Channel Myanmar

Drama

Great Warrior (Magadheera) [2009] 7.7
Great Warrior (Magadheera) [2009]             ဒီဇာတ်ကားလေးကတော့ လူကြိုက်များခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုပေါ့နှစ် ၄၀၀ ရာခန့်က ဘဝတွေရဲ့ အချစ်ရမ္မက်က ယနေ့ဘဝထိ ဆွဲခေါ်ငင်ခဲ့ပြီး ဘယ်လိုဘယ်ပုံနည်းနဲ့ အဆုံးသတ်စေခဲ့သလဲဆိုတာကိုရင်မောဖွယ် စောင့်ကြည့်ရမယ့်ကားကောင်းလေးပါ(ဇာတ်လမ်းအကျဉ်း) ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့်ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့ ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ်အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။ သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ်တစ်နေရာအရောက်မှာတာ့ သူ့လက်ကိုလျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ အတွက်တော့ ဒါဟာအတိတ်ဘဝဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကိုလျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်းကောင်မလေးတစ်ယာက်ရဲ့လက်နဲ့ ထိတွေ့မိမှုကြောင့်ပါ ဒါကို ဟာရှာ သိခဲ့တာကြောင့် အဲဒီကောင်မလေးကိုကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ်အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့သူမရဲ့အဖေနဲ့ ဦးလေး ကတော့ အမွေ ကိစ္စနဲ့ အမှုရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာသားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗား/ ဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီးမိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည်။တစ်နေ့မှာတော့ ဒါရာဂူးဗား ဟာ အင်ဒီရာ ကိုတွေ့ပြီးချစ်ကြိုက်မိသွားတော့တယ် အဲဒီချိန်မှာတော့ဒါရာဂူးဗားဟာ အင်ဒီရာကို ရရှိဖို့ ...
movie

Great Warrior (Magadheera) [2009]

2009
Incendies (2011) 8.2
Incendies (2011)   နော်ဝယ်မာဝမ်ဆိုတဲ့အရှေ့အလယ်ပိုင်းသူ က သူမသေဆုံးခင် သေတမ်းစာရေးခဲ့ပါတယ်သူ့သေတမ်းစာကို သူ့အလုပ်ရှင်ရှေ့နေကြီးဆီမှာပဲယုံကြည်စွာအပ်နှံခဲ့ပါတယ် သူမသေဆုံးသွားပြီးတဲ့နောက်မှာတော့ ရှေ့နေကြီးက သူရဲ့ သားသမီးဖြစ်တဲ့ အမွှာမောင်နှမ၂ယောက်ရှေ့မှာပဲဖွင့်ဖတ်ပြခဲ့ပါတယ် သူရေးခဲ့တဲ့သေတမ်းစာကသူများတွေသေတမ်းစာနဲ့မတူ တမူထူးခြား နေပါတယ် ထူးခြားတဲ့တောင်းဆိုချက်တွေထဲမှာမှ သမီးဖြစ်သူဂျန်မာဝမ်အတွက် စာအိတ်တစ်အိတ်ပေးပြီး အဖေဖြစ်သူကိုရှာပြီး အဲ့စာအိတ်လေးပေးပေးဖို့တောင်းဆိုခဲ့သလို သားဖြစ်သူ စီမွန်မာဝမ်ကိုတော့ သူ့ရဲ့နောက်ထပ်အစ်ကိုဖြစ်သူကိုရှာပြီး ပေးဖို့ စာအိတ်တစ်အိတ်ပေးခဲ့ပါတယ် သားအမိ၃ယောက်ထဲနေခဲ့ပြီးမှ အဖေနဲ့နောက်ထပ်အစ်ကိုလုပ်သူကို ရှာရတော့မယ်ဆိုတော့အကုန်လုံးကလက်မခံနိုင်စရာတွေဖြစ်ခဲ့ပါတယ် သို့သော်လဲ သင်္ချာပညာရှင် ဂျန်မာဝမ်ကပုစ္ဆာတစ်ခုကိုအရှင်းဆုံးပုံစံထိ အဖြေရှာတတ်တဲ့သူဖြစ်တာကြောင့်မောင်လုပ်သူတားနေတဲ့ ကြားက သူ့တာဝန်ဖြစ်တဲ့ အဖေဖြစ်သူကိုရှာပြီးစာအိတ်ပေးဖို့ ခရီးစထွက်ပါတော့တယ် အဖေဖြစ်သူကိုရှာဖို့က အမေရဲ့အတိတ်ကို မလွှဲအသေပြန် တူးဖော်ရတော့မှာဖြစ်ပြီး သူ့အမေရဲ့အတိတ်တွေကို သူတို့မောင်နှမတွေ သိလာရတဲ့အခါမှာတော့.. IMDb 8.2/10ရထားတဲ့ ဒီကားလေးက အေးအေးဆေးဆေးဇာတ်လမ်းကိုကြည့်ချင်တဲ့သူတွေ အကြိုက်ဖြစ်မှာပါ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီးတဲ့ အခါရင်ထဲစို့နင့်သလိုလို ခံစားရပါတယ် အင်္ဂလိပ် ပြင်သစ်နဲ့ အာရေဗီဘာသာစကားသုံးထားတဲ့ဒီကားလေးက အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံး ဇာတ်ကားအနေနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ CM Translator  Wai Zin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်  
movie

Incendies (2011)

2010
The Final Master (2015) 7.1
The Final Master (2015) သိုင်းကား မျှော်နေကြတဲ့ CM Fan တွေ အတွက် အကောင်းဆုံး သိုင်းကား တစ်ကားကို CM မှ တင်ဆက်ပေးလိုက်ပါပြီ IP Man ရဲ့ ၀င်းချွန်း သိုင်းအပြင် နာမည်ကြီးခဲ့တဲ့ ယုံချွန်း သိုင်းပညာ အကြောင်းကို ဒီရုပ်ရှင်မှာ ပြသထားပါတယ်... ယုံချွန်း သိုင်းပညာဟာ တောင်ပိုင်း က စတင်လာတဲ့ သိုင်းပညာဖြစ်ပြီး အစစ်အမှန်ကိုတော့ တက်သူ နည်းပါးခဲ့ပြီး ဆရာတွေ ဆိုတာလဲ ခေတ်မကောင်းလို့ သိုင်းပညာကို အစစ်အမှန် မသင်ကြတဲ့ အချိန်ပါ ၁၉၀၀ ခုနှစ်တွေ အကျော်မှာ တရုတ်နိုင်ငံရဲ့ သိုင်းလောက ဟာ မှေးမှိန်ပျောက်ကွယ်စ ပြုနေပါပြီ သိုင်းလောက မှာ အမှန်တကယ် တက်ကျွမ်းသူမှာ လက်ချိုးရေလို့ရခဲ့ပြီး ငွေသဲ့ယူ လိမ်စားနေတဲ့ သိုင်းသင်တန်းကျောင်းတွေသာ ကျန်ခဲ့ပါတော့တယ်... တရုတ်နိုင်ငံ ထန်ကျင်းမြို့ဟာ သိုင်းဂိုဏ်းပေါင်းစုံ တည်ရှိပြီး သူ့ဟာ နဲ့ သူ စည်းလုံးနေပေမယ့် သိုင်းအစစ်အမှန်ကိုတော့ မသင်ပေးကြပါဘူး ဒီလိုနဲ့ တောင်ပိုင်းသား တစ်ယောက်ဟာ ပညာအစစ်ကို ယူပြီး ထန်ကျင်းကို ရောက်လာခဲ့တယ် သူ မိန်းမ တစ်ယောက် ယူတယ် ထန်ကျင်း က တပည့် တစ်ယောက် မွေးတယ် ပညာတစ်ဝက် ...
movie

The Final Master (2015)

2015
Chungking Express (1994) 8.1
Chungking Express (1994) Chungking Express (1994) IMDb 8.1/10, Rotten Tomatoes 87%  ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။"ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ....ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။" - ဝမ်ကာဝေဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ ...
movie

Chungking Express (1994)

1994
Architecture 101 (2012) 7.3
Architecture 101 (2012)  Architecture 101 ဇာတ်ကားဟာဆိုရင်တော့ ကိုရီးယား Drama , Romance ဇာတ်ကားလေးဖြစ်ပြီး Director: Yong-Joo Lee က ရိုက်ကူးထားတာဖြစ်ပါတယ်။ှ >IMDb Rating - 7.2/10 >Asianwiki Rating - 90% သရုပ်ဆောင်များအနေနဲ့လည်း မင်းသားကြီးTae-woong Eom,မင်းသမီးချောGa-in-Hanနဲ့ မင်းသား Je-hoon Lee တို့အပြင် Korean Kpop အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်တဲ့ Miss A အဖွဲ့ထဲက ကောင်လေးတွေရဲ့အသည်းစွဲ (Adminရဲ့ရည်းစား :3) Suzy Bae လေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ကိုရီးယားဆိုးလ်မြို့မှာနေတဲ့ ဆိုယွန်းတစ်ယောက် သူ့ရဲ့မိသားစုနဲ့အနှစ်သုံးဆယ်ကြာနေခဲ့တဲ့ ဂျယ်ဂျူကျွန်းက အိမ်လေးကို ပြင်ဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီသို့ သွားရာမှ လွန်ခဲ့တဲ့ ၁၇နှစ်လောက်က သူနဲ့အတူ ဗိသုကာသင်တန်း အတူတူတက်ခဲ့တဲ့ ဆောင်မင်း နဲ့မထင်မှတ်ဘဲတွေ့ခဲ့ကြပါတယ်။ အဲ့လိုနဲ့သူတို့နှစ်ယောက်တွေ့မိပြီး အရင်ကသူတို့အကြောင်းတွေကို ပြန်ပြောဖြစ်ခဲ့ကြပါတယ်။ ၁၉၉၀ခုနှစ်လောက်တုန်းကအချိန်တွေကို ပြန်ပြောရင်း နောက်ကြောင်းပြန်ကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ဒီကားဟာဆိုရင် ကိုရီးယားအချစ်ဇာတ်လမ်းလေးဖြစ်ပြိး ကိုရီးယားဆန်ဆန် Ro ရတဲ့အပြင် ကြေကွဲစရာ လွမ်းဆွတ်မှုအရသာပါ ခံစားရမည်ဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(1.1 GB) and (400 MB) Quality…BR-Rip 720p IMDb Rating... 7.2/10 Format…mp4 Duration….01:56:20 Type...Drama,Romance Subtitle….Myanmar ...
movie

Architecture 101 (2012)

2012
Destination Wedding (2018) 6.7
Destination Wedding (2018) ၂၀၁၈ ထွက် မင်းသားကြီး Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့Destination Weddimg ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ….အနောက်တိုင်းနိုင်ငံတွေမှာ ယနေ့ခေတ် ခေတ်စားနေတဲ့ မင်္ဂလာဆောင်နည်းတစ်မျိုးကို Destination Wedding လို့ခေါ်ပါတယ်…ဒီလိုမင်္ဂလာဆောင်ကြတဲ့အခါ သတို့သား သတို့သမီးတို့ဟာ ကိုယ့်မြို့မှာမဟုတ်ဘဲနဲ့ ကိုယ့်မြို့နဲ့ အနည်းဆုံး မိုင် ၁၀၀ ဝေးကွာတဲ့အရပ်မှာ ခရီးလည်းထွက် မင်္ဂလာလည်းဆောင် ဆိုသလို ..မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေအတွက်လည်း လမ်းစားရိတ် နေစားရိတ်တွေ အကုန်ကျခံပြီး ကျင်းပကြတဲ့ပွဲဖြစ်ပါတယ်…ဖရန့် နဲ့ လင်းဆေးတို့ဟာ ဒီမင်္ဂလာပွဲကို လာကြတဲ့ လူနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ အမြှီူးအမောက်မတည့်မှုဟာ လေဆိပ်မှာကတည်းက စတင်ခဲ့ကြပါတယ်…နှစ်ယောက်စလုံးဟာ ဇီဇာကြောင်သူများဖြစ်ပြီး သူတို့နှစ်ယောက်စလုံး တူညီနေတဲ့အချက်တွေ ရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်…ဇာတ်ကားတစ်ကားလုံးကို သူတို့နှစ်ယောက်ပြောစကားတွေနဲ့ပဲ တင်ဆက်ထားပြီး ရယ်ရွှင်စရာလေးတွေပါပါတဲ့ Drama/Melodrama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်ခံစားကြည့်ရှုတော်မူကြပါဦ: (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (700 MB)  Quality : WEB-DL ...
movie

Destination Wedding (2018)

2018
Mr. Brooks (2007) 7.3
Mr. Brooks (2007) Mr. Brooks (2007) IMDb - 7.3/10_____Rotten - 55%    အခုတစ်ခါ တင်ဆက်ပေးမှာကတော့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ Mr. Brooks ဆိုတဲ့ မှုခင်းဒရမ်မာ ဇာတ်ကားပါ... အားလ်ဘရွတ် အမည်ရတဲ့ လူတစ်ယောက်ဟာ  လူတွေလေးစားခံရလောက်အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ...ဒါပေမယ့် သူ့မှာ ဘယ်သူမှ ထင်မထားတဲ့ စွဲလမ်းမှု တစ်ခုရှိနေခဲ့တယ်....အဲ့ဒါကတော့ လူသတ်ရကို နှစ်ခြိုက်နေတာပါပဲ ...သူ့ရဲ့ မကောင်းတဲ့စိတ်ကို ၂ နှစ်ကျော်အောင် ထိန်းချုပ်ခဲ့ပေမယ့် တစ်နေ့မှာတော့ ကချေသည်စုံတွဲ ကို စိတ်မထိန်းနိုင်ဘဲ ပြန်သတ်မိရာကနေ ဇာတ်လမ်းစလာပါတော့တယ်... သိပ်မကြာခင်မှာပဲ သူ့ဆီကို ဓာတ်ပုံတစ်ချို့ရောက်လာတယ်... ဒီဓာတ်ပုံတွေမြင်ပြီးတဲ့ သူသွေးပျက်သွားတယ်.. တစ်ချန်ထဲမှာပဲ ပြသနာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျောင်းတက်တက်နေတဲ့သမီးဟာ ပြန်ရောက်လာတယ်... ကိုင်း အားလ်ဘရွတ် တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... ဓာတ်ပုံထဲမှာရော ဘာတွေများပါနေလို့လဲ... ဒီကားထဲက မင်းသားကြီး Kevin Costner ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ကိုင်း plot twist လေးတွေနဲ့ စိတ်ဝင်စားစရာတွေ ရိုက်ပြထားတဲ့ မှုခင်းဇာတ်ကားတစ်ကားပါ IMDb rating ကလည်း 7.3 ထိရထားလေတော့ ခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ ...
movie

Mr. Brooks (2007)

2007
[18+] Young Mother (2013) 6.7
[18+] Young Mother (2013) Dark Side Production မှ တင်ဆက်သည်။   18+ အသားပေး အိမ်ထောင်ရေးပညာပေး ဇာတ်ကားတစ်ကားကိုအနုအရွ မယာပရိယာယ် တွေနဲ့ထုံမွှန်းထားတဲ့ ဇာတ်ကားတစ်ကားလေးပါ။၁၈+ ကိုသဘောကျသူတိုင်းမသေခင်ကြည့်သ့င်တဲ့ ဇာတ်ကားထဲမှာ ပါဝင်ပါတယ်။ဘာလို့ပြောရတာလဲဆိုတော့ ကြည့်ကြည့်ရင် သိရပါလိမ့်မယ်(ပြောရင် ပိုတယ်ဆိုမှာစိုးလို့)။ဒီဇာတ်ကားက ထွက်တာကြာခဲ့ပါပြီ။ကိုရီးယား ၁၈+ မှာ ဟုန်းဟုန်းကျော်နေတဲ့ဇာတ်ကားတစ်ကားပါပဲ။အဆင်ပြေတဲ့ စာဖိုင်က ဒီနှစ်ထဲမှာပဲ ထွက်ရှိလာလို့ အနီးစပ်ဆုံး ဘာသာပြန်ဆိုထားပါတယ်။  ဇာတ်လမ်းအကျဉ်းကတော့----ချန်အွန်း တစ်ယောက် ကျောင်းမှာတွေ့ကရလူနဲ့ပျော်ပါးတက်တဲ့ ကောင်မလေးတစ်ယောက်နဲ့ငြိစွန်းမိပါတယ်။တစ်နေ့မှာတော့ သူတို့နှစ်ယောက် အချစ်နယ်လွန်ကြပြီး ကောင်မလေးမှာကိုယ်ဝန်ရှိသွားလို့မယူချင်ယူချင်နဲ့ ယောက္ခမ အလိုကျလက်ထပ်လိုက်ရပါတယ်။ယောက္ခဆိုလို့ အဖွားကြီးလို့ မမြင်လိုက်နဲ့နော်.. ယောကျာၤးမရှိတဲ့နောက်ပိုင်း ကိုယ်ပိုင်စီးပွါးရေးနဲ့ သမီးကိုထိန်းကျောင်းလာခဲ့တဲ့ အပျိုတွေအရှုံးပေးရလောက်တဲ့ မိန်းမလှတစ်ဦးပါပဲ။ခန္ဓာကိုယ်အနေထားက တစ်တစ်ရစ်ရစ် လုံးကြီးပေါက်လှပါ အသားရေအနေထားကဝင်းအိနေပြီး ပုသိသတွေမငြင်းလောက်နိုင်တဲ့ အနေထားပါ သို့ပေမဲ့ အိမ်ထောင်မပြုပဲ တစ်ကိုယ်ထီးပဲ သမီးနဲ့ပျော်ပျော်ရွှင်ရွှင် နေလာခဲ့သူပါ။ဒါပေမဲ့ အဲဒီအပျော်တွေက ကြာကြာမခံပါဘူးအမေလိုစိတ်မရှိတဲ့ သမီးက ကလေးမွေးပြီး ၅ လခန့်အကြာမှာပဲ နောက်မီးလင်းပါတော့တယ်။အဲဒီမှာ ပြဿတွေစတာပဲ အေးချမ်းသယောင်ရှိလှတဲ့ မိသားစုဘဝလေးပြိုကွဲသွားခဲ့ပါတယ်။  ယောက္ခမကြီးကတော့ ...
movie

[18+] Young Mother (2013)

2013
The Choice (2016) 6.6
The Choice (2016) The Choice (2016)_______IMDb....6.6/10  တိကုဆရာဝန်ကောင်လေးတစ်ယောက် သူပိုင်ဆိုင်ထားတာ ပင်လယ်ကမ်းးနားဘေးက အိမ်လေးတစ်လုံးရယ် ခွေးလေးတစ်ကောင်ရယ်..... အလုပ်သွားတယ် ....သူငယ်ချင်းတွေနဲ့အတူနေတယ်... ညနေဘက်ဆိုလည်း ခြံဝန်းအစပ်ကသစ်ပင်အောက်မှာ ခွေးကလေးကလည်းနံဘေးမှာထားရင်း ထိုင်ခုံလေးတစ်လုံးပေါ်ထိုင်ပြီး လောကကြီးကို ဟိုဒီငေးပြီး ပင်လယ်ပြင်ကိုဖြတ်တိုက်လာတဲ့လေနွေးနွေးလေးတွေကိုရှုရှိက်ရင်းပေါ့..... မိန်းကလေးတွေဆိုတာလည်းသူ့အတွက် ခပ်ပါးပါးနမ်းရှိုက်စရာ ရာသီအလိုက်ပွင့်ဖူးတဲ့ပန်းလေးတွေလို့ သဘောထားတဲ့သူ ......သူ့ဘဝက ပြည့်စုံတယ် ငြိမ်းအေးတယ်လို့ယူဆထားတဲ့သူ .....သို့သော်လည်း ငြိမ်းအေးခြင်းရဲ့နောက်ကွယ်မှာ အချစ်မရှိတော့အထီးကျန်ခြင်းဆိုတဲ့ တိတ်ဆိတ်မှုကရှိနေပြန်တယ်...။ ဒီလိုနဲ့ သူ့အိမ်နံဘေးကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ် ... အဲ့ဒီကောင်မလေးက ဆေးကျောင်းသူတစ်ယောက်ဖြစ်သလို လက်ထပ်ဖို့ရည်စူးထားတဲ့သူလည်းရှိနေတယ် .....အဲ့ဒီသူနဲ့လည်းဘဝကိုဖြတ်သန်းမယ်လို့ ယုံကြည်ထားတဲ့ဂျွတ်ဆတ်ဆတ်ကောင်မလေးပေါ့.... ဒီလိုနဲ့တိကုဆရာဝန်နဲ့ကောင်မလေးက အဆင်မပြေမှုတွေနဲ့ဆုံတွေ့ခဲ့ကြတယ်.... မြစ်တစ်စင်းရယ် လတစ်စင်းရယ်ရဲ့ဖြားယောင်းမှုအောက်မှာ သူတို့ဘာဆက်ဖြစ်ကြမလဲ ဆရာဝန်ကောင်လေးကရော အားလုံးကိုရင်ဆိုင် ဖို့ခွန်အားတွေဘာကြောင့်ရခဲ့လဲ??? NS ရဲ့အရောင်းရဆုံးဝတ္ထုတစ်ပုဒ်ကိုပုံဖော်ထားတဲ့အတွက်အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ အရမ်းကောင်းတဲ့ဇတ်ကားလေးတစ်ကားပါ.... ငြိမ့်ညောင်းတဲ့နောက်ခံသီချင်းလေးတွေရယ် သာယာတဲ့မြစ်ကမ်းနံဘေးရယ် ခွေးလေးတွေရယ် ကဲ နူးညံတဲ့နှလုံးသားပိုင်ရှင်ပရိတ်သတ်ကြီးရေ ..........ခံစားကြည့်ပါဦးလို့......။ (ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Phyo Pyae ပဲဖြစ်ပါတယ်။)   File size...(796 MB) Quality...BR-Rip 720p Format...mp4 Duration....01:51:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay
movie

The Choice (2016)

2016
Sierra Burgess Is a Loser (2018) 6.3
Sierra Burgess Is a Loser (2018) ဒီကားလေးကတော့ Netflix ကရိုက်ထားတဲ့ ကျောင်းသားအချစ်ဇာတ်ကားလေးပါဝဝတုတ်တုတ်ကောင်မလေးတစ်ယောက်ရဲ့ အချစ်ပုံပြင်လေးကို ဟာသလေးတွေ ရင်ခုန်စရာလေးတွေနဲ့ ရိုက်ထားတဲ့အတွက် လူငယ်တွေသဘောကျမှာပါအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ ဆီရာဘားဂျက်စ်ဟာ လူတိုင်းကအစခံအလှောင်ခံရတဲ့ ဝဝတုတ်တုတ် ဖက်တီးမလေးပေါ့ဒါပေမဲ့သူကစာဘက်မှအရမ်းထူးချွန်တဲ့သူတစ်ယောက်လဲဖြစ်တယ်သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသူတွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ဗရော်နီကာ တို့အဖွဲ့လဲပါတယ်တစ်ရက် ဗရော်နီကာ့ကို သဘောကျတဲ့ တခြားကျောင်းက ဂျေမီဆိုတဲ့ ကောင်လေးတစ်ယောက်က ဗရော်နီကာ့ဖုန်းနံပါတ်ကိုလာတောင်းတဲ့အချိန် ဆီရာဘားဂျက်စ်ရဲ့ နံပါတ်ကိုပေးလိုက်တယ်အဲ့ဒိကောင်လေးဟာ ဆီရာ့ကို ဗရော်နီကာ အမှတ်နဲ့ စာပို့ပြီးစကားပြောတယ်ဆီရာကလဲ ပြန်ပြောရင်း ညတိုင်းသူတို့ဖုန်းတွေပြော သံယောဇဉ်တွေလဲတိုးပေါ့ဂျေမီကတော့ ဆီရာ့ကိုမသိပါဘူးဗရော်နီကာလို့ပဲ ထင်နေခဲ့တာပါဒီလိုနဲ့ ဆီရာက ဗရော်နီကာနဲ့ အပေးအယူတစ်ခုလုပ်ပြီး သူ့နေရာမှာ ဝင်ဟန်ဆောင်ခိုင်းတယ်ဆီရာ နဲ့ ဗရော်နီကာ တို့ရဲ့ Friendship ကလဲ တိုးလာတာပေါ့အဲ့ဒိနောက်မှာတော့ သူတို့နှစ်ယောက် ဆက်ဟန်ဆောင်ပြီး ဂျေမီ့ကိုအရူးလုပ်နိုင်မှာလားကြားထဲမှာဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆီရာရဲ့အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါနော်လူငယ်တွေကြိုက်နှစ်သက်မယ် လို့ မျှော်လင့်ရတဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ပါလို့ တိုက်တွန်းပါရစေ ??? (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size ...
movie


2018
Taxi Driver(1976) 8.3
Taxi Driver(1976) Taxi Driver(1976) IMDb...8.3,,,,,Rotten.....98% ဒီကားရဲ့ Rating တွေကတော့ မြင်တဲ့အတိုင်းပါပဲ....သူတို့ဆီမှာလည်း ကျွန်တော့်တို့မြန်မာကားတွေလိုပဲထင်တယ်...ကားသစ်တွေက အရင်လို သိပ်အားစရာ  မကောင်းဘူး...ကျွန်တော်ပဲ စိတ်ထင်နေလို့ပဲလား..မသိ...ဒီကားက တော့ ကျွန်တော်တို့မမွေးခင်ကထဲက ထွက်ရှိခဲ့ပါတယ်..သို့ပေမယ့်လည်းပေါ့လေ... မရိန်းစစ်ထွက်တစ်ဦးဖြစ်သူ ထရာဗစ်တစ်ယောက်  ညဘက်တက်စီဒရိုင်ဘာ အလုပ်ကိုလုပ်နေတယ်....သူဟာ ညဘက်လည်းအိပ်မပျော်တတ်တဲ့သူဆိုတော့ ညလုံးပေါက်ကားမောင်းနေတယ်...နေရာစုံကိုရောက်သလို လူအမျိုးမျိုးကိုလည်းသူတွေ့နေရတယ်. မြို့ပြရဲ့စိတ်ပျက်စရာလူတွေနဲ့ အခြေအနေဆိုးတွေ သူမတွေ့ချင်ဘဲတွေ့နေရတယ်...သူ့အလုပ်က ကားမောင်းတယ်..သူသိပ်သဘောကျတဲ့ ကောင်မလေးတစ်ယောက်ကို သွားငေးတယ်.....ဒီလိုနဲ့ နေ့စဉ်ဖြတ်သန်းပြီးနောက်မှာ ဒီစိတ်ပျက်စရာတွေကို အတတ်နိုင်ဆုံးပြုပြင်ဖို့ သူဆုံးဖြတ်လိုက်တယ်....ကဲသူဘာတွေဆက်လုပ်မလဲ... ကိုင်း ကားဟောင်းအလန်းတွေ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျ...ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး  Robert De Niro ကြီးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Zuel Khant Thwin ပဲဖြစ်ပါတယ်.... File Size : (1GB) and (347 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Zuel Khant Thwin Encoded by Phyo Pyae
movie

Taxi Driver(1976)

1976
Book Club (2018) 6.2
Book Club (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Book Club"ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်...ဒီဇာတ်လမ်းမှာတော့ မမကြီးလေးယောက်ရဲ့ ချစ်ဒုက္ခအကြောင်း ဇာတ်အိမ်တည်ထားပါတယ်...အညွှန်းလေးကို ဖတ်ရှုပါဦးနော်...အညွှန်းဗီဗီယန် ကာရိုး ရှရွန် ဒိုင်ယိန်းဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ လတိုင်း တစ်လတစ်ခါ စာအုပ်တစ်အုပ်စီဖတ်ရပါတယ်...ဒါကိုပဲ book club လို့ နာမည်ပေးထားတာပါ...တစ်လမှာ တစ်ယောက်က ဘယ်စာအုပ်ဖတ်ရမလဲ ရွေးရပါတာပေါ့...ဗီဗီယန်ဆိုတဲ့ အပျိုကြီးအလှည့်မှာတော့ အာဂစာအုပ်ကို ရွေးလိုက်ပါတော့တယ်...ဒီစာအုပ်ကတော့" Fifty Shades of Grey" ဆိုတဲ့ စာအုပ်ပါပဲ....ဒီစာအုပ်ကတော့ အရွယ်ရောက်သူတွေအတွက် စိတ်တွေမသိုးမသတ် ခိုးလိုးခုလုဖြစ်စေတဲ့ လိင်ပိုင်းဆိုင်ရာ စာအုပ်မျိုးပါ...သူတို့ လေးယောက်ဟာ ဒီစာအုပ်ဖတ်ပြီး အပြင်လောကမှာလဲ စာအုပ်ထဲကအတိုင်း လက်တွေ့စမ်းချင်ပါတော့တယ်...ဒီလိုစမ်းသပ်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ ဘယ်လိုအလွဲလေးတွေ တွေ့ရမယ်ဆိုတာ ပရိတ်သတ်ကပဲ ကြည့်ရှုလိုက်ကြပါဦး....အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးဆိုတဲ့ စကားကို သက်သေပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ကြည့်ရကျိုးနပ်ပါတယ်နော်... (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ May Haruko  ပါ) File Size ...
movie

Book Club (2018)

2018
To My 19-Year-Old (2018) 7.5
To My 19-Year-Old (2018) ကျွန်​မတို့အတိတ်​မှာ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ စွန့်​လွှတ်​ခဲ့ရ​ပေမယ့်​ ရင်​ထဲ ​မေ့လို့မရနိုင်​ခဲ့တဲ့ ချစ်​ရသူ​တွေ ရှိကြမှာပါ။တကယ်​လို့သာ အချိန်​စက်​ဝန်းကိုပြန်​လှည့်​ခွင့်​ကြုံခဲ့ရင်​ သူ့ဆီပြန်​သွားမှာလား ?ဒါမှမဟုတ်​ စွန့်​လွှတ်​ဖို့အတွက်​ ​ရွေးချယ်​မှာလား ?အချစ်​ဦးကိုပဲ တမ်းတသတိရ​နေတဲ့ စွန့်​စားခရီးထွက်​​နေသူ မို့​ရှောင်​ဖုန်းတစ်​​ယောက်​ လမ်းခရီးမှာ မ​တော်​တဆဖြစ်​ပြီး ဆုံးပါးသွားတဲ့အခါ သူ​အချစ်​ဦးအတွက်​ ​နေ့စဉ်​​ရေး​နေခဲ့တဲ့ စာ​သေတ္တာ​လေးဟာ သူချစ်​ရသူ ရန်​ယိရွှယ်​ဆီ​ရောက်​လာခဲ့ပါတယ်​။မို့​ရှောင်​ဖုန်းကိုချစ်​​ပေမယ့်​ သူငယ်​ချင်းသံ​ယောဇဉ်​​တွေ အတင်းအဖျင်း​တွေကို ​ကြောက်​လို့ စွန့်​လွှတ်​ခဲ့တဲ့ ရန်​ယိရွှယ်​တစ်​​ယောက်​ ​နောင်​တ​တွေနဲ့ ငို​ကြွေးရင်း မို့ရှောင်​ဖုန်း​ပေးခဲ့တဲ့ ​သေတ္တာ​လေးဟာ အတိတ်​ကာလကို ဆက်​သွယ်​လို့ရတဲ့ ဆန်းကြယ်​တဲ့အရာဖြစ်​​နေမှန်း သိသွားတဲ့အခါ.....သူ​နောင်​တရခဲ့တဲ့ အခိုက်​အတန့်​​တွေကိုပြန်​လည်​ပြုပြင်​ရင်း ဒီ​သေတ္တာ​လေးရဲ့အကူအညီနဲ့ သူ့ရဲ့ ၁၉နှစ်​အရွယ်​ဘဝကို ပြန်​သွားခဲ့တဲ့ ရန်​ယိရွှယ်​တစ်​​ယောက်​ ဒီတစ်​ခါ​ရော မို့​ရှောင်​ဖုန်းနဲ့ အတူရှိဖို့ကို ​ရွေးချယ်​မှာလား.....ဒါမှမဟုတ်​ သူ့အ​ပေါ် အနစ်​နာခံကူညီပြီးကြင်​နာတဲ့ လက်​ရှိချစ်​သူ ကျီယုအနားမှာပဲ ဆက်​ရှိ​နေမှာလား.....ဆိုတာ​လေးကို​တော့ ဒီဇာတ်​ကား​လေးကို အဆုံးအထိကြည့်​ရှုပြီး ခံစားကြည့်​လိုက်​ကြပါ​နော်​။အဓိပ္ပာယ်​ရှိတဲ့စာသား​လေး​တွေနဲ့ ကိုယ့်​ရဲ့ဆယ်​​ကျော်​သက်​ဘဝကို ပြန်​လည်​အမှတ်​ရမိ​စေမယ့်​ ဇာတ်​လမ်း​ကောင်း​လေးမို့ လက်​မလွှတ်​တမ်းကြည့်​ရှုဖို့ ​ညွှန်းဆိုလိုက်​ပါတယ်​​နော်​။မို့​ရှောင်​ဖုန်း ...
movie

To My 19-Year-Old (2018)

2018
Us and Them (2018) 5.5
Us and Them (2018)    Us and Them 2018IMDb Rating(7.3/10) / Rotten Tomatoes (100%) @5 Criticဒီတရုတ်ဇာတ်ကားလေးကတော့ လူသိနည်းပေမယ့် Rating မြင့်တဲ့ အဖီးလ်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းအမှတ်မထင်တွေ့ဆုံခဲ့ကြရာကနေ အရင်းနှီးဆုံးသူငယ်ချင်းတွေအထိဖြစ်လာကြတဲ့ ကျန့်ချန်းနဲ့ရှောင်ရှောင်း...ကျန့်ချန်းဆိုတဲ့ကောင်လေးက ဂိမ်းကစား ဂိမ်းတီထွင်ရတာကို အရမ်းစွဲလမ်းကြီးတဲ့ကောင်လေးဖြစ်သလိုရှောင်ရှောင်းဆိုတဲ့ကောင်မလေးကတော့ ရွတ်နောက်နောက်နေတတ်သူပါ...သူမရဲ့အိမ်မက်ကတော့ ပေကျင်းမြို့ပေါ်မှာအိမ်ထောင်အတည်တကျနဲ့ပျော်ရွှင်စွာနေထိုင်သွားဖို့ဖြစ်ပါတယ်...ဒါပေမယ့် ပေကျင်းမြို့ဆိုတာက နေထိုင်စရိတ်ကြီးသလို အလုပ်အကိုင်ကလည်း ရှားပါးပါတယ်..ဘဝကိုရုန်းကန်လှုပ်ရှားနေရတဲ့ သူတို့နှစ်ဦးကြားမှာ မမျှော်လင့်ထားတဲ့အချစ်တစ်ခုပေါ်ပေါက်လာတဲ့အခါမှာ...အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ သူတို့နှစ်ဦးရဲ့အချစ်ကခိုင်မြဲနိုင်မလားဘဝဆိုတာ အချစ်တစ်ခုတည်းနဲ့ပြည့်စုံတတ်တဲ့အမျိုးလားသူတို့ရဲ့စိတ်ကူးအိမ်မက်တွေကရော တကယ်ဖြစ်လာနိုင်မှာလားဆိုတာကတော့......။ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို အပြည့်ဝဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ရင်ထဲကိုထိတဲ့ကားလေးမို့ တစ်ရှူးလေးတော့ဆောင်ထားကြနော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Ying Ying ဖြစ်ပါတယ်။)File size…(999 MB) Quality…WEB-DL Rip 720p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying
movie

Us and Them (2018)

2018
Unbeatable(2013) 7.3
Unbeatable(2013) Unbeatable(2013)IMDb....7.2MMAဖိုက်တာတစ်ယောက်....အရွယ်ကောင်းအချိန်ကောင်းဆိုတော့ နိုင်ပွဲတွေဆက်နေတယ်...သို့ပေမယ့်သူက အနိုင်ဆိုတာထက် ငွေကြေးဘက်ကိုလိုက်ပြီး လုပ်ပွဲတွေကိုပဲ လုပ်မိနေတယ်...ဒါပေမယ့် ကြာကြာမခံပါဘူး..လုပ်ပွဲတွေကြောင့်အရေးယူခံရသလို သူလည်းဘဝပျက်သလိုဖြစ်သွားတယ်...နာမည်ဆိုးရှိနေတဲ့သူဟာ ဘဝကိုဖြစ်သလိုနေထိုင်နေတယ်...နောက်ပိုင်းသူဟာ အိမ်လေးတစ်အိမ်မှာငှါးနေတယ်...အဲ့ဒီမိသားစုကို ခင်တွယ်ခဲ့တယ်...လူငယ်လေးတစ်ယောက်ကလည်း သူ့ကိုနည်းပြပေးဖို့တောင်းဆိုလာတော့သူလက်ခံလိုက်တယ်....မိသားစုလေးကိုခင်တွယ်ပြီးနောက်မှာတော့ သူ့နာမည်ကိုဘယ်လိုအဖတ်ဆယ်မလဲ..သူ့တပည့်ကရော MMAပြိုင်ပွဲမှာချန်ပီယံဖြစ်မလား...အသက် ၄ဝကျော်ရှိပြီဖြစ်တဲ့သူကရော ကြိုးဝိုငး်ထဲကိုပြန်ဝင်ဦးမှာလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး....MMA  Fight Scence  တွေကြည့်ရတာ တော်တော်လန်းတယ်ဗျို့....File Size : (1GB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie

Unbeatable(2013)

2013
The Amityville Horror (2005) 6.0
The Amityville Horror (2005) CM Fan တွေ အတွက် Deadpool မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇတ်လမ်းကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဂျော့ နဲ့ ကပ်သီ တို့ဟာ ညားခါစ အကြင်လင်မယားတွေ ဖြစ်ပေမယ့် ကပ်သီ ဘက်က ပါလာတဲ့ မယားပါ သားသမီး တစ်ချို့ကို ဂျော့က ကြည်ဖြူစွာ လုပ်ကျွေးနေခဲ့ပါတယ်...မကြာသေးတဲ့ အချိန်အတွင်းမို့ ကလေးတွေကတော့ ဂျော့ ကို သိပ်မကြည်ဖြူသေးဘူးပေါ့... မိသားစု များလာတဲ့အခါ ကိုယ်ပိုင်အိမ်လေးနဲ့နေချင်လာလို့ အိမ်ပွဲစားကနေ တဆင့် စျေးသက်သာတဲ့ အိမ်ရှာတဲ့အခါမှာ မြို့အစွန် တစ်နေရာမှာ ပေးရတဲ့ စျေးထက်မတန်တဆ ကို တန်နေတဲ့ ၂ ထပ်အိမ်ကြီးတစ်လုံးကို ရှာတွေ့ခဲ့ပါတယ် အိမ်ပွဲစားကတော့ ဒီအိမ်မှာ လူသေဖူးတယ်ဆိုတဲ့ သတင်းလောက်ကလွဲလို့ ဘာမှ ရေရေ ရာရာ မပြောပေမယ့် ကပ်သီ က အရမ်းလိုချင်နေတာမို့ ...
movie

The Amityville Horror (2005)

2005
The Seasoning House(2012) 6.1
The Seasoning House(2012) The Seasoning House(2012) IMDb.....6.1 ၁၉၉၆ မှာတော့ ဘော်လ်ကန်ဒေသမှာ မြို့ငယ်တစ်မြို့စာလောက်ရှိတဲ့ လူတွေကို စစ်တပ်တစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်..တစ်ချို့အမျိုးသမီးတွေတော့ အသက်ရှင်ကျန်ခဲ့ကြတယ်...အသက်ရှင်ကျန်ခဲ့တဲ့ အမျိုးသမီးတွေအတွက်လည်း ငရဲခန်းပါပဲ.....အိမ်လေးတစ်အိမ်ထဲမှာ အားလုံးကို အကျဉ်းချထားတယ်... ဆေးတွေထိုးတယ်..မုဒိမ်းလည်းကျင့် တယ်...ထွက်ပြေးတဲ့ သူတွေကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်တယ်...စည်းကမ်းဖောက်တဲ့သူကို ဘယ်လိုခံစားရမလဲဆိုတာကို ဥပမာပေးတဲ့အနေနဲ့ တောင် သတ်ပြစ်တဲ့ အဖွဲ့အောက်မှာမိန်းကလေးတွေဘဝက တကယ်ကိုသွေးပျက်စရာပဲ....ဒီမိန်းကလေးတွေ ဘာလို့ဒီလိုအခက်အခဲနဲ့ရင်ဆိုင်နေရတယ်..သူတို့တွေထဲက ဘယ်သူတွေများထွက်ပြေးလွတ်မြောက်ကြမလဲ...ဒီမိန်းကလေးတွေကိုဖျက်ဆီးမှုတွေပြုလုပ်နေတာကရော ဘယ်သူတွေများလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦးကိုင်း Horrorကား သွေးထွက်သံယိုကားတွေသဘောကျတဲ့သူတွေအတွက်...File Size : (900 MB) and (330 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Drama, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie

The Seasoning House(2012)

2012
The Last Executioner (2014) 6.4
The Last Executioner (2014) The Last Executioner (2014)_____IMDB - 6.4/10  ကိုမင်းသိုက် ညွှန်းလို့ The last executioner ဆိုတဲ့ ထိုင်း ရုပ်ရှင်ကို ကြည့်လိုက်မိပါတယ်။ တကဲ့ အဖြစ်အပျက် တစ်ခု၊ ပြီးတော့ တကဲ့လူတစ်ယောက်အကြောင်း ကိုရုပ်ရှင်ရိုက်ထားတာပါ။ ထိုင်းနိုင်ငံ အကျဉ်းဦးစီး ဌာန မှာ ၃၅နှစ်လုံးလုံး အမှုထမ်းခဲ့တဲ့ ချောင် လို့ ခေါ် တဲ့ ချာဗရွတ် ရဲ့ အကြောင်းပေါ့။ သူဟာ ဝန်ကြီးလဲ မဟုတ်၊ နိုင်ငံရေးသမားလဲ မဟုတ်ပါဘူး။ သူ့ရဲ့အလုပ်ကတော့ သေဒဏ် ပေးခံ ရသူတွေကို သေနပ် နဲ့ ပစ်သတ် ပေးရတာပါ။ သူဟာ လူသတ် သမား မဟုတ်ပါဘူး။ အပြစ်ဒဏ်ပေးခံရသူတွေကို စီရင်ပေးရသူပါ။ သူ့မှာ အမုန်းမရှိ၊ အညှိုးမရှိပါဘူး။ ဒါပေမဲ့ လူတွေကို သတ်ပေးရတဲ့ သူဆိုတာ သိသွားကြတဲ့အခါ သူ့မိန်းမကအစ အံ့ ဩတုန်လှုပ်ခဲ့ပါတယ်။ သူ့သမီးရဲ့ ယောက္ခမ အသိုင်းအဝိုင်း ကလဲ ရွံ့ သွားကြတယ်။ သူကတော့ သူတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့လေရဲ့။ သူ သေနပ် ...
movie

The Last Executioner (2014)

2014
The Kings of Summer(2013) 7.2
The Kings of Summer(2013) The Kings of Summer(2013)IMDb....7.2မုဆိုးဖိုဖခင်ကြီး Frank နဲ့အတူတူနေရတဲ့ လူပျိုပေါက်အရွယ် Joe Toy တစ်ယောက်သူ့ရဲ့ဘဝကိုသူ့အဖေကလိုက်ပြီးစီမံနေတာကိုမနှစ်သက်သူ မြီးကောင်ပေါက်အရွယ်ပီပီ လွတ်လွတ်လပ်လပ်လုပ်ချင်ရာလုပ်နေချင်တဲ့ ကောင်လေးကသူ့ဖခင်ရဲ့လက်ကလွတ်ရင်ပြီးရော တာဝန်တွေဝတ္တရားတွေနဲ့ကင်းဝေးရင်ပြီးရောဆိုပြီး သူ့ရဲ့အခင်ဆုံးဘော်ဒါPatrick ရယ် ကြောင်တောင်တောင် Biaggio ဆိုတဲ့ကောင်လေးရယ်နဲ့ တောအုပ်ထဲကိုထွက်ပြေးကြတယ်...မိဘတွေရဲ့ချည်နှောင်မှုတွေ တာဝန်တွေနဲ့ကင်းဝေးအောင် အဲ့မှာသူတို့အိမ်ဆောင်နေကြမယ်ဆိုပြီးလုပ်ကြပါလေရောလူသူကင်းဝေးတဲ့တောအုပ်ထဲမှာ ကောင်လေး၃ယောက်က သူတို့ရဲ့နေရာထိုင်ခင်းတွေစီစဉ်ပြီးတဲ့အချိန်မှာသူတို့တွေကိုယ့်ကိုကိုယ်တွေး ဘယ်လိုတွေးမိကြလဲဆိုတော့...ငါသည်သာအရှင်သခင်...ငါသည်သာ အားလုံးရဲ့ဘုရင်ဆိုပြီး စိတ်ကြီးတွေဝင်ပြီးတဲ့နောက်မှာတော့....ကိုင်း ဒီလူရှုတ်လေးတွေ တောထဲမှာ ဘယ်လိုပေါက်ကရတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဟာသကားလေးမို့ခံစားကြည့်လိုက်ပါဦးဗျ...File Size : (900 MB) and (297 MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie

The Kings of Summer(2013)

2013