Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
6.7
Tombstone of the Fireflies
-------- မငိုပါနဲ့ ဆဲဆုကို ---------ညီမလေး ဟိုမှာကြည့်လိုက် ပိုးစုန်းကြူးလေးတွေမြေကြီးပေါ်မှာခင်းထားတဲ့ဖျာစုတ်လေးပေါ်မှာနွမ်းဖတ်ဖတ် အညိုရောင်ပြောင်းနေတဲ့ အဖြူရောင်လက်ရှည် အကျီ င်္လေး ကိုဝတ်ထားပြီး ခွေခွေလေးလှဲအိပ်နေတဲ့ ၄ နှစ်အရွှယ်ကလေးမလေး ခပ်တိုတို တုတ်တုတ် လေသံမပျော့မမာနဲ့ အားမရှိလို့လား အရမ်းများအိပ်ချင်နေလို့လား သူ့အကိုမျက်နှာကို မကြည့်ဘဲပြောလိုက်တယ်" ကိုကြီး ဒီအရုပ်လေးယူထားလိုက်ကိုကြီးအတွက် "လို့ပြောပြီး သူကိုင်နေကြ ကိုယ်ပွား အရုပ်မလေး ကို လက်လေးပိစီ နဲ့ ခေါင်းပိုင်းကကိုင်ပြီး ဖြည်းဖြည်းလေး ကမ်းပေးနေတယ်။ခဏလေးအတွင်းမှာဘဲ ကလေးမလေးက ပါးလေးတစ်ချက်တွန့်ပြီးအေးစက်တဲ့မြေကြီးပေါ်မှာ အိပ်သွားပျော်သွားတယ်။.....အစကတော့ ငါ့ကိုဘာလို့ပေးမှန်းမသိဘဲစဉ်းစားနေမိတယ်ဟာ......ငါ့ကိုပေးချင်လို့မှာမဟုတ်ဘဲ နင်ယူသွားချင်လို့င့ါကိုပေးတာကို.......ပိုးစုန်းကြူးလေးတွေ နာမည်ကိုဘဲ သစ်သားပြားပေါ်မှာရေးပြီး မြေကြီးပေါ်မှာစိုက်ပေးရမယ်ထင်ထားတာ.... ...ပိုးစုန်းကြူးလေတွေ အများကြီး ညီမလေးဘေးနားမှာရှိတော့ တစ်ယောက်တည်းမဖြစ်ပဲ နင်တွေ့ချင်တဲ့ မေကြီးနဲ့ တွေ့လို့ရသွားပြီပေါ့............။။။။။။။။ဆဲဆုကို င့ါကိုထားမသွားပါနဲ့ဟာ။။။။။။။။ဒီရုပ်ရှင်ကားကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ကထုတ်လွှင့်ခဲ့ပြီး ဇာတ်ကားရဲ့ မှုရင်းနာမည်က Hotaru no haka 火垂るの墓 ဖြစ်ပါတယ်။Grave of the Fireflies ...
movie
Tombstone of the Fireflies
2008
6.6
Midnight Sun (2018)
Midnight Sun (2018)_____IMDb - 6.6/10 ၁၇ နှစ်အရွယ် Katie Price ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်တည်းက ထူးဆန်းတဲ့ရောဂါတစ်ခုကို ခံစားနေရတယ်… အဲ့ဒီရောဂါက အသားအရည်ပေါ် နေရောင်ခြည်လုံးဝကျလို့မရတဲ့ရောဂါပေါ့… အဲ့ဒါကြောင့် သူဟာ အထူးစီမံထားတဲ့ ပြတင်းပေါက်မှန်တွေနောက်မှာပဲ နေပြီး သူ့ဘဝကိုဖြတ်သန်းနေတဲ့မိန်းကလေး… အပြင်ထွက်လို့မရတဲ့အတွက်..ကျောင်းတက်ဖို့လည်းမဖြစ်နိုင်တော့… သူ့ရဲ့အဖေကပဲ အိမ်မှာ စာသင်ပေးရတယ်လေ… သူ့အဖေကလည်း မိတဆိုး သမီးလေးကိုလုံးဝအရှုံးမပေးတဲ့လူမျိုး… ဖြစ်လာသမျှကိုလက်ခံပြီး အကောင်းဆုံးဖြစ်အောင် သူ့ကိုထားခဲ့တာလေ.… သူ့မှာ ရှားရှားပါးပါး မော်ဂန်လို့ခေါ်တဲ့ BFF မလေးတစ်ယောက်ရှိတယ်… နောက်တစ်ယောက်ကတော့ မူလတန်းကတည်းက သူ့အိမ်ရှေ့မှာ စကိတ်စီးရင်းဖြတ်သွားဖြတ်လာမြင်နေရတဲ့ ချာလီဆိုတဲ့ကောင်လေး… ဒီကောင်လေးကို သူကကျိတ်ပြီးသဘောကျနေတာ…ချာလီက သူရှိလို့ရှိမှန်းတောင်မသိဘူး…ဘယ်သိမလဲ …ရောဂါကြောင့်အိမ်တွင်းအောင်းနေရတဲ့ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေတဲ့ သနားစရာကောင်မလေးလေ… ဒါပေမယ့် တစ်နေ့တော့ ချာလီနဲ့မထင်မှတ်တဲ့ပုံစံနဲ့ဆုံတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ….၊ ၂၀၁၈ မတ်လထွက် လတ်လတ်ဆတ်ဆတ် ရိုမန်တစ်ဒရာမာကားတစ်ကားဖြစ်ပြီး လူငယ်ကားဆိုပေမယ့် လူကြီးတွေလည်း အကြိုက်တွေ့စေမယ်လို့ထင်ပါတယ်… နောက်တစ်ခုက ကြည့်မယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့ ပြောပါရစေ…အခြားမဟုတ်ပါဘူး မျက်ရည်သုတ်ဖို့ပါ… ရယ်ရလို့လား ငိုရလို့လားဆိုတာတော့ ပိတ်ကားပေါ်ဆက်လက် ရှူစားကြပါခင်ဗျာ… Ratings တွေကတော့ IMDb – 6.6/10 Google ...
movie
Midnight Sun (2018)
2018
7.9
Edward Scissorhands (1990)
Edward Scissorhands (1990) IMDb - 7.9/10_____Rotten - 90% ခပ်ကြောင်ကြောင်သရုပ်ဆောင်ချက်တွေနဲ့မင်းသား Johnny Depp နဲ့ အမြင်ဆန်းတွေနဲ့ ပညာသားပါပါရိုက်ပြပြီး Message လှလှလေးတွေ ပေးတတ်တဲ့ ဒါရိုက်တာ Tim Burton တို့ရဲ့ပူးပေါင်းမှု နောက်တစ်ခုပါ။ဆုကိုးဆုရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအပါအဝင် အခြားဆုတွေမှာ ဆန်ကာတင် ၂၂ခုရှိခဲ့ပါတယ်။ IMDB Rating 7.9 နဲ့ Rotten Tomatoes (89%) ထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။အဆင်မပြေဖြစ်နေတဲ့အရောင်းစာရေးမတစ်ယောက်ဖြစ်တဲ့ Peggy တစ်ယောက် ဖောက်သည်အသစ်ရှာရင်း သရဲခြောက်တဲ့အိမ်ကြီးလို့နာမည်ကြီးတဲ့အိမ်ကိုရောက်သွားတဲ့အခါ လူပုံစံအတိုင်းပြုလုပ်နေပေမယ့် အဆုံးမသတ်ခင်တီထွင်သူကသေဆုံးသွားခဲ့တဲ့ စက်ရုပ်လေး Edward တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။စိတ်ထားကောင်းလှတဲ့ Peggy ကစက်ရုပ်လေးကို မွေးစားပြီး လူနေမှုဘဝတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တီထွင်ဖန်တီးဉာဏ်ရှိပေမယ့် အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့စက်ရုပ်လေး Edward တစ်ယောက် အချောမသပ်ရသေးပေမယ့် နှလုံးသားနဲ့ဦးနှောက်ကိုတပ်ဆင်ပေးခဲ့လို့ Peggy ရဲ့သမီး Kimber နဲ့တွေ့ပြီး ရင်ခုန်မိသွားပါတယ်။စက်ရုပ်လေးEdward လူ့အသိုင်းအဝိုင်းအဝိုင်းမှာ အဆင်ပြေပါ့မလားဆိုတာကတော့...သေချာတာတစ်ခုက အဲဒီမြို့မှာသူမရောက်ခင်ကနှင်းမကျပါဘူး ဒါပေမယ့် ...
movie
Edward Scissorhands (1990)
1990
6.1
The Mercy (2018)
The Mercy ဟာ 1968 ခုနှစ်ဝန်းကျင်မှာ ကျုင်းပခဲ့တဲ့ Sunday Times Golden Globe Race လို့ခေါ်တဲ့ လှေမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်းရွက်လှေသမား Donald Crowhurst ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Biography, Drama ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးသူကတော့ ဒါရိုက်တာ James Marsh ဖြစ်ပြီး၊ ဇာတ်ဆောင်ဖြစ်သူ Donald Crowhurst နေရာမှာ The King's Speech ဇာတ်ကားနဲ့ အော်စကာဆုကိုရရှိခဲ့တဲ့သူဖြစ်ပြီး The Kingsman ဇာတ်ကားနှစ်ကားလုံးမှာ Harry Hart အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Colin Firth ပါ။ပြိုင်ပွဲဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တစ််ယောက်ရဲ့ ဘဝဇာတ်ကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် စီကာပတ်ကုံးညွှန်းဆိုနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ဇာတ်ဆောင်ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဘဝကိုရုန်းကန်ဖို့အတွက် အားယုတ်လျော့နေတဲ့သူတွေ၊ ဘဝကိုလက်မြောက်အရှုံးပေးချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားမှပေးစွမ်းတဲ့ရသက ခွန်အားဖြစ်စေမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Brilliant Star ပါ)File ...
movie
The Mercy (2018)
2018
7.1
Urvi (2017)
အိန္ဒိယဇာတ်ကားတွေကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက် Urvi ဆိုတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Ratingလည်း 7.1ထိရထားတော့ ဇာတ်ကားကောင်းတစ်ကားလို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...အိန္ဒိယဆင်းရဲသား တံငါသည်တစ်ယောက်ဖြစ်တဲ့ နာနီမှာ သမီးငယ်အချောလေးနှစ်ယောက်ပိုင်ဆိုင်ထားပါတယ်။ဆင်းရဲပြီးဥစ္စာပစ္စည်းမရှိပေမယ့် သမီးငယ်လေးနှစ်ယောက်ရှိနေတဲ့အတွက် သူ့ဘဝဟာ ပြည့်စုံလွန်းနေပါတယ်။ဒီလိုနဲ့တစ်နေ့မှာ ခေါင်းပုံဖြတ်တတ်တဲ့ သူဋ္ဌေးတစ်ယောက်ဆီကနေ ငွေချေးယူမိပြီး ပြန်မဆပ်နိုင်တဲ့အခါမှာ သူ့ရဲ့သမီးအကြီးဖြစ်သူကို အတင်းအဓမ္မသိမ်းယူပါတော့တယ်။သူဋ္ဌေးဖြစ်သူရဲ့ အဓမ္မကျင့်ခြင်းကိုခံပြီးတဲ့နောက်မှာတော့ သမီးအကြီးဖြစ်သူက အရှက်အသက်ကိုလဲသွားခဲ့ပါတယ်။အဲ့ဒီခါမှာတော့ အငယ်ဆုံးသမီးလေးဖြစ်သူက သူ့အဖေနဲ့အစ်မရဲ့ဖြစ်ရပ်ဆိုးတွေကို အသက်အရွယ်ကြီးပြင်းလာတဲ့တစ်နေ့မှာပဲ လက်စားချေခွင့်ရလာခဲ့ပါတယ်။အဲ့လိုရရှိလာတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီးဘယ်လိုလက်စားပြန်ချေသွားမလဲ၊ ဘယ်လိုလှည့်ကွက်တွေရှိလာဦးမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှု့ရမှာပါ။Rating လည်း 7.1 ထိရထားတဲ့ဇာတ်ကားလေးဆိုတော့ ဇာတ်လမ်းကောင်းလေးလို့ပြောပါရစေ။(ဘာသာပြန်သူကတော့ Ye Yint & Saw A Mon ပါ)File Size : (900 MB) and (390 MB) Quality : WEB-DL 720p Running Time : 2hr 31min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard ...
movie
Urvi (2017)
2017
7.6
I Can Only Imagine (2018)
IMDb rating 7.6 အထိရရှိထားတဲ့ 2018ခုနှစ်ထွက် Christian Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။Mercy Me တီးဝိုင်းအဖွဲ့ရဲ့ Best Selling Christian Song ဖြစ်တဲ့ I Can Only Imagine ကိုရိုက်ကူးထားတာဖြစ်ပြီးအဆိုပါသီချင်းဟာ အမေရိကန်နိုင်ငံတွင်နံပါတ် ၁ ချိတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။ဒီသီချင်းကိုသူ့ရဲ့အဖေနဲ့ဆက်ဆံရေးအကြောင်းရေးဖွဲ့ထားခဲ့တဲ့အဆိုပါတီးဝိုင်းအဖွဲ့ရဲ့ Lead Singerလည်းဖြစ်တဲ့ Bart Millard အဖြစ် Michel Finely ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ဒေါ်လာရသန်းဖြင့်ရိုက်ကူးထားခဲ့ပြီး ၈၄သန်းအထိပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဒါ့အပြင် အမေရိကန်ပြည်ထောင်စုတွင် တတိယအအောင်မြင်ဆုံးသောMusic Biopic အဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဒီဇာတ်ကားလေးကို အခြား Faith-Based ဇာတ်ကားတွေနဲ့ယှဉ်ရင် ပိုပြီးစိတ်လွှမ်းမိုးနိုင်တဲ့ တိုးတက်မှုဖြစ်စေတဲ့ကားလေးဖြစ်တယ်လို့ဆိုထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ဘဝ မိဘတွေအဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ Bart Millard တစ်ယောက် မိခင်အိမ်ကနေထွက်သွားပြီးတဲ့နောက် ဖခင်နဲ့ပဲနေရတဲ့အခါ ဖခင်စိတ်တိုင်းကျဖြစ်စေချင်တာတွေကိုပဲ သဘောကျဖြစ်အောင်လုပ်ပေးခဲ့ပေမယ့် ကံကြမ္မာကသူ့ကိုလမ်းမှန်ပို့ခဲ့တယ်ဆိုရမလားပဲခြေကျိုးခဲ့ပြီး ဘောလုံးအသင်းကနေ Music Club ကိုရောက်သွားခဲ့ပါတယ်။ငယ်စဉ်ကတည်းက သီချင်းတွေကိုခုံမင်မြတ်နိုးလာပြီး စိတ်ဉာဏ်ကွန့်မြူးတတ်တဲ့ Bart ...
movie
I Can Only Imagine (2018)
2018
5.2
Black Water (2018)
မင်းသားကြီးဗန်ဒိန်းနဲ့ ရုရှားအာနိုးလို့လူသိများကြတဲ့ Dolph Lundgrenတို့ပါဝင်ထားတဲ့အက်ရှင်ကားသစ်လေးပါဗန်ဒိန်းက စီအိုင်အေအေးဂျင့်စကော့ဝီလ်လာအဖြစ်၊ ရုရှားအာနိုးက ဂျာမန်သူလျိုအဖြစ်သရုပ်ဆောင်ထားပါတယ်စကော့ဝီလ်လာ စီအိုင်အေကအထူးလေ့ကျင့်ပေးထားတဲ့အေးဂျင့်အရေးကြီးဟာ့ဒ်ဒရိုက်ဖ်တစ်ခုအတွက် လျို့ဝှက်တာဝန်ထမ်းဆောင်နေရသူဒါပေမယ့် သစ္စာဖောက်လို့အထင်မြင်မှားခံရပြီး ရေငုပ်သဘောင်္ထဲမှာ အကျဉ်းချခံလိုက်ရတယ်အကျဉ်းထောင်မှာပဲ မာကို(ရုရှားအာနိုး)နဲ့တွေ့ဆုံပြီး ဘယ်လိုများ လွတ်မြောက်အောင်လုပ်ဆောင်ကြမလဲသူ့ကိုသစ္စာဖောက်သွားသူကိုရောဖော်ထုတ်နိုင်မလား သက်စွန့်ဆံဖျားထိန်းသိမ်းနေရတဲ့ဟာ့ဒ်ဒရိုက်ဖ်ကရော ဘာကြောင့်များအရေးကြီးနေရတာလဲဇာတ်လမ်းကတော့ ရိုးရှင်းပေမယ့် အက်ရှင်ကားကြိုက်သူတွေ ဗန်ဒိန်း Fanတွေအတွက်တော့ အကြိုက်တွေ့နိုင်ပါတယ် ********တစ်ခုမေတ္တာရပ်ခံချင်တာကတော့ ဒီကားရဲ့ မူရင်းEng subtitle မှာကတည်းက တစ်ကားလုံးနီးပါးလွဲနေတာကြောင့်အသံနားထောင်ပြီးဘာသာပြန်ရတာများနေပါတယ်။ တတ်နိုင်သမျှအကောင်းဆုံး အနီးစပ်ဆုံးဘာသာပြန်ပေးထားပါတယ်။ အဲ့ဒါကြောင့် မှားယွင်းမှုများရှိခဲ့ပါက ခွင့်လွှတ်သည်းခံကြည့်ရှုပေးကြပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျ******* (ဘာသာပြန်ပေးထားသူက ကိုဟိန်းမင်းထွန်းပါ) File Size : (850 MB) and (360 MB) Quality : Blu-Ray 720p and 360p Running Time : 1hr 45min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-FGT Translated by ...
movie
Black Water (2018)
2018
8.1
Love, Simon (2018)
ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Love Simon" ဆိုတဲ့ Romantic ဇာတ်လမ်းလေးဖြစ်ပါတယ်...အညွှန်း- ကျွန်တော့်နာမည်က ဆိုင်မွန်(Simon)ပါ...ကျွန်တော်က ခရိဝုလို့ခေါ်တဲ့ကျောင်းမှာ တက်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်မှာ... ကျွန်တော်တို့ မိသားစုလေးယောက်ရှိပါတယ်...ကျွန်တော်ချစ်ရတဲ့ညီမလေးအပါအဝင်ပေါ့... ကျွန်တော့်မှာ သူငယ်ချင်းကောင်းတွေလဲရှိပါတယ်...သူတို့ကတော့ လီယာ အဘီ နဲ့ နစ် တို့ပါ...ကျွန်တော်တို့ လေးယောက်အမြဲ ကျောင်းတူတူသွားပါတယ်...ကျွန်တော့်ဘဝက ပျော်စရာမိသားစု သူငယ်ချင်းကောင်းတွေနဲ့ ပြည့်စုံပါတယ်....ဒါပေမဲ့ ကျွန်တော့်မှာ ထိပ်တန်းလျို့ဝှက်ချက်တစ်ခုရှိတယ်...တစ်နေ့ ကျွန်တော် လီယာနဲ့ စကားပြောဖြစ်တယ်... သူက ခရိဝုကျောင်းက ကျောင်းသားတွေအကြောင်း တင်တဲ့ ခရိဝုလျို့ဝှက်ချက် ဘလော့အကြောင်း ပြောတာပါ...အဲ့ ဘလော့မှာ ဘလူးဆိုတဲ့သူက သူ့လျိုဝှက်ချက်ကို ဝေမျှခဲ့တာပါ... သူ့ပို့စ်ကို ကျွန်တော်ဖတ်ပြီးတဲ့နောက်မှာတော့ သူ့လျို့ဝှက်ချက်နဲ့ ကျွန်တော့်လျို့ဝှက်ချက်တူနေခဲ့ပါတယ်...အဲ့တော့ ကျွန်တော် သူနဲ့ သိခွင့်ရဖို့ ချဉ်းကပ်ခဲ့ပါတယ်... ဂျက်ဆိုတဲ့ နာမည်နဲ့ပေါ့.... လျို့ဝှက်ချက်ချင်း တူနေတော့ ကျွန်တော်တို့ နှစ်ယောက်ရင်းနှီးခဲ့ပါတယ်..ကျွန်တော်လဲ သူ့ကို ...
movie
Love, Simon (2018)
2018
8.0
The Perks of Being a Wallflower (2012)IMDb - 8.0/10_____Rotten Tomatoes - 86% Harry Potter မင်းသမီး Emma Watson ၊ Percy Jackson မင်းသား Logan Lerman ၊ Flash မင်းသား Ezra Miller တို့လို နာမည်ရ လူငယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ထားတဲ့ coming-of-age teen drama ဇာတ်ကားမျိုးပါ။ Stephen Chbosky က သူ့ရဲ့ နာမည်ကြီးစာအုပ် The perks of being a wallflower ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တာပါ။ ဆယ်ကျော်သက်လူငယ်လူရွယ်တွေရဲ့ ခံစားချက်တွေ ထင်ဟပ်နေတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီလို Teen ဇာတ်လမ်းမျိုးဟာ Rating တွေမြင့်ဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ Rating အကြမ်းကြီးတွေ ရရှိထားတဲ့အပြင် ကြည့်ဖူးသူတိုင်းစွဲမက်ရတဲ့ဇာတ်ကားမျိုးပါ။ စတားတွေကလဲ ရင်းနှီးပြီးသားတွေမို့ လက်လွတ်မခံသင့်ပါကြောင်း။ Harry ...
movie
The Perks of Being a Wallflower (2012)
2012
6.4
Death Wish (2018) Blu-Ray 1080p 5.1 CH x264
Blu-Ray 1080p 5.1 CH x264Death Wish (2018)_____IMDb - 6.4/10 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကားသစ် Death Wish ကိုတော့အထူးတလည်မိတ်ဆက်ပေးနေစရာ မလိုဘူးလို့ထင်ပါတယ်။ဒီဇာတ်ကားကို1972 ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Brian Garfield ရဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒါရိုက်တာကတော့ Eli Roth ဖြစ်ပြီး၊Die Hard Franchise မှာဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး အက်ရှင်မင်းသားတစ်ဦးအဖြစ် လူအများသိကြတဲ့ မင်းသားကြီး Bruce Willis က ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ Box Office မှာ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့်လည်း IMDb rating 6.4 ရှိတာကြောင့် တော်တော်ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ဆိုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ========== ပေါလ်ကာစီဟာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ လူစီသမီးဖြစ်သူ ဂျော်ဒန်တို့နဲ့အတူ မိသားစုဘဝလေးကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့လူအေးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ သူတို့မိသားစုအပေါ်ကံဆိုးမိုးမှောင်ကျရောက်ခဲ့ရပါတော့တယ်။ဓားပြတွေရဲ့လက်ချက်နဲ့ ဇနီးဖြစ်သူ လူစီသေဆုံးပြီး သမီးဖြစ်သူဂျော်ဒန်ဟာမသေရုံတမယ်ဘဝမျိုးကိုရောက်ရှိသွားပါတော့တယ်။အဆိုပါမှုခင်းဖြစ်ပြီး ရက်အတော်ကြာတဲ့အထိ ဘာသတင်းမှမထူးတာကြောင့် ရဲတွေကို အားကိုးလို့မရဘူးဆိုတာကို ဒေါက်တာကာစီတစ်ယောက် ...
movie
Death Wish (2018) Blu-Ray 1080p 5.1 CH x264
2018
7.4
A Walk to Remember (2002)
A Walk to Remember(2002)_______IMDb....7.4/10 “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ မြန်မာပရိသတ်တွေအနေနဲ့ Nicholas Sparks ကို သိချင်မှသိမှာပေမယ့်၊ romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာသူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ဟာ ဒီကားတွေထက် စောပြီး2002 ခုနှစ်ထဲက ထွက်ရှိခဲ့တာဖြစ်ပါတယ်။အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့်် အချစ်ကိုကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်...။အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ...
movie
A Walk to Remember (2002)
2002
6.9
Black Mass (2015)
ဘော့စတွန်တောင်ပိုင်းကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။IMDB rating 6.9ရထားတဲ့ကားလေးဖြစ်ပါတယ်။ဘော့စတွန်တောင်းပိုင်းမှာကြီးစိုးနေတဲ့ဝင်းတဟေးဂိုဏ်းရဲ့ဘယ်လိုလုပ်ခဲ့တာတွေ လူတွေဘယ်လိုသတ်ခဲ့တာတွေ FBIနဲ့ဘယ်လိုပေါင်းပြီးလုပ်တာတွေကိုရို်က်ထားတာပါ။ဘော့စတွန်လူမိုက်ဘုရင်ဂျိမ်းဝှိုက်တီဘောင်ဂျာရဲ့ညီကမြို့ လွတ်တော်အမတ် FBIကကော်နယ်လီ ညီကဒုစရိုက်လောကကိုမလုပ်ပေမယ့် ကော်နယ်လီတို့ကတော့ဘော့စတွန်မှာစိတ်ကြိုက်ချယ်လှယ်တော့တာပဲ။ဇာတ်ဆောင်တွေကတော့ ဂျက်စပဲရိုးလို့လူသိများတဲ့ Jonny DeppDr.Strange ဒါမှမဟုတ် ရှားလော့ခ်ဟုမ်းလို့လူသိများတဲ့ Benedict ၊Fifty shade of Greyဇာတ်ကားထဲကမင်းသမီး Dakota၊နောက်တစ်ယောက်ကလက်တလော၂၀၁၈မှာထွက်ထားတဲ့ Gringoဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ Joel Edgerton တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်ဒီလိုနာမည်ကြီးဇာတ်ဆောင်တွေပါဝင်ထားတဲ့အတွက်အရမ်းညွှန်းတော့ပါဘူးတကယ့်ဇာတ်ကားကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ) File Size : (950 MB) and (399 MB) Quality : Blu-Ray 720p Running Time : 2hr 3min Format : Mp4 Genre : Biography, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-BLOW Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie
Black Mass (2015)
2015
4.1
Feral (2017)
Feralရုပ်ရှင်ဇာတ်ကားဟာ ၂၀၁ရခုနှစ်ထွက် Horror အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပါတယ်Imdb rating 4.1/10 ရှိထားပြီး ဇာတ်လမ်းကြာမြင့့်ချိန်ကတော့ တစ်နာရီခွဲပါပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Scout Taylor-Compton,Olivia Luccardi,Renee Olstead စတဲ့ မင်းသမီးချောတွေဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက်မှာ အပန်းဖြေ ခံရသူတွေတစ်ယောက်ပြီးတစ်ယောက် ဗိုင်းရပ်စ်ပိုးအကူးခံရပြီး သွေးဆာလောင်နေတဲ့သူတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်....ဒီကြောက်စရာဖြစ်ရပ်ဆိုးကနေ ဘယ်သ1တွတစ်ယောက်ပြီးတစ်ယောက် ဗိုင်းရပ်စ်ပိုးအကူးခံရပြီး သွေးဆာလောင်နေတဲ့သူတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်....ဒီကြောက်စရာဖြစ်ရပ်ဆိုးကနေ ဘယ်သူတွေလွတ်မြောက်လာမလဲ....ဘယ်လိုရှင်သန်ရုန်းထွက်လာနိုင်မလဲဆိုတာ ပရိသတ်ကြီးစောင့်ကြည့်လိုက်ပါဦး(ဘာသာပြန်သူကတော ကွီးရဲခံပါ) File Size : (700 MB) and (293 MB) Quality : AMZN WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Action, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by Ye Khant Min Encoded by Thanhtike Zaw
movie
Feral (2017)
2017
8.0
Special 26 (2013)
အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ဝန်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဥ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။File Size : 1 GB Quality : Blu ray 720P Running Time : 2hr ...
movie
Special 26 (2013)
2013
5.8
Godless Youth (2017)
Youth Without God ဆိုတဲ့ဇာတ်လမ်းလေးကတော့ Crime/Drama/Science-Fiction အမျိုးအစားဖြစ်ပါတယ်။Bavarian Film Award (2017)မှာ Best young Actor ဆုနဲ့ German Film Award (2018) မှာ Best Production Design ဆုမှာ nominate ခံထားရတဲ့ ဇာတ်ကားဖြစ်ပါတယ်။Rating ကတော့ 5.7 အထိရထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ပြောရရင် Hunger Game နဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဂျာမန်ကျောင်းသားတွေက ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် တစ်ခုဖြစ်တဲ့ Rowald Eduation Performance Center ကို တက်ရောက်ခွင့်ရအောင် ယှဉ်ပြိုင်ကြိုးစားကြတာပါ။အဲ့လို ကြိုးစားတဲ့ အခါမှာ Rowald က လက်ရွေးစင်ကျောင်းသားတွေကို Camp သွင်းပြီး တောအုပ်တွေထဲမှာ missions တွေကို လုပ်ခိုင်းတာပါ။အဲ့ဒီအချိန်မှာ တက္ကသိုလ်ဝင်ခွင့်ရချင်ကြတဲ့ ကျောင်းသားတွေက ဘယ်လို အခက်အခဲယှဉ်ပြိုင်မှုမျိုးလုပ်ရမလဲဆိုတာကို ...
movie
Godless Youth (2017)
2017
7.5
Hichki (2018)
Hichki (2018)______IMDb - 7.5/10 Hichki ( သို့မဟုတ်)ဝင်ရိုးစွန်းကြယ်လေး ~~~~~~~~~~~~~~~~~~~ " ဝင်ရိုးစွန်းကြယ်လေးဟာ သဘောၤတွေကို လမ်းပြပေးခဲ့တယ် ဆိုရင် ကျွန်တော်တို့အတွက် ဆရာမ ဟာ ဝင်ရိုးစွန်ကြယ်လေး " ပါပဲ။ဒါကတော့ St.Nokler's ကျောင်းရဲ့ အညံ့ဆုံးစာရင်းဝင် 9F အတန်းသားတွေက သူတို့ရဲ့ ဆရာမ Naina ကို ပြောခဲ့ကြတဲ့ စကားလေးတွေပါ။ဒီတော့ ဆရာမ Naina အကြောင်း စပြောရအောင်။ ဆရာမ Naina ဆိုတဲ့ မိန်းမပျိုလေးဟာ Tourette syndrome လို့ခေါ်တဲ့ ဝေဒနာ ခံစားနေရသူပါ။ဒီဝေဒနာ ကဦးနှောက်ရဲ့ လုပ်ဆောင်ချက် စည်းချက်မကျမှုတွေကြောင့် စိတ်လှုပ်ရှားတိုင်း ကြို့ထိုးနေတဲ့ ခံစားမှု မျိုးဖြစ်ပါတယ်။ ဒီဝေဒနာဟာ ဉာဏ်ရည်ဉာဏ်သွေးကိုတော့ မထိခိုက်ပါဘူး။ဒါပေမဲ့ ဒီဝေဒနာကြောင့်ပဲ Naina ဟာ ငယ်စဉ်ကတည်းက ရယ်ပြောင်ခံခဲ့ရတယ်။ ကျောင်း များစွာမှ ထုတ်ပယ်ခံရပြီး မိသားစုဆက်ဆံရေး မှာလည်း ...
movie
Hichki (2018)
2018
7.8
Pride & Prejudice (2005)
Pride and Prejudice(2005) IMDb.....7.8,,,,,Rotten ...86% ဒီဇာတ်လမ်းလေးကမသိတဲ့သူမရှိလောက်ပါဘူး Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ... ၁၈၁၃ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးက 2010 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်... သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့.. အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့.. တစ်နေ့မှာသူတို့မြို့ကို အထက်တန်းလွှာထဲက လူပျိုလူလွတ်၂ယောက်ကရောက်လာတော့ သူ့သမီးတွေ အဆင်ပြေရေးအတွက် Bennet မိခင်ကြီးပျာယာတွေခတ်ပြီပေါ့... ဖြစ်ချင်တော့တော်ရုံသဘောမကျတတ်တဲ့ Elizabeth တစ်ယောက် မာနကြီးတဲ့ Mr.Darcy(Matthew Macfadyen) ဆိုတဲ့ အထက်တန်းလွှာလူပျိုတစ်ယောက်ကိုသဘောကျမိသွားတယ်ပေါ့ .. ဒီကားဟာ အဓိကနဲ့သာမညအပေါ်စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအလေးပေးထားပါတယ်.. .ရည်ရွယ်ချက်ကောင်းသလို ဇာတ်လမ်းထဲက ဒိုင်ယာလော့တွေကလည်း ပြောင်မြောက်ပါတယ်.. ..ပေးချင်တဲ့ Message လေးတွေကလည်း လှပလွန်းတော့ ခံစားကြည့်လိုက်ပါဦးလို့. .အော်စကာ (၄)ဆုဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း (၁၃)ခုလည်းရရှိခဲ့ပါတယ်...အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် JtheKoala ဖြစ်ပါတယ်... File Size : (855 MB) Quality : ...
movie
Pride & Prejudice (2005)
2005
7.6
Raid (2018)
ဒီဇာတ်ကားလေးဟာ ၁၉၈ဝခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (394 MB) Quality : WEB-DL 720p Running Time : 2hr 2min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0 DTOne Translated by Thura Zarni Aung Encoded ...
movie
Raid (2018)
2018
7.6
The Book Thief(2013)
The Book Thief(2013)IMDb....7.6စာရေးဆရာ Markus Zusak ရေးသားခဲ့တဲ့ The Book Thief စာအုပ်ဟာ Bestseller စာရင်းဝင်ခဲ့ပြီးဘာသာစကေားပေါင်းများစွာစွာနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်...လက်ရာမြောက်ဒီစာအုပ်ကို ရုပ်ရှင်အသွင် ၂၀၁၃ မှာပြန်လည်ရိုက်ကူးခဲ့ပါတယ်... ဝတ္ထုဇာတ်လမ်းလေးကို ရုပ်ရှင်အဖြစ်ပြောင်းလဲရာတွင်လည်း ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ပါတယ် ...ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံရဲ့ စစ်တစ်လင်းအောက်မှာရှိခဲ့တဲ့သာမန်လူတစ်စုကိုအခြေခံပြီးရိုက်ကူးထားပါတယ်...လင်မယား (၂)ယောက်ရှိတယ်...သားသမီးမရခဲ့တဲ့သူတို့လင်မယား(၂)ယောက်ဟာလီဆယ်မီမင်ဂါဆိုတဲ့ ကောင်မလေးကိုမွေးစားခဲ့ပါတယ် ..စာမရေးတတ် မဖတ်တတ်တဲ့ လီဆယ်ကို မွေးစားဖခင်ကဝတ္ထုစာအုပ်တွေဖတ်ပြပြီး သင်ပေးခဲ့ရာမှ လီဆယ်တစ်ယောက် စာအုပ်တွေကိုသဘောကျသွားခဲ့တယ်...ဒီကလေးမလေးရဲ့ပတ်ဝန်းကျင်မှာ စစ်ဘေးဒဏ်ခံနေရတဲ့လူတွေအများကြီး...သူမဟာ အသက်ငယ်ပေမယ့် ဒီလူတွေကိုတတ်နိုင်တဲ့ဘက်က အားပေးနှစ်သိမ့်ပေးချင်တယ်...ဒီတော့ အဲ့ဒီကလေးမလေးဟာစာအုပ်တွေအများကြီးပိုင်တဲ့ မြို့တော်ဝန်အိမ်က စာအုပ်တွေခိုးယူဖတ်ပြီး စစ်ဘေးဒဏ်ခံလူတွေကိုပုံပြင်လေးတွေပြောပြရင်း အားပေးနှစ်သိမ့်ပါတယ်....နောက်ပြီး လီဆယ်တို့ မိသားစုဟာဂျူးလူမျိုးတစ်ယောက်ကို ကယ်တင်မိပြီး သံယောဇဉ်တွယ်ခဲ့ရာမှ အခက်အခဲတွေကြုံတွေ တစ်သီကြီးကြုံရပါတော့တယ်....ဒီကားထဲက ကလေးသရုပ်ဆောင်Sophie Nélisse ဟာ၂၀၁၃ခုနှစ်ရဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကိုဒီကားနဲ့ရရှိခဲ့ပါတယ်...အခြားဆု(၈)ခုရရှိခဲ့ပြီး ဆန်ကာတင်ဆုစာရင်းမှာ (၁၄)ခုတောင်ဝင်ခဲ့ပါသေးတယ်....ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်...File Size : (900 MB) and (396 ...
movie
The Book Thief(2013)
2013
6.8
The Score(2001)
The Score(2001)IMDb....6.8,,,,Rotten...73%ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင် Robert De Niroနဲ့Edward Norton, တို့ကိုတော့ထွေထွေထူးထူးမိတ်မဆက်ပေးတော့ဘူး....ကျွန်တော်ကတော့Edward Norton ကို Primal Fear ကားထဲမှာပြောင်မြောက်တဲ့ သရုပ်ဆောင်ဟန်ကို လေးစားမိသွားတာ...Robert De Niro ကတော့ HEAT ဆိုတဲ့ကားထဲမှာ....နစ်ဆိုတဲ့လူတစ်ယောက်ဟာ တန်ဘိုးကြီးပစ္စည်းတွေကိုခိုးတဲ့နေရာမှာ သိပ်တော်တယ်...အစီအစဉ်ကောင်းတွေဆွဲတယ်...အဆက်အသွယ်ကောင်းတွေရှိတယ်...ခိုးခဲ့တဲ့ကိစ္စတိုင်းမှာလည်း အထိအခိုက် အသေအကျေမရှိအောင်ဂရုစိုက်တယ်....သူဟာ ဒီလုပ်ငန်းထဲမှာကျင်လည်နေတာ အတော်ကြာပြီ....တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ကောင်လေးတစ်ယောက်က အချီကြီးချလို့ရမယ့် ပွပေါက်တစ်ခုလာပြောရင်းသူနဲ့ပူပေါင်းပါရစေလို့တောင်းဆိုတယ်...ဂျက်က လူငယ်ဆိုပေမယ့် အတော်ဉာဏ်များတယ်...သွေးလည်းဆူတယ်...သူတို့(၂)ယောက်ဘယ်လိုရှေ့ဆက်ကြမလဲ..ဘယ်လိုအခက်အခဲတွေ အနှောင့်အယှက်တွေပေါ်လာမလဲဆိုတာတော့......ကိုင်းပရိတ်သတ်ကြီးရေ ဒီကားက သူခိုးကားတွေထဲမှာ အတော်လေးကိုလန်းတယ်....၂၀၀၁ကဆိုပေမယ့် ကြည့်လို့ကောင်းနေဆဲပါ..မင်းသားကြီး (၂)လက်ကြောင့်လည်းပါမှာပေါ့လေ...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...File Size : (850 MB) and (360 MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie
The Score(2001)
2001
First
414
415
416
417
418
Last
Previous
Next