Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
7.6
Cold War (2018)
Cold War (2018)=============IMDb Rating 7.6/10#UnicodeCold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စားတွေရဲ့ ဂီတ။ ကျွန်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတတွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံးရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ...
movie
Cold War (2018)
2018
6.2
This Time (2016)
ကလေးဘဝက နွေရာသီကျောင်းပိတ်ရက်တွေမှာ အလည်သွားရင်းတွေ့ရတဲ့ ငယ်ငယ်ကသူငယ်ချင်းတွေရှိခဲ့မယ်ဆိုရင် ဒီကားလေးကို ပိုသဘောကျမယ်ထင်ပါတယ်။ အခြား ရိုမန့်ရုပ်ရှင်တွေလိုပဲ ဒီရုပ်ရှင်က ငယ်သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်စိတ်ဝင်စားမိတဲ့ ပုံစံအတိုင်းလာပါတယ်။ အရမ်းဒရမ်မာဆန်တဲ့ အလှည့်အပြောင်းသိပ်မရှိပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ Narrative ပုံစံတစ်ခုနဲ့ ဆွဲခေါ်သွားမှာပါ Synopsis -ရုပ်ရှင်အဖွင့်မှာ ငယ်ငယ်တုံးက နှစ်ယောက်ကြားချစ်စရာအဖြစ်ပျက်ကလေးတစ်ခုနဲ့စဖွင့်ပါတယ်။ အေဗာမှာ ငယ်ငယ်ထဲကခုထိပေါင်းလာတဲ့ နွေရာသီပဲတွေ့ရတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ကိုဘီ -ကိုဘီကနွေရာသီမှာပဲ ဖိလစ်ပိုင်ကိုအလည်လာတယ် ကြာတော့ သူတို့နှစ်ယောက်ကြားမှာ ဘာခေါင်းစဥ်တပ်ရမလဲကို သူတို့ကိုယ်တိုင်လည်းမသိဘူးပေါ့။ နှစ်ယောက်ကိုတွေ့ဆုံစေတဲ့နွေရာသီဟာ ကြာတော့သူတို့နှစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတော့တယ် အရမ်းထူးခြားတဲ့ဇာတ်လမ်းဇာတ်ကွက်မပါပေမယ့် တစ်ပုဒ်တည်းသုံးထားတဲ့ဇာတ်ဝင်တေး၊ Narrative ဆန်တဲ့ဇာတ်ကြောင်းတင်ပြမှု၊ခေါင်းဆောင်မင်းသား James Reid နဲ့မင်းသမီး Nadine Lustre တို့သရုပ်ဆောင်ထားက Chemistry တော်တော်မိပါတယ်။ တခြားcast တွေက comedy ဖြစ်ပြီးကြည့် နေရင်းကို သရုပ်ဆောင်တွေနဲ့မျောပါနေမိတယ်။ ဇာတ်လမ်းအလှည့်အပြောင်းအထွေအထူး မမျှော်လင့်နေပဲ ဒီအတိုင်းအေးအေးငြိမ့်ငြိမ့်လေးကြည့်ချင်သူတွေ အတွက်ဆို ကြည့်ရအဆင်ပြေမယ့် ဇာတ်ကားတစ်ကားပါ File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - Dod Encoder - Thit San Khant
movie
This Time (2016)
2016
7.1
Kill the Irishman (2011)
movie
Kill the Irishman (2011)
2011
6.5
All Together Now 2020
အမ်ဘာက အမေဖြစ်သူနဲ့အတူ ဘတ်စ်ကားပေါ်မှာအိပ်ရတဲ့ အိမ်ခြေရာမဲ့ ဆယ်ကျော်သက်လေး ဖြစ်ပါတယ်။ အနေဆင်းရဲပေမဲ့ စိတ်နေစိတ်ထား ဆင်းရဲသူ မဟုတ်ပါဘူး။ အလုပ်မျိုးစုံကို မညည်းမညူဘဲ လုပ်ကိုင်ရင်း ကျောင်းတက်နေရသူလေးပေါ့။ သူတစ်ပါးအတွက်ဆို အမြဲကူညီပေးချင်တဲ့စိတ်ရှိသူ ဖြစ်တာနဲ့အညီ လူချစ်လူခင်လည်း ပေါပါတယ်။ တစ်ရက်တော့ ကျောင်းက ဘင်ခရာအဖွဲ့မှာ တူရိယာပစ္စည်းတစ်ခု အခိုးခံရကြောင်း သိရပြီး အဲဒီအတွက် ရန်ပုံငွေရဖို့ ပဒေသာပွဲတစ်ခုကို စီစဉ်ပေးဖို့ လုပ်တယ်။ ခါတိုင်းနှစ်တွေဆိုလည်း ကျောင်းမှာ ဘာလိုလို သုံးရအောင်လို့ ပဒေသာကပွဲကို ဦးဆောင်နေကျပါပဲ။ ဒီနှစ်မှာတော့ ဘဝရဲ့ အလှည့်အပြောင်းတွေ ကံကြမ္မာရဲ့ ရက်စက်ပုံတွေကြောင့် ဒီပဒေသာပွဲက သူ့အတွက် ဘယ်လိုဖြစ်သွားရတယ်ဆိုတာကို ကြည့်ရှူလိုက်ကြပါဦး။File Size : 600 Gb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 32 min Genre : Drama Subtitle : Myanmar Subtitle (Hard ...
movie
All Together Now 2020
6.0
Measure for Measure(2020)
Measure for Measure(2020)အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့ အချစ်မှာမျက်စိမပါဘူးတဲ့ အချစ်အကြောင်းကို ခေတ်အဆက်ဆက်အလိုက်အမျိုးမျိုး အဓိပ္ပာယ်တွေဖွင့်ဆိုကြပေမဲ့ အခုအထိ ကန့်သတ်ချက်တစ်ချို့ရှိနေတာကတော့ ဘာသာရေးဆိုတဲ့ တံတိုင်းကြီးပါပဲ...ယောက်ျားလေးနဲ့မိန်းကလေး နှလုံးသားချင်းနီးစပ်ပြီး ချစ်ကျွမ်းဝင်တာဟာ သဘာဝလို့ပြောပြီး ဘာသာမတူတဲ့လူနှစ်ယောက်မေတ္တာမျှတဲ့အခါကျတော့ တစ်ချို့ကိစ္စတွေက ကန့်သတ်ချက်တွေရှိလာတယ်ထင်ပါရဲ့...လူဖြူကောင်လေး ကလော်ဒီယိုဟာ မွတ်စလင်မလေး ဂျိုင်ဝါရာနဲ့ ရင်ဘတ်ချင်းစကားပြောခဲ့ရာက စတာပေါ့ ကလော်ဒီယိုဟာ ခေတ်လူငယ်တစ်ယောက်... သူဝါသနာပါတဲ့ ဂီတကို ဖန်တီးတယ်... အမြဲတမ်း Headphone တစ်ခုနဲ့ ကျဉ်လည်နေတတ်သူ...အဲ့ဒီမှာ လှလွန်းပါတဲ့ဆိုတဲ့ ဂျိုင်ဝါရာလေးနဲ့ တွေ့ဆုံပြီးတဲ့အချိန်မှာတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.....File Size : (850 MB) and (336 MB) Quality : WEB-DL 720p Format…mp4 Duration…01:47:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
Measure for Measure(2020)
7.2
Freedom Writers (2007)
စီအမ် ပရိတ်သတ်ကြီးအတွက်ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားကလည်း တကယ့်ဖြစ်ရပ်မှန် အပေါ်ဇာတ်အိမ်ဖွဲ့ပြီးရိုက်ထားတဲ့ ကားပါ ပြီးရင်ပညာရေးလောကသားတွေ အနေနဲ့ လုံးဝကြည့်ဖူးသင့်တဲ့ဇာတ်ကား ကောင်းတစ်ကားပါပဲ အကျဉ်းပြောရရင်ကယ်လီဖိုးနီးယားပြည်နယ် Long Beach မှာMrs. Gruwellတို့ ဇနီးမောင်နှံကပျော်ပျော်နေကြတဲ့ မောင်နှံ ၂ ဦးပါအဲ့ဒီမှာ Mrs Gruwell ကလူငယ်ထိန်းသိမ်းရေးကျောင်းက ကလေးတွေနဲ့အပြင်ကျောင်းသားတွေနဲ့ ပူးပေါင်းသင်ကြားရေးပရိုဂရမ်ကို အကောင်အထည်ဖော်နေတဲ့ဝီလ်ဆင် ကျောင်းကို ဆရာမ သွားလျှောက်ပါတယ်အဲ့ဒီ့မှာ ဖြစ်နေကျအတိုင်းပေါ့ဗျာစီနီယာ ဆရာ/မတွေက အထင်သေးတာပေါ့ခုမှ ဆရာမ စလုပ်ရမယ့်သူ ပုလဲဆွဲကြိုးတွေက ဆွဲထားသေးတယ် ဒါပေမယ့် ပုံမှန်ပဲ ဆက်ဆံပါတယ်သူတို့က လူငယ်ပြုပြင်ရေးကျောင်းက ကလေးတွေရှိနေတဲ့အတန်းကို အလေးမထားဘဲ လျစ်လျူရှုနေတာကိုအဲ့ဒီ့ကတည်းက စတွေ့ရမှာပါ ဒီကောင်တွေက ပြသနာကောင်တွေ သူတို့ရောက်လာလို့ ငါတို့ကျောင်း အဆင့်ကျသွားတာ သူတို့ ကျောင်းမလာလည်း နားအေးတာပဲဆိုတဲ့ဆရာမျိုးတွေပါ ဒါပေမယ့် Gruwellကတော့ဒီပူးပေါင်းသင်ကြားရေးပရိုဂရမ်ကြောင့်ပဲဝီလ်ဆင်ကျောင်းကို လျှောက်ခဲ့တာလို့ ပြောခဲ့ပါတယ်အဲ့ဒီ့မှာ ပြောတဲ့စကားလေးကို အရမ်းသဘောကျတယ်ဗျ" ကျမ က အရင်တုန်းက ရှေ့နေတစ်ယောက်ဖြစ်ချင်တာဥပဒေပညာကို စိတ်ဝင်စားတယ် ကလေးသူငယ်တွေအတွက် ကျမ တိုးတက်အောင်လုပ်ပေးမယ် ကာကွယ် ...
movie
Freedom Writers (2007)
2007
7.3
The Big Ugly (2020)
မိတ်ဆွေအရင်းတွေဖြစ်တဲ့ရေနံလုပ်ငန်းရှင် ပရစ်စတွန်နဲ့ ဟာရစ်က အနောက်ဗာဂျီးနီးယားကိုအလုပ်ကိစ္စနဲ့လာခဲ့ကြတယ်။ တစ်ရက်မှာ ပရစ်စတွန်ရဲ့သား ကြောင့် ဟာရစ်ရဲ့အားအကိုးရဆုံးအလုပ်သမား နီးလင်းရဲ့ ရည်းစားကောင်မလေး သေသွားခဲ့တယ်။ ဒီကိစ္စကိုနှစ်ဖက်လုံးကသိသွားတဲ့အခါ မိတ်ဆွေနှစ်ယောက်ရဲ့ရင်းနှီးမှုပျက်စီးသွားမှာလား။ နီးလင်းကရော သူ့ကောင်မလေးကို သတ်တဲ့သူကိုလိုက်ရှာပြီးဘယ်လိုပြန်ကလဲ့စားချေမှာလဲ။ ၂၀၂၀ မှာထွက်ရှိထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးမို့ ဆက်ဆက်ကြည့်လိုက်ကြပါဦး File Size - 1.1 gb Quality - web-dl 1080p Subtitle - Burmese Translator - Floria Encoder - Thit San Khant
movie
The Big Ugly (2020)
2020
7.4
Calvary 2014
ဖာသာဂျိမ်းက လူကောင်းတစ်ယောက် ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကောင်းမွန်အောင် ကြိုးစားနေထိုင်ခဲ့သူပေါ့။ တစ်ရက်မှာတော့ သူတာဝန်ထမ်းဆောင်ရာ ကက်သလစ်ဘုရားကျောင်းကို လူတစ်ယောက် ရောက်လာပြီး အပြစ်ဝန်ခံ အပြစ်ဖြေတာလာလုပ်ပါတယ်။ ဒီလို ဝန်ခံမှုလုပ်တဲ့အခါ တစ်ဖက်လူကို ဘုန်းတော်ကြီးတွေက မသိရတာ များပါတယ်။ အဲဒီလူက သူငယ်ငယ်က ဘုန်းကြီးတစ်ပါးက သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့အကြောင်း ဝန်ခံပြောဆိုပါတယ်။ နောက်တစ်ပတ် တနင်္ဂနွေရောက်ရင် ကမ်းခြေမှာ ဂျိမ်းကို လာသတ်မယ်ဆိုတဲ့အကြောင်းပါ အသိပေးသွားပါတယ်။ ဒီလိုလုပ်ရတာက ဘုရားကျောင်းအဖွဲ့အစည်းအတွက် ဘုန်းကြီးဆိုးတွေကို သတ်တာထက် ဂျိမ်းလို ဘုန်းကြီးကောင်းတွေကို သတ်တာက ပိုထိခိုက်မှာပဲလို့ ယူဆတယ်လို့ သူက ဆိုသွားပါတယ်။ ဖာသာဂျိမ်းက သူ့အထက်က ဘုန်းတော်ကြီးကို ဒီအကြောင်း လျှောက်တင်တဲ့အခါ ရဲတိုင်ဖို့ မတိုင်ဖို့က ကိုယ်တိုင် ဆုံးဖြတ်ဖို့အကြောင်းကိုပဲ ပြောသွားပြီး ဘာတာဝန်မှ မယူသွားပါဘူး။ တစ်ပတ်အတွင်းမှာ ဂျိမ်းက ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ၊ ဘဝအတွက် ဘာတွေ ...
movie
Calvary 2014
4.0
Already Gone 2019
ဒီ already gone ဆိုတဲ့ ဇာတ်ကားလေမှာက အထီးကျန်နေတဲ့ ဆယ်ကျော်သက်တစ်ယောက်က တစ်ရက် ပထွေးနဲ့စကားများပြီး အိမ်ပေါ်ကနေဆင်ပြီး ပထွေးလက်ကနေ ပထွေးရဲ့ကောင်မလေးနဲ့အတူတူ ထွက်ပြေးသွားပြီး ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင် ကြည့်လိုက်ပါဗျ File Size : 600 Gb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr3 2 min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thiha Naing Htoo Encoded by Littleneo
movie
Already Gone 2019
7.1
First Cow (2019)
Rating 7.1ရရှိထားတဲ့ Western Dramaကားကောင်း တစ်ကားပါ။1820ခုနှစ်လောက်ကို ဇာတ်အိမ်တည်ထားတာပါ။အမေရိကား အနောက်မြောက်ပိုင်းကပြည်နယ်တစ်ခုမှာလက်ရာကောင်းလှတဲ့ထမင်းချက်တစ်ယောက်နဲ့ခရီးသွားတရုတ်တစ်ယောက်တို့ဆုံမိပြီး မိတ်ဆွေတွေဖြစ်သွားပါတယ်။အဲ့ပြည်နယ်ဟာ လူနေမှုအဆင့်အတန်းအရမ်းကို နိမ့်ပါးလွန်းလွန်းလှပါတယ်။ဒါပေမယ့် အကြီးအကဲဖတ်တာကသူ့လက်ဖက်ရည်ထဲမှာခရမ်ထည့်သောက်ချင်လို့နွားနို့လိုတဲ့အတွက်မျိုးကောင်းမျိုးသန့်နွားမကို ဝယ်ယူလိုက်ပါတယ်။အဲ့ပြည်နယ်မှာ အရင်ကမရှိခဲ့ဖူးတဲ့ နွားမတစ်ကောင်ရောက်လာတဲ့အချိန်မှာတော့ ......Dramaကြိုက်နှစ်သက်သူတွေအတွက် စီးမြောကြည့်ရှုလို့ကောင်းမယ့်ကားလေးတစ်ကားပါ။ File Size : ( 1 GB , 362 MB) Quality : WEBRip 720p Running Time : 2 hr 02 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin
movie
First Cow (2019)
6.5
Fatima(2020)
Fatima(2020)ဇာတ်လမ်းလေးကတော့ ၁၉၁၇ ခုနှစ်တွင် ဖာတီမာမယ်တော်သခင်မ ကိုယ်ထင်ပြသတဲ့အံဖွယ်ဖြစ်ရပ်ကို အခြေခံထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၇ ခုနှစ်ရဲ့နေ့တစ်နေ့ပေါ်တူကီနိုင်ငံ ဖာတီမာဒေသမှာ သိုးထိန်းမလေးလူစီရာနဲ့ သူ့ရဲ့ဝမ်းကွဲမောင်နှမနှစ်ယောက်တို့ဟာမွန်မြတ်သောအပျိုစင်မာရီယာရဲ့ဝိညာဉ်တော်မြတ်နဲ့ ကံအားလျော်စွာပဲ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။တကယ်တော့ သူတို့က လူအများကြီးထဲမှ ရွေးချယ်ခံခဲ့ရတာပါ။ ဒီသတင်းက မြို့ထဲပျံနှံ့သွားတဲ့အခါမှာသူတို့တွေက ပထမကမ္ဘာစစ်ရဲ့ဒဏ်ကို ခံစားနေရတဲ့ ယုံကြည်သူများရဲ့ အားကိုးရာ လှုံဆော်ရာဖြစ်လာပေမယ့်ကတ်သလစ်ဘုရားကျောင်းများနဲ့ အစိုးရပိုင်းကလူတွေကတော့ သူတို့ကို အလိမ်အညာဇာတ်လမ်းများဖန်တီးပြီး ဝါဒဖြန့်ဝေသူများအဖြစ် သတ်မှတ်ကြပါတော့တယ်။ ၁၀ နှစ်အရွယ် သိုးထိန်းမလေးလူစီရာဟာအဆိုပါဖိအားတွေကြားကနေ သူ့ရဲ့ ယုံကြည်ရာကို အဆုံးစွန်ထိ ဘယ်လိုသယ်ဆောင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှူကြည့်ကြပါဦး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်....File Size : (900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:53:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thithtoo Zaw Encoded ...
movie
Fatima(2020)
6.5
Lost Bayou(2020)
Lost Bayou(2020)Best Narrative Feature ဆုကိုရရှိထားတဲ့ Drama ကားလေးပါ....ဂယ်လ်ဆိုတဲ့ မိန်းကလေးဟာ ဆေးစွဲနေသူပါ ....သူကိုယ်တိုင်ရဲ့ မိခင်တာဝန်ပျက်ကွက်မှုတွေကြောင့် သူ့ရဲ့ သားလေးကို အမေသစ်ဆီမှာ ဆုံးရှုံးရတော့မလို ဖြစ်နေရသူလည်း ဖြစ်ပါတယ်..တစ်နေ့တော့ သူ့ဖခင်ဖြစ်သူရဲ့ ဆက်သွယ်လာမှုကြောင့် အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်...ဖခင်ဖြစ်သူက သေဆုံးပြီး ဖြစ်တဲ့ ဇနီးသည်ကို မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေသူပါ....ဒါ့အပြင် သစ္စာဆိုပြီး ဆေးကုတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ် ...သေဆုံးပြီးဖြစ်တဲ့ ဇနီးသည်က အခုမှ သေသွားသလို ပြောနေပြီး သူတို့အိမ်မှာ အမျိုးသမီးအလောင်းတစ်ခုလည်း ရှိနေပါတယ် ...ဒီအလောင်းက ဘယ်သူလဲ ဂယ်လ်ရဲ့ ဖခင်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေခဲ့တာလဲဖခင်နဲ့ သဘောထားသိပ်မတိုက်ဆိုင်တဲ့ ဂယ်လ်ကရော ဖခင်ဖြစ်သူနဲ့ ပြန်အဆင်ပြေပါ့မလားဆိုတာတော့ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပါ....ဒရမ်မာကားချစ်သူတွေအတွက် ငြိမ့်ငြိမ့်လေးနဲ့ စိတ်ဝင်စားဖွယ် စီးမျောနိုင်မယ့်ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုဖို့ ညွှန်းပေးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်....File ...
movie
Lost Bayou(2020)
5.7
Princess of Thieves (2001)
Princess of Thieves (2001)===================IMDb Rating - 5.7/10#Unicodeဒီတစ်ခေါက်တော့ ပုံပြင်တွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဒါရိုက်တာ Peter Hewittရိုက်ကူးထားတဲ့ Princess of Thieves နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ရော်ဘင်ဟုထ် နဲ့ သူ့သမီးဇာတ်ကြောင်းလေးကို ရိုက်ထားတာပါ။ဒီဇာတ်ကားထဲမှာ ဘုရင်သေဆုံးသွားတော့ မြို့စားမင်းရဲ့ အာဏာတပ်မက်မှု့တွေကြောင့် နောက်နန်းတက်မဲ့ဘုရင့်သားတော် တစ်ပါးကို ကြေးစားငှါးရမ်းပြီး လိုက်လံ သတ်ဖြတ်ခိုင်းပါတော့တယ်။ တချိန်ထဲမှာပဲ ဘုရင့်အပေါ် သစ္စာစောင့်သိတဲ့ ပြည်သူတွေနှင့် ပြည်သူ့အချစ်တော် ရော်ဘင်ဟုထ်ရယ် သူ့သမီးလေးရယ်ကမင်းသားလေးကို မြို့စားမင်းရဲ့ လုပ်ကြံသတ်ဖြတ်မှု လက်ထဲကနေ ဘယ်လိုကယ်တင်ကြမလဲ.... နောက်ပြီးရော်ဘင်ဟုထ်ရဲ့ သမီးနဲ့ မင်းသားလေးရဲ့ အချစ်ဇာတ်လမ်းလေးတွေကို ဒီကားထဲမှာ ကြည့်ရှုရမှာပါ.........(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။)#Zawgyiဒီတစ်ခေါက်တော့ ပုံပြင်တွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဒါရိုက်တာ Peter Hewittရိုက်ကူးထားတဲ့ Princess of Thieves ...
movie
2001
6.0
A Resistance(2019)
A Resistance(2019)ဂျပန်တွေ အုပ်စိုးမှုအောက်မှာ လွတ်လပ်ရေးအတွက် ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသူ ယူဂွမ်ဆွန်းအကြောင်းဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတာမို့လို့ လုံး၀ လက်မလွှတ်ပဲ ကြည့်သင့်ပါတယ်နော်...ကျောင်းသူ ယူဂွမ်ဆွန်းဟာ လွတ်လပ်ရေး လှုပ်ရှားမှုမှာ ပါ၀င်ဖို့ အတွက် မွေးရပ်မြေကို ပြန်သွားခဲ့ပါတယ်...သူမ တတ်နိုင်တဲ့နည်းနဲ့ တွန်းလှန်ဖို့ အားမန်အပြည့်နဲ့ပေါ့....မွေးရပ်ဇာတိကိုရောက်တဲ့အခါ မိဘတွေနဲ့ ရွာသားတွေကို သူမနဲ့အတူ ဆန္ဒပြဖို့ ခေါ်ခဲ့ပါတယ်...ရွာသားတွေကလည်းသူမရဲ့စည်းရုံးမှုအောက်မှာ ဆန္ဒပြဖို့သဘောတူကြတယ်...အဲ့ဒီနောက်မှာတော့ သူမတို့အဖွဲ့တွေရဲ့ဆန္ဒပြမှုအောက်မှာ ဂျပန်တွေက ဘယ်လိုဖိနှိပ်ကြမလဲ...ဆန္ဒပြသူတွေကရော ဘယ်လောက်တောင့်ခံနိုင်မလဲ...ခေါင်းဆောင်ဖြစ်တဲ့ ကျောင်းသူလေးကရော နှိပ်စက်ညှင်းပန်းမှုအောက်မှာ ဘယ်လောက်ထိတောင့်ခံပြီးသူ့အဖွဲ့တွေကိုဆက်ဉီးဆောင်နိုင်မလဲဆိုတာကိုတော့....ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (950 MB) and (423MB ) Quality : FHDRip 720p Format…mp4 Duration…01:45:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded ...
movie
A Resistance(2019)
6.0
Nuclear(2019)
Nuclear(2019)အမ်မာနဲ့ အမ်မာအမေက လူသတ်သမားတစ်ယောက်လိုက်သတ်လို့ထွက်ပြေးရတယ် ၊အခြားသူတော့မဟုတ်ပါဘူး အမ်မာအစ်ကိုပါပဲ..... သူ ဘာကြောင့်လိုက်သတ်လဲဆိုတာ သေချာမသိပေမယ့် အသက်အန္တရာယ်ကလွှတ်အောင်နှစ်ယောက်လုံးထွက်ပြေးရင်းနဲ့မြို့ရဲ့မြောက်ဖက်ပိုင်းတစ်နေရာက အဆောက်အဦးတစ်ခုမှာ ခဏတာခိုနားကြတယ် ...အဲ့နေရာက လူသူနည်းလွန်းတယ် ဘာလို့လဲဆိုတော့ နျုကလိယစက်ရုံကြောင့် နေရာတိုင်းက အဆိပ်သင့်နေကြတယ် ..အသက်ဘေးလွတ်ဖို့ပြေးနေရတဲ့ကြားထဲ နေရာကလည်း အဆိပ်သင့်နယ်မြေဆိုတော့ သူတို့ သားအမိဘယ်လိုတွေဆက်လုပ်ကြမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....File Size : (850 MB) and (311 MB) Quality : WEB-DL 720p Format…mp4 Duration…01:32:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Nuclear(2019)
4.8
Downhill (2020)
movie
Downhill (2020)
2020
7.8
Glory 1989
ဇာတ်လမ်းနာမည် ဂလိုရီ ဆိုတာကတော့ ဂုဏ်ကျက်သရေရှိတဲ့ အောင်မြင်မှုလို့ ဆိုလိုပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလက တိုက်ပွဲတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ လူမည်းတွေ ကျွန်ဘဝက ကင်းလွတ်ခွင့်အမိန့်ကို သမ္မတ လင်ကွန်းက ထုတ်ပြန်ပြီးနောက် ပထမဆုံး လူမည်း တပ်ရင်းတစ်ခု ဖွဲ့စည်းခွင့် ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် တပ်ရင်း (၅၄) ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လူဖြူစစ်သားတွေကလည်း လူမည်းတွေကိုအထင်မကြီးသလို လက်ထဲကို သေနတ်အပ်ဖို့လည်း မယုံကြည်နိုင်သေးပါဘူး။ ပိုဆိုးသွားတာက တောင်ပိုင်းစစ်တပ်က မြောက်ပိုင်းက ဝင်တိုက်တဲ့ လူမည်းမှန်သမျှ သေဒဏ်ပေးမယ်လို့ ကြေညာစာတမ်း ထုတ်လိုက်တာပါပဲ။ အဲဒီအချိန်မှာ တပ်ရင်းမှူး က ထွက်လိုက ထွက်နိုင်ပြီလို့ ကြေညာခဲ့ပေမယ့် တစ်ယောက်မှ လျော့မသွားခဲ့တဲ့ တပ်ရင်းပါ။ ဒါပေမယ့် တပ်ရင်းတစ်ခုလုံးက စစ်မတိုက်ရသလို ဗြူဟာမှူးကိုယ်တိုင်က အလုပ်ကြမ်းတွေပဲ ခိုင်းထားပြီး နှိမ်ထားခဲ့ပါတယ်။ ဒါကို မခံနိုင်တဲ့ တပ်ရင်းမှူးက နောက်ဆုံးမှာ ...
movie
Glory 1989
7.3
One Winter Weekend (2018)
Romanceချစ်သူတို့အတွက် ဆောင်းရာသီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ "ကယ်ရာ"ဟာ အမျိုးသမီးမဂ္ဂဇင်းတစ်ခုရဲ့ relationship ကဏ္ဍက စာရေးဆရာမတစ်ယောက် သူလုပ်ရတဲ့အလုပ်က datingနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ dating stories လေးတွေကို ဆောင်းပါးတွေရေးပေးရတာပါ ဒီလိုအချစ်အကြောင်းတွေရေးနေတဲ့ စာရေးဆရာမလေးကိုယ်တိုင်ကတော့ ပျော်ရွှင်စရာနယူးယားညလေးမှာ သူ့ရည်စားအသစ်စက်စက်လေးဖောက်ပြန်တာကို ခံလိုက်ရတဲ့အခါမှာတော့ လက်တလောလုံးဝ ရည်းစားမထားတော့ဘူးဆိုပြီး သန္ဓိဌာန်ချလိုက်ပါတော့တယ် ဒီလိုနဲ့မဂ္ဂဇင်းတိုက်ရဲ့ဘော့စ်ကြီးက ဆင်ဂယ်ဖြစ်နေရင် ရေးစရာကုန်ကြမ်းမရှိပဲနေမယ်ဆိုပြီး ကယ်ရာ့အချစ်ဆုံးသူငယ်ချင်း "မက်ဂန်"သွားမဲ့ နှင်းလျှောစီးခရီးစဥ်မှာ ကယ်ရာ့ကိုပါထည့်ပေးလိုက်တဲ့အခါ One winter weekend ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ် ကံကြမ္မာအကြောင်းဖန်တော့ နှင်းလျှောစီးကွင်းမှာ သူတို့တည်းဖို့ငှားထားတဲ့အိမ်ကို "ဘန်"နဲ့"ရှန်း"ဆိုတဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက်ကလည်းငှားပြီးသားဖြစ်နေလေရဲ့ ဟိုတယ်တစ်ခုတည်းမှာ တည်းနေတာချင်းတူတူ ဘန်တို့ကိုမှ လက်ဆောင်ခြင်းတွေပို့လိုက်၊ နှင်းလျှောစီးဘုတ်တွေပို့လိုက်နဲ့ဆိုတော့ လျှို့ဝှက်ဆန်းကြယ်တွေကိုဖြေရှင်းရတာကြိုက်တဲ့ ကယ်ရာတစ်ယောက် ဘန့်ရဲ့သရုပ်မှန်ကိုသိချင်လာပါတော့တယ် ဘန့်ရဲ့ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဘန့်ရဲ့အဲ့ဒီအချက်ကရော သူတို့နှစ်ယောက်ရဲ့ relationshipအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမှာလဲ ရည်းစားမထားခြင်းအနုပညာဆိုတဲ့ဆောင်းပါးကိုရေးနေတဲ့ ကယ်ရာကရော တကယ်ပဲတစ်ကိုယ်တည်းခရီးဆက်တော့မှာလား... ဆိုတာတွေအပြင် ဒီဇာတ်လမ်းလေးကိုပိုပြီးအသက်ဝင်စေတာကတော့ ကနေဒါတောင်တန်းတွေရဲ့ နှင်းဖုံးနေတဲ့အလှလေးပါပဲ Pure romance storyline လေးရယ် ဇာတ်ဆောင်နှစ်ယောက်လုံးက စာအုပ်တွေကိုချစ်တတ်တဲ့သူဖြစ်နေတာရယ် မင်းသားနဲ့မင်းသမီး တောင်ပေါ်ကို cableနဲ့တက်တဲ့အခန်းမှာ ပြောတဲ့ ဒိုင်ယာလော့လေးတွေ၊ လှပတဲ့ရှုခင်းလေးတွေရယ် Best friend တွေကြားကသံယောဇဥ်တွေ၊ တစ်ယောက်ဘဝကို တစ်ယောက်မြှင့်တင်ပေးပုံလေးတွေရယ် etc.တွေကြောင့် Romance ချစ်သူတွေအတွက်တော့ ကနေဒါနှင်းတောင်တန်းတွေဆီ စိတ်ကူးနဲ့အလည်သွားရင်း အေးအေးချမ်းချမ်းလေး ကြည့်လို့ကောင်းမဲ့ ကားလေးတစ်ကားပါပဲ File Size - 941 mb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San ...
movie
One Winter Weekend (2018)
2018
7.3
Beyond That Mountain (2020)
ဒီဇာတ်ကားကတော့ 1982ခုနှစ်တုန်းက ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး စတီဖန် ကင်ဆွန်းဟွမ်း ရဲ့ငယ်ဘဝအကြောင်းကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ အဆိုပါဘုန်းတော်ကြီးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်တပ်အုပ်ချုပ်မှုလက်အောက်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းတဲ့ အရေးအခင်းကာလမှာပါဝင်ခဲ့တဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဉီးဖြစ်ပြီး လူအများလေးစားအားကြခံရတဲ့ သူလည်းဖြစ်ပါတယ် ။ ဒီဇာတ်ကားထဲမှာတော့ ဘုန်းတော်ကြီးရဲ့ငယ်ဘဝ ကို ဘယ်လိုသရုပ်ဖော်ထား မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု့ပေးကြပါအုံးရှင်။ File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - Kim Hana Encoder - Thit San Khant
movie
Beyond That Mountain (2020)
2020
6.3
Sputnik (2020)
IMDb rating 6.3နဲ့ Tomatoမှာ 89%ရထားတဲ့ ရုရှားသိပ္ပံကားကောင်းလေးတစ်ကားပါ။ရုရှားအာကာသယာဉ်မှူးနှစ်ယောက်ကို အာကာသထဲကိုစေလွှတ်လိုက်ပေမယ့်ပြန်ဆင်းသက်လာချိန်မှာ အက်ဆီးဒင့်တစ်ခုဖြစ်ပြီးအာကာသယာဉ်မှူးတစ်ယောက်သေပြီးနောက်တစ်ယောက်ရဲ့ကိုယ်ထဲမှာတော့ဂြိုလ်သားတစ်ကောင်ပါလာပါတယ်။အဲ့ဂြိုလ်သားကို အာကာသယာဉ်မှူးကိုယ်ထဲမှ ခွဲထုတ်ဖို့ကြိုးစားပေမယ့်ဂြိုလ်သားမရှိရင်အာကာသယာဉ်မှူးက ကျန်းမာရေးအလွန်ဆိုးရွားသွားပါတယ်။ဒါကြောင့် လူထုကိုလည်းမသိစေပဲနဲ့ စစ်ဘက်ကသူတွေရယ်ဆရာဝန်မတစ်ယောက်ရယ်က အာကာသယာဉ်မှူးအသက်အန္တရာယ်မဖြစ်စေပဲနဲ့သူတို့ကိုခွဲထုတ်လို့ရအောင် ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ပြီး ကြိုးစားကြပါတယ်။ဒါပေမယ့် တခြားမြှုပ်ကွက်တစ်ချို့ကို ဆရာဝန်မသိသွားတဲ့အခါမှာတော့.....တစ်ချို့အမေရိကန်ဂျင်းသိပ္ပံဂြိုလ်သားကားတွေနဲ့မတူပဲ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါ။ File Size : ( 1 GB , 389 MB) Quality : WEBRip 720p Running Time : 1 hr 53 min Format : Mp4 Genre : Drama , Horror , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Sputnik (2020)
First
341
342
343
344
345
Last
Previous
Next