Channel Myanmar
Drama
Force of Nature (2020) 4.6
movie
Force of Nature (2020)
2020
Silhouette (2019) 6.3
Silhouette (2019) IDMb rating 6.5/10 Horror,Thriller Jack Harms နဲ့ Amanda Harmsဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးမှာ Sarah ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။Sarah ဟာ နာမကျန်းရောဂါနဲ့ သေဆုံးသွားတဲ့အခါ Jack က ဇနီးသည်Amanda ရဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့ Amanda နဲ့အတူကျေးလက်နယ်မြေတစ်ခုဆီ အိမ်ပြောင်းရွှေ့ခဲ့တယ်။ဇနီးသည်ရဲ့ စိတ်အခြေအနေကို Jack ထင်ထားသလိုကျေးလက်ရဲ့ ငြိမ်းအေးမှုနဲ့ ကုစားနိုင်ပါ့မလား။အတိတ်ရဲ့အရိပ်တွေက ထပ်ကြပ်မကွာ ခြောက်လှန့်နေတယ်။မည်းနက်ပြီး ဆေးကြောလို့မရတဲ့ အပြစ်တွေကခန္ဓာကိုယ်ထဲ ကိန်းအောင်းနေပြီး Silhouette ပုံရိပ်တစ်ခုလို...Silhouette ရုပ်ရှင်က သရုပ်ဆောင်မှုနဲ့ ရိုက်ချက်တွေကိုအဓိကဦးစားပေးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။သရုပ်ဆောင်တစ်ဦးချင်းစီရဲ့ သရုပ်ဆောင်မှုကနေ ထင်ရှားထွက်နေတဲ့စိတ်ခံစားချက်တွေကို မြင်တွေ့ရမယ်။Amandaရဲ့ စိတ္တဇခြောက်ခြားမှုတွေကို မှောင်မည်းပြီး...
movie
Silhouette (2019)
Greed (2019) 5.7
Greed (2019) England Brand အဝတ်အစားတွေရဲ့ လောကမှာဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကိုဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီးအမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီးသူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကိုသူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်က...
movie
Greed (2019)
Viena and the Fantomes(2020) 5.0
Viena and the Fantomes(2020) Viena and the Fantomes(2020)ဒီဇာတ်လမ်းကတော့ ၁၉၈၀ခုနှစ်များအကျော်က The Fantomes ဆိုတဲ့လမ်းပေါ်မှာနေလမ်းပေါ်မှာအိပ် နယ်လှည့်ဖျော်ဖြေပွဲတွေသွားပြီး Punkဂီတအသစ်ပုံစံတစ်ခုကို ပရိတ်သတ်တွေကိုချပြကာအောင်မြင်မှုရဖို့ကြိုးစားနေတဲ့ Bandတစ်ခုရဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်...ဗီယာနာဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီအဖွဲ့ရဲ့ပရိတ်သတ်ဖြစ်တဲ့အတွက် သူတို့နဲ့နီးနီးကပ်ကပ်နေနိုင်ဖို့အဖွဲ့ရဲ့ဖျော်ဖြေပွဲတွေမှာ လက်တိုလက်တောင်းလုပ်ပေးရတဲ့အလုပ်သမားနေရာကို မရရတဲ့နည်းနဲ့ဝင်ခဲ့ပါတယ် ...အဲ့ဒီလို ဝင်လိုက်ပြီးနောက် သူမ ဘဝအလှည့်အပြောင်းတွေစကြုံတွေ့တော့ပါပဲ...ဘယ်လိုသူမကြုံတွေ့ရမလဲ....ဘဝဟာ သူမ ထင်ထားတာထက်ခက်ခဲနေမလား....... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူက MarTizasပါ...File Size : (980 MB) and (380 MB) Quality : WEB-DL720p Format…mp4 Duration…01:36:00 Genre : Music , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
Viena and the Fantomes(2020)
My First Client(2019) 7.1
My First Client(2019) My First Client(2019)မိသားစုလေး စုံစုံညီညီနဲ့ သာယာတဲ့အနာဂတ်ကို စိတ်ကူးယဉ်လို့ ကောင်းဆဲမှာပဲအမေဆုံးသွားလေရဲ့...အဖေနဲ့ ကလေး(၂)ယောက်ပဲကျန်ခဲ့ပါတယ်...မုဆိုးဖို အဖြစ်ကျန်ခဲ့တဲ့ ဖခင်ဟာ ကလေး(၂)ယောက်အတွက်ပဲလား သူ့အတွက်အထီးကျန်ခြင်းတွေဖြေဖျောက်ပဲလား နောက်အိမ်ထောင်ပြုလိုက်ပါတယ်...ဒီလိုအိမ်ထောင်ပြုလိုက်ပြီး အမေသစ်လေးအိမ်ပေါ်ရောက်လာတဲ့အချိန်မှာတော့...ဒီကားက ဖြစ်လေ့ဖြစ်ထရှိတဲ့မိသားစုအကြောင်းတွေရိုက်ထားတယ်ဆိုပေမဲ့ကလေးတွေရဲ့ခံစားချက်ကိုအသားပေးပြီး ခံစားနားလည်လွယ်အောင်အကောင်းဆုံးရိုက်ပြထားတာပါ...ဇာတ်လမ်းကရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ပုံနဲ့ ကလေးတွေရဲ့စိတ်ထားနဲ့လူကြီးတွေရဲ့ ဆက်ဆံပုံတွေကို တကယ့်ကိုရသမြောက်စွာပုံဖော်ထားတာပါ..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်....File Size : (980 MB) and (380 MB) Quality :WEB-DL  720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by Phyo Pyae 
movie
My First Client(2019)
Listen to the Universe (2020) 7.3
Listen to the Universe (2020) ဒီကားက​တော့ ဂျပန်အကယ်ဒမီဇကာတင်စာရင်းထဲမှာပါခဲ့ပြီး မိုရီဆာကီဝင်းသရုပ်​ဆောင်သစ်ဆုရခဲ့တဲ့ကားပါ Pianists​တွေ ဂီတကိုစိတ်ဝင်စားတဲ့သူ​တွေနဲ့ မိုရီဆာကီဝင်းပရိသတ်​တွေလုံးဝလက်မလွတ်သင့်တဲ့ ကား​ကောင်းတစ်ကားပါ နိုင်ငံတကာဆိုင်ရာပီယာနိုပြိုင်ပွဲတစ်ခုကို အဝင်းအပါအဝင် ပီယာနိုသမား၄​ယောက်ဝင်ပြိုင်ကြပါတယ် တစ်​ယောက်နဲ့တစ်​ယောက်က​တော်တာချင်းလုံးဝမတူပါဘူး တစ်​ယောက်ချင်းစီမှာသူတို့pianistဖြစ်ချင်ရတဲ့ background storyတစ်ခုစီရှိပါတယ် တစ်​ယောက်ကအ​မေ​သေ​တော့pianoတီးတာကို ရပ်လိုက်​ပေမယ့် ပြန်ပြီးအသစ်ကစတင်တယ် တစ်​ယောက်က​ကျောင်းသား​လေး တစ်​ယောက်ကဂီတစတိုးမှာအလုပ်လုပ်တဲ့သူ တစ်​ယောက်ကလူမျက်နှာသစ်​လေး သူတို့၄​ယောက်တင်မက တခြားဝင်ပြိုင်တဲ့သူ​တွေကလည်း အရည်မချင်းကိုယ်စီနဲ့ဝင်ပြိုင်တာဖြစ်တဲ့အတွက် ပြိုင်ပွဲတစ်ဆင့်ပြီးတစ်ဆင့်ပိုပြီး ဇာတ်ရှိန်မြင့်လာတာကို​တွေ့ရမှာပါ ဒီကားထဲမှာ အဝင်းရဲ့ piano တီးတဲ့ skillအလန်းကြီး​တွေ ကိုတဝကြီးခံစားရမှာပါFile Size - 1.7 GB Quality - Web-Dl 1080p Subtitle - Burmese (hardsub) Translator - Dolly & Yamin Ei Encoder - Thit San Khant
movie
Listen to the Universe (2020)
2020
Iron Brothers (2018) 5.6
movie
Iron Brothers (2018)
2018
One Day We’ll Talk About Today (2020) 8.0
One Day We’ll Talk About Today (2020) " တစ်နေ့ ကျ ငါတို့ အားလုံး ဒီနေ့အကြောင်းကို ပြန်ပြောဖြစ်ကြအုံးမယ် " ခုတလော ရုပ်ရှင်ကောင်းကောင်း မကြည့်ရတာ ကြာပြီ ရုပ်ရှင်ငတ်နေတာပေါ့လေ ဒီလို နဲ့ Netflix က အာရှ ရုပ်ရှင်တွေထဲ အင်ဒိုနီရှား နဲ့ မလေးရှား ရုပ်ရှင်တွေ လိုက်မွှေ ကြည့်မိတယ် အဲ့ဒီ ထဲက မှ ဒီရုပ်ရှင်ကားကို ကြည့်မိတဲ့ အချိန် ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတယ် ရုပ်ရှင်က ဘာမှ သိပ်မဟုတ်ဘူး ထင်ရတယ် ရိုးရိုးရှင်းရှင်းလေး ပါ ဒါပေမဲ့ အဲ့ဒီရိုးရှင်းတာကိုက ကိုယ်တွေကို ရင်ခုန်စေတာပဲ... ဒီရုပ်ရှင်ကတော့ အချစ် နဲ့ ပတ်သက်တာပါ ရိုမန့် မဟုတ်ပါဘူး မိသားစု အချစ်ပါ ဇတ်လမ်းထဲမှာတော့ မိသားစု ၅ ယောက်ပေါ့ အဖေ အမေ နဲ့ သားကြီး သမီးလတ် သမီးငယ် မိသားစု တစ်ခု အကြောင်းပေါ့ သားကြီးက အန်ကာဆာ တဲ့ သမီးလတ် က အော်ရိုရာ သမီးငယ်လေးကတော့ အာဝမ် ဒီမိသားစု က အင်ဒိုနီရှားနိုင်ငံရဲ့ မွတ်စလာမ် မိသားစု ကို ပြထားတယ် သေချာ ဘာသာရေးတွေ လူမျိုးရေးတွေ ဖယ်ပြီး ...
movie
One Day We’ll Talk About Today (2020)
2020
Arn: The Knight Templar(2007) 6.8
Arn: The Knight Templar(2007) Arn: The Knight Templar(2007)IMDB 6.8 Rotten Tomato 61%ကလေးဘဝကထဲက အာန်းဟာ ဘုန်းတော်ကြီးတွေဆီမှာပဲကြီးပြင်းခဲ့ရတယ်...ငယ်ငယ်လေးကတည်းက ချာခ်ကျောင်းမှာပဲကြီးပြင်းလာတဲ့ အာန်တစ်ယောက်အပြင်လောကနဲ့စိမ်းနေခဲ့တယ်...။ ချစ်တက်တဲ့အရွယ် ရောက်လာပြန်တော့ ဆယ်စီလီယာ ဆိုတဲ့ ဘုရင်တော်ကောက်ဖို့ ကြံထားတဲ့လူမျိုးစုခေါင်းဆောင် သမီးလေးကိုမှ သွားချစ်မိပြန်တယ်။ဆယ်စီလီယာကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရင်း နိုင်ငံရေးအရှုတ်တော်ပုံထဲဝင်မိတဲ့အပြင် အချိန်မရွေးအသက်ပျောက်နိုင်တဲ့စစ်တလင်းနယ်မြေဖြစ်တဲ့ ဂျေရုစလင်ကို အမှုထမ်းဖို့ သွားရတဲ့အခါမှာတော့....ဒီကားဟာ European Film Awards ကိုရရှိခဲ့ပြီး (၂၀၁၀) မှာလည်း Arn ဆိုတဲ့ နာမည်နဲ့ပဲ (၆) ပိုင်းပါတဲ့Mini Series တစ်ခုထွက်ရှိထားပါသေးတယ်။အက်ရှင်ခန်းတွေမြောက်များစွာပါဝင်တာမို့...အက်ရှင်ကားကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kiwi ပဲဖြစ်ပါတယ်...File Size : (1.07 GB) and (429MB) Quality : Blu-Ray 720p Format…mp4 Duration…02:19:00 Genre :  Action, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kiwi Encoded by Phyo ...
movie
Arn: The Knight Templar(2007)
American Son (2019) 5.7
American Son (2019) ဇာတ်လမ်းနာမည်က အမေရိကန်သား ဆိုတဲ့အတိုင်း အမေရိကန်နိုင်ငံက သားတစ်ယောက်အကြောင်းပါ။အမေရိကန်နိုင်ငံသား လူမည်း ဆယ်ကျော်သက်တစ်ယောက် ပျောက်ဆုံးမှုနဲ့ အစပြုထားတဲ့ ဇာတ်ကားပါ။ဒီဇာတ်လမ်းမှာ လူဖြူလူမည်း ခွဲခြားတဲ့ ခေါင်းစဉ်ကို လှလှပပ ပုံဖော်သွားပါတယ်။ဇာတ်လမ်းက ထူးခြားတဲ့ဇာတ်လမ်းတစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။တစ်ဇာတ်လမ်းလုံးမှာ အဓိကဇာတ်ကောင်အနေနဲ့ ၃ ယောက်ပဲ ပါတာ ဖြစ်ပါတယ်။တစ်ဇာတ်လမ်းလုံးကို Location တစ်ခုထဲ သုံးပြီး ရိုက်သွားခဲ့တာပါ။ဘယ်လိုရိုက်ထားလဲ ဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ကြည့်လိုက်ပါဗျာ။လူမည်းမိခင်တစ်ယောက်က သူ့သားပျောက်သွားလို့ ရဲစခန်းကို လာရှာတဲ့အချိန်မှာ လူဖြူရဲတစ်ယောက်နဲ့ စပြီး တွေ့ပါတော့တယ်။တော်တော်တော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါပဲ။လူ ၃ ယောက်၊ Location ၁ နေရာထဲကို စိတ်ဝင်စားအောင် ရိုက်ထားနိုင်တဲ့ကားဆိုတော့ ဘယ်လောက်ထိ ဆွဲဆောင်မှု ရှိတယ်ဆိုတာ ပြောဖို့ လိုမယ် မထင်ပါဘူး။IMDb ကတော့ 5.7/10 ရထားပါတယ်။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားသူကတော့ Myo Nyunt ပဲ ...
movie
American Son (2019)
2019
Argo (2012) 7.7
Argo (2012) ARGO ==== ARGO ရုပ်ရှင်ဟာ ၁၉၇၉-၈၀ မှာဖြစ်ခဲ့တဲ့ အီရန်တော်လှန်ရေးအတွင်း သံရုံးက လွတ်မြောက်အမေရိကန်သံရုံးဝန်ထမ်း ၆ ယောက်ကို ကယ်ထုတ်တဲ့အကြောင်းကိုရိုက်ပြထားတဲ့ဇတ်ကားပါ။၁၉၇၉ မှာ အီရန်နိုင်ငံတွင်းတော်လှန်ရေးဖြစ်ခဲ့ပါတယ် တော်လှန်ရေးအတွင်းမှာ အမေရိကန်သံရုံးကိုသိမ်းပြီး အီရန်ဘုရင်ဟောင်း ရှားကိုနိုင်ငံခိုလှုံခွင့်ပေးထားရာကနေပြန်လွဲပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲ့ဒီသံရုံးအသိမ်းခံရချိန်မှာ လွတ်သွားတဲ့ သံရုံးဝန်ထမ်း ၆ ယောက်ကိုကယ်ဖို့ စီအိုင်အေကလူတွေ ကြိုးစားကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ARGO ကို အောက်တိုဘာ ၁၂ ရက် ၂၀၁၂ ခုနှစ်မှာထွက်ခဲ့ပြီးတော့ ဇတ်လိုက်မင်းသား Ben Affleck ကိုယ်တိုင်ရိုက်ကူးထားပြီး ထုတ်လုပ်သူကလဲ Ben Affleck နဲ့ George Clooney ကြီးတို့ပါပဲ။ ဒီဇတ်ကားဟာ ၈၅ ကြိမ်မြောက်အကယ်ဒမီမှာ nominations ၇ ခုဝင်ပြီး ဆု သုံးခုရခဲ့ပါတယ် (Best Picture, Best Adapted Screenplay, and Best Film Editing) အဲ့နောက် Golden Globe Award မှာလဲ Best Motion Picture – Drama ...
movie
Argo (2012)
2012
Proximity (2020) 4.5
movie
Proximity (2020)
2020
Birds Without Names(2017) 6.5
Birds Without Names(2017) Birds Without Names(2017)ပိုင်ဆိုင်လိုခြင်းပဲလား၊ စွန့်လွှတ်လိုမှုပဲလား။ အချစ်ဆိုတာ ဘာများလဲ။ မသေချာပါ။အချို့က ရယူလို အချို့က ပေးဆပ်လိုကြပြီ။ လူဆိုတာ အတောင်ပံခတ်တတ်စကတည်းကိုက သင်းကွဲလာရတဲ့ ငှက်တွေသာ။ အဆုံးမတော့ တစ်ကိုယ်ရေတည်း ဖြစ်ရကြပြန်ပေမည်။ အထီးကျန်ခြင်းသည် လူသား၏တစ်စိတ်တစ်ဒေသ ဟု ဒဿနိကပညာရှင်တို့က ဆိုထား၏။လူသားရဲ့ ပင်ကိုယ်ဗီဇတွင် အထီးကျန်ခြင်းသည် ထည့်သွင်း မြှပ်နှံခဲ့ပြီးသား ဖြစ်သည်။အထီးကျန်ခြင်းသည် စိတ်ဖိစီးမှု မြင့်တတ်စေသော cortisolဟော်မုန်းကို ထွက်စေသည်ဟုဆေးပညာကဆို ထားပြီး အထီးကျန်ခြင်းကြောင့် ခံစားရသော စိတ်ဝေဒနာသည်ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသော ဝေဒနာထက်မသေးဟုစိတ်ပညာက ပြောပြန်သည်။ ကျွန်တော် မမြင်ဖူးသော နတ်ဘုရားတို့သည်ဒဏ္ဍာရီအတိုင်း အင်အားကြီးသော လူသားတို့အား ထက်ခြမ်းကွဲ၀မ်းနည်းစေခဲ့သည်ဆိုပါစို့။ အထီးကျန်ခြင်းသည် လူသား၏ အားနည်းချက်ဖြစ်ပေမည်။လူသားတစ်‌ယောက်သည် အထီးကျန်ခြင်းအား ကုစားရန်အလို့ငှာတပါးသောလူသားတစ်ယောက်အား မှီခိုအားထားရသည်။သူတို့ကြားက ပေါင်းကူးတံတားကလေးအား ချစ်ခြင်းဟုခေါ်ပါစေ။ချစ်စိတ် ကိန်း၀ပ်နေသော လူသားသည် အားအကြီးဆုံးဖြစ်သည်ဒီလူသားများ ဘာမဆို လုပ်ရဲလုပ်နိုင်ကြသည်။ ဂျပန်လူမျိူးတို့၏ သင်္ကေတဗေဒအတိုင်းဆိုလျှင်ငှက်တို့သည် ချစ်ခြင်းကို ...
movie
Birds Without Names(2017)
The Last Emperor (1987) 7.7
The Last Emperor (1987) The Last Emperor (1987)===================IMDb Rating - 7.7/10#Unicodeနောက်ဆုံး ဧကရာဇ်တဲ့ . . .နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုးကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာအဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။  အချိန်ကတော့တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်းတော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော်ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန်မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ...
movie
The Last Emperor (1987)
1987
Miss Forever (2020) 8.0
Miss Forever (2020) စတီဗင်ချောင်ရဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ CJ7 ဆိုတဲ့ကားကို တော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်နော် ဆင်းရဲသားသားအဖနဲ့ ဂြိုလ်သားလေးအကြောင်းလေ အဲ့ထဲကကောင်လေးလို့ထင်ခဲ့ကြတဲ့ သရုပ်ဆောင်ကလေးမလေးဟာအခုဆိုရင် ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်လောက်အောင်ထိ အရွယ်ရောက်လာပါပြီ ရွှီးချို(မင်းသမီး)ဟာ ဖန်းယောင်နေရာကပါဝင်သရုပ်ဆောင်ထားပြီး ရှဲ့လင်လင်(မင်းသား)ကတော့ တရုတ်နိုင်ငံမှာထင်ရှားခဲ့တဲ့ တေးရေးအဆိုတော် အိုးရန်အဖြစ် သရုပ်ဆောင်ထားကြပါတယ် ၁၉၉၄ခုနှစ်တွေဆီကိုအခြေခံထားတဲ့ဒီကားဟာ အဲ့ဒီခေတ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ဘဝကို ပြန်လည်အမှတ်ရမိစေမှာပါ ဇာတ်လမ်းအကျဥ်း -ဘဝမှာဘာအိပ်မက်မှမရှိခဲ့တဲ့ကောင်လေး အိုးရန် သူမြင်မြင်ချင်းချစ်မိခဲ့တဲ့ ဖန်းယောင်ဆိုတဲ့ ကောင်မလေးကိုတွေ့ချိန်ကစလို့ ဂီတကို စတင်ရူးသွပ်လာခဲ့တယ် ကောင်မလေးဆီကအချစ်ကိုရဖို့ ဂစ်တာမတတ်ပဲတီးတတ်ချင်ယောင်ဆောင်ခဲ့တယ် ဒါပေမယ့် ကောင်မလေးရဲ့ရည်းစားဟောင်း သူတို့နှစ်ယောက်ကြားဝင်ရောက်လာတဲ့နောက်ပိုင်းမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ စောင့်ကြည့်လိုက်ကြရအောင်နော်   File Size - 1.2 GB Quality - Web-Dl 1080p Subtitle - Burmese (Hardsub) Translator - Nay Chii Encoder - Thit San Khant
movie
Miss Forever (2020)
2020
Winter’s Bone(2010) 7.2
Winter’s Bone(2010) Winter's Bone (2010) IMDB 7.2 Rotten Tomatoes 94%(အော်စကာ ၄ဆု ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု ၆၃ဆုတောင်ဆွတ်ခူးရရှိခဲ့တယ်...)အကိုကြီး အဖရာ အမကြီး အမိရာဆိုသလို မိသားစု တစ်စုမှာ အကြီးဆုံးဖြစ်ရတာ မလွယ်လှပါဘူး။အမေကလည်း ကျန်းမာရေးမကောင်း ၊ မူလတန်းကျောင်းနေအရွယ် မောင်လေးနဲ့ ညီမလေး ၊ အဖေဖြစ်သူကလည်း မူးယစ်ဆေးရောင်းဝယ်မှု့နဲ့ တရားရင်ဆိုင်နေရတာကြောင့် တစ်အိမ်လုံးရဲ့စားဝတ်နေရေးကရီခ်ဒီုလီဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုခုံးပေါ်ကို ကျရောက်လာခဲ့ပါတယ်။ ကလေးတွေရဲ့ ကျောင်းစရိတ် ၊ အမေဖြစ်သူရဲ့ဆေးဖိုးတွေနဲ့ ကျပ်တည်းနေတုန်းမှာပဲကံဆီုးခြင်းမုန်တိုင်းတွေဟာ ပိုမိုပြင်းထန်လာခဲ့သလို တစ်ပူပေါ်တစ်ပူဆင့်လို့ ဆိုရမှာပါပဲ။ ဖခင်ဖြစ်သူ ရုံးချိန်းအမှီပြန်ပေါ်မလာခဲ့ရင် လုပ်ထုံးလုပ်နည်းအရရိခ်တို့ရဲ့ နေအိမ်ကို သိမ်းယူမယ်ဆိုတဲ့ ရဲမှူးကြီးရဲ့ စကားသံက သူမရဲ့ ခေါင်းပေါ်ကို သံရည်ပူတွေ လောင်းချလိုက်သလိုပါပဲ။ ဒီမိသားစုလေး မကွဲပြားဖို့ဆိုရင်ရိခ်တစ်ယောက် အဖေဖြစ်သူ မဖြစ်မနေရှာဖွေရတော့မှာပါ။ သို့ပေမယ့် အဖေဖြစ်သူရဲ့ ပျောက်ဆုံးမှု့က ထင်သလောက် မရိုးရှင်းမှန်း ရိခ်တစ်ယောက် သိလာတဲ့အခါမှာတော့.......။ ဒီကားလေးကို (၃)(၄) ခါလောက်ပြန်ကြည့်မိပါတယ်။ ထပ်ခါထပ်ခါ ကြည့်လေလေရိခ်အဖြစ်သရုပ်ဆောင်တဲ့ Jennifer ...
movie
Winter’s Bone(2010)
The American(2010) 6.5
The American(2010) The American(2010)IMDb....6.5,,,,Rotten ....70%မင်းသားကြီး  George Clooney ရဲ့အမိုက်စားကားကိုတင်ဆက်ပေးလိုက်ပါသည်....အဖွဲ့အစည်းတစ်ခုလက်အောက်မှာနေပြီးတော့  လျှို့ဝှက်စွာ အလုပ်လုပ်တဲ့ ဂျက်ဆိုတဲ့ သူတစ်ယောက်ရှိတယ်...သူလုပ်တဲ့အလုပ်က ဘယ်သူမှ မသိအောင် သဲလွန်စဖျောက်ပြီး လူသတ်တဲ့အလုပ်ပါပဲ....အလုပ်လုပ်တာအတော်ကြာလာတော့း မကျေနပ်တဲ့အဖွဲ့အစည်းတွေက စုံစမ်းရင်းသိလာပြီးတဲ့နောက်မှာတော့ဂျက်ကိုပြန်လည် သုတ်သင်ဖို့ စတင်ကြိုးစားလာကြတယ်...ဒီလို သားကောင်အဖြစ်ပြန်ရောက်ရတဲ့ ဂျက်တစ်ယောက်အီတလီနိုင်ငံက မြို့ငယ်လေးတစ်မြို့မှာ ကိုယ်ယောင်ဖျောက်ပြီးသွားရောက်နေထိုင်ဖို့ကြိုးစားပါတယ်...သို့ပေမယ်.......သူ့ကိုလိုက်သတ်ကြတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မလဲ...လူပေါင်းများစွာကိုသတ်ပစ်ခဲ့တဲ့ သွေးအေးလူသတ်သမားကြီးဂျက်တစ်ယောက် အသက်ဘေးကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာစောင့်ကြည့်လိုက်ကြပါဦး...ဒီဇာတ်ကားလေးကို အီတလီသရုပ်ဆောင်နဲ့အဆိုတော် Violante Placidoရဲ့ ရင်သပ်ရှုမောဖွယ်အလှအပတွေဝေဝေဆာဆာတွေကိုလည်းတွေ့ရမှာပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ် File Size : (900 MB) and (343 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae 
movie
The American(2010)
Immortals (2011) 6.0
Immortals (2011) Immortals (2011)=============IMDb Rating - 6.0/10#Unicodeဂရိသူရဲကောင်း သီးစီးယက်စ်ကို အားလုံးပဲသိကြမှာပါ။ သူက ဟာဂျူလီတို့လို အင်အားကြီးမားတဲ့သူရဲကောင်းမျိုး မဟုတ်ပေမယ့် ဥာဏ်ပညာကြီးမားပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပါပဲ။ ဒီကားဟာ ဂရိဒဏ္ဍာရီတွေပေါ် မှီငြမ်းရိုက်ကူးထားတဲ့ Fantasy အမျိုးအစားပဲဖြစ်ပါတယ်။ သို့ပေမယ့် ဇာတ်လမ်းကြောရိုးသာတူပြီး ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့တော့ကွဲထွက်နေမှာ အမှန်ပါပဲ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ကို ဖျက်စီးဖို့ ဘုရင်ဟစ်ပီးရီးယန်းကအစ်ပိုင်းရပ်စ်လေးတော်ကို လိုက်ရှာနေတာနဲ့ အစပြု့ထားပါတယ်။ လူသားတို့ရဲ့ အရေးကိစ္စတွေထဲပါဝင်ပတ်သက်ခြင်းမပြု့ရလို့ ဇူးစ်ကိုယ်တိုင်က ဥပဒေချမှတ်ထားတာကြောင့် နတ်ဘုရားတွေကိုယ်တိုင်ကလည်း ဝင်ကူညီရခက်နေကြပါတယ်။ ဒါကြောင့် ဘုရင်ကြီးဟစ်ပီးရီးယန်းကို တားဆီးနိုင်ဖို့အတွက်သီးစီးယက်စ်ရဲ့ အကူအညီကို ရယူရပါတော့တယ်...။  ဒီကားရဲ့ တင်ဆက်ပုံဟာ 300 Spartans ကားနဲ့အတော်လေးတူညီနေတာကို သတိထားမိတယ်။ နောက်ခံတွေ တိုက်ပွဲတွေဟာ 300 ကားကိုပြန်ကြည့်နေရသလိုပါပဲ။ Fan တွေကတော့ ဂရိဒဏ္ဍာရီတွေနဲ့ အတော်လေးကွဲထွက်နေတာကို သိပ်သဘောမကျကြပုံပါပဲ။  ဒါပေမယ့် ကျွန်တော်တို့ရဲ့ စူပါမင်း(Man of ...
movie
Immortals (2011)
2011
Dev.D(2009) 8.0
Dev.D(2009) Dev.D(2009)IMDb 8/10ဒေ့ဗ်၊ ပါရိုနဲ့ ချန်ဒရာမူခီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဘောလီဝုဒ်ဖန်တိုင်း ရင်းနှီးကြမှာပါဘာကြောင့်လဲဆိုတော့ ကင်းခန်းကြီးနဲ့ အရှ်တို့ရဲ့ ဂန္တဝင်ကားကောင်းကြီးတစ်ကားဖြစ်တဲ့ Devdas ကို လူတိုင်းကြည့်ဖူးကြလို့ဖြစ်ပါလိမ့်မယ်ဒီဇာတ်လမ်းကလည်း ထိုနည်းလည်းကောင်းပါပဲဒေ့ဗ်နဲ့ ပါရိုဟာ အင်မတန်သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းငယ်ချစ်တွေပေါ့ တစ်ယောက်စီရဲ့ အချစ်ဦးတွေလိုဆိုရလိမ့်မယ်ဒါပေမဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ဒေ့ဗ်နဲ့ပါရိုဝေးကွာသွားခဲ့တယ်ပါရိုနဲ့ဝေးသွားခဲ့တဲ့ဒေ့ဗ်ဟာ သူ့ဘဝသူ အရှုံးပေးကာ ဖြစ်သလိုနေ သွားချင်ရာသွား လာချင်ရာလာနေခဲ့ပြီး ချန္ဒရာဆိုတဲ့မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်ဒီအချိန်မှာတော့ ဒေ့ဗ်ရဲ့အချစ်ရေး ဘယ်လိုဖြစ်သွားမလဲ ...ဂန္တဝင်ကားကြီး Devdas ဟာဆိုရင် IMDb 7.5/10 အထိရရှိထားပါတယ်ဒါပေမဲ့ ဒီ Dev.D ကတော့ IMDb 8/10 အထိတောင်ရရှိထားပါတယ်ဘာကြောင့်လဲဆိုတော့ ဘောလီဝုဒ်ရဲ့ မာတင်စကော့ဆေးလို့ တင်စားခေါ်ကြတဲ့ ဒါရိုက်တာကြီး အနျူရက်ကရှ်ယက်ကြောင့်ပါသူ့ကားတွေတိုင်းဟာ အင်မတန်ကို လက်တွေ့ဆန်မှုကိုအခြေခံထားလို့ပါပဲယခုဒီဇာတ်ကားဟာလည်း အေဆင်ဆာ (Adult Only Video) ဖြစ်သောကြောင့်အသက်မပြည့်သေးသူများ၊ ကလေးသူငယ်များ၊ မိသားစုနဲ့အတူကြည့်ရှု့ရန်မသင့်တော်ပါဘူးစကားလုံးတွေဟာ လက်တွေ့ကျကျကြမ်းတမ်းပြီး အရက်သေစာသောက်စားမှုတွေ မူးယစ်ဆေးသုံးစွဲမှုတွေ တသီကြီးပါဝင်လို့ပါပဲသမာရိုးကျဘောလီဝုဒ်ကားတွေကို ရိုးအီနေပြီဆိုရင် ဒီကားလေးမြည်းကြည့်လှည့်ပါသူမတူတဲ့ရသတစ်ခုပေးစွမ်းပါလိမ့်မယ်"ဒေ့ဗ်တိုင်းဟာ ပါရိုကိုပဲ သေသည်အထိချစ်သွားရမှာလားဒါမှမဟုတ် ချန်ဒရာမူခီးနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလို့ရော မရနိုင်လို့လားဗျာ"ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်.... File Size : ...
movie
Dev.D(2009)
Two Days, One Night 2014 7.3
Two Days, One Night 2014 ဆန်ဒရာဆိုတဲ့ အမျိုးသမီးဟာ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ပြုတ်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါဟာလဲ စိတ်ဓာတ်မကောင်းတဲ့ အလုပ်သမားခေါင်းဆောင်ရဲ့ လုပ်ကြံမှုကြောင့်တစ်စိတ်တစ်ပိုင်းပါနေပါတယ်။ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲမပေးရင် သူတို့အလုပ်ထွက်ရမယ်ဆိုပြီး ကျန်တဲ့အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် အားလုံးဟာ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲပေးခဲ့ခြင်းပါ။ ကံကောင်းစွာနဲ့ ဆန်ဒရာဟာ သူတို့ရဲ့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ လျှို့ဝှက်မဲပေးစနစ်ကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ သူ့အလုပ်မထွက်ရစေဖို့ သူ့ဘက်ကမဲမေးဖို့ ကျန်တဲ့သူ တွေကို သူလိုက်ပြီး အကူအညီတောင်းရပါတော့တယ်။ အလုပ်သမားအများစုက သူ့အတွက် မဲပေးခဲ့ရင် ဆန်ဒရာဟာ အလုပ်ထွက်စရာမလိုတော့ပါဘူး။ သို့ပေမယ့် ဒီအတွက် အကူညီလိုက်တောင်းဖို့ရာ ဆန်ဒရာမှာ နှစ်ရက်နဲ့တစ်ညသာ အချိန်ရှိပါတော့တယ် ...... နှစ်ရက်နဲ့တစ်ညအတွင်းမှာ လုံလောက်တဲ့မဲအရေအတွက်ရဖို့ သူစည်းရုံးနိုင်ပါ့မလား .....Quality – 720p  blurayrip Duration - 1 hr 35 min Subtitle – Myanmar ...
movie
Two Days, One Night 2014