Channel Myanmar
Drama
Yeh Ballet(2020) 7.6
Yeh Ballet(2020) Yeh Ballet(2020)IMDB rating 7.6ရရှိထားတဲ့ Drama အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။အာရှုဖ်ဟာဆေးခြောက်ရောင်းတဲ့သူတစ်ယောက်နဲ့အလုပ်တွဲလုပ်ပြီးအားတဲ့အခါသူငယ်ချင်းတွေနဲ့ ဝါသနာပါရာ အကပြိုင်ကြလေ့ရှိပါတယ်။ ရုပ်သံက လွှင့်တဲ့ အကပြိုင်ပွဲတွေကိုတွေ့ပြီးတဲ့နောက်မှာတော့ အာရှုဖ် တစ်ယောက်ဝင်ပြိုင်ဖို့ကြိုးစားပါတယ်... သူ့လိုပဲ နီးရှူးဆိုတဲ့လူငယ်လေးတစ်ယောက်ဟာလည်းအကကိုဝါသနာထုံတယ်...သို့ပေမယ့် (၂)ယောက်လုံးက ငွေကြေးအဆင်မပြေလို့ပါရမီပါပေမယ့် သင်တန်းကောင်းကောင်းမတက်နိုင်ဘူး..ဒါပေမယ့် သူတို့ဟာ အကသင်တန်းတစ်ခုတက်ပြီး နိုင်ငံကျော်အောင်လုပ်မယ်ဆိုပြီးနည်းအမျိုးမျိုးနဲ့ကြိုးစားပါတော့တယ်...ဒီ India  ကားက တခြား အကကားတွေလို မဟုတ်ဘူး...တမူထူးခြားတယ်...စနစ်တကျ အကင်သင်တဲ့အခန်းတွေပါသလို သရုပ်ဆောင်တွေကလည်းတကယ်ကျွမ်းကျင်တယ်.... ကြည့်ရအတော်မိုက်တယ်... ကိုင်းသူတို့အောင်မြင်ကြမလားဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...File Size : (950 MB) and (407 MB) Quality :WEB-DL 720p Format…mp4 Duration…01:57:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Thazin Myint Encoded by Phyo Pyae
movie
Yeh Ballet(2020)
After Class(2019) 6.0
After Class(2019) After Class(2019)IMDb...6.0,,,Rotten...82%ဂျော့ဆိုတဲ့သူတစ်ယောက်ဟာ တက္ကသိုလ်တစ်ခုရဲ့ ပြဇာတ်ရေးတဲ့အတန်းမှာ စာသင်တဲ့ပရော်ဖက်ဆာတစ်ယောက်ဖြစ်တယ်...ကျောင်းသားတွေရဲ့ အတွေ့အကြုံကနေ သိပ်လှတဲ့ပြဇတ်တစ်ပုဒ် လက်ရာမြောက်တဲ့ ရေးသားမှုမျိုးထွက်လာအောင် လမ်းကြောင်းသင်ပြပေးတဲ့သူပေါ့...တစ်နေ့တော့ သူသင်တဲ့အတန်းမှာ ကျောင်းသူတစ်ယောက်ရဲ့ ရေးသားမှုကိုမူတည်ပြီးသူမ ဖြစ်ခဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခိုင်းတယ်...ပြောတော့လည်း လိင်ကိစ္စလိုဖြစ်နေပေမဲ့ပရော်ဖက်ဆာကတော့ ရှက်စရာမဟုတ်တဲ့အပြင် ဒီလိုဟာမျိုးကိုလက်ရာမြောက်တဲ့ စာကြောင်းတွေအဖြစ်ကူးပြောင်းလိုက်ပါလို့အားပေးခဲ့တယ်...ဒီလိုလုပ်တဲ့နောက်ဆက်တွဲအကျိုးဆက်ကတော့ သူ့အတန်းမှာ ကျောင်းသူတွေအတွက်မလုံခြုံတော့ဘူးဆိုပြီး အတန်းတွေပါပျက်ကုန်တော့တယ်....ဂျော့တစ်ယောက်ဘယ်လိုဆက်ဖြေရှင်းမလဲဆိုတာကိုတော့....ခံစားကြည့်ကြပါဦး..ဒီကားက ဆု(၃)ဆုတောင်ရထားတဲ့အပြင် Rotten ကလည်းတော်တော်ကောင်းတဲ့အနေအထားပါပဲ...File Size : (850 MB) and (419 MB) Quality : Blu-Ray 720p Format…mp4 Duration…01:33:00 Genre : Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae
movie
After Class(2019)
On Vodka, Beers, and Regrets(2020) 6.8
On Vodka, Beers, and Regrets(2020) On Vodka, Beers, and Regrets(2020)Jane ကအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ကလေးဘဝတည်းက ပါရမီပါခဲ့သူပါ..ဒါပေမယ့် တခြားသရုပ်ဆောင်တစ်ယောက်နဲ့ ကောလဟာသတင်းထွက်ပြီးနောက်မှာတော့သူ့မရဲ့သရုပ်ဆောင်လမ်းကြောင်းပျက်စီးသွားခဲ့ရပါတယ်....အဲ့အချိန်ကစပြီး အရက်ကိုပိုမိုစွဲလန်းလာပြီး အချစ်ရေးမှာရော သူမရဲ့အနုပညာလမ်းကြောင်းမှာပါ...ဆုံးဖြတ်ချက်တွေမှားယွင်းချမှတ်ခဲ့ပြီး ပြဿနာတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတော့တယ် ...တစ်နေ့မှာတော့ ဘားတစ်ခုမှာအရက်သောက်သောက်ရင်း Brisom ဆိုတဲ့ band ကအဆိုတော်လေး Francis ဆိုတဲ့လူနဲ့စတင်ဆုံတွေ့ခဲ့ပါတော့တယ် ...Francis ဟာသူမရဲ့ဘဝကိုအလင်းတန်းယူဆောင်လာပေးပြီး အမှောင်ထဲကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ....အေးအေးလေးနဲ့ ဇာတ်လမ်းထဲစီးမြောခံစားသွားရမယ့် ဖိလစ်ပိုင်အချစ်ဇာတ်ကားလေးပါ...အရက်ဖူးစာလို့ပြောရမလားမသိ...ခံစားကြည့်ကြပါဉီး...File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae 
movie
On Vodka, Beers, and Regrets(2020)
The Techniques of Fighting 2 (2020) 7.8
The Techniques of Fighting 2 (2020) ကိုရီးယား ဖိုက်တင် အက်ရှင်ကားတွေကိုကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်ကြီးတွေအတွက် နောက်ထပ် ကျောင်းသား ဖိုက်တင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကိုရီးယားကျောင်းသားတွေကြားမှာ တော်တော်များကြုံတွေ့ရတဲ့ ကျောင်းသား အချင်းချင်း ကျောင်းတွေမှာ ဖိုက်တင်မှာ အတော်ဆုံးဆိုတဲ့ဆရာကြီးဘွဲ့ကို လုရာကစပါတယ်။ ဒေါ့ဆန်းကျောင်းမှာ ဖိုက်တင်အတော်ဆုံး ကျောင်းသားက ဂွန်းအူပါ။ ဒါပေမယ့် သူကရန်ပွဲတစ်ခုမှ ရှုံးသွားလို့ ဆေးရုံတက်နေရတုန်း သူနေရာကို ဒေါ့ဆူဆိုတဲ့ ကျောင်းသားကြီးတစ်ယောက်က ဒေါ့ဆန်းက ဆရာကြီးဘွဲ့ကို ဆက်ခံလိုက်ပါတယ်။ အဲ့အချိန်မှာ ကျောင်းပြောင်းလာတဲ့ ဟော့ဆူဆိုတဲ့ ကျောင်းသားကလည်းပြောရရင် ပွဲရှာနေတဲ့သူတစ်ယောက်ပါ ဒေါ့ဆန်းကျောင်းကဆရာကြီးဆိုတဲ့ ဘွဲ့ကို လုဖို့ ဒေါ့ဆူကိုအနိုင်ယူလိုက်ပြီး ကျောင်းမှာ မင်းမူနေပြန်ပါတယ်။ ကျောင်းသားတွေထုံးစံအတိုင်း တစ်ကျောင်းနဲ့တစ်ကျောင်းနယ်ကျော်တာတွေ ရန်စတာတွေကြောင့်လည်း ဒေါ့ဆန်းကျောင်းက တခြားကျောင်းက ကျောင်းသားတွေရဲ့ ပစ်မှတ်လည်းဖြစ်လို့နေပြန်ပါတယ်။ ကျောင်းသားအချင်းချင်း ဆက်ကြေးကောက်တာတွေ အနိုင်ကျင့်တာတွေကို လက်ပိုက်ကြည့်မနေတတ်ပဲ အမှန်တရားဖက်က ဝင်ပါရင်း အခန့်မသင့်ချိန် အလစ်တိုက်ခံရပြီး ဆေးရုံတက်နေရတဲ့ ဂွန်းအူတစ်ယောက် ဒေါ့ဆန်းကိုပြန်ရောက်လာတဲ့အချိန် ဖိုက်တင်အတော်ဆုံးကျောင်းသားတွေအကြား ဗိုလ်လုပွဲတွေထပ်မံဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် ကျောင်းတွေမှာမိုက်ကြေးကောက် ဆက်ကြေးယူပြီးနေနေတဲ့ လူမိုက် ကျောင်းသားတွေပါ ဒီရန်ပွဲမှာပါဝင်လာတဲ့ အခါ ဘာဆက်ဖြစ်မယ်ဆိုတာတော့ ဖိုက်တင်ကြိုက်တဲ့ ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲကြည့်စေချင်ပါတယ်။ ကျောင်းသား Actionဆိုတော့ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန်ရသကို ခံစားမိစေပြီးကြည့်ပျော်တဲ့ ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ ဒီကားကိုကြည့်ပြီး ကျောင်းသားဘဝကရန်ပွဲတွေ အမှတ်တရတွေလည်းတဖန်ပြန်ခံစားမိမယ်လို့ ထင်ပါတယ်။ တိုက်ကွမ်ဒို နည်းစနစ်ရဲ့ အသုံးဝင်ပုံနဲ့ အသုံးချပုံတွေကိုလည်း လေ့လာနိုင်ပါတယ်။ ကျောင်းသားကားမျှော်နေတဲ့သူတွေ ကြည့်လို့အဆင်ပြေမယ့် ကားလေးတစ်ကားလို့ ညွှန်းချင်ပါတယ်။   File Size - 1.0 gb Quality - ...
movie
The Techniques of Fighting 2 (2020)
2020
I Belonged to You(2016) 5.6
I Belonged to You(2016) I Belonged to You(2016)CM fan တွေ အတွက် 2016 က ထွက်ရှိထားတဲ့ Chinese movie လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာ Zhang Jia Jia ရဲ့ အရောင်းရဆုံး ၀တ္ထုတိုများ ကို အခြေခံပြီးရိုက်ကူးထားတာပါ..heart ထိလောက်မယ့် ရိုမန့်ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်...ဒီဇာတ်လမ်းထဲမှာ မောရှီဘာအဖြစ် မင်းသား Yang Yang က ပါ၀င် သရုပ်ဆောင်ထားပါသေးတယ်..ချန်မိုဟာ ရေဒီယို  အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တယ်...အဲ့ဒီအသံလွှင့်လိုင်းမှာလည်း လုပ်ဖော်ကိုင်ဘက် ကောင်မလေးတစ်ယောက်နဲ့ချစ်သူဖြစ်တော့ သူ့အတွက် အရာရာအဆင်ပြေနေသလိုပဲ...ချစ်သူမျက်နှာကြည့်လိုက် အသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်လိုက်နဲ့...ဒီလိုနဲ့တစ်နေ့တော့ သူ့ချစ်သူက လမ်းခွဲစကားပြောလာတယ်...အချစ်ကြီးချစ်ခဲ့သူရဲ့ရုတ်တရက်လမ်းခွဲမှုဒဏ်ကိုသူမခံနိုင်ခဲ့ဘူး...အသံလွှင့်စဉ်မှာလည်း ပေါက်ကရတွေလုပ် အလုပ်ကိုကောင်းစွာအာရုံမစိုက်နိုင်တော့သူ့နာမည်လည်းတဖြည်းဖြည်းကျလာတဲ့အပြင် နေ့စဉ် အဆင်မပြေမှုများစွာနဲ့ ဖြတ်သန်းနေရတယ်..အဲ့ဒီအချိန်မှာပဲ သူ့ဘဝထဲကို အလုပ်သင်ကောင်မလေးတစ်ယောက် ရောက်ရှိလာခဲ့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဉီး....File Size : (1.03 GB) and (396 MB) Quality : ...
movie
I Belonged to You(2016)
A Stray Cat (2020) 7.3
A Stray Cat (2020) ဒီကားလေးကတော့ ယူတတ်ရင်သင်ခန်းစာရတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ ရိုးလွန်းအလွန်းရင်လည်း အလိမ်အညာခံရသလို လည်လွန်းတဲ့သူတွေကျတော့လည်း ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်တစ်ဖက်သားကို လှည့်ပတ်လိမ်ညာတတ်တယ်ဆိုတဲ့ အကြောင်းအရာလေးကိုထည့်သွင်းပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မင်းသားဖြစ်တဲ့ ဓါတ်ပုံဆိုင်ပိုင်ရှင် ရိုးသားတဲ့လူပျိုကြီးက တစ်ကိုယ်တည်း ပိုက်ဆံတွေစု မင်္ဂလာဆောင်မယ်ဆိုတဲ့ အတွေးနဲ့ နေ့တိုင်း စိတ်ကူးယဉ်နေတဲ့သူပါ။ တရက်တော့သူဆိုင်ကိုမထင်မှတ်ပဲ ကောင်မလေး တစ်ယောက်က သူကိုလူဆိုးတွေလိုက်ဖမ်းနေလို့ပါဆိုပြီး ဆိုင်ထဲပြေးဝင်လာတယ်။ ကောင်မလေးကလည်းငယ်ငယ်ချောချောလေးဆိုတော့ လူပျိုကြီးက ကြွေတာပေါ့။ အဲ့ကောင်မလေးနောက်ကို လိုက်လာတဲ့ လူဆိုးတွေကို မလိမ်တတ်တဲ့ လူပျိုကြီးက ကြောက်ကြောက်နဲ့ လိမ်ပေးရင်း အဲ့ဒီအမည်မသိ နောက်ကြောင်းမသိ ကောင်မလေးနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ ဖြစ်လာခဲ့တယ်။ ကောင်မလေးပြောပြပုံအရဆိုရင် ကောင်မလေးက သိပ်ချမ်းသာတဲ့ လူဆိုးဂိုဏ်းတစ်ခုရဲ့ တစ်ဦးတည်းသော သမီးလေးပေါ့။ သူအဖေကသေသွားပြီး သူအဖေလက်အောက်က သစ္စာဖောက်တပည့်တွေက ကောင်မလေးကို ပြန်ပေးဆွဲပြီး သိန်းတစ်သောင်းကျော်အမွေကို အပိုင်ကြံလို့ ဒုက္ခရောက်နေရတဲ့ ဒုက္ခသည်မလေး။ သူကို လူဆိုးတွေလက်က ၁၅ရက်လောက် ဖွက်ထားပေးရင် ကောင်မလေးက လူပျိုကြီးကို သိန်းတစ်သောင်းအကုန်ပေးမယ် ပြောတယ်။ ဒါကိုသနားဂရုဏာသက်မိတဲ့ လူပျိုကြီးတစ်ယောက် ပထမတော့ငွေမက်လို့ အပေးအယူလက်ခံမိရာကနေ အဲ့ဒီကောင်မလေးနဲ့ ဘယ်လိုဖူးစာပါပြီးဇာတ်လမ်းဆက်မယ်။ ဘယ်လိုလှည့်ကွက်တွေကို ကြုံရမယ်ဆိုတာ ကိုယ်တိုင်ပဲဆက်လက်ရှုစားစေချင်ပါတယ်။ သေချာတာကတော့ ရိုးသားတဲ့သူတွေ အယုံမလွယ်ဖို့ လူလိမ်မခံရဖို့နဲ့ ကောင်မလေးချောချောဆို စွတ်ယုံတတ်တဲ့ လူပျိုကြီးတွေ သင်ခန်းစာရဖို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပါ။   File Size -  1.5 gb Quality - web-dl 1080p Subtitle -  burmese Translator - Fox Encoder - Xcode
movie
A Stray Cat (2020)
2020
Casablanca (1942) 8.5
Casablanca (1942) CM ပရိတ်သတ်ကြီးအတွက် G(old) ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျားတို့ဘဝမှာ လုံးဝမမေ့နိုင်လောက်အောင်ချစ်ခဲ့ရတဲ့သူ ပြီးရင် အဲ့ဒီလူအတွက် ဘာမဆိုပေးဆပ်ရဲအောင် ချစ်ခဲ့ပြီးမှ စွန့်လွှတ်လိုက်ရတာမျိုးကြုံဖူးလား‌ဗျ ဒါဆိုရင်တော့ ဒီဇာတ်ကားက ခင်ဗျားတို့နဲ့ တော်တော်တူသွားပါပြီ ဇာတ်ကားနာမည်က Casablanca ပါ လူတော်တော်များများက Casablanca ဆိုတဲ့နာမည်ကို ကြားဖူးကြမှာပါ အဲ့သီချင်းက အဓိပတိလမ်းမထက်ကခြေရာများဆိုတဲ့ သီချင်းရဲ့ မူရင်းသီချင်းဖြစ်ပြီး Bertie Higgins သီဆိုထားပါတယ် အဲ့ဒီ့သီချင်းထဲမှာmovieထဲက As Time Goes By ဆိုတဲ့ theme song နာမည်ကို ထည့်ဆိုထားသလို movie scriptဖြစ်တဲ့ A kiss is just a kiss in Casablanca ဆိုတာကိုလည်းထည့်ဆိုထားပါသေးတယ် ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံပြီးရိုက်ထားတာပါ နိုင်ငံရေးနဲ့ အချစ် ရောပြွန်းထားတဲ့ ဇာတ်ကားပုံစံပေါ့ဒါပေမယ့်လည်း G(old) ဟောင်းပေမယ့် ကောင်းနေဆဲပါပဲ ရစ်ခ် နဲ့ အယ်လ်ဆာ ဟာ Parisမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် အရမ်းကိုရိုမန့်ဆန်တဲ့ချစ်သူနှစ်ယောက်ပါ သူတို့နှစ်ဦး စန္ဒရားသမားကိုတီးခိုင်းပြီး အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်က As Time Goes By ဆိုတဲ့သီချင်းပါပဲ ဝေးကြဖို့ အကြောင်းကဖန်လာတော့ ပြင်သစ်မှာ နိုင်ငံရေးအခြေအနေကြောင့် ရစ်ခ် က အယ်လ်ဆာနဲ့အတူထွက်ပြေးဖို့ စီစဉ်ထားတာကို အယ်လ်ဆာ ဟာရောက်မလာခဲ့ပါဘူး အဲ့ဒီ့ကနေ ရစ်ခ် ...
movie
Casablanca (1942)
1942
One Last Prayer 2020 5.7
One Last Prayer 2020 ဒေးဗစ်ဟာ လျှပ်စစ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသူတစ်ယောက်။ မိန်းမနဲ့သမီးလေးတစ်ယောက်ရှိပြီး သမီးလေးဟာ ကင်ဆာရောဂါဝေဒနာခံစားနေရသူဖြစ်တယ်။ သမီးဖြစ်သူ အိုလီဗီယာလေးဟာ သူ့ရဲ့မွေးနေ့မှာ မူးလဲသွားပြီး ဆေးရုံတင်လိုက်ရတဲ့အချိန်မှာ သူ့ရဲ့ကင်ဆာရောဂါက အခြေအနေဆိုးနေတာကို သိလိုက်ရတယ်။ ဆရာ၀န်တွေက ဓာတ်ကင်ကုသမှု ထပ်လုပ်စေချင်ပေမယ့် အမေဖြစ်သူက သူ့သမီးကို ဒီလိုအတွေ့အကြုံထပ်မပေးချင်တော့တဲ့အတွက် သဘာ၀ကုထုံးနဲ့ ကုကြည့်ဖို့ ဒေးဗစ်ကိုပြောတယ်။ ခက်တာက ဒီအတွက် ငွေအများကြီးလိုအပ်တယ်။ ကံဆိုးစွာနဲ့ ဒေးဗစ်ရဲ့ ကုမ္ပဏီကလည်း အခြေအနေမကောင်းတော့ပဲ လစာတွေ လျှော့ချခံလိုက်ရပါတော့တယ် .... ဒီဇာတ်လမ်းဟာ တစ်ချိန်က ကိုယ်ကူညီခဲ့ဖူးတဲ့အတွက် တစ်ချိန်မှာ အကျိုးပြန်ခံစားရတယ်ဆိုတဲ့ moral lesson ကို ပေးပါတယ် ခရစ်ယာန်ဘာသာ၀င်တို့ရဲ့ ဘုရားသခင်အပေါ်မှာ ယုံကြည်သက်၀င်မှုတွေကို ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ် တကယ်ကို ကြည့်သင့်တဲ့ဇာတ်ကားလေးပါ....File Size : 650 Mb / 350 Mb Quality :WEB-DL 720p Format…mp4 Duration…01:30:00 Genre : Drama, Family Subtitle ...
movie
One Last Prayer 2020
Kadakh(2020) 6.8
Kadakh(2020) Kadakh(2020)ဒီIndia ဇာတ်ကားကတော့ IMDB rating 6.8ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပြီးComedy,Drama,Thrillerအမျိုးအစားဖြစ်ပါတယ်။ ဆူနီးလ်တို့ဇနီးမောင်နှံနှစ်ယောက်က ဒေဝါလီအကြိုပွဲညပါတီလုပ်ဖို့အတွက်သူငယ်ချင်းတွေကိုဖိတ်ထားပါတယ်။ ဆူနီးလ်တစ်ယောက်တည်းအိမ်မှာရှိနေတုန်းမဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက်ရောက်လာပါတယ်။အဲဒီလူကတစ်ခြားသူမဟုတ်ပါဘူး။ ဆူနီးနဲ့ဖောက်ပြန်ဇာတ်လမ်းခင်းနေတဲ့ချာယာရဲ့ယောကျာ်းပဲဖစ်ပါတယ် ...အဲဒီလူကမေးခွန်းတစ်ချို့မေးပြီးဆူနီးလ်နဲ့အငြင်းပွားကြတယ်...ဒီလိုအငြင်းပွားရုံနဲ့မပြီးကြပါဘူး...ပြဿနာအကြီးကြီးတက်စေမယ့် ကိစ္စတစ်ခုကို မမျှော်လင့်ဘဲ လုပ်မိသွားကြတယ်..အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲဲ့ ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်။ File Size : (900 MB) and (339 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Comedy , Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Kadakh(2020)
Relic (2020) 6.4
Relic (2020) Relic (2020)==========IMDb Rating - 6.4/10#Unicodeဒီဇာတ်ကားလေးကတော့ 2020ခုနှစ်ထွက် IMDb 6.4/10 ရထားတဲ့ horror/dramaဇာတ်လမ်းလေးပါ။åဇာတ်လမ်းအညွှန်းကတော့ အသက်80အရွယ်အမေဖြစ်သူဟာ အိမ်က ရက်အတော်ပျောက်သွားတာကိုနယ်မြေရဲဖြစ်သူက ဖုန်းဆက်လာတာကြောင့် သမီးဖြစ်တဲ့ ကေနဲ့ မြေးမလေး ဆမ်တို့ဟာ အဖွားရှိရှာ မြို့ကိုချက်ချင်းလာခဲ့ပါတယ်။ ရဲတွေနဲ့ပူးပေါင်းပြီး သူတို့သားအမိဟာ အမေဖြစ်သူကို ရှာခဲ့ပေမယ့်လည်း လုံး၀ရှာမရခဲ့ပါဘူး။ ဒါပေမယ့် မထင်မှတ်တဲ့ တမနက်မှာတော့ အဖွားကြီးဟာ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။ ကေနဲ့ဆမ်ဟာ အဖွားဖြစ်သူကို ဘယ်ရောက်ခဲ့တာလဲ မေးခဲ့ပေမယ့်လည်း အသက်80အရွယ် အဖွားကြီးဆိုတော့ မမှတ်မိခဲ့ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းချင်း အဖွားဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့ မှတ်ညဏ်ချို့ယွင်းမှုတွေဖြစ်လာတာမို့ အဲ့လိုဖြစ်တာတွေကို သူတို့သားအမိရှာဖွေတွေရှိလာခဲ့ပါတယ်။ သူတို့သားအမိဟာ အဖွားရဲ့မှတ်ညဏ်ချို့ယွင်းမှုကြောင့် မျက်စိအောက်က အပျောက်မခံပဲ သေချာစောင့်ကြည့်လိုက်တဲ့အခါမှာတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေလဲဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုခံစားပေးကြပါဦး........(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ YK ပဲဖြစ်ပါတယ်။)#Zawgyiဒီဇာတ္ကားေလးကေတာ့ ...
movie
Relic (2020)
2020
Wasp Network 2019 5.8
Wasp Network 2019 ဒီကားကတော့ လူတော်တော်များများမကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။အထူးသဖြင့် နိုင်ငံရေးနဲ့ သမိုင်းကြောင်းတွေကို စိတ်၀င်စားတဲ့သူတွေအတွက်ပေါ့။ 1.ဘာလို့ ကြည့်သင့်လဲ ဒီဇာတ်လမ်းဟာ ကျူးဘားနိုင်ငံရဲ့ ထောက်လှမ်းရေးစစ်ဆင်ရေးတစ်ခုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ကျူးဘား ထောက်လှမ်းရေးအဖွဲ့တွေဘယ်လိုတော်တယ်၊ဘယ်လို‌စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတွေနဲ့ အမေရိကန်တွေရဲ့ ဇာတိအချို့ကိုလည်းတွေ့မြင်ရမှာမို့ပါ။ 2.ဇာတ်လမ်းအကျဉ်း ကျူးဘားနိုင်ငံရှိစစ်အစိုးရကို မုန်းတီးသော ပြည်ပရောက်ကျူးဘားလူမျိုးများ၊အကြမ်းဖက်အဖွဲ့များ နှင့်ကြေးစားစစ်သားတို့သည် ထိုစစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျူးဘားနိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းကို ဖျက်လိုဖျက်စီးလုပ်ဖို့အတွက် ကြံစည်ခဲ့ကြပါတယ်။ ထိုအခါတွင် စစ်အစိုးရအဖွဲ့မှ ထိုအဖွဲ့များအားပြန်လည်ချေမှုန်းတဲ့အနေနဲ့ ထိုအဖွဲ့များ၏အဓိက ရုံးစိုက်ရာဖြစ်သော အမေရိကန်သို့ သူလျှိုများကို တိတ်တဆိတ်စေလွှတ်ခဲ့ပါတယ်။ ထိုအရေအတွက်နည်းလှသော သူလျှိုအစုက အမေရိကန်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့များကို မည်မျှအထိဖျက်စီးနိုင်ခဲ့ကြောင်း၊အဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထောက်လှမ်းရေးအဖွဲ့များနှင့် သူလျှိုအဖွဲ့များသည် နိုင်ငံတစ်နိုင်ငံအတွက်မည်မျှအထိအရေးပါသည်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ပါ။ File Size : 900 Mb / 450 Mb Quality :WEB-DL 720p Format…mp4 Duration…02:07:00 Genre : Comedy, Thriller Subtitle : Myanmar ...
movie
Wasp Network 2019
Greyhound(2020) 7.2
Greyhound(2020)   Greyhound(2020)IMDb...7.2,,,Rotten....78%အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ...ကပ္ပတိန် Ernest Krause  ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ...သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်....ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ....ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်...ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့....ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်... စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး...တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်....ဒီရုပ်ရှင်ဟာ battle scene တွေက ...
movie
Greyhound(2020)
The Outpost (2020) 6.6
The Outpost (2020) The OutpostRotten Tomato 91% IMDB 6.6 Metacritic 72%စစ်ကား ကောင်းကောင်းလေးတွေ မထွက်တာကြာနေတဲ့အချိန်မှာRating ကောင်းကောင်းနဲ့ စစ်ကားလေး ထွက်လာပါတယ် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား အစပိုင်းနည်းနည်းအေးပေမယ့်တိုက်ပွဲခန်းတွေကတော့ တကယ်ကြမ်း။ကြည့်နေရင်းလည်း စိတ်တိုစရာရှိတဲ့သူတွေကို စိတ်တိုမိလိမ့်မယ်။ဖြစ်ရပ်မှန်ရိုက်ထားတာဖြစ်လို့ နောက်ပိုင်းမှာ အင်တာဗျူးလေးတွေပါတာကိုပါ ကြည့်လို့ရပါတယ်။စစ်တပ်မှာ သုံးတဲ့စကားလုံးတွေတော့ အတတ်နိုင်ဆုံးရှာပြီးကိုက်ညီအောင် ဘာသာပြန်ပေးထားပါတယ်။မှားတာလေးများတွေ့ရင် သည်းခံပေးပါအုံး။မင်းသားတွေကလည်း နာမည်ကြီးတွေပဲ။Scott Eastwood ဆို တချို့ကတော့ The longest rideထဲက မင်းသားလို့သိကြမယ်။သူ့အဖေ Clint Eastwood နဲ့ နှိုင်းယှဉ်လို့မရသေးပေမယ့်သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရနိုင်ဘူး။နောက် သူကအရင်ကလည်း စစ်ကားတကားရိုက်ဖူးပါတယ်။အဲထဲမှာတော့ သူ့မှာ ကလေးမလို့ မပစ်လိုက်ရတာနဲ့လက်နက်ချတဲ့ရန်သူကိုမသတ်ချင်လို့ သူ့ပဲသတ်ပါလို့ ပြောရတာနဲ့ ...
movie
The Outpost (2020)
Bhonsle(2020) 7.1
Bhonsle(2020) Bhonsle(2020)ဒီဇာတ်ကားကတော့ IMDB rating 7.1 ရရှိထားတဲ့ HindiအမျိုးအစားBollywood Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဘွန်ဆလေးဆာဟိဘ်ဆိုတဲ့သူဟာ ချာ်ချိုပရာလ်လို့ခေါ်တဲ့အိမ်ကြီးမှာနေတဲ့မရာထီလူမျိုးတွေအလေးထားရတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူဟာ မရာထီရဲအရာရှိတစ်ယောက်ဖြစ်ပြီးအသက် ၆၀ ပြည့်သွားတဲ့အတွက်ပင်စင်ရသွားခဲ့ပါတယ်။ဒါပေမယ့်လည်းအလုပ်ထပ်ဝင်ဖို့အမျိုးမျိုးကြိုးစားပါတယ်။ မရာထီလူမျိုးနိုင်ငံရေးသမားတစ်ယောက်က ဂန်ပသီဘုရားပွဲကိုမရာထီလူမျိုးတွေပဲလုပ်ကြမယ်လို့စီစဉ်ထားကြပြီးနေရပ်ခြားမှပြောင်းလာသူဘီဟာရ်လူမျိုးတွေကိုမဝင်ရှုပ်စေချင်တာအပြင်ရန်ပွဲလုပ်မိသွားတယ်...အဲ့ဒီကစလို့ ပြဿနာအကြီးကြီး တက်ပါတော့တယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ကြည့်ကြပါကုန်.....ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...File Size : (950 MB) and (459 MB) Quality : WEB-DL 720p Format…mp4 Duration…02:08:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Bhonsle(2020)
Military Wives (2019) 6.4
Military Wives (2019) Military Wives (2019)================IMDb Rating - 6.4/10#Unicodeဒီကားလေးက ဗြိတိန်စစ်သား ဇနီးသည်တွေရဲ့ ဘဝကို ပြထားတဲ့ကားလေးပါ ။ ဖြစ်ရပ်မှန်လေးကိုအခြေခံထားတဲ့ ကားပါ။ ကာနယ်တစ်ယောက်ရဲ့ ဇနီးဖြစ်သူ ကိတ်ဟာ သားဖြစ်သူကို စစ်ပွဲအတွင်းမှာဆုံးရှူံးလိုက်ရပါတယ်။ လီဆာ သူမက တပ်သားဇနီးသည်တွေကြားမှာ တော်တော်လေး ပေါင်းသင်းဆက်ဆံကောင်းတဲ့ သူပါ။ သူတို့ နှစ်ယောက်ပေါင်းပြီး စခန်းအတွင်းက အမျိုးသမီးတွေ စုပေါင်းလုပ်ဆောင် နိုင်တဲ့ အရာကို လုပ်ဖို့ အထက်က အမိန့်ပေးလာတဲ့အခါ သူတို့ ဘာတွေလုပ်ကြမလဲ ။ ဇနီးသည်တွေကော ချစ်ချစ်ခင်ခင်နဲ့ တစ်စုတစ်စည်းတည်းဖြစ်သွားနိုင်မလား ဆိုတာ ကြည့်ရှုလိုက်ပါအုံး . . .ဇာတ်ကားလေးဟာ ပေါ့ပေါ့ပါးပါးနဲ့အတော်ကြည့်လို့ကောင်းပြီး . Rating အားဖြင့်လည်း 6.4/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့  Z Naing Z Nianh ပဲဖြစ်ပါတယ်။)#Zawgyiဒီကားလေးက ဗြိတိန်စစ်သား ဇနီးသည်တွေရဲ့ ...
movie
Military Wives (2019)
2019
Almost Human (2020) 7.2
Almost Human (2020) ဇာတ်ကားအကြောင်းလေးကတော့..... ဖုန်လင်ဒေသမှာ ထူးဆန်းတဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အမှုရဲ့ထူးခြားချက်က လူသတ်သမားက ပရော်ဖက်ရှင်နယ်ကျကျ အရေပြားကိုခွာပြီး အလောင်းကို သပ်သပ်ရပ်ရပ်စွန့်ပစ်ခဲ့တာပါ ဒါ့အပြင် နောက်ထပ် ​ထူးခြားတာတစ်ခုက လူသတ်သမားက လူမဟုတ်ဘဲ အချစ်ကိုသင်ယူချင်တဲ့စက်ရုပ်မလေးဖြစ်နေတာပါပဲ ရဲတပ်ဖွဲ့က အဲလိုထူးခြားတဲ့လူသတ်သမားကို လိုက်လံရှာဖွေနေစဥ်တစ်ဖက်မှာလည်း စက်ရုပ်မလေးက အချစ်ကိုသင်ယူဖို့ထွက်လာခဲ့တဲ့အချိန်မှာ ဝမ်ရှန်း ဆိုတဲ့ကောင်လေး တစ်ယောက်နဲ့တွေ့ပြီး ဝမ်ရှန်းဆီကနေ အချစ်ကို သင်ယူချင်မိသွားပါတယ် ဒါကြောင့် ဝမ်ရှန်းရဲ့ကောင်မလေး(စုရှင်း)ကို ဖမ်းဆီးလိုက်ပြီး စုရှင်း​ဟန်ဆောင်ကာ သူ့အချစ်ကိုရဖို့ကြိုးစားတာပေါ့ ရဲတပ်ဖွဲ့ကရော လူမဟုတ်တဲ့ ထူးခြားတဲ့ လူသတ်သမားကို ဖမ်းဆီးနိုင်မှာလား ဝမ်ရှန်းကရော စက်ရုပ်မလေးကို သူ့ချစ်သူ အယောင်ဆောင်ထားမှန်းသိသွားမှာလား စက်ရုပ်မလေးကရော အချစ်ကိုတကယ်နားလည်သွားမှာလား.... ဆိုတာကို ဆက် ကြည့်ရမှာနော်   File Size - 997 MB Quality - web-dl 1080p Subtitle - burmese (hardsub) Translator - Yamin Ei Encoder - Thit San Khant
movie
Almost Human (2020)
2020
Desperados (2020) 7.3
Desperados (2020) ဒီတစ်ခါတော့ Netflix ကနေ ဇူလိုင်လ (၃)ရက်နေ့ ပူပူနွေးနွေး ထုတ်လွှင့်ပြသထားတဲ့ ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးပါရစေ။ Desperados ဆိုတဲ့ ဇာတ်လမ်းလေးပါ။ နမူနာ ထွက်လာကတည်းက အတော်ခွီရမယ့်ကား ဆိုတာ တော်တော်များများ သိထားကြမှာပါ။ တကယ် ပြတော့လည်း အဲဒီအတိုင်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အပျိုကြီးမမတစ်ယောက် ယောကျာ်းလိုချင်ရာကနေ စတဲ့ဇာတ်လမ်းပါပဲ။ ဘဝကို ပေါ့ပေါ့ပါးပါး နဲ့ တလွဲတွေ ဖြတ်သန်းနေတဲ့ အပျိုကြီး မမတစ်ယောက်။ အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ အပျိုကြီး မမတစ်ယောက်။ အလုပ်အကိုင်လည်း အဆင်မပြေ၊ အချစ်ရေးလည်း အဆင်မပြေ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တော့ စိတ်ဓာတ်တွေ အကြီအကျယ် ကျနေခဲ့ရတာပါ။ ဒီအချိန်မှာပဲ သူ့အတွက် လက်တွဲဖော်ကောင်းတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတော့တယ်။ ဒီအမျိုးသားရှေ့မှာတော့ ဒီအမျိုးသားကို လက်မလွှတ်ရဖို့အရေး သူက အိန္ဒြေကြီးတဲ့ အမျိုးသမီးအနေနဲ့ ဟန်ဆောင်ပါတော့တယ်။ ဒါပေမယ့် သူတို့ ရည်းစားဖြစ်ပြီး တစ်နေ့မှာတော့ သူ့ရည်းစားက ၅ ရက်လောက် ပျောက်သွားခဲ့ပါတယ်။ အပျိုကြီးက ပေါက်ကွဲပြီး ရည်းစားဆီကို ဆဲရေးထားတဲ့ အီးမေးလ်တစ်စောင် ပို့လိုက်ပြီးတဲ့အချိန်မှာပဲ ရည်းစားဆီက ဖုန်းဝင်လာပါတော့တယ်။ သူ့ရည်းစားက မက္ကဆီကိုမှာ မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့ သိရတဲ့အချိန်မှာ မက္ကဆီကို ကို လိုက်ပြီး လက်ပတော့ထဲက အီးမေးလ်ကို ဖျက်ဖို့ ကြိုးစားရပါတော့တယ်။ ဟာသကားတစ်ကား အနေနဲ့ တော်တော်လေး ကောင်းတဲ့အပြင် အချစ်ကို ...
movie
Desperados (2020)
2020
Maska(2020) 6.0
Maska(2020) Maska(2020)ရူမီရဲ့အဖေသေဆုံးသွားပြီးနောက်ပိုင်းသူ့ရဲ့ဘိုးဘွားဘိုင်အမွေအနှစ်ဖြစ်တဲ့ဆိုင်ကြီးတစ်ဆိုင်ကိုသူ့အမေကပဲဦးစီးနေရပါတယ်။ အမေဖြစ်သူဟာ အိမ်ထောင်ဉီးစီးတာဝန်ကိုပါထမ်းနေရတော့သားအမိဆက်ဆံရေးဟာ တစ်ခါတစ်လေတော့ အဆင်မပြေမှုလေးတွေတော့ ရှိလေရဲ့...တစ်နေ့မှာတော့မစ္စတာဖိရိုရှာဘားဒ် အဖြစ်ရွေးချယ်ခံရပြီးသူ့အမေရဲ့မိတ်ဆွေကရူမီကိုမင်းသားလုပ်ခိုင်းပါလားလို့ပြောသံကိုကြားလိုက်ရပြီးတော့ရူမီတစ်ယောက်မင်းသားရူးရူးသွားပါတော့တယ်။အဲ့ဒီလိုနဲ့ သရုပ်ဆောင်သင်တန်းသွားတက်ပါတော့တယ်...ဒီသရုပ်ဆောင်သင်တန်းတက်မှပဲ ရူမိတစ်ယောက် ဘဝရဲ့အလှည့်အပြောင်းတွေ စကြုံတွေ့ရတော့တယ်...သူဘယ်လိုတွေကြုံတွေ့နေရလဲ..သူလုပ်တဲ့အလုပ်ကိုရော သူ့အမေလက်ခံပါ့မလား...ဘဝလက်တွေဖော်တွေနဲ့ပတ်သက်ပြီး ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားစရာတွေကြုံရမလဲ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thik San ဖြစ်ပါတယ်....File Size : (900 MB) and (376 MB) Quality : WEB-DL 720p Format…mp4 Duration…01:51:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Maska(2020)
The Song of Names (2019) 6.3
movie
The Song of Names (2019)
2019
Fanny Lye Deliver’d (2019) 6.1
Fanny Lye Deliver’d (2019) Fanny Lye Deliver'd (2019)====================IMDb Rating - 6.1/10#Unicodeကျွန်တော် ဒီကား ကြည့်ပြီး သိလာရတာ နှစ်ခုဘဲရှိတယ် . တစ်ခုက ဘာသာရေးကို ခုတုံးလုပ်ပြီးအာဏာကိုအသုံးချတာရယ်။ သဘာဝဟာ သဘာဝအတိုင်းဘဲ ဖြစ်နေတယ်ဆိုတာရယ်။ ဒီကားက၁၆၆၀ ဝန်းကျင်ကိုရိုက်ကူးထားတာ။ ကပ္ပတိန်ဂျွန်က ဘာသာရေးသမား။ မိန်းမနဲ့ ကလေး တစ်ယောက်ရှိတယ်။ ကလေးကိုလဲ ဘာသာရေးနဲ့ဘဲ လမ်းညွှန်ဆုံးမတယ်။ တစ်နေ့တော့ သူတို့ လယ်ထဲစုံတွဲတစ်တွဲရောက်လာတယ်။ အင်္ကျီတွေတောင်မပါဘူး။ သူတို့ ဘယ်သူတွေလိုက်လို့ ထွက်ပြေးလာတာလဲ။ အဲဘက်ခေတ်မှာ sex ဆိုတာက ပွင့်ပွင့်လင်းလင်းမရှိသေး။ အထူးသဖြင့် အဲလိုကိစ္စမျိုးကိုမိစ္ဆာအယူလိုသတ်မှတ်ကြတယ်။ အဲဘက်ခေတ် ခရစ်ယာန် ဘာသာရေးအယူအဆတွေ။ ပြီးတော့ဘာသာရေးခုတုံးလုပ် အာဏာသုံး သတ်ဖြတ်တာတွေ။ ယောကျ်ားမိန်းမ ခွဲခြားမှုတွေ ဒီကားမှာ မြင်ရပါလိမ့်မယ်။Ps: ဘာသာပြန်သူက ခရစ်ယာန်မဟုတ်တဲ့အတွက် အမှား လိုအပ်ချက်များရှိခဲ့ရင် နားလည်ပေးပါ။(ဒီကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့  Z Naing Z ...
movie
Fanny Lye Deliver’d (2019)
2019