Channel Myanmar
Drama
Because I Love You (2017) 7.1
Because I Love You (2017) \2017 Feb ကမှ ထွက်ထားတဲ့ကားသစ်တစ်ကားကိုဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာ Moonlight drawn by clouds ကားထဲက မင်းသမီးYoo Jeong Kimရယ် မင်းသားချောTae Hyun Cha ရယ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ရယ်လဲရယ်ရသလောက် ငိုလဲငိုရတဲ့ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ လီဟွန်းက accident တစ်ခုဖြစ်ပြီးထူးဆန်းတဲ့ကိစ္စတွေနဲ့ကြုံလာရတာပါ။အချစ်ရေးအဆင်မပြေတဲ့လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး အဆင်ပြေမှ ပြန်ထွက်ခွင့်ရတာပါ။ဒီအကြောင်းတွေကို သိတဲ့သူဆိုလို့ "စကာလီ" တစ်ယောက်ပဲရှိပြီး သူ့ကို ကူညီပုံတွေကို ဟာသ၊ဒရာမာချိုးပြီးရိုက်ကူးထားတဲ့ကားကောင်းတစ်ကောင်းပါ။မထင်မှတ်တဲ့အလှည့်အပြောင်းတွေနဲ့ အူတက်အောင်ရယ်ရတဲ့ ဒီကားလေးက imdb 7.2ရထားတာဆိုတော့ အထွေအထူးမညွှန်းတော့ပါဘူး။ချစ်ခြင်းမေတ္တာဆိုတာကို ပီပြင်အောင်ဖော်ညွှန်းထားနိုင်လို့အားလုံးအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်ရှင်။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ မမအေးမွန်ကျော်ပဲဖြစ်ပါတယ်)File Size : 900 MB /320 MB Quality : HDRip 720P Running Time : 1hr 50minutes Format : Mp4 Genre :  Drama, Fantasy, Romance Encoder : Thanhtike Zaw
movie
Because I Love You (2017)
2017
Fist of Fury (1972) 7.4
Fist of Fury (1972) Fist of Fury (1972) IMDb - 7.4/10______Rotten - 92%  Bruce Lee ရဲ့ Big Boss အပြီး ၁၉၇၂ မှပဲ ဆက်တိုက် နောက်ထပ်တကား ထပ်မံထွက်ရှိခဲ့ ပြန်ပါတယ် ဒီကားကိုလဲ ၁၉၆၀ လောက်က မွေးဖွားခဲ့ တဲ့ သူတွေတော်တော် များများက တော့ အဲ့ခေတ်အဲ့အခါက ဗီဒီယို ရုံကကြော်ငြာသလိုပဲ ဘရုစ္စလီ ရဲ့ ဒေါသလက်သီး အဖြစ်သိ ရှိ နာမည်ကြီးခဲ့ သလိုပဲ ဘရုစ္စလီ ကို ဒီကားမှာပဲ Chinese Arnold ရယ်လို့ ခေါ်တွင် သမုတ်ခဲ့ကြပြန်ပါတယ် ကဲ ပထမ Big Boss မှာအောင်မြင်ခဲ့ သလိုပဲ ဒီကားမှာလဲ လီ ရဲ့ ပြောင်မြောက်လှတဲ့ အသတ်အပုတ်တွေကိုမြင်တွေကြရမှာ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ နိုင်ငံရပ်ခြားမှာ ပညာသွားသင်နေတဲ့ ချန်ဈာန်တစ်ယောက် ဆရာဖြစ်သူနာရေးအတွက်ပြန်လာခဲ့ရာမှ အဆုတ်ရောဂါနဲ့ သေဆုံးရတာကိုမကြည်ပဲ ဆက်လက်စုံစမ်းရာပြိုင်ဖက် သိုင်းသင်တန်းကျောင်းရဲ့ လက်ချက်ဟု သိရှိလိုက်ရာမှ ထိုအချိန်တွင် ရုရှား ကလဲ တရုပ်တွင်ခြေ ရှပ်နေချိန်မှာတော့ လီ တဖြစ်လဲ ချန်ဈန်တစ်ယောက် ဘယ်လိုတွေများ ...
movie
Fist of Fury (1972)
1972
Swades (2004) 8.3
Swades (2004) Bollywood ဇာတ်ကား တွေထဲမှာ Swades (We, the People) ဆိုတဲ့ဇာတ်ကား မကြည့်ရသေးသူတွေအတွက် မိတ်ဆက်ပေးချင်သဗျ။ဒီဇာတ်ကားက Entertainment ထက်ပိုတဲ့ သက်ရောက်မှုရှိခဲ့တာ တစ်ကြောင်း၊ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်း ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တာက တစ်ကြောင်း၊ ဇာတ်ကား တစ်လျှောက်လုံး တကယ့် သရုပ်မှန် ရိုက်ထားတာကလည်း ထူးခြားတယ်ဗျ။Swades ကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ "အမိတိုင်းပြည်" ပေါ့ဗျာ။ ကဲ "အမိတိုင်းပြည်" လို့ဆိုရင် နိုင်ငံခြားကိစ္စပါလာမယ်။ အဲ.. နိုင်ငံခြားကိစ္စပြောရင် ပြောင်းရွှေ့နေထိုင်မှု(migration) အကြောင်း ပါပြီ၊ အဲဒီ (migration) ဆိုတာကြီးကို မွေးထုတ်ပေးလိုက်တဲ့ဲ့ လက်သည်တွေက အများကြီးကိုး... အဲ (migration) ကြောင့်ဘာဖြစ်လာသလဲ အဖြေက ဦးနှောက်ယိုစီးမှု (Brain Drain) ပေါ့ဗျာ ....ကဲ ဦးနှောက်ယိုစီးမှု ဖြစ်ရင် အဓိက နစ်နာတာက ...
movie
Swades (2004)
2004
Collateral Beauty (2016) 6.7
Collateral Beauty (2016) ဒီရုပ်ရှင်ကားမှာ ဝီလ်စမစ် ကို အကြမ်းအရမ်း အနေနဲ့ တွေ့မြင်ရမှာမဟုတ်ပဲပုံစံတစ်မျိုး ထူးခြားစွာ မြင်တွေ့ရမှာပါ...ဟောင်းဝါ့ဒ် (ဝီလ်စမစ်) ဟာ စီးပွားရေး နယ်ပယ်မှာ အချိန် ၊ အချစ် ၊ သေခြင်းတရား ဆိုတဲ့ စကားလုံး သုံးခု နှင့်လူတွေ ရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ စီးပွားရေး ပညာရှင် တစ်ယောက်ဖြစ်ပါတယ်...ဟောင်းဝါ့ဒ် နှင့် သူငယ်ချင်း ၃ ယောက်ဖြစ်သော ဝှစ် ၊ ကလဲယား ၊ ဆိုင်မွန် တို့ အတူ တကွ အောင်မြင်အောင်စီးပွားရေး လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်....သို့ပေမယ့်....၃ နှစ်ကြာပြီးနောက် ဟောင်းဝါဒ် ဟာ သူ့ရဲ့ သမီးငယ်လေး သေဆုံးသွားတဲ့ အချိန်ကစပြီးတစ်ယောက်ထဲ ငူငူ ငိုင်ငိုင် ဖြစ်ကာ အလုပ်ကိုလဲ စိတ်မဝင်စား မိမိကိုယ်ကိုယ်လဲ ဂရုမစိုက်ပဲ နေချင်သလိုနေခဲ့ပါတယ်...အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ ရုတ်တရက် ဆိုသလို ...
movie
Collateral Beauty (2016)
2016
The Big Boss (1971) 7.1
movie
The Big Boss (1971)
1971
Force (2011) 6.3
Force (2011)   Bollywood ပရိတ်သတ်တွေအတွက် Bollywood ရဲ့ အက်ရှင်မင်းသားကြီး ဂျွန်အေဗရာဟင်ရဲ့ အလန်းစားရုပ်ရှင်တကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်လောက်လန်းလဲဆို IMDB မှာ 6.3 နဲ့ Rotten Tomatoes မှာ100% အပြည့်ပါပဲ့ ACP ရာက်ရှ်ဗါဒန်ဟာ မူးယစ်နှိမ်နှင်းရေးရဲအရာရှိတစ်ဦးဖြစ်ပြီး မူးယစ်ဂိုဏ်းအများစုကိုဖမ်းစီးဖို့ကြိုးစားနေသူတဦးပါ။ တနေ့မှာ အာရ်ဗင်ဆိုတယ့် လူတစ်ဦးရဲ့ သတင်ပေးမှု့နဲ့ မွန်ဘိုင်းမြို့က အဓိက မူးယစ်ဂိုဏ်းလေးဂိုဏ်းကို အပြီးနှိမ်နှင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာရ်ဗင်ကလည်း မူးယစ်ရာဇာတစ်ဦးဖြစ်တယ့် ဗစ်ရှ်နူးရဲ့ အစီအစဉ်အတိုင်း တခြားဂိုဏ်းတွေအပြီးရှင်းသွားဖို့အကြံပါ့ တခြားဂိုဏ်းတွေ အကုန်ရှင်းသွားတယ့်အတွက် ဗစ်ရှ်နူးက ဈေးကွက်ကိုအဓိကချုပ်ကိုင်လာပါတော့တယ်။ ဒီအချိန်မှာတော့ ACP ရာက်ရှ်ဗါဒန် နဲ့ ဗရှ်နူးထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။ တချို့တချို့သော ဘောလီဝုဒ် ကားတွေလို လေပေါ်ဝဲအခန်းတွေလုံးဝမပါပဲ အလန်းစားအက်ရှင်တွေနဲ့တင်ဆက်ထားတယ့် ကားကောင်းတကားပဲ့ ACP ရာရှ်ဗါဒန်နေရာမှာ ဘောဒီတောင့်တောင့်မင်းသား ဂျွန်အေဗရာဟင်မ်က ပါဝင်ထားပြီး အဓိက ဗီလိန် ဗစ်ရှ်နူးနေရာမှာတော့ Commando ...
movie
Force (2011)
2011
Journey to Agartha (2011) 7.3
Journey to Agartha (2011) ဒီကားဟာ လတ်တလောလူကြိုက်များနေတဲ့ Kimi no Nawa ( YourName ) ရဲ့ ဒါရိုက်တာ Makoto Shinkai ရဲ့ ဇာတ်ကားဟောင်းလေးပါ.. 2011 ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး ဇကာတင်ဆု ၆ ခုနဲ့ 2012 Tokyo Anime Award ၁ ခု ရရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်... Shinkai ဟာ ကာတွန်းလောကမှာ တကယ်အရည်အချင်းရှိတဲ့ဒါရိုက်တာတစ်ယောက်အဖြစ် ထင်ရှားသလို.. သူ့ကားတွေကလဲ အရောင်အသွေးလှပညီညွတ်မှု... အသံပိုင်းဆိုင်ရာ ဆန်းသစ်မှု.. ဆန်းကြယ်တဲ့ဇာတ်လမ်းဇာတ်ကွက်တို့ကြောင့် ဆွဲဆောင်မှုအပြည့်ရှိတဲ့ကားတွေ ဖြစ်ပါတယ်... ဒီကားမှာတော့ Asuna နဲ့သူ့ဆရာဟာ သေဆုံးသွားပြီးဖြစ်တဲ့ ချစ်ရသူတွေကို မြေအောက်ကမ္ဘာထဲအထိ သွားရောက်ရှာဖွေတွေ့ဆုံတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်... ဇာတ်လမ်းရဲ့ အလှည့်အပြောင်းအပြင် ဇာတ်အိမ်တည်ထားပုံက သာမာန်မဟုတ်တာမို့ ဇာတ်လမ်းအကျဉ်းကိုတော့ မရေးတော့ပါဘူး... သေချာတာကတော့ အပြင်ကမ္ဘာနဲ့မတူတဲ့ နောက်ခံရှုခင်းတွေ... ကြည်ပြီးပြတ်သားတဲ့အရောင်တွေ... အလင်းအမှောင်တွေနဲ့ ထူးဆန်းပြီးဆွဲငင်မှုရှိတဲ့ ...
movie
Journey to Agartha (2011)
2011
Student of the Year (2012) 5.5
Student of the Year (2012) Shanaya Singhania.. တစ်​​ကျောင်​းလုံးရဲ queen လို့ ​ပြောရ​လောက်​​အောင်​ လှပပြီးနာမည်​​ကျော်​ကြားသူ Rohan Nanda ရဲ့ ရည်​းစား​Abhimanyu.. မိဘ​တွေ​သေဆုံးသွား​ပြီး အဘွား ရယ်​ သူ့ကိုမကြည်​ဖြူတဲ့အ​ဒေါ်နဲ့​နေရပြီး စာ​တော်​တဲ့​ကျောင်​းသား တစ်​​ယောက်​သူတို့သုံး​ယောက်​ ဒီ​ကျောင်​းမှာအတူတူ​တွေ့ဆုံကြြပြီ ပဋိပက္ခ ​တွေကြားက​နေပဲ အချစ်​ဆုံးသူငယ်​ချင်​း​တွေဖြစ်​ခဲ့ကြပါတယ်​ဘယ်​လိုအ​ခြေအ​နေ​တွေနဲ့ပဲ ​ကျောင်​းကို​ရောက်​လာ​ရောက်​လာ ဒ​ီ​ကျောင်​းမှာ ​တတ်​နေကြတဲ့ ​ကျောင်​းသားတိုင်​း အလိုချင်​ဆုံးဆုက​တော့ Student of the year ဆိုတဲ့ ဆုဖုလားတစ်​ခုပါပဲဒီဆုဖုလား ကိုရရှိဖို့ဆိုရင်​ ပြိုင်​ပွဲ​တွေအများကြီး ယှဉ်​ပြိုင်​ပါတယ်​အဲ့ဒီယှဉ်​ပြိုင်​မှုမှာ သူတို့သူငယ်​ချင်​း​တွေပါဝင်​ယှဉ်​ပြိုင်​မိတဲ့အခါမှာ​တော့ အချင်​းချင်​းမသင်​့မြတ်​မှု​တွေ အတ္တ​တွေ မာနတရား​တွေ ကို ခံစားလာရတဲ့အခါမှာ သူငယ်​ချင်​းသံ​ယောဇဉ်​ဆိုတာလည်း ပျက်​စီးသွားခဲ့ပါတယ်​ဒါ​ပေမယ်​့ ထင်​မှတ်​မထားတဲ့ ဆုဖုလား​ရဲ့​နောက်​ကွယ်​က တက္ကသိုလ်​ပါ​မ္ခောတစ်​ဦးရဲ့ စိတ်​သ​ဘောထားအမှန်​ကို သိရှိခဲ့ပြီးတဲ့အခါမှာ​တော့ ၁၀ နှစ်​​ကြာ ခံစားခဲ့ရတဲ့ သူတို့သူငယ်​ချင်​း​တွေကြားက အာဃာတ ​တွေ​ပျောက်​ကွယ်​သွားပြီ ပြန်​လည်​​ပြေလည်​သွားတဲ့ အ​ကြောင်​း​လေးကို ရိုက်​ကူးထားတဲ့ဇတ်​ကား​ကောင်​း​လေးတစ်​ကားပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးငြိမ်းသူပဲဖြစ်ပါတယ်)File Size : 1.2 ...
movie
Student of the Year (2012)
2012
Trainspotting (1996) 8.1
Trainspotting (1996) Trainspotting (1996) IMDb - 8.1/10_____Rotten - 91%    ၁၉၉၆ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 8.1 ရရှိ ခဲ့ပြီး ယခု လက်ရှိ ရုံတင်နေတဲ့ Trainspotting 2 ရဲ့ ပထမ ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဒုတိယ ကားထွက်လာရင် ဆက်မိအောင် လို့ ပြန်လည် တင်ပေးလိုက်တာပါ အော်စကာအမည် စာရင်း တခါဝင်ခဲ့ပြီး အခြား ဆု ၂၀တောင် ဆွတ်ခူး ခဲ့ပြီး အောင်မြင်မူတွေလည်း အမြားအ ပြားရခဲ့ပါတယ် တချက် စောင့်ကျိ ရမာ ကတော့ အခုလက်ရှိ ရုံတင်နေတဲ့ ၂ကကော အခုကားကို မှီပါ့မလား ဆိုတာပါပဲ အခုကားထဲမှာတော့ လိင်ဆက်ဆံခန်းတွေ ကြမ်းဖက် သွေးထွက်သံယိုခန်းတွေ ပါနေတာကိုတော့ကြိုတင်ပြောထားပါရစေ ဇာတ်လမ်း အကျဉ်းလေးကတော့ renton ဟာ ဟီရိုအင်း ဆွဲနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ ဆေးစွဲနေတာကိုဖြတ်ပြီး သူ့ သူငယ်ချင်းတွေရဲ့ လွမ်းမိုးမူအောက် ကနေရုန်းထွက်ဖို့ကြိုးစားရာမှာတော့ ဘာတွေဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ကြရမှာပါ ဆေးစွဲနေတဲ့ လူငယ်လေးတယောက် အကြောင်းနဲ့ ဆေးစွဲ သွားရင်မိမိ ကိုယ်တိုင်သာမကပဲ မိသားစု ဘေးပတ် ဝန်းကျင်အပေါ်မှာ ပါ သက်ရောက်မူတွေ ကို ဖော်ပြရိုက်ကူးထားတာပါ ကဲ ၂ထွက်မလာခင်လေး ၁ကို အရင်ကြည့်ထားလိုက် ရအောင်လားဗျာ   ဘာသာပြန်ကတော့ ...
movie
Trainspotting (1996)
1996
Wonderful Nightmare (2015) 6.9
Wonderful Nightmare (2015) ဒီဇာတ်ကားလေးကတော့ သဘာလွန်ဖြစ်ရပ်လေးတွေ ပါဝင်နေတဲ့ ဇာတ်ကားလေးပါ။ တစ်ကားထဲနှင့် အချစ် အလွမ်း မိသားစုသံယောဇဉ် ဟာသ စိတ်ဓါတ်ခွန်အားစတာတွေအားလုံးခံစားရရှိနိုင်တယ်လို့ အာမခံပါတယ်။ အဓိက သရုပ်ဆောင်တွေကတော့Romanace of the Witch ဇာတ်လမ်းတွဲမှ မင်းသမီးကြီးနဲ့ကျွန်တော်တို့မြန်မာပရိသတ်ကြီးအချစ်တော် ဂျွန်စော မင်းသားကြီးပါပဲ...ဇာတ်လမ်းလေးကတော့...• ရှေ့နေ လီယွန်ဝူးဆိုတဲ့ အပျိုကြီးမမတစ်ယောက်ကနေ စတာပါပဲ။ အပျိုကြီးမမက ငယ်ငယ်ထဲက အဖေဆုံးသွားခဲ့ပြီး အဖေကို ချစ်လွန်းလို့လွမ်းဖျားလွမ်းနာကျနေတဲ့အမေနှင့် နေခဲ့ရပြီး အမေကလည်း နောက်ထပ်နှစ်အနည်းငယ်မှာ ကွယ်လွန်သွားတော့ ငယ်ငယ် ကတည်းက ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချခဲ့တယ်။မိသားစုဘဝကို ဘယ်တော့မှ မထူထောင်ဘူး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရမယ် တစ်ကိုယ်တည်း အပျိုကြီးဘဝပေမယ့် အောင်မြင်နေရမယ်ဆိုပြီးတော့ပေါ့။တကယ်လည်းအောင်မြင်တဲ့ဘဝ ထူထောင်နိုင်ခဲ့ပါတယ်... ဒါပေမယ့် အောင်မြင်မှုနဲ့ငွေကြေးနောက်ကို လိုက်လွန်းတော့လည်းမုဒိမ်းမှုမှာတောင် တရားခံဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ အပျိုကြီးမမရှေ့နေမကြီးပေါ့.. • တစ်ရက်မှာတော့ မထင်မှတ်ပဲ မတော်တဆကားတိုက်မှုဖြစ်ပြီးသေဆုံးသွားပြီဘဝမကူးခင် နေရတဲ့ကြားဘုံကို ရောက်သွားပါတော့တယ်။တကယ်တော့ သူမဟာသေဆုံးချိန်မတိုင်ပဲ ကြားဘုံမှာ အလုပ်လုပ်နေတဲ့နတ်သားတွေရဲ့ မှားယွင်းချက်ကြောင့် ...
movie
Wonderful Nightmare (2015)
2015
Koyla (1997) 6.2
Koyla (1997) Bollywood ရဲ့ Old is Gold လို့ပြောလို့ရတယ့် SRK ကို လူတိုင်းသိစေခဲ့တယ့် Koyla ဆိုတယ့်ဇာတ်ကားလေးကို တော်တော်များများကြည့်ဖူးကြမှာပါ့မကြည့်ဘူးသေးရင် အခုသာကြည့်လိုက်ပါတော့ဗျာ ဘယ်တော့ဖြစ်ဖြစ်မရိုးသွားစေနိုင်တယ့်Bollywood ကားကောင်းတကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရှန်ကားရ်ဆိုတယ့် အအ လေးဟာ ရာဂျာဆဖ် ဆိုတယ့်သူဌေးကြီးရဲ.ကျွန်တယောက်ပေါ့ ရာဂျာဆဖ်က လူအလယ်မှာ သူတော်ကောင်းတယောက်ဖြစ်ပြီး နောက်ကွယ်မှာတော့ ဘီလူခေါင်းဆောင်းထားတယ့် မင်းသားကြီးလေ့ ရာဂျာတို့ညီအကိုရဲ့ ညှင်းပန်းနှိပ်စက်မှု့အလူလူကို ခါးစီးခံပြီးနေလာရတဲ့ ရှန်ကားရ်ဟာ ရာဂျားလိမ်ညာယူထားတယ့်  သနားစရာမိန်းကလေးတယောက်ကိုကူညီဖို့ ကြိုးစားလာခဲ့တဲ့အခါမှာတော့....... Bollywood အက်ရှင်ကားကောင်းကောင်းကြည့်ချင်တယ့် ပရိတ်သတ်တွေ လက်အလွတ်မခံသင့်ပါဘူး (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပဲဖြစ်ပါတယ်) File Size : 1.4 GB Quality : HD Rip 720P Running Time : 2hr 46minutes Format : Mp4 Genre :  Action;Drama;Muscial Encoder : Thanhtike ...
movie
Koyla (1997)
1997
Swiss Army Man (2016) 7.1
Swiss Army Man (2016) Radcliffe နှင့်အခြားသရုပ်ဆောင် Mary Elizabeth Winstead၊ Paul Dano တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်သည်။ဇာတ်လမ်းအကျဉ်းမှာထိုဇာတ်ကားကို Harry Potter သရုပ်ဆောင် Danielသည် လူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းတွင်ပိတ်မိနေသည့် မျှော်လင့်ချက်ကင်းမဲ့နေသောအမျိုးသားတစ်ယောက် Hank (Paul Dano)ကမိမိကိုယ်ကိုကြိုးဆွဲချသတ်သေရန်ကြိုးပမ်းချိန် သူရှိရာကျွန်းသို့အလောင်းတစ်လောင်း (Daniel Radcliffe) မျောလာခဲ့သည်။အလောင်းတစ်လောင်းဖြစ်သော်လည်းလူသားဖြစ်သည့်အတွက်သူနှင့်အတူသူငယ်ချင်းဖြစ်နိုင်သေးသည်ဟုမှတ်ယူပြီးသူနေရာဂူသို့ခေါ်ဆောင်သွားခဲ့သည်။Hank က ထိုအလောင်းကို Manny ဟုအမည်ပေးပြီးစကားပြောရာမမျှော်လင့်ပဲ Daniel သည်လူသေကောင်မဟုတ်ပဲစကားပြောနိုင်သလိုအခြားသောမဖြေရှင်းနိုင်သည့်စွမ်းအင်များပါနေသည့်အရာဝတ္တုတစ်ခုဖြစ်သည်ကိုတွေ့ရှိရသောအခါသူ့အားအိမ်ပြန်ရန်အသုံးချခံပစ္စည်းအဖြစ်အသုံးချခဲ့သည်။သူတို့နှစ်ဦးဟာလူသူကင်းမဲ့နေသည့်တောထဲမှအိမ်ပြန်ရောက်ချိန်ထိအလွန်ပဲခင်မင်ရင်းနှီးသည့်သူငယ်ချင်းဖြစ်ခဲ့သည်။ Hank က Manny ဟာအတိတ်မေ့နေသည့်အတွက်သူဇစ်မြစ်ကိုရှာဖွေ၍မရခဲ့သော်လည်းသူ့အားသူနှင့်အတူဘဝကိုဖြတ်သန်းနိုင်ရန်သင်ပေးခဲ့သည်။ Hank က Manny အား Sarah ကိုချစ်ကြိုက်နေသည်ဟုမိမိဘာသာယုံကြည်စေခဲ့သည်။အမှန်တကယ်ကHank က Sarah ကိုတစ်ဖက်သတ်ချစ်ကြိုက်နေသော်လည်း Sarah ကအိမ်ထောင်ရှိသူဖြစ်သည့်အတွက်တစ်ဖက်သတ်ချစ်သူဘဝဖြစ်သာနေနေရခြင်းဖြစ်သည်။ထို့နောက် Sarah က မှုမမှန်သည့်စွမ်းအားများကိုMunnyပိုင်ဆိုင်ထားပြီး Hank နှင့် Manny သည်ဆက်နွယ်မှုရှိကြောင်းသိသော်အခါ ရဲအားအကြောင်းကြားပြီးနောက်ရဲများကလည်း Hank မှာ Sarah ရဲ့ဓာတ်ပုံများတွေ့သောအခါ အကြံအစည်ဖြင့် နောက်ယောင်ခံလိုက်သည်ဟု Hank အားသတ်မှတ်ပြီးဖမ်းရန်ကြိုးပမ်းသောအခါ Hank က ...
movie
Swiss Army Man (2016)
2016
Paper Boy (2012) 5.8
Paper Boy (2012)   Imdb 5.8 ရထားတဲ့ Drama / Thrill ဇာတ်ကားတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းက ညီအစ်ကိုချင်းသံယောဇဉ် ချစ်ခြင်း မေတ္တာတွေကို ဖော်ကျူး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ ဇာတ်လမ်း အကျဉ်းလေးကတော့ Weld Jason ဟာမိုင်ယာမီ သတင်းစာတိုက်မှာ သတင်းထောက်တယောက်ဖြစ်ပါတယ် ဒီလိုနဲ့ တစ်နေ့မှာတော့ လူသတ်မှုတစ်ခုကို စုံစမ်း သတင်းရေးဖို့မြို့ကိုပြန်လာခဲ့ပါတယ် ပြန်ရောက်တဲ့ အချိန်မှာ ညီဖြစ်သူ ဟာ ကျောင်းကနေအနားယူ လာခဲ့ပြီး ရည်ရွယ်ချက်မရှိ လမ်းပျောက်နေတဲ့သူ တယောက်ပါ ညီဖြစ်သူ စိတ်မလေစေဖို့ ကိုအစ်က်ု ဖြစ်သူတယောက်ဘယ်လိုတွေများ အကူအညီပေးနိုင်မလဲ လာစုံစမ်းတဲ့ လူသတ်မှုရောပေါ်မလား ဆိုတာကိုတော့ ဆက်သကြည့်လိုကြပါတော့Download Lareg From PcloudDownload Small From Pcloud 
movie
Paper Boy (2012)
2012
Never Said Goodbye (2016) 7.7
Never Said Goodbye (2016)   ဒီဇာတ်လမ်းလေးဟာဆိုရင် ဂျွန်ဟို ဆိုတဲ့ ကိုးရီးယားကျောင်းသားလေးရဲ့ အချစ်ကို ပြသထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဂျွန်ဟိုဆိုတဲ့ ကောင်လေးက ရှန်ဟိုင်းမှာ လာနေရာကနေ ရှောင်ရိုးဆိုတဲ့ ကောင်မလေးကို ချစ်ကြိုက်မိသွားခဲ့ပါတယ်။ အဲ့ကောင်မလေးနဲ့ပျော်ရွှင်စွာနေထိုင်နေ တုန်းမှာပဲဂျွန်ဟိုဟာ သူ့အစ်မရှိတဲ့ အီတလီကို ထွက်သွားပါတယ်။ ကောင်မလေးကတော့ ဂျစ်ကန်ကန် လေးဖြစ်တဲ့ အတိုင်း ကောင်လေးကို ဒေါသတကြီးနဲ့ စောင့်မျှော် နေခဲ့ပေမဲ့ ဂျွန်ဟိုသေပြီဆိုတဲ့ သတင်းစကားလေးပဲ ကြားခဲ့ရပါတယ်။ ကောင်မလေးက မယုံပေမဲ့ အီတလီမှာ တစ်ကယ်ကို ဂျွန်ဟိုရဲ့ အသုဘ လုပ်ခဲ့ရုံမက ဂျွန်ဟိုနဲ့ အရမ်းချစ်ခင် တဲ့ ရှောင်ရိုးတို့ ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင် အသုဘကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အမှန်ကတော့ ဂျွန်ဟို မသေပါဘူး..... ဒါဆိုဘာလို့ ရှောင်ရိုးကို သေပြီလို့ပြောတာလဲ .....? ဘာလို့ အီတလီမှာ အသုဘလုပ်ခဲ့ရတာလဲ ......? ဂျွန်ဟိုကကောင်မလေးကို တစ်ကယ်ချစ်ရဲ့လား တကယ်ချစ်ရဲ့သားနဲ့ ဘာလို့ အီတလီကို သွားခဲ့ရဆာလဲ ဆိုတာတွေကို တော့ ဇာတ်ကားထဲမှာ ဆက်လက်ရှု့စားကျပါခင်ဗျာ.... IMDB Rating 7.5 ရရှိထားပြီးတော့ ဇာတ်ဆောင် ကိုးရီးယားမင်းသား Lee Joon-gi ...
movie
Never Said Goodbye (2016)
2016
Bleeding Heart (2015) 5.0
Bleeding Heart (2015)   2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ မိန်းမအက်ရှင် ဇာတ်ကြမ်း ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက IMDb 5.5 ထိရရှိထာပြီးတော့ သဲထိပ်ရင်ဖို ဒ ရာမာကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေ အနေနဲ့ကတော့ကြည့်ရှူသင့်တဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ မေ ဟာ ရိုးသားအေးဆေး စွာ ဘ၀ကိုဖြတ်သန်းနေတဲ့ ယောဂ သင်တန်းနည်းပြ ဆရာမ တယောက်ဖြစ်ပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ကွဲကွာသွားတာကြာပြီ ဖြစ်တဲ့ ညီမဖြစ်သူနဲ့ ဆုံတွေ့မိပြီး ညီမ ဖြစ်သူဟာ လိင်လုပ်သမ တယောက်အဖြစ် ဘ၀ကို ဖြတ်သန်းနေရပြီး လင်ယောကျာ်း ဖြစ်သူကလဲ နိပ်စက်ခံ နေရသည် ကို သိရှိ လိုက်ရာမှ တည်ငြိမ် သူလေး မေတစ်ယောက် ဘယ် လိုများ ပြောင်း လဲ သွားလေ သလဲ ဆိုတာ ကိုတော့ ဆက်လက်ကြည့် လိုက်ကြပါတော့ဗျDownload Large File From PcloudDownload Small File From Pcloud
movie
Bleeding Heart (2015)
2015
Approaching the Unknown 2016 4.8
Approaching the Unknown 2016 ဒီရုပ်ရှင်ကားက စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းနဲ့ ဒရမ် မာအမျိုးအသားထဲမှာပါပါတယ်။ အာကာသထဲမှာနေထိုင်ရတယ့် လူတစ်ဦးရဲ့  ရည်မှန်းချက်တွေ ၊ အထီးကျန်မှုတွေ ၊ စိတ်ပင်ပန်းမှုတွေအကြောင်းကို အဓီကရိုက်ကူးတင်ဆက်ထား ပါတယ်။ IMDbRating ၄.၈ ၊ Rotten Tomatoes ၄၅% ၊ Metacritic ၅၃ နဲ့  Rpger Ebert ၄ မှာ ၂.၅ ရရှိထာပါတယ်။ ဒီရုပ်ရှင်က ဝေဖန်ရေးလောကမှာ ဝေဖန်မှုကောင်းတာရော မကောင်းတာရော ရရှိခဲ့ပြီး ဒွိဟဖြစ်စေခဲ့ပါတယ်။ အဓီကသရုပ်ဆောင်ထားတယ့် မင်းသားကြီး မက်ခ်စတောင်း ရဲ့ သရုပ်ဆောင်မှုတွေ ကိုတော့ ချီးကျူးခဲ့ကြပါတယ်။ The New York Times ဒီရုပ်ရှင်ကတစ်ကားလုံးကြည့်လို့ မကောင်းရင်တောင် မင်းသားကြီး စတောင်းရဲ့ လူသားတွေရဲ့ အင်ဂျင်နီယာ ပေါ်မှာ ယုံကြည်အသက်ရှင်နိုင်ဖို့ ကြိုး စားနေတယ်လူတစ်ယောက်အဖြစ် သရုပ်ဆောင် ထားတယ့် အပိုင်းကတော့ အရမ်းကောင်းပါတယ်လို့  မှတ်ချက်ပေးထားတယ်။ ၂၀၁၆ခုနှစ် ဇွန်လပိုင်းကထွက်ရှိထားပြီး တစ်ကားလုံး မိနစ် ၉၀ ကြာပါတယ်။ ဒီဇာတ်လမ်းပုံစံ က ...
movie
Approaching the Unknown 2016
2016
Moonlight (2016)
Moonlight (2016) MOONLIGHT မြန်မာလိုပြန်ရပါမူ လရောင်ဟု အဓိပ္ပါယ်ရသည်....လရောင်ဆမ်းသောညကိုမကြုံဖူးသူမရှိပေ..လရောင်သည် သက်ရှိသက်မဲ့ အရာအားလုံး၏ မူလအရောင်ကိုမှေးဖျော့လွှမ်းမိုးနိုင်စွမ်းရှိသည် လရောင်သည် နူးညံသည် သိမ့်မွေ့သည် သို့သော်ထိရောက်မှု စွမ်းအား ကသိပ်ကိုကြီးမားလွန်းသည် ဒြပ်ရှိအရာများကိုမဆိုထားဘိ ဒြပ်မဲ့နှလုံးသားရဲ့ခံစားချက်ကိုပင် ဆွဲငင်နိုင်စွမ်းရှိသည် ယခုဇတ်ကား...Moonlight ဟု အမည်ပေးထားသော ဒီဇတ်ကားထဲမှာ အပိုင်း ၃ပိုင်းပါသည် ကလေးဘ၀ လူငယ်ဘ၀ လူကြီးဘ၀.... အပျံသင်ခါစနုလုံးသားနုနုအရွယ်ကလေးဘ၀မှာ လရောင်နှင့် အလားသဏ္ဍန်တူသည့် ပတ်ဝန်းကျင်စိုးမိုးမှုကိုစပြသည်...အမေကဆေးစွဲနေသည် အားကိုးရမဲ့ဖြစ်နေတဲ့သူ့ကို ရွယ်တူလူငယ်တစ်စုကနာမည်ပြောင်ခပ်ဆိုးဆိုးတွေခေါ်ရင်းအနိုင်ကျင့်ခံရနေရသည်.....ကလေးရဲ့နှလုံးသားက ဒဏ်ရာဗရပွဖြစ်နေသည်......လူငယ် ဘ၀ လူကြီး အခြေအနေတွေ သူ့ရဲ့ရပ်တည်ပုံတွေပြသည်......ဒီကားက နောက်ခံတေးသွားက မပါသလောက် effectနတ္ထိ....မျက်စိပသာဒဖြစ်စေမဲ့ အပေါ်ယံအလှတရားမပါ အကုန်လုံးက လူမဲတွေ ကြီးသရုပ်ဆောင်ထားသည်....ဒါရိုက်တာကလည်း လူမဲ....သို့ပေမဲ့ LA LA LAND ,HACKSAW RIDGEတို့ကိုကျော်လွန်ပြီး အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးမှီငြိမ်းဇတ်ညွှန်းဆု၊အကောင်းဆုံးဇတ်ပို့ဆုတို့ကိုရရှိသွားသည်.....ဇတ်ကားရဲ့ဖြစ်စဉ်တွေ ပေးချင်တဲ့Messageတွေက moonlightဆိုသော အမည်နာမနှင့်လိုက်ဖက်လှသည်....ကိုင်းပရိတ်သတ်ကြီးရေ ခင်ဗျားတို့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရော ဘယ်လို လရောင်လေးများလွှမ်းမိုးခံနေရလဲ ခင်ဗျားတို့ကလည်း တခြားသူကို ဘယ်လိုအရောင်အဆင်းတွေများ လွှမ်းမိုးပေးနိုင်လဲကို ဒီကားလေးကြည့်ရင်း ဆုံးဖြတ်လိုကြပါတော့ဗျာ ဇာတ်လမ်းအညွန်းကိုတော့ ဖြိုးပြည့်က ပါဝင်ခံစားရေးပေးထားတာပါDownload Large File From Pcloud Download Small File ...
movie
Moonlight (2016)