Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
6.6
Aitraaz (2004)
Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ...
movie
Aitraaz (2004)
5.8
Grendel (2017)
Grendel (2017)လူတစ်ယောက်ရဲ့ သေဆုံးမှုက ကိုယ့်ဘဝရဲ့ အောင်မြင်မှုလမ်းစဆိုရင်... သင် ဘာလုပ်မလဲ?? လူ့သဘာဝ၊ မီဒီယာတွေရဲ့ သဘော၊ ကိုယ်အဆင်ပြေဖို့ကိုပဲ ရှေ့တန်းတင်တတ်တဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပါပဲ။စာရေးဆရာဟန်ဂျွန်းဟာ သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားသူဖြစ်ပေမဲ့ အားပေးသူတော့ သိပ်မရှိလှပါဘူး။ တစ်နေ့ သူ့ဝတ္ထုထဲက လူသတ်မှုအတိုင်း ပုံစံတုလူသတ်မှု ပေါ်ပေါက်လာတဲ့အခါ လူစိတ်ဝင်စားမှု မြင့်တက်လာပြီး သူ့စာအုပ်ကလည်း ရောင်းမလောက်ဖြစ်လာတော့တာပါပဲ။ ဒီလိုနဲ့ ဟန်ဂျွန်းတစ်ယောက် သေဆုံးသူကိုတောင် အားမနာနိုင်ဘဲ နာမည်ကြီးလာဖို့အတွက် ရဲတွေလှည့်စား၊ မီဒီယာကို အသုံးချ လုပ်ပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက အဆုံးမသတ်ရသေးတဲ့အခါ...လက်သည်မပေါ်တဲ့ အမှုရဲ့နောက်ဆက်တွဲကို သူ ဘယ်လိုဖြေရှင်းမလဲ အောင်မြင်မှုကို ဖက်တွယ်တတ်ကြတဲ့ လူတွေအကြောင်းကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်)Genre..... Crime, Drama, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.1GB | 554MB Format… mp4 Duration…. ...
movie
Grendel (2017)
7.9
High Noon (1952)
ကောင်းဘွိုင်ခေတ် အမေရိကန်တောင်ပိုင်း ကသာယာမြို့လေးတစ်မြို့မှာ လွန်ခဲ့တဲ့ငါးနှစ်က ဖမ်းခံလိုက်ရတဲ့ လူဆိုးတစ်ယောက်က ကြိုးမိန့်မကျဘဲ ပြန်လွှတ်လာပြီး မြို့ကိုလက်စာချေဖို့ ပြန်လာတာကို မြို့ကသူတွေဘယ်လိုဖြေရှင်းကျမလဲဆိုတာ ရင်ခုန်ခုန်နဲ့ကြည့်ရမယ့် ဇာတ်လမ်းလေးပါကြည့်ရင်းနဲ့မှ ပျော်ဝင်ခံစားလို့ကောင်းတာမို့ ဇာတ်လမ်းအညွှန်းကိုတော့ တိုတိုလေးပဲညွှန်းပါရစေ..... File size…(1.7 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:25:00 Genre... Classical Western, Drama, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
High Noon (1952)
6.9
Turtle (2018)
Turtle (2018) "လိပ်ကလေး" IMDb - 6.9/10၂၀၁၈ကထွက်ရှိခဲ့ပြီး အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ပို့သရုပ်ဆောင် ဆန်ဂျေးမီရှရာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ရွာမှာ မိုးခေါင်ရေရှားဖြစ်ပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်တာ ရှစ်နှစ်ကြာခဲ့ပါပြီ။ ဒါကို ရွာလူကြီးရမ်ကာရန်ရဲ့ ကျိန်စာသင့်နေတဲ့မြေးဖြစ်သူကံဆိုးမှုကြောင့်လို့ ယိုးမယ်ဖွဲ့ကြပါတယ်။မြေးဖြစ်သူကိုအပြစ်တင်ကြတာ မခံနိုင်တဲ့ရမ်ကာရန်က သူ့ခြံဝင်းထဲမှာ ဘိုးဘေးတွေမြှုပ်ထားခဲ့တဲ့ ရွှေချောင်းတွေရှိတယ်။ အဲဒါတွေကို တူးပြီး ရေကန်အကြီးကြီးဆောက်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒီမှာပဲ ရွာသူရွာသားတွေစုရုန်းပြီး ရွာလူကြီးရမ်ကာရန်ရဲ့ခြံဝန်းထဲမှာ ရွှေချောင်းတွေရှာဖို့ မြေတူးကြရာကစ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunniတို့ဖြစ်ပါတယ်) File size… 1.2GB / 531MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ BpL ~ Yunni
movie
Turtle (2018)
Scam 1770 (2024)
Scam 1770 ( 2024 ) လှည့်ကွက်များ IMDb 7.4/10ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2024 ထွက် Scam ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ NEET စာမေးပွဲရဲ့ ရက်စက်တဲ့အဖြစ်မှန်တွေနဲ့ ပညာရေးလောကရဲ့ရိုက်စားလုပ်ကွက်တွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ -ဇာတ်လမ်းအစမှာပဲ နစ်သရာဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ဆေးကျောင်း၀င်ခွင့်ကိုလက်လျှော့လိုက်တာနဲ့စထားပါတယ်။ ကောင်မလေးဟာ ၀င်ခွင့်ကိုလက်လျှော့လိုက်ရုံတင်မကဘဲ ရထားလမ်းပေါ်မှာပါ သေကြောင်းကြံသွားပါသေးတယ်။ လူတွေကတော့ စာမေးပွဲမအောင်လို့ လုပ်မိလုပ်ရာလုပ်တယ်လို့ပဲထင်ကြတာပေါ့ဗျာ။ဘာကြောင့်များလဲ။ ဘယ်လိုအခက်အခဲတွေကြောင့် ဆရာ၀န်ဖြစ်ချင်လှတဲ့နစ်သရာတစ်ယောက် အိပ်မက်တွေအကောင်အထည်ဖော်ရခါနီးမှာ ဘာကြောင့်များ လက်လျှော့ပြီး ဘ၀ကိုအရှုံးပေးသွားတာပါလဲ။ ဖိအားတွေကြောင့်များလား။ ဒါမှမဟုတ် ပျက်စီးခြစားနေတဲ့ပညာရေးစနစ်ကပဲ သူ့ကိုအဆုံးစွန်ထိတွန်းပို့ခဲ့တာလား။ နစ်သရာရဲ့သေဆုံးမှုနောက်ကွယ်မှာ ဘာတွေရှိဦးမလဲ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 2.15GB / 1.1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Scam 1770 (2024)
5.3
Jism (2003)
Jism (2003) "ညှို့ယူဖမ်းစားတတ်သော" IMDb - 5.3/10စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။ တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။ သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။ အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက် ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.88GB / 865MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Jism (2003)
2003
5.3
FryDay (2018)
FryDay (2018)"ပျော်ရွှင်စရာ သောကြာနေ့လေး" ====================================နာမည်ကြီး ဘောလိဝုဒ် ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားကြီး ဂိုဗင်ဒါနဲ့ ဗာရွန်ရှာရ်မာတို့ရဲ့ ၂၀၁၈ က ထွက်ရှိခဲ့တဲ့ တုတ်ထိုးအိုးပေါက် ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ဖြစ်သူ ရာဂျစ်ဗ်ကတော့ အလုပ်မထွက်ရဖို့ကို မနည်းရုန်းကန်နေရတဲ့ ရေသန့်စက်ကုမ္ပဏီက ခပ်ညံ့ညံ့ အရောင်းသမားတစ်ယောက်ပဲဖြစ်ပါတယ်။တစ်လလုံးနေလို့ ရေသန့်စက်တစ်လုံးတောင် ရောင်းမထွက်တဲ့သူ့ကို သူ့ရဲ့ဘော့စ်ဖြစ်သူက လာမယ့်သောကြာနေ့ရောက်လို့မှ ရေသန့်စက်တစ်လုံး ရောင်းမထွက်ရင် မင်းအလုပ်ထွက်လို့ ရာဇသံပေးလိုက်ပါတယ်။အဲဒီလို ဘော့စ်က အကြပ်ကိုင် စော်ပစ်သွားတာလည်း ခံရလို့ ကျဉ်းထဲကြပ်ထဲရောက်ပြီး တိုင်ပတ်နေတဲ့ ရာဂျစ်ဗ်ဟာ မိတ်ဆွေတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ရေသန့်စက်ဝယ်မယ့်သူကို ရှာတွေ့ခဲ့ပေမဲ့ အဲဒီ ဝယ်သူရဲ့အိမ်ကိုရောက်တဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့ ပက်ပင်းတိုးခဲ့ရပြီး ရာဂျစ်ဗ်ရဲ့ဘဝ ပိုမိုရှုပ်ထွေးကာ ဘဝတဆစ်ချိုးပြောင်းလဲသွားရပုံကို ဟာသဖောက်ပြီးတင်ဆက်ထားတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 866MB Quality…WEB DL 1080p / 720p Format...mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
FryDay (2018)
6.9
Ishq (1997)
Ishq 1997 ( ချိုမြိန်တဲ့သောက) IMDb - 6.8/10Ishq ဇာတ်ကားဟာ1997 ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb - 6.8ရရှိထားကာ အဲဒီနှစ်ရဲ့ တတိယ၀င်ငွေအများဆုံးရခဲ့ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း. နာမည်ကျော် ခန်း ၃ ခန်းထဲက Pk မင်းသားဖြစ်တဲ့ အမီရာခန်း ( Aamir Khan ) ၊ မင်းသားကြီး အဂျေး ( Ajay Devgn ) ၊ မင်းသမီးကြီး Juhi Chawla နဲ့ Kajol တို့ရဲ့ ငယ်စဉ်ကာလ နုပျိုချောမောမှုတွေနဲ့အတူ Chemistry မိမိရိုက်ကူးတာပါ..ဇာတ်ကားအကျဉ်းကတော့-ဆင်းရဲသားကို မစင်ပုံရွံသလို ရွံတတ်ကြတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး နှစ်ဦးဟာ သူတို့ရဲ့သားနဲ့သမီးကို သဘောမတူတဲ့လူနဲ့ ယူသွားမှာကြောက်လို့ သူတို့မသိစေဘဲ လက်ထပ်စာချုပ်ကြိုချုပ်ပေးထားဖို့လုပ်ရာက အသိုင်းအဝိုင်းထဲကမဟုတ်တဲ့လူနဲ့တွေ့ဆုံမိပြီး သဘောကျသွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ? ဘယ်လို ပြဿနာ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာဦးမလဲ? ချစ်သောသူချင်းပေါင်းရပါ့မလား? အလွဲလွဲအမှားမှားနဲ့ပဲ ချစ်ရသူနဲ့လက်ထပ်မယ့သူ မတူကွဲပြားသွားမလား? ဘာညာသာရကာကတော့ ...
movie
Ishq (1997)
8.4
Vada Chennai (2018)
Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်းလေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie
Vada Chennai (2018)
2018
6.6
The Dirty Picture (2011)
The Dirty Picture (2011) Genre- Biography, Comedy, Drama, Romanceဒီရုပ်ရှင်လေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ အိန္ဒိယမင်းသမီးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ဇာတ်လမ်းပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်ကာလ Tamil နဲ့ Telugu ရုပ်ရှင်ရုံတွေမှာ ပုရိသတွေကို ညို့ငင်အားကောင်းကောင်းနဲ့ ရမ္မက်သွေးဆူလွယ်အောင် ဖျော်ဖြေနိုင်စွမ်းရှိလို့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Silk Smitha ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ ၁၉၉၆ ခုနှစ်မှာ ၃၅ နှစ်အရွယ်နဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာပါ ရဲတွေကတော့ အရက်သေစာသောက်စားထားလို့ ဖြစ်တယ်ဆိုပြီး ပြောကြပေမဲ့ အလောင်းကနေရှာတွေ့ထားတဲ့ မှတ်စုကိုလည်း အဓိပ္ပာယ်မဖော်နိုင်သေးပဲ ယခုထက်ထိတိုင် ဆန်းကြယ်တဲ့ ပဟေဠိတစ်ပုဒ်အနေနဲ့ ကျန်ရှိနေပါတော့တယ်။ဒီဇာတ်ကားလေးထဲမှာတော့ Reshma ဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်ကတည်းက မြို့ကြီးပြကြီးကို သွားရောက်ချင်နေတဲ့ ကျေးတောသူလေးတစ်ယောက်ပေါ့။ မိခင်ဖြစ်သူက ယောက်ျားလေးဆန်ဆန် ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း ဆန့်ကျင်ဖက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူတစ်ယောက်ပါ။ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါသူမို့ လူရွေးပွဲ ...
movie
The Dirty Picture (2011)
2011
7.5
Touch (2024)
အချစ်ဆိုတာ ပျောက်ကွယ်သွားပေမယ့် ကိုယ့်ဖက်က ကြိုးစားမယ်ဆိုရင် တစ်နေ့မှာတော့ ပြန်လည်ဆုံတွေ့ခွင့်ရမှာပါ။ ရေစက်ပါလာရင် တွေ့ဆုံနိုင်ကြောင်းကို အိုက်စလန်က ကောင်လေးနဲ့ ဂျပန်က ကောင်မလေး အင်္ဂလန်မှာ ဆုံတွေ့ပြီး ဇာတ်အိမ်တည်ထားပါတယ်။မမျှော်လင့်ထားတဲ့ အရာတွေကြောင့် သူတို့နှစ်ယောက် ကွဲသွားကြပါတယ်။ ခရစ္စတိုဖာက အိမ်ထောင်ကျခဲ့ပြီး အိမ်သူကွယ်လွန်သွားတဲ့နောက် သူ့မှတ်ဥာဏ်တွေ မပျောက်ကွယ်သွားခင် လွန်ခဲ့တဲ့ နှစ် ၅၀ကျော်က ကွဲကွာသွားရတယ့် ချစ်သူကို လိုက်ရှာပါတော့တယ်။ နိုင်ငံတွေ တစ်နိုင်ငံပြီး တစ်နိုင်ငံကို ကိုဗစ်ကာလမှာ ခက်ခက်ခဲခဲလိုက်ရှာတယ့် ခရစ္စတိုဖာ သူ့ အချစ်ဟောင်းကို ပြန်ရှာတွေ့မှာလား။ တခြားရော ဘာတွေတွေ့ကြုံရမှာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။ ဒီကားထဲက ခရစ္စတိုဖာရဲ့ ဇွဲကိုတော့ ချီးကျူးမိပါတယ် File size…(1.9 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer
movie
Touch (2024)
5.1
When I Met You in Tokyo (2023)
When I Met You In Tokyo (2023) ============================== Romance/Drama IMDb rating - 4.7/10ဒီဇာတ်လမ်းလေးကတော့ ဂျပန်လိုတခြားပြည်ပနိုင်ငံမှာ နှစ်ပေါင်းများစွာအလုပ်လုပ်ရင်း မိသားစုကိုထောက်ပံ့ရင်း အလုပ်လုပ်နေကြတဲ့သူနှစ်ယောက်ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်းလေးပါ။ အဲဒီအပြင် အချစ်ဆိုတာ ဘယ်အသက်အရွယ်ပဲရောက်ရောက်နုပျိုအသက်ဝင်နေဆဲဖြစ်တယ်ဆိုတာကို ဒီဇာတ်ကားမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းကတော့... လူ့ဘဝဆိုတာမွေးဖွားလာကတည်းက လက်တွဲဖော်ကိုယ်စီနဲ့မွေးဖွားလာကြတယ်။ ငါ့ရဲ့ဖူးစာရှင်ကတော့ တော်တော်လေးနောက်ကျနေတယ်နဲ့တူပါတယ်လို့အတွေးဝင်နေတဲ့ အက်ဇွန်တစ်ယောက် မိန်းမကသစ္စာဖောက်သွားတဲ့ စိတ်ဒဏ်ရာကြောင့်လောကကြီးကိုစိတ်နာနေတဲ့ဂျိုဝီနဲ့စတွေ့ကတည်းကဘုနဲ့ဘောက်ဖြစ်ပြီး ငြင်းရင်းခုန်ရင်းကနေ အချင်းချင်းအပြန်အလှန်နားလည်ပေးနိုင်တဲ့ အချစ်အိမ်လေးတစ်ခုကိုတည်ဆောက်သွားကြမယ့်ပုံကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Swe Yee ပါ )File size_(1.8GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Swe Yee
movie
When I Met You in Tokyo (2023)
7.5
Free Fall/ Freier Fall(2023)
Free Fall/ Freier Fall(2023)===================မာ့ခ်ဟာ အတူနေချစ်သူနဲ့မကြာခင် ကလေးရတော့မှာဖြစ်တဲ့ လူငယ်ရဲအရာရှိတစ်ယောက်ပါ။အဓိကရုဏ်းနှိမ်နင်းရေး သင်တန်းမှာတက်ရောက်နေပြီး ဆောင့်ကြွားကြွားနိုင်တဲ့ သူ့အခန်းဖော်ကိုင်း နဲ့ လည်း ကတောက်ကဆအနည်းငယ်ရှိပါတယ်။တစ်နေ့တော့ လေ့ကျင့်ရေးကွင်းထဲမှာ ကိုင်းနဲ့သူ ထိပ်တိုက်ရုန်းရင်းဆန်ခတ်ဖြစ်ကြတဲ့အတွက် ရုံးခန်းအခေါ်ခံခဲ့ရပါတယ်။ဒါပေမယ့် မကြာခင်မှာ ကိုင်းက သူ့ရဲ့ရိုင်းပျမှုအတွက် တောင်းပန်ခဲ့ပြီးတဲ့နောက် တောအုပ်ထဲကို အတူတူအပြေးကျင့်ကြရင်း ရင်းနှီးမှုပိုလာရင်း ကိုင်းရဲ့တဇွတ်ထိုးအပြုအမူတွေ၊ သူငယ်ချင်းထက်ပိုချင်တဲ့ အရိပ်အယောင်တွေမှာ သာယာပြီး ရုန်းမရအောင်ဖြစ်လာတဲ့အခါ သူ့ရဲ့ဘ၀ဟာ နက်ရှိုင်းတဲ့ချောက်နက်ကြီးတစ်ခုထဲကို တရိပ်ရိပ်ထိုးဆင်းနေမိပြီဆိုတော့ မာ့ခ် အလန့်တကြားသိလိုက်ရပါတော့တယ်။ Free Fall ဟာမထင်မှတ်ပဲ ဒေသတွင်းမှာရော အပြည်ပြည်ဆိုင်ရာ ပရိသတ်ကြားမှာပါအောင်မြင်သွားခဲ့တဲ့ ဂျာမန် romance/drama ကားတစ်ကားပါ။မင်းသားနှစ်ယောက်ကြားက ဓာတုဗေဒ၊ လှပသွက်လက်တဲ့ တင်ဆက်ပုံ၊နောက်ခံတေးဂီတ အစစအရာရာပြည့်စုံတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဒီကားရဲ့အောင်မြင်မှုကြောင့် Free Fall 2 ကိုလျာထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့်အခုချိန်ထိ ထွက်မလာနိုင်သေးပါဘူး။ Berlin Film Festival မှာ ပွဲဦးထွက်ပြသခဲ့ပြီး အခုချိန်ထိ ...
movie
Free Fall/ Freier Fall(2023)
7.6
Game Over(2019)
Game Over (2019) =============IMDb 7.6/10 Rotten Tomatoes 55%အိန္ဒယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာ အလောင်းမီးရှို့ဖျက်စီးပစ်တဲ့ စိတ္တဇလူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ် အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလို ရှာဖွေလို့လည်း မရသေးပါဘူးတစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ Game Over ဖြစ်မလား လူသတ်ကောင်ကပဲ Gmae Over ဖြစ်မလားဆိုတာကိုတော့ ....India, Thriller လူသတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို လက်အလွတ်မခံပါနဲ့ခင်ဗျ အဓိက သရုပ်ဆောင်နေရာမှာလည်း အချစ်ဆုံး Taapsee Pannu ဖြစ်နေတော့ ပြောစရာကိုမလိုလောက်အောင်ပါပဲ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်... File size…1.4GB / 610MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zaw Htoo
movie
Game Over(2019)
2019
7.1
Dog Days (2024)
Dog Days (2024) **************** အမေရိကန် ဇာတ်လမ်းတွဲဖြစ်တဲ့ Dog Days ကို Remake ပြန်ရိုက်ထားတာဖြစ်ပြီးလက်မှတ်ပေါင်း ၃ သိန်းကျော်ရောင်းရတဲ့အထိ ကြည့်ရှုမှုနှုန်းမြင့်တဲ့ ဒီကားလေးမှာတော့ကမ္ဘာကျော် ဗိသုကာပညာရှင် ဂျိုမင်ဆောအဖြစ် Oscar ဆုရှင်မင်းသမီးကြီး Youn Yuh-Jungအဆောက်အဦပိုင်ရှင် ဂိုမင်ဆန်းအဖြစ် Ehxuma ထဲမှ Yu Hae-Jinတိကုဆေးရုံအုပ် ဂျင်ယောင်းအဖြစ် Pale Moon ဇာတ်လမ်းတွဲထဲမှ Kim Seo-JungMoney Heist ဇာတ်လမ်းတွဲထဲမှ မင်းသားချော Lee Hyun-Woo , Kim Yunjin , Jung Sung-Hwa ,Daniel Henney စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများအပြင်ချစ်စရာကောင်းတဲ့ ကလေးမလေး Yoon Chae-Na တို့ အဓိကပါဝင်ထားပြီး ဧည်သည်သရုပ်ဆောင်အဖြစ် Kim Go-Eun မှ ပါဝင်အားဖြည့်ပေးထားပြီးအာဝုလေးတွေကနေ တစ်ဆင့် တွေ့ဆုံဖို့ဖြစ်လာကြတဲ့ လူတွေအချင်းချင်း နှစ်သိမ့်ပေးကြပြီးတော့ခံစားချက်တွေ ဝေမျှကြတာကို ...
movie
Dog Days (2024)
5.8
Something Borrowed (2011)
Rachel (Ginnifer Goodwin) ကတော့ အောင်မြင်နေတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး သူငယ်ချင်းတွေအပေါ်ရော အလုပ် အပေါ်ပါ အလေးထား သစ္စာရှိတဲ့သူတစ်ယောက်ပေါ့တစ်နေ့ သူမရဲ့အသက် ၃၀ ပြည့်မွေးနေ့မှာ အရက်တွေ အလွန်အကျွံသောက်မိပြီး သူ့အရင်တုန််းက Crush နဲ့ အတူူ အိပ်မိသွားတယ်အိပ်တာက ပြသနာမဟုတ်ပေမယ့် Crush ဆိုတာက သူ့အချစ်ဆုံးသူငယ်ချင်းနဲ့ စေ့စပ်ထားတဲ့သူဖြစ်နေတာပါအဲ့လိုနဲ့ ဘယ်လိုတွေ အရှုပ်အထွေးတွေကြား ဟာသနှောပြီး ရိုက်ထားလဲဆိုတာကို ဆက်လက် ကြည့်ရှု့လိုက်ရအောင်( အညွှန်းရေးသားထာသူကတော့ a hao ပါ )File size_(2.4GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Something Borrowed (2011)
6.9
Kinds of Kindness (2024)
အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ်Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊The Favourite နဲ့ The Killing of a Sacred Deer ကိုဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကိုတွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်းမေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရုမစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း***************ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက်ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီးရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက်အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေပေါ့။ဒုတိယပိုင်းက လှေမှောက်ပြီး ...
movie
Kinds of Kindness (2024)
4K HEVC
7.5
Secret (2007)
Secret (2007)လူတိုင်းမှာ ပြောလို့မရတဲ့ လျှို့ဝှက်ချက်ဆိုတာရှိပါတယ်။ ပြောလိုက်ရင် ယုံကြည်မှုပျက်ပြားသွားမှာတို့၊ လူတွေနားမလည်ဘဲ လှောင်ရယ်ကြမှာမျိုးတို့ပေါ့။ ဒီကားရဲ့ ဇာတ်ကောင် လုရှောင်ယွီမှာလည်း ဒီလိုမျိုးလျှို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် ထန်းရှန်းအနုပညာကျောင်းကို ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် ယဲ့ရှန်းလွင်ဟာ ကျောင်းစစတက်တဲ့နေ့မှာပဲ ထူးဆန်းတဲ့သီချင်းသံကြောင့် စန္ဒရားအခန်းဟောင်းထဲကို ဝင်သွားရာက လျှို့ဝှက်ဆန်းကြယ်တဲ့ လုရှောင်ယွီနဲ့ ဆုံခဲ့ပါတယ်။ ယဲ့ရှန်းလွင်ရော ရှောင်ယွီရော အတန်းတစ်တန်းတည်းက ဖြစ်ပြီး စန္ဒရားအထုံပါရမီလည်း ရင့်သန်ကြတာမို့ အချင်းချင်းခင်မင်ရင်းနှီးပြီး ချစ်မိသွားခဲ့ကြပါတယ်။ဒါပေမဲ့ ဒီကောင်မလေးဟာ ကျောင်းကိုတစ်ခါတလေမှလာတဲ့ ကျန်းမာရေးမကောင်းသူလေးပါ။ "ငါမရှိရင် တခြားကောင်မလေးတွေကို သွားကြိုက်မှာလား" လို့ သဝန်တိုတတ်တဲ့ ရှောင်ယွီတစ်ယောက် ယဲ့ရှန်းလွင် တခြားကောင်မလေးနဲ့နမ်းတာ မြင်သွားတဲ့အချိန်မှာ ရှန်းလွင်ဘဝကြီးထဲက ပျောက်ကွယ်သွားပါတော့တယ်။ ဘဝထဲက ပျောက်ကွယ်တာထက် ပိုဆိုးတာကတော့ ရှန်းလွင်ရဲ့ဘေးကလူတွေအကုန် ရှောင်ယွီရဲ့ တည်ရှိမှုကို မသိကြတာပါပဲ။ရှောင်ယွီက တကယ်တမ်းဘယ်သူလဲ? ဘာလို့ ဘယ်သူမှ သူ့ကိုမသိကြတာလဲ? ရှောင်ယွီရဲ့လျှို့ဝှက်ချက်က ဘာလဲ? ရှန်းလွင်တစ်ယောက် ရှောင်ယွီကို ပြန်ဆုံနိုင်ပါ့မလား?ဒီကားဟာ ထိုင်ဝမ်ရဲ့ နာမည်ကြီးအဆိုတော် Jay Chou ကိုယ်တိုင် မင်းသားယဲ့ရှန်းလွင် အနေနဲ့သရုပ်ဆောင်ထား၊ ဇာတ်ညွှန်းပါ ...
movie
Secret (2007)
2007
6.4
Love You to Debt (2024)
ချစ်ကြွေးရှင် (၂၀၂၄)2014 တုန်းက ထွက်ရှိခဲ့တဲ့ The Worst of evilဒါရိုက်တာရဲ့ နာမည်ကြီးmovieတစ်ခုဖြစ်တဲ့ Man in Love ကို remake ပြန်ရိုက်ကူးထားတဲ့ Love You to DebtBright နဲ့ Yayaလို castအလန်းဇယားတွေနဲ့ပွဲထုတ်ထားတဲ့အပြင် မနှစ်ကတည်းက trailerတွေသတင်းတွေကြည့်ပြီး မျှော်တလင့်လင့် စောင့်စားနေရသူတွေအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။အကြွေးတောင်းရဖို့ဆို အသက်ကိုလောင်းကြေးထပ်ရဲတဲ့အထိ မိုက်ရူးရဲဆန်လွန်းတဲ့ အကြွေးတောင်းသမားလေး "ဘို"ဘဝမှာ ဘာကိုမှဂရုမစိုက်ဘူးဆိုတဲ့ "ဘို" တစ်ယောက် "အော့" ဆီက အကြွေးသွားသိမ်းရာကနေ အော့ ရဲ့သမီးချောလေး"အင်မ်" နဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ....အဖေ့ရဲ့အကြွေးတွေနဲ့ ဆေးရုံစရိတ်တွေကြား အကြွေးနွံနစ်နေတဲ့ အင်မ် ကိုမှ တဇွတ်ထိုးဆန်တဲ့ဘိုက ချစ်မိသွားတဲ့အခါ အကြွေးသိမ်းတဲ့သူနဲ့ ကြွေးနွံနစ်နေတဲ့သူတို့နှစ်ယောက်ကြားက ချစ်ဇာတ်လမ်းလေးက ဘယ်လိုခရီးဆက်ကြမလဲဆိုတာ CMနဲ့အတူ ရှုစားကြပါဦး(အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao တို့ပဲ ဖြစ်ပါတယ်)Genre..... Action, Comedy, ...
movie
Love You to Debt (2024)
5.0
[18+] Butas (2024)
နိုဝယ်နဲ့ကေလာတို့ဟာ အဆောင်တစ်ခုတည်းမှာနေထိုင်ကြတဲ့ ချစ်သူတွေဖြစ်ပြီး အဆောင်ပိုင်ရှင်ကေလာအဒေါ်မသိအောင် တိတ်တိတ်လေးကြိတ်ပုန်းခုတ်နေရပါတယ်။ကေလာကတော့ အဒေါ်ဖြစ်သူရဲ့ ကျေးဇူးမကင်းတာအပြင်ရှေးရိုးစွဲအယူအဆမျိုးရှိတာကြောင့် လိင်ကိစ္စနဲ့ပတ်သက်ရင် နိုဝယ်ကိုလိုက်လျောပေမယ့် သစ်တုံးကြီးလိုပဲ နေတာကြောင့်အကွက်ဆန်းတွေနဲ့ကြမ်းချင်တဲ့ နိုဝယ်မှာ မချင့်မရဲဖြစ်နေရပါတယ်။တစ်နေ့တော့ သူတို့အဆောင်ကို မေယက်ဆိုတဲ့ အပြင်အဆင်ခေတ်ရှေ့ပြေးသလို ဆက်ဆံရေးပွင့်လင်းရဲတင်းတဲ့ အဆောင်သူအသစ်တစ်ယောက် ရောက်လာချိန်မှာတော့ သူတို့ဘ၀တွေမှာအပြောင်းအလဲတစ်ချို့နဲ့ကြုံဆုံရဖို့ဖြစ်လာပါတော့တယ်။( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ alias ပါ ) File size_(1.8GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Adult, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
[18+] Butas (2024)
First
2
3
4
5
6
Last
Previous
Next