Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
6.3
Some Guy Who Kills People (2011)
CM ပရိတ်သတ် ကြီးအတွက် လူသတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ ဒီကားလေးက ကန် ဆိုတဲ့ လူတစ်ယောက်အကြောင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကန်က မကြာခင်ကမှ စိတ်ဆေးရုံက ဆင်းလာတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။သူ့ကို ငယ်ဘ၀ကတည်းက အနိုင်ကျင့် ယုတ်မာ မှု့တွေကြောင့် စိတ်ကျန်းမာရေးချို့ယွင်းပြီး စိတ်ကျန်းမာရေး ဆေးရုံ ရောက်သွားတာပါ အခုတော့ ဆေးရုံ ကနေဆင်းပြီး တော့ ဘာဂါရောင်းတဲ့ ဆိုင်မှာ လုပ်နေပါတယ်။ အဲ့မှာပဲ သူသိခဲ့ရတာက သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ သူ့သမီးလေးကို ချစ်ဖို့ နားလည်ဖို့ ကြိုးစားရင်းနဲ့ ကန်တစ်ယောက် နေထိုင်နေပါတယ်။ ဒီလိုနေထိုင်နေတဲ့ အချိန်မှာပဲ ကန်ကို အနိုင်ကျင့် စိတ်ကျန်းမာရေးဆေးရုံပို့တဲ့ လူတွေဟာ တစ်ယောက်ပြီး တစ်ယောက် ရက်ရက် စက်စက် အသတ်ခံရပါတယ်။ လက်သည်ကို ရှာမရပါဘူး။ အဲ့အချိန်မှာပဲ ကန်တို့မြို့က ရဲမှုးက ကန် အမေ့ ဆီကို လာရင်းနဲ့ ကန်က လူသတ်သမားဖြစ်မယ်ဆိုတာ သံသယ ...
movie
Some Guy Who Kills People (2011)
2011
6.6
Thank You for Your Service (2017)
CMပရိသတ်ကြီးအတွက်လောလောလတ်လတ်ထွက်ရှိလာတဲ့ စစ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးနာမည်ကတော့ Thank U for Your Service(2017)ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအသွားလေးကတော့ အီရတ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတာရဲ့ Adamတစ်ယောက် တာဝန်တစ်နှစ်ကျော်ထမ်းဆောင်ပြီး ဇာတိ ကန်းဆက်ပြည်နယ်ကိုပြန်လာရပုံနဲ့စတင်ထားပါတယ်။ချစ်ဇနီး Saskia ရယ်၊ရင်သွေးနှစ်ယောက်ရယ်နဲ့ပျော်ရွှင်စရာဘဝလေးကိုတည်ဆောက်ဖို့ကြိုးစားပေမယ့် မထင်မှတ်ထားတဲ့အဖျက်အမှောက်တစ်ခုနဲလ ကြုံလာရပါတော့တယ်။အဲ့တာကတော့ စစ်ပွဲအနိဠာရုံတွေကို ပြန်လည်အမှတ်ရနေတဲ့ စိတ်ရောဂါပါပဲ။Adamကပဲ ဒီရောဂါကိုအနိုင်ပိုင်းနိုင်မလား။နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပါလို့ပဲတိုက်တွန်းလိုက်ပါတယ်။Imdb Rating 6.5 နဲ့ Rotten Tomatoes 77% ရရှိထားတဲ့ကားလေးမို့ ကြည့်ရှုမြည်းစမ်းကြည့်သင့်တဲ့ကားလေးပါ။ (စကားလုံးအသုံးအနှုန်းကြမ်းတမ်းခြင်းကိုသတိပြုရန်) File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre :Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Lex Luthor Encoded by Thanhtike Zaw
movie
Thank You for Your Service (2017)
2017
6.9
Listen…Amaya (2013)
2013 ခုနှစ်ကထွက်ရှိထားတဲ့ ဘောလိဝု မိသားစုကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကားလေးနာမည်က Listen Amaya(2013)တဲ့။IMDb rating 6.9 ရထားပြီးတော့ ဒရာမာ ဇာတ်ကားလေးတွေ ကိုကြိုက်နှစ်သက်သူတွေအကြိုက်တွေ့မယ့်ကားလေးပါ ဒီကားလေးထဲမှာတော့ ဘ၀မှာ ကြုံတွေ့ရမယ့် လောကဓံတွေအကွေ့အပြောင်းတွေကို မြူးမြူးကြွကြွလေးနဲ့ တင်ဆက်ပေးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့၂၂နှစ်အရွယ် လွတ်လပ်တက်ကြွတဲ့ကောင်မလေးAmayaရယ်သူမရဲ့ အမေမုဆိုးမLeelaတို့ဟာ အေးအေးချမ်းချမ်း ကော်ဖီဆိုင်လေးဖွင့်ကာဘဝကိုဖြတ်သန်းနေတဲ့သားအမိနှစ်ယောက်ပါ။တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြတဲ့ဒီသံယောဇဉ်အဝန်းအဝိုင်းလေးထဲကို တစ်နေ့တော့ Jayant Sinhaဆိုတဲ့အငြိမ်းစားဓာတ်ပုံဆရာတစ်ယောက်ဝင်လာခဲ့ပါတယ်။အဲ့ဒီကနေ ဇာတ်လမ်းအလှည့်အပြောင်းတွေဘယ်လိုဖြစ်တယ် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားစရာပါ။အိန္ဒိယရုပ်ရှင်ဝေဖန်ရေးသမားတွေကတောလ ဒီကားလေးဟာချစ်ခြင်းမေတ္တာတရားအကြောင်း ၊ အဓိကနဲ့ သာမညတွေအကြောင်းကိုရွှင်ရွှင်မြူးမြူး ခေတ်မှီမှီအမြင်နဲ့ ပြသထားတဲ့ကားကောင်းလေးလို့ဆိုပါတယ်။ဟုတ်မဟုတ်ကိုတော့ ဒီကားလေးထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။Qty - 720p DVD ripDuration - 1hr 48minGern - DramaSubtitle - MyanmarEncoder - Kyaw Ye Aung
movie
Listen…Amaya (2013)
2013
7.0
Breathe (2017)
အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ဘ၀လေး ရုတ်တရက် ပျက်စီးသွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ကိုယ့်ဘ၀ဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ခံယူလိုက်ရင် ဘာတွေဖြစ်မလဲ။ရောဘင်ဟာ သူ့ဇနီးရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ခရီးလှည့်လည်ထွက်ရင်းနဲ့ ရုတ်တရက် ပိုလီယိုရောဂါပိုးကူးစက်ခံရပါတယ်။သူဟာ လည်ပင်းအောက်ပိုင်း လုံးဝ မလှုပ်နိုင်တော့ပဲ လေဖြတ်ခဲ့ပါတယ်။ နောက်ပိုင်း သူဟာ စိတ်ကျရောဂါပါ ခံစားလာရတယ်။ရောဘင့်ရဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို အလင်းထဲ သွင်းပေးခဲ့တာကတော့ သူ့ချစ်ဇနီး ဒိုင်ယာနာပါပဲ။ဒိုင်ယာနာဟာ သူ့ခင်ပွန်းကို ဒီလို ခံစားနေရတာ မကြည့်ရက်လို့ သက်သာရာ သက်သာကြောင်းကူညီပေးရင်း အရာရာကို စိန်ခေါ်ခဲ့ပါတယ်။သူ့ယောင်္ကျားကို ဆေးရုံက ရအောင်ဆင်းခဲ့ပါတယ်။ (အဲ့ခေတ်က ပိုလီယိုရောဂါသည်တွေက ဆေးရုံက အသက်ရှူစက်တပ်ထားတဲ့အတွက် ဆေးရုံကုတင်က ရွေ့လို့မရပါဘူး။)ရောဘင့်အတွက် အဆင်ပြေမယ့် အသက်ရှူစက်ကိုပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့ဇနီးမောင်နှံနဲ့ သူငယ်ချင်းများပေါင်းပြီး ရောဘင့်အတွက် အဆင်ပြေမယ့်အရာတွေ တစ်ခုပြီးတစ်ခု တိုးတက်တီထွင်ခဲ့ပါတယ်။တဖြေးဖြေး နောက်ပိုင်းမှာ ရောဘင့်အတွက်သာမက တစ်ခြား ပိုလီယိုရောဂါသည်တွေပါ အသုံးပြုနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ရောဘင်ဟာ ပိုလီယိုရောဂါရှင်များရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကား တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ရောဘင်ကာဗန်ဒစ်ရှ်ရဲ့ဘ၀ဖြစ်ရပ်ကို ပုံဖော်ထားပြီး ကိုယ့်ဘ၀မှာ ...
movie
Breathe (2017)
2017
7.8
About Time (2013)
About Time (2013)IMDb - 7.8/10_____Rotten - 68% ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။ဒီလိုနဲ့ သူတို့နှစ်ယောက် ဘဝခရီးလမ်းလေးဖြောင့်ဖြူးဖို့ အချိန်တွေနောက်ပြန်လှည့် အမျိုးမျိုးကြိုးစားရင်း တင်မ်တစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အချစ်အရှုံးသမားလေးတင်မ်က နောက်ဆုံးမှာ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းတစ်လျှောက်လုံးမှာ တင်မ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အလွဲတွေကို ...
movie
About Time (2013)
2013
6.2
The Silent War (2012)
CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါ Silent War ဆိုတဲ့ တရုတ်ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ "Ting feng zhe" ဆိုတဲ့ နာမည်ကြီး တရုတ်ဝတ္ထု အပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို ၁၉၅၀ ခုနှစ်မှာ အခြေခံထားပါတယ်။ 1949 ခုနှစ် ပြည်တွင်းစစ် အပြီးမှာ တရုတ် အစိုးရဟာ ပြည်တွင်းမှာ နေထိုင်နေတဲ့ ကူမင်တန် သူလျှို တွေကို လိုက်လံ ရှင်းလင်းနေရဆဲပါ။ ဒီလိုရှင်းလင်းတဲ့ နေရာမှာ လျှို့ဝှက် အဖွဲ့အစည်း ဖွဲ့စည်းပြီး ကူမင်တန်တွေ ပေးပို့တဲ့ ကြေးနန်း သတင်းပို့ချက်တွေကို ရယူကာ လိုက်လံရှင်းလင်းရတာပါ။ ဒီလို လုပ်ဆောင် ရင်းနဲ့ တစ်နေ့မှာ ကြေနန်း ထုတ်လွှင့်နေတဲ့ ချန်နယ် ၁၂၀ လုံးပျောက်သွားပါတယ်။ ဘယ်သူမှ မဖော်ထုတ်နိုင်တဲ့ အတွက် ရန်သူရဲ့ အရေးကြီးသတင်းတွေကို ကြားဖြတ်ဖမ်းယူဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ဒီလို အချိန်မှာ ...
movie
The Silent War (2012)
2012
5.0
Acts of Violence (2018)
အက်ရှင်ကားတွေမျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက် မင်းသားကြီး ဘရုစ်ဝီလီ ပါဝင်ထားတဲ့ ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating အနေနဲ့ 5 ရရှိထားပါတယ်။သတို့သမီးလောင်းဖြစ်သူ မာယာ ကို လူကုန်ကူးတဲ့အဖွဲ့တစ်ခုက ပြန်ပေးဆွဲခြင်းခံလိုက်ရတဲ့အခါ ရိုမန်တစ်ယောက် သူရဲ့စစ်ပြန်အစ်ကိုနှစ်ယောက်နဲ့အတူ ချစ်သူကိုကယ်ဆယ်ဖို့ကြိုးစားရင်း လူဆိုးခေါင်းဆောင်ကို လိုက်ဖမ်းနေတဲ့ စုံထောက်အေဗရီနဲ့ပူးပေါင်းမိသွားတဲ့အခါ... ဒုစရိုက်သမားတွေရဲ့လူအင်အားလက်နက်အင်အားနဲ့ပိပိရိရိလှုပ်ရှားမှုတွေ အပြင် FBI နဲ့ပါပူးပေါင်းကြံစည်မှုကြောင့် ဥပဒေအရလှုပ်ရှားဖို့အခွင့်မသာတဲ့အခါ...မိမိရဲ့ မိသားစုအတွက်အသက်ကိုတောင်ပေးဆပ်နိုင်တဲ့ ညီအစ်ကိုတွေရဲ့ သက်စွန့် ဆံဖျားကြိုးပမ်းမှုတွေ...နာမည်ကျော်မင်းသားကြီး ဘရုစ်ဝီလီ ပါဝင်သရုပ်ဆောင်ထားပြီး ဘာတွေများဆက်ဖြစ်လာမလဲလို့ ရင်တထိတ်ထိတ်ကြည့်ရှုနေရတဲ့ အက်ရှင်ကားတစ်ကားဖြစ်တဲ့အပြင် မိသားစုကိုချစ်စိတ်နဲ့သံယောဇဉ်ကြီးမားမှုကိုပါထင်ဟပ်နေမဲ့ရသစုံပေးနိုင်တဲ့ဒီဇာတ်လမ်းဟာ ပရိတ်သတ်ကိုဇာတ်လမ်းအစအဆုံး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ခေါ်ဆောင်သွားမှာပါ။ File Size : (750 MB) and (330 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated ...
movie
Acts of Violence (2018)
2017
4.8
Real (2017)
Real (2017)_____IMDb - 4.8/10 IMDb Rating 4.8 ရထားတဲ့ ကိုးရီးယားရဲ့ နာမည်ကျော် ထိပ်တန်းမင်းသား Kim Soo Hyun အဓိကပါဝင်သရုပ်ဆောင်ထားပြီး သူရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ပြသထားတဲ့ Action ဇာတ်ကားပါ။ထုတ်လုပ်ရေးဖက်မှာလည်း သူကိုယ်တိုင် ငွေကြေးအင်အားစိုက်ထုတ်ပြီး ရိုက်ကူးခဲ့တဲ့ဇာတ်ကားပါ။မင်းသမီးကလည်း Sulli ဖြစ်ပြီး ၁၈ + Rated ဇာတ်ဝင်ခန်းအချို့ပါဝင်တာကြောင့် မထွက်ခင်ကကို စိတ်ဝင်တစား စောင့်နေကြသူအများအပြားရှိခဲ့ပါတယ်။စတင်ထွက်ရှိလာချိန်မှာတော့ ၁၈+ ဇာတ်ဝင်ခန်းနဲ့ ဇာတ်ကားအချိတ်အဆက် လိုအပ်ချက်ကြောင့် ဇာတ်လမ်းက နားလည်ရခက်တာကြောင့် ဝေဖန်သူအမြောက်အမြားနဲ့ Negative feedback တွေရှိခဲ့ပါတယ်။ဒါပေမယ့်လည်း မင်းသားရဲ့ Fanတွေနဲ့ သူရဲ့ သရုပ်ဆောင်နိုင်စွမ်းတွေကြောင့် ဝေဖန်မှုတွေကြားကကို ထိုက်သင့်သလိုက် အောင်မြင်မှုရရှိခဲ့ပါတယ်။US$ 7 သိန်း အကုန်အကျခံရိုက်ကူးခဲ့ပြီး Box office မှာ US$ 3 သိန်းပဲ ပြန်ရခဲ့ပေမယ့် ထိုင်ဝမ်မှာတော့ မင်းသားရဲ့ ...
movie
Real (2017)
2017
8.0
Dallas Buyers Club (2013)
Dallas Buyers Club (2013) IMDb - 8.0 /10___________Rotten - 93% Won 3 Oscars. Another 82 wins & 82 nominations.1984ခုနှစ်ကျော်ကာလက ရောဂါဆန်းတွေ ကမ္ဘာကြီးထဲကို ထဲထဲဝင်ဝင် ရောက်ရှိလာသည့် နှစ်ကာလတွေဟု ပြောရမည်။အမေရိကလို အထူးလွတ်လပ်စွာနေထိုင်ခွင့်ရနိုင်သည့် လူတန်းစားတွေကြားမှာ လူတွေပဲ သတ်မှတ်ထားသည့် ကောင်းမှု ။မကောင်းမှု တွေအား အလွယ်တကူ ရရှိခံစားနိုင်သော အချိန်ကာလမှာ အေ့အိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသည့် အိတ်ချ်အိုင်ဗွီ ဗိုင်းစ်ရပ်ပိုးကလေးတွေကလည်း လူသားတွေကြားကို တိုးဝင်ရောက်ရှိလာသည်။ယခုနှစ်ကာလများသည် အေအိုင်ဒီအက်စ် ခေတ်ဦးလို့ ဆိုရမည်။လူတန်းစားအကြား ဖြစ်ပွားလာချိန်မှာ ဆေးသိပ္ပံအဖွဲ့အစည်းတွေအတွက် အထူးခေါင်းခဲရသော အချိန်ကာလများဖြစ်နိုင်သည်။လိင် အပျော်အပါး။မူးယစ်ဆေးဝါးစတဲ့ စိတ်လွတ်လပ်မှု ကို အထောက်အကူပြု သော ယင်းအချက်အလက်များနှင့် လွတ်ကင်းနိုင်ဖွယ်မရှိသည့် လူတန်းစားတွေကြားကို ချက်ချင်းပျံ့နှံ့လာသည်။ထဲထဲဝင်ဝင် ထိန်းချု ပ်တားဆီးလို့ရမည့် ဆေးတွေလည်း မရှိသေး။လူတွေလည်း တစ်ဖြု တ်ဖြုတ်သေကုန်သည်။ဆေးရုံအများစုတွင်လည်း ...
movie
Dallas Buyers Club (2013)
2013
6.4
Third Person (2013)
နာမည်ကျော် မင်းသား တစ်ဦး ဖြစ်မိုကျကယျ ဟာ ပူလစ်ဇာ ဆုရထားတဲ့ စာရေးဆရာတစ်ယောက်ပါ တစ်လောကပဲ ဇနီးဖြစ်သူနဲ့ ကွဲထားပြီး အခု ပဲရစ် မြို့က ဟိုတယ် တစ်ခုမှာနေပြီး သူ့စာအုပ်ကို လက်စသတ်နေတာပါ။ သူဇနီးဖြစ်တဲ့ Elaine နဲ့ ပြတ်ဆဲပြီးတဲ့နောက် Anna ဆိုတဲ့ ဂျာနယ်လစ်ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်နေသူပါ။ အဲ့အချိန်မှာပဲ Scott ဆိုတဲ့ အမေရိကန်က စီးပွားရေးသမားတစ်ယောက်ဟာ အီတလီက ဖက်ရှင်ဟောက်စ်တွေက ဒီဇိုင်းတွေကို ရယူဖို့ရောက်နေတာပါ အီတလီ မှာရှိတဲ့ အရာတိုင်းကို မုန်းနေတဲ့ စကော့တစ်ယောက် ဘားတစ်ခုထဲမှR Rated ဖြစ်တာကြောင့် 18+ အခန်းတွေပါဝင်လို့မိသားစုနဲ့ မကြည့်ရှု့ သင့်တဲ့ အခန်းတွေ ပါဝင်တယ် ဆိုတာကိုတော့ ကြိုတင် ပြောထားပါရစေ။ ဇာတ်လမ်းလေးကတော့ ပဲရစ် နယူးယောက် နဲ့ ရောမမြို့တို့မှာ ဖြစ်ပျက် ခဲ့တဲ့ ဆက်စပ် နေတဲ့ အချစ်ဇာတ်လမ်းသုံးခု အကြောင်းကို ရိုက်ထားတာပါ။ ဇာတ်လမ်း အကျဉ်းကတော့ သူ့သမီးဆီကို ...
movie
Third Person (2013)
5.5
Term Life (2016)
2016 ခုနှစ်မှာထွက်ခဲ့တဲ့ မှုခင်းအက်ရှင်ဇာတ်ကားလေးပါ။လက်စားချေချင်စိတ်ပြင်းထန်တဲ့ မူးယစ်ဆေးမှောင်ခိုခေါင်းဆောင်တစ်ယောက်နဲ့ ကောက်ကျစ်တဲ့ရဲတစ်အုပ်ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ အစိုးရရဲ့ အလိုရှိနေမှုတွေကြားထဲက ထွက်ပြေးပုန်းရှောင်နေရတဲ့ နစ်ခ်ဘဲရိုးတစ်ယောက် သူသေသွားရင်တောင် သူ့ရဲ့တစ်ဦးတည်းသော သမီး ကက်သရင်းအတွက် စိတ်ချရအောင် အသက်အာမခံတစ်ခုလုပ်ထားလိုက်တယ်။သုံးပတ်ကြာစောင့်ရမဲ့ ဆေးစစ်ချက်ရတော့မှာ အာမခံကအတည်ဖြစ်မှာဖြစ်တဲ့အတွက် နစ်ခ်ဘဲရိုးတစ်ယောက် ထွက်ပြေးရင်း ပုန်းရင်းနဲ့ သုံးပတ်ကြာ အသက်ရှင်နေနိုင်ပါ့မလား....သူ့ရဲ့သမီးကရော ဒုစရိုက်သမားတွေ အန္တရာယ်ကလွတ်ပါ့မလား...မူးယစ်ဆေးဝါးမှောင်ခိုသမားတွေနဲ့ ယုတ်မာတဲ့ရဲတွေရင်ဆိုင်တွေ့ကြတဲ့အခါမှာရော ဘာတွေဆက်ဖြစ်မှာလဲဆိုတာတော့.... File Size : (750 MB) and (280 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-ROVERS Translated by Htet Myat Encoded by Thanhtike ...
movie
Term Life (2016)
2016
6.5
Friend 2 (2013)
အကြမ်းပတမ်း သွေးထွက်သံယို ကားမှကြိုက်တတ်တဲ့ဖိုက်တာပရိသတ်ကြီးများအတွက် ကိုရီးယားအက်ရှင်ကားကောင်းလေးတစ်ကားကို CM မှ တင်ဆက်ပေးလိုက်ပါပြီ…ဆန်ဟွန်း(ကင်ဝူဘင်) ဟာ မိခင်တစ်ဦးတည်းရဲ့ အုပ်ထိန်းမှုအောက်မှာ ဖခင်မေတ္တာငတ်မွတ်ရင်း ကြီးပြင်းလာရသူပါ……ပထွေးတော့ရှိတယ်ပေါ့လေ…ဒါပေမယ့် ရှိတဲ့ပထွေးကလည်း အချိုးမပြေတဲ့အပြင် သူ့အမေကိုပါ ရိုက်လားနှက်လားတောင် လုပ်တတ်ပါသေးတယ်…ဆန်ဟွန်းလည်း သည်းမခံနိုင်တဲ့အဆုံး တူ(ခေါက်ဆွဲတူ)တစ်ချောင်းနဲ့ဆုံးမတာ လက်လွန်ပြီး ထောင်ကျသွားပါလေရော(ဘယ်လိုဆုံးမလဲတော့ကွကိုသာကြည့်တော့ :3)…သူ့သားလေးထောင်ထဲမယ် အနှိပ်စက်ခံရမှာစိုးတဲ့ သားဇောနဲ့ ဆန်ဟွန်းရဲ့အမေလည်း ထောင်ထဲမှာရှိနှင့်နေတဲ့ ငယ်သူငယ်ချင်း(Big Boss)ကို သွားအကူအညီတောင်းရပါတော့တယ်…ဒီလိုနဲ့ ထောင်သက် ၁၇ နှစ်ရှိနေတဲ့ Big Boss ဂျွန်ဆုတ်နဲ့ ဆန်ဟွန်း ထောင်ထဲမှာ ရင်းနှီးသွားပါတယ်…Big Bossဟာလည်း သူ မကျူးလွန်ပေမယ့် အကြောင်းတစ်ခုကြောင့် ထောင်ဒဏ်ကျခံခဲ့ရတဲ့ ဘူဆန်လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ…ဆန်ဟွန်းနဲ့ Big Bossထောင်က ရှေ့ဆင့်နောက်ဆင့်လွတ်အပြီးမှာတော့ Big Bossဟာ သူမရှိတဲ့ ၁၇နှစ်အတွင်း အလုယူခံလိုက်ရတဲ့ ဘူဆန်ဂိုဏ်းကို ပြန်အုပ်စိုးဖို့ ဆန်ဟွန်းနဲ့ပူးပေါင်းလိုက်ပါတယ်…ကိုယ့် လူဆိုးဂိုဏ်းကိုယ် ပြန်လုကြမယ်ပေါ့…အားကြိုးမာန်တက် လူစုနေကြတုန်းမှာပဲ…Big Bossဟာ ဆန်ဟွန်းအဖေကိုသတ်ဖို့ ...
movie
Friend 2 (2013)
2013
7.4
Friend (2001)
ဂျွန်ဆုတ် ,ဒုန်ဆု ,ဂျန်ဟို နဲ့ ဆန်တစ် တို့ ဟာ ငယ်စဉ်ကတည်းက အတူဆော့ကစားခဲ့တဲ့ ငယ်သူငယ်ချင်းတွေပါ...သူတို့ထဲမှာမှ ဂျွန်ဆုတ်နဲ့ ဒုန်ဆုတို့ ဟာ ကျောင်းမှာ ကလန်ကဆန်လူဆိုးလေးတွေဖြစ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပါတယ်...နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ကျန်တဲ့သူငယ်ချင်း နှစ်ယောက်ဟာ တက္ကသိုလ်အသီးသီးဆက်တက်ခဲ့ကြပေမယ့်....ဂျွန်ဆုတ်ကတော့ အိမ်ထောင်ကျသွားပြီး ဒုန်ဆုကတော့ လူဆိုးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်....ကျန်တဲ့သူငယ်ချင်းနှစ်ဦးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပေမယ့် ဒုန်ဆုနဲ့ သိပ်အစေးမကပ်တော့ပါဘူး...ဒါကြောင့် ကျန်သူငယ်ချင်းသုံးဦးသာ အတူတွဲနေမိကြတာပေါ့..ဖြစ်ချင်တော့ ဒုန်ဆု ဦးစီးတဲ့ ဂိုဏ်းဟာ ဂျွန်ဆုတ်အဖေတို့ ဂိုဏ်းနဲ့ ရန်ဘက်ဂိုဏ်းဖြစ်တာမို့ သူငယ်ချင်းနှစ်ဦးကြား အထင်လွဲမှားမှုတွေစတင်လာခဲ့ပါတယ်....ဂျွန်ဆုတ်ကလည်း သူတို့ ဂိုဏ်းခေါင်းဆောင်ကို ဒုန်ဆုက လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့ သံသယဝင်ခဲ့ပြီး...ကျန်တဲ့ဂိုဏ်းသားတွေကလည်း ဒုန်ဆုကို ပြန်လည်လုပ်ကြံဖို့ ကြိုးစားလာတဲ့ အခါမှာတော့....CMကမကြာခင်တင်ဆက်ထားတဲ့ Friend 2 ရဲ့ ရှေ့ကားဖြစ်ပါတယ်....ဂိုဏ်းစတားကားတွေထဲမှာ အတော်လန်းတဲ့ ဇာတ်ကားလေးဖြစ်တဲ့ အပြင် ဒုန်ဆုအဖြစ် ဒါရိုက်တာရင်က သရုပ်ဆောင်ထားတာကြောင့် လက်လွတ်မခံဘဲကြည့်သင့်ပါကြောင်း File Size : (950 ...
movie
Friend (2001)
2001
7.7
Heroes Season 4 Complete
CM Fan များ စောင့်မျှော်နေတဲ့ Heroes Season 4 ကို တင်ဆက်ပေးလိုက်ပါပြီ Heroes Season 1 To 4 ကနေ Reborn အထိ Season 5 ခုကို ဆက်တိုက်တင်ပေးပြီးပြီဆိုတော့ တစ်ဝကြီး ကြည့်ရှုကြပါအုံး Thit San Khant Heroes Season 1 သို့ Heroes Season 2 သို့ Heroes Season 3 သို့ Heroes Reborn သို့ Ep1-18 Yoteshin / VIP
movie
Heroes Season 4 Complete
2006–2010
7.9
The Love of Siam (2007)
2007 ခုနှစ်ကထွက်ခဲ့တဲ့ မာရီိယို ရဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် IMDb မှာ 7.2 ထိ ရထားပြီးတော့သိပ်ချစ်ကြတဲ့ သူငယ်ချင်း ၂ယောက်ရဲ့ ချစ်ခြင်း မေတ္တာကိုဖော်ကျူး ပြထားတဲ့ကားလေး တစ်ကားဖြစ်ပါတယ် ဒီကားလေးထဲမှာ တော့မောင်နှမ၂ယောက်ရဲ့ သံယောဇဉ်တွေနဲ့ ဝေးကွာသွားရတဲ့ မိသားစုဝင်တွေအပေါ်ခံစားရတဲ့ ခံစားချက်တွေ နဲ့ မိသားစုတွင်း ပြသနာတွေကိုတွေ့ကြုံရတဲ့အခါမှာ ခံစားရတဲ့ ကလေးတယောက်ရဲ့ ခါးသီးမူတွေကို ပုံဖော် ရိုက်ကူး ပြထားတာပါဇာတ်လမ်းအကျဉ်းလေးကတော့ ကောင်လေး ၂ယောက်အခင်ဆုံးသူငယ်ချင်းတွေ သူတို့ ၂ယောက်ထဲမှာ တယောက်ရဲ့အမကတောတွင်းခရီးသွားနေတုန်းမှာပျောက်ဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့အချစ်ဆုံး သူငယ်ချင်း ၂ယောက်ကံကြမ္မာက လှည့်စားတော့ခွဲခွာကြရဖို့ ဖြစ်လာပါတော့တယ် ဒီလိုနဲ့ နှစ်များစွာကြာပြီးတော့ သူတို့၂ယောက် ပြန်တွေ့ကြတဲ့အခါမှာ သူတို့ ၂ယောက် တယောက်အပေါ်တောယာက် ခံစားချက်တွေ ရှိလာတဲ့အခါမှာတော့ .................။ဒီကားက မာရီိယို တက်သစ်စ အချိန်က ရိုက်ကူးခဲ့တဲ့ BL ကားတစ်ကားပါBL ကားဆိုပေမယ့် အခုလက်ရှိ ဖြစ်နေတဲ့ မြန်မာကျောင်းသားတွေကြားထဲက ပုံစံလေးတွေနဲ့ ဆင်တူနေတာ ကြောင့် ဥပမာပြု အတုယူ ရအောင်လို့တင်ဆက်ပေးလိုက်တာပါ#BoyLoves#Support_LGBT Qty - DVD ripDuration - 2hr ...
movie
The Love of Siam (2007)
2007
6.6
Veronica (2017)
ဖြစ်ရပ်မှန်သရဲကားမျိုးကြည့်ချင်တဲ့သူများရှိမလားမသိဘူး။ဖြစ်ရပ်မှန်သရဲဇာတ်လမ်းတွေကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကိုသာလက်မလွတ်တမ်းကြည့်လိုက်ပါ။စပိန်နိုင်ငံ၊မက်ဒရစ်မြို့မှာ 1991၊ဇွန်လ ၂၅ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အမှုတွဲတစ်ခုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သရဲဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သလို Horrorခန်းတွေလည်းအများအပြားပါဝင်တာမို့ Horrorပရိတ်တွေလည်းလက်မလွတ်သင့်ဇာတ်ကားမျိုးပါ။မက်ဒရစ်မြို့မှာ ဗာရိုနီကာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့အဖေသေဆုံးပြီးနောက်ပိုင်း၊ အမေဖြစ်သူ အန်နာနဲ့ မွေးချင်သုံးယောက်ဖြစ်တဲ့ ညီကိုမောင်နှမတွေနဲ့အတူတူနေထိုင်ကြပါတယ်။ဖခင်မရှိတဲ့နောက်ပိုင်း သားသမီးလေးယောက်ကိုရှာဖွေကျွေးနိုင်ဖို့ အမေဖြစ်သူမှာ နေ့မနားညမနား အိမ်တောင်မပြန်နိုင်ပဲစားသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်ရရှာပါတယ်။ဒီတော့ မိသားစုရဲ့ကိစ္စရေးရာတွေက အကြီးဆုံးဖြစ်သူ ဗာရိုနီကာ အပေါ်ကျရောက်လာပါတော့တယ်။ဗာရိုနီးကာမှာ မွေးချင်းတွေဖြစ်တဲ့ ညီမနှစ်ယောက်နဲ့ အငယ်ဆုံးလေးဖြစ်တဲ့မောင်လေး အန်သိုနီတို့ရဲ့ကိစ္စအဝအဝကိုဆောင်ရွက်ပေးပြီးမှ မောင်နှမလေးယောက်တို့ကျောင်းအတူတူသွားကြပါတယ်။ဒီလိုနဲ့ 1991ခုနှစ်၊ဇွန်လ ၁၂ရက်မှာ မက်ဒရစ်မြို့မှာ နေအပြည့်ကြတ်တာနဲ့ကြုံရပြီး စာသင်ကျောင်းတွေမှာ နေကြတ်ခြင်းသင်ခန်းစာကိုသင်ကြားပြီး၊နေကြတ်တာကိုလေ့လာကြပါတယ်။ကျောင်းသားတွေအားလုံး နေကြတ်တာကိုထွက်ကြည့်နေကြချိန်မှာ ဗာကိုနီကာက သူ့သူငယ်ချင်းတွေနဲ့ ဝိဥာဏ်ခေါ်ကားချပ်ပြားကို ကစားမိခဲ့ကြပါတယ်။ဗာရိုနီကာကတော့ သေဆုံးသွားတဲ့သူ့အဖေနဲ့စကားပြောလိုတာကြောင့် ဝိဥာဏ်ခေါ်ကားချပ်ပြားနဲ့ကစားခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာတင်ပဲ ဝိဥာဏ်တစ်ကောင်ရောက်လာပြီး သူနဲ့အတူတူအိမ်ကိုကပ်ပါလာပါတော့တယ်။အဲ့အခါမှာ ဝိဥာဏ်ကောင်က ဗာကိုနီကာနဲ့သူရဲ့မောင်နှမတစ်သိုက်ကိုစတင်ခြောက်လှန့်ပါတော့တယ်။အဲ့အခအကြီးဆုံးလည်းဖြစ်တဲ့ ဗာရိုနီကာဟာ သူ့ရဲ့ညီမလေးတွေ၊မောင်လေးတွေ ဘေးကင်းဖို့အတွက် တာဝန်ယူရပါတော့တယ်ဗာရိုနီကာအတူတူကပ်ပါလာတဲ့ ဝိဥာဏ်ဟာ ...
movie
Veronica (2017)
2017
6.8
Wonderstruck (2017)
ဒီဇာတ်ကားလေးက IMDb 6.6 ရ ထားပြီး စာရေးဆရာ Brian Selznick ရဲ့ 2011 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Wonderstruck ဆိုတဲ့ Novel ကို ပြန်လည်အသက်သွင်းထားတာပါမိဘမဲ့ကလေးဖြစ်တဲ့ ဘန် ဆိုတဲ့ကောင်လေးဟာ မွေးတည်းက နားတစ်ဖက်မကြားတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်သူဟာ သူ့ရဲ့ဖခင်ကို ဘယ်တုန်းကမှ မသိခဲ့သလို သူ့အမေကလဲ တစ်ခါမှမပြောပြခဲ့ဖူးပါဘူးဘန်ရဲ့မိခင်ပိုင်တဲ့ စာအုပ်လေးတစ်အုပ်ရဲ့ကြားထဲက Bookmark လေးမှာ ရေးထားတဲ့ စာတိုလေးမှာ Love Danny လို့အဆုံးသတ်ထားတာကိုတွေ့ခဲ့ပြီး သူ့အဖေနာမည်ဖြစ်ရမယ်လို့ တွေးခဲ့တယ်တစ်ည သူတို့အိမ်ကို မိုးကြိုးပစ်လိုက်ရာက ဘန် ရဲ့ ကျန်ရှိနေတဲ့နားတစ်ဖက်ကိုလျှပ်စီးဝင်ပြီး လုံးဝနားမကြားသူတစ်ဦး ဖြစ်သွားခဲ့တယ်သူ့ရဲ့ဖခင်ကိုရှာပုံတော်ထွက်ဖို့အတွက် ဆေးရုံကထွက်ပြေးပြီး နယူးယောက်မြို့ကြီးကို တစ်ယောက်တည်း ထွက်လာခဲ့ပါတယ်တစ်ယောက်တည်းဒုက္ခရောက်နေတုန်း ဂျေမီဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး နယူးယောက်မြို့ သဘာဝသမိုင်းပြတိုက်မှာ ပုန်းအောင်းနေခဲ့ကြတယ်တစ်ဖက်မှာလည်း ရို့စ်ဆိုတဲ့ ကလေးမလေးဟာ မွေးတည်းကနားမကြားတဲ့သူတစ်ယောက်ပါပဲရို့စ်ကလဲ အိမ်မှာ မပျော်ရွှင်လို့ သူအရမ်းသဘောကျတဲ့ မင်းသမီးကြီး လီလီယန်ကို ...
movie
Wonderstruck (2017)
2017
6.1
Road to Paloma (2014)
2014 ခုနှစ်ကထွက်တဲ့ ဆိုင်ကယ်စီးဖိုက်တာ အက်ရှင်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက တော့ 90 born အထက် လူတွေကြိုက်မယ့် ကားလေးတစ်ကားပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကတော့ jason momoa ပါ သူဟာ GoT နဲ့ လောလောလတ်လတ်က ထွက်ရှိထားတဲ့ Justice League ထဲမှာ Aquaman အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သူပါ ဇာတ်လမ်း အကျဉ်းလေးကတော့ အမေရိကန်ဖွား Wolf တယောက် သူ့အမေရဲ့ လူသတ်သမားက လိုက်လံသတ်ဖြတ်တာကို ရှောင်တိမ်းပြေးလွားရင်း နဲ့ အမေရိကန် အနောက်ဖက် ကို မော်တော်ဆိုင်ကယ်စီး ဖိုက်တာတွေနဲ့ ရောက်သွားပါတယ် ဒီလိုနဲ့ ဒီပြသနာကြီးရဲ့ အနောက်မှာ တရားမျှတမူကို ရှာဖွေရင်း နဲ့ ပေးဆပ်ရမယ့်တန်ဖိုးကို သိလိုက်ရတော့တဲ့ အခါမှာတော့ ဘာတွေဆက် ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ Qty - 720p BlurayDuration - 1hr 45minGern - DramaSubtitle - Myanmar HardsubEncoder ...
movie
Road to Paloma (2014)
2014
8.7
Suck It Up (2017)
ကိုယ့်ဘ၀ရဲ့ အရေးပါတဲ့လူတစ်ယောက် ဆုံးပါးသွားတဲ့အခါ ကျွန်တော်တို့ ဘယ်လိုဖြေသိမ့်ကြပါသလဲ၊ အဲ့ဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ ဘယ်လိုကြိုးစားကြပါသလဲ။ဂါရက်ဆိုတဲ့ကောင်လေးဟာ ရော်နီရဲ့အစ်ကိုဖြစ်ပြီး ဖေးရဲ့ရည်းစားပါ။တရက် ဂါရက် ကင်ဆာရောဂါနဲ့ဆုံးပါးသွားပြီးနောက် ရော်နီဟာ စိတ်အကြီးအကျယ်ထိခိုက်ပြီး အရက်သောက်လိုက် ဆေးရှုလိုက်နဲ့ ပေါ့ပျက်ပျက်နေနေပါတယ်။အဲ့ဒါကိုမကြည့်ရက်တဲ့ အမေဖြစ်သူက ဂါရက်ရဲ့ ရည်းစား ဖေးကိုအကူအညီလှမ်းတောင်းပါတယ်။ ရော်နီနဲ့ ဖေးကလဲ အရင်ကတည်းက အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့အတွက်ဖေးကလဲ ချက်ချင်းဆိုသလို ရောက်ချလာပြီး သူတို့စိတ်ပြေလက်ပျောက် အပန်းဖြေခရီးထွက်ကြဖို့ တိုင်ပင်ကြပါတော့တယ်။အပန်းဖြေခရီးထွက်ကြတဲ့အခါ စည်းစနစ်ကျကျ နေတတ်တဲ့ ဖေး နဲ့ ပရမ်းပတာ ပေါ့ပျက်ပျက်နေတတ်တဲ့ ရော်နီတို့ အဆင်ပြေအောင်ဘယ်လိုနေကြမလဲ၊ သူတို့ဘ၀ထဲက ထွက်ခွာသွားတဲ့လူတစ်ယောက်ကိုဒီကောင်မလေးနှစ်ယောက် ဘယ်လိုမေ့ဖျောက်ကြမလဲ၊ ပြီးတော့ မိန်းကလေးလူငယ်သဘာဝ သောက်စားပျော်ပါးတာတွေ လိင်ကိစ္စတွေကိုပါ ရိုက်ထားတဲ့ကားတစ်ကားဖြစ်တဲ့အတွက် အတော်လေးကြည့်ကောင်းပြီးတွေးစရာလေးတွေလဲ ပါပါတယ်။လူတစ်ယောက်ကို မေ့ပျောက်ဖို့ကြိုးစားရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မေ့ဖျောက်ပုံချင်းမတူတာတွေ၊ လူတစ်ယောက် ဆုံးပါးသွားတဲ့အပေါ် မတူညီတဲ့ခံယူချက်တွေ ရှိကြပါတယ်။ဒါပေမယ့် သူတို့အားလုံးမှာ တူညီတဲ့ပန်းတိုင်တစ်ခုရှိပြီးသားပါ။အဲ့ဒါကတော့ ...
movie
Suck It Up (2017)
2017
7.3
Salyut-7 (2017)
အမျိုးအမည်မသိရတဲ့ ပြဿနာတစ်ခုကြောင့် အလုပ်လုပ်မှုရပ်တန့်သွားတဲ့ အာကာသစခန်း Salyut-7 ကိုပြန်လည်ပြင်ဆင်ဖို့အတွက် ရုရှားအာဏာပိုင်တွေ အကြပ်ရိုက်နေတဲ့အချိန်မှာပဲ အဓိကပြိုင်ဘက် အမေရိကန်ကလည်း ဒီစခန်းပေါ်ကို သွားရောက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ ကောလဟလတွေ ထွက်လာခဲ့တယ်။ဒါကြောင့် အကျွမ်းကျင်ဆုံးသူနှစ်ယောက်ကို အခက်အခဲတွေကြားက စေလွှတ်ခဲ့ပြီး စခန်းပေါ်ကို ဆိုက်ကပ်နိုင်ခဲ့ပေမယ့် ပြန်ပြင်ဆင်နေစဉ်အတွင်းမှာပဲ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခု ထပ်ပေါ်လာချိန်မှာတော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုရော စခန်းကိုရောက်နေတဲ့ အာကာသယာဉ်မှူးတွေရဲ့ အသက်တွေကိုပါ မဆုံးရှုံးစေရဖို့ မြေပြင်စခန်းကလူတွေရော၊ Salyut-7 ကိုရောက်နေတဲ့ ယာဉ်မှူးတွေကိုယ်တိုင်ပါ ကြိုးပမ်းရတော့တယ်။အသက်မဲ့နေတဲ့ အာကာသစခန်းတစ်ခုပေါ်မှာ အာကာသယာဉ်ကို ပထမဆုံးအကြိမ် အောင်အောင်မြင်မြင်ဆိုက်ကပ်ပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ 1985 ခုနှစ်ရဲ့ Soyuz T-13 အာကာသယာဉ်အကြောင်းကို အခြေခံထားတဲ့ ဒီရုရှားဇာတ်ကားကို ဒါရိုက်တာ Klim Shipenko ကရိုက်ကူးထားပြီး Vladimir Vdovichenkov နဲ့ Pavel Derevyanko တို့က ဦးဆောင်ပါဝင်ထားပါတယ်။ File Size ...
movie
Salyut-7 (2017)
2017
First
424
425
426
427
428
Last
Previous
Next