Channel Myanmar
Drama
You Are My Sunshine(2005) 7.0
You Are My Sunshine(2005) Imdb .......7.0 ဒီဇတ်ကား2006 ခုနှစ်တွင်ထွက်ရှိခဲ့ပြီး အကောင်းဆုံးဒါရိုက်တာဆု အကောင်းဆုံးအမျိုးသားဇတ်ဆောင်ဆု အကောင်းဆုံးအမျိုးသမီးဇတ်ဆောင်ဆု ရုပ်ရှင်ဆု အကောင်းဆုံးဇတ်ပို့ဆု တွေရရှိခဲ့ပါတယ်.............. ဒီကားထဲက မင်းသားကြီးကတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ တစ်လောကထွက်ရှိခဲ့တဲ့ Battleship Island မှာ ဂီတအဖွဲ့ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hwang Jung-min ပါ... သူဟာ မွေးမြူရေးလုပ်ငန်းနဲ့အသက်မွေးနေတဲ့သူတစ်ယောက်ပါ အသက်အရွယ်အရ သူဟာအိမ်ထောင် ပြုသင့်တဲ့အရွယ်ဖြစ်ပေမဲ့ သူ့ရည်မှန်းချက်ကြောင့် အိမ်ထောင်ပြုဖို့အရေးဟာ နှောင့်နှေးနေတယ်..... တကယ်ချစ်တဲ့သူတွေမှ သူအိမ်ထောင်ပြုမယ် ဆိုတဲ့ ရည်မှန်းချက်ကြောင့်ပါ......ဒီလိုနဲ့သူတကယ်ချစ်တဲ့ မိန်းမတစ်ယောက်ကို တစ်နေ့တော့တွေ့သွားတယ်....အဲ့ဒီမိန်းကလေးက KTV နဲ့ကော်ဖီဆိုင်မှာ အလုပ် လုပ်တဲ့မိန်းကလေးတစ်ယောက်......ဒီကားက Plot အလှည့်အပြောင်းလေးတွေသိပ်ကိုငြင်သာတယ်... ဒါပေမဲ့စွမ်းအားက အရမ်းကိုကြီးတယ်....... ကိုင်းပြိတ်သတ်ကြီးရေ . FILM ဆု မင်းသားဆု မင်းသမီးဆု ဒါရိုက်တာဆု ဇတ်ပို့ဆုတွေ ရခဲ့လဲဆိုတာ ကြည့်ရင်းနဲ့သဘောပေါက်သွားလိမ့်မယ်.......ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ကို Phyo Thu Hein ဖြစ်ပါတယ် File Size : (784 MB) and (384 MB) Quality :  720p Running Time : 2hr 05min Format : ...
movie
You Are My Sunshine(2005)
2005
Stephen King’s It (1990) 6.8
movie
Stephen King’s It (1990)
1990
The Merciless (2017) 6.8
The Merciless (2017)   အားလုံးပဲ The King In Love Drama ထဲက သိပ်ချစ်တတ်တဲ့ အိမ်ရှေ့စံမင်းသားလေးကို မှတ်မိကြလားမသိဘူး ...ဟုတ်ပါတယ်... နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် Im Siwon ပါ...ဒါပေမယ့် ဒီတစ်ခါမှာတော့ Gentleman တို့ရဲ့ မေတ္တာကိုပါ ခံယူမှာပါတဲ့ခင်ဗျအခုတင်ဆက်ပေးမှာကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ ပြင်းထန်လာတဲ့ 2017 ထဲမှာပဲ ထွက်ရှိထားတဲ့မပူမအေး ဖြစ်နေဆဲ The Merciless ဆိုတဲ့ Crime Action အမျိုးအစားဇာတ်ကားလေးပဲ ဖြစ်ပါတယ်နာမည်နဲ့လိုက်အောင်ကို...ခင်မင်မှုဆိုတာဘာလဲ... သဲထဲရေသွန်လားကိုယ့်အတွက်ပဲ ကိုယ်ကြည်တတ်တဲ့ မိတ်ဆွေဟာ မိတ်ဆွေကောင်းဟုတ်ရဲ့လားအရာရာကို ခင်မင်မှု မေတ္တာတရားနဲ့ အနိုင်ယူနိုင်မလား ဆိုတာတွေကိုအကျဉ်းသားလေးတစ်ယောက်နဲ့ အကျဉ်းဦးစီးတို့ကြားထဲက သံယောဇဉ်လေးကို အခြေခံပြီး ရိုက်ကူးထားတာပါဒီကားလေးကနေတဆင့် ဘာတွေကို ယုံကြည်ရမယ် မယုံကြည်သင့်ဘူးဆိုတာလည်း နှိုင်းဆရနိုင်ချေရှိမှာပေါ့နော်...ဒီလောက်ဆိုရင်ကို ကြည့်သင့်နေပြီမို့ စေတနာအပြည့်နဲ့ တင်ဆက်ပေးလိုက်တာပါအဓိက သရုပ်ဆောင်တွေအနေနဲ့ကတော့ Im Siwon (Z:EA) နဲ့ Sol ...
movie
The Merciless (2017)
The Fits(2015) 6.7
The Fits(2015) The Fits(2015) ဇာတ်လမ်းလေးမှာ တိုနီဆိုတဲ့ ၁၁နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ လက်ဝှေ့အားကစား သင်ယူလေ့ လာနေတဲ့သူတစ်ယောက်ပါ...ဒါပေမဲ့ ဘေးခန်းမရဲ့ အကသင်တန်းကိုကြည့်နေရင်း သူမစိတ်ပြောင်းသွားတယ်။သူမဟာ အကအဖွဲ့နဲ့ပူးပေါင်းခဲ့တယ်.. နောက်ပိုင်းမှာ ၎င်းမိန်းကလေး လေ့ကျင့်တဲ့ အားကစားခန်းမက မိန်းကလေးများအား ထူးဆန်းတဲ့ရောဂါတွေ တစ်ယောက်ပြီးတစ်ယောက် ခံစားရလာတာကို တွေ့ရှိရပါတယ်။ ထူးဆန်းတာက ဒီရောဂါဟာ ယောင်္ကျားလေးတွေမှာမဖြစ်ဘဲ မိန်းကလေးတွေမှာပဲဖြစ်တတ်တာပါ။ ခေါင်းဆောင်မိန်းကလေး တိုနီတစ်ယောက်ရော ရောဂါဖြစ်သွားမှာလား။ ဘယ်လိုတွေဆက်ဖြစ်မလဲ။ နောက်ဆုံးတွေးစရာတစ်ခုခုကျန်နေခဲ့စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ရောဂါရဲ့ဇစ်မြစ်ကိုရှာဖွေရင်း ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ကားလေးပါ...   File Size…(675MB) and (212MB) Quality…HD-Rip 720p Format…mp4 Duration…01:12:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by Yae Yint May 
movie
The Fits(2015)
2015
Anjaam (1994) 7.0
Anjaam (1994)  " တကြိမ်လောက်ပဲ ဖြစ်ဖြစ် မင်းလည်း ကိုယ့်ကို ချစ်ပါတယ်လို့ ပြောလိုက်"ဒီစကားက ဘယ်သူမဆိုပေါ့ ကိုယ်သိပ်ချစ်တဲ့ သူဆီက အလိုချင်ဆုံးစကားပဲ ချစ်တယ်လို့ အပြောခံရဖို့ နှစ်တွေ အလီလီ အချိန်တွေ အကြာကြီးရင်းနှီးပေးဆပ်ကြရတယ့့်အချစ်ဆိုတာ လွယ်မယောင်နဲ့ ခက်သလို ခက်ခဲမယ် ထင်ရပေမယ့် လွယ်သွားတာတွေလည်း အများသား ဘယ်လိုကြိုးစားရင်ဖြင့် ချစ်လာပ်လိမ့်မယ် ဘယ်လိုနည်းလမ်းသုံး ဘယ်လို ချည်းကပ် ဆရာများစွာ သင်ကြားပေးနေပေမယ့် ဒီကိစ္စက မေးခွန်းမသိနိုင်တဲ့ စာမေးပွဲလိုပဲတဲ့ဒါကြောင့်လည်း လူတွေပြောကြတာ အချစ်ကိစ္စမှာတော့ ဟိုလူ့ကို အတုယူ ဟိုလူ့လို မလုပ်နဲ့ဆိုပြီး သင်ကြားပေးလို့မှမရပဲ တကယ်လို သင်ကြားပေးလို့ရတောင် အချစ်သင်ရိုးညွှန်းတန်းက အမြဲပြောင်းလဲနေမှာပဲ့တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲ နည်းလမ်း မှန်မှန် ချစ်တတ်ဖို့ပါပဲ့ အခုပြောပြချင်တာကတော့ မိန်းကလေးတစ်ယောက် နည်းလမ်း ကျကျပဲ ချစ်မိတာလား သူချစ်ပုံချစ်နည်း မှားတာလား ဒါပေမဲ့ ချစ်တာတော့ ချစ်တာပဲ့ အဲ့ဒီ အချစ်တွေရဲ့ ...
movie
Anjaam (1994)
1994
[18+] Tokyo Train Girls: Private Lessons (2009) 5.2
[18+] Tokyo Train Girls: Private Lessons (2009)  ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် 2009 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန် ၁၈+ ကားလေးတင်ဆက်လိုက်ပါတယ်။ဒီဇာတ်ကားကို ကြည့်ပြီးရင် ရင်ထဲမှာ နှမြောတသတွေ ထင်ကျန်ခံစားစေရမယ်လို့ စာရေးသူရဲရဲကြီးအာမခံတယ်ဘာလို့လဲ ဆိုတော့ဒီကားထဲက မင်းသမီးလောက် ပြည့်စုံတဲ့ အကြည့်၊ ရုပ်ရည်၊ မယ်ရှုံးလောက်တဲ့ခန္ဓာကိုယ် 18+ လောကမှာ ခပ်ရှားရှားရယ်။ပိုတယ် ဆိုမှာစိုးလို့ ထပ်ပြီးမတင်စားတော့ပါဘူး။ကျောင်းဆရာမဖြစ်ချင်တဲ့ ကာဝါဆာကီ တစ်ယောက် ကောလိပ်ကို မဖြစ်မနေ ကြိုးစားတက်ခဲ့ရပါတယ်ကောလိပ်မှာ သူငယ်ချင်းအသစ်တွေရခဲ့ပါတယ်သူငယ်ချင်းတွေက ငွေကြေးတက်နိုင်သူတွေဖြစ်နေပါတယ်သူမဟာ သူတို့နဲ့ အပြိုင် သုံးရင်း ကျောင်းတက်လာလိုက်တာ အကြွေးတွေန ပတ်လည်ဝိုင်းသွားပါတော့တယ်။ဒီလိုနဲ့ သူမဟာကျောင်းပြီးသွားခဲ့ပြီး ကျောင်းဆရာမအလုပ်ကို ကျောင်းရဲ့ အညံ့ဆုံးအခန်းမှာ စာသင်ရပါတယ်။သူမရဲ့အကြွေးတွေက များလွန်းတာကြောင့် ကျောင်းဆရာမလစာနဲ့ဘယ်လိုမှမကြေပါဘူး။ဒါကြောင့်သူမဟာ အိမ်မှာနေရင်း ၀င်ငွေကောင်းတဲ့ Video Chatting အလုပ်ကို စတင်လုပ်ပါတော့တယ်...။သူမဟာမျက်နှာဖေါ်မပြပဲ နာမည်အသစ်နဲ့ အကောင့်ကိုသုံးခဲ့ပေမဲ့ သူမရဲ့ အတန်းသားတစ်ယောက်က သိသွားပါတယ်......ဘာတွေဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ 18+ ပရိတ်သတ်ကြီးသိတဲ့အတိုင်းပဲ...။ File Size ...
movie
[18+] Tokyo Train Girls: Private Lessons (2009)
2009
Children of Heaven (1997) 8.3
movie
1997
The Beguiled (2017) 6.9
The Beguiled (2017)  The Beguiled 2017 မှာဆိုရင်တပ်ကြပ်ကြီးမက်ဘာနီက စစ်ပွဲတွင်းမှာထွက်ပြေးလာတဲ့ဒဏ်ရာရထားတဲ့ပြည်ထောင်စုစစ်သားတစ်ယောက်ပါ။သူ့ကိုတောင်ပိုင်းကမိန်းကလေးတွေပဲနေတဲ့စာသင်ကျောင်းတစ်ကျောင်းကအသက်ကယ်ခဲ့ပါတယ်။သူ့အသက်ကိုကယ်ခဲ့တဲ့မိန်းကလေးကျောင်းကကောင်မလေးတွေနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားစွာကြည့်ရမယ့် ဒရာမ သည်းထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကားပါ။မင်းသမီးချောလေး Elle Fanning လဲပါတာမို့လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာတော့အသေအချာပါပဲဗျာ  (ဘာသာပြန်သူကတော့ Saw Wunna ပါ)  File Size : (700 MB) and (240 MB) Quality : Bluray720p Running Time : 1hr 33min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Wunna Encode by Thanhtike Zaw
movie
The Beguiled (2017)
2017
Escape to Victory (1981) 6.6
Escape to Victory (1981)  CM မှ classic ပရိတ်သတ်တွေအတွက် Old but gold ဇာတ်လမ်းလေးတစ်ခုတင်ပေးလိုက်ပါပြီ Escape to Victory ထွက်ပြေးလွတ်မြောက်မှုမှသည် အောင်ပွဲဆီသို့ လို့ဘာသာပြန်လို့ဆီလျော်မယ်ထင်ပါတယ် ဒုတိယကမ္ဘာစစ် ကာလ ဂျာမန် စစ်သုံ့ပန်း အလုပ်ကြမ်းစခန်းမှာ အင်္ဂလန် နဲ့ ဝက်စ်ဟမ်းယူနိုက်တက် ကစားသမားတစ်ယောက်ဟာ သူ့ကိုသိနေတဲ့ စခန်းကိုခဏလာတဲ့ ဂျာမနီ လက်ရွေးစင်ဟောင်းဗိုလ်မှူးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် သူတို့စကားစပ်မိကြတဲ့အခါ ဘောလုံးပွဲတစ်ပွဲကစားဖို့ပြောဖြစ်ခဲ့ပါတယ် စခန်းမှာက နိုင်ငံစုံကစစ်သုံ့ပန်းတွေထဲမှာလဲ ကစားသမားကောင်းတွေ ရှိနေပါတယ် . . . အမေရိကန်ကွန်မန်ဒို တစ်ယောက်ဖြစ်တဲ့ ရပ်ဘီ ကစားသမားဟက်ခ်ျ တစ်ယောက်ဟာ အမြဲထွက်ပြေးလွတ်မြောက်ဖို့ကြံစည်နေတဲ့ သူတစ်ယောက်ပါ သူထွက်ပြေးဖို့စီစဉ်နေတဲ့အချိန် မှာ ဘောလုံးအသင်းနဲ့ ဘယ်လိုသက်ဆိုင်နေသလဲ. . .ဘောလုံးပွဲကလည်း ချစ်ကြည်ရေးပွဲအနေအထားကနေ ဂျာမန်အထက်အရာရှိတွေက ဘယ်လိုစီစဉ်အသုံးချလိုက်မလဲ . . .သုံ့ပန်းတွေထဲက တာဝန်ရှိတဲ့ စီနီယာ အရာရှိတွေနဲ့ ဘောလုံးအသင်းထိပ်တိုက်တွေမှုတွေကဘာတွေရှိနေမလဲ . . .ဘောလုံးပွဲ တစ်ပွဲဆိုတာ ဘောလုံးပွဲဆိုတာထက်ပိုတဲ့ အကြောင်းတရားတွေရှိနေမလဲ . . .စတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အလှည့်အပြောင်းတွေ ရန်သူဖြစ်နေပေမဲ့ တကယ့်အားကစားသမားစိတ်ဓါတ်ရှိတဲ့သူတွေ လက်အောက်ငယ်သားကိုနားလည်ပေမဲ့ ...
movie
Escape to Victory (1981)
1981
Munna Bhai M.B.B.S. (2003) 8.2
Munna Bhai M.B.B.S. (2003) ဒီကားကို 3 idiot ဒါရိုက်တာ Rajkuma Hirani ရိုက်ကူးခဲ့ပြီး နာမည်ကြီးမင်းသား (Sanjay Dutt)မင်းသမီးချော Gracy Singh နဲ့ 3 idiot ထဲက ဗိုင်းရပ်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ (Roman Irani)တို့ က အဓိကပါဝင်ခဲ့ပါတယ်. Sanjay ဟာ လူမိုက်ခေါင်းဆောင်တစ်ယောက်ပါ ပြန်ပေးဆွဲတယ် လိုချင်တာကို မရ ရတဲ့နည်းနဲ့ ယူတယ် တပည့်လူမိုက်တွေလည်း အများကြီး ....သို့ပေမဲ့ သူ့မိဘတွေသိထားတဲ့အဖြစ်က Sanjay ဟာသိပ်ကိုထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဒီလိုဖြစ်အောင်လည်း Sanjay က လိမ်ထားနိုင်တယ် မိဘတွေသူ့ဆီအလည်လာရင် သူတို့နေတဲ့ အဆောက်အဦးဟာ ဆေးရုံဖြစ်သွားပြီး တပည့်တွေက လူနာတွေဟန်ဆောင်ကြတယ် မိဘတွေက တစ်နေ့တော့ ဆရာဝန်မတစ်ယောက်နဲ့ စေ့စပ်ပေးကြတယ်...စေ့စပ်ပွဲမှာ သူဆရာဝန်အဖြစ် လိမ်ထားမှန်းအားလုံးက သိသွားကြတဲ့အပြင် တန်ဘိုးတစ်စက်မှမရှိတဲ့လူအဖြစ် ဆက်ဆံခံလိုက်ရတော့ Sanjay ဟာ မခံချင်စိတ်နဲ့ရည်မှန်းချက်ကြီးတစ်ခုထားလိုက်တယ်...အဲ့ဒါက သူတကယ့်ဆရာဝန်အစစ်အမှန် ဖြစ်ရမယ် သူတကယ်ကြိုးစားမယ်ဆိုတာပဲ.....သူဘယ်လိုတွေကြိုးစားလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ ဆိုတာကိုတော့ ဒီကားက အတော်လေးရယ်ရတယ် ဟာသလေးတွေနှောပြီး message လေးတွေပေးသွားတယ် ဒီကားထဲက လူကြမ်းကြီးက ကျွန်တော်တို့လျစ်လျူရှုထားတဲ့ ...
movie
Munna Bhai M.B.B.S. (2003)
2003
A Ghost Story (2017) 6.9
A Ghost Story (2017) A Ghost Story (2017) IMDb - 6.9/10_____Rotten - 91%   ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ဘယ်ကိုရောက်သွားမလဲ။ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။  ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။သူလုပ်သမျှကိုကြည့်နေပေးတယ်။အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ)   File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw
movie
A Ghost Story (2017)
2017
Kabhi Alvida Naa Kehna (2006) 6.1
Kabhi Alvida Naa Kehna (2006)  ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ်တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ"လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော်ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော""ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ"အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို ...
movie
2006
Mr. Six (2015) 7.1
Mr. Six (2015) EXO-M အဖွဲ့ဝင် Kris Wu ,မင်းသား Li Yifeng နဲ့မင်းသားကြီး Feng Xiaogang တို့အဓိကပါဝင်ထားတဲ့ ဒီတရုတ်ဇာတ်ကားဟာ Crime/Drama အမျိုးအစားဖြစ်ပြီး IMDb Rating (7.1) ,Rotten Tomatoes (80%) ထိရရှိထားပါတယ်။ဇာတ်လမ်းကတော့.....တစ်ချိန်က အရှိန်အ၀ါရှိခဲ့ တဲ့၊ လူဆိုးလူတေတစ်ယောက်ဖြစ် ခဲ့တဲ့ လျူယဲ့ခေါ်လောင်ပေါင်အာ (မစ္စတာဆစ်)ဟာ အသက် (၅၀) အရွယ်လောက်ရောက်လာတဲ့ အခါမှာတော့ အထီးကျန်ဆန်စွာ နေခဲ့ရပါတယ်။ ဓားရေးကျွမ်းကျင် လှတဲ့၊ မာဖီးယားဂိုဏ်းသားတစ်ဦး ဖြစ်တဲ့ မစ္စတာ ဆစ်မှာရှောင်ဘို (ဘော်ဘီ)ဆိုတဲ့ သားတစ်ယောက် ရှိပေမယ့် သိပ်အစေးမကပ်လှပါ ဘူး။ တစ်ရက်မှာတော့ အစိုးရ အကြီးအကဲတစ်ယောက်ရဲ့ သား ပိုင်တဲ့ အဖိုးတန်ပြိုင်ကားကို ပျက် စီးစေမှုတစ်ခုနဲ့ ဘော်ဘီပြန်ပေး ဆွဲခံခဲ့ရပါတယ်။ ဘော်ဘီကို ဖမ်း သွားတဲ့လူဆိုးအဖွဲ့ခေါင်းဆောင် ရဲ့ မိသားစုဟာ နောက်ခံအခြေအ နေကောင်းတာကြောင့် ကိုမာဖြစ် ...
movie
Mr. Six (2015)
2015
Black Snow (2017) 6.2
Black Snow (2017)  ဆာဗိတ်"မိသားစု​ရဲ့ရင်​နင့်​ဖွယ်​ရာ ဖြစ်​ရပ်​​လေးအ​ကြောင်းရိုက်​ထားတဲ့ ၁၅၀၀အချစ်​ ,၅၂၈အချစ်​ လျှို့ဝှက်​ဆန်းကြယ်​ စတဲ့ရသအစုံပါတဲ့ ပါတဲ့ဇာတ်​ကား​လေးတစ်​ကားပါတစ်​နည်း​ပြောရရင်​​တော့ဗျာ နှင်း​တောင်​​တွေကြားမှာ​နေတဲ့အမဲလိုက်​မုဆိုးမိသားစုဘဝ​လေးက​နေစခဲ့တယ်​​ပြောရမှာပဲကံဆိုးချင်​​တော့ မထင်​မှတ်​ပဲ အမဲလိုက်​ရင်း အကိုအကြီးဆုံးဖြစ်​တဲ့ ဆာဗာဒါက​ သူ့ညီအငယ်​ဆုံးဂျူအန်​ကို မ​တော်​တဆ​သေနတ်​နဲ့ပစ်​မိသွားရာက​နေ သူ့ဘဝရဲ့​ဆေး​ကြောလို့မရတဲ့အမှားလို့ခံယူပြီးသူ့တစ်​​သက်​လုံး နှင်း​တောင်​​တွေကြားမှာဘဲ​နေထိုင်​ရင်းဇာတ်​မြှုပ်​​နေတာ​ပေါ့သို့​ပေမယ့်​လဲကြမ္မာတစ်​ပတ်​ပြန်​လည်​​စေခဲ့တဲ့တရားခံကအ​မွေကိစ္စ ဒါ​ကြောင့်​လဲသူ့ညီဖြစ်​တဲ့မားကို့စ်​က သူ့ဆီကို အ​မွေကိစ္စတိုင်​ပင်​ဖို့ နဲ့သူ့အ​ဖေရဲ့​နောက်​ဆုံးဆန္ဒကိုဖြည့်​ဆည်း​ပေးဖို့ လာခဲ့တာ​ပေါ့​​နောက်​ပိုင်းညီအစ်​ကို၂​ယောက်​ကြားဘယ်​လို​တွေ​ဖြေရှင်းကြမလဲသူတို့ရဲ့ညီအငယ်​ဆုံးဖြစ်​တဲ့ ဂျူအန်​ရဲ့​သေဆုံးမှုက​ကော​သွေးရိုးသားရိုးဟုတ်​ရဲ့လားဂျူအန်​​သေသွားပီး​နောက်​ပိုင်း ဆာဗာဒါ မားကို့စ်​ ဆာဘရီနာတို့​မောင်​နှမ ၃​ယောက်​က​ကောဘယ်​​လို​တွေ​​တောင်​​တွေ့ကြုံကြရမလဲဆိုတာ​တော့.......ဆက်​ကြည့်​ကြပါစို့ဗျာ  (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)  File Size : (650 MB) and (250 MB) Quality : 720p Webdl Running Time : 1hr 30min Format : Mp4 Genre :Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae ...
movie
Black Snow (2017)
2017
Unlocked (2017) 6.1
Unlocked (2017)  အက်ရှင်ကားကြိုက်သူတွေအတွက်၂၀၁၇စက်တင်ဘာလဆန်းထွက်ပဲဖြစ်တဲ့အသစ်စက်စက်အက်ရှင်ကားလေးတစ်ကားတင်ပေးလိုက်ပါတယ်။IMDb rating-6.1ရထားတဲ့အက်ရှင်ကားလေးဆိုတော့မဆိုးဘူးလို့ပြောရမှာပါပဲ။လူပေါင်းများစွာအသက်ဆုံးရှုံးလိုက်ရတဲ့ပြင်သစ်နိုင်ငံပါရီမြို့အကြမ်းဖက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်ကကြိုးကိုင်သူကိုမဖော်နိုင်တဲ့နောက်စုံထောက်အဲလစ်တစ်ယောက်လန်ဒန်ကိုပြောင်းရွေ့တာဝန်ပေးခြင်းခံလိုက်ရပါတော့တယ်။ဒါပေမယ့်လည်းသိပ်မကြာခင်မှာပဲနောက်ထပ်အကြမ်းဖက်တိုက်ခိုက်မယ့်သတင်းသဲလွန်စကိုစီအိုင်အေကရရှိပြီးနောက်မှာတော့ သူ့ကိုအထက်ကပြန်ခေါ်ယူလိုက်ပါတယ်။နောက်ထပ်အကြမ်းဖက်မယ့်ဖြစ်စဉ်ကိုစုံစမ်းရင်းပဲသူ့ကိုကူညီနေတဲ့စစ်သားဟောင်းတစ်ယာက်နဲ့ကသီကလင်ဖြစ်နေပုံကိုလည်းရသစုံအောင်ရိုက်ပြထားပါသေးတယ်။ကဲ အဲလစ်တစ်ယောက်အဲဒီအကြမ်းဖက်မှုကိုဖော်ထုတ်နိုင်မလား။ကြိုတင်တားဆီးနိုင်မလား။ဒီတခါဘယ်မှာဖြစ်မှာလဲ။စစ်သားဟောင်းကြီးနဲ့အတူအဲလစ်တစ်ယောက်လူတွေအသက်ကိုကယ်နိုင်ပါ့မလားဆိုတာတော့ဇာတ်ကားလေးကိုရှုစားလိုက်ပါဦးဗျာ။(ဘာသာပြန်သူကတော့နေခြည်ပါ)  File Size : (750 MB) and (280 MB) Quality : 720p Bluray Running Time : 1hr 38min Format : Mp4 Genre :Action, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encode by Thanhtike Zaw
movie
Unlocked (2017)
2017
Megan Leavey (2017) 7.1
Megan Leavey (2017)  ဖြစ်ရပ်မှန်ကားကောင်းလေးတွေကိုမှကြိုက်တဲ့သူတွေအတွက်၂၀၁၇ထွက် rating7.1ထိရထားတဲ့ခွေးကားကောင်းလေးတစ်ကားလာပြီ။တကယ့်အပြင်ကဖြစ်ရပ်မှန်ကိုအခြေပြုရိုက်ကူးထားတာပါ။ဒုတပ်ကြပ်မီဂန်လီဗီနဲ့ သူ့ရဲ့ရဲဘော်ရဲဖက်စစ်ခွေးလေးတို့ရဲ့အကြောင်းလေးကိုရိုက်ကူထားတာပါ။မီဂန်ဟာအိမ်တွင်းရေးအဆင်မပြေမှုတွေကြားကအလုပ်ကပြုတ်တဲ့အပြင်သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသေဆုံးသွားပြီးနောက်မှာတော့အမေရိကန်မရိန်းတပ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စစ်တပ်ထဲရောက်တဲ့အချိန်မှာတော့မီဂန်ရဲ့ခြောက်သွေ့နေတဲ့ဘ၀လေးဟာရက်စ်ဆိုတဲ့ခွေးလေးနဲ့တွေ့ပြီးပြန်လည်စိုပြေလာပါတော့တယ်။ရက်စ်ဆိုတာကအမေရိကန်စစ်တပ်ကလေ့ကျင့်ပေးထားတဲ့တိုက်ပွဲဝင်စစ်ခွေးလေးတစ်ကောင်ပါ။ရက်စ်ကိုထိန်းကျောင်းရဖို့ကံကြမ္မာပါလာတဲ့မီဂန်တစ်ယောက်သူတို့နှစ်ဦးကြားဘယ်လိုချည်နှောင်မှုတွေရှိလာမလဲ။ဘယ်လိုတိုက်ပွဲတွေအလီလီအတူတူဖြတ်ကျော်ကြမဘဲဆိုတာဇာတ်ကားလေးကိုဆက်ကြည့်ပြီးခံစားလိုက်ပါ။တကယ့်အပြင်မှာမီဂန်နဲ့ရက်စ်တို့ဟာအတူတူတိုက်ပွဲပေါင်း၁၀၀၀ကျော်ဆင်နွဲခဲ့ပြီးလူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ကြတဲ့စစ်သည်ကောင်းတွေအဖြစ်အသိအမှတ်ပြုခံခဲ့ရသူများဖြစ်ပါတယ်။ဇာတ်ကားလေးဟာလည်းသူတို့နှစ်ယောက်ရဲ့ကြားကဖြစ်တည်မှုလေးကိုသေသေချာချာရင်ထဲထိအောင်ရိုက်ပြထားတာတွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်အခြေခံရိုက်ထားတဲ့ကားကောင်းလေးတွေကိုကြိုက်နှစ်သက်သူများအတွက်ဒီကားလေးဟာကြည့်သင့်တဲ့ကားလေးပါလို့ညွန်းပါရစေဗျာ။Rotten Egg ratingအနေနဲ့လည်း84%အထိရရှိထားတာဆိုတာ့အထူးတလည်ပြောနေစရာမလိုဘူးထင်ပါတယ်ဗျာ။  (ဘာသာပြန်သူကတော့ သားပြည့်စုံဇော်ပါ)  File Size : (850 MB) and (378 MB) Quality : 720p Bluray Running Time : 1hr 56min Format : Mp4 Genre :Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Pyae Sone Zaw Encode by Thanhtike Zaw
movie
Megan Leavey (2017)
2017