်ကြတော့ဘဲ Multi တွေ လုပ်လာကြတယ်။ ဘယ်လိုလဲဆိုတော့ ဟာသဆိုရင် လည်း ဟာသတစ်ခုတည်း မဟုတ်ဘဲ အချစ်လေးပါထည့်ပြီး comedy romance လေးတွေ လုပ်ကြတယ်။ ဥပမာ ကိုရီးယားနိုင်ငံရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတွေလိုပေ့ါ။ ဟာသသရဲကား၊ ဟာသအက်ရှင်ကား စသဖြင့် အစုံပေါင်းစပ်ပြီး ပရိသတ်စိတ်ဝင်စားလာအောင် လုပ်ကြတယ်။ ဒီတစ်ပတ်မှာတော့ ပေ့ါပေါ့ပါးပါးအနေနဲ့ ဟာသအက်ရှင်၊စစ်ကားလေးကို ဖော်ပြလိုက်ရပါတယ်။War Dogs ... မြန်မာလိုဘာသာပြန်ရင် လက်နက်ရောင်းဝယ်သူလို့ အမည်ရပါတယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ Documentary အမျိုးအစားဖြစ်ပြီး ထူးခြားတာက ပျင်းစရာမကောင်းတာပါပဲ။ တစ်ခြားသော ဇာတ်ကားအမျိုးအစားတွေနဲ့ မတူပဲ တစ်ကားလုံး စိတ်ဝင်စားဖို့ကောင်းပြီး  အဆုံးထိဆွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းကြောရိုးကတော့ ...
movie

War Dogs (2016)

2016
Awake (2007) 6.5
Awake (2007) ဒီရုပ်ရှင်ကားလေးကို ရုပ်ရှင်ကြည့်သူများ လက်ထဲ အရောက်ပို့ဖို့ အတွက် မျက်ရည်တွေ ၀ိုင်းပြီး ဘာသာပြန်ပေးခဲ့သူကတော့ Tariq L Walker ဖြစ်ပါတယ် ဘာသာပြန်ဖို့ စေခိုင်းသူကတော့ ကျနော်ပါ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်ချစ်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်တယ်လို့ နှလုံးသားထဲကနေ သိနေလို့ပါ... ဒီရုပ်ရှင်ကားမှာ ကျနော် ကြည့်စေ သိစေချင်တဲ့ အကြောင်းရာက ချစ်ခြင်းမေတ္တာတရားပါ ဇတ်လမ်း ပုံစံ ကတော့ အောင်မြင်နေတဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ကလေ (Clay) ဟာ ဖခင် သေဆုံးမှု အပေါ် အမေ ဖြစ်သူရဲ့ အပြစ်မကင်းဟု မှတ်ယူပြီး အမေ နှင့် အစေးမကပ်တဲ့ သူဌေးသား တစ်ဦး ဖြစ်ကာ လက်ထပ် ယူတော့မယ့် ချစ်သူ ဆမ် လဲ ရှိနေပြီ ဖြစ်ပါတယ်.. ကလေ မှာ ချစ်ရသော ချစ်သူ ဆမ် အပြင် အချစ်ဆုံး သူငယ်ချင်းဖြစ်သော ဆရာဝန် ဖြစ်သူ ဂျက် လဲ ...
movie

Awake (2007)

2007
Kapoor and Sons (2016) 7.9
Kapoor and Sons (2016) ဒီနေ့အကြိုခံစားဖို့ကိုတော့ စိတ် ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင်လေး ခံစားရမယ့် အိန္ဒိယအချစ်ဟာသ ဒရာမာ ဇာတ်ကားလေး ဖော်ပြ ပေးလိုက်ပါတယ်။ခပ်တန်းတန်းဖြစ်နေတဲ့ ရာဟူးကာပူးရ်နဲ့ အာဂျွန်ကာပူးရ်တို့ ညီအစ်ကိုဟာ အသက် (၉၀)အရွယ်ရှိ သူတို့အဘိုးက တွေ့ချင်တဲ့အတွက် မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယ ကအိမ်ကို ပြန်လာခဲ့ရပါတယ်။ ရာဟူးက အောင်မြင်တဲ့ စာရေး ဆရာ တစ်ယောက်ဖြစ်ပြီး လန်ဒန်မှာ နေနေကာ စာလည်းရေးရင်း ဗိသုကာပညာရှင်အလုပ်ကို လည်း လုပ်နေသူပါ။အာဂျွန်ကလည်း စာရေး ရတာ ဝါသနာပါသူတစ်ယောက် ဖြစ်ပြီး နယူးဂျာစီမှာ နေနေတာ ပါ။ သူတို့နှစ်ယောက် အိမ်ပြန် ရောက်လာပြီး တစ်မိုးအောက်ထဲ မှာ မိသားစုတွေနေကြရင်း လျှို့ ဝှက်ချက်တွေ၊ မပြေလည်မှုတွေ ကို ဖြေရှင်းရင်းနဲ့ အိမ်တွင်းပဋိ ပက္ခတွေ ကြီးလာပါတော့တယ်။ရာဟူးဟာ မိသားစုထဲမှာ ရင့်ကျက်တဲ့သူ၊ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ပြီး အာဂျွန်က တော့ သူ့အစ်ကိုလိုမျိုး ...
movie

Kapoor and Sons (2016)

2016