Channel Myanmar
Drama
Battle of the Sexes (2017) 7.0
Battle of the Sexes (2017) ဒီကားကတော့ ၂၀၁၇ခုနှစ်ထွက်Biography/Comedy-Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဒီကားလေးဟာ ၁၉၇၃ခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ဟိုးလေးတကျော်ဖြစ်ကာ ပြောစမှတ်တွင်ရလောက်တဲ့အထိ ဖြစ်ပွားခဲ့တဲ့ တင်းနစ်ပြိုင်ပွဲအကြောင်းပါပဲ။ဒီတင်းနစ်ပြိုင်ပွဲဟာ သာမန်ပြိုင်ပွဲတွေနဲ့မတူပါဘူး။ထိုခေတ်ကာလတွင်း အမျိုးသမီးတင်းနစ်ကစားသမားများဟာ အမျိုးသားများနှင့် တန်းတူရပိုင်ခွင့်တွေ ခံစားခွင့်မရကြပါဘူး။ဒါကြောင့် ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံးအမျိုးသမီးတင်းနစ်ကစားသမားဖြစ်တဲ့ ဘီလီဂျင်းကင်းဟာ အဲဒီအတွက်ကနေဦး တောင်းဆိုဆန္ဒပြခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ယောက်ဖြစ်လာပါတယ်။အဲဒီကနေစပြီး အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူညီမျှအခွင့်အရေးခံစားခွင့်ရှိခြင်း၊ လိင်တူရပိုင်ခွင့်များနှင့် လူ့အခွင့်အရေးဆိုတာတွေ ဆက်လက်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း ဘီလီဂျင်းကင်းကိုပါရမီဖြည့်ပေးရှာသည့်သူကတော့ ဘော်ဘီရစ်ခ်ျဆိုတဲ့ နာမည်ကျော်တင်းနစ်ကစားသမားတစ်ယောက်ပါ။သူ့ရဲ့ဝါသနာက လောင်းကစားလုပ်ခြင်းပါပဲ။အခွင့်အရေးတွေကိုချောင်းနေတဲ့ဘော်ဘီတစ်ယောက် ဘီလီကင်းကိုမျက်စိကျသွားပါတော့တယ်။သူ့ရဲ့အတိတ်ကရွှေရောင်နေ့ရက်တွေကိုပြန်လည်ရယူရင်း လောင်းကစားပါလုပ်လို့ရမည့်အကွက်ကို တွေ့သွားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဘီလီဂျင်းကင်းကိုစိန်ခေါ်ပြီး တင်းနစ်ကစားပွဲပြုလုပ်ကာ အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရသင့်ကြောင်း သက်သေပြရအောင်ဖန်တီးပါတော့တယ်။အဲဒီပြိုင်ပွဲဟာ တင်းနစ်အားကစားသမိုင်းတစ်လျှောက်တွင် လူကြည့်အများဆုံးသော ကစားပွဲဖြစ်ခဲ့တာဖြစ်ပြီး ဘီလီဂျင်းကင်းနဲ့ ဘော်ဘီရစ်ခ်ျတို့ရဲ့ အပြိုင်အဆိုင် စကားနာထိုးမှုတွေ၊ အားပြိုင်မှုတွေဟာ ကစားကွင်းမတိုင်ခင်ကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာအရရော၊ အခြားသော ...
movie
Battle of the Sexes (2017)
2017
Napping Princess (2017) 6.5
Napping Princess (2017)  ဒီတစ်ခါတော့ပရိတ်သတ်တွေကို၂၀၁၇ထွက်ဂျပန်အန် နီမေးရှင်းကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် your name ဆိုတဲ့ဇတ်ကားလိုမျိုးနာမည်ကြီးဇတ်ကားတစ်ကားပါပဲလက်ရှိကတော့ဂျပန်မှာဝင်ငွေစံချိန်တင် ထားတဲ့ကားကောင်းတစ်ကားပါပဲဇတ်လမ်းကတော့အဖေနဲ့ပဲနေရပြီးအမိမဲ့နေတဲ့ကောင်မလေးတစ်ယောက် ညတိုင်းသူမရဲ့အိပ်မက်ထဲမြင်နေရတဲ့ဟက်လန်းဆိုတဲ့တိုင်းပြည်ငယ်လေးထိုတိုင်းပြည်လေးရဲ့မင်းသမီးလေးဟာထူးဆန်းစွာသူမနဲ့ရုပ်ရည်မျက်နှာပေါက်ချင်းတူညီနေသောအခါသူမတို့အိမ်မှာထူးဆန်းစွာရှိနေတဲ့တက်ဘလက်စ်လေးတစ်လုံးထိုတက်ဘလက်စ်လေးဟာမှော် စွမ်းအားရှိနေတာကိုထိုကလေးမလေးသိရှိသွားသောအခါဘာဆက်ဖြစ်မလဲထူးဆန်းစွာသေဆုံးခဲ့သောသူမရဲ့အမေကကောဘယ်သူလဲထိုမှော်တက်ဘလက်စ်လေးကကောဘာတွေအစွမ်းထက်သလဲဆိုတာကိုစိတ် ဝင်စားစွာကြည့်ရှုရမှာပါထူးဆန်းတာတွေကြိုက်နှစ် သက်တဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ဇတ် ကားတစ်ကားပါလို့ပြောကြားရင်းပဲဒေါင်းလော့သာဆွဲလိုက်ကြပါ Qty - 720p Web dLDuration - 1hr 43minGern - Drama / RomanceTranslator - Soe HtweEncoder - Kyaw Ye Aung
movie
Napping Princess (2017)
2017
Satan’s Slave (1980) 5.7
Satan’s Slave (1980)   ကျနော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ အင်ဒိုနီးရှား စုန်းကားနဲ့မိတ်ဆက်ပေးပါရစေ....ခုတလော Hot ဖြစ်နေတဲ့ Pengabdi Setan ဆိုတဲ့ ရုပ်ရှင်ရဲ့မူရင်းကားလေးဖြစ်ပြီးတော့လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က ရုပ်ရှင်ဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းရှင် မိုနာတို မှာ တွမ်မီ ဆိုတဲ့ သားတစ်ယောက်နဲ့ရီတာ ဆိုတဲ့ သမီး တစ်ယောက်ရှိပြီး အမျိုးသမီးဖြစ်သူကတော့မကြာခင်ကပဲ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်...ကွယ်လွန်သွားတဲ့သူတွေ အတွက် ထုံးစံအတိုင်းအစ္စလာမ်ဘာသာအရ ထုံးတမ်းအစဉ်လာတိုင်းကောင်းမှုကုသိုလ်များ လုပ်ပေးခဲ့ပေမယ့်တစ်ရက်သော ညမှာတော့ မိခင်ဖြစ်သူရဲ့ ၀ိဥာဉ်ဟာသားဖြစ်သူ တွမ်မီ ကို လာနိုးခဲ့ပြီး နိမိတ်ပြခဲ့ပါတယ်...နောက်ပိုင်း တွမ်မီ တင် မကပဲ သမီးဖြစ်သူ ရီတာ ကိုပါထိတ်လန့်ချောက်ခြားအောင် ပြုလုပ်လာခဲ့သော ကြောင့်ရီတာ ရဲ့ သူငယ်ချင်းဖြစ်သူ ဟာမန် ကတော့ သေဆုံးပြီးလူတွေဟာ ရက် ၄၀ လောက် အိမ်တွင်းမှာ ကျင်လည်နေတက်ကြောင်းသတိပေးပြီး မကောင်းဆိုးဝါး ထုတ်တဲ့ ဆရာပင့်သင့်ကြောင်းအကြံပေးခဲ့ပါတယ်...ဒါပေမယ့် အဲ့ဒီလိုအကြံပေးတဲ့သူတွေ အားလုံး ...
movie
Satan’s Slave (1980)
1982
Schindler’s List (1993) 8.9
Schindler’s List (1993) ကမ္ဘာပေါ်က အကောင်းဆုံး Biographical ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Schindler’s List ဇာတ်ကားဟာ German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါ တယ်။ အော်စကာဆု ၇ ဆုအပြင် အခြားဆုပေါင်း ၇၀ နဲ့ ဆု ၂၅ ...
movie
Schindler’s List (1993)
1993
Windstruck (2004)
Windstruck (2004) ကိုယ်တွေရဲ့အသည်းစွဲ ဂျန်ဂျီဟွန်း(My Sassy Girl မင်းသမီး) အဓိကပါဝင်ထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ကိုယ်တွေငယ်ငယ်တုန်းက အမှန်အကန်ခံစားအားပေးခဲ့တာ သတိရမိတယ်။ဇာတ်လမ်းလေးကတော့....ဂျန်ဂျီဟွန်းက သျှမ်းသျှမ်းတောက်ရဲမေ....မင်းသား Jang Hyuk ကအူကြောင်ကြောင် ကျောင်းဆရာသူတို့နှစ်ယောက် အလွဲလွဲချော်ချော်တွေ့ဆုံ သံယောဇဉ်ဖြစ်ရာကအချစ်စစ်တို့လမ်းသည် မဖြောင့်ဖြူးကြောင်းကိုခံစားတင်ဆက်ထားပါတယ်။IMDb Rating (7.3/10) နဲ့ Rotten Tomotoes (80%) ထိရရှိထားတဲ့ Romantic Comedy ဇာတ်ကားကောင်းလေးပါ။(ဒီဇာတ်ကားကိုတော့ Phyo Thu Hein မှ ဘာသာပြန်တင်ဆက်ထားပါတယ်။)အခုဇာတ်ကားကိုကြည့်ပြီးရင် မင်းသမီး ဂျန်ဂျီဟွန်းရဲ့ My Sassy Girl (2001) ကိုလဲ https://channelmyanmar.to/my-sassy-girl-2001/ မှာကြည့်သင့်ကြောင်းပါ။File size…(999MB)  Quality…HDTV-Rip 720p Format…mp4 Duration….01:55:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung  
movie
Windstruck (2004)
Naked Soldier (2012) 4.8
Naked Soldier (2012) Naked Soldier (2012)_____IMDb - 4.8/10    ဒီဇာတ်လမ်းလေးထဲမှာတော့ ... အရာရှိလန် (ကွန်ဖူးဖက်တီး) ဟာ ဒေါ်လာသန်းချီတန်တဲ့ မူးယစ်ဆေးဝါးမှုတစ်ခုကို ဖော်ထုတ်ခဲ့ပြီး တစ်လခန့်အကြာမှာတော့ သူ့ရဲ့တစ်မိသားစုလုံးဟာ ပြန်လည်လက်စားချေမှုကို ခံခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ချစ်လှစွာသော သမီးလေးကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး ဆယ့်ငါးနှစ်အကြာမှာတော့ ကျွမ်းကျင်လေ့ကျင့်ထားသော လူသတ်သမားတစ်ယောက်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အင်တာပိုမှလည်း အတွေ့အကြုံရှိသော အရာရှိလန်အား ပြန်လည်အလုပ်ခေါ်ယူရင်း မဒန်ရိုစ့် ခေါင်းဆောင်သော ရာဇဝတ်ဂိုဏ်းအား ချေမှုန်းဖို့ပြင်ဆင်ခဲ့ရာမှာ........။ အက်ရှင်ဇာတ်ကားဖြစ်ပြီး တိုက်ပေ့ခိုက်ပေ့ဆိုသည်များကို သဘောကျသော ပရိတ်သတ်တွေ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။   (Tartee Poe မှဘာသာပြန်တင်ဆက်ထားတာပါ။)    File size…(909 MB) Quality…DVD-Rip Format…mp4 Duration….01:34:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie
Naked Soldier (2012)
2012
Night Peacock (2016) N/A
movie
Night Peacock (2016)
2016
Carrie (2013) 5.9
Carrie (2013) Carrie (2013) IMDb - 5.9/10_____Rotten - 50%    ပြီးခဲ့တဲ့ လတွေက ကျနော် Stephen King ဝတ္တုတွေကို ရုပ်ရှင်ရိုက်ထားတဲ့ စာရင်းကို စလေ့လာခဲ့တယ် အဲ့ဒီထဲကနေ တကယ်ကောင်းတဲ့ ရုပ်ရှင်ကားတစ်ချို့ကို ဘာသာပြန်ပြီး CM ကနေ ပြန်တင်ဆက်ပေးဖို့ စိတ်ကူးခဲ့ပါတယ် အဲ့ဒီထဲမှာ Carrie လဲ အပါအဝင်ပါပဲ Carrie ရဲ့ အကြောင်းကရော ဘယ်လိုများလဲ ရုပ်ရှင်ကို ခဏ ကြည့်ရအောင်... ---------------------------------------------------------- တိတ်ဆိတ်တဲ့ ညတစ်ခုမှာ မာဂရက်ဝှိုက် ဟာ ကိုယ်ဝန်အရင့်မာကြီးကနေ ရေမွှာပေါက်ပြီး သူ့အိပ်ခန်းထဲက ကုတင်ပေါ်မှာ ကလေးကို ခက်ခက်ခဲခဲ မွေးထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်.. ဘာလို့ သူမ ဆေးရုံမသွားတာလဲ တစ်ယောက်ထဲ မွေးဖွားဖို့ ကြိုးစားတာလဲ ? ကလေးဟာ တော်ရုံနဲ့ ထွက်မလာပါဘူး မာဂရက် ကို အကြီးမားဆုံးသော နာကျင်မှုတွေပဲ ပေးနေပါတယ် မယ်တော်မေရီ ကိုပဲ သူမ တမ်းတ ဆုတောင်းနေရပါတယ်.. ဒီလိုနဲ့ ကလေးကို ခက်ခက်ခဲခဲ မွေးနိုင်ခဲ့တယ် ကလေးကို လှမ်းကြည့်လိုက်ပြီး သူမ ဘေးနားက ကတ်ကြေးချွန်ကိုဆွဲပြီး ကလေးကို ထိုးသတ်ဖို့ လုပ်တယ် ဒါပေမယ့် ...
movie
Carrie (2013)
2013
Heart Blackened (2017) 6.4
Heart Blackened (2017) ဒီတစ်ခါမှာတော့ Channel Myanmar ပရိတ်သတ်တွေအတွက် Park Shinhye ရဲ့ နာမည်ကြီး ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်သူမနဲ့အလိုက်ဖက်ဆုံး ဇာတ်ရုပ်ဖြစ်တဲ့ ရှေ့နေဇာတ်ရုပ်နဲ့မို့ ရင်တွေခုန်လှပါတယ်...ဇာတ်ကြောင်းကို အကြမ်းဖျင်းထောက်ပြရမယ် ဆိုရင်တော့... ရှင်းနေတဲ့ လူသတ်မှုရယ် တောင်ကိုရီးယားရဲ့ အသုံးမကျတဲ့ စုံစမ်းရေးမှူးရယ် တော်မလိုလိုနဲ့ အလှည့်စားခံရတဲ့ ကိုယ့်မင်းသမီး Park Shinhye ရယ် နဲ့ ဇာတ်ကွက်တွေ တော်တော်လှပါတယ်မှုခင်းအခြေခံဇာတ်လမ်းပေမယ့် Plot Twist လေးတွေ လှပါတယ်အဆုံးထိကြည့်ပါ... ကျော်ကြည့်တာမျိုး လုပ်ရင် ဇာတ်လမ်းရဲ့ ကောင်းခန်းတွေ လွတ်ပါလိမ့်မယ် ?ပေါ့ပျက်ပျက် ကိုရီးယားကားတွေထဲက ခွဲထွက်ပြီး အရသာရှိလှတဲ့ ဇာတ်လမ်းကောင်းလေးပါဒီဇာတ်လမ်းကို အဆုံးထိ ကြည့်ပြီးသွားရင် မေတ္တာတရားဟာ ထုတ်ပြောစရာ မလိုမှန်း နားလည်လာပါလိမ့်မယ်... File Size : (950 MB) and (340 MB) Quality : WEB-DL 720p Running Time : 2hr ...
movie
Heart Blackened (2017)
2017
Back to 1942 (2012) 6.9
Back to 1942 (2012)  "စိတ်ချမ်းသာစရာတစ်ခန်းမှမပါတဲ့ သမိုင်းထဲက အစာငတ်လို့ လူ ၃ သန်းသေတဲ့ဖြစ်ရပ်"ကြီးကျယ်ခန်းနားလှတဲ့ အနုပညာလက်ရာတွေ နဲ့ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့တဲ့နိုင်ငံ၊ ဂျင်း(အင်)များ ထုတ်လွန်းလို့ အဲ့နိုင်ငံက ထုတ်တဲ့ဓားနဲ့ ခတ်ခံရရင် လူမသေဘဲဓားကျိုးတယ်ဆိုတယ်တဲ့နိုင်ငံ၊ အစားအသောက်မီးလိုတောက်ပြီး အစား အပက်စပ်ဆုံး စားလို့မရတဲ့အသားကမ္ဘာ ပေါ်မှာမရှိစေရဘူးဆိုတာ သက်သေပြနေတဲ့နိုင်ငံ၊ ကမ္ဘာ့ စီးပွားရေးကို လွမ်းမိုးချုပ်ကိုင်နိုင်လုနီးပါး ဖြစ်လာတဲ့နိုင်ငံ၊ သင်ပိုက်ဆံသာယူလာ ကျွန်ပ် တို့ သင်လိုချင်တာဖြစ်အောင်လုပ်ပေးပါမယ်ဆို တဲ့လိုတရနိုင်ငံ၊နိုင်ငံနယ်နမိတ်အတွင်း သဲကန္တာ ရ ၊ရေခဲတောင်၊ တောင်ကုန်းတောင်တန်း၊မြေ ပြန်လွင်ပြင် ၊ မြစ်ချောင်းအင်းအိုင်၊ ဂူဂနိုင်၊ သဘာဝ အလှအပများ အံ့သြမဆုံးတည်ရှိရာ နိုင်ငံ၊ ကမ္ဘာလုဦးရေးအများဆုံးသောနိုင်ငံ.......အကောင်းအဆိုး ရောယှက်နေတဲ့ဒီလိုနိုင်ငံကြီးရဲ့အတိတ်ကဖြစ်ရပ်တစ်ချို့ ကို ပြန်အသက်သွင်းထားတဲ့ သမိုင်းထဲက မထင် မရှား ကြီးမားတဲ့ အမည်းစက်ကြီး ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ဒီကားကို ၂၀၁၂ နိုဝင်ဘာ လမှာ ပြသခဲ့ပါ တယ်။ စတင်ရိုက်ကူးခဲ့တဲ့ Budget ယွမ် သန်း ၂၁၀ ကုန်ကျခဲ့ပါတယ်။ Box Office မှာ ယွမ် ၃၆၄ သန်း ပြန်လည်ရရှိခဲ့ပါတယ်။ ကုန်ကျစရိတ်တော်တော် အကုန်ခံပြီးရိုက်ကူး ထားပြီး သရုပ်ဆောင်တွေထက်ဇာတ်လမ်းသာလွန်မှုကိုပိုပြီး အလေးပေးရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ တစ်ကားလုံးကြာချိန် ၁၄၆ မိနစ်ရှိပါတယ်။ UMDb Rating 6.9 ၊ Rotten ...
movie
Back to 1942 (2012)
2012
The 33 (2015) 6.9
The 33 (2015) CM ပရိတ်သတ် ကြီးအတွက် 2015 ခုနှစ်ထွက် The 33 ဆိုတဲ့ ဖြစ်ရပ်မှန် ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်လမ်း လေးဟာ ၂၀၁၀ ခုနှစ်က ကျော်ကြားခဲ့တဲ့ Copiapó မိုင်းတွင်း မတော်တဆ မှု့အကြောင်းကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ချီလီ ကြေးနီ မိုင်းတွင်းလုပ်သား ၃၃ ယောက်ဟာ မြေအောက် ၇၀၀ မီတာ အနက် (ပေ ၂၃၀၀)မှာ ၆၉ ရက်ကြာ ပိတ် မိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်ဖို့ အမေရိကန်က NASA အပါအဝင် ကမ္ဘာ တစ်လွှားက အဖွဲ့ အစည်းပေါင်း မြောက်မြားစွာက ပါဝင်ကူညီခဲ့ကြပါတယ်။ဒီလိုနဲ့ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်မှာမှ အထူးတည်ဆောက်ထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သူတို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ ၃၃ ယောက်ကို ကယ်တင်ဖို့ အတွက် စုစုပေါင်း ဒေါ်လာ သန်းနှစ်ဆယ်ခန့် ကုန်ကျခဲ့ပြီး ကုမ္ပဏီပေါင်းများစွာက ...
movie
The 33 (2015)
2015
Sholay (1975) 8.2
Sholay (1975) Sholay (1975)IMDb - 8.2/10_____Rotten - 91%    All time Best Bollywood Movies မှာ Sholay ဟာ နံပါတ် ၃ နေရာမှာရှိနေပါတယ်။ 1975 က ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုပေမယ့် ဇာတ်လမ်း၊ဇာတ်ကွက်တွေနောက်ခံသီချင်းတွေ အဲ့ဒီခေတ် အနေအထားနဲ့ ဒီလို အက်ရှင်ခန်းတွေ၊ ကျေးလက်ဒေသ မြင်ကွင်းတွေ၊ အထူးပြောချင်တာကတော့ ဒရာမာအခန်းတွေပါပဲ့ တကယ့်ကို ပြီးပြည့်စုံလွန်းတယ်လို့ပဲပြောရမလား ဘယ်အချိန်ပြန်ကြည့်ကြည့် မချီမကဲဖြစ်သွားစေတဲ့ ဒရာမာအခန်းလေးတွေ၊တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေပေမယ့် စကားလုံးတွေမပါပဲ နောက်ခံတေးသံသာသာလေးဟာ အခုချိန်ထိ နားထဲမှာ ကြားရောင်နေဆဲပါပဲ။ သရုပ်ဆောင်တွေကလည်း ကဏ္ဌအသီးသီးမဇာ တာဝန်ကျေကြသလို၊ အကောင်းမွန်ဆုံးတွေဆိုတော့ သဘာဝကျမှုကို အပြည့်အဝရရှိစေပါတယ်။ တစ်ခါမှ မကြည့်ဖူးသေးဘူးဆိုရင်တော့ တစ်ခါလောက်တော့ မဖြစ်မနေကြည့်ကြည့်လိုက်ပါ့ ကြည့်ပြီးသားလူတွေအတွက်လည်း ဘယ်အချိန်မှ မရိုးနိုင်တဲ့ ဇာတ်ကားကောင်း တစ်ခု ဖြစ်ပါတယ်။ ======================================================= ဇာတ်လမ်းနည်းနည်းလောက် ညွှန်းရမယ်ဆိုရင်တော့ ရမ်ဂဗ်ရွာရဲ့ အငြိမ်းစားရဲတစ်ယောက်ဖြစ်သူ ထာကူရ်ဗဲလ်ဒေ့ဆင့်ဟာ အသိဖြစ်သူ ထောင်ပိုင်တစ်ယောက်ကို လူနှစ်ယောက်ကို ရှာပေးဖို့ အကူအညီတောင်းခဲ့ပါတယ် သူရှာခိုင်းတဲ့ နှစ်ယောက်က ဗီရူးနဲ့ ...
movie
Sholay (1975)
1975
PG Love (2016) 4.6
PG Love (2016) နှစ်သစ်မှာ ဟောင်ကောင်မိန်းမချောလေးတွေကို ငမ်းချင်ပါသလား? 18+ အခန်းတွေမကြည့်ရတာ ကြာနေပြီလား?ဒီကားလေးဟာ မိန်းကလေး ၆ ယောက်ရဲ့ဘဝအခြေအနေကို ရိုက်ကူးပြထားတဲ့ ဟောင်ကောင်ကားကောင်းလေးတစ်ကားပါ။ပထမဆုံးတစ်ယောက်က ထောင်ထွက်တစ်ယောက်ဖြစ်ပြီး ထိပ်ပြောင်သူကြီးတစ်ယောက်က သူ့အတွက် အလုပ်အကိုင်တွေ ရှာဖွေပေး၊ စိတ်ဓာတ်ပြုပြင်ရေးတွေလုပ်ပေးပါတယ်။ ဘယ်လိုလုပ်လဲတော့ မသိဘူးနော် အဟမ်း!ဒုတိယနဲ့ တတိယမိန်းကလေး နှစ်ယောက်က နိုက်ကလပ်ကို လာတဲ့သူတွေဆီက၊ သူတို့ရဲ့ဖောက်သည်တွေဆီက လစ်ရင် လစ်သလို ခိုးလေ့ရှိတဲ့ နိုက်ကလပ်မယ်နှစ်ယောက်ပါ။ သူတို့နှစ်ယောက်လုံး ခိုးဖို့ပစ်မှတ်ထားနေတဲ့ ဖောက်သည်တစ်ယောက်ရှိပြီး အဲ့လူဆီက လိုချင်တာခိုးယူဖို့ ဘယ်လိုလုပ်မလဲဆိုတာတော့ ဇာတ်လမ်းအညွန်းထဲမှာ ဆင်ဆာပါတဲ့။နောက်ထပ်မိန်းကလေးကတော့ သူ့ရည်းစားနဲ့ ဥရောပကို ခရီးအတူသွားရဖို့အတွက် ဘီယာအရောင်းမြှင့်တင်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့သူပါ။ တကယ် သူတို့သွားတဲ့အခါမှာ ဘာတွေဖြစ်ကြမလဲ၊ ဒီမိန်းကလေး ၆ ယောက်လုံး ဇာတ်သိမ်းမှာ ဘာတွေဖြစ်ကြမလဲဆိုတာသိချင်ရင်တော့ ရုပ်ရှင်ကိုအမြန်ဆုံးသာ ဒေါင်းလုတ်လုပ်ပြီး ကြည့်ရှူလိုက်ပါ File Size : (850 MB) and (300 MB) Quality ...
movie
PG Love (2016)
2017
Oldboy (2013) 5.8
Oldboy (2013)    တူကြီးကိုင်ပြီး ပွဲကြမ်းနေတဲ့ မင်းသားကြီး Choi Min‑sik ရဲ့ ကိုရီးယားဇာတ်ကား Oldboy(2003) ကို အတော်များများသိကြမှာပါ... နိုင်ငံတကာမှာလဲ ချီးကျူးခံရတဲ့ အဲ့ဒီ့နာမည်ကြီးကိုရီးယားဇာတ်ကားကို  အနောက်တိုင်းက Remark အနေနဲ့ Oldboy(2013)ကို ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ မင်းသားကြီး Josh Brolin နဲ့ မင်းသမီးချော Elizabeth Olsen တို့မှ အဓိကပါဝင်ထားပါတယ်။ ကိုရီးယားဇာတ်ကားလောက်မအောင်မြင်ခဲ့ပေမယ့် Remark အနေနဲ့ သူ့ဟာနဲ့သူတော့ မတူတဲ့ရသတစ်မျိုးကို ပေးထားနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Oldboy ရဲ့ဇာတ်လမ်းအရသာက ကိုယ်တိုင်ခံစားကြည့်ရှုမှ အကောင်းဆုံး အရသာရနိုင်တာမို့ ဇာတ်လမ်းအကြောင်းမပြောပြခဲ့တော့ပါဘူး။ မင်းသမီးချော Elizabeth Olsen ကို Marvel Superhero ထဲက Scarlet Witch အဖြစ်လူသိများပြီး Infinity War ဇာတ်ကားထဲက ကမ္ဘာဖျက်ဗီလိန် Thanos အဖြစ် မင်းသားကြီး Josh Brolin  မှပါဝင်ထားတာကြောင့် သူတို့နှစ်ယောက်ကို Infinity War ထဲမှာ ပူးတွဲမြင်တွေ့ရဖို့လဲ ရှိပါသေးတယ်။File Size…(900 MB)Quality…BluRay-Rip 720pFormat…mp4 Duration…01:44:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung
movie
Oldboy (2013)
2013
Young Adult(2011) 6.3
Young Adult(2011) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ Imdb..6.3 ရ"Young Adult"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...  Mavis Gary ဆိုတဲ့ အမျိုးသမီးဟာ ဘဝကိုမကျေနပ်မှုတွေ စိတ်မချမ်းမြေ့မှုတွေ ကိုယ့်ကိုကိုယ်အားမရမှုတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်.... သူဟာ Young Adult ဆိုတဲ့ စီးရီးကိုလဲ ရေးသားနေသူပါ...ဒီစီးရီးကလဲ အောင်မြင်မှုမရခဲ့ပါဘူး... သူ့ရဲ့ အချစ်ရေးကလဲ ကံမကောင်းလှပါဘူး.... သူ့ရဲ့ Young adult စီးရီးက Kendall Strickland လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးအကြောင်းကို ရေးထားတာပါ...Kendall က အထက်တန်းကျောင်းမှာ ကောင်လေးတိုင်း ကြွေရတဲ့ ကောင်မလေးတိုင်းမနာလိုဖြစ်အားကျရတဲ့ မိန်းမချောလေးပါ... ခုခေတ်စကားအရဆိုရင် Queen ဆိုပါတော့... Mavis က ဘာလို့ Kendall အကြောင်းကို ရေးလဲ..အကြောင်းကတော့ သူ့ငယ်ဘဝကလဲတစ်ချိန်တစ်ခါက Kendall လို ရွှေထီးဆောင်းခဲ့တာပါ.... ပြောရရင် သူ့ဘဝဇာတ်ကြောင်းကို အခြေခံထားတာပေါ့.... သူ့ရဲ့ လှပခဲ့တဲ့ ...
movie
Young Adult(2011)
2011
Eternal Wave (2017) 6.4
Eternal Wave (2017) Eternal wave ဇာတ်ကားလေးကတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာထွက်ရှိထားတာဖြစ်ပြီး rating 15+ ရရှိထားတဲ့တော်လှန်ရေးကားလေးပါ၁၉၃၀ ခုနှစ်မှာဖက်ဆစ်ဂျပန်တွေရဲ့လက်အောက်ကိုကျရောက်ခဲ့တဲ့ ရှန်ဟိုင်းမြို့ရဲ့တော်လှန်တိုက်ခိုက်မှုတွေကိုပုံဖော်ထားတာပါမင်းသား Aaron Kwok , Zhang Han, မင်းသမီး Zhao Li Ying တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်လင်ရှန်းဟာ ဂျပန်လက်အောက်ရောက်သွားတဲ့ ရှန်ဟိုင်းမြို့ကိုသူလျိုတစ်ယောက်အနေနဲ့ဝင်ရောက်ခဲ့ပြီးသတင်းတွေကိုရှန်ဟိုင်းကနေထုတ်လွှင့်ပေးပါတယ်ဂျပန်တွေသတိမထားမိအောင် လန်ဖန်းဆိုတဲ့ကောင်မလေးနဲ့ လင်မယားအယောင်ဆောင်ကာ အထက်ကိုသတင်းများတောက်လျှောက်ပေးပို့နေပါတယ်သို့သော်လဲတစ်နေ့မှာတော့ ဂျပန်တွေသံသယဝင်တာခံရပြီးအဖမ်းခံခဲ့ရပါတယ်ဂျပန်တွေရဲ့နှိပ်စက်ပုံ၊ကိုယ့်အမျိုးကိုယ်တောင်ရက်စက်ကြမ်းကြုတ်သောသူတို့ရဲ့ဒဏ်ကိုခံရပုံတွေဒီကားထဲမှာအများကြီးတွေ့ရပါတယ်ဂျပန်လက်ထဲရောက်နေတဲ့လင်ရှန်းကို သူ့အယောင်ဆောင်ဇနီးဖြစ်သူက ဘယ်လိုကယ်ထုတ်တယ်နောက် ဂျပန်တွေလက်ထဲကနေအားလုံးအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား၊အမျိုးကိုသစ္စာဖောက်သူတွေရဲ့ဇာတ်သိမ်းကရောလှပါ့မလားဆိုတာ......... File Size : (950 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 40min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL.1080p.x264.AAC Translated by Yamin Thawdar Maung Encoded by Thanhtike ...
movie
Eternal Wave (2017)
2017
Stronger(2017) 7.5
Stronger(2017) Stronger (2017) ဒီဇာတ်ကားက IMDB-7.1/10 နဲ့ RT-93% ရရှိထားတဲ့ ဖြစ်ရပ်မှန်အခြေပြုDrama/Biography ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁၅ ရက်Boston မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှုမှာခြေထောက် ၂ ဖက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ ဂျက်ဖ်ဘိုးမန်း(Jeff Bauman)ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ *************"ဂျိမ်း"ခနဲ ဗုံးပေါက်ပြီးတဲ့နောက် သူပြန်သတိရလာတဲ့အချိန်မှာသူ့ခြေထောက်နှစ်ဖက်စလုံး ပြတ်ထွက်သွားခဲ့ပြီ။ ဒါပေမယ့် သူ့ကို သွေးတိတ်အောင် လာလုပ်ပေးတဲ့သူကို သူပြောလိုက်တဲ့စကားက"တစ်ခြားလူကို ကူညီပေးလိုက်ပါ, ကျွန်တော်အဆင်ပြေပါတယ်"တဲ့(Help somebody else, I am good)။အဲဒီနောက်သူဟာ Boston Strong (ဘော်စတွန်သူရဲကောင်း) ဘာကြောင့်ဖြစ်လာခဲ့တယ်၊ခြေထောက်နှစ်ဖက်ဆုံးရှုံးလိုက်ရပြီးတော့သူ့ဘဝရဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းတယ်၊ ဘဝနဲ့ချီပြီး ဆုံးရှုံးသွားတဲ့သူဟာ တစ်ဖန်ပြန်လည်ရှင်သန်ဖို့အတွက် ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာတွေကို ခံစားမှုတွေအပြည့်နဲ့ ကြည့်ရှုကြရမယ့်"Inspiring Real Life Story"တစ်ပုဒ်ပါပဲ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့              Sherlockဖြစ်ပါတယ်....File Size…(900MB) and (350MB) Quality…BluRay 720p Format…mp4 Duration…01:59:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by ...
movie
Stronger(2017)
2017