Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
6.3
Walkaway Joe(2020)
Walkaway Joe(2020)Dallas တို့ သားအဖ (၂)ယောက်ဟာ ဘိလိယက်ထိုးဝါသနာပါကြတယ်....အဖေဖြစ်သူဟာ ဘိလိယက်ဝိုင်းတွေတိုင်း သားဖြစ်သူကိုခေါ်သွားတတ်တဲ့အပြင်အရွယ်မရောက်ခင် လူကြီးတွေလုပ်တဲ့ အလုပ်မျိုးတွေပါခိုင်းလေ့ရှိတယ်...ဒီလိုမျိုးပြုစုပျိုးထောင်မှုကို အမေဖြစ်သူက စိတ်ပျက်လက်ပျက်ဖြစ်လို့ အမြဲစကားများလေ့ရှိတယ်...သီးမခံနိုင်တဲ့အဆုံး အဖေဖြစ်သူဟာ အိမ်ကထွက်သွားတယ်....အမေ့ရဲ့ခံယူချက်တွေကို မကြိုက်တဲ့Dallas လည်း အဖေဖြစ်သူကိုရှာဖွေဖို့ အိမ်ကထွက်သွားတယ်...Dallas တစ်ယောက် ဒီလိုထွက်သွားစဉ်မှာပဲ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်...အဲ့ဒီသူနဲ့ ဘာတွေဆက်ဖြစ်မလဲ...အပြင်လောကကြီးဟာ ဘယ်လောက်ထိခက်ခဲနေလဲ...လူတိုင်းဟာ ပြဿနာကိုယ်စီကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဒီကားလေးက ကောင်းမွန်စွာပြသပေးသွားပါတယ်...ခံစားကြည့်ကြပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (850 MB) and (310 MB) Quality : Web-Dl 720p Format…mp4 Duration…01:30:00 Genre : Action Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie
Walkaway Joe(2020)
7.0
Fallen(1998)
Fallen(1998) IMDb....7.0 ကျွန်တော်တို့ ဘဝမှာ ယုံကြည်တာလက်ခံထားတာတွေအများကြီးရှိပါတယ်။ လက်မခံတာတွေလည်းအများကြီးရှိပါတယ်။ တစ်နေ့မှာ ကိုယ်မဟုတ်ပါဘူးလို့ထင်နေတာတွေအားလုံးက အမှန်တွေဖြစ်လာတယ်ဆိုရင်လက်ခံယုံကြည်ကြမှာလား။ ကိုယ့်ရဲ့အမှန်တရားက မှားနေခဲ့ရင်ရော လက်ခံနိုင်ပါမလား။ ကျွန်တော်တို့ရဲ့ မင်းသားကြီးမင်းသားကြီး Denzel Washington က ဒီကားထဲမှာ အဓိကဇာတ်ဆောင် စုံထောက် John Hobb အဖြစ်သရုပ်ဆောင်ထားတယ်...Hobb က အရမ်းတော်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီးတော့ သူနောက်ဆုံးဖမ်းခဲ့တဲ့သူကို သေဒဏ်မပေးခင်မှာ ထူးခြားတာတွေဖြစ်ပျက်ခဲ့ပါတယ်။ဒါပေမယ့် သတိမထားမိဘဲ နောက်ထပ်ပုံစံတူလူသတ်မှုတွေပေါ်လာချိန်မှာတော့ ပြန်စုံစမ်းရင်း ထူးခြားတာတွေကိုသတိထားမိလာပြီး သူမယုံချင်တဲ့ အရာတွေကိုလည်း ယုံခဲ့ရတယ်...လူသတ်သမားက သေဒဏ်ကျခံပြီးဖြစ်တဲ့ တရားခံရဲ့ ပုံစံအတိုင်းသတ်ပြီးတော့ Hobb အတွက် သတင်းစကားတွေချန်ထားခဲ့ခြင်းပါ။အဲဒါတွေကိုစုံစမ်းရင်း သူတစ်ခုသိလာရတာတော့ သူမမြင်ဖူးတဲ့ရှုထောင့်ကနေကြည့်မှ ဒီလူသတ်မှုတွေကိုနားလည်နိုင်မယ်ဆိုတာပါပဲ။သူ့ရဲ့အမြင်တွေကိုပြောင်းလဲပြီးတော့ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ပါတော့ဗျာ။စုံထောက်အက်ရှင်ကားတွေလည်းကြိုက်တယ်..မင်းသားကြီး Denzel Washington လည်း ပါတယ်ဆိုတော့ကားးးးးးး....IMDB Rating အနေနဲ့ကတော့ 7 အထိရရှိထားပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ D3monပဲဖြစ်ပါတယ်...File Size : (994MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre : Action , Crime , Drama Subtitle ...
movie
Fallen(1998)
1998
6.9
Driveways(2019)
Driveways(2019)ဒီတစ်ခါမှာတော့ Drama ကြိုက်တဲ့ ပရိသတ်တွေအတွက် Driveways ဆိုတဲ့အမေရိကန် ဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ IMDb rating 6.9ထိ ရရှိထားတဲ့ ဒီကားဟာဆိုရင်တော့ ၅၂၈ မေ တ္တာကို အဓိကဖော်ကျူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ကိုဒီ ဟာ ထိလွယ် ရှလွယ် ခံစားလွယ်တတ်တဲ့ချာတိတ်လေးတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့အဒေါ် အေပရယ် ဆုံးပါးသွားတဲ့နောက်မှာတော့ အဒေါ်ဖြစ်သူရဲ့ နေအိမ်ကို အရောင်းတင်ရဖို့ ဖြစ်လာပါတယ်။ ဒါနဲ့ပဲ ကိုဒီနဲ့ သူ့အမေဖြစ်သူတို့ဟာ ဒီအိမ်ကြီးကိုရှင်းလင်းဖို့ လုပ်ဆောင်ရပါတော့တယ်။သူတို့ရဲ့ ဘေးကပ်ရပ်အိမ်မှာတော့ အမေရိကန်စစ်သားဟောင်း အဘိုးအိုကြီး တစ်ဦးနေထိုင်ပါတယ်။ဘ၀ရဲ့နေ၀င်ချိန်ကို ရောက်နေပြီဖြစ်တဲ့ အဘိုးအိုနဲ့ ချာတိတ်ပေါက်စတို့ဟာ အသက်အရွယ်မတူ တွေးခေါ်ပုံချင်းမတူပေမဲ့ စကားတွေပြောဖြစ်ကြတယ်... သူတို့ဘာတွေပြောဖြစ်ကြလဲ...ပြီးတော့ ဒီကားက ဆုပေါင်း (၇)ဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရတယ်...ဘာကြောင့်ဆုကြီးတွေအတွက်ဆန်ကာတင်ခံခဲ့ရသလဲဆိုတာတော့ ကိုယ်တိုင်ခံစားကြည့်ကြပါဗျို့....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်...File Size : (800 MB) ...
movie
Driveways(2019)
4.5
Fronteras(2018)
Fronteras(2018)အဓိက ဇာတ်ကောင် ဖြစ်တဲ့ ရေးစ်ဟာ အမေရိကန်-မက်စီကန် နယ်စပ်မှာ စောင့်ရတဲ့ အေဂျင့် တဦးပဲ ဖြစ်ပါတယ်.သူက မက်စီကို ဇာတိဖြစ်ပေမယ့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူပဲ ဖြစ်ပါတယ်.သူဟာ ရိုးသာဖြောင့်မတ်ပြီး တိုက်ရည်ခိုက်ရည်ရှိတာကြောင့် မက်စီကို ဘိန်းရာဇာကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ အိုင်ဗန် ဦးဆောင်တဲ့အထူးတပ်ဖွဲ့မှာ ပါ၀င်လှုပ်ရှားခွင့် ရခဲ့ပါတယ်.အထူးတပ်ဖွဲ့ ခေါင်းဆောင် အိုင်ဗန်ဟာ အရမ်းကို မျိုးချစ်စိတ် ပြင်းထန်ပြီး အလုပ်လုပ်ရမှာ ရက်စက်တယ်ဆိုပြီး နာမည်ကြီးလှပါတယ်.ရိုးသားဖြောင့်မတ်ပြီး သနားကြင်နာတတ်တဲ့ ရေးစ်နဲ့ ရက်စက်ပြီး တိကျတဲ့ အိုင်ဗန်တို့ နှစ်ဦးတွေ့တဲ့အခါမှာတော့မလိုလားအပ်တဲ့ ပြဿနာတွေ၊ ခံစားမှုရသတွေ၊ အမေရိကန်နဲ့ မက်စီကို နယ်စပ်ကြားကပြဿနာတွေကို စိတ်၀င်စားဖွယ် ရိုက်ပြထားတာကြောင့် dramaနဲ့ နိုင်ငံရေးပြဿနာတွေကို စိတ်၀င်စားသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေး တကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်....File Size : (900 MB) ...
movie
Fronteras(2018)
6.3
Tokyo Fiancée(2014)
Tokyo Fiancée(2014)okyo Finance2014 ဒီတစ်ခါတော့ အိမ်တွင်းအောင်းနေရတဲ့ CMဖန်တွေအတွက်Drama/Romance/Comedyကားလေးနဲ့ ဖျော်ဖြေတင်ဆက်ပေးပါရစေ. ဒီကားလေးကတော့IMDb6.1/10ရထားတာကြောင့် ဇာတ်ကားကောင်းလေးတစ်ကာ ဖြစ်တာကို အထူးတလည်ပြောဖို့လိုမယ်မထင်ပါဘူးနော်. ဇာတ်လမ်းထဲမှာ ဘယ်လ်ဂျီယံသူဖြစ်ပေမယ့်ဂျပန်မှာမွေးခဲ့တဲ့ အမ်မီလီဟာ ဂျပန်ကို ချစ်မြတ်နိုးတာကြောင့်သူ အသက်20မှာ ဂျပန်ကို ပြန်လာခဲ့ပါတယ်.ဂျပန်ကို ရောက်နေချိန်မှာ တဖက်တစ်လမ်းကနေ ၀င်ငွေရအောင် ဆိုပြီး အချိန်ပိုင်းပြင်သစ်စာသင်ပေးဖို့ လုပ်ခဲ့ပါတယ်.အဲ့အချိန်မှာပဲ ပြင်သစ်စာကို စိတ်၀င်စားတဲ့ ဂျပန်ကောင်လေး ရင်ရီဟာဆက်သွယ်လာခဲ့ပါတယ်.အဲ့နောက်မှာ သူတို့နှစ်ယောက်ဟာ ပြင်သစ်စကားသင်ရင်း ခင်မင်ရင်းနှီးလာခဲ့ပါတယ်.ခင်မင်ရင်းနှီးမှုကနေ အဆင့်တွေပိုလာရင်း ထူးဆန်းတဲ့ကံကြမ္မာအလှည့်အပြောင်းကြောင့်ဘယ်လိုတွေ ဖြစ်တယ်ဆိုတာကို ရိုက်ပြထားတဲ့ ဒရာမာဇာတ်ကားကောင်းလေး ဖြစ်တာကြောင့် ဒရာမာနှစ်သက်သူတို့ လက်မလွှတ်ပဲ ကြည့်ရှူသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျာ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်....File Size : (900 MB) and (443 MB) Quality : Blu-Ray 720p Format…mp4 Duration…01:40:00 Genre : Romance , Drama, Comedy Subtitle ...
movie
Tokyo Fiancée(2014)
5.3
Dangerous Lies(2020)
Dangerous Lies(2020)Netflixကနေ မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ ဒီကားကတော့ တော်တော်လေး စိတ်၀င်စားဖို့ကောင်းတယ်လို့ကို ပြောလို့ရပါတယ်။ ကေတီ နဲ့ အဒမ် တို့ဟာ လူငယ်ဇနီးမောင်နှံတွေဖြစ်ပြီး သူတို့မှာ ငွေရေးကြေးရေး အခက်အခဲ တော်တော်လေးရှိနေကြပါတယ်။ကေတီဟာ ၈၈နှစ်အရွယ် အဘိုးအို တစ်ဦးကို ပြုစုစောင့်ရှောက်ပေးရတဲ့ caretaker တစ်ဦးလည်း ဖြစ်ပါတယ်။ ငွေကြေးပြည့်စုံတဲ့ တကောင်ကြွက် အဘိုးအို တစ်ယောက်ဖြစ်ပြီး ခမ်းနားတဲ့ အိမ်ကြီးမှာ နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ကေတီ အလုပ်၀င်ပြီး လေးလအကြာမှာတင် အဘိုးကြီးဆုံးပါးသွားတော့အံ့သြစရာကောင်းလောက်အောင် ကေတီက အိမ်ကြီးကို အမွေဆက်ခံခွင့်ရခဲ့ပါတော့တယ်။ဒီမှာပဲ ဇာတ်ခမ်းစပါတော့တယ်။ သူအမွေရခဲ့တဲ့ အိမ်ကြီးထဲမှာ ဘာတွေများရှိနေမလဲ။ဒီအိမ်ကြီးကို အကြောင်းပြုပြီး သူတို့လင်မယားနှစ်ယောက် ဘယ်လိုဒုက္ခတွေကြုံတွေ့ရမလဲ။ဆင်းရဲရတဲ့ ဒုက္ခနဲ့ ချမ်းသာရတဲ့ ဒုက္ခဟာ ဘာတွေများ ကွာခြားမလဲ အမျိုးမျိုးသော အဖြစ်အပျက်တွေနဲ့အတူ နောက်ဆုံး ရဲတပ်ဖွဲ့ကပါ ခြေချင်းလိမ်လာတဲ့ အခါမှာတော့.... Netflixထုံးစံအတိုင်း ဇာတ်လမ်းက အလှည့်အပြောင်းတွေနဲ့ ...
movie
Dangerous Lies(2020)
3.0
Bloodhound(2020)
Bloodhound(2020) အလွတ်စုံထောက် အေဘယ်ဝေါ့ကာဟာ ကင်မရာမန်း ဂျင်ကိုအမှုစုံစမ်းရာမှာ ကူညီဖို့ ငှားရမ်းလိုက်ပါတယ်။ သူတို့နှစ်ယောက် ပူးပေါင်းပြီး မကြာခင်မှာပဲအမှုတစ်ခု လိုက်စရာ ပေါ်လာပါတော့တယ်။ဘီလ် ဆိုတဲ့ လူတစ်ယောက် သူ့ရဲ့ဇနီးဟောင်း မာရီယာ ပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရမှာပါ...ဒီပျောက်ဆုံးမှုကိုစုံစမ်းတဲ့နေရာမှာ ထင်ထားတာထက် ပိုခက်ခဲနေတဲ့အချိန်မှာတော့..ဒီနောက်မှာတော့ .... ဘာတွေ ဆက်ဖြစ်ကြမလဲ?????စုံထောက်ဇာတ်ကားကို မှတ်တမ်းတင်ရင်း ရိုက်ထားတဲ့ပုံစံမျိုး ရိုက်ထားတဲ့အတွက် ကြည့်ရတာတစ်မျိုး အမြင်ဆန်းနေမှာပါ။ အသည်းတယားယား ရင်တဖိုဖိုနဲ့ ရှေ့ဆက်ဘာတွေ ဖြစ်မယ်ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ August ပဲဖြစ်ပါတယ်....File Size : (846MB) and (376 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Crime , Drama, Fantasy1 Subtitle : Myanmar Subtitle (Hard Sub) Translated by August Encoded by Phyo ...
movie
Bloodhound(2020)
5.0
The Roads Not Taken(2020)
The Roads Not Taken(2020)လီယိုဆိုတဲ့စာရေးဆရာတစ်ယောက်ရှိတယ်...ချစ်စရာကောင်းတဲ့မိန်းမနဲ့သမီးလေးရှိပေမဲ့ စာရေးတဲ့နေရာမှာ အာရုံစူးစိုက်လို့ အဆင်မပြေဘူးဆိုပြီးမိသားစုကိုစွန့်ခွာသွားတယ်.... ဒီလို ဖြတ်သန်းခဲ့တဲ့ အကျိုးဆက်ကြောင့် မိန်းမနဲ့ကွဲခဲ့ရသလိုသမီးလေးဟာလည်း သာမန်မိန်းကလေးထက်ဘဝကို ခက်ခဲစွာရင်ဆိုင်ခဲ့ရတယ်...အဲ့ဒီနောက် လီယိုတစ်ယောက် အသိစိတ်လွတ်ဝေဒနာကိုခံစားနေရတဲ့ ရောဂါသည်ဖြစ်သွားတယ်...ဒီလိုအခြေအနေမျိုးမှာ သမီးဖြစ်သူသာ စောင့်ရှောက်ဖို့ကျန်တော့တယ်...သမီးဖြစ်သူမော်လီတစ်ယောက် ဘယ်လိုအခက်အခဲတွေရင်ဆိုင်ဖြတ်သန်းရမလဲ....မိသားစုမှာ အဓိကနဲ့သာမည ခွဲခြားတတ်ဖို့နဲ့ ရုန်းကန်ရတဲ့ဘဝတွေဟာတစ်ချို့သူတွေအတွက် အရမ်းခက်ခဲတဲ့အကြောင်းကို ပညာသားပါပါလေးပြသွားတယ်...No Country for Old Men နဲ့ အော်စကာရခဲ့တဲ့ Javier Bardem က ဖခင်ဖြစ်သူအဖြစ်သရုပ်ဆောင်ထားပြီးMaleficent ထဲက ချစ်စရာကောင်းတဲ့ မင်းသမီးလေးလူသိများခဲ့တဲ့ Elle Fanning ကသမီးလေးအဖြစ်သရုပ်ဆောင်ထားပါတယ်..ခံစားကြည့်ကြပါဦး ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...File Size : (800 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:25:00 Genre :Drama Subtitle : Myanmar Subtitle (Hard ...
movie
The Roads Not Taken(2020)
7.7
The Social Network (2010)
ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင်သူ မာတ်ဇူကာဘတ် ရဲ့ ကျောင်းသားဘ၀ နှင့် Facebook ကို တည်ထောင်တဲ့ ကာလ တစ်လျှောက်က အကြောင်းများကို ဇတ်လမ်းရိုက်ကူးထားသည့် ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်.... ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ ဒိတ်ဒိတ်ကျဲတွေပါပဲ Now You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jesse Eisenberg နဲ့ Spider-Man မင်းသား Andrew Garfield တို့ဖြစ်ပြီး နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ် ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်းကလဲ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်.... မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်းဖြစ်သူ နဲ့ အတူ တည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကို ရိုက်ပြထားပါတယ်...File Size - 863.1 MB Quality - 720P BluRay Subtitle - Myanmar (Hardsub) Translator - Nay Yell ...
movie
The Social Network (2010)
2010
7.1
Balto(1995)
Balto(1995)Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Balto ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ၁၉၉၅ ခုနှစ်တည်းက ထွက်ရှိခဲ့တာဖြစ်ပြီး သူရဲကောင်းခွေးလေးတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ IMdb 7.1 နဲ့ Rotten Tomato 54% ရရှိထားတဲ့ Animated ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ဘော်တို လို့အမည်ရတဲ့ ဝံပုလွေသွေးနှောတဲ့ ခွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ခွေးချစ်သူ တိချစ်သူလေးတွေကတော့ 1925 Serum Run to Nome မှာ ထင်ရှားတဲ့ ဘော်တို တို့ တိုဂို တို့ ကို ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အလက်စကာ မှာရှိတဲ့ နုမ်း မြို့လေးရဲ့ အလွန်ဆိုးရွားတဲ့ ဆောင်းရာသီတစ်ခုမှာ ကလေးငယ်လေးတွေဆီကို ကပ်ရောဂါတစ်ခု ကျရောက်လို့ လာခဲ့ပါတယ်။ နုမ်းမြို့ငယ်လေးရဲ့ တစ်ခုတည်းသောဆေးရုံမှာ ရောဂါဖြေဆေးတွေလည်း ...
movie
Balto(1995)
5.7
Endings, Beginnings(2020)
Endings, Beginnings(2020)နာမည်ကျော် မင်းသမီး Shailene Woodley ကိုယ်တိုင်အဓိကပါဝင်သရုပ်ဆောင်ထားပြီးFifty Shades ထဲက မင်းသား Jamie Dornan နဲ့ Marvel ကားတွေနဲ့ လူသိများခဲ့တဲ့Sebastian Stanလည်း ပါဝင်ထားလေတယ်...IMDB raiting 5.7 ရထားတဲ့ Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ..ဒီဇာတ်ကားလေးကတော့ ဒက်ဖနီဆိုတဲ့ကောင်မလေးက သူ့ကိုအရမ်းချစ်ဂရုစိုက်ပါတယ်ဆိုတဲ့ ကောင်လေးအေဒီရီရန်ကိုလမ်းခွဲလိုက်တယ် ....အကြောင်းအရင်းကတော့သူရှုပ်ခဲ့တဲ့ဇာတ်လမ်းတွေကြောင့်ပဲ ...အရမ်းချစ်ခဲ့ပေမယ့် သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးပြီးတဲ့အကျိုးဆက်က သူမအတွက် မလွယ်ကူလှဘူး...ချစ်ခဲ့စဉ်က အမှတ်တရပေါင်းများစွာကို ပြေပျောက်ဖို့အတွက် အရက်တွေနဲ့ဖြတ်သန်းခဲ့တယ်...အချိန်တစ်ခုရောက်တော့ ဘဝသစ်နဲ့ပျော်ရွှင်အောင်နေဖို့ရာ အရက်တွေဖြတ် ရည်းစားမထားဘဲ အလုပ်တွေကြိုးစားပြီးနေမယ်လို့ဆုံးဖြတ်ပြီးတော့သူ့အစ်မအိမ်ကိုသွားခဲ့တယ်...အစ်မ အိမ်ကိုရောက်ပြီး ဘဝပြန်စမယ်ဆိုခါမှသူမ မထင်ထားတဲ့အရာတွေ ဆက်တိုက်ဖြစ်တော့တာပဲ...ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...File Size : (950 MB) and (476 MB) Quality : WEB-DL 720p Format…mp4 Duration…01:50:00 Genre : Drama Subtitle : ...
movie
Endings, Beginnings(2020)
8.0
The Martian (2015) EXTENDED
Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါၤဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အဂါၤဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင်ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့အဂါၤဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာnasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အဂါၤဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်ကအဂါၤဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်းလူငယ်လေးတစ်ယောက်ရဲ့ ...
movie
The Martian (2015) EXTENDED
2015
5.9
Misbehaviour (2020)
1970 ခုနှစ် Miss World ပြိုင်ပွဲနဲ့ပက်သတ်ပြီး ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။Feminist Comedy ဇာတ်လမ်းအမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းကတော့ အမျိုးသမီးတွေယောက်ျားကြီးစိုးမှုကို ဆန့်ကျင်ဖို့ လုပ်ရာကနေ စတာပါ။၁၉၇၀ ခုနှစ် မယ်ကမ္ဘာရွေးပွဲအတွက် နိုင်ငံအသီးသီးကအချောဆုံးအလှဆုံးတွေက ဗြိတိန်နိုင်ငံမှာ စုရုံးနေကြပါပြီ။မယ်ရွေးပွဲမှာလည်း လူမျိုးရေးခွဲခြားမှုတွေက ရှိနေပြန်တယ်။ဒီကြားထဲ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေလည်း ကြုံနေပြန်။ဒီလိုအခက်အခဲအမျိုးမျိုးကြားကနေ Miss World ပြိုင်ပွဲကြီးကိုယောက်ျားကြီးစိုးမှုဆန့်ကျင်ရေး အမျိုးသမီးအဖွဲ့တွေ တားဆီးကြတဲ့အကြောင်းဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 993 MB , 362 MB) Quality : WEBRip 720p Running Time : 1 hr 46 min Format : Mp4 Genre ...
movie
Misbehaviour (2020)
8.2
The Lighthouse(2019)
The Lighthouse(2019)IMDb....8.2(unicode)ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ ရောဘတ်ပတ်တီဆန် (Twilight ထဲကမင်းသား) နဲ့ မင်းသားကြီး ဝီလီယံဒတ်ဖို (Spiderman 2002 ထဲဗီလိန်မင်းသားကြီး) နှစ်ယောက်တည်းသာလျှင် တစ်ကားလုံးမှာ သရုပ်ဆောင်ထားတာတွေ့ရမှာပါ မင်သားနှစ်ယောက်တည်းနဲ့တင် တစ်ကားလုံးကိုတဖြည်းဖြည်းနဲ့ဆွဲဆောင်ထားတာပါ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ခေါင်းထဲမှာအတွေးတွေတစ်သီချည်းကျန်ခဲ့စေမယ့်ဇာတ်ကားမျိုးပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉ရာစု New England ကမ်းရိုးတန်းကမီးပြတိုက်တစ်ခုမှာအခြေတည်ရိုက်ထားပါတယ် အီဖရန်ဝင်းစလို လူငယ်လေးတစ်ယောက်ဟာ သောမတ်စ်ဝိတ်ဒ် ဆိုတဲ့ မီးပြတိုက်စောင့်ရှောက်သူအဖိုးကြီးရဲ့လက်အောက်မှာ လေးပတ်လောက်အလုပ်လုပ်ဖို့တာဝန်ကျလာပါတယ် စစရောက်ချင်းနေမှာပဲ သူ့အိပ်ရာထဲကနေ ရေသူမအရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပြီးသိမ်းထားခဲ့ပါတယ် အီဖရန် သူတို့နေထိုင်တဲ့နေရာအတွက် အလုံးစုံအကုန်လုံးကိုလုပ်ရပါတယ် သောမတ်စ်ဝိဒ်ကတော့ညဖက် မီးပြတိုက်ရဲ့ထိပ်ဆုံးအပေါ်ထပ်မှာပဲအလုပ်လုပ်ပါတယ် နေ့ဖက်တွေအလုပ်လုပ်ပြီး ညဖက်ဆိုအီဖရန်ရဲ့အတွေးတွေက ကယောက်ခြောက်ခြားဖြစ်တယ် တွေးမိတွေးရာတွေလျှောက်တွေး ဖြစ်တာများတယ် တစ်နေ့ညဖက် ညစာစားခဲ့တဲ့အခါ အီဖရန်ဟာ လမ်းညွှန်စာအုပ်မှာက အလုပ်ကိုအလှည့်ကျလုပ်ရမယ်လို့ရေးထားတယ်အဲ့ဒါကြောင့်သူလဲ မီးပြတိုက်အပေါ်ဆုံးမီးအိမ်ကြီးရှိတဲ့နေရာမှာအလုပ်လုပ်ချင်တယ်လို့ပြောပါတယ် ဒါပေမယ့် သောမတ်စ်ကလက်မခံပါဘူး သူတစ်ဦးတည်းသာလျှင်အဲ့အလုပ်လုပ်မယ်ဘယ်သူမှလုပ်လို့မရဘူးဆိုပြီးငြင်းခဲ့ပါတယ် အီဖရန်လည်း စီနီယာအထက်လူကြီးဖြစ်နေအတွက်ကြောင့် ပထမအကြိမ်လက်လျှော့ခဲ့ပါတယ် ညစာစားနေရင်းနဲ့သောမတ်စ်ကအီဖရန်ကို ဒီနေရာမှာရှိတဲ့အယူအဆတစ်ချို့ကိုပြောပြခဲ့ပါတယ် ပင်လယ်ဇင်ရော်ငှက်တွေကိုမသတ်ရဘူး သတ်ရင်ဒုက္ခရောက်မယ်ဆိုတာတွေအခြားအရာတွေရောပေါ့ ဒီလိုနဲ့ သောက်ရင်း စားရင်းနေလာလိုက်တာ ...
movie
The Lighthouse(2019)
5.2
The Rhythm Section (2019)
Paramount Pictureကနေဖြန့်ချီလိုက်ပြီးမင်းသမီးချောBlake Livelyနဲ့ Jude Lawတို့ပါဝင်ထားတဲ့Action Dramaကားတစ်ကားပါ။Assassinကားသဘောမျိူးပါပဲ။လေယာဉ်ပျက်ကျရာမှမိသားစုတစ်ခုလုံးကိုဆုံးရှုံးလိုက်ရပြီးနောက်စတစ်ဖနီတစ်ယောက် သာမန်ကျောင်းသူတစ်ယောက်ဘဝကနေ စိတ်ကျတွေကျ၊ ဆေးတွေသုံးပြီးပေတေနေတဲ့ပြည့်တန်ဆာမဘဝကိုပြောင်းလဲသွားပါတယ်။တစ်နေ့သူ့ဆီကို ဂျာနယ်လစ်သမားတစ်ယောက်ရောက်လာတဲ့အခါမှာတော့သူ့မိသားစုစီးခဲ့တဲ့လေယာဉ်ကစက်ချို့ယွင်းလို့ပျက်ကျတာမဟုတ်ပဲဗုံးပေါက်ကွဲလို့ဆိုတာသိသွားပါတယ်။အဲ့နောက်မှာတော့ အဲ့ဗုံးကိစ္စနဲ့ပတ်သတ်သူမှန်သမျှကိုအပြတ်ရှင်းပစ်မယ့် လုပ်ကြံသတ်ဖြတ်သူဖြစ်သွားပါတော့တယ်။ဒီကားမှာတော့ တခြားassassinကားတွေလိုအထူးလေ့ကျင့်ထားတဲ့သူလျှိုမတွေပုံစံလိုမဟုတ်ပဲသာမန်မိန်းကလေးတစ်ယောက်စိတ်အားထက်သန်စွာနဲ့လက်စားလိုက်ချေပုံတွေကို မြင်ရမှာပါ။ကြည့်ရှုခံစားကြည့်ပါအုံး။ File Size : ( 1 GB , 377 MB) Quality : WEBRip 720p Running Time : 1 hr 31 min Format : Mp4 Genre : Action , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) ...
movie
The Rhythm Section (2019)
7.6
Inside Man(2006)
Inside Man(2006) IMDb.....7.6,,,,,,,Rotten....86 ခရစ်စမတ်ကာလမှာ လူ ၄ယောက်ဟာ နယူးယောက်မြို့လယ်ကောင်ရဲ့ဘဏ်တစ်ခု ကိုဓားပြဝင်တိုက်တယ် ...ဒါကြောင့် ရဲတွေလည်း ဘေးပတ်လည်မှာ ဝိုင်းထားတယ်.... တီဗွီသတင်းတွေ သတင်းစာတွေအတွက်ဏ်ဓားပြမှုအကြောင်းဟာ ခေါင်းစဉ်ကြီးဖြစ်သွားတယ် ...ဓားပြ ၄ယောက်ဟာ ဘဏ်အတွင်းမှာရှိတဲ့ ဝန်ထမ်းနဲ့ ငွေကိစ္စဖြင့်လာရောက်သူတိုင်းရဲ့ဖုန်းတွေကို ပိတ်တယ်.... ကားသော့တွေသိမ်းတယ်... ပြီးတော့ သူတို့အားလုံးရဲ့အဝတ်တွေလဲခိုင်းတယ်..ဘဏ်ဓားပြတွေဟာ အသင့်ချုပ်ထားတဲ့ ဝတ်စုံကို ဓားစာခံတွေကို ပေးဝတ်လိုက်တယ်...ဒီတော့ ဓားပြတိုက်သူနဲ့ ဓားစာခံက သေနတ်ကိုင်ထားတာနဲ့မကိုင်တာပဲကွာတော့တယ်.... ရဲတွေက cctv ကနေစလိုက်တယ် ...ဒါပေမဲ့ ဓားပြ မတိုက်ခင်၂မိနစ်လောက်အလိုထိပဲ ကြည့်လို့ရတယ် infard bulbက စီစီတီဗွီကင်မရာကို ပိတ်လိုက်နိုင်တယ်...ဓားစာခံတွေကို အခန်းထဲထည့်အလုံပိတ်ထားတယ် သူတို့ကအပြင်မှာနေတယ် ဓားပြတွေဟာ စကားဝှက်အနေနဲ့ Steve Q လို့သုံးတာရှိသလို Steve 0လို့လည်းသုံးတယ် ....ဒီဓားပြမှုကို ကိုင်တွယ်တဲ့ စုံထောက်ရဲ့ လုပ်ကွက်တွေကလည်း ပညာရှင်ဆန်တယ်....သို့ပေမယ့်လည်........ဒီကားက အဓိကမင်းသားကြီး (၂)လက်ဖြစ်တဲ့ Denzel Washingtonနဲ့ Clive Owen ကိုတော့ တော်တော်များများသိကြမယ်ထင်တယ်....၂၀၀၆ ခုနှစ်ကား ဆိုပေမယ့် ...
movie
Inside Man(2006)
2006
6.5
Ashfall (2019)
ဒီကားကတော့ ရုံမှာကြည့်ဖူးတဲ့သူတွေ အတွက်ဘယ်လောက်ကောင်းတယ်ဆိုတာ အထူးညွှန်းဖို့တောင် လိုမယ်မထင်ဖူး။ IMDB 10 out of 6.5 နဲ့ Rotten Tomatoes 71% အထိရရှိထားတဲ့၂၀၁၉ ခုနှစ်ထွက် အမိုက်စား Action/Drama ရုံတင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ကြတဲ့သူတွေကလည်း အကုန်ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ ပရိတ်သတ်ရင်းနှီးပြီးသား Lee Byung Hun,Train to Busan ထဲကလူသန်ကြီး Ma Dong Seok,Along with the God ထဲက Ha Jung woo,The King ထဲက ဘုရင်ကြီးရဲ့အဆက်ဟောင်းလေး Bae Suzyအစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားတဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ Action ကားကောင်းလေးပါ။ ဇာတ်လမ်းဇာတ်ကွက်လေးလဲ ကောင်းသလို Action ခန်းတွေကလည် းတော်တော်အားရစရာကောင်းလို့ Action ကားကောင်းမျှော်နေတဲ့ ပရိတ်သတ်ကြီးနဲ့ကွက်တိကျမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့နည်းနည်းပဲပြောပြမယ်။ အရမ်းကောင်းလို့ကိုယ်တိုင်ကြည့်စေချင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာမျိုးက ကြိုတင်ခန့်မှန်းမရတဲ့အရာမျိုးပါ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုတာကလည်း မတည့်သာမတည့်တာ နိုင်ငံချင်းကျစပ်ဆက်နေတာပါ။ မြောက်မှာတစ်ခုခုဖြစ်ရင်အဲ့အကျိုးဆက်ကို တောင်ကိုရီးယားက ခံစားရမှာဖြစ်သလို တောင်ကိုရီးယားမှာ တစ်ခုခုဖြစ်ရင်လည်း မြောက်ကိုရီးယားကခံစားကြရမှာပါ။ နိုင်ငံချင်းအမုန်းတရားနဲ့ကွဲနေကြပေမယ့် တချိန်ကလူမျိုးတူနိုင်ငံတူဖြစ်လို့ စည်းလုံးသင့်တယ်ဆိုတဲ့ msgလေးကိုလဲ ထည့်ပေးထားပါတယ်။ မြောက်ကိုရီးယားမှာရှိတဲ့ ဘတ်ဒူမီးတောင်ပေါက်ကွဲမှုကိုအခြေခံ ရိုက်ကူးထားပြီးဒီသဘာဝဘေးအန္တရာယ်ဆိုးကြီးကို နယ်ပယ်အသီးသီးအလွှာစုံကလူတွေ ဘယ်လိုတွန်းလှန်ကြတယ် အရေးကြုံရင်ဘယ်လို စည်းလုံးကြတယ်ဆိုတာလေးကို တွေ့မြင်ရမှာပါ။ မင်းသားကြီး မာဒုန်ဆော့ကဒီကားမှာမီးတောင်လေ့လာသူ ပရောဖက်ဆာဂန်းဘုန်ရယ်အဖြစ် သရုပ်ဆောင်ထားပြီး Along with the God မင်းသား ဟာဂျန်ဝူးကတော့ လက်နက်လေ့လာရေးနဲ့ကျွမ်းကျင်တပ်ကြပ် ဂျိုအင်ချန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ ထူးချွန်မင်းသား လီဗြောင်ဟွန်းကတော့ မြောက်ကိုရီးယားအထူးလေ့ကျင့်တပ်သားလျှို့ဝှက်သူလျှို လီဂျွန်းဖြောင်းအဖြစ် ...
movie
Ashfall (2019)
2020
7.6
The Hurricane(1999)
Unicode The Hurricane(1999) IMDb.....7.6<<<<<Rotten Tomatoes 83% သူ့နာမည်က Rubin "Hurricane" Carter ...ငယ်ငယ်လေးထဲက လူဖြူတွေနဲ့ပြသနာတစ်ချို့ရှိခဲ့တယ်...ဒါကြောင့်ပဲအချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်း တွေမှာပဲအချိန်ကုန်နေတယ်... လူဖြူတစ်ချို့ကြောင့် ထောင်ထဲမှာလိုအချိန်ကုန်ရတဲ့လူငယ်လေး Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်...ဒီလိုနဲ့ သူဟာ နာမည်ကျော် လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ(၃)ယောက်အသတ်ခံလိုက်ရတယ်...ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း Hurricane သတ်တယ်လို့ဆိုကြတယ်.. Hurricaneကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုခံစားကြည့်လိုက်ပါဦးဗျို့... ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက ပညာပေးကားကောင်းတစ်ခုအဖြစ်လည်းစာရင်းဝင်တယ်လို့ဆိုကြတယ်... ဒီကားမှာ သူဟာ အော်စကာ ဆန်ကာတင်မင်းသားစာရင်းလည်းဝင်ခဲ့သေးတယ်...ပေးချင်တဲ့ Messageတွေလည်းတော်တော်ကောင်းတယ်...ကျန်တာတွေက တော့ spoiler ဖြစ်သွားမှာ စိုးလို့မပြောတော့ပါဘူး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Thaw Thaw Wai Oo ပဲဖြစ်ပါတယ်...File Size : (1GB) Quality ...
movie
The Hurricane(1999)
1999
6.9
The Book of Eli(2010)
The Book of Eli(2010) တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာဇာတ်လမ်းအမျိုးအစားဆိုတာထက် မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်..မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်...ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်းကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်...ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်..ထိုသို့သောမင်းသားကြီးများစာရင်းတွင် Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်..ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့်The Book of Eli ကို တင်ဆက်ပါလိုက်ပါသည်...စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာတောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ အီလိုင်တစ်ယောက်အသက်ကိုတောင် ပဓာန မထားဘဲ အသည်းအသန် ခုခံခဲ့သည်။ဤမျှ ...
movie
The Book of Eli(2010)
2010
7.6
The Great Debaters(2007)
The Great Debaters(2007) IMDb.....7.6,,,,,Rotten....79% စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်....ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာစာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင်တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ...ကျွန်တော်ဘာလို့ ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့ခင်ဗျားတို့လည်းမှန်းမိလောက်မှာပါ....ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်....သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့ အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်...ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို့ အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေမြင်နေရလိမ့်မယ်...ဒီကားကိုကြည့်မယ်ဆိုရင် debate ပွဲတွေများစွာကြည့်ရမယ့်အပြင်ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်..ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ...အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချို့တွေ တွေ့ရလိမ့်မယ်...နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်...ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို့ ခင်ဗျားဟာကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်....ဘာသာပြန်သူကတော့ Scarlett May ပဲဖြစ်ပါတယ်.... File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:06:00 Genre : ...
movie
The Great Debaters(2007)
2007
First
354
355
356
357
358
Last
Previous
Next