Channel Myanmar

Drama

New Trial (2017) 7.0
New Trial (2017)   တောင်ကိုရီးယားနိုင်ငံ မှာ ၂၀၀၀ ပြည့်နှစ် သြဂုတ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် လူသတ်မှုတစ်ခုမှာ မတရားစွပ်စွဲခံရတဲ့လူငယ်လေးတစ်ဦး ပြစ်ဒဏ်ကျခံပြီးတာတောင် အာမခံ ကုမ္ပဏီ တစ်ခုက လျော်ကြေးငွေ ပြန်တောင်းပါတယ် ဒါကို စွပ်စွဲခံလူငယ်လေးရဲ့ အမေက ရှေ့ နေငှားဖို့ ကြိုးစားတဲ့အခါမှာ လောလောလတ်လတ် အလုပ်လက်မဲ့ဖြစ်နေတဲ့ လောဘသားကောင် ရှေ့ နေတစ်ယောက် နဲ့ ဆုံဖြစ်ခဲ့ကြပါတယ် အဲ့ဒီရှေ့ နေကတော့ ဒီအမှုကို လက်ခံပေးရင်းနဲ့ ပဲ အမြင်မှန်ရလာကာ ရှေ့ နေကောင်း တစ်ယောက်ဖြစ်လာပြီး သူ့ အမှုသည်ရဲ့  နာမည်ဆိုးကို ပယ်ဖျက်ပေးဖို့ ကြိုးစားပါတော့တယ် ဒါပေမဲ့လည်း အမှုက ၁၀ နှစ်ကျော် ကြာနေတဲ့ အမှုဖြစ်တာကြောင့် ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့ ရမလဲ သူ့ အမှုသည်ရဲ့ အမည်ဆိုးကိုကော ပယ်ဖျက်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ခံစားပေးကြပါဦးဗျာ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာ ပြန်သူကတော့ Scrn ဖြစ်ပါတယ်)File Size : 900 MB / 370 MB Quality : WEBDL ...
movie

New Trial (2017)

2017
Bambi (1942) 7.3
Bambi (1942) Bambi (1942)IMDb - 7.3/10_____Rotten - 90%    Rating 7.3 ရရှိထားတဲ့ 1942 ခုနှစ်ကထွက်ရှိထားတဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့် သစ်တောကိုစောင့်ရှောက်ပေးမယ်ဆိုတဲ့ နိမိတ်နဲ့ နောက်ထပ်သမင်လေးတစ်ကောင်မွေးဖွားလာပြီဆိုပြီး ဘမ်ဘီဆိုတဲ့ သမင်လေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်... သူ့အတွက်သူငယ်ချင်းအသစ်တွေလည်းရလာခဲ့ပါတယ်... တစ်နေ့မှာ ဘမ်ဘီရဲ့ အမေသမင်မကြီးဟာ လူမုဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်... ဒါကြောင့် လူသားမျိုးနွယ်တွေရဲ့ ဖျက်ဆီးနေတဲ့ ဒီတောကြီးကို ဘမ်ဘီလေးအရွယ်ရောက်လာတဲ့အချိန်မှာ ကာကွယ်ပေးနိုင်မလား.... အဲ့ဒီမုဆိုးတွေကကောတောထဲကို ပြန်ပြီးလာဦးမလားဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်... Animation အပိုင်းမှာကျော်ကြားလှတဲ့ Disney ဟာ ဒီ Animation ကားလေးထဲမှာလည်း ချစ်စရာကောင်းလှတဲ့ အကောင်လေးတွေနဲ့ လှပတဲ့ရှု့ခင်းများကိုလည်း ထပ်ပြီးအားဖြည့်ထားခဲ့ပါတယ်... ကျွန်တော်တို့ ကလေးဘဝတုန်းက အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ခဲ့ရပေမယ့် အခုခေတ် သားသားမီးမီးများ မြန်မာစာတန်းထိုးနဲ့ကြည့်ရှု့ခွင့်ရအောင် တင်ဆက်ပေးလိုက်ပါတယ်....  Duration…..01:10:00 Format…Mp4 File Size…(500 MB) Encoder…..Moe Myint Lwin Translator…..Myat Ko Ko (Jack Li) 
movie

Bambi (1942)

1942
After the Storm (2016) 7.6
After the Storm (2016) ကျနော်တို့တွေအားလုံး နေ့စဉ်ဘဝမှာ ရှင်သန်နေကြတာ ဘာရည်ရွယ်ချက်နဲ့လဲ မရှင်သန်ဖူးသေးလို့ ရှင်သန်ကြည့်နေကြတာလား?? မနက်ဖြန်အတွက်ဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့လား?? ရှင်သန်နေဆဲ မှာရော ရှင်သန်ဖော်ရှင်သန်ဖက်တွေကို ဘယ်လောက်အကျိုးပြုခဲ့ပြီလဲ?? လူတွေက ဘာလို့ ဆုံးရှူံးပြီးသားကိုမှ တန်ဖိုးထားကြတာလဲ?? အချစ်ဟာ အချိန်တွေကြာလာရင် သံယောဇဉ်ဖြစ်ရဲ့လား?? သံယောဇဉ်နဲ့ပဲနေနေတဲ့ အချိန်တွေကြာလာရင်ကော.. အချစ်ဆိုတာကျန်သေးရဲ့လား?? အဆုံးမဲ့စင်္ကြာဝဠာကြီးထဲမှာ မိမိဆိုတာကရော ဘယ်လောက်ထိအရေးပါနေလဲ?? ကျနော်တို့ဟာ ကိုယ်ဖြစ်ချင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဘဝမှာကြိုးစားကြတယ် ဖြစ်သွားရင်ကော..ဘဝကြီးကနေပျော်သွားပြီလား?? ဖြစ်ဖို့ကြိုးစားနေဆဲကာလကရော ဘဝမဟုတ်ဘူးလား?? စတဲ့ mindblowingဖြစ်စေမယ့် မေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုပြန်မေးရင်း ခပ်ငြိမ့်ငြိမ့်ဇာတ်ကားလေးထဲမှာ စီးမျောသွားပါလိမ့်မယ်.. မိန်းမရပြီးမှ မကြိုးစားခဲ့လို့ မိန်းမက ထားသွားခဲ့တဲ့လူတစ်ယောက်. .. သူသိပ်ချစ်တဲ့သူ့သားလေးကိုလဲ ထောက်ပံ့ကြေးပေးရဦးမယ် (သူတို့နိုင်ငံရဲ့ဥပဒေအရ) ပင်စင်စားအမေကြီးကိုလဲ ထောက်ပံ့ချင်သေးတဲ့ သားလိမာဖြစ်ချင်တဲ့ လူတစ်ယောက်... စုံထောက်ကိုယ်စားလှယ်ရုံးမှာအလုပ်လုပ်ပြီး ဝတုတစ်ပုဒ်နဲ့ဆုရဖူးတဲ့ အရည်အချင်းနဲ့လူတစ်ယောက် ဖြစ်ချင်တာတွေဖြစ်မလာတဲ့ ဘဝတစ်ခုမှာ အဓိပါယ်ရှာနေတဲ့လူတစ်ယောက်အကြောင်းဇာတ်ကားကောင်းတစ်ကားပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အောင်ချမ်းငြိမ်း ပဲဖြစ်ပါတယ်)File Size : 900 MB / 370 ...
movie

After the Storm (2016)

2016
Hacker (2016) 6.3
Hacker (2016)   အဲလက်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်း ကွန်ပျူတာကို ဆော့ကစားရင်းကြီးပြင်းခဲ့ရသူမို့ အင်တာနက် ကွန်ပျူတာတွေနဲ့ပတ်သတ်ပြီး အကျွမ်းတ၀င်ရှိနေပါတယ်။ သူရဲ့စိတ်ကူးကလည်း ဒီပညာတွေကို ပိုပြီးသင်ယူဖို့ ကောလိပ်တက်ချင်တာပါ။ မိဘတွေက မပြေလည်သူမို့ ကောလိပ်တက်ဖို့  ၁၄ နှစ်အရွယ်လောက်ကတည်းက ခက်ခက်ခဲခဲ အင်တာနက်နေပြီးမှ ငွေရှာပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေတဲ့ လူကောင်းလေးတစ်ယောက်ပါ။ ကောလိပ်တက်ခါနီးမှာပဲ သူ့အမေအလုပ်လုပ်နေတဲ့ဘဏ်က သူ့အမေကိုအလုပ်ထုတ်လိုက်ပါတယ်။ သူတို့အိမ်ဂရန်အပေါင်ကလည်း ဒီဘဏ်မှာဖြစ်တဲ့အတွက် အလုပ်မရှိတော့လို့ ချေးငွေလည်းမရနိုင်နဲ့ အိမ်ကိုပါ ဆုံးရှုံးရမယ့်အခြေအနေမို့  သူအနှစ်နှစ်အလလ စုထားတဲ့ငွေလေးတွေကို ထုတ်ပေးလိုက်ပါတယ်။ သူ့ရဲ့ရင်ထဲမှာလည်း ဘဏ်တွေကို စိတ်နာပြီး နာကျည်းချက်ဝင်နေပါတယ်။   အဲဒီအချိန်မှာ “ Dark Web” ဆိုတဲ့အဖွဲ့အစည်းက အင်တာနက်ကဟက်ကာအဖွဲ့အစည်းတွေဖြစ်ပြီး အင်တာနက်ကနေ ငွေကြေးတွေ လိမ်လည်ရယူနေတဲ့ နာမည်ကျော်ဟက်ကာကြီးအဖွဲ့ပါ။ ခေါင်းဆောင်ကတော့ Z  ဆိုပြီး မျက်နှာဖုံးနဲ့ လူတစ်ယောက်ပါ ။ ဒီတော့ သူစုထားတဲ့ပိုက်ဆံတွေ မရှိတော့တဲ့ အဲလက်စ်ဟာ ဒီအဖွဲ့ထဲကို ၀င်ဖို့အကြံရသွားပါတယ်။ ဒီအဖွဲ့ထဲ ၀င်ဖို့ကတော့ မလွယ်ကူပါဘူး။ Online ကနေ ငွေကြေးလိမ်လည်မှုတစ်ခုလုပ်ပြနိုင်မှ လက်ခံတာပါ။ ဒီတော့ အဲလက်စ်လည်း ကြိုးစားပြီး Online  ငွေကြေးလိမ်လည်မှုတစ်ခု လုပ်ပြနိုင်လို့ အောက်ဆုံးအဆင့်ကနေ ၀င်ခွင့်ရခဲ့တယ်။ ဒီအဖွဲ့ထဲ ၀င်ပြီး ...
movie

Hacker (2016)

2016
Wolf Girl and Black Prince (2016) 5.8
Wolf Girl and Black Prince (2016)   သူငယ်ချင်းတွေကအတွဲကိုယ်စီနဲ့သာယာနေတဲ့အချိန် ကိုယ်က အချစ်ဆိုတာ ချိုနဲ့လားလို့ မေးယူရတဲ့လူတစ်ယောက်ဖြစ်နေရင် ဘာပဲဖြစ်ဖြစ် လူရှိန်အောင်လို့ Rsလိုလို ဘာလိုလိုညာပြောမိမယ်ထင်တာပဲနော်:P။ ဒီကားထဲက အဲရီကာလေးကလဲ အဲ့လိုလျှောက်ဖိန့်ပြီး တွေ့ကရာကောင်လေးတစ်ယောက်ပုံကို သူ့ချစ်သူပါဆိုပြီး ညာထားမိလိုက်ပါတယ်။ဖြစ်ချင်တော့ အဲ့ကောင်လေးက သူတို့ကျောင်းက စကီလေးတွေအသဲစွဲ ကောင်လေးဖြစ်နေတာကို သူမသိလိုက်တာပါပဲ။ သူ့သူငယ်ချင်းတွေက အဲ့ကောင်လေးကိုမှတ်မိပြီး အဲ့ကောင်လေးနဲ့မိတ်ဆက်ခိုင်းတော့ အဲရီကာတစ်ယောက် အကြံအဖန်ထုတ်ရပုံကိုဒီကားထဲမှာတွေ့ရမှာပါ ရှေ့လျောက် ဒီအေးတိအေးစက်ကောင်လေးရယ် အဲရီကာလေးရယ်ဘယ်လိုတွေ နှစ်ပါးသွားသလဲဆိုတာတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ဖို့တိုက်တွန်းပါရစေ။ချစ်ဖို့ကောင်းတဲ့ ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးမွန်ကျော် ပဲဖြစ်ပါတယ်)File Size : 800 MB / 400 MB Quality : Bluray 720P Running Time : 1hr 56minutes Format : Mp4 Genre :    Comedy, Drama, Romance Translator : Aye Mon Kyaw Encoder :Thanhtike Zaw  Download Here Yoteshin Link  Download Here Bluray 720p (800 MB) Openload ...
movie

Wolf Girl and Black Prince (2016)

2016
Voice from the Stone (2017) N/A
Voice from the Stone (2017) တိတ်ဆိတ်မှု????? တိတ်ဆိတ်မှုဆိုတာဘာလဲ။ တိတ်ဆိတ်မှုမှာ အဓိပ္ပါယ်ပေါင်းများစွာ အကြောင်းအရင်းပေါင်းများစွာ ခံစားချက်ပေါင်းများစွာ ပါဝင်နေတတ်တယ်။ အတိတ်ဆိုတာ ကျွန်တော်တို့မနက်မိုးလင်းလို့အိပ်ယာကထလိုက်တာနဲ့ အိပ်မက်အဖြစ်ကျန်ခဲ့သွားပါပြီ။ဒီဇာတ်ကားလေးကတော့ Game of thrones fanတွေရဲ့ အသည်းစွဲမင်းသမီးလေး Emilia Clarkeရဲ့ပူပူနွေးနွေးထွက်ရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ Emiliaဟာ Me before you ဇာတ်ကားထဲကလိုပဲ ယခုဇာတ်ကားမှာလည်း nurseတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ သို့ပေမယ့် ယနေ့ခေတ်nurseအဖြစ်သရုပ်ဆောင်ခြင်းမဟုတ်ဘဲ 1950 ကာလပတ်ဝန်းကျင်အခြေအနေနဲ့ရိုက်ပြထားခြင်းဖြစ်သည်။ မိခင်ဖြစ်သူကွယ်လွန်သွားတဲ့အတွက်စွံ့အသွားတဲ့ကောင်လေးတစ်ယောက်ကို Verena အမည်ရှိတဲ့ nurseမလေး တစ်ယောက်က ဘယ်လိုတွေပြုစုပေးမလဲ။ ကောင်လေးကရော ဘာ့ကြောင့်စွံ့အသွားတာလဲ ကောင်လေးနဲ့နီးစပ်လာရင်းနဲ့ ကောင်လေးဟာ သာမန်တိတ်ဆိတ်ဆွံ့အသွားခြင်းမဟုတ်ဘဲ မန္တန်တစ်ခုကြောင့်ဖြစ်သွားရတာသိလိုက်ရတဲ့အခါမှာတော့ ...(ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)File Size : 700 MB  Quality : WEBDL 720P Running Time : 1hr 34minutes Format : Mp4 Genre :    Drama, Mystery, Thriller   Translator : Fridays Encoder :Thanhtike Zaw 
movie

Voice from the Stone (2017)

2017
The Punisher (2004) 6.5
The Punisher (2004) အက်ရှင်ကားကောင်းတွေကိုကြိုက်တက်တဲ့ CM Fans တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကတော့ Marvel Superhero Fans တွေအကြိုက်တွေတဲ့ The Punisher ဇာတ်ကားဖြစ်ပါတယ်။ဒါပေမဲ့ Superhero တစ်ယောက်မဟုတ်ပဲ သာမန် စေတနာ့ဝန်ထမ်း မကောင်းသူပယ် ကောင်းသူကယ် ၀န်ထမ်း တစ်ယောက် သာမန် လူတစ်ယောက်သာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့... FBI ရဲ့ လျို့ဝှက်အေးဂျင့်တစ်ယောက်ဟာ သူ့မိသားစုကို ရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့ စီးပွားရေးသမားတစ်ယောက်ကို လက်စားချေရန် လိုက်ရှာရာမှ မကောင်းမှုတွေဖယ်ရှားသော စေသနာ့ဝန်ထမ်း သုတ်သင်ရှင်းလင်းရေးသမားတစ်ယောက် ဖြစ်လာခဲ့သည်။ သူရှာနေသော သူ့ရန်သူတော်ကို လက်စားချေနိုင်မလား၊ လမ်းကြုံလို့ အမြင်မတော်တာတွေ ဖြေရှင်းရင်းမှ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလားဆိုတာကို ကြည့်ရှုလိုက်ကြပါစို့လားဗျာ။ Tariq L WalkerFile Size : 1GB / 350 MB Quality : 720P Running Time : 2hr Format : Mp4 Genre : Action, Crime, Drama Translator : Moonlight777 Encoder :Tariq L Walker  Download ...
movie

The Punisher (2004)

2004
Three Kingdoms: Resurrection of the Dragon (2008) 6.2
Three Kingdoms: Resurrection of the Dragon (2008) ဒီကားဟာလည်း Red cliff နဲ့ တစ်နှစ်တည်း ထွက်လာခဲ့တဲ့ ရုပ်ရှင်ပါ။ Red cliff လိုပဲ တရုတ်ဂန္တဝင်ဝတ္ထုRomance of the three kingdims ကိုပဲအခြေခံထားပါတယ်ဒီတော့ Red cliff မှာပရိသတ်ရင်းနှီးပြီးသား ဇာတ်ကောင်အတော်များများပြန်လည်ပါဝင်ပါတယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ လှံရေးမှာ သူမတူအောင်ကျွမ်းကျင်သူ Zhao Zilong(Red cliffပထမဆုံးအခန်း မှာ Lui Bei ရဲ့ သားငယ်ကိုကယ်တင်ခဲ့သူ)အဖြစ် မင်းသားကြီး Andy lau က ပါဝင်ထားပါတယ်။အက်ရှင်ခန်းတွေ အရမ်းမိုက်ပြီး အထူးသဖြင့် setting ဟာ 2008 ထွက်ကားလို့မထင်ရအောင် ကောင်းမွန်ပါတယ်။စစ်ဝတ်စုံ တွေဟာ red cliff ထဲကထက် smart ကျပြီး အက်ရှင်ခန်းတွေကတော့ red cliff ကိုမကျော်ဘူးဆိုရင်တောင် မနိမ့်ကျပါဘူး။ဇာတ်လမ်းအနေနဲ့ကတော့ Cao Cao က Lui Bei ရဲ့နယ်မြေကိုကျူးကျော်နေချိန်မှာ သာမန်တပ်သားငယ်လေးဖြစ်တဲ့ ...
movie

Three Kingdoms: Resurrection of the Dragon (2008)

2008
One Day (2017) N/A
One Day (2017) မိန်းမသတ်သေသွားတာကိုမြင်ပြီး စိတ်ဒဏ်ရာရနေတဲ့အမျိုးသားတစ်ယောက်ရဲ့စိတ်ဒဏ်ရာတွေကို ကိုမာဝင်ပြီးသတိလွင့်မေ့မျောနေတဲ့ အမျိုးသမီးတစ်ယောက်က ကုစားပေးထားတဲ့အကြောင်းလေးကိုရိုက်ကူးထားပါ ဂန်ဆူးဟာမိန်းမဖြစ်သူသေဆုံးသွားပြီးနောက် စိတ်ဒဏ်ရာအကြီးအကျယ်ရနေခဲ့ပါတယ် အလုပ်ကိုလည်းမသွားတော့ပါဘူး အမျိုးသမီးတစ်ယောက်ရဲ့အမှုကိုလိုက်ဖို့လက်ခံလိုက်ရာကနေ ထိုအမျိုးသမီးရှိတဲ့ဆေးရုံကို သွားရောက်တွေ့ဆုံဖို့သွားခဲ့ပါတယ်။ ဆေးရုံရောက်သွားတဲ့အခါ ထိုအမျိုးသမီးနဲ့တွေ့လိုက်ရပေမယ့် သူတစ်ဦးတည်းသာထိုအမျိုးသမီးမြင်နိုင်ကြောင်းသိလိုက်ရတဲ့အခါမှာတော့ .... (ဘာသာပြန်သူကတော့ idiotMyoKo ပဲဖြစ်ပါတယ်) File Size : 850 MB / 300 MB Quality : HDRip 720P Running Time : 1hr 58minutes Format : Mp4 Genre : Drama,Fantasy Translator : IdiotMyoKo Encoder :Thanhtike Zaw  
movie

One Day (2017)

2016
Braveheart (1995) 8.4
Braveheart (1995)   IMDb 8.4 ရထားတဲ့ သမိုင်းနောက်ခံ အမေရိကန် ရှေးစစ်ကားတစ်ခု တင်ပေးထားပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ကောင်ကတော့ စကော့ စစ်သူရဲကောင်းကြီး ဝီလီယမ် ဝေါလေ့စ် နေရာကနေ သရုပ်ဆောင်ထားခဲ့တာပါ။ အော်စကာ ဆန်ကာတင် ၁၀ နေရာ ပါဝင်ခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာ ဆု အပါပအဝင် ၅ ဆု တိတိ ဆွတ်ခူးသွားခဲ့တာပါ။ ပထမ စကော့တလန် လွတ်မြောက်ရေး စစ်ပွဲ ဦးဆောင်ခဲ့ တဲ့ စစ်သူရဲကောင်း ဝီလီယံ အကြောင်းကို ရေးဖွဲ့ခဲ့တဲ့ ကဗျာ ( Blind Harry's epic poem The Actes and Deidis of the Illustre and Vallyeant Campioun Schir William Wallace) ကို အခြေခံပြီး ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ၁၃ ရာစု အင်္ဂလန်ဘုရင် ပထမအက်ဒ်ဝက် လက်ထက်မှာ ပဲ ဖြစ်ပါတယ်။ အတော်ကြီးကို ...
movie

Braveheart (1995)

1995
White Girl (2016) 5.8
White Girl (2016)   အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးတွေသုံးပြီး လမ်းစပျောက်ပျက်စီးနေတဲ့ ကောလိပ်ကျောင်းသား ကျောင်းသူလေးတွေရဲ့ ဘဝကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူး ထားတဲ့ လိင်အသားပေး ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်။ ငယ်ရွယ်ချောမောပြီး တက်ကြွနေတဲ့ သူငယ်ချင်း ကျောင်းသူလေးနှစ်ယောက် ကောလိပ်တက်ရန်ပြောင်းရွှေ့လာကြပါတယ်။ ပြောင်းလာလာချင်းနေ့မှာပဲ Blue လို့အများကခေါ်တဲ့ ကောင်လေးအုပ်စုနဲ့ စတင်အကျွမ်းဝင်ခဲ့ပါတယ်။ တစ်ကယ်တော့ Blue တို့က ဆေးတွေကိုအမြတ်ကြီးစားပြီး ရောင်းစားနေတဲ့မှောင်ခိုသမားတွေပါ။ Blue တစ်ယောက်ကိုယ်စားလှယ်ဆီကနေ ဘိန်းတွေကို ယူပြီးရောင်းနေချိန်အတောတွင်းလေးမှာပဲ စုံထောက်ရဲက လက်ရဖမ်းမိသွားပါတယ်။ သူငယ်ချင်းအဖြစ်ကိုကြည့်မနေနိုင်တဲ့ လဲ့ က Blue ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ လဲ့ ရဲ့Blue အပေါ်ကယ်တင်ဖို့ ကြိုးစားအားထုတ်မှု့တွေကို ပရိတ်သတ်ကြီးကပဲ ဆက်လက်အားပေးလိုက်ပါဦး..Quality…..BluRay 1080p Duration…..01:28:00 Format…Mp4 File Size…(646 MB , 323 MB) Encoder…..Raven Translator…..Kin Mu Chi  Download with Yoteshin Link  Download with Openload   Download with Openload (Small Size)   
movie

White Girl (2016)

2016
Martial Arts of Shaolin (1986)

Martial Arts of Shaolin (1986)

Cat and Mouse (2003) 5.3
Cat and Mouse (2003) 2003 ခုနှစ်ကထွက်ရှိပြီး ပေါင်ချိန် ကျန်ကျောင်းကားကို ဟာသဘားရှင်းအနေနဲ့ရိုက်ကူးထားတဲ့ အချစ်ဟာသကား လေးကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသာကြီးကတော့ အသဲကျော် အန်ဒီပဲ ဖြစ်ပါတယ်ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ Zhan Zhao (Andy Lau) ဟာ ပေါင်လူကြီးမင်းရဲ့ ရုံးစာရေး ကိုယ်ရံတော် ငတိပါ တစ်နေ့မှာ သူဟာ ရုံးအားလပ်ရပ်မှာ သူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ် ထိုအချိန်မှာပဲ တရားသူကြီးပေါင်ကို လုပ်ကြံတဲ့ အမူတစ်ခုထွက်ပေါ်လာရာမှ ပေါင်လူကြီးမင်းကိုလုပ်ကြံမူကို Zhan Zhao (Andy Lau) ဟာ တားဆီးဖို့ကြိုးစားရင်း သူမျှော်လင့်ထားသလို ဖြစ်မလာပဲ သူငယ်လေးဟာ သောက်ကျိုးနည်း ချောတဲ့ကောင်မလေး ဖြစ်နေပြီး သူ့ကိုတိတ်တဆိတ် ကူညီပေးနေတဲ့သူဖြစ်လာတဲ့အခါမှာတော့ ..................... ဘာသာပြန်ကတော့ Chu Qiao ပါဗျ ။Download From Yoteshin Link
movie

Cat and Mouse (2003)

2003
Silence (2016) 7.2
Silence (2016) Silence (2016) IMDb - 7.2/10_____Rotten - 83%  Liam Neeson နဲ့ Andrew Garfield ပါဝင်တဲ့ ဒီဇာတ်ကားလေးဟာဆိုရင် မိမိတို့ဘာသာ တရားအတွက် မိမိရဲ့ ယုံကြည်မှု့အတွက် အသက် ကိုစွန့်လွှတ် ခဲ့တဲ့ ခရစ်ယာန် ဘာသာဝင်တွေ နဲ့ ခရစ်ယာန် ဘုန်းတော် ကြီးတွေ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Rating 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေး ဟာဆိုရင် ကြည့်ရတာ တော်တော့်ကိုကောင်းမွန် တဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ တော်တော် ကို အော့နှလုံးနာစရာ အခန်းတွေ ပါဝင်ပေမဲ့ ရက်စက်ကြမ်းကြုတ်တက်တဲ့ လူသားတွေရဲ့ သဘောသဘာဝ ကို ပုံဖော်ပြထားတာကိုပဲခံစားကြည့် ရှု့ဖို့ တောင်းဆိုပါရစေ။ ဇာတ်လမ်း အကျဉ်းကတော့ ၁၇ ရာစု အစပိုင်းမှာ ဂျပန်ကို သာသနာပြုဖို့ အတွက် ဘုန်းတော်ကြီး Ferreira (Liam Neeson) တို့ဟာစေလွှတ်ခြင်းခံခဲ့ရပါတယ်။အစပိုင်းမှာတော့ သူတို့ခရီးစဉ် အောင်မြင် ခဲ့ပြီး နောက်ပိုင်းမှာတော့ ရက်စက်တဲ့ Shogun တွေက သာသနာပြုလုပ်ငန်းတွေကို ဖျက်စီး ဘာသာဝင်တွေကို ဖမ်းဆီး နှိပ်စက် ...
movie

Silence (2016)

2016
Patriots Day (2016) 7.4
Patriots Day (2016) ဒီဇာတ်လမ်းလေးကို ရုပ်ရှင်မကြည့်ခင်မှာပဲအားလုံးသိပြီးကြမှာပါ။ ၂၀၁၃တုန်းကကျင်းပခဲ့တဲ့ Bostonမာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပြီး လူတွေသေကြေ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ကျနော်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းကို ၂၀၁၃တုန်းကပဲ DVBကလွှင့်ခဲ့တဲ့ Documentryအတိုလေးကြည့်လိုက်ရပါတယ်။ ဒီတော့ Spoilerတွေဘာတွေသိပ်စိတ်ပူနေစရာမလိုပါဘူး။ ဒီကားကိုအမှန်အတိုင်းပြောရရင် ကျနော်လည်းသိပ်ကြည့်ချင်ခဲ့တာမဟုတ်ပါဘူး။ ဇာတ်လမ်းကသိပြီးသားဆိုတော့ အခွေထွက်တာပဲစောင့်မယ်ကြံခဲ့တာပါ။ ဒါပေမယ့် ရုံသွားကြည့်သူတွေရဲ့Feedbackအရ သိပြီးသားဇာတ်လမ်းကိုပဲ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြသွားပြီး ကြည့်လို့်ကောင်းတယ်လို့ ပြောကြပါတယ်။ ဒါနဲ့ပဲ ကျနော်လည်းရုံမှာအပြေးသွားကြည့်ခဲ့ပါတယ်။ အားလုံးပြောကြတဲ့အတိုင်း ဇာတ်လမ်းဟာသိပြီးသားဖြစ်ပေမယ့် အလွန်ကိုစိတ်ဝင်စားစရာ ကောင်းလွန်းခဲ့ပြီး နောက်ဆုံးခန်းအထိကို ကြည့်နေတဲ့ပရိသတ်တွေကို ဆွဲခေါ်သွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျနော်မပြောလည်းအားလုံးသိပြီးကြမှာပါ။ 2013,April 15ရက်နေ့မှာ Bostonမြို့မှာကျင်းပခဲ့တဲ့ မာရသွန်ပြေးပွဲမှာ ဗုံး၂လုံးပေါက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဗုံးဟာ Home-Madeဗုံး လို့ယူဆရပြီးBostonမြို့ခံရဲသား Tommy Saunders(Mark Wahlberg)ကဦးဆောင်ပြီး Commissioner Ed Davis (John Goodman)နဲ့ FBI Special Agent Richard DesLauriers (Kevin Bacon)အတူပူးပေါင်းကာ ဗုံးဖောက်ခွဲသူကိုဖေါ်ထုတ်ကြတာပါ။ ဇာတ်ကားစစချင်းမှာ ဒါရိုက်တာက Characterတွေရဲ့အခန်းတွေကိုဟိုစပ်ဒီစပ်ပုံစံနဲ့ရိုက်ပြသွားပြီး ဗုံးဖောက်ခွဲပြီးနောက်ပိုင်းမှာတော့ ဒီCharacterအားလုံးဟာ ဇာတ်လမ်းထဲတဖြည်းဖြည်းဝင်လာခဲ့ပါတယ်။ Mark Wahlbergရဲ့သရုပ်ဆောင်မှုကတော့ တချက်၂ချက်ထဖောက်တာကလွဲပြီး အတော်ပီပြင်ကောင်းမွန်တယ်လို့ချီးကျူးရမှာပါ။ J.K Simmonsကြီးလည်းအရံအဖြစ်ပါဝင်ခဲ့ပြီး Screen Timeနည်းတယ် ဆိုပေမယ့် ပါရတယ့်အခန်းမှာရအောင်တော့ကြမ်းပြသွားပါသေးတယ်။ (Rogue Oneမှာ Darth Vaderပါလာသမျိုးပါပဲ။) 10 CloverField Laneဇာတ်ကားမှာပါဝင်ခဲ့တဲ့ John Goodmanနဲ့ Tremors နဲ့ Hollow Manဇာတ်ကားတွေထဲက Kevin Baconတို့ရဲ့ ...
movie

Patriots Day (2016)

2016