Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
7.2
Nathan’s Kingdom(2019)
Nathan's Kingdom(2019)Nathan's kingdom လို့ အမည်ရတဲ့ ဒီကားလေးကတော့ Sci-fi , adventure နဲ့ dramaတို့ကို အချိုးညီညီ ပေါင်းစပ်ထားတဲ့ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ အော်တစ်ဇင်ဖြစ်နေတဲ့ နေသန့်ရဲ့ခေါင်းထဲမှာ ငယ်ငယ်က သူ့ညီမလော်ရာ ပြောပြဖူးတဲ့ kingdomဆိုတဲ့နေရာလေးက အမြဲစွဲလမ်းနေပါတယ်။Kingdom မှာဆိုရင် ဘာအပူအပင်မှ မရှိပဲ အရာအားလုံးဟာ ပျော်ရွှင်စရာတွေနဲ့ပြည့်နေမယ်လို့ သူက ယုံကြည်ထားပါတယ်။ အော်တစ်ဇင် ဖြစ်နေတဲ့ အကိုရဲ့ လုပ်ရပ်တချို့ကြောင့် လော်ရာရဲ့နေ့စဥ်ဘ၀မှာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်လာရပါတော့တယ်။ နောက်ဆုံး ဘာဆုံးရှုံးစရာမှ မရှိတော့တဲ့ လော်ရာဟာသူ့အကို ရှာချင်နေတဲ့ kingdomကို လိုက်ရှာပေးဖို့ နှစ်ယောက်အတူကားတစ်စီးနဲ့ခရီးထွက်ခဲ့ပါတော့တယ်။ broken familyက ဆင်းသက်လာတဲ့အော်တစ်ဇင်တစ်ယောက်ရဲ့ ခံစားချက်တွေကို စာနာပေးနိုင်ကြမှာလား....နေသန်ရဲ့ စိတ်ကူးထဲက Kingdomက အပြင်မှာရော လက်တွေ့ ရှိနိုင်ပါ့မလား...... ဒီခရီးမှာ အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက်ကြားမှာရော ဘာတွေ ဖြစ်လာဦးမလဲ...... ...
movie
Nathan’s Kingdom(2019)
6.6
Courage Under Fire(1996)
Courage Under Fire(1996) IMDB.....6.6,,,,,,,Rotten......85 Patrick Sheane Duncan က ဇာတ်ညွှန်းရေးသားပေးခဲ့သည့် Courage Under Fire ဇာတ်ကားကို Director Eward Zwick က ရိုက်ကူးထားပြီး Fox 2000 Picture ၏ ပွဲဦးထွက်ရုပ်ရှင်ကားလည်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄၆ သန်း အကုန်အကျခံရိုက်ကူးထားသည့် Courage Under fire သည် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့သည့်ဇာတ်လမ်းလည်းဖြစ်သည်။ ဇာတ်လမ်းအား အီရတ်တို့ကူဝိတ်ကိုကျူးကျော်ထားစဉ်တွင် အီရတ်တပ်များအား အမေရိကန်တပ်များက ဝင်ရောက်မောင်းထုတ်ပေးခဲ့သည့် ပင်လယ်ကွေ့စစ်ပွဲအပေါ် အခြေခံထားသည်။ ဇာတ်လမ်းအကျဉ်းမှာ ဒုတိယဗိုလ်မှူးကြီး နသန်နီရယ် ဆာလင်း (Denzel Washington) သည် အမေရိကန်အမှတ်(၂)တင့်ကားတပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး အယ်ဘက်သရာမြို့တွင်တိုက်ခိုက်ခဲ့သည့် ညတိုက်ပွဲတခုတွင် မိမိတပ်အား တပ်ချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်းဖြစ်စဉ်အား ဖုံးကွယ်ထားခဲ့ပြီး စစ်ပွဲအပြီးတွင် ဒုမှူးကြီးဆာလင်းအာ း သူရဲကောင်းစွမ်းရည်ဘွဲ့အပ်နှင်းပြီး ...
movie
Courage Under Fire(1996)
1996
7.0
Papillon (2017)
Papillon(2017) ဟာ ၁၉၇၃ခုနှစ်က Papillonကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ Henri Charrièreရဲ့ Papillon and Banco ကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။ Papillonဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။ အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်ဇာတ်ကားဟောင်းPapillon(1973)ဟာလည်း လူကြိုက်များပြီးအောင်မြင်ခဲ့တဲ့အတွက် အသစ်တဖန်ပြန်လည်ရိုက်ကူးထားတဲ့ယခု Papillon(2017)ကိုတော့ အထူးတလည်ညွှန်းနေစရာတော့မလိုပါဘူး။ ပါပီ ရဲ့ ဇတ်ကြောင်းဟာ စာအုပ်တွေ ရုပ်ရှင်တွေ များစွာထွက်ပြီး ဖြစ်လို့ ဇတ်လမ်းရဲ့ စပွိုင်လာကို ဖွင့်ချထားသလို ဖြစ်ရင် နားလည်ခွင့်လွှတ်ပေးပါ ဇတ်လမ်း ရဲ့ ရသ ကတော့ တမူထူးခြားနေမှာပါ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်… File Size : 1.4 GB Quality : 1080P BluRay Running Time : 2h 13min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Source : Rarbg Translated by Hnin Amy Khine Encoded by ...
movie
Papillon (2017)
2018
6.5
Pinocchio (2019)
movie
Pinocchio (2019)
2019
7.1
Unthinkable (2010)
ကျွန်တော် ခဏခဏမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုမေးကြည့်ချင်ပါတယ်။ ခင်ဗျားက စနိုက်ပါ တစ်လက်နဲ့ လူတစ်ယောက်ကို ချိန်ထားတယ်။အဲဒီလူက လူတွေအများကြီးရှိနေတဲ့ နေရာမှာ ဗုံးခွဲမလို့ လုပ်နေတဲ့သူ။ အဲဒီလူကို ပစ်သတ်ဖို့ ခင်ဗျား သေနတ်မောင်းကို ဆွဲမှာလား။ခင်ဗျားလက်မှာ သွေးအစွန်းခံပြီးတော့ ဗုံးကွဲလို့သေမယ့်သူတွေကို ကယ်မှာလား။ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် အဖြစ်ခံပြီး ပစ်သတ်လိုက်မှာလား။ပစ်သတ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လူသတ်သမားတော့ ဖြစ်သွားလိမ့်မယ်။ခင်ဗျားက လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လို့ သေနတ်မောင်းခလုတ်ကို မဆွဲဘဲ လှည့်ထွက်သွားမယ်ဆိုရင်လည်း ရပါတယ်။ အနေသာကြီးပါ။ဒါပေမဲ့ လူပေါင်းများစွာ သေကြေပျက်စီးရမယ့် ကိစ္စကို တားနိုင်တဲ့ အစွမ်းရှိရဲ့သားနဲ့ မတားနိုင်ဘူးဆိုရင် အဲဒီအသက်တွေအတွက် ခင်ဗျားမှာ တာဝန်ရှိသွားလိမ့်မယ်။အဲဒါဆို လူအများနဲ့ တစ်ယောက် လဲမှာလား။ Witcher ထဲက ဇာတ်ဆောင်ရဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင် မကောင်းမှုဆိုတာက မကောင်းမှုပါပဲ။သေးသေး၊ ကြီးကြီး။ အလတ်စားလောက်ပဲဖြစ်ဖြစ် မကောင်းမှုက မကောင်းမှုပါပဲ တဲ့။သေးတဲ့မကောင်းမှုကို ကျူးလွန်မှာလား ...
movie
Unthinkable (2010)
2010
7.7
So Long, My Son (2019)
အောင်မြင်မှုတွေရထားတဲ့ တရုတ်Dramaကားကောင်းလေးပါ။လီရင်နဲ့ ယိုဂျင်းတို့ ဇနီးမောင်နှံက ဘေဂျင်းမြို့ကစက်ရုံတစ်ခုမှာအလုပ်ကြိုးစားကြသူတွေဖြစ်ပြီးရှင်းရှင်းဆိုတဲ့သားလိမ္မာလေးတစ်ယောက်လည်းရှိပါတယ်။သူတို့လင်မယားနဲ့ ရင်းနှီးချစ်ခင်တဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ဟိုင်ရန်နဲ့ရီမင်တို့မှာလည်း ရှင်းရှင်းနဲ့မွေးနေ့တူတဲ့ သားလေးဟိုဟိုရှိပါတယ်။တရုတ်နိုင်ငံရဲ့လူဦးရေလျှော့ချရေးစီမံချက်အရလင်မယားနှစ်ယောက်တွင်ကလေးတစ်ဦးပဲယူရမယ့်ဥပဒေရှိနေပေမယ့်လီရင်ကိုယ်ဝန်ထပ်ရှိလာတဲ့အခါစက်ရုံဒါရိုက်တာဖြစ်တဲ့ဟိုင်ရန်က ကိုယ်ဝန်ဖျက်ချစေခဲ့ပါတယ်။နောက်တော့ ကံဆိုးစွာနဲ့ပဲ ရှင်းရှင်းလေးတစ်ယောက်ရေနစ်တဲ့အခါမှာတော့မိသားစုနှစ်ခုရဲ့ချစ်ခင်နေတဲ့ဆက်ဆံရေးတွေပြောင်းလဲသွားပါတော့တယ်။အဲ့နောက်မှာ လီရင်တို့လင်မယားရဲ့ ဘဝတွေဟာခြောက်ကပ်ပြီးပျော်ရွှင်မှုနတ္ထိဖြစ်သွားပါတယ်။ဇာတ်လမ်းကို 1980လောက်မှ ယခုအချိန်ထိ ရိုက်ပြထားပြီးပူဆွေးမှုသောကတွေ၊ စိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဖော်ပြထားပါတယ်။ကြည့်ရှုခံစားကြပါအုံး။ File Size : ( 2 GB , 380 MB) Quality : BluRay 720p Running Time : 3 hr 05 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard ...
movie
So Long, My Son (2019)
Arkansas (2020)
Lionsgateကဖြန့်ချီလိုက်ပြီး Liam Hemsworthပါဝင်ထားတဲ့အသစ်စက်စက်ဇာတ်ကားတစ်ကားပါ။ကိုင်ဟာ ဖားလို့ခေါ်တဲ့လူတစ်ယောက်ရဲ့လက်အောက်မှာကိုကင်းတွေဖြန့်ပေးတဲ့သူတစ်ယောက်ပါ။နောက်တော့အချီကြီးလုပ်ရမယ်ဆိုလို့ Arkansasပြည်နယ်ကိုပြောင်းသွားပြီးဆွင်းဆိုတဲ့သူနဲ့အတူ ဘရိုက်ရဲ့ပန်းခြံထဲမှာနေပြီးကိုကင်းဖြန့်တာပေါ့။သူတို့အားလုံးရဲ့အထက်ကဘော့စ်ကတော့ ဖားဖြစ်ပေမယ့်ကိုင်ရောဆွင်းရောက ဖားကိုဘယ်သူမှန်းလည်းမသိ၊မြင်လည်းမမြင်ဖူးပါဘူး။နောက်တော့ ဘရိုက်ကသူများသတ်တာခံရတဲ့အခါသူတို့အကျပ်ရိုက်သွားပါတယ်။ထွက်ပြေးရင်လည်းသူတို့သတ်တယ်ထင်ပြီး ဖားကလိုက်သတ်မယ်၊အမှန်အတိုင်းပြောရအောင်လည်း ဖားကဘယ်သူမှန်းမသိနဲ့ တိုင်ပတ်ရင်းဘရိုက်သေဆုံးမှုကိုဖုံးကွယ်ကာ ရေလိုက်ငါးလိုက်ဆက်လုပ်နေလိုက်ပါတယ်။သူတို့ဆီကို တစ်ယောက်ယောက်လိုက်လာတော့မယ်ဆိုတာကိုသိနေရင်းနဲ့ပေါ့....ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 404 MB) Quality : BluRay 720p Running Time : 1 hr 59 min Format : Mp4 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Arkansas (2020)
5.4
Love Aaj Kal (2020)
ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ရုံတင် အချစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်မင်းသား/မင်းသမီး နှစ်ယောက်စလုံးကလည်း ပရိသတ်အကြိုက် လူငယ် ခပ်ချောချောတွေချည်းပါပဲမိန်းကေလးပရိသတ်တွေအကြိုက် Kartik Aaryan နဲ့ ယောက်ျားလေး ပရိသတ်တွေအကြိုက် Sara Ali Khan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နောက်ထပ်မင်းသမီးချောလေးတစ်ယောက်လည်း ထပ်ပါသေးတယ်ဗျာ အသစ်လေးဆိုပေမယ့် သူလည်း အချောလေးပါပဲဒီကားအကြောင်းမပြောခင် အဓိက ပြောရမှာက ဒါရိုက်တာပဲဗျ ဒါရိုက်တာကတော့ တခြားသူမဟုတ်ပါဘူး ဘောလီဝုဒ်မှာ ကိုယ်ပိုင်ဟန်တစ်ခု တည်ထောင်ထားနိုင်တဲ့ Imtiaz Ali ပဲဖြစ်ပါတယ်အချစ်ကားများစွာကို ပုံဖေါ်ထားသူပီပီ အခုဇာတ်ကားလည်း Drama, Romance ကားကောင်းတစ်ကားပါပဲဇာတ်လမ်းလေးကတော့ ၁၉၉၀ ခုနှစ်က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့ယခု ၂၀၂၀ က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနှစ်ပုဒ်ကို စိတ်ဝင်စားဖွယ်အကြောင်းအရာနဲ့ ချိတ်ဆက်ပြသသွားတာပါအချစ်နဲ့ အလုပ်ကြားက ပြဿနာတွေ မိသားစုအခက်အခဲတွေ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ ရိုးရာဓလေ့တွေနဲ့ အခြေနေပေါင်းများစွာကြားကဖြတ်ကျော်လာခဲ့တဲ့ ယနေ့ခေတ် အချစ်ဇာတ်တစ်ပုဒ်ပါပဲ ခံစားကြည့်လိုက်ကြပါဦး………..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw ...
movie
Love Aaj Kal (2020)
2020
6.6
The Lodge (2019)
ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။ဇာတ်လမ်းအကျဉ်း - သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာမိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံးဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်ကအိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ်အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။ File Size : ( 1 GB , 314 MB) Quality : ...
movie
The Lodge (2019)
6.3
The Assistant (2019)
ဒီရုပ်ရှင်ကတော့ သဘာဝကျပါတယ်။သဘာဝကျလွန်းလို့ တကယ့်လူတွေရဲ့ အပြင်ဘဝကို ထိုင်ကြည့်နေရသလိုပါပဲ။ဒီရုပ်ရှင်ဟာ လက်ရှိ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ခွင် ဖိနှိပ်မှုတွေ၊အနိုင်ကျင့်မှုတွေနဲ့ အမျိုးသားတွေလိင်အမြတ်ထုတ်မှုတွေဟာအပေါ်ယံပဲ ရှုမြင်ခံရပြီး လွတ်မြောက်နေတာကို မီးမောင်းထိုးပြထားတာပါပဲ။ဒါကြောင့် ထူးခြားမှု ဘာမှမရှိဘဲ ဝေဖန်ရေးဆရာတွေ အားပေးမှုကို ရထားပါတယ်။ ဒီရုပ်ရှင်ဟာ ပထမဆုံး အနေနဲ့ Harvey Weinstein ကိုရည်စူးတိုက်ခိုက်တဲ့ ရုပ်ရှင်လို့လည်း လူပြောများနေပါတယ်။Harvey Weinstein ကိစ္စကို ကြားမိတဲ့သူတွေလည်း ကြားမိကြမှာပါ။အမေရိကန်ရဲ့နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီးလိင်အမြတ်ထုတ်မှုပေါင်း ၈၀ ကျော်နဲ့တိုင်ချက်ဖွင့်ခံခဲ့ရပါတယ်၊အလုပ်ပြုတ်ပြီး၊ အနုပညာသိပ္ပံအကယ်ဒမီကနေ ထုတ်ပယ်ခံလိုက်ရသူပါ။ဒီရုပ်ရှင်မှာတော့ Julia Garner ကတော့ ရုပ်ရှင်ကုမ္ပဏီရဲ့လက်ထောက်လေး အဖြစ် သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဖုန်းတာဝန်ခံဖြေတာတွေ၊ ကော်ဖီဖျော်တာတွေ၊ရုံးကိစ္စ တစ်နေ့တာလေးတွေကိုပြရင်းနဲ့မှအမျိုးသမီးငယ်တွေ အကာအကွယ်မဲ့နေတာ၊ဖိနှိပ်ခံနေရတာကို အားလုံးမြင်အောင် ...
movie
The Assistant (2019)
5.7
Wendy(2020)
Wendy(2020)Wendy ရုပ်ရှင်ကားလေးက ငယ်ငယ်လေးတုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ Peter Pan ဇာတ်ကားကိုပုံစတစ်မျိုးနဲ့ရိုက်ကူးခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ ကားသစ်လေးပဲဖြစ်ပါတယ်။ဝင်ဒီမှာ အရမ်းချစ်ရတဲ့ ဂျိမ်းနဲ့ ဒေါ့ဆိုတဲ့ အမြွှာ အကို နှစ်ယောက်ရှိပါတယ်။သူတို့ မိသားစုလေးဟာ စားသောက်ဆိုင်လေး ဖွင့်ထားပြီး နေ့ရက်များကို သမရိုးကျ ဖြတ်သန်းကြပါသည်။၀င်ဒီလေးဟာ ငယ်ငယ်လေးတုန်းက အိမ်နီနားချင်း ကလေးတစ်ယောက်က ရထားအမိုးပေါ်ကို ပြေးတတ်သွားတဲ့ မြင်ကွင်းကို မြင်ရပြီးနောက်ထူးခြားဆန်းကျယ်မှုများ၊ စွန့်စားခန်းများကို အမြဲတွေးနေခဲ့ပါတယ်။လွတ်လပ်မှုအရသာကိုခံစားပြီး လေထဲမှာ ပျံဝဲတဲ့ ပုံပြင်လေးတွေကို စွဲလန်းနေတဲ့ ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့လိုနဲ့ တစ်ညမှာ ပြတင်းပေါက်တံခါးကနေ ကောင်လေးတစ်ယောက် ရထားပေါ်ကို ခုန်တတ်သွားတာကို မြင်ရာမှသူနဲ့ သူ့အကိုတို့ သုံးယောက်သားအတူတူ ထိုကောင်လေးနောက် ကို လိုက်သွားကြပါတယ်။အဲ့ကောင်လေးဘယ်သူဖြစ်မလဲ။ ပီတာပန်များဖြစ်နေမလား။အဲ့ဒီအချိန်ကနေစပြီး သူတို့သုံးယောက်ရဲ့စွန့်စားခန်းကြီးစတင်ပါပြီ။ထူးဆန်းတဲ့ ကျွန်းကို ရောက်ရှိသွားတဲ့ မောင်နှမ သုံးယောက်က အသက်ရှင်ဖို့ ရုံးကန်ကြရပုံ၊ငယ်ရွယ်သူတို့၏ စိတ်ဓါတ်တို့ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ...
movie
Wendy(2020)
6.6
The Pelican Brief(1993)
The Pelican Brief (1993) IMDB Rating -------- 6.6 ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္တုဟာ The Firm တို့ A Time To Kill တို့ Rain Makerတို့လို နာမည်ကျော် Legal Thriller တွေပဲရေးခဲ့တဲ့ John Grisham ပါ။ သူရဲ့ ပထမဆုံးဝတ္တု A time to killဟာ၂၀၁၂အထိ စစ်တမ်းအရ ၂၇၅သန်းအထိ ကော်ပီရောင်းရပြီးပါပြီ။ ဒီနောက်ရေးတဲ့ The Firm ဟာ Best Seller စာရင်း ဝင်ခဲ့ပြီး သူ့ကို စအောင်မြင်စေခဲ့တဲ့ Legal Thrillerဖြစ်ပြီး မကြာသေးခင်ကပဲ CM မှာ တင်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ သူရဲ့ နာမည်ကျော်ဝတ္တုတစ်ပုဒ်ကိုပဲ Julia Roberts နဲ့ Denzel Washington တို့လို ဒိတ်ဒိတ်ကြဲတွေ သရုပ်ဆောင်ထားတဲ့ The Pelican Brief ဆိုတဲ့ ကားနဲ့ ထပ်မိတ်ဆက်ပေးပါရစေ။ဗဟိုတရားရုံး ဂျူဒီ နှစ်ယောက်ကို ...
movie
The Pelican Brief(1993)
1993
7.8
Chalte Chalte (2003)
ဒီကားကတော့ roတဲ့နေရာမှာဆရာကျတဲ့ King Of Heart ကြီး ရှရွတ်ခန်းရဲ့ ဂန္တဝင်မြောက်ကားတစ်ကားပါ Love at first sight ဆိုတဲ့အတိုင်း ပရီယာဆိုတဲ့ကောင်မလေးနဲ့ကားမတော်တဆဖြစ်ရာက ရက်ဂျ်ဆိုတဲ့ကောင်လေးချစ်မိရာက စပါတယ် ဘယ်လောက်တောင်ချစ်လဲဆိုရင် ကောင်မလေးစေ့စပ်ပွဲလုပ်မယ့် ဂရိ အထိလိုက်သွားရလောက်တဲ့အထိပါပဲ ဂရိအထိလိုက်တဲ့ခရီးစဥ်တလျှောက်ပိုးပန်းပုံ အဆင့်ဆင့်ကနေပညာယူလို့ရပါတယ်နော် တအားကိုချစ်တတ်ချင် roချင်ပေမယ့် ဘယ်ကစရမှန်းမသိတဲ့ကိုကိုတွေလည်း ဒီကားကိုကြည့်သင့်ပါတယ်နော် ဒီကားက သာမာန် ချစ်ကြိုက်ညား အချစ်ကားတွေနဲ့မတူဘဲ ချစ်သူဘဝကနေ ညားတဲ့အထိ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့ တအားကိုroပြီးချစ်တတ်တဲ့ ရက်ဂျ်နဲ့ တအားကိုဖင်ပိတ်အငြင်းသန်ဆဲ့ ပရီယာတို့ နှစ်ယောက်ကိုကြည့်ပြီး အချစ်ဓါတ်တွေ ကူးနိုင်ကြပါစေလို့... File Size – 2 GBQuality – Bluray 720P Duration – 2h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Romance Translator – DollyEncoder – Thit San Khant zawgyi ဒီကားကေတာ့ roတဲ့နေရာမှာဆရာကျတဲ့ King Of Heart ကြီး ရှရွတ်ခန်းရဲ့ ဂန္တဝင်မြောက်ကားတစ်ကားပါ Love at first sight ဆိုတဲ့အတိုင်း ပရီယာဆိုတဲ့ကောင်မလေးနဲ့ကားမတော်တဆဖြစ်ရာက ရက်ဂ်ျဆိုတဲ့ကောင်လေးချစ်မိရာက စပါတယ် ဘယ်လောက်တောင်ချစ်လဲဆိုရင် ကောင်မလေးစေ့စပ်ပွဲလုပ်မယ့် ...
movie
Chalte Chalte (2003)
2020
6.3
Abe(2019)
Abe(2019)မတူကွဲပြားမှုတွေကို တူညီတာလေးတစ်ချက်နဲ့ ပေါင်းစည်းသွားဖို့ ကြိုးစားခဲ့တဲ့ အေ့ဘ်...သူ့ကိုလူတွေက အေဗရာဟင်လို့လည်းခေါ်တယ် အီဗရာဟမ် အာဗီ စတဲ့နာမည်အမျိုးမျိုးခေါ်ကြတယ်။ဒါပေမယ့် သူကတော့ ဟင်းချက်ဝါသနာပါတဲ့ ၁၂နှစ်အရွယ်ကောင်လေး အေ့ဘ်ပါပဲ။အမေဘက်က ဂျူး အဖေဘက်က မူစလင်ဖြစ်နေတဲ့မိသားစုမှာ ခဏခဏပဋိပက္ခတွေလည်းဖြစ်နေကြပါ။၁၂အရွယ်ကလေးတစ်ယောက်အဖို့ မိသားစုအလိုကျ လိုက်နေပေးရင်း နှစ်ဖက်လုံးအတွက်အဆင်ပြေတာကိုရှာဖွေနေခဲ့တာပါ။စားစရာတစ်ခုကိုတောင် အမြင်ကွဲလွဲတဲ့ဒီမိသားစုမှာ သူပါရမီပါတဲ့ အချက်အပြုတ်ဝါသနာကို ဘယ်လိုအသုံးချပြီးပေါင်းစည်းဖို့ကြိုးစားမလဲ?ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ။ရယ်လည်းရယ်ရတဲ့ကားလေးဆိုတော့ အဆုံးထိမငြီးမငွေ့ကြည့်ရှုရမှာပါ။ဟင်းချက်ဝါသနာရှင်တွေအတွက်လည်း အကြိုက်တွေ့စေမှာပါ။Rating တွေအနေကလည်း Rotten Tomatoes 72% Imdb Rating 6.2 တောင်ရရှိထားတာမလို့ကောင်းကြောင်းကိုအထွေအထူးမညွှန်းတော့ပဲ ကိုယ်တိုင်ကြည့်ရှုခံစားဖို့တိုက်တွန်းလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်... File Size : (795 MB) and (450MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Comedy , Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Abe(2019)
7.0
Hello World (2019)
Hello World(2019)ဒီဇာတ်ကားလေးကတော့ ၂၀၂၇ ခုနှစ် Kyoto မြို့မှာ အခြေတည်ပြီး ဇာတ်လမ်းစထားပါတယ်နာအိုမီ ကာတာဂါကီ (Naomi Katagaki) ဆိုတဲ့ကောင်လေးဟာ စာဖတ်ရတာကြိုက်နှစ်သက်ပြီး တစ်ကိုယ်တည်းအေးဆေးသမားလေးပါ...တစ်နေ့ သူ စာကြည့်တိုက်က အပြန် ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အတူ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်ပိုပြီး ထူးဆန်းတာက အဲ့ဒီလူဟာ အနာဂတ်ကလာတဲ့ သူကိုယ်တိုင်ဖြစ်နေတာပါပဲ...ဒီမှာဇာတ်လမ်းစပြီး အနာဂတ်က သူက ဘာလာလုပ်တာလဲ?? ဘာတွေဆက်ဖြစ်လာမှာလဲ?? ဆိုတာတွေကိုတော့ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ်ဒီကားလေးက Anime ချစ်သူတွေအတွက် မလွတ်တမ်းကြည့်ရှူသင့်တယ်လို့ ကျွန်တော်တော့ထင်မိပါတယ်...ဇာတ်လမ်းက Anime တို့ ထုံးစံအတိုင်း မတူကွဲပြားတဲ့ပုံစံနဲ့ ဆွဲဆောင်ထားတယ်...Kyoto မြို့ကြီးကို မြင်နေကြတဲ့မဟုတ် ပုံစံနဲ့တွေ့ရတာရယ် လှပတဲ့ရှုခင်းတွေ ဇာတ်ဝင်တေးကောင်းကောင်းလေးတွေနဲ့ ကြည့်ရတာ တော်တော်လေးအရသာရှိပါတယ်...ကဲ ပြောနေကြာတယ် အခုပဲ ကြည့်ရှူခံစား အားပေးကြပါဦး...(E sub ကနေ ဘာသာပြန်ထားတာဖြစ်တဲ့အတွက် လိုအပ်ချက်လေးတွေရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါ...ဇာတ်ဝင်တေးတွေကအစ သေသေချာချာလေး အကောင်းဆုံးပြန်ဆိုပေးထားလို့ အားရကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်...တစ်လက်စတည်း.. ဘာသာပြန်ဆိုရာမှာ ဂျီကျသမျှမငြီးမငြူ ...
movie
Hello World (2019)
6.5
Time to Hunt(2020)
Time to Hunt(2020)စီးပွားပျက်ကပ် ကြုံနေရတဲ့ ကိုးရီးယားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ အကုန်လုံးလုံးလိုလိုခက်ခဲစွာရုန်းကန်နေရတယ်....ဒီလို ရုန်းကန်နေထိုင်နေရတဲ့ ဘဝကြီးထဲကနေ လွတ်မြောက်ဖို့ လူငယ်လေး သုံးယောက်အကြံကြီးတစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်...နာမည်ကြီး လောင်းကစားရုံကို ဓားပြတိုက်ဖို့ပဲပါပဲ....ဒီဓားပြမှုကြီးကို လုပ်နေစဉ်မှာပဲ သူတို့(၃)ယောက်မမျှော်လင့်တဲ့ ဖြစ်ရပ်ဆိုးတွေဆိုက်တိုက်ကြုံပါတော့တယ်...မမျှော်လင့်ပဲ ... IMDB rating 6.5 အထိရထားပြီး Parasite ထဲက မင်းသားလည်းသရုပ်ဆောင်ထားသည့်သည်းထိတ်ရင်ဖို ဇာတ်ကားမို့ CM ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kinnov ပဲဖြစ်ပါတယ်..File Size : (1.04 GB) and (380 MB) Quality :WEB-DL720p Format…mp4 Duration…01:30:00 Genre : Crime , Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Kinnov Encoded by Phyo Pyae zawgyiTime to Hunt(2020)စီးပွားပျက်ကပ် ကြုံနေရတဲ့ ကိုးရီးယားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ ...
movie
Time to Hunt(2020)
6.2
Sergio(2020)
Sergio(2020)ဒီထဲကမင်းသားကြီးကိုတော့ Narcos ကြည့်သူတိုင်းရင်းနှီးကြမယ်ထင်ပါတယ်...ဒီဇာတ်လမ်းကတော့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဆာဂျီရို ဒီ မဲလ်လိုအကြောင်းကို ရိုက်ကူးထားတဲ့ အတ္ထုပတ္တိဇာတ်လမ်းပဲဖြစ်ပါတယ် ...ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဘရာဇီးလ်နိုင်ငံသား ဆာဂျီရိုဟာ သူ့ရဲ့ဇနီး ကုလသမဂ္ဂဝန်ထမ်း ကာရိုလီနာနဲ့ တည်ငြိမ်တဲ့ ဘဝတစ်ခုကို စတင်တော့မယ့်အချိန်မှာပဲ အီရတ်ကို လေးလကြာတာဝန်နဲ့ စေလွတ်ခြင်းခံခဲ့ရပါတယ်..အီရတ်ရှိ ကုလသမဂ္ဂရုံးချုပ် ဗုံးပေါက်ခွဲခံရမှုနဲ့အတူ ဆာဂျီရိုဟာ အပျက်အစီးများအောက် ပိတ်မိသွားတဲ့အချိန်မှာတော့အရာအားလုံးပြောင်းလဲသွားပါတော့တယ် ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဒီဇာတ်လမ်းကတော့စစ်ရဲ့ ဆိုးကျိုးတွေကို ဒီဇာတ်လမ်းထဲမှာ သေချာသရုပ်ဖော်ထားတဲ့အပြင် စစ်ကိုမုန်းသော်လည်း စစ်ပွဲကို တားဆီးဖို့ စစ်ပွဲကြားထဲရောက်နေရတဲ့ လူတစ်ယောက်ရဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို မျှော်လင့်နေရပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်... File Size : (950 MB) and (340 MB) Quality : WEB-DL 720p Format…mp4 Duration…01:58:00 Genre : Drama Subtitle : Myanmar Subtitle (Hard ...
movie
Sergio(2020)
7.9
Invisible Life (2019)
2019 ခုနစ်ထွက် drama ဇာတ်ကားကောင်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကိုမပြောခင်ဒီဇာတ်ကားမှာ ၁၈ + ဇာတ်ဝင်ခန်းအချို့ပါဝင်တဲ့အကြောင်း ကြိုပြောပါရစေ...ဇာတ်လမ်းအကျဉ်းကတော့...ဒီဇာတ်ကားကို ၁၉၅၀ ခုနစ်ကျော်မှာ အခြေတည်ရိုက်ကူးထားပါတယ်...ဂီတာနဲ့ ယူရီဒေ့စ်တို့နှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့ ညီအစ်မနှစ်ယောက်ပါ...ဒါပေမဲ့ အကြောင်းတရားအမျိုးမျိုးကြောင့်ကွဲကွာသွားကြတဲ့သူတို့နှစ်ယောက် ပြန်ဆုံတွေ့နိုင်ပါ့မလားဆိုတာပါပဲ...ဇာတ်လမ်းလေးက ရိုးရှင်းပေမယ့်ထိုခေတ်အခါက ရှေးရိုးစွဲတဲ့လူတွေရဲ့ခံယူချက်တွေ...အချစ်ကို ဗန်းပြပြီး အတ္တကြီးကြတဲ့လူတွေရဲ့စရိုက်တွေ....လူတွေရဲ့ မြေနိမ့်ရာလှံစိုက်ချင်တဲ့စိတ်ဓာတ်တွေကိုကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားပါတယ်..IMDB 8/10 ရရှိထားတာမို့ ကြည့်ရှုလို့နောင်တမရစေရပါဘူးလို့ ပြောကြားရင်း... File Size : ( 1 GB , 482 MB) Quality : WEBRip 720p Running Time : 1 hr 19 min Format : Mp4 Genre : ...
movie
Invisible Life (2019)
6.0
Finding You(2019)
Finding You(2019)အာနယ်လ် အေလန် ဘူညီ ဆိုတဲ့ကောင်လေးက Hyperthymesia ဆိုတဲ့အခြေအနေတစ်ခုရှိနေတဲ့သူပေါ့ ... ကိုယ့်ဘဝတစ်လျှောက်မှာဖြစ်ခဲ့သမျှကို သူများတွေထက်ထူးပြီး အသေးစိတ် နေ့ရက် အချိန်မလွဲ မှတ်မိနေတာမျိုးပေါ့... သူရဲ့ throwback app ကနေ လွန်ခဲ့သောနှစ် လ ရက် တွေရဲ့ အမှတ်တရpostတွေတက်လာတဲ့အခါမှာ သူ မမှတ်မိတာတွေဖြစ်နေရော.... သူ့လိုလူတစ်ယောက်တစ်ယောက်အတွက် ဒါမျိုးက မဖြစ်သင့်ဘူးလေ.... အဲ့အတွက် postတွေထဲက သူရည်ညွန်းရေးထားတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာ သိချင်နေတယ် ... အဲ့မိန်းကလေးကြောင့်ပဲ သူ့ဘဝကြီးအချိုးအကွေ့ဖြစ်ခဲ့ရတယ် အများကြီးမပြောတော့ဘူး Finding youဆိုတဲ့အတိုင်း ဘယ်သူကြောင့် သူ့လိုလူ မေ့ရသလဲဆိုတာ ကြည့်ကြည့်ကြပါ... အချစ်ဇာတ်ကားလေးကို ခံစားကြည့်ကြပါလို့..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်....File Size : 800MB Quality : WEB-DL Format…mp4 Duration…01:37:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae zawgyiFinding You(2019)အာနယ္လ္ ...
movie
Finding You(2019)
5.4
Curiosa 2019 (21+)
ဒါလေးကတော့ ပြင်သစ် ၂၁+ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ပြင်သစ်တွေ အီတလီတွေရဲ့ စတိုင်အတိုင်း ခံစားချက်ပြင်းပြင်းနဲ့ လိင်အသားပေး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉ ရာစုက နာမည်ကျော် စာရေးဆရာ နှစ်ယောက်ဖြစ်တဲ့ ပီယာ လူဝီ နဲ့ မယ်ရီ ဒီ ရက်ဂ်နီရာ တို့ရဲ့ အချစ်ဇာတ်လမ်းကို အခြေခံထားတာပဲဖြစ်ပါတယ်။ အဓိကကတော့ ကဗျာဆရာ၊ ဓာတ်ပုံဆရာ၊ စာရေးဆရာမတွေ ခံစားလွန်ပြီး အချစ်ရေးမှာရှုပ်ထွေးလာကြတာကိုဖော်ပြချင်တာပါ။အသေးစိတ်တော့ မရေးပြတော့ပါဘူး။ အပြောထက် အပြကို ပိုခံစားတတ်တဲ့ ပရိသတ်တွေများနေတဲ့အတွက် ဇာတ်ကားထဲက စာတန်းတွေတောင် ဖတ်ချင်မှဖတ်မှာမှန်းသိပါတယ်။ ပြင်သစ်ဘာသာဖြစ်ပြီး အင်္ဂလိပ်စာတန်းက သိပ်မကောင်းတာကြောင့် နားသိပ်မလည်လည်း ခွင့်လွှတ်ကြမယ်ထင်ပါတယ်။ File size…(750Mb) (350Mb) Quality…Blu-Ray Rip 720p Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Jr.Translated by Mr.Anderson Jr. zawgyiဒါလေးကတော့ ပြင်သစ် ၂၁+ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ပြင်သစ်တွေ ...
movie
Curiosa 2019 (21+)
First
355
356
357
358
359
Last
Previous
Next