Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
7.8
Ode to My Father ( 2014 )
1950 ခုနှစ်ကိုဇာတ်ကြောင်းယူထားပြီးဒီ ဇာတ်ကားလေးဟာကိုရီးယား Box Office ရဲ့ တကယ့် ထိပ်တန်း Drama ကားလေးပါပဲဆုပေါင်း 20 လျာထားခြင်းခံရပြီး 17 ဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်Imdb Rate ကလည်း 7.8 ဖြစ်ပြီးတော့ rottentomatoes က 71%ဖြစ်ပါတယ်..WorldWide Box Office ဝင်ငွေကတော့ 105 Milionsပဲဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းလေးကတော့1950 ခုနှစ် December လ ကိုရီးယားမှာစစ်ပွဲတွေပြင်းထန်နေတဲ့အချိန်ယွန်းဒေါ့ဆူတို့မိသားစုဟာ ပြေးလိုက်လွှားလိုက် အန္တရာယ်ကိုကျော်ဖြတ်လိုက်နဲ့ပါပဲသူတို့မိသားစုရော ဒေါ့ဆူရဲ့ ကံကြမ္မာဟာ ပြောင်းလဲဖို့ဖန်လာတယ်ပဲပြောရမလားစစ်ပွဲအတွင်းမှာ ဒေါ့ဆူဟာသူ့ရဲ့ညီမလေးကို ပျောက်ဆုံးသွားပါတော့တယ်ညီမကိုချစ်တဲ့ဒေါ့ဆူ...သူပါလိုက်ရှာမယ်ပြောတော့ သူ့အဖေကနေခဲ့ဖို့ပြောပြီး တကယ်လို့ သူမရှိခဲ့ရင်ဒေါ့ဆူ က မိသားစုအကြီးအကဲအနေနဲ့ မိသားစုကိုစောင့်ရှောက်ရမယ်လို့မှာခဲ့တယ်စစ်ပွဲအပြီး ဘူဆန်မှာအခြေချပြီးတဲ့အခါမှာတော့ ဒေါ့ဆူဟာသူ့အဖေရဲ့မှာကြားချက်အတိုင်းသားကြီးတစ်ယောက်အနေနဲ့ကျန်ရစ်ခဲ့တဲ့မိသားစုအပေါ်မှာအစစအရာရာအကုန်တာဝန်ယူပြီးတော့ ရှေ့ဆက်ကြိုးစားပါတော့တယ်သူ့ရဲ့အနှစ်နာခံမှုတွေ...စွန့်လွှတ်မှုတွေက ရင်ကိုထိခိုက်စေမှာပါအချစ်ကြောင့်..မိသားစုကြောင့် ဒေါ့ဆူတစ်ယောက်ဘာတွေဘယ်လိုဆက်ဖြစ်ပြီး ဘယ်လိုရင်ဆိုင်မယ်ဆိုတာကို ဆက်လက်စောင့်ကြည့်ရအောင်ကိုရီးယား ထိပ်တန်း Drama ဖြစ်တဲ့အညီ ဘာတွေကများဒီဇာတ်ကားကိုနာမည်ကြီးစေခဲ့တာလဲဆိုတာ..ခံစားကြည့်ရအောင်Translated By Ei PyaeReview & Encoded By : LK
movie
Ode to My Father ( 2014 )
7.0
The Royal Tailor (2014)
တော်ဝင်အပ်ချူပ်သမားဆိုတဲ့ The Royal Tailor ဇာတ်ကားကဂျိုဆွန်ခေတ်မှာ အရမ်းတော်တဲ့ အပ်ချုပ်သမား အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ဖြစ်ပါတယ်။ မင်းသမီး Park Shin-Hye ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလဲဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အကျီဝတ်စုံတွေဆိုတာ တစ်သတ်မတ်တည်းရှိနေပြီးတော့ အတိုအရှည်အတိုင်းအတာတွေဆိုတာလဲ တစ်ပုံစံတည်းဖြစ်တာကြောင့် မတော်တဲ့သူကမတော် ရှည်တဲ့သူကရှည် တိုတဲ့သူကတိုနဲ့အချိုးမကျနိုင်ခဲ့တာပါ ဒါကိုပြုပြင်ပေးနိုင်ခဲ့တဲ့သူတစ်ယောက်ရှိပါတယ်။ ထင်ရှားလှတဲ့သူ့ရဲ့အရည်အချင်းကြောင့် မိဖုရားကနန်းတွင်းကိုခေါ်ဆိုခဲ့ပြီးတော့ ဘုရင့်ရဲ့အရင်ကဝတ်ရုံတော်ကိုပြန်လည်ပြင်ဆင်စေခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘဝဆိုတာရရနေ ရရစားနဲ့ သူသဘောကျတဲ့ပုံစံကိုပဲလုပ်ဆောင်ချင်ခဲ့တဲ့ဘဝမျိုးဆိုတော့ အချိုးအကွေ့အပြောင်းအလဲကသိပ်တော့ မချိမြိန်လှပါဘူး။ နန်းတော်ရဲ့ပင်တိုင်အပ်ချုပ်ကြီးကလဲ သူ့နေရာကိုအစားထိုးဝင်ရောက်လာတဲ့သူကိုနေရာပျောက်မှာစိုးရိမ်စိတ်တွေရော အချစ်ဇာတ်လမ်းသေးသေးလေးတွေပါရောပြွန်းပါဝင်နေတဲ့ဒီဇာတ်ကားကကြည့်ကောင်းလှပါတယ်။ အလှဆုံးကတော့ ပတ်ခ်ရှင်ဟေးပါပဲ မိဖုရားဆိုတဲ့ဇာတ်ရုပ်ကိုသူ့ရဲ့ချစ်စရာမျက်နှာလေးနဲ့တကယ့်ကိုလိုက်ဖက်ညီအောင်သရုပ်ဆောင်နိုင်ခဲ့တာပါ ။ ပြီးတော့ ဒီတစ်ကားလုံးမှာဆိုရင် ပတ်ခ်ရှင်ဟေးရဲ့ပွဲတော်အတွက်ဝတ်စုံကတကယ့်ကိုအသက်ပါပဲ။ (ကပ်ပရှင်ကအသက်မဟုတ်တော့ဘူး ဒီတစ်ခါတော့ :-P) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Chram ဖြစ်ပြီ Arkar Phyo မှ Encode ပေးထားပါတယ်) File Size : (1 GB) & (427MB) Quality : .1080p.BluRay Running Time :2hr 4min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Chram Encoded by Arkar ...
movie
The Royal Tailor (2014)
2014
5.2
Painkillers (2018)
သွေးစုပ်ဖုတ်ကောင်ဆိုတာနဲ့ လူတွေရဲ့မျက်လုံးထဲမှာအသားဖြူဖြူ အစွယ်ဖွေးဖွေးကို မျက်လုံးထဲ ပြေးမြင်မိကြမှာပါ။ခုမိတ်ဆက်ပေးလိုက်တဲ့ကားလေးကတော့ လက်ရှိတကယ့်လောကမှာအမှန်တကယ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်ရောဂါတစ်ခုအကြောင်းကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်။ကယ်လီဖိုးနီးယားက ဆရာဝန်တစ်ဦးဟာ သူတန်ဖိုးမျက်နိုးထားရတဲ့လူတွေကိုဆုံးရှုံးလိုက်ရတဲ့အခါမှာ စိတ်ကျရောဂါအလွန်အမင်းခံစားရပြီးတော့တစ်ကိုယ်လုံးတုန်ယင်နေတဲ့ရောဂါကို ခံစားနေခဲ့ရပါတယ်။ဆရာဝန်အားလုံး၊ ဆေးရုံးအားလုံးက လက်လျှော့လိုက်ရပြီးတစ်နေ့မှာတော့ လက်ကိုဓားရှရာမှ သွေးထွက်နေတဲ့လက်ကိုပါးစပ်နဲ့စုပ်မိလိုက်တဲ့အချိန်မှာတော့ သူ့ရောဂါဟာခဏတာ အရှင်းကိုပျောက်ကင်းသွားခဲ့ပါတယ်။ဘာတွေဆက်ဖြစ်တော့မလဲဆိုတာတော့ ဇာတ်အိမ်ကောင်းကောင်း၊လှည့်ကွက်ကောင်းကောင်းများနဲ့ ရိုက်ကူးထားပြီးစိတ်ဝင်စားမှုပေးစွမ်းနိုင်သော ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦး File Size : ( 778 MB) & ( 230 MB)Quality : WEB-DL 720pRunning Time :1hr 23minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
Painkillers (2018)
2018
7.1
Becoming Astrid (2018)
Becoming Astrid (2018) IMDb - 7.1/10_____Rotten - 96% အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဆွီဒင်စာရေးဆရာမ Asrid Lindgren အကြောင်းကို ကျောရိုးထားရိုက်ကူးထားတဲ့ Becoming Astrid ဆိုတဲ့ Biography, Drama ကား အမျိုးအစားပါ ကလေးတွေအတွက် စာအုပ်များစွာကို ရေးသားခဲ့တဲ့ Astrid ကို သူ့ပရိသတ်ကလေးတွေက မွေးနေ့ဆုတောင်း ပို့တဲ့အသံဖိုင်လေးကို ဖွင့်ပြီးနားထောင်တဲ့ ပုံစံနဲ့ သူ့ငယ်ဘဝကိုပါ တစ်ပါတည်း ရိုက်ကူးပြသထားပါတယ် Astrid ငယ်စဉ်ကတည်းက ပုံပြောကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ စာရေးစာဖတ်ကို အရမ်းဝါသနာပါပြီး တစ်နေ့မှာတော့ သူတို့မြို့လေးက သတင်းစာတိုက်မှာ အလုပ်သင်လုပ်ခွင့်ရခဲ့ပါတယ် အယ်ဒီတာကတော့ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ သူပါ... သူစိတ်ညစ်စရာတွေကို နှစ်သိမ့်ပေးရင်း Astrid နဲ့ ချစ်ကြိုးသွယ်မိရာက Asrid တစ်ယောက် ကိုယ်ဝန်ရသွားပါတယ် ကလေးကို တိတ်တိတ်ပုန်းမွေးပြီး သားလေးကို ဒိန်းမတ်မှာ ထားခဲ့ရတဲ့ Astrid တစ်ယောက် ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ ဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါ... IMDB ...
movie
Becoming Astrid (2018)
2018
7.2
Mirai(2018)
Mirai(2018)IMDb.....7.2,,,Rotten....92%"ကွန်" ဆိုတဲ့ ၄ နှစ်သားအရွယ်ကလေးလေးတစ်ယောက်၊ မိဘမေတ္တာတွေကို ပုံပြီးရနေတဲ့အချိိန်မျိုးမှာမှ သူ့ဘဝထဲကို "မိရိုင်" ဆိုတဲ့ညီမလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါ အဖေနဲ့အမေဆီကရနေကြ အာရုံစိုက်မှု အလိုလိုက်မှု စတဲ့ဂရုစိုက်ခံရမှုအားလုံးကလည်း ညီမလေးဖြစ်သူ "မိရိုင်"ဆီအလိုလိုရောက်ရှိသွားပါတယ်... ၄နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ မနာလိုမှု ဝမ်းနည်းကြေကွဲရမှုတွေက ညီမလေး "မိရိုင်" ဆီ ဒေါသအဖြစ်ရောက်သွားပါတော့တယ်။ဒီလိုမျိုး တစ်ယောက်တည်းအထီးကျန်နေတဲ့ "ကွန်" ဆီကို ညီမဖြစ်သူ "မိရိုင်" ကအနာဂတ်ကနေ လူငယ်အသွင်ရောက်ရှိလာတဲ့အခါ "ကွန်"တစ်ယောက်ဘယ်လိုထူးဆန်းမှုတွေရဲ့ကြုံလာရမလဲ "မိရိုင်" ကရော ဘာလို့အနာဂတ်ကနေ ရောက်လာရတာလဲ တစ်အိမ်လုံးရဲ့ဖူးဖူးမှုတ်ခံထားရတဲ့အချိန် ရုတ်တရက် လျစ်လျူရှုခြင်းခံလိုက်ရတဲ့ကလေးတစ်ယောက်ကရော အနာဂတ်မှာ ဘယ်လိုတွေဖြစ်လာမလဲ စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒါရိုက်တာ"Mamoru Hosoda" ရဲ့ ဇတ်ကားအသစ်ဖြစ်တဲ့ "Mirai" ဆိုတဲ့ ရုပ်ရှင်က အခုဆိုရင် Best Animation Film nomineeအဖြစ် ၉၁ ကြိမ်မြောက် Oscar ဆန်ကာတင်စာရင်းမှာလည်း ပါနေပါသေးတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်...File ...
movie
Mirai(2018)
2018
6.7
The Unjust (2010)
ဒီကားလေးကတော့မင်းသားကြီး jung-min Hang နဲ့ dong-seok Ma တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားအက်ရှင်ကားလေးပါ ဇာတ်လမ်းလေးကတော့ ကျောင်းသူ၅ယောက်မုဒိမ်းကျင့်အသတ်ခံရတဲ့အမှုကြီးကြောင့် ကိုရီးယားပြည်သူတစ်ရပ်လုံးဒေါသထွက်ကြရပါတယ်။ သမ္မတကြီးပါပါဝင်ပတ်သတ်လာပြီး ကိုရီးယားရဲဌာနကို တရားခံအစစ်မိရေးအတွက်ဖိအားပေးထားပါတယ်။ ရဲဌာနကချွဲအရာရှိဟာထက်မြက်တဲ့ရဲသားတစ်ဦးဖြစ်ပေမယ့် အကယ်ဒမီကျောင်းဆင်းမဟုတ်လို့ရာထူးမတက်နိုင်ရသေးသူလဲဖြစ်တယ်။ တစ်ဖက်မှာလဲအဓိကသံသယရှိသူတရားခံတစ်ဦးကို မစစ်ဆေးရသေးခင်ပစ်ခတ်မှုတွေကြောင့်ပွဲချင်းပြီးသေဆုံးခဲ့ရတယ်။ အထက်ကဖိအားတွေနဲ့ရဲဌာနမှူးဟာအကယ်ဒမီကျောင်းဆင်းမဟုတ်တဲ့ချွဲအရာရှိကို တရားခံအဖြစ်သရုပ်ဆောင်ရှာခိုင်းလိုက်ရာကနေဘာတွေဆက်ဖြစ်မလဲ။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်သူ့ဝန်ထမ်းတွေကြားကလာဘ်ပေးလာဘ်ယူကိစ္စတွေက နေလူသတ်မှုတွေဖြစ်စေတဲ့ထိကြီးထွားလာတာတွေ ညီနောင်သံယောဇဉ်နဲ့တစ်ကိုယ်ကောင်းဆန်စွာရာထူးတက်ရေးဘာကိုရွေးချယ်မလဲဆိုတာကိုတော့..... (ဇာတ်လမ်းနဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnyot Myet ဖြစ်ပီး Arkar Phyo မှ Encoded ပေးထားပါတယ်) File Size : (944MB) & (481MB) Quality : .1080p.BluRay Running Time :1hr 54min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnyot Myet Encoded by Arkar Phyo (Yrfatt)
movie
The Unjust (2010)
2010
7.0
[18+] Secretary (2002)
+++Dark Side production မှ တင်ဆက်သည်။+++ဒီဇာတ်ကားမှာ မစ္စတာ Grey အဖြစ် မင်းသားကြီး James Spader...Mr.Grey ရဲ့ အတွင်းရေးမှူး ဟော်လိုဝေး အဖြစ် မင်းသမီးကြီး Maggie Gyllenhaal...ဇာတ်လမ်းကတော့ မစ္စတာဂရေးနာမည်ကို ကြားလိုက်တာနဲ့ ဘယ်လိုဇာတ်ကားဆိုတာ မှန်းမိမယ်ထင်ပါတယ်..ငယ်ငယ်ကတည်းက မိဘတွေရဲ့ ဘဝအခြေအနေကြောင့် စိတ်ဒဏ်ရာအများအပြားနဲ့ ကြီးပြင်းလာရတဲ့ ဟော်လိုဝေး..ခက်ထန်တဲ့ အမူအရာတွေနဲ့ ကြမ်းတမ်းတတ်တဲ့ မစ္စတာဂရေး...သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်တဲ့ အမှောင်ခြမ်းတွေကို ရုံးခန်းတစ်ခုထဲမှာ ဘယ်လိုတွေ ခင်းကျင်းကြမလဲဆိုတာ.....။18+ ဇာတ်ကားဆိုပေမယ့် Rating တွေလဲ မြင့်ပါတယ်။IMDb (7/10) နဲ့ Rotten Tomatoes 76% ထိ ရရှိထားတဲ့ လူကြီးဇာတ်ကားပါ။ File size…(1.1 GB) Quality…Blu-Ray 720p Format…mkv Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Dark Side TNL
movie
[18+] Secretary (2002)
2002
7.7
Il Mare (2000)
Il Mare (2000)့" ငါတို့ခံစားနေရတဲ့ အကြောင်းရင်းက အချစ်တွေရပ်တန့်သွားလို့ မဟုတ်ဘူး ၊ ဆက်ချစ်နေသေးလို့ပဲ "—————Kim Eun Joo ဆိုတဲ့ အသံသရုပ်ဆောင်တစ်ယောက်ဟာ Il Mare ကနေပြောင်းတော့ စာတိုက်ပုံးထဲမှာ စာလေးတစ်စောင် ချန်ထားခဲ့တယ် ။" ကျွန်မက ဒီအိမ်မှာ ရှင့်အရင် နေခဲ့တဲ့သူပါ ၊ အမှန်တကယ်တော့ ကျွန်မရှင့်ကို အကူအညီတောင်းမလို့ပါ ၊ ကျွန်မ စာအချို့ကိုမျှော်နေတာပါ ၊ ကျွန်မနာမည်နဲ့ စာအချို့ရောက်လာရင် ဒီလိပ်စာအတိုင်း ကျွန်မဆီကို ပို့ပေးနိုင်မလားရှင့် ၊ အဲလိုလုပ်ပေးမယ်ဆိုရင် ကျွန်မအမှန်တကယ်ကို ကျေးဇူးတင်မိမှာပါ "December 21, 1999 'Il Mare' မှာကံကောင်းပါစေလို့ ဆန္ဒပြုလျက် Kim Eun Joo( ခွေးကလေးရဲ့ ခြေရာတွေက ကျွန်မ ပြောင်းမလာခင်ကတည်းက ရှိနေတာပါ ၊ ကျွန်မကြိုးစားဖျက်ကြည့်ပါသေးတယ် ဒါပေမဲ့မရဘူး ၊ ရှင်သိပ်မကြာခင် ...
movie
Il Mare (2000)
2000
5.5
Attraction (2017)
movie
Attraction (2017)
2017
8.6
The Silence of the Lambs (1991) IMDb - 8.6/10_____Rotten - 96% Won 5 Oscars. Another 63 wins & 51 nominations The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ...
movie
The Silence of the Lambs (1991)
1991
6.8
Crime Story (1993)
ဒီဇတ်ကားမှာအဓိကဇာတ်ကောင်ဖြစ်တဲ့ အင်စပက်တာအက်ဒီချန်းနေရာမှာ သရုပ်ဆောင်ဖို့ပထမဆုံးစဉ်းစားခံရတဲ့သူကတော့ တရုတ်ပြည်ရဲ့ထိပ်တန်းမင်းသားဂျက်လီပဲဖြစ်ပါတယ်..ဂျက်လီဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်ကားကိုမရိုက်ကူးဖြစ်ခဲ့ပဲ မင်းသမီး မီရှဲရွန်းနဲ့တွဲဖက်ပြီး Tai Chi Master(၁၉၉၃)ဇတ်ကားကိုပြောင်းလဲရိုက်ကူးခဲ့ပါတယ်..(၁၉၉၃)ခုနှစ်မတိုင်ခင်မှာ ရဲစုံထောက်အက်ရှင်ဇာတ်ကားများ အများအပြားရိုက်ကူးခဲ့ပြီး ရဲစုံထောက်ဇာတ်ရုပ်နှင့်အကျွမ်းတဝင်ဖြစ်နေခဲ့တဲ့ ဂျက်ကီချန်းဟာဂျက်လီမရိုက်ကူးဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူနှစ်ခြိုက်တဲ့ကာရိုက်တာမျိုးဖြစ်နေတဲ့အတွက် ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဟောင်ကောင်ဒါရိုက်တာ ကာကီဟွမ်နှင့် ပူးပေါင်းပြီး ဂျက်ကီချန်းဟာ တွဲဖက်အက်ရှင်ဒါရိုက်တာအနေနဲ့ရော Main Role အနေနဲ့ပါ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်...ဟောင်ကောင်နဲ့ ထိုင်ဝမ်ပြည်နယ်တို့မှာ (၁၉၉၂) ဇူလိုင်(၉)ရက်နေ့မှစပြီး သြဂုတ်(၂၀)ရက်နေ့အထိ (၄၂)ရက်ကြာအောင် ဒီရုပ်ရှင်ကိုစနစ်တကျရိုက်ကူးခဲ့ပါတယ်...ဂျက်ကီချန်းကိုယ်တိုင်ရေးသားထားတဲ့ (My Life Acting)စာအုပ်ထဲက ရေးသားဖော်ပြချက်အရ ဒီစုံထောက်ဇာတ်ကားရိုက်ကူးစဉ်မှာ ကားနှစ်စီးယှဉ်တိုက်တဲ့ဇာတ်ဝင်ခန်းကိုလူစားမထိုးပဲ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခြေထောက်သွင်သွင်ကျိုးသည်အထိ ဒဏ်ရာရခဲ့ဖူးတယ်လို့လည်း သိရပါတယ်..(၁၉၉၃)ခုနှစ် ဇွန်လ(၂၄)ရက်နေ့မှာ ဒီရုပ်ရှင်ဇာတ်ကားကို ဟောင်ကောင်မှာ စတင်ရုံတင်ပြသခဲ့ပြီးအောင်မြင်မှုအနေနဲ့ ရရှိခဲ့တဲ့ဆုတွေကတော့(၁၉၉၃)ခုနှစ်မှာ ဂျက်ကီချန်းဟာ အကောင်းဆုံးသရုပ်ဆောင်အဖြစ်Golden Horseဆုကိုရှိခဲ့ပါတယ်(၁၉၉၄)ခုနှစ်ရဲ့ ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဂျက်ကီချန်းဟာ အကောင်းဆုံးဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအက်ရှင်စတန့်ပြကွက်(Best Action Choreography) ဆုကိုပါ ထပ်မံရရှိခဲ့တဲ့အပြင် အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ကာကီဟွမ်မှလည်း ရရှိခဲ့ပါတယ်..အကောင်းဆုံး ...
movie
Crime Story (1993)
1993
7.2
Widows(2018)
Widows(2018) IMDb....7.2,,,,Rotten...91% 2018 ထွက် Widows ဆိုတဲ့ စိတ်လှုပ်ရှား အံ့အားသင့်စရာ ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်… IMDb -7.2 Rottem Tomatoes 91% စတဲ့ အကောင်းစား Rating ကြီးတွေရထားလေတော့ ကားကောင်းနဲ့ ဒေါင်းကြည့်ဖို့တော့ပြောစရာလိုမယ်မထင်ဘူး... သို့ပေမယ့် ဇာတ်လမ်းအကြောင်းအနည်းငယ်တော့လိုအပ်မယ်ထင်လို့ပြောပါရစေ.... ဒုစရိုက်လုပ်ငန်းတွေကို အာဏာရှင်တွေ ကျောထောက်နောက်ခံနဲ့ဆောင်ရွက်နေတဲ့ ဟယ်ရီ ရောလင်း (Liam Neeson)ဟာ လူမည်းလုပ်ငန်းရှင်တစ်ဦးထံက အမေရိကန်ဒေါ်လာ တစ်သန်းလုယူအပြီး အပြန်လမ်းမှာ ရဲတွေနဲ့ပက်ပင်းမိတာကြောင့် ပစ်ကြခတ်ကြရင်း သူအပါအဝင် နောက်လိုက်နှစ်ယောက်လည်း သေဆုံးသွားပါတော့တယ်... သူတို့နဲ့အတူ လုယူလာတဲ့ ဒေါ်လာ တစ်သန်းလည်း ကားပေါက်ကွဲ မီးလောင်တဲ့အထဲပါသွားပါတယ်… သေတဲ့လူတွေကသေသွားပြီဖြစ်ပေမယ့် ဒေါ်လာတစ်သန်းကိစ္စဟာ ကျန်ရစ်သူ ဟယ်ရီရဲ့မိန်းမ ဗရော်နီကာထံ ပြဿနာခေါင်းပုံကျလာပါတော့တယ်... အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက်ကြောင့် ဗရော်နီကာဟာ ပေါက်ကွဲမှုမှာသေဆုံးသွားသူတွေရဲ့ ဇနီးတွေထံဆက်သွယ်ပြီး မုဆိုးမသုံးယောက် ဒီပြဿနာကို ဘယ်လိုများဖြေရှင်းကြမလဲ...... ဒုစရိုက်ဂိုဏ်းကြီးနဲ့မှ ပတ်သက်မိတော့ မိန်းမသားတွေအဖို့ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား..... အားနွဲ့တဲ့မိန်းမသားတွေလား ကျားသစ်မတွေလားဆိုတာကိုတော့ .....ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size : (1GB) and (376MB) Quality ...
movie
Widows(2018)
2018
6.1
Sky Hunter ( 2017 )
Sky Hunter (2017)________IMDb - 6.1/10 Sky Hunter ဇာတ်ကားဟာ ၂၀၁၇ခုနှစ်တွင်ထွက်ရှိထားသော တရုတ်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ် ပထဦးဆုံး တရုပ်လေတပ်နဲ့ပူးပေါင်းရိုက်ကူးထားတဲ့စစ်ကားလည်းဖြစ်ပါတယ် IMDb rating 6.1/10 ရရှိထားပါတယ် ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ မင်းသမီးချော ဖန်ပင်းပင်း, မင်းသား Li Cheng ,Li Jiahang စတဲ့သရုပ်ဆောင်ကောင်းတွေ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လေယာဉ်မှူးဝူးတီတစ်ယောက် ပျံသန်းဖော်သူငယ်ချင်းဖြစ်သူ နိုင်ငံခြားထွက်သွားပြီးနောက် ကောင်းကင်မုဆိုးအထူးတပ်ကိုရောက်လာပါတယ် သူနဲ့အတူအချစ်ဟောင်း ယာလိလည်း တပ်ဖွဲ့ကိုဝင်ရောက်လာပါတယ် ကောင်းကင်မုဆိုးအထူးအဖွဲ့ဝင်ဖြစ်ဖို့ သူဘယ်လိုစမ်းသပ်ခံရမလဲ......... ပျံသန်းဖော်သူငယ်ချင်းရော ဘာတွေဖြစ်နေပြီလဲ........ ဘယ်လိုတိုက်ပွဲတွေဆင်နွှဲရမယ်ဆိုတာ...... ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်Sky Hunter ဇာတ္ကားဟာ ၂၀၁၇ခုနှစ်တွင်ထွက်ရှိထားသော တရုတ်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ် ပထဦးဆုံး တရုပ်လေတပ်နဲ့ ပူးပေါင်းရိုက်ကူးထားတဲ့စစ်ကားလည်းဖြစ်ပါတယ် IMDb rating 6.1/10 ရရှိထားပါတယ် ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ မင်းသမီးချော ဖန်ပင်းပင်း, မင်းသား Li Cheng ,Li Jiahang စတဲ့သရုပ်ဆောင်ကောင်းတွေ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လေယာဉ်မှူးဝူးတီတစ်ယောက် ပျံသန်းဖော်သူငယ်ချင်းဖြစ်သူ နိုင်ငံခြားထွက်သွားပြီးနောက် ကောင်းကင်မုဆိုးအထူးတပ်ကိုရောက်လာပါတယ် သူနဲ့ အတူအချစ်ဟောင်း ယာလိလည်း တပ်ဖွဲ့ ကိုဝင်ရောက်လာပါတယ် ကောင်းကင်မုဆိုးအထူးအဖွဲ့ ဝင်ဖြစ်ဖို့  သူဘယ်လိုစမ်းသပ်ခံရမလဲ......... ပျံသန်းဖော်သူငယ်ချင်းရော ဘာတွေဖြစ်နေပြီလဲ........ ဘယ်လိုတိုက်ပွဲတွေဆင်နွှဲရမယ်ဆိုတာ...... ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File Size - 825 MB Quality - 720p Duration - 1 hrs 55 ...
movie
Sky Hunter ( 2017 )
2017
5.8
Time Freak (2018)
Ender Game ရုပ်ရှင်ဇာတ်ကားထဲကမင်းသားနဲ့MCU မှာ Dark Phoenix အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေးတို့ရဲ့Rating 5.7 ရရှိထားတဲ့Time Freak ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ချိဖတို့ ကိုယ့်စော်ကိုယ် ဘယ်လောက်ချစ်လဲ။သူ့အတွက်ဆို ဘာတွေလုပ်ပေးနိုင်လဲ။ဒီကားထဲက ကောင်လေးကတော့ လမ်းခွဲသွားတဲ့ သူ့ချစ်သူကိုပြန်ရဖို့အတွက်အချိန်ခရီးသွားစက် ကို တီထွင်ခဲ့ပြီး တွဲခဲ့တဲ့နေ့ရက်တွေမှာလုပ်ခဲ့မိတဲ့ အမှားတွေကိုပါ ပြန်ပြင်ဆင်ဖို့ ကြိုးစားတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်ကားကောင်းနှစ်သက်တဲ့သူတွေ ကြိုက်နှစ်သက်မယ့် ကားမျိုးမို့ ကြည့်ရှုအားပေးကြပါဦးဗျာ.. File Size : ( 979 MB) & ( 334 MB)Quality : BluRay 720pRunning Time :1hr 56 minFormat : Mp4Genre : Comedy , Drama ...
movie
Time Freak (2018)
2018
6.5
The Experiment (2010)
လူကိုယစ်မူးစေတဲ့ ထဲမှာ အာဏာကလည်း အဆိုးဆုံးအရာတစ်ခုပါ။ သာမာန်လူတစ်ယောက်က တခြားသာမာန်လူတစ်ယောက် အပေါ် လွှမ်းမိုးမှုရှိနေရတာဆိုတာ တကယ်ကို ယစ်မူးချင်စရာပါပဲ။ ကမ္ဘာဦးအစမှာကတည်းက အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ယူတယ်။ အခုအချိန်ထိလည်း အင်အားပုံစံတွေသာပြောင်းသွားတယ် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်တတ်နေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေ အဲဒီဖြစ်စဉ်ကနေ မတိုးတက်သေးတဲ့အတွက် တိုးတက်ဖို့လိုနေပါပြီဆိုတာကို The Experiment(2010) ဇာတ်ကားက သက်သေပြထားပါတယ်။ ဒီဇာတ်ကားလေးက IMDB Rating 6.5/10 ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူ ၂၆ ယောက်ကို အစောင့်နဲ့ အကျဉ်းသားခွဲပြီး ထောင်ပုံစံစမ်းသပ်မှုပြုလုပ်ရင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကိုပြထားတာပါ။ ကျွန်တော့်အထင်တော့ ဒီဇာတ်ကားမှာ လူသားဆန်မှုဆိုတာ ဘယ်လိုလဲလို့ ရှာတွေ့နိုင်မယ်ထင်ရဲ့ဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 860 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__6.5/10 Format__mp4 Duration__01:36:05 Type__Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by Naing Aung Latt
movie
The Experiment (2010)
2010
6.2
Mehbooba (2018)
IMDb rating : : 6.4/10 Google users : : 87% liked"ဟိမဝန္တာသစ္စာ"လို့ နာမည်ပေးရမလားပဲဗျာ။2019 ရဲ့ အစဒီလိုအခါသမယမှာပဲအိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေထဲကနေရင်ထဲကို တိုးဝှေ့  တိုက်ခတ်သွားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။. . .ဟုတ်ပါတယ်။အသစ်စက်စက် ထွက်ရှိလာတဲ့ Mehboora ဆိုတဲ့ အချစ်အက်ရှင် ဇာတ်ကားလေးပါ။ပါဝင်တဲ့ မင်းသားမင်းသမီးတွေကအသစ်စက်စက်လေးတွေဆိုပေမယ့်သူတို့ရဲ့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်သွားပုံက ရင်ကိုထိမှန်စေတဲ့ အားထုတ်မှုပါပဲ။ဒီကားမှာလေးဟာစစ်ရေးနဲ့ဘာသာရေးကို အဓိကထားပြီး အချစ်ရေးနဲ့ ရောသမကာ အကောင်းမွန်ဆုံး ဖွဲ့ သီရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားပေါ့ ခင်ဗျာ။" ဇာတ်လမ်းအညွှန်း "ရိုရှန်းဆိုတဲ့ ကောင်လေးဟာညစဉ်အိပ်မက်ဆိုးတွေ မက်တယ်။အိပ်မက်ထဲမှာ သူ အသတ်ခံရသတဲ့။ထူးခြားနေတယ်လို့ ပြောရမလား. . .သူဟာ တစ်ခြားသူတွေနဲ့ မတူပဲသွားပုံလာပုံ နေပုံထိုင်ပုံတွေကစစ်သားတစ်ယောက်လိုပဲ။စရိုက်ကလည်း မတရားတာမြင်ရင်လက်ပိုက်ကြည့်မနေနိုင်တဲ့ စရိုက်မျိုး။တစ်ကြိမ်မှာ အာဖရင်းကို လူဆိုးလူရမ်းကားတွေလက်ကနေ သူကယ်ခဲ့ဖူးသေးတယ်။တောင်တက်ရတာကို ဝါသနာပါတဲ့သူ့မှာဟိမဝန္တာတောင်ကို တက်ချင်တဲ့ အိပ်မက်လည်း ရှိတယ်။စစ်သားလည်း ဖြစ်ချင်တော့ကျောင်းပြီးတာနဲ့ တပ်ထဲကို ...
movie
Mehbooba (2018)
2018
7.1
Never Not Love You (2018)
Never Not Love You (2018)_____IMDb - 7.1/10 အရမ်းချစ်ကြတဲ့စုံတွဲလေး သူတို့ရဲ့အလုပ်တွေကြောင့် ခွဲခွာနေရတဲ့အချိန်မှ ာ ကြုံတွေ့ရတဲ့ ပြသနာတွေနဲ့ ဒီ relationship ကို ဆက်ထိန်းနိုင်ပါ့မလား နောက် ၅နှစ်အကြာမှာ ပြန်ဆုံကြတဲ့အခါ အရင်ကလိုအချစ်မျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် မချစ်နိုင်ကြတော့တဲ့အခါ ဘယ်လိုတွေဖြစ်မလဲဆိုတဲ့ ဇာတ်လမ်းလေးပါနော် ကောင်မလေးတွေ အသည်းကျော် ဖိလစ်ပိုင်မင်းသားလေး James Reid ရဲ့ 2018 မှာထွက်ရှိထားတဲ့ဇာတ်ကားလေးဆိုတော့ ကြိုက်ကြမယ်ထင်ပါတယ် LDRS လေးတွေကြည့်သင့်တယ်နော် ? (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) အရမ်းချစ်ကြတဲ့စုံတွဲလေး သူတို့ရဲ့အလုပ်တွေကြောင့် ခွဲခွာနေရတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ ပြသနာတွေနဲ့ ဒီ relationship ကို ဆက်ထိန်းနိုင်ပါ့မလား နောက် ၅နှစ်အကြာမှာ ပြန်ဆုံကြတဲ့အခါ အရင်ကလိုအချစ်မျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် မချစ်နိုင်ကြတော့တဲ့အခါ ဘယ်လိုတွေဖြစ်မလဲဆိုတဲ့ ဇာတ်လမ်းလေးပါနော် ကောင်မလေးတွေ အသည်းကျော် ဖိလစ်ပိုင်မင်းသားလေး James Reid ရဲ့ 2018 မှာထွက်ရှိထားတဲ့ဇာတ်ကားလေးဆိုတော့ ကြိုက်ကြမယ်ထင်ပါတယ် LDRS လေးတွေကြည့်သင့်တယ်နော် ? (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size : (900 MB) Quality : ...
movie
Never Not Love You (2018)
2018
7.3
First Man (2018)
First Man (2018) IMDb - 7.3/10_____Rotten - 86% Won 1 Oscar. Another 30 wins & 190 nominations အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ...
movie
First Man (2018)
2018
5.2
22 Chaser (2018)
အမေရိကန်ရှိ ကားကရိန်းဆွဲသူများဘဝကို ရိုက်ကူးတင်ပြထားသောဘဝသရုပ်ဖော်ဇာတ်ကားတစ်ကားဖြစ် သည်။ဇာတ်အိမ်ကို အမေရိကန် မြို့လေးတစ်မြို့တွင်ဖွဲ့တည်ထားပြီးအဓိကဇာတ်ကောင်ဖြစ်သူ ဆွဲကားမောင်း သမား ဘင် မှာအေဗရီဆိုသည့်ဇနီးနှင့် ဇက်ဆိုသည့် သားလေးတစ်ဦးရှိသည်။ဘင်သည် အထက်တန်းအထိ ကျောင်းနေခဲ့သူဖြစ်၍ အလုပ်လုပ်ရာတွင်စည်းကမ်းနှင့်အညီလုပ်ဆောင်တတ်သူဖြစ်ရာ သူ့ကိုဆွဲကားမောင်းသူအချင်းချင်းက ဘိုင်လော(By law)ဟုလည်းခေါ်ကြသည်။အထက်တန်းကျောင်းသား ကျောင်းသူဘဝ အိမ်ထောင် ကျသူများလည်းဖြစ်ကလေးတစ်ယောက်လည်းစောစီးစွာရ ယောက္ခမအိမ်မှလည်းခွဲထွက်၍တစ်မြို့တစ်ရွာ ပြောင်းရွှေ့ကာ နေထိုင်ကြရသဖြင့် သူတို့မိသားစုသည်ဆင်းရဲသည်ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရသည်။ဘင်မှာလည်း စည်း ကမ်းတကျကားဆွဲသူဖြစ်၍ အခြားသူတွေလောက်ငွေကြေးမရရှိပဲ ဘဝကိုခက်ခဲကြပ်တည်းစွာ ရုန်းကန်နေထိုင် ကြရသည်။ဇနီးဖြစ်သူ အေဗရီမှာလည်း ကော်ဖီဆိုင်တစ်ဆိုင်တွင် ဝင်ရောက်လုပ်ကိုင်ရင်းခက်ခဲသောရက်များ တွင် မြို့ထဲရှိ အစားအသောက်လှူဒါန်းသည့်စင်တာ(Food Bank)လိုနေရာမျိုးတွင် သွားရောက်တန်းစီ၍ ဆန်၊ ပဲ၊ အာလူး တို့ကိုယူငင်စားသောက်ရသည့်ရက်များလည်းလည်းရှိသည်။ထိုသို့ကြပ်တည်းဆင်းရဲစွာ ...
movie
22 Chaser (2018)
2018
8.2
Then Came You (2018)
ဘဝဆိုတာ ရှင်သန်ခြင်းပါ။ အသက်ရှုနေရုံ နှလုံးခုန်နေရုံနဲ့တော့ ရှင်သန်တယ်လို့မဆိုနိုင်ပါဘူး။အချိန်ဘယ်လောက်ကြာကြာရှင်သန်နေရမယ်ဆိုတာလည်း အရေးမကြီးပါဘူး။ဘယ်လိုရှင်သန်နေထိုင်ရလဲဆိုတာက အရေးကြီးတာပါ။ဒီ Then came you (2018) ဇာတ်ကားလေးမှာတော့ အသက်ရှုနေရုံရှင်သန်နေတဲ့ ကယ်ဗင်ဆိုတဲ့ ကောင်လေးရဲ့ ဘဝထဲကို စကိုက်ဆိုတဲ့ ဘဝရဲ့နေဝင်ချိန်ကို ရောက်ရှိတော့မယ့်ကင်ဆာဝေဒနာသည်ကောင်မလေး တစ်ယောက် ဝုန်းကနဲဆိုသလို ဝင်ရောက်လာချိန်မှာ ကယ်ဗင်တစ်ယောက် သူ့ဘဝကို ဘယ်လိုရှင်သန်ရမယ်ဆိုတာကို နားလည်လာပြီးစကိုက်ရဲ့ ဘဝ နောက်ဆုံးအချိန်တွေကို ဘယ်လို အဓိပ္ပါယ်ရှိအောင် ကူညီလိုက်မယ်ဆိုတာကို ဟာသလည်းမြောက် ကရုဏာရသလည်းပေါ်အောင် ရိုက်ကူးထားပါတယ်။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.9 ထိရရှိထားပြီး ရယ်ရဟားရသလို ဖီးလို့လည်းကောင်းမယ့်ဇာတ်ကားလေးပါ။Cast တွေကလည်း နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ Asa Butterfield နဲ့ကိုကိုတို့အတွက်လည်း မင်းသမီး အလန်းလေးနှစ်လက်ဖြစ်တဲ့ Game of Thrones ဇာတ်ကားက မျက်နှာမဲ့လုပ်ကြံသတ်ဖြတ်ရေးသမားမလေး Maisie Williams နဲ့Vampire Dairies ထဲက မင်းသမီးချော ...
movie
Then Came You (2018)
2018
First
392
393
394
395
396
Last
Previous
Next