Channel Myanmar

Drama

12 Angry Men (1957) 8.9
12 Angry Men (1957) [Unicode]12 Angry Men (1957)IMDB - 8.9 out of 10 Rotten Tomatoes - 100 out of 100 All Time IMDB Top 5ကြည့်ခဲ့ဖူးတာ ကြာပြီဆိုတဲ့ တစ်ချို့ ရုပ်ရှင်တွေမှာ ဇာတ်လမ်းဇာတ်အိမ်ကို ကျွန်တော်တို့ မမ‌ှတ်မိတော့ ရင်တောင် ရခဲ့ဖူးတဲ့ ခံစားမှုတွေက ပြန်လာတတ်ပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော့်ကို Terminalရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း တစ်ခုကို သတိရစေပါတယ်။ အဖေအတွက် ဆေးခိုးသယ်တဲ့ လူအခန်းမှာလားတော့ သေချာမမှတ်မိတော့ပါဘူး သုံးတဲ့ စကားလုံးအတိအကျကိုလည်း သေချာမမှတ်မိတော့ပါဘူး။ တစ်ခါတလေ လူတွေအကျိုးနဲ့ယှဉ်ရင် စည်းမျဉ်းတွေကို ဘေးဖယ်ထားပေးထားရတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါက်တဲ့ စကားစုလေးကို ကျွန်တော် မှတ်မိနေပါသေးတယ်။စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရဲ့ တရားစီရင်မှုနည်းစနစ်အရ တရားသူကြီးမင်းဟာ ဂျုရီဆယ့်နှစ်ယောက်ကို ကျပန်း ဖိတ်ကြားခဲ့တယ်။ ဒီလူတွေဟာ ဒီအမှုကနေ ဘာမှရယူစရာဆုံးရှုံးစရာမရှိတဲ့လူတွေ။ မတူညီတဲ့လူတန်းစာအလွှာလွှာ မတူညီတဲ့အသက်မွေးဝမ်းကြောင်း‌‌တွေ မတူညီတဲ့ စိတ်သဘောထား‌တွေ မတူညီတဲ့ဘဝအမြင်ရှိတဲ့လူတွေ။ သူတို့ အဆုံးအဖြတ်ပေးရမယ့် ...
movie

12 Angry Men (1957)

1957–
Ip Man 4: The Finale ( 2020 ) 7.4
Ip Man 4: The Finale ( 2020 ) Zawgyi******* IP Man ရဲ့ 4 ကားမြောက်ဇာတ်ကားဖြစ်သလို နောက်ဆုံးကားလည်းဖြစ်ပါတယ်တကယ်ကိုကောင်းလွန်းတဲ့ကောင်းပါပဲ.သိုင်းချစ်သူတွေကိုတော့အထွေအထူးအများကြီးညွှန်းနေစရာတောင်မလိုဘူးထင်ပါတယ်။ ဒီဇာတ်ကားမှာတော့IP Man ဟာ သူ့ရဲ့အမျိုးသမီးသေဆုံးပြီးတဲ့နောက်ကျန်ခဲ့တဲ့သားငယ်ကိုတစ်ယောက်တည်းထိန်းကျောင်းခဲ့ရတယ်သားဖြစ်သူကလည်း အဖေဗီဇအတိုင်းပဲ သိုင်းကိုအရူးအမူးဝါသနာပါပေမယ့်IP Man က မသင်ပေးခဲ့ပါဘူး..ဒီတော့ရန်တွေခဏခဏဖြစ်ကျောင်းထွက်ရတော့သားဖြစ်သူအတွက် သင့်တော်မယ့်ကျောင်းကို ရှာဖို့အတွက်IP Man တစ်ယောက် အမေရိနိုင်ငံ ဆန်ဖရန်စစ်စကို မြို့ကိုခရီးဆန့်ရပါတော့တယ်အဲ့မှာ သူ့တပည့်ရင်းတစ်ယောက်ဖြစ်တဲ့ Bruce Lee နဲ့ပြန်လည်ဆုံတွေ့ပါတယ်အဲ့ဒီနောက်ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ကိုယ်တိုင်သာဆက်လက်ခံစားကြပါဒီကားမှာ Bruce Lee ကို ရိုက်ကူးထားတာလည်း ကျွန်တော်သဘောကျမိပါတယ် File Size : (2.1GB)(850 MB) and (307 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:47:00 Genre : Action , Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Littleneo Encoded by ...
movie

Ip Man 4: The Finale ( 2020 )

Alive (2020) 6.5
Alive (2020) မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ...သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါtrailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင် သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော် File Size : ( 923 MB , 459 MB) Quality : WEB DL 720p Running Time : 1 hr 38 min Format : Mp4 Genre : Action , Drama , Horror  Subtitle : Myanmar Subtitle (Hard Sub) Translated by P Encoded by Moe Myint Lwin
movie

Alive (2020)

Invitation (2020) 6.2
Invitation (2020) ဒီဇာတ်ကားလေးကတော့ အကိုတစ်ယောက်ရယ် ညီတစ်ယောက်ရယ် မိန်းကလေးတယောက်ရယ်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဖော်ကျူးထားတဲ့ Melodrama Romance ကားပဲဖြစ်ပါတယ်။ အချစ်ဆိုတာ ရယူခြင်းလား။ပေးဆပ်ခြင်းလား။ ဒါမှမဟုတ် အတ္တဆန်တာလား။ ဒီအဖြေကို ဒီဇာတ်ကားထဲမှာရှာကြည့်နိုင်ပါတယ်။ ဒီကားထဲက ဇာတ်ဆောင်မင်းသားပြောထားတာ​က သူအဖြစ်မှန်ကိုသိချင်တယ်ဆိုတဲ့ စကားကနေ ဒီဇာတ်လမ်းက အစပြုပါတယ်။ ညီအကိုနှစ်ယောက်ကြားကို အမျိုးသမီးတယောက် ဝင်ရောက်လာချိန်အကိုကော ညီကော ဒီအမျိုးသမီးတယောက်တည်းကိုပဲ စွဲလန်းချစ်ကြိုက်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်ကြပါ။ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေဆုံရင် တကယ်ချစ်ရတဲ့သူက ရှုံးရတာပဲတဲ့။ ကဲဟုတ်မဟုတ် ဇာတ်ကားကြည့်ပြီး အဖြေရှာလိုက်ရအောင်ပါ။ File Size - 949 mb Quality - web-dl 1080p Subtitle - burmese Translator - Moe Pwint Encoder - XCode
movie

Invitation (2020)

2020
New Baby (2020) 7.3
New Baby (2020) အနုအယွ 18အပေါင်းကားလေးတွေ မျှော်နေတဲ့ ဘဒိုတို့အတွက် Fox ကတော်တော်ကြာကြာပျောက်နေရာကနေ ပြန်လည်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကြောင်းလေးမပြောခင် ဇာတ်ကားထဲက ဆော်လေးအကြောင်းအရင်ပြောချင်တယ်။ ဆော်လေးနှစ်ပွေပါတယ်။ တစ်ပွေက အခုခေတ်စားနေတဲ့ fbမှာဘဒိုတို့ ပြေးပြေးကြည့်နေတဲ့ ဆယ်လီမမနဲ့ ခန္ဓာကိုယ်အချိုးအစား မျက်နှာပေါက်လေးက ခပ်ဆင်ဆင်လို့တောင်ပြောလို့ရတယ်။ ဆော်လေးတွေကရေလည်အလွင့်။နှစ်ယောက်ပါတယ်။ နှစ်ယောက်လုံးက အကိတ်။ဘဲကြီးတွေဆို အငမ်းမရပဲ။ ကဲ ဇာတ်လမ်းကိုသွားမယ်။ ဇာတ်လမ်းကအဘိုးကြီးတယောက်မှာမွေးစားသားတစ်ယောက်ရှိတယ်။ အဲ့ဒီမွေးစားသားမှာ မိန်းမရှိတယ်။ သူမိန်းမနဲ့ အဖိုးကြီးက ဘာညာကွိကွရှိသလို အဖိုးကြီးမှာကလည်း ဆေးပေးမီးယူ စမောလေးလျှိုထားတာရှိသေးတယ်။ အဲ့စမောလေးကလည်း မွေးသားသားနဲ့ သိုင်းချနေကြ ကလေးမ။ အဲ့လို လေးပွင့်ဆိုင် အချစ်ပြိုင်ပွဲကားဆိုလည်းမမှားဖူး။ ဘယ်သူနိုင်နိုင် ပြိုင်ကြတဲ့အခါ နောက်ဆုံးဘယ်သူနိုင်ပြီး ဘယ်သူ ခြေကုန်လက်ပန်းကျမလဲဆိုတာတော့ ကိုယ့်ဘာကိုပဲအားမွေးကြည့်လိုက်ကြတော့။ ထပ်ညွှန်းရရင် ဆော်တွေကိုဖြုတ်ထားတာ ကိုရီးယားကားတွေထုံးစံအတိုင်း step by stepသွားထားတယ်။ တခြားကားတွေလို ဒုံးဒိုင်းအုန်းဂွမ်းသွားဖူး။ ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ ဆွဲထားတယ်။ သိချင်တယ်ဆိုရင်တော့ ဒေါင်းသာကြည့်တော့။ မဟုတ်လည်း ကြည့်မယ်ဆိုတာသိနေတယ်။
movie

New Baby (2020)

2020
Portrait of a Lady on Fire(2019) 8.1
Portrait of a Lady on Fire(2019) Portrait of a Lady on Fire(2019)IMDb...8.1,,,Rotten..98% ပန်းချီဆရာမလေးတစ်ဦးဟာ အိမ်တစ်အိမ်ကို မိန်းမပျိုလေးတစ်ဦးရဲ့ ပုံတူပန်းချီဆွဲပေးဖို့ ရောက်ရှိလာခဲ့တယ်...အဲ့အိမ်ကမိန်းမပျိုလေးဟာ သူ့ကိုပန်းချီဆွဲတာကို ကြည်ကြည်ဖြူဖြူနဲ့တော့ လက်မခံခဲ့ဘူး...ဘာဖြစ်လို့လဲဆိုတော့ အဲ့လိုပန်းချီပြီးသွားရင် သူဟာ သူစိတ်မပါတဲ့ လက်ထပ်ပွဲတစ်ပွဲကိုဆင်နွှဲရမှာမို့လို့ပဲဖြစ်တယ်....ပန်းချီဆရာမလေးဟာ အဲ့ကောင်မလေးအနားကို မိတ်ဆွေသဘောမျိုးနဲ့ ချဉ်းကပ်ပြီး သူနဲ့ရင်းနှီးကျွမ်းဝင်အောင် အရင်လုပ်ကာပန်းချီဆွဲဖို့ပြင်ဆင်ပါတော့တယ်.. အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....IMDb..နဲ့ Rt အမိုက်စားကားကြီးမို့ ခံစားကြည့်ကြပါဉီးဗျို့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwe Zan Aung ပဲဖြစ်ပါတယ်...File Size : (950 MB) and (404MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Portrait of a Lady on Fire(2019)

Ema (2019) 7.3
Ema (2019) IMDb 6.8/10, Rotten tomatoes 91% ရရှိထားတဲ့ စပိန်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်ကားနာမည် အန်မာကတော့ ဇာတ်လိုက်မင်းသမီးရဲ့နာမည်ပါ ငယ်ရွယ်တဲ့အကမယ်လေးအန်မာဟာ သူ့ထက်အသက်၁၂နှစ်ကြီးတဲ့ သူတို့အကကုမ္ပဏီဒါရိုက်တာ ဂတ်စတွန်နဲ့လက်ထပ်ထားတာပါ ဖြစ်ချင်တော့ ဂတ်စတွန်ဟာ ကလေးမရနိုင်တဲ့သူတစ်ဦးဖြစ်နေတော့ သူတို့မောင်နှံဟာ ပိုလိုဆိုတဲ့ကလေးတစ်ယောက်ကိုမွေးစားခဲ့ကြပါတယ် ဇာတ်လမ်းကတော့ ဒီ"ပိုလို"ဆိုတဲ့ကလေးကနေစတာပါ။ ပိုလိုဟာ pyromania လို့ခေါ်တဲ့မီးရှို့ရတာကို နှစ်သက်တဲ့ကလေးဖြစ်နေပြီး အဒေါ်ဖြစ်သူမျက်နှာကိုမီးကျွမ်းအောင်လုပ်ပြီးတဲ့နောက်မှာ... အန်မာတို့အိမ်ထောင်ရေးလည်း တစ်ကွဲတစ်ပြားစီဖြစ်​ခဲ့ရပါတော့တယ် ဒီပြဿနာတွေကို အန်မာတစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှု​ပေးကြပါဦး (အိမ်ထောင်ရေးကားဆိုပြီးမိသားစုနဲ့ကြည့်ရင်တော့ သတိထားပါနော် R-ratedအခန်းများပါဝင်လို့ပါ)File Size -  1.1 gb Quality - web-dl 1080p Subtitle -  burmese Translator - MTA Encoder - Thit San Khant
movie

Ema (2019)

2019
Marriage with a Liar (2010) 7.3
Marriage with a Liar (2010) "တနေ့မှာခင်များနဲ့လက်ထပ်မယ့်လူတယောက်ဟာခင်များအပေါ် ဖုံးကွယ်ထားတာတခုခုရှိတယ်လို့ခင်များသိခဲ့ရင်ဘယ်လိုလုပ်မလဲ အထူးသဖြင့်အိမ်ထောင်ဘက်အပေါ်ဖောက်ပြန်တာမျိုးပေါ့ ခင်များစိတ်ဆိုးတာပဲဖြစ်ဖြစ်စိတ်ကုန်တာပဲဖြစ်ဖြစ်စိတ်အခြေအနေပြောင်းသွားမယ်ထင်ပါတယ် ဒါပေမယ့်သူ့ဘက်ကအဲ့လိုဖြစ်ခဲ့တာကိုမပြောဘဲဖုံးကွယ်ပဲလက်ထပ်ခဲ့ရင်ရော" .... အဓိကကတော့လက်ထပ်တယ်ဆိုတာ စိတ်ချမ်းသာဖို့ပဲမလား ဒီနေရာမှာသူငယ်ချင်းအပေါင်းအသင်းတွေရဲ့ အခန်းကဏ္ဍဟာတော်တော်အရေးပါတယ်ဆိုတာ သတိပြုမိပါတယ် နှစ်ဖက်အပေါင်းအသင်းတွေ ဆေးဝိုင်းထိုးလိုက်လို့ပြတ်သွားတဲ့အတွဲတွေရှိသလို နှစ်ဖက်အပေါင်းအသင်းကောင်းမှုနဲ့ညားကြလေသတည်း တွေလည်းရှိတာကိုး တခါတလေဆေးထိုးတာမဟုတ်ပဲ သာငယ်ချင်းအတွက်စိတ်ပူလို့ဆိုပြီး ပြောတဲ့စကားတိုင်းကိုလည်းမယုံဖို့လိုပါတယ် ချစ်တယ်ဆိုရင်ယူသာယူကြပါလို့ :•) အညွှန်းတော့မဟုတ်ပါဘူး ဒီဇာတ်ကားကိုဘာသာပြန်ရင်းတွေးမိတာလေးပါ ဇာတ်ကားထဲကမောင်နဲ့မယ်ကတော့ လက်မထပ်ခင်သုံးရက်အလိုကိုပြဿနာတွေတက်ကြ နောက်တယောက်စီနဲ့အိပ်ကြတာပါ (18တော့နည်းနည်းပေါင်းထားပါတယ်) သူတို့ပြန်အဆင်ပြေပြီးတကယ်လက်ထပ်ဖြစ်ပါ့မလား သိချင်ရင်တော့ကြည့်လိုက်ပါ    File Size -  914 mb Quality - Bluray 1080p Subtitle -  Burmese Translator - Nay Chii Encoder - Thit San Khant
movie

Marriage with a Liar (2010)

2010
The Hurt Locker (2008) 7.6
The Hurt Locker (2008) The Hurt Locker (2008)==================IMDb Rating - 7.6/10Rotten Tomatoes 97%( War, Thrilller, Drama )#Unicodeဒီကားကတော့ ၂၀၀၈ ခုနှစ်ကထွက်ခဲ့ပြီး ကြည့်ရှုသင့်တဲ့ War film‌ ​တွေထဲမှာ ထိပ်တန်းနေရာက ပါ၀င်ပါတယ်။၂၀၀၈ Academy award မှာ ဒါရိုက်တာ ဂျိမ်းကင်မရွန်းရဲ့ Avatar ရုပ်ရှင်ကို ကျော်လွန်ပြီး Nomination 9 မှာBest Director အပါအ၀င် Oscarsတွေ ၆ ခုတိတိ သိမ်းပိုက်ခဲ့တဲ့ကားဖြစ်ပါတယ်။ Marvel ဇာတ်ကောင် စူပါစတားတွေဖြစ်တဲ့ Hawkeye & Falcon နေရာမှာသရုပ်ဆောင်ခဲ့တဲ့ Jeremy Renner နဲ့ Anthony Mackie တို့ကလည်းအတွဲညီညီပါ၀င်ထားပါတယ်။ဇာတ်လမ်းအညွှန်း ***************** ကမ္ဘာပေါ်မှာ စစ်တိုက်ရတာ အန္တရာယ်အရှိဆုံးအလုပ်တစ်ခုဆိုရင် စစ်မြေပြင်မှာ ဗုံးရှင်းလင်းရေးအလုပ်ကလည်းဒုတိယအန္တရာယ်အရှိဆုံးဖြစ်ပါတယ်။ US နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ အီရတ်စစ်မြေပြင်မှာ EOD ...
movie

The Hurt Locker (2008)

2008
Dil Bechara(2020) 9.8
Dil Bechara(2020) Dil Bechara(2020)(WEB-DL 1080p 5.1CH, WEB-DL 720p တို့ဖြင့်ရရှိပါပြီ..)မနေ့ညက Disney+ Hotstarကနေ ဖြန့်ချိခဲ့တဲ့ မင်းသားချော ဆူရှန့်ကားသစ် လာပါပြီ။အမြဲတမ်း ပြုံးနေတတ်တဲ့ မင်းသားချောကတော့ ဒီကားထဲမှာ နောက်ဆုံး မြင်တွေ့ခြင်းဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ဇာတ်လမ်းထဲမှာတော့ ကင်ဆာရောဂါသည် ကောင်မလေးတစ်ယောက်....ကင်ဆာရောဂါသည်တစ်ယောက်မို့ ဆေးတွေနဲ့ သူရဲ့ အောက်စီဂျင်ဘူးလေးနဲ့အတူ  မနက်ဖြန်ဆိုတာကိုဖြတ်ကျော်နေရတယ်...ဒါပေမဲ့ သူမက အာဂကောင်မလေးလို့ဆိုရမလားပဲ...သူမဟာ နာရေးတွေလိုက်တက်ပြီးအထီးကျန်နေခဲ့ရတဲ့ ကျန်ရစ်သူ မိသားစုတွေကိုတောင် အားပေးနေတတ်တယ်...တနေ့မှာတော့ သူ ဒီကင်ဆာရောဂါဝေဒနာရှင်တွေ အားပေးဝန်းရံကြတဲ့ အခမ်းအနားတစ်ခုမှာကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ပါလေရော....စပွိုင်လာဖြစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ.....။ ဘောလိဝုဒ်ပရိသတ်တွေကတော့ အညွန်းမဖတ်ဘဲ ကြည့်ကြမယ်ဆိုတာလည်း ယုံကြည်ထားပါတယ်။ခုချိန်မှာတော့ IMDb Ratingက လူပေါင်း၂သောင်းကျော်ပေးထားတဲ့ 9.9/10ပါ။မနေ့က စပြီး လွှင့်လွှင့်ချင်း၂နာရီအကြာမှာတော့ လူ၁ထောင်ပေးထားတဲ့ Ratingက 10/10ပါ။လွန်ခဲ့တဲ့လ,က သေဆုံးသွားပြီဖြစ်တဲ့ ဆူရှန်မို့ ပရိသတ်တွေက သေပြီးမှ ချစ်ကြောင်းပြချင်လို့ ပေးတဲ့Ratingလား ဒါမှမဟုတ် ဒီဇာတ်ကားနဲ့ ထိုက်တန်လို့ ...
movie

Dil Bechara(2020)

Vertigo(2019) 6.5
Vertigo(2019) Vertigo(2019)အညွှန်း*********************** 2019 တုန်းက ထွက်ရှိထားတဲ့ Vertigo ဆိုတဲ့ Movie လေးကို တင်ဆက်ပေးပါမယ်..  ဆောယောင်းဟာ  graphic designer တစ်ယောက်ဖြစ်ပါတယ်.. ဒါပေမယ့် သူမက company ရဲ့ စာချုပ်အလုပ်သမားတစ်ယောက်ပါ ... စာချုပ်အလုပ်သမားတွေရဲ့ အခက်ခဲတွေအတိုင်း နောက်တစ်နှစ် စာချုပ်ထပ်ချုပ်ပြီး အလုပ်လုပ်ခွင့်ရဖို့ ကြိုးစားရပါတယ်.. မိသားစုပြဿနာအချို့လည်းရှိနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့.. ဒီလိုကောင်မလေးဟာ  Company ရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ အဖွဲ့ခေါင်းဆောင်  လီဂျင်ဆူနဲ့ ဇာတ်လမ်းလေးဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး... File Size : (900 MB) and (352 MB)Quality : FHDRip 720pFormat…mp4Duration…01:30:00Genre : Romance, DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Han Thu AyeEncoded by Phyo Pyae
movie

Vertigo(2019)

Dreamland (2019) 6.1
Dreamland (2019) Dreamland (2019)==============IMDb Rating - 6.1/10#UnicodeDreamland ဒီဇာတ်ကားလေးကတော့ ကားနာမည်လေး အတိုင်းပါပဲ အိမ်မက်ကမ္ဘာ တစ်ခုကိုရောက်သွားသလိုပါပဲ။ စိတ်ကူးယဥ်ဆန်ဆန် ကြည့်ရမယ့် ကားလေးပါ။ ဂီတသမားတစ်ယောက်ရဲ့စိတ်ကူးယဥ်ဆန်ဆန် အိမ်မက်ထဲ ​ကြေးစားဂီတသမား အလုပ်လုပ်ရာကနေ သူ့ပရိသတ်က မင်္ဂလာပွဲအတွက်ငှားပြီး . . . သူ့ရဲ့လက်သန်းကို လိုချင်တာကြောင့် ကြေးစားလူသတ်သမား ငှားရမ်းထားခဲ့ပါတယ်။ဒါပေမယ့် လူသတ်သမားနဲ့လည်း သူငယ်ချင်းဖြစ်ပြီး သူ့အသက်အန္တရာယ် အတွက် ဥာဏ်နီဥာဏ်နက်သုံးပြီး ဖြေရှင်းပုံတွေကို ခံစားရမှာပါ။ တကယ်ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားပါ စိတ်ကူးယဥ်ဆန်တတ်သူတွေ ကြည့်သင့်တဲ့ ကားတစ်ကားဆို ပိုမှန်ပါလိမ့်မယ်။ ဂီတပညာရှင်ဟာ ဘယ်လို လူမျိုး ကြေးစားလူသတ်သမားဟာ ဘယ်လိုလူမျိုး သူ့ကို သတ်ချင်တဲ့ သူ့ပရိသတ်ဟာ ဘယ်လိုလူမျိုးလဲ ဘာတွေဆက်ဖြစ်မလဲကို သိချင်ရင်တော့ ဒီကားလေးကို ကြည့်ဖို့ တိုက်တွန်းပါရစေ...(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thinzar Lwin ပဲဖြစ်ပါတယ်။)#ZawgyiDreamland ဒီဇာတ်ကားလေးကတော့ ကားနာမည်လေး ...
movie

Dreamland (2019)

2019
The Elder One (2019) 7.6
The Elder One (2019) The Elder One (2019)================IMDb Rating - 7.6/10#Unicodeဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံက လိင်တူချစ်သူတွေရဲ့ ပြဿနာနဲ့ ကျွန်းက ထွက်သွားတဲ့အကိုဖြစ်သူကို ရှာဖွေတဲ့ ယောက်ျားလျှာကောင်မလေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ကားလေးပါ။ ကလေးမလေးဟာ ယောက်ျားလို ဝတ်ဆင်ပြီး ယောက်ျားလိုနေပင်မဲ့ ပတ်ဝန်းကျင်ရဲ့ လက်မခံနိုင်မှု့တွေကြောင့် မြို့ပေါ်တက်သွားတဲ့ အကိုကို သွားရှာရင်းကလေးရောင်းစားတဲ့ ဂိုဏ်းနဲ့တွေ့ပြီး ရောင်းစားခံရတော့မဲ့ စဲစဲ သူ့အကိုကို ပြန်တွေ့ပြီး မောင်နှမတွေပြန်လည်ဆုံစည်းသွားတဲ့ ကားလေးပါ။ ဇာတ်လမ်းလေးဟာ ရိုးရှင်းပေမဲ့ အိန္ဒိယနိုင်ငံရဲ့ လူနေမှု့ဘဝတွေကလေးရောင်းဂိုဏ်းတွေရဲ့ အင်အားကြီးမားပုံနဲ့ ပျက်စီးနေတဲ့ ရဲတွေရဲ့ ကျင့်ဝတ်တွေကို ဒါရိုက်တာကအဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။တကယ်ကို ကြည့်သင့်တဲ့ ပညာပေး ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thinzar Lwin ပဲဖြစ်ပါတယ်။)#Zawgyiဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံက လိင်တူချစ်သူတွေရဲ့ ပြဿနာနဲ့ ကျွန်းက ထွက်သွားတဲ့အကိုဖြစ်သူကို ရှာဖွေတဲ့ ယောက်ျားလျှာကောင်မလေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ...
movie

The Elder One (2019)

2019
Late Blossom(2011) 7.3
Late Blossom(2011) Late Blossom(2011)CM Fan တွေအတွက် Late Blossom ဆိုတဲ့ ဇာတ်ကားလေးကို ထပ်မံတင်လိုက်ပါတယ် ...၂၀၁၁ တုန်းက ထွက်ရှိထားတာဖြစ်ပြီး မင်းသမီး Song Jo Hyo ပါဝင် သရုပ်ဆောင်ထားပါသေးတယ် ..... ဇာတ်လမ်းအကျဉ်း နာမည်မှာ ဆုန်းလို့ မျိုးရိုးနာမည် တစ်လုံးတည်းရှိတဲ့ အဘွားဟာ ဆွေမျိုးသားချင်းမရှိ တစ်ယောက်တည်းနေပြီးကတ်ထူစက္ကူလေးတွေ ကောက်ပြီး ရောင်းစားရင်း အသက်မွေးပါတယ် ...တစ်ရက်မှာ တော့ နေရာပြောင်းပြီး ကတ်ထူကောက်ရင်းနဲ့ ဂင်မန်ဆော့ဆိုတဲ့ အဘိုးနဲ့ တွေ့ဆုံခဲ့ပါတယ် ..သူတို့ ၂ ဦးကတော့ ထူးဆန်းစွာနဲ့  တစ်ယောက်ရဲ့အထီးကျန်မှုကို တစ်ယောက်က အကောင်းဆုံးြဖည့်ဆည်းပေးတဲ့အဖော်မွန်တွေဖြစ်ခဲ့ကြတယ်...ဂျန်ဂွန်ဘုံဆိုတဲ့ အဘိုးကတော့ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး ကားပါကင်မှာ ကားတွေ စောင့်ပေးပါတယ်...အဘိုးမှာ သူငယ်ပြန်နေတဲ့ ဇနီးဖြစ်သူလည်းရှိပါတယ် သားသမီး ၃ ယောက်ရှိပေမယ့်ဘယ်သူကမှ မိဘတွေကို ပြန်မကြည့်ပေးခဲ့လို့ ဇနီးမောင်နှံ ၂ ...
movie

Late Blossom(2011)

A Walk in the Clouds (1995) 6.7
A Walk in the Clouds (1995) [Unicode]action မင်းသားကြီး Keanu Reeves ရဲ့ ငယ်ငယ်က အချစ်ဇာတ်ကားလေးတွေ ကြည့်ချင်နေတဲ့ သူတွေအတွက် ဒီ A walk in the clouds ဆိုတဲ့ကားလေးကိုလက်တို့လိုက်ပါတယ်.. ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ Paul တစ်ယောက် ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ Sacramento မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်...ကံကောင်းချင်လို့ပြောရမလား ကံဆိုးချင်လို့ပြောရမလား သွားနေတဲ့လမ်းမှာပဲကိုယ်ဝန်ရသွားပြီး ချစ်သူကပါပစ်သွားလို့ အိမ်မပြန်ရဲဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ဆုံပါတော့တယ်။ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာရနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ..1995 ဝန်းကျင်က အဝတ်အစား အခင်းအကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုရဲ့ ပုံရိပ်တွေအပြင် ကြည်နူးစရာ ဝမ်းနည်းစရာတွေနဲ့ရောပြွမ်းနေတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဒီကားလေးကို ညွှန်းလိုက်ရပါတော့တယ်။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် ...
movie

A Walk in the Clouds (1995)

Once Upon a Time in Mumbaai(2010) 7.4
Once Upon a Time in Mumbaai(2010) Once Upon a Time in Mumbaai(2010) ဘောလီဝုဒ်ဖန်တွေအတွက် ဒုစရိုက် အက်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်အဓိကသရုပ်ဆောင်တွေအနေနဲ့ Ajay Devgn, Emraan Hashmi, Kangana Ranaut နဲ့ Randeep Hooda တို့ပဲဖြစ်ပါတယ်နိုင်ငံတကာရုပ်ရှင် အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 7.5/ 10, Times of India 4/5 နဲ့ Google Users 93% တို့ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ .....မွန်ဘိုင်းမြို့ပေါ်မှာ သြဇာအာဏာကြီးမားလွန်းတဲ့ ဆူလ်တန်းမစ်ရ်ဇာဆိုတဲ့ မှောင်ခိုသမားကြီး တစ်ယောက်ရှိလေတယ်သူက မှောင်ခိုသမား ဂိုဏ်းစတားဆိုပေမယ့် လူဆင်းရဲအများစုကို ကူညီတတ်ပြီး သနားကြင်နာတတ်တဲ့ စိတ်နှလုံးသားလည်းရှိပါတယ်အစိုးရခွင့်မပြုတဲ့ အရာအားလုံးကို မှောင်ခိုလုပ်ပြီး အားလုံးက ဖိတ်ဖိတ်တုန်အောင် ကြောက်ရသူကြီးပေါ့ အဲ့ဒိတော့ သူ့ကို အားကျသူတွေလည်း များပါတယ်အဲ့ဒိထဲမှာမှ ရှုူအိုက်ဗ်ဆိုတဲ့ ချာတိတ်ကတော့ အဆိုဆုံးပါပဲ သူ့ရည်ရွယ်ချက်ကတော့ ဆူလ်တန်းမစ်ရ်ဇာလိုဖြစ်ချင်တာပါပဲဒီလိုရည်ရွယ်ချက်ကြီးသူနဲ့ ဆူလ်တန်းမစ်ရ်ဇာတို့ ဆုံကြတဲ့အပြင်ရဲတွေကလည်း အပူတပြင်း လိုက်ကြတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ရှု့စားလိုက်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်...File Size :(2.45GB) (1.04 GB) and (380 MB) Quality :Blu-Ray ...
movie

Once Upon a Time in Mumbaai(2010)

The Guardian(2006) 7.0
The Guardian(2006) The Guardian(2006)IMDb...7.0ကယ်ဆယ်ရေး ရေကူးသမားသမိုင်းတစ်လျောက်မှာ ထင်ရှားတဲ့ ဘန် ရန်ဒဲလ် ဟာကယ်ဆယ်ရေးအလုပ်ကိုအလွန်ခုံမင်ပြီး ရာထူးတိုးမယူဘဲ ပင်လယ်မှာ စွန့်စားရတာကိုပဲ အထူးနှစ်သက်သူတစ်ယောက်ပါ...လှိုင်းတံပိုးကြားမှာ သေမင်းနဲ့လက်တစ်ကမ်းအလိုရောက်နေတဲ့ ဒုက္ခသည်ကိုကယ်ရတာလည်းမလွယ်လှပါဘူး...ပုံမှန်စိတ်ပျောက်ဆုံးနေတတ်တဲ့အပြင် သဘာဝဘေးအန္တရယ်ကလည်း မျှော်လင့်မထားတဲ့နည်းမျိုးစုံကြုံတွေ့နိုင်တာကြောင့်ဘန် တို့အဖွဲ့အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ...သူဟာဒီကယ်ရေးအလုပ်ကို အချိန်ပေးလွန်းလို့ချစ်ဇနီးနဲ့တောင်ကွာရှင်း၇တဲ့အနေအထားရောက်ခဲ့ပါတယ်..တစ်နေတော့ ညဘက် သဘေ်ာတစ်စီးဒုက္ခရောက်တာကို အရေးပေါ်ကယ်ဆယ်ဖို့အကြောင်းဖန်လာတယ်...ဒီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဒုက္ခသယ်တစ်ယောက်ကိုမကယ်နိုင်တဲ့အပြင်ရဟတ်ယာဉ်နဲ့ သူကလွဲလို့ကျန်တဲ့သူတွေ အသက်ဆုံးရှုံးသွားတယ်...ဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာတော့ ဘန်အတွက်အပြောင်းအလဲတွေအများကြီးဖြစ်ပါတော့တယ်...ဒီဇာတ်ကားဟာ မင်းသားကြီး Kevin Costner ဉီးဆောင်ထားပြီး  Ashton Kutcher နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဆုကြီးတစ်ဆုရရှိခဲ့သလို အခြားဆု(၄)ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ခဲ့တယ်...အစမှ အဆုံးထိ တော်တော်ကြီးကိုကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thar Htet  ပဲဖြစ်ပါတယ်… File Size : (1.04 GB) and (442 MB) Quality : Blu-Ray 720p Format…mp4 Duration…02:19:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Guardian(2006)

Ashes of Time (1994) 7.2
Ashes of Time (1994) Ashes of Time (1994)===============IMDb Rating - 7.2/10#Unicodeခမ်းနားကြီးကျယ်မှုတွေဟာလည်း အချိန်ကာလရဲ့ တိုက်စားမှုတွေထဲ လွင့်ပျောက်ပျက်ပြယ်ကြရတာပါပဲ။အချိန်စီးကြောင်းတွေကြား လွင့်မျောပျက်ပြယ်နေကြတဲ့ ပြာမှုန်တွေထဲ အခမ်းနားဆုံးလူသားတွေလည်းမလွတ်ကင်းခဲ့ပါဘူး။ ဒီရုပ်ရှင်မှာ တရုတ်ပြည်ရဲ့ နာမည်ကျော် Art House Directors ဝေါင်ကာဝေးဟာလွင့်ပြယ်ခဲ့ပြီးသား နာမည်ကျော်တွေရဲ့ အတိတ်ဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားမှာပါ။ ကျင်းယုံရဲ့ သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီ ဝါမက်မွန်မြေကချစ်တေးတစ်ပုဒ်လို့ လူသိများတဲ့ The Legend of the Condor Heroesကဇာတ်ကောင်တွေကို ကျောရိုးယူထားတဲ့အတွက် မကြည့်ရသေးခင်ကတည်းက ရင်းနှီးနေမှာပါပဲ။ ဒီရုပ်ရှင်ဟာTimelineအရတော့ တိမ်လွှာနဂါးသူရဲကောင်းများနဲ့ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီတို့ကြား မရှေးမနှောင်းကာလလောက်မှာပါ။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီမှာ ပြောပဲပြောပြီးမပြခဲ့တဲ့ လက်ကိုးချောင်းသူ‌ဖုန်းစားဂိုဏ်းချုပ်ဟုန်ချီကုန်းရဲ့  လက်တစ်ချောင်းပြတ်ခဲ့ရတဲ့အကြောင်း၊ဓားမကိုင်ရတဲ့ အကြောင်း၊အိုးရန်ဖုန်နဲ့ သူ့မရီးကြားကဖြစ်ရပ်၊ ဟွမ် မက်မွန်ကျွန်းသခင်ဟွမ် မက်မွန်ကျွန်းသခင် ဖြစ်လာရတဲ့အကြောင်းအရင်းတို့ကို။ရိုက်ပြသွားပါတယ်။အရှေ့ပိုင်းထိပ်သီး မက်မွန်ကျွန်းသခင်ဟွမ် အနောက်ပိုင်းထိပ်သီး အဆိပ်ဘုရင် အိုးရန်ုဖုန်း မြောက်ပိုင်းထိပ်သီးသူတောင်းစားဂိုဏ်ချုပ် ဟုန်ချီကုန်း တို့ရဲ့ ...
movie

Ashes of Time (1994)

1994
Necromancer (2020) 6.7
Necromancer (2020) [Unicode]The Necromancer 2020casts ဝင်း အဖြစ် Mark Prin နောဝ်အဖြစ် Pearl Pitchapa ဂေါ့အဖြစ် Got Jirayu Tantrakulဇာတ်လမ်းအကျဉ်း...အဖေဖြစ်သူရဲ့ သံမဏိအဆောင်ကို လိုချင်သူတစ်ဦးကြောင့် မျက်စိရှေ့မှာတင် အဖေ့ကို သတ်ဖြတ်သွားတာကို မြင်လိုက်ရတဲ့ ဝင်းတစ်ယောက် အဖေ့အတွက် ပြန်လက်စားချေနိုင်ဖို့ လူသတ်သမားကို လိုက်ရှာပါတော့တယ်မှော်အတတ်ကို မလိုအပ်ဘူးထင်ခဲ့ပေမယ့် အဖေ့အတွက် လိုအပ်လာချိန်မှာ လိုက်လံသင်ယူခဲ့ပြီး နောက်ဆုံးမှာတော့ သဲလွန်စရှာတွေ့ခဲ့ပါတော့တယ်အဖေဖြစ်သူရဲ့ အဆောင်ကိုရှာရင်း ဝင်းသံသယဝင်လာတဲ့ လူချမ်းသာတွေအတွက် မှော်ပစ္စည်း စုန်းအတတ် ပစ္စည်းတွေရောင်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခု...အဲဒီအဖွဲ့အစည်းနဲ့ပတ်သတ်နေတဲ့ ဝင်းချစ်သူ နောဝ်... အဖွဲ့အစည်းကိုစုံစမ်းရင်း လူသတ်မှုတွေမှာ ပါဝင်လာမိတဲ့ ဝင်း...လူသတ်မှုတွေနောက်လိုက်နေတဲ့ ရဲအုပ်ချန်တစ်ယောက် သေဆုံးပြီး ရဲအုပ်ရဲ့ အစ်ကိုဖြစ်သူက ဒဏ္ဍာရီလာ ပြောစမှတ်ပြုနေကြတဲ့ မှော်စွမ်းအားရှင် တစ်ယောက်ဖြစ်နေတဲ့အခါ...ရဲအုပ်ချန်ကို သတ်တဲ့သူနဲ့ ဝင်းအဖေကို သတ်တဲ့သူက တစ်ယောက်တည်း ဖြစ်နေမလား မှော်စွမ်းအားရှင်နဲ့ ဝင်းတို့ ပူးပေါင်းပြီး ရန်သူကိုချေမှုန်း လက်စားချေနိုင်မလား...( အညွှန်းရေးသားပြီးဘာသာပြန်သူကတော့ Kyi ...
movie

Necromancer (2020)

Finding Neverland(2004) 7.7
Finding Neverland(2004) Finding Neverland(2004)IMDb...7.7,,,,Rotten...88%(အတော်ကြီးလန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်...)ဒီတစ်ခေါက်မှာတော့ ကားကောင်းကားဟောင်းတစ်ခုဖြစ်တဲ့ Johnny Depp နဲ့ Kate Winslet တို့ရဲ့Finding Neverland ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Finding Neverlandဟာ ပြဇာတ်ရေးဆရာ J.M Barrie (Johnny Depp) နှင့် Peter Pan ဆိုတဲ့ဇာတ်ကောင်ကို ဖန်တီးဖြစ်စေခဲ့တဲ့ မိသားစုတစ်ခုကြားက ဆက်နွယ်မှုကို ရိုက်ကူး‌ပုံဖော်ထားတာဖြစ်ပြီးဆုပေါင်းများစွာ Oscar Nomination ဝင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာသာမာန်ကြည့်နေကြ စိတ်အပန်းဖြေစရာ မိသားစုအပျော်ကြည့် ဇာတ်ကားတစ်ကားတော့မဟုတ်ပါဘူး။ .ရိုးရှင်းသလိုနဲ့ ရှုပ်ထွေးလှတဲ့ မေတ္တာတရားတွေ ဒီဇာတ်လမ်းထဲပါဝင်ပါတယ်။ Neverland ဘယ်မှာရှိတယ်ဆိုတာကို ရှာဖွေတဲ့ဇာတ်ကားလည်းမဟုတ်ပြန်ပါဘူး။ တစ်နေရာမှာ သေချာပေါက်ရှိနေပြီး ပျောက်ဆုံးနေတယ်လို့ တွေးမိနေတဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ကျွန်တော်တို့လို သာမာန်လူတစ်ယောက်က ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါပဲ။ကျွန်တော်တို့တတွေလည်း ယနေ့အထိ ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေနေရဆဲပဲမဟုတ်လား။ဇာတ်လမ်းအကျဉ်းကတော့... ပျင်းရိဖွယ်ပြဇာတ်တွေကိုသာ ဖန်တီး‌မိနေတဲ့ ...
movie

Finding Neverland(2004)