Channel Myanmar
Drama
Humpty Sharma Ki Dulhania (2014) 6.0
Humpty Sharma Ki Dulhania (2014) Batrinath Ki Dulhania (2017) တင်ပေးပြီးပြီဆိုတော့ကာ ဒီတစ်ခါတော့ သူ့အရင် ထွက်ထားတဲ့ Humpty Sharma Ki Dulhania ကို တင်ဆက်ပေးလိုက်ပါတယ်။ အာလီယာ နဲ့ ဗာရွန် တို့က အတွဲညီညီ သရုပ်ဆောင်ထားပြီး တကယ်ကို ကြည့်ကောင်းတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးညွှန်းရမယ်ဆိုရင်တော့ ဘဝကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေပြီး ဘယ်အရာကိုမှ အရေးတယူ တန်ဖိုးမထားတတ်တဲ့ ဟမ်ပတီးဆိုတဲ့ ကောင်လေးဟာ သူ့မြို့ကို အလည်ရောက်လာတဲ့ ကဗ်ယားဆိုတဲ့ ကောင်မလေးကို ချစ်မိသွားပါတော့တယ်။ ဒါပေမယ့် သူကြိုက်မိတဲ့ ကောင်မလေးက တစ်လအတွင်းထဲမှာ မင်္ဂလာဆောင်ရတော့မယ့် သတို့သမီးလောင်း တစ်ယောက်ဖြစ်နေတာကို သိလိုက်ရသည့် အခါမှာတော့ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Zaw htoo  ပဲ ဖြစ်ပါတယ်)File Size : 0.99 GB / 500 MB Quality : Bluray 720P Running ...
movie
Mummies: Secrets of the Pharaohs (2007) 6.6
Mummies: Secrets of the Pharaohs (2007)  အီဂျစ် ပြည်လို့ ပြောလိုက်တာ နဲ့ လူတိုင်း အရင်ဆုံး ပြေးမြင်မိမှာက ပိရမစ်တွေနဲ့ မံမီတွေပါပဲ။ရုပ်ရှင်တွေ စာအုပ်တွေ ပန်ချီကားတွေ ကဗျာတွေမှာလဲ ပိရမစ်တွေ မံမီတွေ အကြောင်းကိုအမျိုးမျိုးရေးသားဖော်ပြကျပါတယ်။ခေတ်သစ် ကမ္ဘာကြီးက လျှင်မြန်စွာ နည်းပညာသစ်တွေ တိုးတက် လာနေပြီ ဖြစ်သလိုအဲ့နည်း ပညာ တွေရဲ့ အကူအညီတွေနဲ့ ကျွန်တော်တို့ အဖြေရှာမရခဲ့တဲ့ မံမီတွေ အကြောင်းထူးခြားဆန်းကျယ်မှု့တွေကိုလေ့လာနိုင်လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်လေးကလည်း ဖာရို တွေရဲ့ မံမီတွေ ဆီကနေရတဲ့ ဒီအန်အေတွေကိုစုစည်းလေ့လာခြင်းဖြင့် သိပ္ပံပညာရှင်တွေဟာ မျိုးရိုးဗီဇဆိုင်ရာ တွေကို လေ့လာနိုင်ကြောင်း အဲ့လေ့လာ မှု့တွေက နေတစ်ဆင့် သေနှုန်းမြင့်တဲ့ရောဂါတွေအတွက်ကုသရာ နည်းလမ်းတွေကို ဘယ်လိုရှာဖွေနိုင်ကြောင်းပြသထားတာပါ။ ရှေးခေတ်အီဂျစ်မှာ ဦးခေါင်းခွံ ခွဲစိတ် ကုသမှု့ တွေတောင် ပြုလုပ်နိုင်ခဲ့တယ်ဆိုတာပညာရှင်တွေက တွေ့ရှိထားဖူးပါတယ်။ ဒီတော့ ဒီဖာရို တွေဆီမှာ ခေတ်သစ်လူသားတွေထက်ကို ရှေ့ရောက်နေတဲ့ နညးပညာတွေများ ပိုင်ဆိုင် ထားကျသလား..... ?တကယ်ပဲ ...
movie
Mummies: Secrets of the Pharaohs (2007)
Swallows and Amazons (2016) 6.1
Swallows and Amazons (2016) Swallows and Amazons (2016) IMDb - 6.1/10_____Rotten - 94%ဂျွန်တို့မောင်နှစ်မလေးယောက်ဟာ ကျောင်းပိတ်ရက်ရှည်မှာ နယ်မြို့လေးတစ်မြို့ကိုအပန်းဖြေခရီးထွက်ခဲ့ရာမှာ…အိမ်နဲ့မနီးမဝေး ကျွန်းလေးတစ်ကျွန်းကို campထွက်ဖို့မိခင်ဆီမှခွင့်ပြုချက်ရခဲ့ရာမှ …ကျွန်းမှာ အုပ်စိုးနေတဲ့Amazonsတွေနဲ့ဘယ်လိုတွေတိုက်ခိုက်ပြီး ကျွန်းမှာစခန်းချနေထိုင်ကြမလဲ…တစ်ဖန်ကျွန်းမှာပုန်းအောင်းနေတဲ့… အစိုးရကအလိုရှိနေတဲ့ရုရှားသူလျှိုကြီးနဲ့လည်းပြဿနာဖြစ်ခဲ့ရာမှမောင်နှမတွေဘယ်လိုတိုင်ပတ်ကြမလဲ…အစကတကျက်ကျက်မတည့်ကြတဲ့မောင်နှမတွေ အုပ်ထိန်းသူမပါဘဲတစိမ်းနဲ့တိုက်ခိုက်ရတဲ့အခါဘယ်လိုညီညီညွတ်ညွတ် စည်းလုံးသွားကြသလဲ ဆိုတာပျော်ရွှင်ရယ်မောဖွယ်မိသားစုလိုက်ကြည့်ရှုသင့်တဲ့ ချစ်စရာmovieလေးတစ်ပုဒ်လို့ညွှန်းလိုက်ချင်ပါတယ်…ဂြှနျတို့မောငျနှဈမလေးယောကျဟာ ကြောငျးပိတျရကျရှညျမှာ နယျမွို့လေးတဈမွို့ကိုအပနျးဖွခေရီးထှကျခဲ့ရာမှာ…အိမျနဲ့မနီးမဝေး ကြှနျးလေးတဈကြှနျးကို campထှကျဖို့မိခငျဆီမှခှင့ျပွုခကြျရခဲ့ရာမှ …ကြှနျးမှာ အုပျစိုးနတေဲ့Amazonsတှနေဲ့ဘယျလိုတှတေိုကျခိုကျပွီး ကြှနျးမှာစခနျးခနြထေိုငျကွမလဲ…တဈဖနျကြှနျးမှာပုနျးအောငျးနတေဲ့… အစိုးရကအလိုရှိနတေဲ့ရုရှားသူလြှိုကွီးနဲ့လညျးပွူနာဖွဈခဲ့ရာမှမောငျနှမတှဘေယျလိုတိုငျပတျကွမလဲ…အစကတကကြျကကြျမတည့ျကွတဲ့မောငျနှမတှေ အုပျထိနျးသူမပါဘဲတစိမျးနဲ့တိုကျခိုကျရတဲ့အခါဘယျလိုညီညီညှတျညှတျ စညျးလုံးသှားကွသလဲ ဆိုတာပြောျရှှငျရယျမောဖှယျမိသားစုလိုကျကွည့ျရှုသင့ျတဲ့ ခစြျစရာmovieလေးတဈပုဒျလို့ညှှနျးလိုကျခငြျပါတယျ… Quality…..BluRay 1080p Duration…..01:36:00 Format…Mp4 File Size…(764 MB) Translator…..May Thazin Myint Encoder…..Moe Myint Lwin  
movie
Swallows and Amazons (2016)
[18+] Berlin Syndrome (2017) 6.3
[18+] Berlin Syndrome (2017)   ဒီကားလေးကတော့သည်းထိတ်ရင်ဖိုစရာဒရာမာကားလေးဖြစ်ပါတယ်။ ကလျာဆိုတဲ့လူငယ်ဓာတ်ပုံဆရာမလေးတယောက်ဟာတကိုယ်တည်းဘာလင်မြို့ကိုထွက်လာပါတယ်။ ကမ္ဘာကြီးကိုစူးစမ်းချင်အသစ်အဆန်းတွေတွေ့ကြုံချင်တဲ့လူငယ်တယောက်ပေါ့။ လည်ပတ်ရင်းလမ်းမှာအားကစားကျောင်းတကျောင်းကအန်ဒီဆိုတဲ့ဆရာတယောက်နဲ့တွေ့မိကြပါတယ်။ ကံကြမ္မာဆိုးရဲ့အစတခုလို့ပြောရမှာပါပဲ။ အန်ဒီနဲ့တညတာသူ့တိုက်ခန်းမှာပျော်ပါးပြီးနောက်ကလျာတယောက်အဲဒီတိုက်ခန်းမှာပဲဆက်ပြီးပိတ်လှောင်ခံရပါတော့မယ်။ လူတွေကိုယုံကြည်ပြီးတဇွတ်ထိုးစိတ်အလိုလိုက်မှုကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေပါပဲ။   ၁၈++ခန်းတွေပါပြီးကလေးတွေလုံးဝမကြည့်သင့်တဲ့ကားလေးပါ။ မိသားစုနဲ့လည်းမကြည့်သင့်ပါဘူး။ ကဲဒီလိုဆိုတော့ကလျာဆိုတဲ့ဓာတ်ပုံဆရာမလေးအဲဒီကံကြမ္မာဆိုးကနေပဲထွက်နိုင်မလား။ အန်ဒီရဲ့ပြသနာကဘာလဲ။ ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့။   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)   File Size : 800 MB Quality : Webdl 720P Running Time : 1hr 45minutes Format : Mp4 Genre : Drama, Horror, Mystery Translator : Fridays Encoder :Thanhtike Zaw
movie
[18+] Berlin Syndrome (2017)
2017
Roaring Fire (1981) 6.6
Roaring Fire (1981) Roaring Fire (1981)_____IMDb - 6.6/10    ဂျပန်ဇတ်ကားဟောင်းလေးပေမဲ့ငယ်ငယ်ကတည်းကကျွန်တော်နစ်သက်ခဲ့ဖူးတဲ့ဂျန်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အရင်ကဘယ်လောက်နာ မည်ကြီးလဲဆိုရင်ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးတဲ့ရုပ် ပြကာတွန်းစာအုပ်မှာထည့်ရေးရတဲ့အထိပါပဲပရိတ်သတ်တွေထဲဖတ်ဖူးသူရှိမယ်ထင်ပါတယ်ပန်းချီဒီရဲဂျာရဲ့မရဏခရီးကြမ်းလို့ထင်ပါတယ်ကြာပြီဆိုတော့စာအုပ် နာမည်ကိုသိပ်မမှတ်မိချင်တော့ပါဘူးအရမ်းကောင်းတဲ့အက်ရှင်ကားလေးပါကျွန်တော်တို့မမွေးခင်ကတည်းကရိုက်ကူးထားတဲ့ဂျပန်ရုပ်ရှင်ရဲ့အဆင့်အတန်းကိုဒီဇတ် ကားမှာတွေ့နိင်ပါတယ်ငယ်စဉ်ကတည်းကအမေရိကားမှာကြီးပြင်းလာတဲ့လူငယ်လေးဂျိူးဂျီမိမိရဲ့ဖခင်လို့ထင်မိခဲ့တဲ့သူကမိမိကိုမွေးစားထားတဲ့လူဖြစ်နေသောအခါမိဘအရင်းကိုရှာဖွေဖို့ဂျပန်ကိုပြန်လာခဲ့တယ်မိမိမှာမွေးချင်းအစ်မနဲ့အမွှာအစ်ကိုတစ်ယောက်ရှိနေတာကိုသိခဲ့တဲ့ နောက်မိမိရဲ့အဖေရဲ့ညီအရင်းဖြစ်တဲ့ဦးလေးတော်သူကမိမိတို့ဘိုးဘွားပိုင်စည်းစိမ်ကိုသိမ်းပိုက်ရန်ကြံစည်လာ သောအခါကိုယ်ခံပညာတော်သောဂျိူးဂျီတစ်ယောက်မိမိရဲ့ညီအစ်ကိုမောင်နမကိုဘယ်လိုကာကွယ်မလဲစိတ် ဝင်စားဖွယ်ကြည့်ရှုရမှာပါအက်ရှင်အလန်းစားတွေနဲ့ ကျွန်တော်ကြိုက်နစ်သက်သလိုပရိတ်သတ်တွေလည်း ကြိုက်နစ်သက်မယ်လို့ယုံကြည်ရင်းကဲဒေါင်းလော့သာဆွဲကြပါတော့လို့  ဘာသာပြန်နဲ့ အညွန်းကတော့ကိုစိုးထွေးပါ
movie
Roaring Fire (1981)
1981
Love Contractually (2017)
Love Contractually (2017) Love contractually (2017)IMDB-4.6/10Genere-drama,romanceDuration-1h 38mရှီးဘိုဆိုတဲ့သူက အာမခံကုမ္ပဏီတစ်ခုကရဲဂျင်ဆိုတဲ့CEO တစ်ယောက်ရဲ့လက်ထောက်ပါ။ရဲဂျင်က စည်းကမ်းအလွန်ကြီးတဲ့ CEO တစ်ယောက်ပါ။သူကအချစ်ကိုလည်းအယုံအကြည်မရှိပါဘူး။ဒါပေမဲ့သူကကလေးအရမ်းလိုချင်ပါတယ်။အဲ့မှာသူကလေးရအောင်ဘယ်လိုတွေလုပ်မလဲသူ့ရဲ့လက်ထောက်ရှီးဘိုနဲ့ဘာတွေဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစွာမြင်တွေ့ရမယ့် ၂၀၁၇ ထွက်အချစ် ဒရာမာကားလေးပါပဲ။ဟာသလေးတွေလည်းပါတဲ့အတွက်ကြည့်ရမှာပျင်းစရာကောင်းမှာမဟုတ်ပါဘူး။ရုံတင်ဝင်ငွေကလည်း ၅၉.၅သန်းတောင်ရထားတာဆိုတော့ဇာတ်လမ်းကောင်းလေးတစ်ကားဆိုတာအသေအချာပါပဲဗျာ။  File size…(900MB) and (300MB) Quality…BluRay Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by The Fridays 
movie
The Frozen Ground (2013) 6.4
The Frozen Ground (2013)    နီကိုလတ်ကေ့ဂ်ျပါဝင် သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် စိတ္တဇ လူသတ်သမားကား လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆာဂျင်ဟော့ခ်(နီကိုလတ်ကေ့ဂ်ျ) ဟာအလက်စကာ မှာနေထိုင်တဲ့ ရဲတပ်သားတစ်ဦးဖြစ်ပါတယ်။တစ်ရက်မှာ စင်ဒီပေါလ်ဆန်ဆိုတဲ့ မိန်းကလေး တစ်ယောက်ကို သူ့အခန်းထဲမှာ လက်ထိပ်ခတ်နှိပ်စက်ထားတာကိုတွေ့ကျရပါတယ်။စင်ဒီက သူ့ကို ဒီလိုနှိပ်စက်ပြီး အဓမ္မပြုကျင့်သွားသူဟာ ရောဘတ် ဟန်ဆန် ဖြစ်တယ်လို့ ပြောခဲ့ပါတယ် ဒါပေမဲ့ ရောဘတ်ဟာ အများလေးစားရတဲ့ သားမယားနဲ့ နေတဲ့ သူဖြစ်တာကြောင့် ရဲတွေက အယုံအကြည် မရှိခဲ့ပါဘူး စင်ဒီလဲ အရင်လို လမ်းပေါ်မှာ တေလေ နေပါတော့တယ်။ အဲ့နောက်မှာ အဲ့နောက်မှာဆာဂျင် ဟော့ခ်ဟာ မိန်းကလေး ခုနှစ်ယောက် အသတ်ခံရတဲ့ အမှု့ကို ကိုင်တွယ်ပါတော့တယ်။စင်ဒီရဲ့အမှု့ကို လည်း စုံထောက်တစ်ယောက်က ဆာဂျင်ဟော့ခ်ဆီကို ပို့ပေးလိုက်ပါတယ်။ဒီလိုနဲ့ ရောဘတ် ဟန်ဆန်ဟာ ဒီအမှု့တွေရဲ့ တရားခံဆိုတာ ဆာဂျင်ဟော့ခ်က ယုံကြည်သွားခဲ့ပါတယ်။ဒါပေမဲ့ သက်သေအထောက်အထားတွေလက်ဆုပ်လက်ကိုင် ပြစရာ မရှိသေးပါဘူး။သက်သေ အထောက်အထားတွရဖို့ ဆာဂျင်ဟော့ခ်က စင်ဒီ့ဆီက အကူအညီကို ရယူမှဖြစ်မှာပါ။ဒါပေမဲ့ အရင်ဆုံးစင်ဒီ့ဆီက ယုံကြည်မှု့ကို ရဖို့လိုပါတယ်။ဆာဂျင်ဟော့ခ်. တစ်ယောက် စင်ဒီ့ဆီက ယုံကြည်မှု့ရအောင်ဘယ်လို ...
movie
The Frozen Ground (2013)
2013
Colossal (2016) 6.4
Colossal (2016) ဇာတ်လမ်းအကျဉ်းလေးကတော့ “ဂလော်ရီယာ” ဆိုတဲ့မိန်းမချောလေး အရက်စွဲနေပြီး အလည်အပတ်များတာကြောင့် သူရဲ့အတူနေ ရည်စားက သည်းမခံနိုင်တော့အတွက် ခွဲနေဖို့ဆုံးဖြတ်လိုက်ကြတာမို့ သူရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့တယ်။ ဇာတိမြို့မှာ ငယ်သူငယ်ချင်း “အော်စကာ” နဲ့ပြန်ဆုံပါတယ်။ အော်စကာကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိ ဂလော်ရီယာပေါ် တစ်ဖက်သတ် စွဲစွဲလမ်းလမ်းချစ်နေတဲ့ သူငယ်ချင်းတစ်ယောက်။ ဂလော်ရီယာမှာ ထူးခြားတဲ့အကျင့်လေးတစ်ခုက ခေါင်းထိပ်နားလေးကို ကုပ်နေတတ်တဲ့အကျင့်လေးပါ။ ဂလော်ရီယာ နယ်မြို့လေးကို ပြန်ရောက်တဲ့နောက်တစ်နေ့မှာပဲ ကိုးရီးယားနိုင်ငံဆိုးလ်မြို့မှာ ဂေါ်ဇီလာလိုလို မကောင်းဆိုးဝါး အကောင်ကြီးတစ်ကောင်ဟာ ၈နာရီ ၅ မိနစ်အချိန်လောက်မှာ ပေါ်လာပါတယ်။ မြို့ထဲလျောက်သွားရာက သူသွားရာလမ်းတစ်လျောက် ပျက်ဆီးကုန်ပြီး သိပ်မကြာခင်မှာဘဲ မကောင်းဆိုးဝါးကြီးဟာ လေထုအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတယ်။ ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လုပ်နေပြီး ထူးဆန်းအံ့သြနေကြရတယ်။ ဒီလိုနဲ့ နောက်ရက်မှာလည်း အဲဒီလို ၈း၀၅ မိနစ်အချိန်မှာပဲ မကောင်းဆိုးဝါးကြီး ပေါ်လာပြန်ပါတယ်။ NATO နှင့် နိုင်ငံတကာ တပ်ဖွဲ့တွေကလည်း မကောင်းဆိုးဝါးကြီးကို နှိမ်နှင်းဖို့ အသင့်အနေထားပြင်နေကြရပါပြီ။ ...
movie
Colossal (2016)
Protégé (2007) 7.3
Protégé (2007)   ရေနံ နှင့် စစ်လက်နက်ပြီးရင် ဘိန်းဖြူက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကုန်သွယ်ရေးပဲ ။ ကမ္ဘာပေါ်မှာ ဘိန်းစိုက် ဒေသကို သုံးနေရာ ခွဲထားတယ် ။ ရွှေတြိဂံ ၊ ရွှေလခြမ်း နဲ့ တောင်အာဖရိကတို့ပဲဖြစ်တယ် ။ရွှေလခြမ်းဒေသဆိုတာ အာဖဂန်နစ္စတန် ၊ ပါကစ္စတန် ၊ အီရန် နယ်စပ်ပဲဖြစ်တယ် ။ ရွှေလခြမ်း ဒေသက ဘိန်းဖြူတွေကို ဥရောပကို ပို့တယ် ။ တောင်အာဖရီက က ဘိန်းဖြူတွေကိုတော့ အမေရီကန်နဲ့ ကနေဒါကို ပို့ကြတယ် ။ ရွှေတြိဂံက ထွက်တဲ့ ဘိန်းဖြူကတော့ အာရှကို ဖြန့်တယ် ။ ဒါက ဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ပေါ့ဗျာ ။ ဒီရုပ်ရှင်မှာ ကျွန်တော်တို့နဲ့ သိပ်မစိမ်းတဲ့ နာမည်ကြီး မင်းသားများဖြစ်သော Andy Lau က ဟောင်ကောင် ဘိန်းရာဇာအဖြစ် သရုပ်ဆောင်ပြီး Daniel ...
movie
Protégé (2007)
Hands of Stone (2016) 6.6
Hands of Stone (2016)   Movie Review IMDb 6.6 ရထားတဲ့ "Hand of Stone - သံမဏိလက်သီး" ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက လက်ဝှေ့ကားတကားဖြစ်ပြီး ပနားမားလူမျိုးလက်ဝှေ့ချန်ပီယံတယောက်ရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ငယ်စဉ်ထဲကလက်ဝှေ့ဝါသနာအထုံပါပြီး ဘ၀ကိုဆင်းရဲစွာဖြတ်သန်းလာရတဲ့ ရော်ဘတ်တိုဒူရမ်ဟာ လက်ဝှေ့နည်းပညာမှာ စနစ်တကျသင်ဖို့ ၇၂နှစ်အရွယ် ရေးအာဆယ်ဆိုတဲ့ လက်ဝှေ့နည်းပြလောကမှ အနားယူထားတဲ့ လူတယောက်ကို အကူအညီတောင်းခဲ့တယ် ရော်ဘတ်တိုဒူရမ်တဖြည်းဖြည်းအောင်မြင်ပြီး နေရာတနေရာရလာပြီးနောက် သူ့ရဲ့ ပြင်မရတဲ့ ရိုင်းစိုင်းတဲ့စိတ်၊ မာနကြီးတဲ့စိတ်ကြောင့် ဘ၀တဆစ်ချိုးပြောင်းလဲပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ? ဘယ်လိုအတိုက်အခိုက်တွေနဲ့ ကြုံရမလဲ? အောင်မြင်မှုပြန်ရဖို့ ဘယ်လိုတွေကြိုးစားရမလဲ? စိတ်ဓါတ်ပိုင်းဆိုင်ရာ ဗဟုသုတရစေမဲ့ကားမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Sofy ပဲ ဖြစ်ပါတယ်)File Size : 800 MB / 400 MB Quality : Bluray 720P Running Time : 1hr 51minutes Format : Mp4 Genre : Action, Biography, Drama Translator : Sofy Encoder ...
movie
Hands of Stone (2016)
Irada (2017) 6.3
Irada (2017)   စစ်သားတစ်ဦးဖြစ်တဲ့ ပရပ်ဂျစ်မှာ အရမ်းချစ်ရတဲ့ ရီယာဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ် သူ့သမီးလေးမှာရောဂါနောက်ဆုံးအဆင့်ရှိနေတာကိုသိလိုက်ရတဲ့အခါ သူ့အသည်းတွေကွဲကြေသွားခဲ့ပါတယ် သူ့သမီးလေးရဲ့ရောဂါဖြစ်ရတဲ့အကြောင်းအရင်းကိုရှာဖွေနေရင်းနဲ့ ပန်ဂျပ်ပြည်နယ်က တခြားလူတွေလည်း ရေထောက်ပံ့ရေးကနေလာတဲ့ရေကြောင့် ကင်ဆာရောတွေဖြစ်ပြီးသေဆုံးနေရတာကိုသိလိုက်ရပါတော့တယ် တာဝန်ရှိသူတွေက အဲ့ဒါကိုမျက်ကွယ်ပြုထားတဲ့အခါမှာ သူကဘယ်လိုဘယ်ပုံစံတွေနဲ့ဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားပါ သာမန်ဘောလိဝုဒ်ဇာတ်ကြောကနေခွဲထွက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ (ဘာသာပြန်သူကတော့ Linnthura1988 ပဲဖြစ်ပါတယ်) File Size : 850 MB/500 MB Quality : Dvd Rip 720P Running Time : 1hr 49minutes Format : Mp4 Genre : Drama, Thrill Translator : linnthura1988 Encoder :Thanhtike Zaw    
movie
Irada (2017)
The Girl with All the Gifts (2016) 6.7
The Girl with All the Gifts (2016) ဒီကားလေးဟာ ၂၀၁၆ တုန်းကထွက်ထားပြီး rating 6.7 IMDb ရထားတဲ့ Horror ကားလေးပါ။ ကမ္ဘာပေါ်မှာ ရောဂါကပ်ဆိုးကြရောက်တဲ့အခါ ဖြေဆေးထုတ်ဖို့ စမ်းသပ်ခံရတဲ့ ကောင်မလေး မယ်လန်နီ နဲ့ သူ့ကိုစာသင်ပေးတဲ့ ဆရာမ ဂျက်စတင် တို့ကြားက သံယောဇဉ် ကူးစက်ခံရတဲ့သူတွေရဲ့ ဘဝကို ဇာတ်အိမ်ခိုင်ခိုင် ရိုက်ထားတာပါ။ ရောဂါကူးစက်ခံရတဲ့သူတွေကို ဆာလောင်သူတွေလို့ ခေါ်ကြတယ်... မြေအောက်ခမ်းထဲမှာ ပိတ်ထားပြီး စမ်းသပ်ခံရတဲ့ ကလေးတွေထဲမှာ မယ်လန်နီ ကအတော်ဆုံး ဥာဏ်အကောင်းဆုံးပါ။ ဥာဏ်ကောင်းလွန်းတဲ့ မယ်လန်နီလေးကို သူ့ဆရာမက သဘောကျပြီး ခေါင်းလေးကို သွားပုတ်မိလိုက်တယ်။ မယ်လန်နီကလည်း ဆာလောင်သူတွေထဲက တစ်ဦးပါပဲ။ သူတို့က လူအနံ့ရတာနဲ့ ရောဂါထတော့တာပါပဲ။ နောက်တော့ အပြင်မှာရှိတဲ့ ဆာလောင်သူတွေကြောင့် ကာထားတဲ့ခြံစည်းရိုး ပျက်စီးသွားတယ် မြေကျင်းထဲမှာရှိနေတဲ့သူတွေအကုန်ထွက်ပြေးရတယ်.. ဖြေဆေးထုတ်ဖို့ ကြိုးစားနေတဲ့ ဒေါက်တာ ကာဝယ် ဆရာမ တပ်ကြပ်ကြီးနဲ့ သူ့ရဲဘော်တွေ နဲ့ မယ်လန်နီ တို့  ကားထဲအတူပါသွားကြတယ်။ မယ်လန်နီ က ဆာလောင်သူတွေထဲကတစ်ယောက်ဆိုတာ မမေ့လိုက်နဲ့ဦးနော် ပရိတ်သတ်ကြီး။ ကဲ မယ်လန်နီ က ရောဂါထဖောက်ပြီးပဲ ...
movie
The Girl with All the Gifts (2016)
Fallen (2016) 5.4
Fallen (2016) Fallen (2016)_____IMDb - 5.4/10    Fallen 2016 ကားလေးကတော့ ဘုရားသခင်ကို လူစီဖာပုန်ကန်တဲ့အခါ ဘယ်ဘက်ကိုမှမရွေးခဲ့ပဲ ကြားနေခဲ့တဲ့ နတ်သားတစ်ပါးအကြောင်းပါ။ တိုက်ခိုက်ယူရလောက်အောင်အရေးကြီးတာ ချစ်ခြင်းတရားဆိုတဲ့သူ့ရဲ့ခံယူချက်ကြောင့် ကောင်းကင်ဘုံကနှင်ထုတ်ခံလိုက်ရပါတယ်။ နှင်ထုတ်ခံရပြီး ကမ္ဘာမြေပေါ်မှာ တခြားနတ်သက်ကြွေခဲ့ရတဲ့နတ်သားတွေနဲ့အတူ လူသားတွေနဲ့ရောနှောပြီးနေထိုင်ခဲ့ကြပါတယ်။ တစ်နေ့တော့ သူအယောင်ဆောင်တက်နေတဲ့ကျောင်းကို လုစ်ဆို တဲ့ကောင်မလေးတစ်ယောက်ပြောင်းလာခဲ့ပါတော့တယ်။ သူနဲ့ လုစ်ကြားက ဆက်နွှယ်မှုတွေ၊ကျိန်စာတွေ၊သူအလေးထားတဲ့ချစ်ခြင်းတရားတွေကို မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ လူငယ်ဆန်ဆန် ရိုက်ပြထားတဲ့ကားလေးပါ။ပေါ့ပေါ့ပါးပါးနဲ့ လူငယ်Romance ကားလေးတွေကြည်ချင်သူတွေအဖို့တော့ အံကိုက်ပါပဲ။   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးမွန်ကျော်ပဲဖြစ်ပါတယ်)    File Size : 702 MB Quality : Bluray 720P Running Time : 1hr 31minutes Format : Mp4 Genre : Drama, Fantasy, Romance Translator : Aye Mon Kyaw Encoder :Thanhtike Zaw  
movie
Fallen (2016)
2016
Don’t Cry, Mommy (2012) 6.4
Don’t Cry, Mommy (2012)   ပေတေ ဆိုးသွမ်းနေတဲ့ ကောင်လေးတစ်ယောက်ကို ကြိတ်ချစ်မိနေတဲ့ ကောင်မလေးတစ်ယောက် အဲကောင်မလေးကို ကောင်လေးက တိတ်တခိုး ချိန်းပြီး သူငယ်ချင်းတွေနဲ.အတူ အုပ်စုဖွဲ.မဒိန်းကျင့် ခံခဲ့ရပါတယ်။ အဲ မဒိန်းကျင့်တဲ့ဗီဒီယိုဖိုင်ကို ပြပြပြီး ကောင်မလေးကို အမျိုးမျိုး အကြပ်ကိုင် ခဲ့ကြတယ်။ ကောင်မလေးကသည်းမခံနိုင်တဲ့နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ်သေကြာင်းကြံစည်ခဲ့တယ်။ မ​သေခင်​​လေးမှာ ​ကောင်​မ​လေးက်​ Don't Cry Mommy! ဆိုတဲ့စာသားပုံ​ဖော်​ထားတဲ့ကိတ်​မုန့်​​လေးကို သူမအ​မေတွက်​ဝယ်​​ပေးထားခဲ့ပါတယ်​ ... ​ကောင်​မ​လေးရဲ့အ​မေက သူ့သမီး​လေးရဲ့ဖုန်းကိုဖွင့်​ကြည့်​မိ​တော့ vedio ဖိုင်​နဲ့ခြိမ်း​ခြောက်​ထားတာကို​တွေပြီး ... ​လက်​စား​ချေပါ​တော့တယ်​ ဒီကားက ကိုရီးယားနိုင်​ငံမှာရှိတဲ့ ​ကျောင်​;သူ​လေး​တွေရဲ့လုံခြုံမူ့ကင်းမဲ့မူကို မီး​မောင်းထိုးပြထားတဲ့ ဇာတ်​ကား​ကောင်း​လေးတစ်​ပုဒ်​ပါ.....(ဘာသာပြန်သူကတော့ Nyein Chan Htet ပဲဖြစ်ပါတယ်) File Size : 700 MB/270 MB Quality : HDRip 720P Running Time : 1hr 32minutes Format : Mp4 Genre : Drama, Thriller Translator : Nyein Chan Htet Encoder :Thanhtike Zaw    Download From Yoteshin Link   Download Here HDRip ...
movie
Don’t Cry, Mommy (2012)
Rangoon (2017) [War] [Saif Ali Khan] 6.0
Rangoon (2017) [War] [Saif Ali Khan]   ဇာတ်ကားနာမည်လေးနဲ့တင်စိတ်ဝင်စားဖို့ကောင်းသွားပြီဆိုတာသိကြမှာပါ။ ဒီကားလေးကဒီနှစ်၂၀၁ရခုနှစ်ထုတ်အိန္ဒိယကားလေးဖြစ်ပါတယ်။ ဇာတ်အိမ်ကိုဒုတိယကမ္ဘာစစ်နောက်ခံထားပြီးမင်းသမီးအသားပေးကားလေးဖြစ်ပါတယ်။ ၁၉၄၃ခုနှစ် ဒုတိယကမ္ဘာစစ်မီးတောက်နေတဲ့အချိန်မှာအိန္ဒိယနိုင်ငံဟာလည်းကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပ်းနေတဲ့အချိန်ဖြစ်ပါတယ်။ အိနိယအမျိုးသားတပ်မတော်ခေါင်းဆောင်ဟာလည်းမဟတ္တမဂန္ဒီရဲ့အကြမ်းဖက်ဝါဒကိုသဘောမတွေ့ဖြစ်နေတာပါ။ သူကတုတ်တုတ်ချင်းလှံလှံချင်းရှင်းချင်သူပါ။ အဲဒီအချိန်အင်ဒိုချိုင်းနားဒေသမှာဂျပန်အင်ပါယာတန်ခိုးထွားလာတာနဲ့အတူအိန္ဒိယတပ်မတော်ဟာဂျပန်တွေနဲ့မဟာမိတ်ဖွဲ့လိုက်ပါတယ် ဗြိတိသျှတပ်မတော်အတွင်းကအိန္ဒိယတပ်သားတွေအနေနဲ့အိန္ဒိယတပ်မတော်နဲ့ရောဂျပန်တပ်မတော်နဲ့ပါတိုက်ပွဲဝင်ရတော့တယ်။ အဲဒီအချိန်မှာပဲအိန္ဒိယကသဘင်သည်မင်းသမီးလေးဂျူလီကလည်းရုပ်ရှင်လောကမှာအောင်မြင်လာသူဖြစ်ပါတယ်။ အင်ဒို-မြန်မာနယ်စပ်မှာစစ်ရေးတင်းမာလာတာနဲ့အမျှအင်္ဂလိပ်တပ်ကနေပြီးတော့တိုက်ပွဲဝင်နေတဲ့ သူ့တပ်သားတွေစိတ်ဓာတ်မြင့်လာအောင်အားပေးတဲ့အနေနဲ့ဂျူလီကိုသွားရောက်ဖျော်ဖြေဖို့လွတ်လိုက်ပါတယ်။ ခရီးစဉ်အတွင်းမှာပဲစစ်ပွဲသုံ့ပန်းအဖြစ်လွတ်လာတဲ့မာလိတ်ရဲ့အစောင့်အရှောက်နဲ့သွားရောက်ကြပါတယ်။ ဒါပေမယ့်မြစ်တခုကိုအဖြတ်မှာ ဂျပန်လေယာဉ်တွေရဲ့တိုက်ခိုက်မှုကြောင့်ရထားလည်းပျက်စီးသွားပါတယ်။ အင်္ဂလိပ်တပ်နေနဲ့ဂျူလီတယောက်သေဆုံးသွားပြီလို့ထင်ထားခဲ့ပေမယ့်မာလိတ်ရဲ့ကယ်ဆယ်မှုနဲ့အတူလွတ်မြောက်လာခဲ့ပါတယ်။ ဒီလိုစစ်ပွဲအရှုပ်အထွေးတွေကြားမှာပဲမင်းသမီးတယောက်ပြည်တော်ပြန်နိုင်မလား။ ဘယ်လိုအခက်အခဲတွေတွေ့ပြီးဘယ်လိုကျော်လွားခဲ့ရလဲဘာတွေဆက်ဖြစ်မလဲ ရန်ကုန်မှာဘယ်လိုဇာတ်လမ်းလေးတွေရှိမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်လိုက်ရအောင်ဗျာ။ အဲဒီခေတ်ရန်ကုန်မြို့ရဲ့အခြေအနေအငွေ့အသက်လေးတွေကိုပါခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားကလည်း၃နာရီနီးပါးတောင်ဆိုတော့ဇာတ်လမ်းအလှည့်အကွက်လေးတွေကိုအားရပါးရခံစားရမှာပါ။ ကဲမြန်မာနိုင်ငံရဲ့ကိုလိုနီခေတ်အငွေ့အသက်လေးတွေကိုခံစားရင်းဇာတ်ကားလေးကိုဘယ်လိုအဆုံးသတ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန်သူကတော့ Tariq L Walker ပဲဖြစ်ပါတယ်) File Size : 0.99 GB/570 MB Quality : Dvd Rip 720P Running Time : 2hr 50minutes Format : Mp4 Genre : Action, Drama, History Translator : Tariq L Walker Encoder :Thanhtike Zaw 
movie
Kidnap (2017) 5.9
movie
Kidnap (2017)
2017
Hawking (2004) 7.6
Hawking (2004)   စကြဝဠာကြီးမှာအစဖြစ်စဉ်ရှိတယ်ဆိုတာ သင်သိပါသလား Big Bang ဆိုတဲ့ပေါက်ကွဲမှုကြီးအပြီးမှာ စကြဝဠာကြီးကဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့တာလဲ ကြယ်တွေကြွေကျတဲ့အခါ စကြဝဠာထဲမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်သလဲ အစရှိတဲ့သင်မသိသေးတဲ့ စကြဝဠာကြီးရဲ့စိတ်ဝင်စားဖွယ်အဖြစ်အပျက်တွေကို အသက် 21နှစ်သာရှိသေးတဲ့ သွပ်ချာပါဒအကြောသေရောဂါသည် စတီဖင်ဟော့ကင်းဆိုသူ စကြဝဠာဗေဒပညာရှင်လေးက သီအိုရီပေါင်းများစွာထုတ်ထားခဲ့ပါတယ် နယူတန်တို့ အိုင်းစတိုင်းတို့နောက်ပိုင်းခေတ်မှာ ပေါ်ပေါက်လာတဲ့ စကြဝဠာဗေဒပညာရှင်လေး စတီဖင်ဟော့ကင်းရဲ့ဘဝဖြစ်စဉ်နဲ့ ဘဝကိုသူဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာတွေကို Hawking ဆိုတဲ့ရုပ်ရှင်လေးထဲမှာ ရှုစားနိုင်ပါတယ် ဒီကားလေးကိုကြည့်ပြီးလို့ သီအိုရီတွေတစ်ခုမှနားမလည်ရင်တောင်မှ ဘဝကိုဘယ်လိုအခြေအနေပဲရောက်ရောက် အရှုံးမပေးဘဲကြိုးစားချင်တဲ့စိတ်လေးတော့ပေါ်လာမှာသေချာပါတယ် ဇာတ်လမ်းကအတော်အေးပြီး သီအိုရီတွေအတွေးအခေါ်တွေနဲ့ပဲတစ်ကားလုံး ဆွဲခေါ်သွားမှာဖြစ်လို့ ဖီးလ်သမားတွေအတွက်ပိုအဆင်ပြေမဲ့ကားမျိုးပါ မင်းသားကကျနော်အကြိုက်ဆုံး Sherlock မင်းသား Benedict Cumberbatch ဆိုတော့ ပြောရရင်မင်းသားထိုင်ကြည့်ရတာနဲ့တန်နေတာ ငိငိ 2014 မှာထွက်ခဲ့တဲ့ Eddie Redmayne ရဲ့ The Theory of Everything နဲ့ဇာတ်လမ်းကျောရိုးတူပေမဲ့ Hawking မှာတော့ သီအိုရီပိုင်းကိုပိုဦးစားပေးထားတာတွေ့ရမှာပါ ကျန်တာတော့ကိုယ်တိုင်ကြည့်ပြီးဆက်ဝေဖန်ကြပေါ့ဗျာအညွှန်းနဲ့ဘာသာပြန်သူကတော့ Zon Myat Noe Swe ဖြစ်ပါတယ်File Size : 700 MB/300MB Quality : Bluray 720P Running Time : 1hr 30minutes Format : ...
movie
Hawking (2004)
Duckweed (2017) 6.6
Duckweed (2017)   သားအဖနှစ်ယောက်ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားပါ အားလန် လို့ ခေါ်တဲ့ မြို့ ငယ်လေးတစ်မြို့ က လူငယ်လေးတစ်ယောက်က သူ့ အဖေ အားဇန် ဟာ သူ့ ရဲ့ အသက်တာနဲ့  သူလုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေကို လုံးဝ နားမလည်ပေးဘူးလို့ ထင်နေခဲ့တယ် တစ်နေ့ မှာတော့ ကံဆိုးစွာနဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့ ကို လူနာတင်လှည်းနဲ့ တင်လာတဲ့တစ်လျှောက်မှာတော့ ၁၉၉၈ ခုနှစ်က သူမွေးဖွားခဲ့တဲ့ အချိန်ကို ပြန်မြင်ယောင်နေခဲ့တယ် အဲ့ဒီအချိန်မှာတော့ သူ့ ဖခင်နဲ့ အတူ ပျော်ရွှင်ရယ်မောဖွယ်ကောင်းတဲ့ စွန့် စားမှုတွေကို ပြုလုပ်ခဲ့တယ် တစ်ချိန်တည်းမှာပဲ သူ့ ကိုမွေးဖွားရင်း မီးတွင်းထဲမှာတင်သေဆုံးခဲ့တဲ့အတွက် သူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးခဲ့တဲ့ သူ့ အမေကိုပါ ပြန်ပြီး တွေ့ မြင်ခွင့်ရခဲ့တယ် ဒီအဖြစ်အပျက်တွေကနေ သူ့ အဖေက သူ့ ရဲ့ ငယ်ရွယ်တဲ့ဘ၀ကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတယ် ... ဆုံးပါးသွားတဲ့ ...
movie
Duckweed (2017)
Thread of Lies (2013) 7.3
Thread of Lies (2013) unicodeIMDb rating 7.3/10 ထိ ရရှိထားတဲ့ ကိုရီးယားမိသားစု Drama ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းဟာ မိခင်တစ်ယောက်နဲ့ သမီးနှစ်ယောက်ရဲ့ ချစ်ခြင်းဖွဲ့ဇာတ်လမ်းဖြစ်ပါတယ်။ သမီးနှစ်ယောက်အတွက်အလုပ်ကြိုးစားတဲ့အမေ . . . တစ်ယောက်တည်းအထီးကျန်သလိုခံစားရတဲ့ သမီးငယ်လေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်ရာဇာတ်လမ်း ၊ မိသားစုတစ်ခုရဲ့ သာမန်အိမ်တွင်းရေးဇာတ်လမ်းမျိုးမဟုတ်ဘဲ သနားစရာတွေပြည့်နှက်နေတဲ့ ဇာတ်ကားလေးပါ။ဒီဝတ္ထုဟာ ကိုရီးယားစာရေးဆရာ Kim Ryeo-ryeong ရေးသားပြီး 2009 ခုနှစ်မှာ The Best Selling ဆုကိုတောင်ရရှိထားတဲ့ ဇာတ်လမ်းပါ။ ကဲ အားလုံးပဲ ခံစားကြည့်ရှုကြည့်ပါဦး။ (ဒီဇာတ်လမ်းကို ဘာသာပြန်ရေးသားပေးသူကတော့ Hlaine Ei Phyu ဖြစ်ပါတယ်။)File Size : 580 Mb, 192MbQuality : Bluray 720pRunning Time : 1 hr 57 minTranslator : Hlaine Ei PhyuEncoder : San Win MaungzawgyiIMDb rating 7.3/10 ထိ ...
movie
Thread of Lies (2013)
2013