Channel Myanmar

Drama

Moonamghattam (2023) 6
Moonamghattam (2023) Moonamghattam (2024)"အတိတ်ခြေရာ" ==================================လျှို့ဝှက်ဆန်းကြယ်အမျိုးအစားလို့ပြောလို့ရမယ့် မာလျာလမ်စကားပြောရုပ်ရှင်တစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။သူ့အဖေရဲ့ မိတ်ဆွေဖြစ်သူ ပျောက်ဆုံးသွားတာကို သူ့ရဲ့အပြစ်လို့ သတ်မှတ်ပြီး ကျန်ရစ်သူမိသားစုကို ဇနီးဖြစ်သူ အငြူဆူခံကာ မရှိရှိတာ ထောက်ပံ့ပေးနေတဲ့ ဆာရာသဒ်။သူဟာ ဇနီးဖြစ်သူနဲ့ လမ်းခွဲရလို့ လေလွင့်နေတုန်းမှာ သူ့ရဲ့ဝိညာဉ်လို့ယူဆရတဲ့ တစ်စုံတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီဝိညာဉ်ရဲ့ အကူအညီနဲ့ ပျောက်သွားတဲ့ သူ့အဖေမိတ်ဆွေကို ရှာဖို့ကြိုးစားနေတုန်းမှာပဲ ဆာရာသဒ်ဟာ သူ လက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေရဲ့အဖြေတွေကို တဖြည်းဖြည်းချင်း ရှာတွေ့လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.8GB / 648MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Moonamghattam (2023)

2023
Bad Manners (2023) 6
Bad Manners (2023) Bad Manners (2023) ဇိုးဒီနေ့မှာတော့ CMဘောလိဝုဒ်ပရိသတ်ကြီးအတွက် ကန်နာဒါ အက်ရှင် ဇာတ်ကြမ်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Amar (2019) ကားထဲကမင်းသား Abishek Ambareesh ကပါဝင်သရုပ်ဆောင်ထားပါတယ်။ရုဒရာလို့ခေါ်တဲ့ ရုဒ်က လူဆိုးပါ။ လူဆိုးလူမိုက်ပေမယ့် မိသားစုအကြွေးကြောင့် ရဲဌာနမှာ အလုပ်လုပ်နေရပါတယ်။ ရဲပေမယ့် အမူအကျင့်မကောင်းလို့လည်း နာမည်ကြီးနာမည်ပျက်နေတဲ့သူပါ။ဒီလိုလူကတစ်နေ့မှာ အခင်းဖြစ်တဲ့နေရာမှာ သေနတ်ပျောက်သွားတဲ့အခါ အလုပ်မပြုတ်ဖို့အရေး အပူတပြင်း ရှာပုံတော်ဖွင့်ရပါတော့တယ်။ဒီလိုနဲ့သေနတ်လေး တစ်လက်ရှာရာကနေ ပြည်တွင်းမှာ လက်နက်ခိုးထုတ်လုပ်နေတာတွေ၊ ဓားပြမှုတွေ၊ ငွေကြေးခဝါချမှုတွေ၊ နိုင်ငံရေးနောက်ကွယ်က လက်မည်းတွေအထိ နက်ရှိုင်းသိပ်သည်းတဲ့ အမှုတစ်ခုကို အစလိုက်မိသလို ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ ရုဒ်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့မလဲဆိုတာကို ခပ်မိုက်မိုက် အသတ်အပုတ်၊ အတိုက်အခိုက်ခန်းတွေနဲ့ ဒီကားလေးမှာ ဆက်စောင့်ကြည့်ပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bolloywood Team ဖြစ်ပါတယ်) File size… 2.64GB /1.27GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bad Manners (2023)

2023
Transit (2012) 7.0
Transit (2012) ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ နိတ်ဆိုသူက အိမ်ခြံမြေလုပ်ငန်းမှာ လိမ်လည်မှုနဲ့ထောင်ကျသွားခဲ့တာကြောင့် သားနှစ်ယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့ပြန်အဆင်ပြေစေဖို့ ထောင်ကထွက်လာတဲ့အချိန် အပန်းဖြေခရီးတစ်ခုထွက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လူလေးယောက်က ပိုက်ဆံလေးသန်းတင်လာတဲ့ယာဉ်ကို ဓားပြတိုက်သွားတဲ့အတွက် သတိထားကြဖို့ တွေ့ရှိကသတင်းပေးဖို့ သတင်းမှာလာနေခဲ့တယ်။ကံမကောင်းချင်တော့ ဓားပြတွေက လမ်းမှာပိတ်စစ်နေတဲ့ရဲတွေရန်ကလွတ်အောင် နိတ်တို့မိသားစုရဲ့ကားပေါ်မှာ ငွေလေးသန်းအိတ်ကြီးကို တင်ပေးလိုက်ပါတယ်။ နိတ်တို့မိသားစုကလည်း သူတို့ကားပေါ်မှာပိုက်ဆံအိတ်ပါလာတာကို မသိဘဲခရီးဆက်လာတဲ့နောက်မှာတော့...။ မိသားစုနဲ့အဆင်ပြေဖို့ကြိုးစားနေတဲ့ နိတ်တစ်ယောက် ဓားပြတွေနဲ့ပါရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Drama , Scifi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Transit (2012)

The Adderall Diaries (2015) 5.5
The Adderall Diaries (2015)  The Adderall Diaries ဇာတ်ကားဟာ ၂၀၁၅ ထွက်နာမည်ကျော် မင်းသားမင်းသမီးတွေ ပါဝင်တဲ့Crime Drama Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အားလုံးကြိုက်တဲ့ နာမည်ကျော်မင်းသား James Franco၊အားလုံးသိတဲ့ မင်းသမီး Amber Heard တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်..ဇာတ်လမ်းလေးကတော့ စတီဖင် ဆိုတဲ့ မင်းသားဟာနာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတိတ်က ဖခင်နဲ့ အဆင်မပြေခဲ့ရတဲ့ စိတ်ဒုက္ခဆင်းရဲတွေဆက်ဆံရေးအကြောင်းတွေကို စာအုပ်ရေးခဲ့ပါတယ်။ဒါပေမဲ့ သူ့စာအုပ် မိတ်ဆက်ပွဲမှာ သေပြီလို့ ရေးထားတဲ့သူ့အဖေကိုယ်တိုင် ရုတ်တရက် ရောက်လာတဲ့အခါမှာသူတို့ကြား ဘယ်လို ဆက်ဆံရေးတွေ ရှီမှာလဲ ရှိခဲ့လဲဆိုတာကို မတူညီတဲ့ ဖက် ၂ ဖက်ကနေ ကြည့်ရမှာ ဖြစ်သလိုတစ်ချိန်တည်းမှာပဲ စတီဖင် စာရေးဖို့ လေ့လာနေတဲ့လူသတ်မှုတစ်ခုကလည်း သူတို့ဘဝနဲ့ နီးစပ်နေတဲ့အခါသူ့အပေါ် ဘယ်လို သက်ရောက်မှုတွေရှိမလဲ ကြားထဲမှာလဲချစ်သူ၊မိတ်ဆွေ၊လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ဘဝကိုဘယ်လို သက်ရောက်မှုတွေရှိမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရမှာ ဖြစ်ပါတယ်.. File size…1.29GB / 583MB Quality…Blu-Ray 1080p  / ...
movie

The Adderall Diaries (2015)

My Dog Stupid (2019) 6.2
My Dog Stupid (2019)  IMDB - 6.2 Rotten tomatoes - 80%မော်ရီမိုဟန်ဟာ လွန်ခဲ့တဲ့ 25 နှစ်တုန်း bestsellerစာအုပ်ကိုရေးသားခဲ့ပြီးနောက်ပိုင်းမှာတော့ ပေါက်ကရဖွတ်ကျားစာပေတွေပဲရေးနေမိတယ်။ စာရေးဖို့ဆိုပြီးဆုရတုန်းကငွေကြေးတွေနဲ့ ပင်လယ်ကမ်းခြေနဲ့နီးတဲ့နေရာမှာ မြေငါးဧကကျယ်တဲ့အိမ်တစ်လုံးဝယ်ထားခဲ့ပေမယ့်ထင်သလိုဖြစ်မလာခဲ့ပါဘူး။စာပေစိတ်ဝင်စားတဲ့ စီဆီလ်နဲ့အတူအိမ်ထောင်ကျပြီးသားသုံးယောက် သမီးတစ်ယောက်ထွန်းကားခဲ့တယ်။လူရိုသေရှင်ရိုသေစာပေတွေမရေးနိုင်ခဲ့တာကဒီကလေးတွေကြောင့်ဆိုပြီး စိတ်ထဲမှာအမြဲတမ်းပြစ်တင်နေခဲ့တယ်။ သူ့အိပ်မက်ဖြစ်တဲ့ ရောမမြို့ကိုသွား ၊အနုပညာတွေကိုခံစား ၊တစ်ကိုယ်တည်းလေလွှင့်ရင်းစာပေရေးဖို့ဆိုပေမယ့် တစ်နေ့တစ်နေ့ အိမ်မှုကိစ္စတွေကိုပဲဖြေရှင်းနေရတယ်။ မိသားစုဆိုတာ သူ့အတွက်ပြဿနာတွေပဲပေးတယ်ဆိုတဲ့ခံယူချက်ကြောင့် တစ်မိသားစုလုံးနဲ့အမြဲတမ်းရန်ဖြစ်ရတယ်။ဒီလိုအတ္တဆန်တဲ့အတွေးတွေဟာ သူ့ကိုပြန်လည်ဒုက္ခပေးလာတဲ့အခါ...... File size…1.71GB / 705MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

My Dog Stupid (2019)

Make a Bow and Kiss (2017) 5.7
Make a Bow and Kiss (2017) Make a Bow and Kiss (2017) Genre - Drama,Romance IMDb - 5.7/10ဂျပန်လေးပစ်အားကစား(ကျူဒို)ကို အရမ်းသဘောကျတဲ့ Kishimoto တစ်ယောက် ဘွဲ့ရဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဖို့ ကြိုးစားရမှာမလို့ ကျူဒိုအသင်းခေါင်းဆောင်နေရာကို တစ်ခြားသူကိုလွှဲပေးဖို့ဖြစ်လာပါတော့တယ်။ ကျူဒိုကိုအများကြီးသဘောကျတာကြောင့် ငယ်ငယ်တည်းကဒီအားကစားကို ဆော့ခဲ့ပေမယ့် စကားလည်းနည်းပြီးတော့ ရှက်ကြောက်တတ်တဲ့အကျင့်စရိုက်ကြောင့် Kishimoto ကတစ်ယောက်တည်းပဲလေ့ကျင့်၊ တစ်ယောက်တည်းပဲကြိုးစားပြီး ပြိုင်ပွဲတွေကိုဝင်ပြိုင်တာပါ။ ဒါကြောင့် ရသင့်သလောက်ရလဒ်ကိုမရပဲ ဆုနဲ့အမြဲလွဲချော်နေသူပါ။တစ်ဖက်မှာတော့ ကျူဒိုကိုစိတ်မဝင်စားပေမယ့် ပြိုင်ပွဲတိုင်းကိုလည်း နိုင်ပြီး အရည်အချင်းရှိတဲ့ Mikamiဟာ အသင်းခေါင်းဆောင်နေရာကို ဆက်ခံဖို့ဖြစ်လာပါတယ်။ စီနီယာ Kishimoto ကိုလည်း တိတ်တိတ်လေးသဘောကျနေတဲ့ Mikami တစ်ယောက် အရှက်အကြောက်ကြီးတဲ့ စီနီယာမမ Kishimoto ကို ကျူဒိုဆက်ဆော့ပြီး အဖွဲ့ကမထွက်အောင် ကူညီလေ့ကျင့်ပေးရင်းနဲ့ ချဉ်းကပ်ဖို့လုပ်ပါတယ်။အရာရာဦးဆောင်ပြီးတော့ သူ့သဘောအတိုင်းပဲဖြစ်စေချင်တဲ့ Mikami နဲ့ ရိုးသားပြီး နုံအတဲ့ Kishimoto တို့ရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး ...
movie

Make a Bow and Kiss (2017)

A Touch of Zen (1971) 7.5
A Touch of Zen (1971) Directed by King Hu Genre - Action,Adventure,Drama IMDb - 7.5/10ကင်းဟူဟာ ဟောင်ကောင်ရဲ့ အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ရှောဘရားသားကုမ္ပဏီမှာ မင်းသားအဖြစ်ရော ရိုက်ကွင်းပြင်ဆင်သူအဖြစ်ရော စာရေးဆရာအဖြစ်ရော လုပ်ခဲ့ပြီးတဲ့နောက် ဒါရိုက်တာပါ လုပ်ခဲ့တယ်။ အကူအဖြစ်နဲ့ပဲရိုက်ခဲ့ရတာများပြီး နောက်ပိုင်းမှာ ရှောဘရားသားရဲ့ အကျော်ကြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Come Drink with Me (1966)ကို ရိုက်ခဲ့ပြီးတဲ့နောက် ၁၉၆၇မှာ ရှောဘရားသားကနေ ထွက်လာခဲ့ပြီး ထိုင်ဝမ်မှာ ကိုယ်ပိုင်စတူဒီယိုထောင်ခဲ့တယ်။၁၉၆၇မှာပဲ ထိုင်ဝမ်ကနေ သူ့ရဲ့နာမည်အကျော်ဆုံး ရုပ်ရှင်ဖြစ်သလို Wuxia ရုပ်ရှင်တွေရဲ့ သမိုင်းမှာ အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Dragon Innကို ရိုက်ခဲ့တယ်။ ဒရာဂွန်အင်းဟာ အန်းလီရဲ့ နာမည်ကျော် Crouching Tiger, Hidden Dragon (2000) နဲ့ ကျန်းရိမူရဲ့ House of Flying Daggers တို့လို ကားတွေအပါအဝင် Wuxiaကား တော်တော်များများရဲ့ အတုယူစရာ ဖြစ်ခဲ့တယ်။(2004)နောက် A Touch of Zenကို ...
movie

A Touch of Zen (1971)

Hard to Kill (1990)
Hard to Kill (1990)  Steven Seagal ကိုမသိတဲ့လူမရှိသလောက်ပါပဲ။ ခပ်မိုက်မိုက်ပုံစံနဲ့လူဆိုးတွေကိုတိုက်တတ်ခိုက်တတ်တဲ့ အဖေတို့ခေတ်ကမင်းသားတစ်လက်ဆိုလည်းမမှားပါဘူး။ ဒီရုပ်ရှင်ကတော့ မင်းသား Stevel Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမေဆင်စတွန်းဆိုတာ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စုံစမ်းနေတုန်းထူးဆန်းတဲ့အရောင်းအဝယ်တစ်ခုကို စုံစမ်းမိသွားပါတယ်။ စတွန်းတစ်ယောက်မသိလိုက်တာက ဒီတွေ့ရှိမှုနဲ့အတူပေးဆပ်မှုတွေကအရမ်းများတယ်ဆိုတာပါပဲ။ သူစုံစမ်းမိတဲ့အမှုဟာ သူ့ရဲ့မိသားစုကိုအသက်ဘေးကြုံခဲ့ရပြီးသူကိုယ်တိုင်လည်း ၇ နှစ်ကိုမာဝင်ခဲ့ပါတယ်။ ကိုမာကနိုးထလာတဲ့အခါမှာ ဒီလူတွေကပဲ သူ့ကိုသတ်ဖို့ကြိုးစားလာပြန်ပါတယ်။ ဘာတွေများဆက်ဖြစ်မှာလဲ...ကြည့်ရတန်တဲ့ အက်ရှင်တစ်ကားမလို့ မိသားစုနဲ့လည်းကြည့်ဖို့သင့်ပါတယ်။ File size…(2.3 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie

Hard to Kill (1990)

Bound by Honor (aka) Blood In, Blood Out (1993) 7.9
Bound by Honor (aka) Blood In, Blood Out (1993)  ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်​ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie

Bound by Honor (aka) Blood In, Blood Out (1993)

Above the Law (1988) 6.0
Above the Law (1988)  ဒီကားလေးကတော့နာမည်ကြီးမင်းသားကြီး Steven Seagal ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၈၈ ကထွက်ထားတဲ့ action/thriller ကားလေးဖြစ်ပါတယ် ဒီရုပ်ရှင်ကို Steven Seagal ကိုယ်တိုင် produce လုပ်ထားတာဖြစ်ပြီးတော့သူရဲ့ပထမဆုံးပွဲဦးထွက်ပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့...သိုင်းပညာမှာတော်တဲ့ CIA အေးဂျင့်ဟောင်းဖြစ်တဲ့ Nico Toscani ကသူ့ပါတနာ Delores နဲ့ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာအန္တရာယ်ရှိတဲ့မှောင်ခိုကူးမှူတစ်ခုကိုစုံစမ်းခဲ့မိကြပါတယ် ဒါပေမဲ့အထက်ကလူကြီးတွေကအဲ့ဒီအမှုကိုဆက်မစုံစမ်းဖို့အမိန့်ပေးတာကို Nico တစ်ယောက်လက်မလျှော့ဘဲအမှန်တရားကိုဆက်လက်ရှာဖွေတာကို action scenes တွေနဲ့ကြည့်လို့ကောင်းအောင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:39:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Above the Law (1988)

The Intruders (2015)
The Intruders (2015)  အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က အပြင်ထွက်ရမှာကိုအရမ်းကြောက်လန့်ပြီး အိမ်ထဲမှာပဲ နေနေခဲ့တာအခုဆိုရင်၁၀ နှစ်ကျော်တောင်ရှိခဲ့ပါပြီ။ အခုအချိန်မှာတော့ သူကသေလုမျောပါးဖြစ်နေတဲ့ သူ့အစ်ကိုကို အိမ်မှာပဲ စောင့်ရှောက်ပေးနေခဲ့ပါတယ်။သူဘာလို့ အိမ်ပြင်ထွက်ရမှာအရမ်းကြောက်လန့်နေတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။သူ့အစ်ကို ဆုံးပါးသွားတဲ့အချိန်မှာတော့ အစ်ကိုရဲ့သေတမ်းစာအတိုင်း ပိုက်ဆံတွေအများကြီးကို အမွေရခဲ့ပါတော့တယ်။လူသူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကိုကြောက်တဲ့ အန်နာ့မှာသိတဲ့ လူဆိုလို့ သူ့အိမ်ကို စားစရာ Delievery လာပို့နေကျ ကောင်လေးနဲ့ သူ့အစ်ကိုရဲ့ ရှေ့နေပဲရှိပါတယ်။အဲ့ဒါကြောင့် အန်နာလည်း စားစရာပို့တဲ့ ကောင်လေးဖြစ်တဲ့ဒန်နဲ့ ခင်မင်သွားပြီး သူ့အတွက်အရေးမကြီးတဲ့ အမွေရထားတဲ့ပိုက်ဆံတွေကို ဒန့်ကိုပေးပါတော့တယ်။ဒါပေမယ့် ဒန်ကအဲ့ဒီလောက် ပိုက်ဆံအများကြီးကို လက်မခံနိုင်တဲ့အတွက်ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ ဈာပနနေ့ကို ရောက်ရှိလာခဲ့ပြီး ထုံးစံအတိုင်းပဲ အန်နာကတော့လုံး၀အပြင်မထွက်ပါဘူး။အဲ့ဒီအချိန်မှာ လူ ၃ ယောက်ကသူ့အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်လာကြပြီး သူအမွေရထားတဲ့ပိုက်ဆံတွေကိုလာရှာပါတော့တယ်။အဲ့ဒီ လူတွေကဘယ်သူတွေလဲဆိုတာကိုအန်နာလုံး၀မသိသလို သူ့ဆီမှာပိုက်ဆံရှိနေတယ်ဆိုတဲ့သတင်းကို ဘယ်လိုရသွားကြမှန်းလည်း မသိပါဘူး။သိပ်မကြာလိုက်ခင်မှာပဲ အဲ့ဒီလူတွေက အန်နာ့ကိုတွေ့သွားပြီး ပိုက်ဆံတွေဘယ်မှာထားလဲဆိုတာကို အတင်းမေးပါတော့တယ်။ဒီလိုနဲ့အဲ့ဒီ အိမ်ကြီးထဲမှာ လူဆိုးသုံးယောက်နဲ့ အန်နာတစ်ယောက်တည်းဖြစ်နေခဲ့ပေမဲ့ တကယ်တမ်းမုဆိုးကသားကောင် ...
movie

The Intruders (2015)

Coven (2020) 6.4
Coven (2020)  Coven(2020) ဇာတ်ကားဟာ ၁၆ ရာစုက ဘာသာရေးတွေကိုအခြေခံထားတဲ့ history ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။Basque ဆိုတဲ့နိုင်ငံမှာ မိန်းကလေးတစ်စုက ညဘက်ကခုန်ပျော်ပါးနေတုန်း မနက်မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့အုပ်ချုပ်သူတွေက စုန်းပွဲလုပ်နေတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားကြပါတယ်။အဲဒီ ကောင်မလေးတစ်စုက သူတို့စွပ်စွဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ လွတ်မြောက်နိုင်မှာလား မီးရှို့သတ်ခံရမှာစတာတွေကို ပညာသားပါပါ ရိုက်ကူးထားတာ တွေ့ရမှာပဲဖြစ်ပါတယ်။မင်းသမီးချောလေး‌တွေလည်း ပါတာမို့ ကြည့်ရင်းသဘောကျမိသွားမဲ့ မင်းသမီးအသစ်လေးတွေပါ။စပိန်စကားပြော ဇာတ်ကားလေး ဖြစ်ပါတယ်  File size…1.90GB / 0.97GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

Coven (2020)

Aa Okkati Adakku (2024) 6
Aa Okkati Adakku (2024) Aa Okkati Adakku (2024) "မမေးသင့်သောအရာ" IMDb - 7.4/10တလေဂူးမင်းသား နာရက်ရှ်နဲ့ တလေဂူးမင်းသမီးချော ဖာရီယာအက်ဘ်ဒူလာတို့ရဲ့ rom-comဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရှေ့တွဲကိုကျော်တက်ပြီး အိမ်ထောင်ကျသွားတဲ့ညီငယ်ဖြစ်သူက ကလေးတစ်ယောက်ရတဲ့ထိ ဂါနာတစ်ယောက် စင်ဂယ်ဘ၀နဲ့ လမ်းပျောက်နေခဲ့ပါတယ်။မိခင်နဲ့ ညီဖြစ်သူလင်မယားတို့ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်ဖက်လိုက်ရှာပေမဲ့ အယောက်ငါးဆယ်မြောက်တဲ့ထိ အဆင်မပြေတဲ့အတွက် အိမ်ထောင်သည်ဖြစ်ချင်တဲ့ လူပျိုကြီးဂါနာတစ်ယောက် အိမ်ထောင်သည်တွေမြင်ရင်ကို စိတ်နာလို့နေပါတော့တယ်။ဆစ်ဒီဆိုတဲ့ မိန်းမပျိုလေးကတော့ ဘယ်ယောကျ်ားကိုမှအထင်မကြီးဘဲ ယောကျ်ားတွေမှန်သမျှ ဒီပုတ်ထဲက ဒီပဲပါဆိုတဲ့ ခံယူချက်ရှိသူလေး။အလွဲလွဲအချော်ချော်တွေနဲ့ သူတို့နှစ်ယောက်ဆုံတွေ့မှုကနေ အချစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.65GB / 1.24GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Aa Okkati Adakku (2024)

2024
Udeekan Teriyan (2023) 6
Udeekan Teriyan (2023) Udeekan Teriyan (2023)"ကံကြမ္မာ" =============================၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပန်ချာပီ အချစ်ဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူခီဆင်းဆိုတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ဇနီးဟာ လေယာဉ်ခရီးစဉ်တစ်ခုမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။သူဟာ သူ့ဇနီးကို ရှာပေးဖို့အတွက် ဆိုင်ရာပိုင်ရာကို နေ့တိုင်းတောင်းဆိုပေမဲ့ ဆိုင်ရာပိုင်ရာက အဖက်မလုပ်ခဲ့ပါဘူး။သူဟာ ဇနီးဖြစ်သူကို ရှာမတွေ့လို့ ပူဆွေးသောကရောက်ပြီး အထီးကျန်နေတုန်းမှာပဲ သူ့လိုပဲ တစ်ပုံစံတည်းကြုံတွေ့ခဲ့ရတဲ့ အာမရီတာဆိုတဲ့ အမျိုးသမီးနဲ့ တဖြည်းဖြည်း ရင်းနှီးသွားခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာ ရိုးရိုးသားသားခင်မင်တာဖြစ်ပေမဲ့ ကိုယ့်ထမင်းကိုယ်စားပြီးသူများအကြောင်းပြောချင်တဲ့ ပတ်ဝန်းကျင်က မဟုတ်တာတွေ သမုတ်လာတဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ။ သူတို့လဲ လက်တွဲဖော်တွေကိုရော ပြန်ရှာတွေ့မှာလားဆိုတဲ့ အဖြေတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.43GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration…. 2h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Udeekan Teriyan (2023)

2023
Blood Work (2002) 6.4
Blood Work (2002)  ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie

Blood Work (2002)

Exorcism: Haunted Child (2015) 5.3
Exorcism: Haunted Child (2015) Exorcism: Haunted Child (2015)==========================မေလန်းဟာ ပြဇာတ်ဒါရိုက်တာပညာရဲ့ကျောင်းဆင်းစာတမ်းအတွက် ဒရာမာကျောင်းတစ်ခုမှာအလုပ်သင်ဆင်းဖို့တာဝန်ကျလာခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာ သူနေထိုင်ရမယ့်နေရာကတော့ ခေါင်မိုးထပ်တစ်ခုက ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေထားတဲ့အခန်းကြီးပါပဲ။အဲ့ဒီအခန်းရှိရာ ခေါင်မိုးထပ်ပေါ်မှာကျောင်းသူတစ်ယောက်ထူးခြားစွာသေဆုံးခဲ့ဖူးပြီး အခုချိန်ထိ မကျွတ်လွတ်သေးပဲလမ်းလျှောက်နေတာကိုမြင်ရတဲ့အကြောင်း ကျောင်းအနီးအနားနေထိုင်သူတွေကပြောလေ့ရှိပါတယ်။သူ့ကိုအခုနယ်ခံကျောင်းသားတွေက ဒီအကြောင်းတွေ သတိပေးပြောပြပေမယ့် အယုံအကြည်မရှိတဲ့သူပီပီ မေလန်းကတော့ခေါင်းမာမာနဲ့ တက်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံးညမှာပဲ မယုံလို့မဖြစ်တော့လောက်အောင်ခြောက်ခြားစရာအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံလာရချိန်မှာတော့..။ anthology ပုံစံမျိုးနဲ့တင်ဆက်ထားတာဖြစ်ပြီး အဆုံးသတ်ချိန်မှာအားလုံးပြန်ဆက်စပ်ပြီးအဖြေပေါ်သွားပါလိမ့်မယ်။ထူးထူးခြားခြား vietnam horror ကားလေးဖြစ်တဲ့အတွက် ခံစားကြည့်ပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Exorcism: Haunted Child (2015)

House of Lies (2024)
House of Lies (2024) House of Lies (2024) "မုသားအိမ်တော်"အသစ်စက်စက်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အခုလက်ရှိ ခေတ်စားနေတဲ့ Cryptocoin နဲ့ ဆက်စပ်နေတဲ့ ဇာတ်လမ်းဖြစ်ပြီး Murder Mubarak (2024) မှ မင်းသား Sanjay Kapoor အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ"ကိုယ်တတ်နိုင်တာထက် ပိုပြီးသုံးဖို့ မကြိုးစားနဲ့" ဆိုတဲ့စကားနဲ့ ဆန့်ကျင်လို့ အာလ်ဘတ်ပင်တို ဆိုတဲ့ အဘိုးကြီးကတော့ "ကြွယ်ဝစွာနေထိုင်ဖို့ မတွေးရင် ဘယ်တော့မှ ကြွယ်ဝလာမှာမဟုတ်ဘူး" လို့ မှတ်ယူထားပုံပါပဲခရစ်ပတိုကွိုင်ကြောင့် ၃၅ ကုဋေထိ ဘယ်သို့ဘယ်ပုံရယ်မသိ နေ့ချင်းညချင်း ကြွယ်ဝသွားတယ် ဒီလိုကနေ သူ့ရဲ့မွေးနေ့ပါတီမှာပဲ ထူးဆန်းစွာသေဆုံးသွားခဲ့တယ် မွန်ဘိုင်းက ထူးချွန်တဲ့ စုံစမ်းရေးအရာရှိ မစ္စတာရာ့ဂျ်ဗီးရ်တစ်ယောက် အရာရာအပြစ်အနာအဆာကင်းမဲ့ပုံ ထင်ရတဲ့ "ပင်တို မိသားစု" ကို စစ်မေးရင်း ...သံသယတရားခံတွေကို ဆွဲထုတ်လို့ မြှုပ်နှံထားတဲ့ အလိမ်အညာတွေကို ရှာလို့တွေ့မှာလား နက်နဲတဲ့ ပဟေဠိတွေကို တစ်နာရီ မိနစ်နှစ်ဆယ်ခန့်သာရှည်တဲ့ ဒီရုပ်ရှင်လေးမှာ အပိုစာသားတွေသိပ်မပါပဲ ကြည့်ရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Yunni ~ ...
movie

House of Lies (2024)