Channel Myanmar

Drama

1/1 (2018) 6.7
1/1 (2018) အခုမှအသက်နှစ်ဆယ်ပြည့်ကာစမိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းရတဲ့အခြေအနေတွေအခက်အခဲတွေ ဒုက္ခတွေကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါအဖေကရုတ်တရက်ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့အချိန်အမေနဲ့စကားများပြီးအိမ်ကထွက်လာခဲ့တဲ့ဆယ်ကျော်သက်အရွယ်မိန်းကလေးဆေးတွေသုံးပြီးရည်းစားနဲ့အတူအိပ်မိရာကကိုယ်ဝန်ရှိလာခဲ့တဲ့အခါရည်းစားကလည်းထားခဲ့ အဖေကလည်းသေအဲဒီအချိန်မှာပဲအမေနဲ့ပြန်လည်စကားပြောရာကအဖေရဲ့အကြောင်းတွေသိလာတဲ့အခါဘာကြောင့်သတ်သေသွားလဲဆိုတာ....လူငယ်တွေကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါ File Size : (789 MB ) & (249 MB)Quality :Web-DL 720pRunning Time :1 hr 25 minFormat : Mp4Genre :  DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

1/1 (2018)

2018
Edge of the Knife (2019) 6.3
Edge of the Knife (2019) နွေရာသီမှာကျွန်းတစ်ဖက်ကိုလာပြီး ဆောင်းတွင်းအတွက်အစာလာစုရတဲ့လူမျိုးစုတစ်စုသတ်မှတ်ထားတဲ့နေ့ရောက်ပြီဆိုသူတို့နေထိုင်ရာကျွန်းတစ်ဖက်ကိုပြန်ပြီးနေထိုင်စားသောက်ကျလေ့ရှိတဲ့လူမျိုးစုအကြောင်းကိုmysteryဆန်ဆန်ရိုက်ကူးထားတဲ့ကားလေးပါတစ်နေ့သူတို့နေထိုင်ရာကိုပြန်ရတော့မယ့်အချိန်မှာသူတို့မျိုးနွယ်စုဝင်လူငယ်တစ်ယောက်ကကလေးတစ်ယောက်ကိုခေါ်ပြီးပျောက်ချင်းမလှပျောက်ဆုံးသွားတဲ့အခါ...ဘယ်လောက်ပဲလိုက်ရှာလိုက်ရှာမတွေ့တော့တဲ့အဆုံးသေသွားပြီလို့ကောက်ချက်ချလိုက်တဲ့အချိန်....လုံးဝပြောင်းလဲသွားတဲ့သူကိုပြန်တွေ့လိုက်ရတဲ့အချိန်သူတို့ဘယ်လိုလုပ်ကြမလဲ....ကလေးကိုရောပြန်တွေ့နိုင်မလားဆိုတာ.....အဲဒီအချိန်ကမျိုးနွယ်စုတွေနေထိုင်မှု,ယုံကြည်မှုတွေကိုသေချာရိုက်ပြထားတဲ့ကားကောင်းလေးတစ်ကားပါ File Size : (944 MB ) & (306 MB)Quality :Web-DL 720pRunning Time :1 hr 41 minFormat : Mp4Genre :  Drama , HistorySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Edge of the Knife (2019)

2018
Her Smell (2019) 6.2
Her Smell (2019) အောင်မြင်ကျော်ကြားနေတဲ့ရော့ခ်အဆိုတော်တစ်ယောက်ရဲ့အခက်အခဲတွေကိုရသအမျိုးမျိုးနဲ့ရိုက်ပြထားတဲ့ကားလေးတစ်ကားပါဘက်ကီဆမ်းသင်းဆိုတဲ့ ရှေးအယူအဆတွေနတ်ဘုရားကိုးကွယ်မှုတွေကိုအယူသည်းနေတဲ့အောင်မြင်နေတဲ့ရော့ခ်အဆိုတော်တစ်ယောက် ပတ်ဝန်းကျင်မှာရှိတဲ့ဆွေမျိုးတွေအဖွဲ့ဝင်တွေနဲ့အမြဲတမ်းပြဿနာဖြစ်နေခဲ့ပြီး နောက်ဆုံးအကုန်လုံးကစွန့်ခွာသွားချိန်မှာ..... အသက်ငယ်ငယ်ကောင်မလေးချောချောလေးတွေနဲ့ဖွဲ့စည်းထားတဲ့ရော့ခ်အဖွဲ့ကသူတို့နေရာကိုဝင်လာချိန်မှာ...သမီးလေးတစ်ယောက်ရှိပေမယ့်လည်းအောင်မြင်ချိန်မှာသူ့ရဲ့အယူသည်းမှုတွေကြောင့်သမီးကိုအနားမှာမထားရဲတဲ့ဘဝနောက်ဆုံးအောင်မြင်မှုဒဏ်ကိုမခံစားနိုင်ဘဲသမီးကိုအရမ်းချစ်လို့အကုန်လုံးကိုစွန့်လွှတ်ပြီးတစ်ယောက်တည်းနေဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာရော... သမီးနဲ့ရောအဆင်ပြေနိုင်မလား...သူအရမ်းမြတ်နိုးတဲ့ရော့ခ်ဂီတကိုရောပြန်လည်ခြေလှမ်းနိုင်မလားဆိုတာ... (ဒီကားထဲမှာအကုန်လုံးနဲ့မစိမ်းတဲ့မော်ဒယ်မင်းသမီးချောလေး ကာရာဒယ်လီဗင်းလဲပါဝင်ပါတယ်) File Size : (1 GB ) & (245 MB)Quality :Web-DL 720pRunning Time :2 hr 14 minFormat : Mp4Genre : Crime , Drama , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Her Smell (2019)

2018
Cities of Last Things (2019) 6.0
Cities of Last Things (2019) ဒီဇာတ်ကားမှာတော့ ရဲအရာရှိချန်ဒေါင်လင်းရဲ့ ကြုံရဆုံရတဲ့ ဘ၀အဆုံဆုံကို ရိုက်ကူးပြထားပါတယ်ချန်ဒေါင်လင်းဟာ ငယ်ရွယ်တဲ့ရဲအရာရှိတစ်ဦးဖြစ်ပြီးတော့သူ့မိန်းမကလည်း အရမ်းကိုချောမောလှပပါတယ်ဒါပေမယ့်သစ္စာမရှိသူ သူ့အမျိုးသမီးနဲ့ သူရဲ့ အထက်အရာရှိတို့ဖောက်ပြန်နေတာကို သူဂျူတီစောပြန်လာတဲ့တစ်ရက်မှာ တည့်တည့်ကြီးတိုးခဲ့မိပါတယ်တစ်သက်လုံးမမေ့နိုင်မယ့်မြင်ကွင်းကိုမြင်လိုက်ရတဲ့ ချန်ဒေါင်လင်းတစ်ယောက်သူ့အထက်အရာရှိကို တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် လူမိုက်အဖွဲ့ မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေနဲ့ပတ်သက်နေတဲ့ သူ့အရာရှိကို မနှိမ်နင်းနိုင်ဘဲသူပတ်တဲ့ အဆင့်ထိ ရောက်သွားခဲ့ပါတယ်ဒါကိုအခဲမကြေနိုင်တဲ့ ချန်ဒေါင်လင်းတစ်ယောက် အသက်တွေကြီးမြင့်လာတဲ့အထိလိုက်ကလဲ့စားချေပါတော့တယ် သူနောက်ဆုံးကလဲ့စားခြေနိုင်မှာလားသူ့မိန်းမနဲ့ရော ဘယ်လိုတွေဆက်ဖြစ်မှာလဲကြမ်းတမ်းလှတဲ့သူ့ဘ၀မှာ ကြုံရဆုံရတဲ့ ဇာတ်ကြောင်းစုံကို ကရုဏာသက်ဖွယ်မြင်တွေ့ရမှာပါ File Size : (994 MB) & (336 MB)Quality :Web-DL 720pRunning Time :1 hr 47 minFormat : Mp4Genre : Crime , ...
movie

Cities of Last Things (2019)

2016
Ek Ladki Ko Dekha Toh Aisa Laga(2019) 5.5
Ek Ladki Ko Dekha Toh Aisa Laga(2019)  Ek Ladki Ko Dekha Toh Aisa Laga (2019)=========================နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်များ IMDb - 5.5/ 10 Rotten Tomatoes - 73% Times of India - 3.5/5ဒီဇာတ်ကားကိုဒေါင်းထားတာအတော်လေးကြာပြီ IMDb နည်းနေတာနဲ့ မကြည့်ဖြစ်တာဒါပေမဲ့ တဖက်ကပြန်ကြည့်လိုက်တော့ Rotten 73% ဆိုတော့ကြည့်လိုက်တာ underrattedကားကောင်းတစ်ကားလို့ပဲဆိုရမယ် ကျွန်တော်ကြည့်ဖူးသလောက် အိန္ဒိယကားတွေထဲမှာဒီလိုဇာတ်လမ်းမျိုးရှားပါတယ် ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းသလို ဇာတ်ညွှန်း၊ စကားလုံးတွေကလည်းဘာအပိုအလိုမှမရှိဘဲ သိပ်ပြည့်စုံလှတယ် ကခုန်တာတွေသိပ်မပါဘဲ တေးသီချင်းကို လိုသလောက်ပဲသုံးသွားတာအဓိကနောက်ခံတေးဂီတလေးဆို သိပ်လှလွန်းတယ် သရုပ်ဆောင်တွေကလည်း ထွေထွေထူးထူးပြောစရာမလိုတဲ့အမှန်အကန်တွေချည်းပဲ ဆိုနမ်ဆိုရင် ဒီဇာတ်ရုပ်နဲ့သိပ်လိုက်လွန်းပေတယ် ဘယ်သူမှအိုဗာဖြစ်မသွားဘူးဇာတ်လမ်းလေးပြောရရင် ကားနာမည်နဲ့ပဲစရမယ် ... "မိန်းကလေးတစ်ယောက်ကိုတွေ့တဲ့အခါ ဟောဒီလိုခံစားရလေတယ်"ခံစားဖူးကြလားဗျ မိန်းကလေးတစ်ယောက်ကိုမြင်လိုက်လို့ ထူးထူးခြားခြားခံစားသွားရတာ အဲ့ဒိလိုခံစားမှုမျိုးဖြစ်သွားသူကတော့ဆာဟေး(လ်) မစ်ရ်ဇာဆိုတဲ့ ဇာတ်ညွှန်းရေးဆရာလေး ဆာဟေးလ် မစ်ရ်ဇာ - ရုပ်ရှင်ထုပ်လုပ်သူ သူဌေးကြီးရဲ့တစ်ဦးတည်းသောသား အဖက်ဖက်ကပြည့်စုံပေမယ့် ...
movie

Ek Ladki Ko Dekha Toh Aisa Laga(2019)

2019
EverAfter(1998) 7.0
EverAfter(1998) Ever After Cinderella Story (1998)IMDb ..........7.0 Rotten.... 91%ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်ပိုင်းက ရိုက်ကူးခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ်.....ကလေးဘဝကတည်းက ကြိုက်နှစ်သက်ခဲ့ကြတဲ့ စင်ဒရဲလားရဲ့ဇာတ်ကြောင်းကိုတော့ အထူးမိတ်ဆက်ပေးစရာမလိုလောက်ဘူး ထင်ပါတယ်.... ဒါပေမယ့် ဒီကားလေးမှာ စင်ဒရဲလားရဲ့ ဘယ်လိုဗားရှင်းလေးနဲ့ ပုံဖော်သွားမလဲဆိုတာကတော့ တကယ်ကိုစိတ်ဝင်စားစရာပါ..... မင်းသမီးကြီး Drew Barrymore ရဲ့ ချစ်စရာကောင်းတဲ့ဟန်လေးတွေနဲ့ စင်ဒရဲလားအသစ်ကလေးတစ်ယောက်ကို မြင်ရမှာပါ... သူ့ဇာတ်လမ်းဇာတ်အိမ်သီးခြားလေးနဲ့ မူလကျောရိုးမပျက်ဇာတ်လမ်းလေးကိုလည်း ကြိုက်နှစ်သက်ကြမှာပါ..... ၁၉၉၈တုန်းက ရိုက်ခဲ့တာဆိုပေမယ့် Drew Barrymoreရဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်လေးတွေကိုကြည့်ရတာ နဲ့တင် ရှေးဟောင်းကားတစ်ကားဆိုတာတောင် မေ့သွားလောက်မှာပါ .......ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah wah Theint ပဲ ဖြစ်ပါတယ် File Size : (950 MB) and (403 MB) Quality : Blu-Ray 720p Format…mp4 Duration…02:01:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded ...
movie

EverAfter(1998)

1998
There Is No Place Like Home(2018) 6.1
There Is No Place Like Home(2018) There Is No Place Like Home(2019)There is no place like home (2018) ဆိုတဲ့ အီတလီ Romance, Drama ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက မိသားစုပြန်လည်တွေ့ဆုံကြတဲ့ ပီယက်ထရိုနဲ့ အယ်လ်ဘာတို့ရဲ့ ရွှေရတု မင်္ဂလာပွဲအကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့နေတဲ့ ကျွန်းလေးပေါ်မှာ မင်္ဂလာပွဲကို ကျင်းပခဲ့ပြီး မိသားစုစုံစုံညီညီ ပျော်ပျော်ပါးပါး အောင်အောင်မြင်မြင်ပြီးဆုံးသွားပါတယ်။ဒါပေမဲ့ ဧည့်သည်မိသားစုတွေ ပြန်ချိန်ရောက်တဲ့အခါမှာ ပင်လယ်မှာ လေထန်နေလို့ မပြန်နိုင်ဖြစ်ပြီး နောက်တစ်ရက်ထပ်နေရပါတယ်။အဲဒီအချိန်မှာ မိသားစုတစ်ခုချင်းစီက အချစ်ကိုလိုသူတွေ၊ အချစ်ပိုနေသူတွေ၊ အချစ်သစ်ရှာတွေသူတွေ၊အချစ်ကို တစ်ဖန် ဖန်တီးသူတွေ၊ အချစ်အကြောင်းကိုနားလည်သွားသူတွေရဲ့ အကြောင်းကို ပြပေးထားတာပါ။ဘဝထဲကအချစ်တွေအကြောင်း ဖြစ်ပြီး စိတ်ကူးယဉ်ဆန်စရာ ကောင်းတဲ့အချစ်အကြောင်းမဟုတ်လို့ သဘာဝကျကျအချစ်ဇာတ်ကားလေးတစ်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (850 MB) and ...
movie

There Is No Place Like Home(2018)

2018
Dhadkan (2000) 6.8
Dhadkan (2000) Dhadkan (2000) ============= အချစ်ဦးနဲ့ အချစ်ဆုံးဟာ တချို့လူတွေမှာ တစ်ယောက်ထဲ မဟုတ်ကြပါဘူး။ အချစ်ဦးက တာထွက်နဲ့တူပြီး အချစ်ဆုံးကတော့ ပန်းတိုင်နဲ့ တူပါတယ်။ တာထွက် ဘယ်လောက်ပဲ နောက်ကျ နောက်ကျ ပန်းဝင်တာ လှနေရင်တော့ ဘ၀ဟာ ချိုမြိန်ခြင်းအတိပေါ့။ တချို့သောအချစ်တွေဟာ နောက်ကျပေမယ့် ပိုပြီး တန်ဖိုးကြီးမားပါတယ်။ အချစ်ဦးနဲ့လွဲလို့ စိတ်မညစ်ကြပါနဲ့။ ဘ၀မှာ အချစ်ဆုံးနဲ့ ကြုံကြရဦးမှာပါ။ အချစ်ဆုံးကို တွေ့ရှိပြီးကာမှ အချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ရမယ် ဆိုပါစို့..... ပန်းတိုင် နဲ့ တာထွက်ကို ဘ၀မှာ ရွေးချယ်ရတော့မယ် ဆိုပါစို့..... တာထွက်ကို အကောင်းဆုံးဖြစ်အောင် ပြန်ပြီး ကြိုးစားမလား????? ပန်းတိုင်ကို အလှပဆုံးဖြစ်အောင် မွမ်းမံမလား????? အချစ်မှာ မေတ္တာတရားမပါရင် အချစ်ဟာ တန်ဖိုးရှိသင့်သလောက် မရှိပါဘူး။ ကိုယ်ချစ်တဲ့သူကို ချစ်တတ်ရုံနဲ့ မရပါဘူး။ မေတ္တာထားတတ်ဖို့က ပိုပြီး လိုပါတယ်။ မေတ္တာတရားနဲ့ အသက်သွင်းထားတဲ့အချစ်က ပိုပြီး ခိုင်မာပါတယ်။ ပိုပြီး တန်ဖိုးရှိပါတယ်။ မေတ္တာတရားဟာ အရာရာကို အောင်နိုင်စွမ်းပါတယ်။ ချစ်သူကိုလည်း အောင်နိုင်ပါတယ်။ ရန်သူကိုလည်း အောင်နိုင်ပါတယ်။ မေတ္တာတရားရဲ့တန်ဖိုးကို ဒီဇာတ်ကားမှာ အပြည့်အ၀တွေ့ရပါမယ်။ အချစ်အကြောင်းဖွဲ့နွဲ့ရင် Hindi ကားတွေက လှလှပပ ဖွဲ့နွဲ့နိုင်ပါတယ်။ ၂၀၀၀ ခုနှစ် ၀န်းကျင်က ကားဆိုတာ့ သီချင်းတွေ အကအလှတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့လည်း ကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ ...
movie

Dhadkan (2000)

2000
Peak Rescue ( 2019 )
Peak Rescue ( 2019 ) ဒီကား​လေးဟာ 2019ထွက်​ Action,Drama,War အမျိုးအစားဇာတ်​လမ်း​ကောင်းတစ်​ပုဒ်​ဖြစ်​ပါတယ်​ဒီကားဟာ Orilandမှာကျင်းပတဲ့ Asian Summit အကြီးအကဲ​ပေါင်းစုံညှိနှိုင်းအစည်းအ​ဝေးပွဲကြီးမှာ အကြမ်းဖက်​သမားတစ်​စုဟာ Dirty bombsနဲ့Dirty bullets ကို Udriveနဲ့ထိန်းချုပ်​ပြီး ​ဖောက်​ခွဲတိုက်​ခိုက်​ဖို့ကြံစည်​​နေကြပါတယ်​...ဒီကြံစည်​မှုကြီးကိုတားမြစ်​နိုင်​ဖို့ ပိုင်​ယန်​ဆိုသူကအကြမ်းဖက်​အဖွဲ့အစည်းနဲ့ပတ်​သက်​ပြီး သတင်း​ပေးသူလျိုအဖြစ်​အစိုးရအတွက်​​ဆောင်​ရွက်​ရင်း Dirty bombsကိုထိန်းချုပ်​နိုင်​တဲ့ UDriveကို ယူ​ဆောင်​ထားတဲ့အခါအကြမ်းဖက်​သမား​တွေရဲ့လိုက်​လံသတ်​ဖြတ်​ခြင်းကိုခံရပါ​တော့တယ်​..ပိုင်​ယန်​ကိုကာကွယ်​နိုင်​ဖို့ အထူးလျို့ဝှက်​တပ်​ဖွဲ့ဖြစ်​တဲ့ဟန်​​ဟောက်​တို့အဖွဲ့တစ်​စုက တာဝန်​ယူဖို့ဖြစ်​လာတဲ့အခါ...ဇာတ်​လမ်းတစ်​ခုလုံးကိုစိတ်​လှုပ်​ရှားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​..
movie

Peak Rescue ( 2019 )

Adolescence (2018) 5.7
Adolescence (2018) တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးပြေပြေပြစ်ပြစ်မရှိဘဲဖရိုဖရဲဖြစ်နေတဲ့မိသားစုမှမွေးဖွားလာခဲ့တဲ့အာဒမ်ဟာလှပပြီးတော့ နားလည်ရခက်ခဲတဲ့အဲလစ်စ်ဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့သွားတဲ့အခါမှာယခင်ကသူ့ရဲ့သွက်သွက်လက်လက်မရှိတဲ့အကျင့်စရိုက်တွေဟာပြောင်းလဲလာပါတော့တယ်အရင်ကလိုကြောက်ရွံ့ရွံ့ကောင်လေးတစ်ယောက်မဟုတ်တော့ဘဲပြောင်းလဲလာခဲ့တဲ့အာဒမ်ဟာ နောက်ပိုင်းမှာအဲလစ်စ်ကြောင့် ဘယ်လိုတွေလမ်းမှားရောက်ပြီးဒုက္ခတွေရောက်ဦးမှာလဲ...ဒီဇာတ်လမ်းလေးမှာ အပေါင်းအသင်းကြောင့် ဘ၀ကောင်းသွားနိုင်သလိုအပေါင်းအသင်းကြောင့်ပဲ ဘ၀ပျက်ဆီးသွားတတ်တယ်ဆိုတာကိုလဲတွေ့မြင်ရမှာပါ File Size : ( 994 MB) & (250 MB)Quality :Web-DL 720pRunning Time :1 hr 39 minFormat : Mp4Genre : Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie

Adolescence (2018)

2018
Airaa (2019) 7.7
Airaa (2019) သရဲကား တောင့်တနေကြတဲ့ CM Fan တွေအတွက် သရဲကား တစ်ကား တင်ပေးလိုက်ပါတယ်.... နယ်မြို့လေးထဲက အိမ်ကြီး တစ်အိမ် အဲ့ဒီ အိမ်ထဲက အပေါ်ဆုံး ထပ်မှာ သော့ခတ်ထားတဲ့ အခန်းတစ်ခုလဲ ရှိနေလေရဲ့ တစ်ခါ တစ်ခါ အသံတွေ ကြားပြီး အိမ်ထဲ လျှောက်သွားနေတဲ့ အရိပ်တစ်ခုလဲ ရှိနေပြန်တယ်.... အဲ့ဒီအိမ်ကြီးကို မျက်စိမမြင်တဲ့ အဖွားကြီး နဲ့ နားမကြားတဲ့ အစေခံ တစ်ယောက်က စောင့်ရှောက်ပြီး နေထိုင်ကြတယ်.... တစ်ရက်မှာတော့ မြို့ကြီးက မိန်းကလေးတစ်ယောက်ဟာ အိမ်က သဘောတူထားတဲ့ ယောင်္ကျားကို မယူချင်တာနဲ့ အဖွားဖြစ်သူ ရှိတဲ့ နယ်မြို့လေးကို ပြေးလာခဲ့တယ်... သူရောက်လာခဲ့တာကတော့ သော့ခတ်ထားတဲ့ အခန်းရှိနေတဲ့ အိမ်ကိုပဲ ဖြစ်ပါတယ်.... ဒီရုပ်ရှင်ကားကို Dolly Dolly က ဘာသာပြန်ပေးထားပါတယ်
movie

Airaa (2019)

2019
Elisa & Marcela (2019) 6.4
Elisa & Marcela (2019) ဒီရုပ်ရှင်လေးဟာဆိုရင် စပိန် ရိုမန်စ့် အတ္ထုပ္ပတ္တိ ဆန်ဆန် ရုပ်ရှင်ဖြစ်ပါတယ် ၁၉၀၀ ပြည့် ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပညာသင်ကြားခြင်းနဲ့ပတ်သတ်လို့ ရှေးရိုးစွဲ အယူအဆများ ရှိနေတုန်းပဲ ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ် ဒီမှတ်တမ်းရုပ်ရှင် ထူးခြားချက်ကတော့ အဓိက ဇာတ်ရုပ်ဖြစ်တဲ့ အမျိုးသမီးနှစ်ယောက်ဟာ လိင်တူချစ်ကြိုက်မှု အပေါ် ပြင်းထန်စွာ တုန့်ပြန်ခဲ့တဲ့ ၁၉၀၀ ဝန်းကျင် လူ့အသိုင်းအဝိုင်းထဲမှာ ကမ္ဘာ့ပထမဦးဆုံး တရားဝင်လက်ထပ်ခဲ့တဲ့ Lesbian စုံတွဲဖြစ်ပါတယ် သူတို့နှစ်ယောက် ချစ်ခြင်းမေတ္တာဟာ ခက်ခဲ ကြမ်းတမ်းတဲ့ လူအဖွဲ့အစည်းကြားထဲမှာ ဘယ်လိုပုံစံနဲ့ တည့်မြဲခဲ့သလဲ ဆိုတာကိုကြည့်ရှူခံစားရမှာဖြစ်ပါတယ် အသိုင်းအဝိုင်းရဲ့ ဖိနိုပ်တွေကြောင့် စပိန်နိုင်ငံမှ ပေါ်တူကီ နိုင်ငံအထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေ ထောင်ကြခဲ့ရတာတွေ နောက်ဆုံး အကျဉ်းထောင်ထဲတွင် မီးဖွားရသည်အထိ အခြေအနေဆိုးခဲ့သည် တိုင်အောင် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ခိုင်မြဲခဲ့သည် (ဒီကိုယ်ဝန်ရသွားခြင်းကလည်း ထူးခြားသည့်အချက်တစ်ခုဖြစ်ခဲ့သည်) မွေးရပ်မြေ စပိန်တွင် ကံဆိုးမိုးမှောက်ကျခဲ့ရသမျှ သည် ပေါ်တူဂီ မြေပေါ်တွင် စာနာသနားသူများအကူအညီများစွာနှင့် လွတ်မြောက်ခဲ့ရပြီး အာဂျင်တီးနားတွင် အသက်ထက်ဆုံးနေထိုင်ခဲ့ကြသည့်  အီလီဆာ နှင် မာဆီလာတို့ စုံတွဲ အကြောင်း ကို ဖော်ကျူးထားသည် ရုပ်ရှင်ဖြစ်ပါတယ် 18+ အသက်၁၈ နှစ်မပြည့်သူများ ကြည့်ရှူရန် မသင့်သည့် ဇာတ်ဝင်ခန်းများပါရှိသည် ရုပ်ရှင်ကားကို Nyan Lin Oo ...
movie

Elisa & Marcela (2019)

2019
Romulus & Remus: The First King(2019) 7.1
Romulus & Remus: The First King(2019) Romulus & Remus: The First King(2019)IMDb...7.1ခရစ်တော်မပေါ်ထွန်းမီ လူသားမျိုးနွယ်တို့သည် အယူအဆအမျိုးမျိုး နတ်ဘုရားအမျိုးနဲ့ ယဉ်ကျေးမှု ဓလေ့ခပ်ဆန်းဆန်းတို့ဖြင့်ရပ်တည်လျှက်ရှိသည်... ရိုမက်တို့ညီအကို (၂)ယောက်သည် သိပ်ချစ်ကြသည့် ညီအကို (၂)ယောက်ဖြစ်သည်.... တစ်နေ့ ရေဘေးဒုက္ခကြောင့် သူတို့ မသေရုံတစ်မယ် ထွက်ပြေးကြစဉ် အခြားမျိုးနွယ်တစ်စုရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရသည်.... လူသားဆန်မှုကင်းသည့်ရှေးအယူအဆများကြောင့် သူတို့ဖမ်းဆီးခံရမှုသည် သေဘေးမှ တစ်ပါး အခြားမရှိပေ... အကြောင်းမှာ ဖမ်းဆီးသည့်အဖွဲ့သည် ရိုမက်တို့ညီအကိုနှင့်အခြားသူများကို အချင်းချင်းတိုက်ခိုက် ခိုင်းပြီး ယစ်ပူဇော်ဟန်လုပ်ခိုင်းသောကြောင့်ဖြစ်သည်... သူတို့ညီအကို(၂)ယောက် ဒီသတ်ဖြတ်ပွဲကြီးက လွတ်မြောက်နိုင်ပ့ါမလား.... ဘယ်လို သူတို့ရှေ့ဆက်ကြမလဲ...... တခြား အရိုင်းဆန်တဲ့အဖွဲ့တွေနဲ့ ထပ်တွေ့ကြဦးမလား..... သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုရောထပ်တွေ့ကြဦးမလား.... ဒီကားကတော့ ရောမမြို့ဖြစ်တည်ရခြင်းအကြောင်းကို အဓိက အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်.... ရိုက်ချက်တွေက တကယ့်ကိုကောင်းသလို သတ်ဖြတ်ခန်းတွေကလည်း ပီပြင်လွန်းလေတော့ ကလေးငယ်တွေနဲ့အတူမကြည့်သင့်ပါဘူး.... ပြီးတော့ ဒီကားဟာ အီတလီရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့သလို အခြားဆု (၅)ဆုနဲ့ ဆန်ကာတင်ဆု(၁၆)ဆုလည်းစာရင်းဝင်ခဲ့တယ်...  File Size : (1 GB) and (369 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre : Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ye ...
movie

Romulus & Remus: The First King(2019)

2019
Romeo Akbar Walter(2019) 6.6
Romeo Akbar Walter(2019) Romeo Akbar Walter(2019) စပိုင်ဇာတ်ကား ချစ်သူများအတွက် အိန္ဒိယဇာတ်ကား Romeo Akbar Walter (2019) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ပါကစ္စတန်နိုင်ငံကနေ အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ခွဲထွက်တဲ့ကာလက အကြောင်းအရာကို ရိုက်ကူးထားတာပါ။ ဖခင်ဖြစ်သူကို အားကျစိတ်နဲ့ စစ်ထဲကိုဝင်ပြီး စစ်တက္ကသိုလ်မှာ ထူးချွန်ခဲ့ပေမဲ့ ဖခင်ဆုံးပါးသွား တဲ့အခါ အမေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်ကထွက်ခဲ့ရတဲ့ ဘဏ်စာရေးလေး ရိုမီရိုအလီတစ်ယောက် တစ်နေ့မှာ နိုင်ငံအတွက် တာဝန်ထမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတကာထောက်လှမ်းရေး(RAW) က ပါကစ္စတန်ကို စပိုင်အဖြစ်နဲ့စေလွှတ်တာပဲဖြစ်ပါတ ယ်။ သူက တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပေမဲ့ RAW က အရေးကြုံလာတဲ့အခါမှာ သူ့ကို ပစ်ပယ်ထားလိုက်ကြပါတ ယ်။ အဲဒီအချိန်မှာ သူ အသက်ရှင်နိုင်အောင်ဘာတွေလုပ်လဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။ IMDB Rating ကတော့ 6.6 ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  demon ပဲဖြစ်ပါတယ်...  File Size : (1 GB) and ...
movie

Romeo Akbar Walter(2019)

2019
Murder 3 (2013) 4.9
Murder 3 (2013) ဗစ်ကရန် ဆိုတဲ့ နာမည်ကြီး ဓာတ်ပုံဆရာတစ်ဦးဟာ ရော်ရှနီ ဆိုတဲ့ သူ့ကောင်မလေးမှ သူ့ကို လမ်းခွဲစကားကို ဗွီဒီယိုရိုက်ပြီး ပြောကာ ထွက်သွားလို့ အသည်းကွဲ အရက်သမားကြီးလုံးလုံးဖြစ်နေတဲ့သူပါ။နေ့တိုင်း ညတိုင်း မူးရူးနေတဲ့ ဗစ်ကရန် ကို နီရှာ လို့ ခေါ်တဲ့ စားသောက်ဆိုင်က ဝန်ထမ်းကောင်မလေးမှ သတိထားမိလာပါတယ်။ တစ်နေ့ ဗစ်ကရန် မူးပြီး ကားမမောင်းနိုင်ချိန် နီရှာ က အိမ်လိုက်ပို့ပေးဖို့ ကားမောင်းပေးပေမယ့် ဗစ်ကရန် က အိမ်လိပ်စာမပြောသဖြင့် နီရှာ က သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။အဲ့လိုနဲ့ နီရှာ နဲ့ ဗစ်ကရန် ရင်းနှီးသွားကြပြီး အသည်းကွဲသမားကြီး ဗစ်ကရန်ရဲ့ အသည်းဟာ တဖြည်ဖြည်းပြန်ဆက်လာပါတော့တယ်။ ချစ်သူတွေဖြစ်သွားပြီးတဲ့နောက် နီရှာ ကို ဗစ်ကရန်က သူ နေထိုင်တဲ့ မြို့ရဲ့ဝေးက ဗြိတိသျှလက်ကျန် ခေတ်ဟောင်း စံအိမ်တော်ကြီးဆီကို ခေါ်လာခဲ့ပါတယ်။နီရှာ ထိုစံအိမ်ကြီးကို ရောက်လာပြီးနောက်ပိုင်း ထူးဆန်းတဲ့အသံတွေ ခဏခဏ ကြားရပါတော့တယ်။ ထိုထူးဆန်းတဲ့အသံတွေက ဘာတွေဖြစ်မလဲ လမ်းခွဲစကားပြောပြီးထွက်သွားတဲ့ ရော်ရှနီ ဆိုတဲ့ကောင်မလေးက တကယ်ရော ထွက်သွားတာ ...
movie

Murder 3 (2013)

2013
The Nightmare Gallery (2019) 4.4
The Nightmare Gallery (2019) တက္ကသိုလ်က ပါမောက္ခရဒ်နဲ့ သူ့ရဲ့တပည့် ဘွဲ့လွန်ကျောင်းသား ဆန်ဂျေးတို့ဟာရှေးဟောင်းဘာသာစကားနဲ့ ရေးထားတဲ့ စာမူတစ်ခုကို ကြိုးစားပြီးဘာသာပြန်နေကြပါတယ်။တစ်ညတော့ ဆန်ဂျေးက ဘာသာပြန်လို့ရသွားပြီးတော့သူ့ရဲ့ဆရာမကို သူ့အိမ်လာခဲ့ဖို့ လှမ်းခေါ်လိုက်ပါတယ်။ဒါပေမဲ့ ရဒ်ရောက်မလာခင်မှာပဲ ဆန်ဂျေးဟာ ပဟေဠိဆန်စွာ ပျောက်ဆုံးသွားပါတယ်။ဒီလိုနဲ့နှစ်အနည်းငယ်ကြာတဲ့အခါ ရဒ်ဆီကို ပါဆယ်တစ်ပုံးရာက်လာခဲ့ပါတယ်။ပို့တဲ့သူက ဆန်ဂျေးဖြစ်နေတဲ့အခါ ရဒ်က ပါဆယ်ပုံးထဲကသဲလွန်စတွေနဲ့ ဆန်ဂျေးကို ပြန်ရှာတွေ့နိုင်မလားဆိုတာကတော့ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားကြပါFile Size : (885 MB) & (325 MB)Quality :Web-DL 720pRunning Time :1 hr 34 minFormat : Mp4Genre : Drama , Horror , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by HMOEncoded by Moe Myint Lwin
movie

The Nightmare Gallery (2019)

2019
Outlaws Don’t Get Funerals (2019) 4.5
Outlaws Don’t Get Funerals (2019) ဒီတစ်​ခါ​တော့ အမြင်​တစ်​မျိုးနဲ့ရိုက်​ထားတဲ့crime, action ကား​လေးတစ်​ကားကို တင်​ဆက်ေ​ပးလိုက်​ပါတယ်​ဘိုးဘေးဘီဘင်ကစပြီး ဒုစရိုက်သမားမျိုးဆက် ခိုးတယ် ဓားပြတိုက် တယ်လိုအပ်ရင်လူပါသတ်တယ်အဘိုးက ထောင်ထဲမှာ တစ်သက် တစ်ကျွန်းကျနတော။အ​ဖေဖြစ်​သူက ရဲနဲ့သူပစ်ကိုပစ် ပစ်ပြီးသေသွား ခဲ့တယ်။အဘိုးက နာမည်ကြီး သူခိုးဓားပြကြီး အသက် ၇၀ ပြည့်လို့ ထောင်ကခံဝန်နဲ့လွှတ်ပေးလိုက်တဲ့အခါမြေးဖြစ်သူက အင်တာနက် သတင်းမှာတွေ့လိုက်ရတော့ ...ဒုစရိုက်သမားတွေဘက်ခြမ်းက​နေရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါပေးချင်တဲ့မက်ဆေ့ခ်ျ ကလည်း ကောင်းပါတယ်။အားပေးလိုက်ကြပါဦး။ File Size : (936 MB) & (335 MB)Quality :Web-DL 720pRunning Time :2 HrFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar ...
movie


2017
Rosebud (2019) 6.6
Rosebud (2019) Rosebud (2019)့ "ဟုန်းဂျန်​မီ" ဆိုတဲ့ အသက်​ ၂၀ အရွယ်​ ​ကောင်​မ​လေးတစ်​​ယောက်​က အထည်ချုပ် စက်​ရုံတစ်​ခုမှာ အလုပ်​လုပ်​​နေတဲ့ အခြေခံလူတန်းစားရပ်ကွက်က ကောင်မလေးတစ်ယောက်ပေါ့... ဒါပေမယ့် သူ့အိပ်မက်ကကြီးတယ်.... တစ်နေ့ နိုင်ငံကျော် အဆိုတော် ကြီးဖြစ်ရမယ်ပေါ့... ဒီတော့ သူမချုပ်တဲ့ အ၀တ်တွေရဲ့ ကောက်ကြောင်းတွေကလည်း နူးညံသိမ့်မွေ့နေလေရဲ့...အားတဲ့အချိန်တိုင်း သီချင်းတွေရေးနေတတ်သလို အသစ်သစ်သော သီချင်းသံစဉ်တွေ ဖန်တီးနေလေရဲ့...... ညဘက် ဘီယာဆိုင်မှာလည်း အချိန်ပိုင်းအလုပ်တယ်.. သူမအတွက် ဘီယာဆိုင်က တီးဝိုင်းကြောင့်ပင်ပန်းတယ်လို့မထင်ဘူး.... တစ်နေ့တော့ သူမအတွက် အဆိုတော်ဖြစ်ဖို့အခွင့်အရေးကြီး တစ်ခုရလာတယ်..... တစ်ချိန်ထဲမှာပဲ ကောင်လေးတစ်ယောက်နဲ့လည်း ဆုံဖို့ဖြစ်လာတယ်... ကိုင်း အဲ့ဒီကောင်မလေး အဆိုတော်ဖြစ်မလား.... ကောင်လေးနဲ့ရော ချစ်သူတွေဖြစ်မလား.... ဒါ့ထက် တခြားအကြောင်းအရာတွေဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Megumi ပဲဖြစ်ပါတယ်...   File Size : (950 MB) and (419 MB) Quality : HDRip 720p Format…mp4 Duration…02:06:00 Genre : Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Phyo Pyae
movie

Rosebud (2019)

2019
Maharshi (2019) 8.0
Maharshi (2019) IMDb Rating - 7.9/102018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။ ---------------------------------------------------မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား ... ။အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။မိဘ...၊ ချစ်သူ...၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း ...
movie

Maharshi (2019)

2019