Channel Myanmar

Drama

In Good Hands 2 (2024)
In Good Hands 2 (2024)  ဒီကားဟာ In good hands 1 ရဲ့ အဆက်ဖြစ်ပြီး 1 မှာတော့မယ်လစ်ဆာဆုံးသွားပြီး ဖာရတ်တို့သားအဖနှစ်ယောက်တည်းကျန်ခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ဒီ 2 မှာတော့ ဖာရတ်တို့သားအဖနှစ်ယောက်ဟာ မိသားစုတစ်ခုမှာ အရေးပါတဲ့လူတစ်ယောက် မရှိတော့လို့တက်နိုင်သလောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်နေကြပေမဲ့ 1နှစ်ကြာသွားတဲ့အထိ အဆင်မပြေရှာပါဘူး။ဖာရတ်ကလည်း အရက်တွေအမြဲမပြတ်သောက်သလိုသားလေးဂျန်ကလည်း ကျောင်းမှာအပယ်ခံလေးဖြစ်နေဆဲပါ။ဒါအပြင် သားအဖနှစ်ယောက်ကလည်း အဖေရယ်သားရယ်လို့မခေါ်ကြပြန်တာကြည့်ခြင်းဖြင့်လုံလောက်တဲ့နားလည်မှုမရှိသေးဟန်တူပါတယ်။သားဖြစ်သူကလည်း အဖေကို အရက်ဖြတ်စေချင်အဖေဖြစ်သူကလည်း သားကို ကျောင်းအမြဲပို့ချင်နဲ့နှစ်ယောက်သား ဘယ်လိုမှတိုင်ပင်ညှိမရနဲ့ လစ်လပ်သွားတဲ့မယ်လစ်ဆာနေရာကို အစားထိုးဖို့ လူတစ်ယောက်လိုကိုလိုလာပါပြီ။ ရှေ့ဆက်ပြီး သူတို့သားအဖတွေဘာတွေဆက်ဖြစ်ကြမလဲ ဘယ်သူတွေနဲ့ဆုံကြမလဲဆိုတာဆက်ကြည့်လိုက်ပါဦးနော်။  File size…1.45GB / 697MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

In Good Hands 2 (2024)

Boomer Uncle (2024)
Boomer Uncle (2024) Boomer Uncle (2024) "ပဟေဠိစံအိမ်"ပရိသတ်ကြီး အမောပြေစေမယ့် တမီးလ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဟာသ သရုပ်ဆောင် ယိုဂီဘာဘူက ဇာတ်လိုက်အဖြစ် ပါဝင်ထားတဲ့ စူပါဟီးရိုးကားလေးပါဇာတ်လမ်းအကျဥ်းကတော့ ....နေဆမ်က သူ့ဇနီးချော လန်ဒန်က အဖြူမလေး အေမီနဲ့ မပျော်ပိုက်လို့ ကွာရှင်းခွင့်တောင်းတော့ ကောင်မလေးက ရွာကသူပိုင်တဲ့ စံအိမ်ကြီးကို ခေါ်လာပေးမှ ကွာရှင်းပေးမယ် ပြောလာတော့သူ ဆယ်နှစ်ကြာ စွန့်ပစ်ထားတဲ့ ဇာတိရွာက စံအိမ်တော်ကြီးကို သူ့တို့လင်မယားရယ် သူငယ်ချင်းတွေရယ် ရောက်လာတယ်... နေဆမ်က ဘာကြောင့်ရယ်မှန်းမသိ အပေါ်ထပ်ကို ဘယ်သူမှ မသွားကြဖို့ စည်းကမ်းထုတ်ထားလေရဲ့ဒါကို စပ်စုတတ်တဲ့ အေမီက ရအောင်တက်သွားပြီး နေဆမ့်ကို မကျေနပ်တဲ့ ရွာက သုံးယောက်ကပါ အိမ်ထဲကို ခိုးဝင်လာတဲ့အချိန်မှာတော့ ....ဘယ်လိုအလွဲတွေ ဖြစ်ကြမှာလဲ... ပေါ့ပေါ့ပါးပါး စူပါဟီးရိုး parody ဆန်ဆန် ဒီဇာတ်လမ်းလေးမှာ ပရိသတ်ကြီး ရှုစားပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.2GB / 1.02GB Quality…WEB DL 1080p ...
movie

Boomer Uncle (2024)

2024
Ground (2024) 8
Ground (2024) Ground (2024) "ကစားကွင်း"IMDb 8.3 ရထားပြီး ကိန်းခမ်းကြီးကျယ်ရုပ်ရှင်တွေကို ရိုးအီနေတဲ့ ပရိသတ်ကြီးအတွက် လူငယ်တွေဝိုင်းဝန်းဖန်တီးထားတဲ့ ရိုးရှင်းလတ်ဆတ်တဲ့ လက်ရာ - တေလဂူး ဟာသ/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ခရစ်ကတ်ရူးသွပ်ကြတဲ့ သူငယ်ချင်းတစ်သိုက် ကျောင်းပိတ်ရက်တစ်ရက်မှာ ရပ်ကွက်အစွန်က ကစားကွင်းကို ခရစ်ကတ်ဆော့ဖို့ ရောက်လာတယ်သူတို့တင်မကပဲ မိန်းကလေးတစ်ချို့လည်း လာကြည့်ကြရင်း သာမန်တနင်္ဂနွေနေ့ ပျော်စရာအားလပ်ရက်လေးမှာ ပျော်ရမယ်ကြံကာမှ ...နောက်ထပ်အဖွဲ့တစ်ဖွဲ့နဲ့ အချင်းများကြလေရဲ့... ဒီလိုကနေ တဆင့်တက်လို့ ဟာရီက လောင်းကြေးနဲ့ဆော့ဖို့ စိန်ခေါ်လိုက်ရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.8GB / 852MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ground (2024)

2024
Fighter (2023) 7.9
Fighter (2023) Fighter 2023 (သွေးမာဖီယားဂိုဏ်းနှင့် ဖိုက်တာ) IMDb- 7.9/10ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မှောင်ခိုလုပ်ငန်းတွေအများကြီးရှိတဲ့အထဲကနေ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို မှောင်ခိုလုပ်တဲ့ သွေးမာဖီးယားဂိုဏ်းကို ဖြိုခွင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတော်တော်များများ ပါဝင်ထားပြီး သွေးမှောင်ခိုလုပ်တဲ့ မာဖီးယားဂိုဏ်းတစ်ခုအကြောင်းကို ဖိုက်တာဆိုတဲ့ဘလော့ခ်တစ်ခုကနေ မြင်ပြီးတော့ အမှုလိုက်ရာကနေ ဒီကိစ္စဟာ လူသိများလာပါတော့တယ်။ဒီလို တရားမဝင်အမှုတွေရဲ့အကြောင်းကို ရေးသားတင်ပြနေတဲ့သူကတော့ မိုဟွတ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ထုံးစံအတိုင်း ဒီသွေးမှောင်ခိုကိစ္စကိုလည်း သူဟာ ရေးသားတင်ပြလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အမေဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်....... သူ့အမေကို ပြန်ပေးဆွဲသွားတဲ့သူတွေနောက်ကို ဘယ်လိုခြေရာခံလိုက်မလဲ .....သူ့အမေ ပြန်ပေးဆွဲခံရတဲ့နောက်ကွယ်မှာ သွေးမှောင်ခိုဂိုဏ်းက ပါဝင်ပတ်သတ်နေမလား ...... တရားမဝင်သွေးမှောင်ခိုဂိုဏ်းကိုရော ဘယ်လိုတွေ နှိမ်နင်းသွားဦးမလဲ ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ရှယ်ဖြဲရှယ်ကြမ်းမယ့် အက်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.2GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Fighter (2023)

2023
Sully (2016)
Sully (2016)  ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie

Sully (2016)

Hoax: The Kidnapping of Sherri Papini (2023) 5.2
Hoax: The Kidnapping of Sherri Papini (2023)  ဒီဇာတ်ကားလေးကတော့ သင်ခန်းစာယူစရာ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အိမ်ထောင်ရေး ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်ရှယ်ရီပါပီနီ ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ခင်ပွန်းသည်၊သားသမီး နှစ်ယောက်တို့နဲ့ ပျော်ရွှင်စရာမိသားစု ဘဝလေး ပိုင်ဆိုင်ထား သူပါ။ တစ်နေ့မှာ ရှယ်ရီပါပီနီ ရုတ်တရက် ပျောက်ဆုံး သွားတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူကလိုက်ရှာရင်း တစ်စတစ်စနဲ့ အမှန်တရားတစ်ခုဟာပေါ်ပေါက်လာပါတော့တယ်။ ရှယ်ရီပါပီနီ ဘာတွေဆက်ဖြစ်ခဲ့လဲ သူမရဲ့ မိသားစုလေးနဲ့ ပြန်လည်တွေ့နိုင်မလား ဘယ်လိုတွေ ရှေ့ဆက်ဖြစ်သွားမှာလဲ ဆိုတာ ဒီဇာတ်လမ်းလေးက အဖြေပေးသွားပါလိမ့်မယ် File size…(1.4 GB)/(610 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ei Mon
movie

Hoax: The Kidnapping of Sherri Papini (2023)

Battle of the Warriors (2006) 6.7
Battle of the Warriors (2006)  စစ်သည်တို့ရဲ့တိုက်ပွဲလို့အမည်ရတဲ့ ဒီဟောင်ကောင်ရုပ်ရှင်က၂၀၀၆ ခုနှစ်ထွက်စစ်ပွဲရုပ်ရှင်ဖြစ်ပြီး ဂျပန်သမိုင်းဝင်မန်းဂစီးရီးတစ်ခုဖြစ်တဲ့ Bokkō ပေါ်အခြေခံထားပါတယ်။ ဒါရိုက်တာ Jacob Cheung ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andy Lau, Ahn Sung-ki, Wang Zhiwen, Fan Bingbing, Nicky Wu နဲ့ Choi Siwon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပူးတွဲထုတ်လုပ်မှုမှာ တရုတ်ပြည်မြောက်ပိုင်း၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ပါတယ်။ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ ...
movie

Battle of the Warriors (2006)

Nalla Nilavulla Rathri (2023) 5.2
Nalla Nilavulla Rathri (2023) Nalla Nilavulla Rathri (2023)"မာယာဝဲဂယက်" =====================================နာမည်ကြီး မာလျာလမ် ဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်ထားကြတဲ့ သည်းထိတ်ရင်ဖို တောင်ပိုင်းရုပ်ရှင်ကောင်းတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ကောလိပ်ကျောင်းသားဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေ။ သူတို့တွေဟာ လူလတ်ပိုင်းအရွယ်ရောက်တဲ့အထိ အဆက်အသွယ်ပြတ်မသွားကြဘဲ အော်ဂဲနစ်ခြံတစ်ခုစိုက်ရင်း စီးပွားရေးအတူလုပ်ခဲ့ကြပါတယ်။စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် စီးပွားရေးသဘောအရ သူတို့ချင်း ကတောက်ကဆဖြစ်တာမျိုးလေးတွေလည်း ရှိဖူးကြတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့တွေဟာ ကွဲကွာသွားတဲ့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ပြန်ဆုံခဲ့ကြပါတယ်။ ပြန်ဆုံကြတဲ့ သူတို့သူငယ်ချင်း ခြောက်ယောက်ဟာ ရှီမိုဂါလို့ခေါ်တဲ့ တောင်ပေါ်ဒေသတစ်ခုကို အပန်းဖြေခရီးသွားကြရင်း အဲဒီခရီးမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။အဲဒီအဖြစ်ဆိုးထဲမှာ သူတို့တွေရဲ့ မျက်နှာဖုံးကွာကျပြီး ပုံစံအစစ်အမှန်တွေပေါ်ကာ တစ်ယောက်အကြောင်းတစ်ယောက် သိလာရင်း အဲဒီအဖြစ်ဆိုးထဲကနေလွတ်မြောက်ဖို့ ရုန်းကန်ကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.17GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nalla Nilavulla Rathri (2023)

2023
October (2018) 8.0
October (2018) (Blu Ray 1080p Quality Update)အောက်တိုဘာ တဲ့ ရုပ်ရှင်နာမည်ကစွဲဆောင်မှုမရှိသလိုပါပဲ။ဒါပေမယ့် IMDB Rating 7.9 ရရှိထားပြီး Rotten tomato ကတော့ 86% ရရှိထားပါတယ်။Rating မြင့်သလောက်လဲဇာတ်ကားက အရမ်းစွဲဆောင်မှုရှိပြီး အဓိပ္ပါယ်ရှိပြီး ကြည့်ရတာတန်တဲ့ဇာတ်ကားတစ်ကားပါ အာမခံနိုင်ပါတယ်။ကျွန်တော့်အနေနဲ့ဆိုရင် ဆရာမြသန်းတင့်ရဲ့ လေလွင့်သူကို Romance Version နဲ့ဖတ်လိုက်ရသလိုခံစားရပါတယ်။လူငယ်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားလို့ပြောရင်မလွန်ဘူးထင်ပါတယ်။အပူအပင်မရှိတဲ့ ဟော်တယ်အလုပ်သင်ဝန်ထမ်း ၂၁ အရွယ် Dan တစ်ယောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင်နေနေတုန်းမှာပဲ သူ့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Shiuli တစ်ယောက်တိုက်ပေါ်ကကျပြီးကိုမာဖြစ်သွားခဲ့တာပါပဲ။အဲဒီဖြစ်ရပ်ကို စိတ်ခံစားလွယ်တဲ့ Dan တစ်ယောက် ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ပြီးတော့ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့် အချစ်အကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File size… 1.6GB / 638MB Quality…BluRay 1080p / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by d3mon 
movie

October (2018)

2018
Star (2024) 7.2
Star (2024) Star 2024 (မင်းသားရူးကာလိုင်)ယခုတစ်ခါမှာတော့ IMDb 7.2/10 ရရှိထားတဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့ကောင်လေးတစ်ယောက်ရဲ့ ဒရာမာကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကာလိုင်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ဘက်မှာ ဝါသနာပါပြီးတော့ တမီးလ်ရုပ်ရှင်လောကမှာ နာမည်ကြီးစတားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ သူ ဘယ်လောက်တောင် ဝါသနာပါလဲဆိုရင် သူ့ကို လူတွေက ဟီးရိုးဆိုပြီးတော့ခေါ်ကြတဲ့အထိပါပဲ။ဒီလို ဝါသနာထုံတဲ့ကာလိုင်ကို အဖေဖြစ်သူကလည်း အနောက်ကနေ အမြဲတမ်း ပံ့ပိုးပေးခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ ကာလိုင်ကို အင်ဂျင်နီယာတစ်ယောက်ဖြစ်စေချင်နေခဲ့ပါတယ်။ သို့ပေမဲ့လည်း ကာလိုင်လေးဟာ သရုပ်ဆောင်ပိုင်းကိုပဲ ဝါသနာထုံနေတော့ သရုပ်ဆောင်လိုင်းဘက်ကိုပဲ မရောက်ရောက်အောင် ကြိုးစားရင်းနဲ့ပဲ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တဲ့အချိန်မှာတော့ ...... မင်းသားဖြစ်ဖို့ ကြိုးစားနေရင်း အချစ်နဲ့တွေ့လာတဲ့အခါမှာတော့ ..... ဘာတွေ ရှေ့ဆက်ဖြစ်လာမလဲ ....မင်းသားဖြစ်ဖို့ကြိုးစားတဲ့လမ်းမှာရော ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.34GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Star (2024)

2024
Mr. Bachelor (2023)
Mr. Bachelor (2023) Mr.Bachelor (2023) "၃၁ယောက်မြောက် သတို့သမီး"ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.3GB / 1.14GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mr. Bachelor (2023)

2023
Under Paris (2024) 5.5
Under Paris (2024)  ၂၀၂၄ ဇွန်လ ၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Paris Underရုပ်ရှင်ကတော့ Action၊ Drama၊ Horror၊ Thrillerအမျိုးအစားစုံလင်လှတဲ့ငါးမန်းရုပ်ရှင်သစ်ဖြစ်ပါတယ်။၂၀၂၄ နွေရာသီအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့စိန်းမြစ်ထဲမှာပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့သုံးမျိုးစုံအားကစားချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကျင်းပတော့မယ့်အချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ဆိုဖီယာနဲ့ငယ်ရွယ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူမီကာတို့ဟာ စိန်းမြစ်ထဲမှာ ငါးမန်းကြီးတစ်ကောင်ရောက်နေတာကို သိရှိလိုက်ရပါတယ်။အစောပိုင်းမှာ ငါးမန်းကြီးတစ်ကောင်တည်းလို့ထင်ခဲ့ကြပေမယ့်တကယ်တမ်းမှာတော့ မြစ်ထဲမှာ အဲဒီငါးမန်းကြီးကသားပေါက်ထားတဲ့ငါးမန်းတွေအများကြီးရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ ပါရီမြို့တော်ဝန်ကတော့ မြစ်ထဲမှာငါးမန်းရှိမှန်းသိလျက်နဲ့မြစ်ထဲကအားကစားပွဲကိုမဖျက်သိမ်းဘဲ ဆက်လက်ကျင်းပသွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဆိုဖီယာတစ်ယောက်ရွေးချယ်စရာမရှိတော့ဘဲ စိန်းမြစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အာဒီးလ်နဲ့ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ငါးမန်းတွေကြောင့်လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်အောင်ကြိုးစားကြရပါတော့တယ်.... File size…3.23GB / 1.49GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Under Paris (2024)

Varshangalkku Shesham (2024) 7.2
Varshangalkku Shesham (2024) Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် ...
movie

Varshangalkku Shesham (2024)

2024
Apocalypse Now (1979) 8.4
Apocalypse Now (1979) Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie

Apocalypse Now (1979)

1979
4K HEVC
The Devil’s Own (1997) 6.2
The Devil’s Own (1997) အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ ...
movie

The Devil’s Own (1997)

Viva La Vida ( 2024 ) 6.8
Viva La Vida ( 2024 ) CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့‌ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ်လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ်ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ‌ ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 2h 9 ...
movie

Viva La Vida ( 2024 )

The Bravest Escort Group ( 2018 ) 8
The Bravest Escort Group ( 2018 ) မန်ချူးခေတ်ဦးပိုင်းကာလမှာ စစ်မက်တွေဟာအဆက်မပြတ်ဖြစ်နေပြီးတော့ ပြည်သူတွေဒုက္ခရောက်ရတဲ့အချိန်ပဲဖြစ်တယ်။ အဲဒီရှုပ်ထွေးတဲ့ခေတ်ပျက်အချိန်ကာလမှာ ကတိသစ္စာတည်တဲ့ ချင်းဖျင်ဆိုတဲ့ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိပါတယ်။ကျိုးဘုရင် ဝူစန်းကွေ့နတ်ရွာစံသွားပြီးနောက်မှာ သူ့ရဲ့မျိုးဆက်နဲ့ရတနာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ချုံအန်းကိုဘေးဘေးကင်းပို့ပေးနိုင်ဖို့ လိုအပ်လာတဲ့အချိန်မှာ ချင်းဖျင်ပို့ဆောင်ရေးလုပ်ငန်းကိုရွေးချယ်လိုက်တဲ့အတွက် ပို့ဆောင်ရေးခရီးစတင်လိုက်ပါတယ်။သိုင်းလောကမှာ သူတို့ဆီမှာရတနာသိုက်မြေပုံရှိတယ်လို့ သတင်းပြန့်နေတဲ့အတွက် လမ်းမှာအန္တရာယ်တွေတစ်လှိုင်းပြီး တစ်လှိုင်းရောက်လာတဲ့အခါ သူတို့ဟာ ဒီခရီးကိုပြီးဆုံးတဲ့အထိပို့ဆောင်နိုင်ပါ့မလား...... အဖွဲ့သားတွေရဲ့အသက်အန္တရာယ်ကြောင့် ဒီအလုပ်ကိုစွန့်လွှတ်လိုက်ဖို့အတွက်ကလဲ ဒါကစစ်မက်တွေအဆုံးသတ်သွားဖို့အတွက် အရေးကြီးနေတော့ ဘယ်လိုရွေးချယ်ရပါ့မလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Bravest Escort Group ( 2018 )

Blackbird Blackbird Blackberry (2023) 7.2
Blackbird Blackbird Blackberry (2023)  Blackbird Blackbird Blackberry ဟာ ၂၀၂၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance/Drama အမျိုးအစားဖြစ်ပါတယ် IMDb rating 7.2/10၊ Rotten tomatoes 92%ထိ ရရှိထားပါတယ်အဓိကဇာတ်ကောင် အီထယ်ရိုဟာ အသက်၄၈နှစ်အရွယ် လူလတ်ပိုင်းအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ရွာထဲမှာ စတိုးဆိုင်ဖွင့်ပြီး အေးချမ်းစွာနေထိုင်နေပါတယ် လွတ်လပ်မှုကို အလေးထားတာကြောင့် ယောက်ျားမယူ၊အိမ်ထောင်မပြုလည်း ဖြစ်တယ်လို့ ခံယူထားသူပါဒါပေမယ့် ဒီအရာကပဲ သူ့ရွာက အမျိုးသမီးတွေ ကြားမှာ အတင်းတုပ်စရာ ဖြစ်နေပါတော့တယ် တစ်ရက်မှာတော့ သူ့စတိုးဆိုင်ကို ပစ္စည်းလာပို့ပေးနေကျ မွန်းမန်ဆိုသူနဲ့ ချစ်ကြိုက်မိသွားပါတော့တယ် ဒီဆက်ဆံရေးက ငယ်ဘဝ traumaတွေနဲ့ အီထယ်ရိုကို စိတ်ပြောင်းသွားစေမှာလား နဂိုအတိုင်း လွတ်လပ်မှုကိုပဲ ရွေးချယ်သွားမှာလားဆိုတာကို အေးအေးငြိမ့်ငြိမ့်လေး ကြည့်ရှုခံစားသွားရမှာ ဖြစ်ပါတယ် File size…(1.9 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody
movie

Blackbird Blackbird Blackberry (2023)