Channel Myanmar

Drama

Inseparable Bros(2019) 7.0
Inseparable Bros(2019) Inseparable Bros(2019)IMDb...7.0((ကားအလန်းမို့ WEB-DL 1080P,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...)) Running Man က လီဂွမ်ဆူ ပါ၀င်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ပဲ 2020 (56th) BaekSang Arts Awards မှာBest Supporting Actor ဆုကို ရရှိသွားခဲ့ပါတယ် ..ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..ဘတ်ဒုံဂူ နဲ့ ဂန်ဆယ်ဟာ တို့ဟာ မသန်စွမ်းကလေး စောင့်ရှောက်ရေး ဂေဟာ တစ်ခုမှာ အတူနေထို်င်ကြတာပါ ..ဂေဟာကို တာ၀န်ယူတဲ့ ဘုန်းတော်ကြီး ဆုံးပါးသွားတဲ့အခါ တာ၀န်ယူမယ့်လူမရှိတဲ့ ဂေဟာကို ဖျက်သိမ်းပြီး ကလေးတွေကိုလည်း အခြားဂေဟာတွေဆီပိုဖို့ လုပ်ခဲ့ပါတယ် ...ဒါပေမယ့် ဘတ်ဒုံဂူနဲ့ ဂင်ဆယ်ဟာတို့ကတော့ အမီခိုကင်းလွတ်ခွင့်တင်ပြီး ညီအစ်ကို ၂ ယောက် မခွဲရဖို့ ဂေဟာ မဖျက်သိမ်းရဖု့ိ ကြိုးစားခဲ့ပါတယ်..သူတို့ညီအကို (၂)အဲ့ဒီလိုကြိုးစားစဉ်မှာပဲ သူတို့လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်လာပါတော့တယ်....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File ...
movie

Inseparable Bros(2019)

2019
Wonderful Woman (2020) 7.2
Wonderful Woman (2020) လည်ပင်းအကျိတ်ကင်ဆာကနဦးအဆင့်ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝဖြတ်သန်းပုံကို ဖော်ပြပေးထားတဲ့ဇာတ်ကားတစ်ကားပါ လိင်ဝန်ဆောင်မှုပေးတဲ့အနှိပ်ခန်းမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးမစ္စဂင်ကို ဆယ်နှစ်ကျော်ကွဲကွာနေတဲ့ သမီးဖြစ်သူက ပြန်လည်ဆက်သွယ်လာပြီး အဖေနဲ့အမေဖြစ်သူကို မင်္ဂလာပွဲလာပေးဖို့ပြောလာတဲ့အခါမှာ မစ္စဂင်တစ်ယောက် ၁၀နှစ်ကျော်ကွဲကွာနေတဲ့ခင်ပွန်းဟောင်းဖြစ်သူကို ပြန်ရှာဖို့လုပ်ရင်း သူဖြတ်သန်းရတဲ့ဘဝအခြေအနေကို ပေါ်လွင်အောင်တင်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် Slice of Life ပုံစံမျိုးတင်ဆက်ထားပြီး မမြင်နိုင်တဲ့ဘဝအခြေအနေတွေကို လစ်ဟပြသသွားတာပဲဖြစ်ပါတယ် life drama နှစ်သက်သူတစ်ယောက်အတွက် စိတ်မပျက်စေတဲ့ဇာတ်ကားဖြစ်ပါလိမ့်မယ် Nude scene အနည်းငယ်ပါဝင်ကြောင်းလည်း ထပ်လောင်းသတိပေးပါရစေ   File Size - 1.1 gb Quality - web-dl 1080p Subtitle - burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie

Wonderful Woman (2020)

2020
Roped (2020) 7.3
Roped (2020) ဒီတစ်ခေါက်တော့ စီအမ်ပရိတ်သတ်ကြီးအတွက် ၂၀၂၀ မှာထွက်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းကတော့ အမေရိကန်က ပေါတာခရိမြို့က ကောင်းဘွိုင်တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ပေါတာခရိမြို့မှာ ထရေစီ ရဲ့ အဖေက မြင်းရိုင်းထိန်းပွဲတွေကို ပိတ်ပင်ဖို့အတွက်ဦီးစီးဉီဆောင်ပြုပြီး ဆောင်ရွက်နေပါတယ် ဒါပေမယ့် သူ့သမီး ထရေစီကတော့ ကောင်းဘွိုင်တစ်ယောက်ဖြစ်တဲ့ ကော်တန်ကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့ပါတယ် အဲ့ဒီမှာ သူ့အဖေက ကောင်းဘွိုင်နဲ့ ဝေးဝေးနေခိုင်းပါတော့တယ် နောက် ထရေစီရဲ့ရည်းစားကလည်း ကောင်းဘွိုင်နဲ့ မတည့်ပါဘူး သူတို့ရဲ့ အချစ်ရေးက ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုရမှာပါ နောက်ပြီးတော့ ထရေစီရဲ့ အဖေက ကောင်းဘွိုင်တွေကို မြင်းပွဲ ကိစ္စတွေကြောင့် တယူသန် အမြင်မကြည်ဖြစ်နေတာတွေ ရှိနေပါတယ် အဲ့ဒီလို ခံယူချက်ချင်း ကွဲလွဲပြင်းထန်နေတဲ့အခါ ကောင်းဘွိုင်လေးနဲ့ ထရေစီရဲ့ အချစ်ရေးက ဘယ်လိုမျိုး ရှေ့ဆက်ဖို့ ရှိလာနိုင်မလဲ ဒါကို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ် File Size - 975 mb Quality - web-dl 1080p Subtitle - burmese Translator - Pyae Shan Tun Wai Encoder - Thit San ...
movie

Roped (2020)

2020
The 24th(2020) 5.5
The 24th(2020) The 24th(2020)အမေရိကန်သမိုင်းမှာ အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်ပေါ်လာတဲ့ လူမျိုးရေးအဓိကရုဏ်းတွေအများကြီးရှိပါတယ်။ဒီထဲမှာမှ ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ခုနှစ် အမေရိကန်နိုင်ငံ၊ဟူစတန်မြို့မှာဖြစ်ခဲ့တဲ့အဓိကရုဏ်းမှာတော့အမေရိကန်လူမည်းစစ်သားတွေပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့"၁၉၁၇ ဟူစတန်အဓိကရုဏ်း(သို့) လိုဂန်တပ်စခန်းပုန်ကန်မှု"ကိုအခြေတည်ပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့အမှတ်စဥ်(၂၄)ခြေလျင်တပ်ရင်းက လူမည်းစစ်သားတွေပါဝင်နေတဲ့အတွက်စစ်ပွဲကာလမှာတောင်စစ်တိုက်ခွင့်မရဘဲ အလုပ်ကြမ်းတွေပဲလုပ်ရတဲ့အပြင်နယ်ခံလူဖြူရဲတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုကိုလဲခံရပါတယ်။ လူမည်းတွေကိုဖိနှိပ်ထားတဲ့ဥပဒေကြောင့်တပ်ရင်းတစ်ခုလုံးသည်းခံခဲ့ကြပေမယ့် မတရားတဲ့ကိစ္စတစ်ခုအတွက်အသက်အန္တရာယ်ထိရန်ရှာလာခဲ့တဲ့အချိန်မှာတော့ အခြေအနေတွေကအဓိကရုဏ်းဖြစ်ဖို့ဦးတည်သွားပါတော့တယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Phyu Khin ပဲဖြစ်ပါတယ်....File Size : (900 MB) and (380 MB) Quality : WEB-DL  720p Format…mp4 Duration…01:41:00 Genre : Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin Encoded by Phyo Pyae
movie

The 24th(2020)

Lucky Grandma 2019 6.6
Lucky Grandma 2019 နယူး​ယော့ခ်​မြို့ရဲ့ တရုတ်​တန်းမှာ​ ​နေထိုင်​တဲ့ ​အဘွားဝမ်​ဟာ ဘဝကိုပင်​ပန်းဆင်းရဲစွာ ရုန်းကန်​ခဲ့​ပေမယ့်​ ခင်​ပွန်းသည်​ဆုံးပြီး​နောက်​ ဘာမှ များများစားစားပိုင်​ဆိုင်​မှုမရှိတဲ့ အသက်​၈၀အရွယ်​ အမျိုးသမီးကြီးတစ်​ဦးပါ။ ကံ​ကောင်းလာပြီဆိုတဲ့ ​ဗေဒင်​ဆရာမရဲ့စကားကိုယုံစားပြီး ဘဏ်​အ​ကောင့်​ထဲက ရှိသမျှ ​ငွေ​တွေထုတ်​ကာ ​လောင်းကစားရုံသွားပြီး အရဲစွန့်​ခဲ့တဲ့ အဘွားဝမ်​တစ်​​ယောက်​ မှန်းချက်​နဲ့ နှမ်းထွက်​ မကိုက်​ခဲ့ရှာပါဘူး။ ဒါ့​ကြောင့်​ အဘွားဝမ်​ဟာ အိမ်​အပြန်​​လမ်းမှာ ​သူ့ခုံ​ဘေးထိုင်​တဲ့ ​သေသွားတဲ့လူတစ်​​ယောက်​ရဲ့​ ပိုက်​ဆံ​တွေအပြည့်​ပါတဲ့ အိတ်​တစ်​အိတ်​ကို ခိုးယူလာခဲ့ပါတယ်​။ သားဖြစ်​သူက အတူ​နေဖို့​တောင်းဆို​ပေမယ့်​ ကိုယ့်​ဘာသာကိုယ်​ပဲ ရပ်​တည်​ချင်​တဲ့ အဘွားဝမ်​တစ်​​ယောက်​ သူယူလာတဲ့ပိုက်​ဆံ​တွေက​နေတစ်​ဆင့်​ လူမိုက်​ဂိုဏ်း​တွေနဲ့ ပတ်​သက်​မိတဲ့အခါ သူ့ရဲ့​နေ့စဉ်​ဘဝမှာ ဘယ်​လို အခက်​အခဲ​တွေ ထိတ်​လန့်​မှု​တွေ ကြုံ​တွေ့ရမလဲ ​ဗေဒင်​တွက်​ထားတဲ့အတိုင်း​ရော သူ့ရဲ့ကံဇာတာပွင့်​လန်းပြီး ကံ​ကောင်းမှု​တွေ ​ရောက်​လာပါ့မလား လူဆိုးဂိုဏ်း​တွေရဲ့ ခြိမ်း​ခြောက်​မှု​တွေကို သက်ကြီးရွယ်​အို အဘွားဝမ်​တစ်​​ယောက်​ ဘယ်​လို​ဖြေရှင်းမလဲ စတာ​တွေကို ရင်​တထိတ်​ထိတ်​နဲ့ မြင်​​တွေ့ခံစားရမယ့်​ ဇာတ်​လမ်း​လေးပဲဖြစ်​ပါတယ်​။ ပါဝင်​တဲ့သရုပ်​​ဆောင်​​တွေက​တော့ Tasi Chin ; ...
movie

Lucky Grandma 2019

Disclosure 2020 5.5
Disclosure 2020 ဇာတ်ကားကရိုးရိုးရှင်းရှင်း တစ်ယောက်နဲ့တစ်ယောက်ငြင်းခုံကြတဲ့ဇာတ်ကားလေးဖြစ်ပေမယ့်အတော့်ကိုဗဟုသုပေးတဲ့ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ မိဘတိုင်းမကြည့်မဖြစ် ကြည့်သင့်တဲ့ကားကောင်းလေးပါ။ ကဲ..ဇာတ်လမ်းအကျဉ်းပြောပြပါ့မယ် ၄နှစ်သမီးကောင်မလေးတစ်ယောက်က တစ်နေ့မှာ သူ့ရဲ့မိဘတွေကို သမီးမတော်တရော်အလုပ်ခံထားရတယ်လို့ပြောလာပါတယ်။မတော်တရော်လုပ်တဲ့ကောင်လေးကလည်း သူတို့နဲ့ခင်မင်တဲ့...မိသားစုက ကလေးပါ။ဒီလိုတစ်ယောက်နဲ့တစ်ယောက်ခင်မင်ကြတဲ့အတွက် လူမှုရေးအသင်းများကို မတိုင်တန်းသေးပဲ တိတ်တဆိတ်‌ဖြေရှင်းဖို့လုပ်ရာကနေ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်ကြည့်လိုက်ပါ။အတော့်ကို ပညာသားပါပါတယ်။ ရင်သားတွေ၊တင်တွေမပေါ်ပေမယ့် မမြင်သင့်တာလေးတွေပါလို့ မိသားစုနဲ့အတူတော့မကြည့်ကြပါနဲ့။File Size : 600 Mb / 300 Mb Quality :webrip 720p Format…mp4 Duration… Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ag Ko Khant Encoded by Littleneo
movie

Disclosure 2020

Kaili Blues (2015) 7.3
Kaili Blues (2015) Kaili Blues (2015)==============IMDb Rating - 7.3/10#Unicodeခိုင်လိမြို့၏ ပြာရီမှုန်ဝေခြင်းများမြို့ကြီးပေါ်ပဲမွေးမွေး မြို့လေးပေါ်ပဲမွေးမွေး ဇနပုဒ်ကလေးမှာပဲမွေးမွေး အချိန်တစ်ခုရောက်လာရင်တော့ . . .ပြန်မရတော့တဲ့ အသက်အရွယ်က ပြန်မရတော့တဲ့ အမှတ်တရတွေရှိနေတဲ့ ကိုယ့်မြို့ကလေးကို ချစ်တဲ့စိတ်ကအားလုံးရဲ့ ရင်မှာအမြစ်တွယ်နေကြမှာပါပဲ။အဆောက်အဦးအဟောင်းတွေဖြို အသစ်တွေဆောက်ကြလို့ပုံသဏ္ဍာန်တွေသာပြောင်းသွားကြပေမယ့် ကျွန်တော်တို့ရဲ့မြို့တွေမှာ ကျွန်တော်တို့ မမှတ်မိနိုင်စရာ အမှတ်တရဆိုတာမရှိပါဘူး။ အမှတ်တရဆိုတာ ရုပ်၀တ္တုတွေပေါ်မှာမှ မတည်ခဲ့ပဲကို။ ခိုင်လိမြို့ရဲ့ပြာရီမှုန်ဝေခြင်းများဟာ ကျွန်တော်တို့မြို့တွေအကြောင်းတော့မဟုတ်ဘူး။ ပိုင်ကန်ရဲ့ ဇာတိမြေ ခိုင်လိမြို့ကလေးအကြောင်း။ အပြင်လောကမှာတော့ခိုင်လိဟာ သူ့ဒေသရဲ့ မြို့‌တော်ကြီးပဲ ဒါပေမယ့် ပိုင်ကန်ရဲ့ရင်ထဲမှာတော့ သူချစ်တဲ့မြို့ကလေး သက်သက်။ သူ့မြို့ကလေးပေါ် သူချစ်တဲ့အချစ်ဟာ ကျွန်တော်တို့မြို့ကလေးကို ကျွန်တော်တို့ချစ်တဲ့အချစ်နဲ့တူတာမို့ ကျွန်တော်တို့နားလည်နိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာ ဒီမြို့ကလေးမှာ ရှိနေတဲ့လှပတဲ့အရာတွေကို အခမ်းနားဆုံးပြသွားတာဆိုလို့ အိမ်တွေဘေးကရေတံခွန်လေး‌ကလေးပဲရှိမယ်။ အလှတရားဟာ အသွင်သဏ္ဍာန်၌ မတည်ပြီကိုး။ ခိုင်လိမြိုရဲ့ ပြာရီမှုန်ဝေခြင်းများထဲ စီးမျောကြည့်ရင် ပုံရိပ်တွေ၊ ကဗျာတွေ၊ဘ၀တွေဟာ ဝေဝေဝါးဝါးပဲ စီးမျောလာကြတယ်။လူနှစ်ယောက်ပြောတဲ့ စကားတွေကြားမှာ အစကတော့ ...
movie

Kaili Blues (2015)

2015
Green Fish (1997) 7.0
Green Fish (1997) [Unicode]Green Fish (1997) ============== IMDB Rating. = 7 out of 10 Rotten Tomatoes. = Not Yet Available Directed By Lee Chang DongGreen Fishရဲ့ ဇာတ်လမ်းအကျဉ်းကိုအတိုဆုံးရေးပြရရင် " တကယ်တမ်းမရှိတဲ့ ပျော်ရွှင်ခြင်းငါးစိမ်းကလေးကို ဖမ်းဆုပ်ဖို့ကြိုးစားရင်း လဲပြိုရှုံးနိမ့်သွားရတဲ့လူတစ်ယောက်အကြောင်း"ပါပဲ။ကျွန်တော်တို့ရဲ့ ဘိုးတော်ကြီး လီချန်းဒုံရဲ့ ပထမဆုံးရုပ်ရှင်ပါ။ ပထမဆုံးပီသစွာပဲ လီချန်းဒုံရဲ့ ဝိသေသတွေနည်းသေးတယ်။ မသိမှုရသကိုလည်း ခပ်ပါးပါးပဲသုံးသေးတယ်။ သို့ပေမယ့် သူ့ရဲ့ ရက်စက်တဲ့ကမ္ဘာကြီးကတော့ ပထမဆုံးကားမှာတင် ပေါ်လွင်ပါတယ်။ပထမဆုံးလက်ရာတွေတိုင်းဟာ နောက်ပိုင်းလက်ရာ တစ်ချို့နဲ့ယှဉ်ရင် အမြဲအားပျော့နေတတ်ပါတယ်။ ဒါက ပထမဆုံးလက်ရာတွေရဲ့ အားနည်းချက်ပါပဲ။ ပထမဆုံး လက်ရာတွေရဲ့ အားသာချက်ကတော့ ဖန်တီးသူရဲ့နှလုံးသားပျိုမြစ်နေခြင်းပါပဲ"။ Green Fishဟာ နှောင်းပိုင်းလက်ရာတွေနဲ့ ယှဉ်ရင် အားပျော့ပေမယ့် လီချန်းဒုံရဲ့ အနုနယ်အပျိုပြစ်ဆုံး လက်ရာနဲ့ သူ့ရဲ့ Nostalgiaဖြစ်မှုကို ခံစားရမှာပါ။ဟိုသီချင်ဟောင်းက‌လေးထဲကလို "ရင်ဆိုင်ရင်း ရှုံးနိမ့်ရင် ဘဝမှာ ဖျောက်ဖျက်မရတဲ့ အမှားမ‌‌ျားတွေနဲ့လူ မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ ဒဏ်ရာ‌တွေ ကျန်ခဲ့တဲ့လူ" ဒီလိုလူတစ်ယောက် ...
movie

Green Fish (1997)

Oasis (2002) 7.9
Oasis (2002) [Unicode]Oasis (2002) ===========IMDB = 7.9 out of 10 Rotten Tomatoes = 90 out of 100 Directed By Lee Chang Dongတောင်ကိုရီယား New Waveဒါရိုက်တာလီချန်းဒုံကို Burning, Poetry, Peppermint Candyတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ လီချန်းဒုံရုပ်ရှင်တွေဟာ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုရီယားရုပ်ရှင်လို့ လုံးဝထင်စရာမရှိတ‌ဲ့ ဇာတ်ကောင်တွေ ဇာတ်ဝင်ခန်းတွေနဲ့။ အဆိုးဘက်ရောက်တဲ့ လူသားဆန်မှုတွေကို သိသာသာမီးမောင်းထိုး ပြတတ်ပါတယ်။ လီချန်းဒုံအခုထိရိုက်ထားတဲ့ ရုပ်ရှင်ခြောက်ကားပဲရှိပါတယ်။ Peppermint Candyနဲ့ Green Fishကလွဲလို့ ကျန်တဲ့လေးကားကို သူကိုယ်တိုင်ရေးခဲ့တာပါ။ Burningကတော့ မူရာကာမိကိုကျောရိုးယူပါတယ်။လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်လူတွေ သူတို့ရဲ့ သာမန်နေ့စဉ်ဘဝမှာ သာမန်လုပ်နေကြ အရာတွေကိုပဲ ရိုက်ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။ သူ့ရုပ်ရှင်တွေမှာလူဆိုးလူကောင်းမရ‌ှိဘူးလို့လည်း ဆိုပါတယ်။ ဒုတိယအချက်ကို ကျွန်တော်လက်ခံပေမယ့် ပထမအချက်ကိုတော့ လုံးဝငြင်းပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်မဆန်ပါဘူး။ သူ့ရုပ်ရှင်တွေမှာ အဆိုးဘက်ရောက်တဲ့။လူသားဆန်မှုအတော်များပါတယ်။ သူမှားတာ‌တော့လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေတိုင်းဟာ အမြဲတော့ သာယာတဲ့ကောင်းကင်တစ်ခုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ သူမှန်ပါတယ် ။ ဒါပေမယ့် ...
movie

Oasis (2002)

Secret Sunshine (2007) 7.5
Secret Sunshine (2007) [Unicode]Secret Sunshine ( 2007) ===================IMDB Rating. . = 7.5 out of 10 Rotten Tomatoes. . = 94 out of 100 Directed By Lee Chang Dongနောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာမရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင်လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ...
movie

Secret Sunshine (2007)

Class of ’83(2020) 7.0
Class of ’83(2020) Class of '83(2020)ဒီဇာတ်ကားကတော့ Crime Drama Thriller အမျိုးအစားဖြစ်ပြီးIMDb rating 7.0 ထိရရှိထားပါတယ် ဇာတ်လမ်းအကျဥ်း ရဲသင်တန်းကျောင်းတစ်ခုမှာဗိရှ်နူးဝရ်ဒေးတို့ရဲသင်တန်းသား ၅ယောက်ရဲ့အမှတ်က အနိမ့်ဆုံးအဆင့်ကိုရောက်နေပါတယ်။ သူတို့ရဲ့စာသင်ခန်းကို ဘုံဘေကနာမည်ကြီးအရာရှိဟောင်း ဒီန်ဆရာကလာသင်ပေးမယ်ဆိုပြီးမျှော်လင့်နေခဲ့ကြပေမယ့် ဒီန်ဆရာက​တော့လုံးဝစာလာမသင်ပါဘူး။ တစ်နေ့တော့ သူတို့ထဲကသုံးယောက်ရဲ့မွှေချက်ကြောင့် ဒီန်ဆရာရောက်လာပြီး စာလာသင်ပါတော့တယ်။ ဒီန်ဆရာက ဒုစရိုက်ဂိုဏ်းတစ်ချို့ကိုလိုက်လံဖမ်းဆီးရင်း ပြဿနာတစ်ခုကြောင့်နယ်ပြောင်းပြစ်ဒဏ်ကျခံနေရသူဖြစ်ပြီး ဒီ ၅ယောက်ရဲ့ ဖြောင့်မတ်ခြင်း ရိုးသားခြင်းနဲ့အချင်းချင်းသစ္စာရှိခြင်းတို့ကိုသဘောကျသွားပြီး သူတို့ကိုသီးခြားလေ့ကျင့်ပေးခဲ့ပါတယ်။ သူတို့တွေရဲအရာရှိဖြစ်လာကြတဲ့အခါ ဒီန်ဆရာလိုပဲ ဒစရိုက်သမားတွေကိုဖမ်းဆီးနိုင်ပါ့မလား....ဆရာကျလွန်းတဲ့ လူဆိုးတွေရဲ့လှည့်ကွက်တွေကိုရော ကျော်ဖြတ်နိုင်ပါ့မလား.... ဒီန် ဆရာရဲ့ရည်ရွယ်ချက်ကရော အမှန်တကယ်ဖြစ်လာနိုင်ပါ့မလား.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (900 MB) and (358 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Class of ’83(2020)

April in Autumn(2018) 5.5
April in Autumn(2018) April in Autumn(2018)အေပရယ်ဆိုတဲ့ ကောင်မလေးဟာ ခပ်ငယ်ငယ်ကတည်းက တခြားနိုင်ငံတွေကို လျှောက်သွား၊လျှောက်လည်နဲ့ စွန့်စွန့်စားစား ပျော်ပျော်နေတတ်သူပါ။သူဟာ ချစ်သူရည်းစားတွေ ထားခဲ့ပေမယ့် သူက ချစ်နေစိတ်ကူးယဉ်နေတာမျိုးကို သဘောကျသူပါ။သူ့အစ်မဆာရာ ကတော့ သူနဲ့ တခြားစီ ဖြစ်ကာ ချစ်သူရည်းစားလည်း မထားဘူးသလို အိမ်ပျော်သူ၊အချစ်ရေးကို လက်တွေ့ဆန်ဆန် ရိုးရိုး ရှင်းရှင်းပဲမြင်တတ်သူ ဖြစ်ပါတယ်။တစ်ရက်မှာတော့ မုဆိုးမဖြစ်သူ သူတို့အမေနဲ့ ပက်သက်နေတဲ့ ရည်းစားစာတွေ ရှာတွေ့သွားပါတယ်။ဒီစာတွေကို အကြောင်းပြုကာ မကျန်းမမာဖြစ်ပြီး အထီးကျန် နေတဲ့ သူတို့အမေကို စိတ်ပျော်ရွှင်အောင်ဖန်တီးဖို့လုပ်ရင်း သူတို့နှစ်ယောက်ရဲ့အချစ်ရေးအပေါ် အမြင် ကို စမ်းသပ် အကောင်အထည်ဖော်လို့ရလိုက်သလို ဖြစ်သွားပါတယ်။ စိတ်ကူးယဉ် ခံစားတတ်တဲ့ ကောင်မလေး တွေနဲ့လက်တွေ့ဆန်ဆန် ခံစားတဲ့ကောင်မလေးတွေရဲ့ အမြင်တွေ ဘာကွာခြား သလဲ သိချင်ရင်တော့ ဒီကားလေး ခံစားကြည့်ရှုလိုက်ပါလို့။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်...File Size : (850 MB) ...
movie

April in Autumn(2018)

Mommy’s Little Princess 2019 5.4
Mommy’s Little Princess 2019 ဂရက်ဂ်နဲ့ဂျူလီအန်နာတို့အတွဲဟာ လစ်ဇီဆိုတဲ့မိဘမဲ့ကလေးမလေးတစ်ယောက်ကိုမွေးစားခဲ့ကြပါတယ်။ ဂရက်ဂ်မှာသူ့အရင်မိန်းမဘက်ကပါလာတဲ့အဲလ်လီဆိုတဲ့သမီးတစ်ယောက်လဲရှိပါသေးတယ်။ လစ်ဇီလေးဟာအသက်ဆယ့်နှစ်နှစ်ကျော်အရွယ်ရောက်တဲ့အချိန်မှာတော့ သူဟာဂျာမနီကတော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်တယ်ဆိုတာသိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာလစ်ဇီဟာသူ့မွေးစားအမေကိုလဲတော်ဝင်မိသားစုဝင်ဖြစ်အောင်လုပ်ပေးဖို့ဂျာမနီကိုသွားဖို့ကြံစည်ပါတော့တယ်။ အဲလ်လီနဲ့သူ့အဖေကိုကြည့်မရတဲ့လစ်ဇီလေးဟာ သူတို့ဂျာမနီကိုမလိုက်နိုင်အောင်လဲစီစဥ်ရပါသေးတယ်။ မိခင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ဂျူလီအန်နာရယ်နဲ့ ဆယ်ကျော်သက်အရွယ်ဇွတ်တရွတ်နိုင်တဲ့လစ်ဇီလေးရယ် သူ့ရဲ့ဘာမှမတော်တဲ့အစ်မချောချောလေးတို့ရဲ့ကြားက မေတ္တာလေးတွေကို ရင်ခုန်ဖွယ်တွေ့ရမှာဘဲဖြစ်ပါတယ် File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:25:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by T-Lone Encoded by Littleneo
movie

Mommy’s Little Princess 2019

Blue Ruin(2013) 7.1
Blue Ruin(2013) Blue Ruin(2013)အညွှန်း**********************IMDb...7.1/10Rotten Tomatoes....96% ဒွိုက်အေဗန်စ်ဟာ အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ပြီး စွန့်ပစ်အမှိုက်တွေထဲကရှာဖွေစားသောက်ကာ သူ့ကားပေါ်မှာပဲအိပ်လေ့ရှိပါတယ်။ဒီလိုကားတစ်စီးနဲ့ လမ်းမတွေပေါ်မှာလှည့်လည်နေထိုင်ရင်း တစ်နေ့မှာတော့ ရဲမေတစ်ယောက်ကသူ့ဆီ သတင်းဆိုးတစ်ခုယူဆောင်ပြီးရောက်ချလာပါတယ်။အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ဒွိုက်မိဘတွေကိုသတ်ခဲ့တဲ့ လူသတ်သမား ဝိတ်ကလီလန် လွတ်မြောက်လာတော့မယ်ဆိုတာပါပဲ။ သတင်းကြားကြားချင်းပဲ ဒွိုက်ဟာကလီလန်တွေရဲ့နေရာဆီ သေနတ်ပါယူပြီး လိုက်ပါတော့တယ်။အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ဒီဇာတ်ကားက မှုခင်းရုပ်ရှင်ဟာ ဆုပေါင်း (၇)ဆုတောင်ရရှိခဲ့ပြီး IMDb ရော RT ရော အကောင်းဆုံးအနေအထားမှာရှိတာမို့Crime ဇာတ်လမ်းကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Phyu Khin ပဲဖြစ်ပါတယ်....File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin Encoded by Phyo ...
movie

Blue Ruin(2013)

As Good as It Gets(1997) 7.7
As Good as It Gets(1997) As Good As It Gets(1997) ဇာတ်လမ်းအညွှန်း *************************************IMDb....7.7,,,Rotten..85%ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ … ၁၉၉၇ ၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး..ပုံမှန်မြင်တွေ့နေကြရှေးဟောင်းဇာတ်လမ်းတွေလို အဓိကဇာတ်ဆောင်နှစ်ယောက်ကို လှည့်ပတ်ရိုက်ပြတာမျိုးမဟုတ်ဘဲ...ဇာတ်လမ်း တင်ဆက်ပုံအသွားအလာတွေ ထူးခြားစွာကွဲထွက်နေတဲ့ ဒါရိုက်တာ James L. Brooks ရဲ့ ကားလေးပဲ ဖြစ်ပါတယ်…ဇာတ်လမ်းထဲမှာတော့...OCD ဖြစ်နေတဲ့ လူ့ဂွစာ စာရေးဆရာလူပျိုကြီး၊ မယ်လ်ဗင် ယူဒေါလ် ဟာ သူ့ရဲ့အိမ်နီးချင်း လူငယ် Gay ပန်းချီဆရာ၊ဆိုင်မွန် နဲ့ ခွေးလေး ဗာဒဲလ် ကို အင်မတန်မှ အမြင်ကတ်သူပါ... လူ့ဂွစာလူပျိုကြီးပီပီ အသန့်အပြန့်အလွန်ကြိုက်တော့ တွေ့ကရာသေးပန်းတတ်တဲ့ ခွေးလေး ဗာဒဲလ်က သူ့အတွက်တော့ တကယ့်အနှောက်အယှက်လေးပါပဲ...ပတ်၀န်းကျင်က ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ ဒီလူကြီးကို သည်းခံတဲ့သူတစ်ယောက်တော့ရှိပါသေးတယ်...သူကတော့ မယ်လ်ဗင် သွားနေကြစားသောက်ဆိုင်က စားပွဲထိုးမလေး ကာရိုးလ် ပဲဖြစ်ပါတယ်...အဲ့ဒီနောက်မှာတော့စာလေးရေးပြီး တစ်ယောက်ထဲ အေးအေးလူလူ နေတတ်တဲ့ မယ်လ်ဗင် တစ်ယောက်… ရုတ်တရက်ဆိုသလို ...
movie

As Good as It Gets(1997)

Ala Vaikunthapurramuloo(2020) 7.2
Ala Vaikunthapurramuloo(2020) Ala Vaikunthapurramuloo(2020)ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီး သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာမိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်းသီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်....File Size : (1.25 GB) and ...
movie

Ala Vaikunthapurramuloo(2020)

Steel Rain 2: Summit(2020) 7.5
Steel Rain 2: Summit(2020) Steel Rain 2: Summit(2020)ဒီကားက (2017) ကထွက်ရှိခဲ့တဲ့ Steel Rain နဲ့ အဆက်အစပ်မရှိပါဘူး...ဇာတ်လမ်းကတော့ ပထမကားလိုပဲ နိုင်ငံရေးအခြေပြုပြီးရိုက်ကူးထားတာဖြစ်တဲ့အပြင် သရုပ်ဆောင်ပေါင်းများစွာကလည်းအရင်လူတွေနဲ့ ရိုက်ကူးထားတာပါ...ဇာတ်ရုပ်တွေတော့ပြောင်းလဲမှုရှိပါတယ်....ဘယ်နိုင်ငံပဲဖြစ်ဖြစ် စစ်မဖြစ်ချင်ကြပါဘူး..အဘက်ဘက်က အထိနာတဲ့အပြင်အရာအားလုံးမူလ ပထမ အတိုင်းပြန်ဖြစ်ဖို့ နှစ်ပေါင်းအတော်ကြာအောင်တည်ဆောက်ဖို့ အချိန်အတော်ယူပါတယ်...သို့ပေမယ့်လည်း အကယ်၍များစစ်ဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံစစ်ရေးအရ အရေးမနိမ့်စေဖို့ အင်အားကြီးနိုင်ငံတွေနဲ့မဟာမိတ်ကိုမဖြစ်မနေဖွဲ့နေကြတာအားလုံးသိမှာပါ...ဒီဇာတ်ကားမှာအဲ့ဒီအပိုင်းကိုအဓိကထားရိုက်ကူးထားပြီးတရုတ် ၊ ဂျပန် ၊မြောက်ကိုရီးယား နဲ့အမေရိကန်တို့ အဓိက ပါဝင်ကြပါတယ်..ပထမကားထက် ဇာတ်အိမ်ပိုကျယ်သလိုရိုက်ကူးထားတာတွေကလည်း တကယ့်ကိုခမ်းနားပါတယ်...အဓိက မင်းသားကြီး Woo-sung Jung ပါတာနဲ့တင်ကြည့်ရကျိုးနပ်ပါတယ်..ဗဟုသုတများစွာရသလို တောင်ကိုရီးယားရဲ့ ကောင်းမွန်သောရည်ရွယ်ချက်နဲ့ဒီဇာတ်ကားကြီးကိုရိုက်ခဲ့တယ်လို့ပြောလို့တောင်ရပါတယ်...ဇာတ်လမ်းအကြောင်းတော့ သီးခြားမညွှန်းတော့ပါဘူး...လက်မလွှတ်သင့်တဲ့ဇာတ်ကားြကီးလို့ပဲညွှန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Zwe Zan Aung,MarTizas & Ei Phyu Khin တို့ပဲဖြစ်ပါတယ်....File Size : (1.01 GB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…02:12:00 Genre : Action , ...
movie

Steel Rain 2: Summit(2020)

Jesters: The Game Changers(2019) 6.5
Jesters: The Game Changers(2019) Jesters: The Game Changers(2019)ဒီတစ်ခေါက်မှာလည်း Historical တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်...ပုံမှန်ကြည့်နေကျ နန်းတွင်းဇာတ်လမ်းတွေနဲ့တော့ နည်းနည်းကွဲထွက်ပြီး ဇာတ်လမ်းလေးဆန်းပါတယ်.......  ဂျိုဆွန်းခေတ် ဘုရင်ဆယ်ဂျို လက်ထက်မှာတော့ သမိုင်းမှတ်တမ်းတွေကို အမှန်တိုင်း​ မဖြစ်အောင် လိမ်လည်ဖို့ ကြံစည်ခဲ့ကြပါတယ်..ဘုရင် ဆယ်ဂျိုဟာ သစ္စာဖောက် အမတ်တွေနဲ့ အတူ အစ်ကိုနဲ့ တူတော်ဘုရင်ငယ်လေးကို သတ်ပြီး နန်းတက်ခဲ့ပါတယ်...ပြည်သူတွေကလည်း ပုန်ကန်ပြီး ဘုရင်ဖြစ်လာတဲ့ ဘုရင်ဆယ်ဂျိုကို အသိမှတ်မပြုခဲ့ကြပါဘူး ...အဲ့နောက် ၁၀ နှစ်အကြာ ဆယ်ဂျိုဘုရင်မှာ အနာကြီးရောဂါတွေဖြစ်လာခဲ့တယ် ...ဘုရင်ဟာ နတ်ရွာစံကာနီးကျမှ သမိုင်းမှာ ဘုရင်ဆိုးအဖြစ် မှတ်တမ်းတင်ခံရမှာ​ကိုကြောက်လာခဲ့တယ်...ဒါ​ကြောင့် အမတ်ချုပ်က စျေးတွေမှာ ပုံပြော ဇာတ်ကပြီး ဖျော်ဖြေတဲ့ လူရွှင်တော် အဖွဲ့ကိုငှားပြီး ဘုရင်ကို ပြည်သူတွေ အမြင်ကြည်ဖို့ဇာတ်လမ်းမျိုးစုံထွင်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (900 MB) and ...
movie

Jesters: The Game Changers(2019)