Channel Myanmar
Drama
Romance of Their Own (2004) 6.3
movie
Atkan Chatkan(2020) 8.0
Atkan Chatkan(2020) Atkan Chatkan (2020) ***************************** ဒီဇာတ်ကားလေးကတော့ IMDb rating 8တောင်ရထားတဲ့ Hindi အမျိုးအစား Drama ဇာတ်ကား ဖြစ်ပါတယ်...ဂူဒူးဆိုတဲ့ ကလေးတစ်ယောက်ဟာ ကျောင်းနေရမယ့်အရွယ်မှာ လဘက်ရည်ပို့တဲ့အလုပ်လုပ်ရင်းအိမ်စားရိတ်ရှာနေရတယ်..အဖေဖြစ်သူရဲ့ပိုက်ဆံက သူ့အရက်ဖိုးတောင်မလောက်ချင်...ဂူဒူးက ဂီတဘက်ကိုတော့ အရူးအမူးဖြစ်လွန်းတယ်... အသံတွေအမြဲနားထောင်တတ်သလို စိတ်ကူးနဲ့လည်းသံစဉ်တွေဖန်တီးနေတတ်သူ...တစ်နေ့တီးဝိုင်းအဖွဲ့တစ်ခုနဲ့တွေ့တော့ သူဝါသနာလေးကြိုးစားလေ့လာဖို့အခွင့်ကောင်းလည်းဖြစ်တောက်တိုမယ်ရလုပ်ပေးရင်း ဝင်ငွေလေးလည်းရနိုင်မယ်ထင်ပြီး အလုပ်တောင်းခဲ့တယ်...အလုပ်လာဆင်းနိုင်ပြီဆိုတော့ဂူဒူးတစ်ယောက်ပျော်တာပေါ့....လဘက်ရည်ဆိုင်ကိုလည်း အလုပ်ထွက်ပြီလို့ပြောရင်း တီးဝိုင်းအဖွဲ့ဆီလာခဲ့တယ်..ဒါပေမဲ့ ကလေးတစ်ယောက်ကို နောက်ပြောင်ခဲ့တာပါဆိုတဲ့စကားကြောင့် ဂူဒူးခဗျာဒုက္ခရောက်ပါတော့တယ်...အိမ်ဝင်ငွေလေးဆက်ရှာနိုင်ပါ့မလား..သူဖြစ်ချင်တဲ့ ဂီတပညာရှင်ကြီးတစ်ယောက်ရောဖြစ်ပါ့မလား...ခံစားကြည့်ကြပါဉီး... ဘာသာပြန်ပေးထားကြတာကတော့ Thaik San နဲ့ Aung Aung Soe တို့ဖြစ်ပါတယ်။ File Size :(900 MB) and (431MB) Quality : WEB-DL  720p Format…mp4 Duration…02:06:00 Genre : Musical  , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San & Aung Aung Soe Encoded by ...
movie
Atkan Chatkan(2020)
The Lincoln Lawyer(2011) 7.3
The Lincoln Lawyer(2011)  The Lincoln Lawyer (2011) အညွှန်း**********************************IMDb   .... 7.3,,,,RT..... 73%(အလန်းစားနင်းကန်လန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH လေးပါပြုလုပ်ပေးထားပါတယ်...)"ကနဦး ဒေါ်လာ ၁သိန်း အရင်လိုချင်တယ်...ပြီးရင် အလုပ်ချိန် ၁နာရီ ကို ဒေါ်လာ ၅၅၀ အမှုစပြီးကြားနာရင် ဒေါ်လာ ၁၀၀ ထပ်တိုးမယ်" ဒါကတော့ ရှေ့နေမစ်ခ်ရဲ့ အမှုတစ်ခုအတွက်ပျမ်းမျှအခကြေးငွေပဲ....ပိုက်ဆံချေမယ်ပြောပြီး ငွေမရသေးရင် တရားရုံးတင်တဲ့ရက်ကိုရွှေ့ပစ်တဲ့ရှေ့နေတစ်ယောက်...သူကဘိန်းရာဇာလိုကောင်တွေနဲ့တောင်အလုပ်လုပ်တဲ့သူ...သူ့မှာသိပ်တော်တဲ့အလွတ်တန်းစုံထောက်တစ်ယောက်ရှိသလိုနယ်ပယ်အသီးသီးက သတင်းအတိအကျရယူပေးနိုင်တဲ့အဆက်အသွယ်တွေလည်းရှိတယ်...ဒီလောက်ဆိုမစ်ခ်ဆိုတဲ့ရှေ့နေဟာ ဘယ်လိုဆရာကျနေမလဲသိလောက်ပါပြီ...ဒီလိုနဲ့တစ်နေ့မှာ မစ်ခ် ဟာ... လူကုံထံသူဌေးသား တစ်ယောက် မုဒိမ်းမှု၊လူရိုက်မှုတွေနဲ့ အစွပ်စွဲခံထားရတဲ့ အမှုကို ကူညီပေးဖို့သဘောတူလိုက်တယ်...အဲ့ဒီမှာ သောက်ကျိုးနည်းပြဿနာတွေ တသီကြီး စပါတော့တယ် ....ဒီကားက မင်းသားကြီး  Matthew McConaughey အဓိကသရုပ်ဆောင်ထားတဲ့ကား...ဒီလိုစရိုက်မျိုးတွေဆို အပိုင်နိုင်ဆုံးလို့တောင်ဆိုရမယ်..ဇာတ်လမ်းက အရမ်းမိုက်သလိုအစမှအဆုံးထိ ဆွဲဆောင်မှုရှိလွန်းတယ်....လက်မလွှတ်သင့်တဲ့ နင်းကန်ကောင်းတဲ့ကားမို့ကြည့်ကြပါလို့ညွှန်းလိုက်မယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...File Size :(2.17GB)(855 MB) and (377 MB) Quality ...
movie
The Lincoln Lawyer(2011)
Tora-san, Wish You Were Here (2019) 6.7
Tora-san, Wish You Were Here (2019) [Unicode]Tora San 50: Welcome Back (2019)IMDb rating- 6.7/10 Genre - Comedy , Dramaဂျပန်နိုင်ငံရဲ့ရှီဘမတဘူတာရုံအပြင်ဘက်မှာဆိုရင် ဘောင်းဘီအိပ်ကပ်ထဲကိုလက်တစ်ဖက်ထည့်ထားပြီး တစ်ဖက်ကလက်ဆွဲအိတ်ကိုကိုင်ထားတဲ့ရုပ်တုတစ်ခုရှိပါတယ်။သူကအပေါ်ထပ်ဂျာကင်နဲ့ဝတ်စုံပြည့်ဝတ်ထားပေမဲ့ ဆောင်းထားတဲ့ဦးထုပ်နဲ့စီးထားတဲ့ခြေညှပ်ဖိနပ်ကြောင့် တိုကျိုမြို့သားတစ်ယောက်မဟုတ်တာသိသာပါတယ်။အနီးကပ်ကြည့်လိုက်ရင်တော့ လူတွေက ခဏခဏထိကိုင်ပြီးကံကောင်းစေဖို့ဆုတောင်းတဲ့အတွက်ကြောင့် ပြောင်လက်နေတဲ့ သူ့ရဲ့ဘယ်ဘက်ခြေမကိုတွေ့ရမှာပါ။ ဒီရုပ်ထုဟာ Tora-San ဖြစ်ပါတယ်။Tora sanဆိုတာ ၁၉၆၉ကနေ ၁၉၉၉ထိဆက်တိုက်ထုတ်လွှင့်ခဲ့တဲ့ It's tough being a man ဆိုတဲ့ seriesထဲက ဇာတ်လိုက်ကာရိုက်တာပါ။ဒီ seriesကိုဂျပန်နိုင်ငံမှာ ၁၉၉၉ရောက်တဲ့အထိနှစ်စဉ်ထုတ်လွှင့်ခဲ့ပြီး Toraအဖြစ်သရုပ်ဆောင်တဲ့ Atsushi Kiyomi ဆုံးပါးသွားမှရပ်တန့်ခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ seriesရဲ့ နံပါတ်စဉ်၅၀မြောက်ဇာတ်ကားဖြစ်သလို series စတင်ထုတ်လွှင့်တဲ့နှစ်၅၀ပြည့်တဲ့အထိမ်းအမှတ်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ဒီဇာတ်ကားထဲမှာတော့ Tora-sanရဲ့တူလေးဖြစ်သူ မစ်ဆုအိုက မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သမီးနဲ့အတူနေထိုင်ရင်း စာရေးဆရာတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပါတယ်။သူ့ရဲ့ပွဲဦးထွက်စာအုပ်ဖြစ်တဲ့"အရိပ်ပမာမိန်းမပျိုငယ်"စာအုပ်ကလူကြိုက်များနေပြီး နာမည်ရတဲ့ဝတ္တရေးသူတစ်ယောက်ဖြစ်လာတဲ့အချိန်ပါ။ဒီအချိန်မှာသူ့နဲ့လွဲခဲ့တဲ့ငယ်ချစ်ဦးက ဂျပန်ကိုပြန်ရောက်လာခဲ့ပါတယ်။သူတို့တွေပြန်ဆုံဖြစ်တဲ့အချိန်မှာ လွမ်းစရာအမှတ်တရဟောင်းတွေနဲ့အတူ သူတို့ချစ်ရတဲ့Tora-sanနဲ့တိုက်ဆိုင်တဲ့အရင်ပုံရိပ်တွေကလည်း အမှတ်ရစရာပေါ်ထွက်လာပါတယ်။ချစ်ရတဲ့အချစ်ဦးနဲ့ပြန်တွေ့ချိန်မှာ ရှေ့တိုးရခက်နောက်ဆုတ်ရခက်အနေအထားဖြစ်နေတာကြောင့် ဘာပဲဖြစ်လာဖြစ်လာတိုင်ပင်လို့ရတဲ့ဦးလေးကို သတိရလာပါတယ်။မစ်ဆုအိုလိုအပ်ချိန်တိုင်းမှာရှိနေပေးတဲ့ မျက်နှာလေးထောင့်နဲ့ချစ်စရာကောင်းတဲ့ဦးလေးတိုရာရဲ့ ရယ်စရာအပြုအမူတွေဦးလေးကိုသဘောကျပြီးလက်ထပ်ချင်ပေမဲ့ ...
movie
Tora-san, Wish You Were Here (2019)
The Tree of Life (2011) 6.8
The Tree of Life (2011) The Tree of Life (2011)=================IMDb Rating - 6.8/10#Unicodeပြောရမယ်ဆိုရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်နဲ့ကြားမှာ တံတိုင်းကြီးတစ်ခုခြားထားတယ်။အဲ့ဒီတံတိုင်းက ခရစ်ယာန်ဘာသာရေးပါပဲ။ ဒီရုပ်ရှင်ရဲ့ အဓိက Conceptက ဘာသာရေးဆိုတော့ ဒါကို ဖယ်ပြီး ခံစားဖို့အတော်ခက်တယ်။ ကောင်းလားမေးရင်လည်း ဒီရုပ်ရှင်ဟာ အတော်တန်းမြင့်တဲ့အထဲထည့်လို့ရတဲ့ အထိကောင်းတယ်။ အတော်အနုပညာဆန်တယ်။ အပေါ်မှာပြောထားတဲ့ ဘာသာရေးတွေ ဘာသာစကားတွေကို ဖယ်ကြည့်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ နှလုံးသားကိုယ်စီရှိကြတဲ့ တူညီတဲ့လူသားတွေပါပဲ။ ဒီတော့ ဒီထဲက အဓိက Conceptမဟုတ်တဲ့ မိသားစုဆက်ဆံရေးထဲက အတော်လှတဲ့ ချစ်ခြင်း ပဋိပက္ခတွေကို ပြသွားတဲ့ ပု‌ံတွေကို အပြည့်အ၀ခံစားလို့ရတယ်။ အဓိက Conceptမဟုတ်တာနဲ့တောင် ဒီရုပ်ရှင်ဟာ အတော်လေးစွဲမက်ဖို့ကောင်းတယ်။ စကားပြောသံတွေက မသဲမကွဲတွေ စကားပြောနေရင်းတောင် တစ်ချိန်လုံးနီးပါး ကြားနေရတဲ့ဂန္တ၀င်ဂီတ‌တွက စကားပြောသံထက်ပို စူးရှနေတယ်။ ဒါကလည်းအတော်ဆွဲဆောင်မှု ရှိတယ်ပြောရမယ်။ စကြ၀ဠာကနေ သားလောင်းအထိ လှပတဲ့ (ခရစ်ယာန်စကားနဲ့ဆို ဖန်ဆင်းမှု)တွေကို ထည့်သုံးသွားတာကလည်း သက်ဆိုင်သူတွေအတွက် တကယ်ခံစားရစေမယ့်အရာပါပဲ။Tree of Lifeဆိုတဲ့နာမည်လှလှလေးနဲ့လိုက်ဖက်အောင်ကို ဒီရုပ်ရှင်ထဲက အရာအားလုံးကလှပတယ်။Castတွေကလည်း Aတန်း၀င် Actorတွေ ဘရက်ပစ် ရှောင်ပင်းန်။ ဘာရည်ရွယ်ချက်နဲ့လဲတော့ မသိပေမယ့် ‌အသက်ခြောက်ဆယ်ရှိပြီဖြစ်တဲ့ ရှောင်ပင်းန်ကို ငါးဆယ့်ခြောက် ဘရက်ပစ်ရဲ့ သားလုပ်ပစ်ထားတာကတော့ တစ်မျိူးပါပဲ။ ရှောင်ပင်းန်အခန်းတွေမှာတော့ ဘာမှထူးထူးခြားခြား သိပ်မရှိပေမယ့် ဘရက်ပစ်ကတော့ တကယ့်ဘ၀မှာ ကလေးတွေအများကြီးရဲ့ အဖေဖြစ်နေတ‌ာရော ဇာတ်ကောင်လိုက်ဖက်မှုကြောင့်ရော ဖခင်အစစ်တစ်ယောက်လိုခံစားရစေတယ်။ သူမဟုတ်ဘဲ တခြားလူသာဆို ဒီလောက် လှမယ်မထင်မိဘူး။ ဇာတ်လမ်းအကျဉ်းပြောဖို့ မလိုလောက်အောင် ဇာတ်လမ်းက အရမ်းရိုးရှင်းတယ်။ ဒီဇာတ်လမ်းရိုးရိုးလေးကို မပျင်းရအောင် ရိုက်ပြသွားတဲ့ ...
movie
The Tree of Life (2011)
2011
Memories of a Dead End (2019) 6.9
Memories of a Dead End (2019) [Unicode]ဒီတစ်ခေါက်မှာတော့ Girl Generation က မမ Soo Young အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Memories of a dead end ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းယူမီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမလက်ထပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ ကောင်လေးနဲ့ အချိန်အတော်ကြာ အဆက်သွယ်ပြတ်သွားပါတယ်စာမပြန် ဖုန်းလည်းမဆက်နဲ့မို့ ကောင်လေးရှိရာ ဂျပန်ကို လိုက်သွားခဲ့ပါတယ်ဒါပေမယ့် သူမ ရောက်သွားချိန်မှာတော့ မထင်မှတ်ထားတဲ့ ကံဆိုးမှုကသာ သူမကို ဆီးကြိုနေခဲ့တဲ့နောက်...အသဲကွဲဝေဒနာ ခံစားနေရတဲ့ ယူမီတစ်ယောက် ဒီနာကျင်မှုတွေကို ဘယ်လို အဆုံးသတ်မှာလဲသူမရဲ့ ဘဝသစ်မှာ ပျော်ရွှင်မှုတွေနဲ့ စတင်နိုင်ပါ့မလားဆိုတာဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် ) [Zawgyi]ဒီတစ်ခေါက်မှာတော့ Girl Generation က မမ Soo Young အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Memories of a dead end ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းယူမီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမလက်ထပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ ...
movie
The Secrets We Keep(2020) 6.5
The Secrets We Keep(2020) The Secrets We Keep(2020)************************** IMDb Rating             ........ 6.5/10Rotten Tomatoes    ......... 63%(Drama / Thriller) အချိန်အားဖြင့် ဒုတိယကမ္ဘာစစ်ပြီးကာလ... အမေရိကန်ပြည်ထောင်စုမှာ ခင်ပွန်းဖြစ်သူ ဒေါက်တာ လူး၀စ် နှင့်အတူ ရိုမေးနီးယန်း အမျိုးသမီးဖြစ်တဲ့ မာယာ ဟာ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းလျက်ရှိပါတယ်.... ခင်ပွန်းသည်ရဲ့ဆေးခန်းကိုကူညီပေးလိုက်…သားငယ်လေးကို ပြုစုလိုက်နဲ့ မာယာဟာ တကယ့်ကို ပြည့်စုံတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ် ဒီလိုနဲ့တစ်ရက်မှာ မြို့ကိုအသစ်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကို တွေ့ပြီးတဲ့နောက်တည်ငြိမ်လှတဲ့ မာယာ တစ်ယောက် ..... ချက်ချင်းပဲ ဆောက်တည်ရာမရဖြစ်လာပြီး...လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်ဆိုးကြီးကို ပြန်မြင်ယောင်သွားကာ...အဲ့ဒီလူစိမ်းကို ပြန်ပေးဆွဲပြီး ဖမ်းဆီးထားလိုက်ပါတော့တယ်.... ဇာတ်လမ်းနာမည်ဖြစ်တဲ့ "The secrets we keep"ဆိုတဲ့အတိုင်း ဘယ်သူ့ကိုမှပြောမပြတဲ့ မာယာ ရဲ့ လျို့ဝှက်ချက်တွေကဘာဖြစ်မလဲ....လူစိမ်းတစ်ယောက်နဲ့ မာယာတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာ ကိုတော့...ကိုယ်တိုင်ကြည့်ရှူခံစားလိုက်ကြပါဦးခင်ဗျာ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie
The Secrets We Keep(2020)
Paterson (2016) 7.4
Paterson (2016) Paterson (2016)============IMDb Rating - 7.4/10#UnicodePatersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်းအသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန်ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူးဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန်ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီးကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။)   Quality –  1080p, 720p BluRayDuration - 1hr 49minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, RomanceSource : 1080p. BluRayTranslator – Mya Phyo NandarEncoder – SWM
movie
Paterson (2016)
2016
12 Hour Shift (2020) 5.3
12 Hour Shift (2020) 12 Hour Shift (2020)=================IMDb Rating - 5.3/10#Unicode၂၀၂၀ ခုနစ်ထွက် Drama, Thriller အမျိုးအစားဖြစ်ပါတယ် ...ဇာတ်လမ်းအရတော့ မန်ဒီက ဆေးရုံတစ်ခုမှာ အစမ်းခန့်ကာလဆင်းနေတဲ့ သူနာပြုတစ်ယောက်ပါ သူ့အချစ်ဆုံးသူငယ်ချင်းကတော့ ကာရန်ပေါ့... သူတို့နှစ်ယောက်မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်... အဲဒါကတော့ သူတို့နှစ်ယောက်ဟာ သေခါနီးလူနာတွေ မျှော်လင့်ချက်မရှိတော့တဲ့လူနာတွေကို သတ်ပြီး ကလီစာတွေထုတ်ရောင်းနေကြတာပါပဲ... တစ်ညတော့ ကလီစာတွေကို တစ်ဆင့်ခံပို့ပေးရတဲ့ ရဂ်ဂျီနာကြောင့် ကျောက်ကပ်တစ်လုံးပျောက်သွားတဲ့အခါ.... ရဂ်ဂျီနာတစ်ယောက် လုပ်မိလုပ်ရာနဲ့ ဆေးရုံမှာ ဘယ်လိုမွှေမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...IMDB 5.3/10 ရရှိထားပြီး မင်းသမီးကြီး Angela Bettis က မန်ဒီအဖြစ် ခပ်မိုက်မိုက်သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyi၂၀၂၀ ခုနစ်ထွက် Drama, Thriller အမျိုးအစားဖြစ်ပါတယ် ...ဇာတ်လမ်းအရတော့ မန်ဒီက ဆေးရုံတစ်ခုမှာ အစမ်းခန့်ကာလဆင်းနေတဲ့ သူနာပြုတစ်ယောက်ပါ သူ့အချစ်ဆုံးသူငယ်ချင်းကတော့ ကာရန်ပေါ့... သူတို့နှစ်ယောက်မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်... အဲဒါကတော့ သူတို့နှစ်ယောက်ဟာ သေခါနီးလူနာတွေ မျှော်လင့်ချက်မရှိတော့တဲ့လူနာတွေကို သတ်ပြီး ကလီစာတွေထုတ်ရောင်းနေကြတာပါပဲ... တစ်ညတော့ ကလီစာတွေကို တစ်ဆင့်ခံပို့ပေးရတဲ့ ရဂ်ဂျီနာကြောင့် ကျောက်ကပ်တစ်လုံးပျောက်သွားတဲ့အခါ.... ရဂ်ဂျီနာတစ်ယောက် ...
movie
12 Hour Shift (2020)
2020
The Cuban(2020) 6.9
The Cuban(2020) The Cuban(2020)အညွှန်း*********************မီနာအိုက်ယူ ဆိုတဲ့ ကောင်မလေးဟာ အာဖဂန်စစ်ပွဲကြောင့် အဘိုးအဘွားတွေက အဒေါ်ဖြစ်သူနဲ့ အတူ အမေရိကန်မှာလာခိုလှုံဖို့ လွှတ်လိုက်တဲ့ကောင်မလေးဖြစ်ပါတယ်။အိုက်ယူဟာ ဆရာဝန်ဘွဲ့ရဖို့ ဆေးကျောင်းတက်ရင်း ဝင်ငွေအတွက်သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ သူနာပြုအလုပ် ဝင်လုပ်ပါတယ်။ထိုဂေဟာမှာ အလုပ်စဝင်ဝင်ချင်း သူပြုစုပေးရတာက စိတ်ကြီးပြီး အစားအသောက် ကြေး(ချေး)များတဲ့ ပြဿနာအိုးအဘိုးအိုလူနာကြီးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အိုက်ယူရဲ့ သည်းညည်းခံမှု၊ ဖြူစင်မှုကြောင့် လူနာအဘိုးအိုကြီး ဟာသူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာပါတယ်။ ဒါပေမယ့်လည်း အဘိုးကြီးကိုစောင့်ရှောက်ရင်း အဘိုးကြီးရဲ့ ထူးဆန်းတဲ့ အတိတ်အကြောင်းတွေ သူသိလာရသလိုသူ့ဘ၀ အတွက် မျှော်လင့်မထားတဲ့ ဆိုးကျိုးတချို့ကို ပြန်ရင်ဆိုင်လာရပါ တော့တယ်။လူနာနဲ့ ဆရာဝန်-သူနာပြုကြားက ကြီးမားတဲ့သံယောဇဉ်၊ ချစ်သူတွေချင်း ကြားကလေးနက်တဲ့ချစ်ခြင်း၊ အဒေါ်နဲ့ တူမကြား နက်ရှိုင်းတဲ့ တွယ်တာမှု စတာတွေကို လှပစွာ ခြယ်မှုန်းသီခြယ်ထားတဲ့ချစ်ခြင်းမေတ္တာဖွဲ့သီမှု ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်...File Size :(945MB) ...
movie
The Cuban(2020)
Warrior(2011) 8.2
Warrior(2011) Warrior(2011) အညွှန်း*******************IMDb Rating            .........  8.2/10Rotten Tomatoes   .........   83%((အလန်းစားကားမို့ 1080P5.1CH ပါ လုပ်ပေးထားပါတယ်...)) အရက်စွဲရာမှ ပြန်လည်နာလန်ထူနိုင်ဖို့ ကြိုးစားနေတဲ့ ဖခင်ဖြစ်သူ "ပက်ဒီ" ဆီကို..... နှစ်ပေါင်းများစွာ ခွဲခွာသွားပြီး သူ့ကိုစိတ်နာနေခဲ့တဲ့ သားဖြစ်သူ မရိန်းတပ်သားဟောင်း တွန်မီ ရောက်လာပြီးတော့ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲသမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ “စပါတာ”ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်... ပက်ဒီ တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်ပေးရတဲ့ အခွင့်အရေးကို အသုံးချပြီး နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်... ပက်ဒီ မှာ  တွန်မီ လိုပဲ သူ့ကိုအသိအမှတ်မပြုဘဲ စိတ်နာနေတဲ့ ဘရန်ဒန် ဆိုတဲ့....(လက်ဝှေ့သမား ဘ၀မှ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့) အိမ်ထောင်သည် သားတစ်ယောက်လည်းရှိနေပါသေးတယ်... ဘရန်ဒန် ကတော့ ရောဂါသည်သမီးငယ်ရဲ့ ဆေးကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ ...
movie
Warrior(2011)
Foster Boy (2020) 5.3
Foster Boy (2020) Foster Boy (2020)==============IMDb Rating - 5.3/10#Unicodeကလေးသူငယ်စောင့်ရှောက်ရေးစင်တာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆီက လက်လွှဲယူဖို့ကြိုးစားနေတဲ့ လုပ်ငန်းစုကြီးကို ၁၉ နှစ်ပဲရှိသေးတဲ့ ပေတိပေစုတ် ဓားပြရုပ်ပေါက်နေတဲ့ လူမည်းကောင်လေးက တရားစွဲနေတယ်တဲ့။ ဂျမဲ ရန်ဒေါ့ ဆိုတဲ့ ဒီကောင်လေးက တရားရုံးကို တစ်နှစ် ၅ ခါလောက်ရောက်နေတတ်တဲ့၊ အချုပ်ခန်းကို အိမ်ဦးနဲ့ ကြမ်းပြင်လိုသဘောထားတဲ့ကောင်လေး ဒီကောင်လေးက ဘာကြောင့်များ ဒီလိုကုမ္ပဏီကြီးကို တရားစွဲထားတာလဲ။ တရားစွဲထားတယ်ဆိုပေမဲ့ သူ့ဘက်ကလျှောက်လဲပေးမယ့်ရှေ့နေတောင်မငှားနိုင်ပါဘူး။ ဒီအမှုကို သူနိုင်နိုင်ပါမလား။ ကံကြမ္မာရဲ့ဖေးမမှု ဒါမှမဟုတ် စိတ်ထားမှန်တဲ့လူတစ်ယောက် ဒါမှမဟုတ် ဖြောင့်မှန်တဲ့ တရားသူကြီး တစ်ယောက်ရဲ့ အကူအညီနဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်က သူ့အတွက် လျှောက်လဲပေးမယ့်အခွင့်အရေး ရလာတယ်။ သူလို တေလေပုံပေါက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ ရှေ့နေတဖြစ်လဲ သူ့ရဲ့ ရှေ့နေကတော့ တွေ့တွေ့ချင်းဆောက်နဲ့ထွင်း ဆိုသလို မတူတဲ့ လောကကလူနှစ်ယောက် ထိပ်တိုက်တွေ့မိပြီး အဆင်မပြေဖြစ်ကြတယ်။ဂျမဲ ရဲ့ ...
movie
Foster Boy (2020)
2020
Dolores Claiborne 1995 7.4
Dolores Claiborne 1995 Stephen King ရဲ့ Dolores Claiborne ၀တ္ထုကို မှီငြမ်းရိုက်ကူးထားပါတယ်။ တစ်နေ့ Dolores ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ အိမ်အကူအဖြစ်အလုပ်လုပ်တဲ့ အိမ်က သူဌေးမကြီးကို သတ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ ဒီသတင်းကြားတဲ့အချိန်မှာ မတွေ့ရတာ ၁၈ နှစ်လောက်ကြာပြီဖြစ်တဲ့ သမီးဖြစ်သူဟာ သူနေထိုင်တဲ့ကျွန်းလေးကို ပြန်ရောက်လာခဲ့ပြီး ဒီအမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင်း အမေနဲ့သမီးကြား အတိတ်က နားလည်မှုလွဲခဲ့တာတွေကို ပြေလည်ဖို့ ကြိုးစားကြပုံတွေကို ရိုက်ကူးထားပါတယ် ဒီဇာတ်လမ်းထဲမှာ Dolores Claiborne ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀အခြေအနေ နစ်မွန်းရပုံတွေ မိခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူအတွက် ပင်ပင်ပန်းပန်း ကြိုးစားရပုံတွေ လူစိတ်မရှိတဲ့ ယောက်ျားဖြစ်သူရဲ့ ဒုက္ခခံရပုံတွေကို ကြည့်တဲ့သူပါ မခံချိမခံသာဖြစ်ရလောက်အောင် ဆွဲခေါ်သွားနိုင်ပါတယ်   File size… 1 Gb / 500 Mb Quality… Webrip 1080p / 720p Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Yoon ...
movie
Dolores Claiborne 1995
A Call to Spy (2020) 5.7
A Call to Spy (2020) A Call to Spy (2020)===============IMDb Rating - 5.7/10#UnicodeA Call to Spyဟာ ရှားရှားပါးပါး ဒုတိယကမ္ဘာစစ်အတွင်းက အမျိူးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသားပေးဖော်ပြထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင် ရုပ်ရှင်ပါပဲ။ဒုတိယကမ္ဘာစစ်ကနဦးမှာ ချာချီဟာ SOEကိုဖွဲ့ပြီး နာဇီတွေကိုထောက်လှမ်းဖို့နဲ့ သတင်းပို့ဖို့ ပြင်သစ်ကို စပိုင်တွေလွှတ်ခဲ့တယ်။ နောက်ပိုင်းမှာ SOEကနေ ထောင်လှမ်းရေးအလုပ်တွေမှာ သိသာထင်ရှားမှုပိုနည်းတဲ့ အမျိူးသမီးတွေကို စပိုင်အဖြစ်စေလွှတ်ဖို့ အကောင်အထည်ဖော်ခဲ့တယ်။ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးစပိုင်ဟာ ဗာဂျင်နီယာ ဟောပါ။ ဗာဂျင်နီယာဟောဟာ ဗြိတိန်စပိုင်ဖြစ်ခဲ့ပေမယ့် အမေရိကန်သူတစ်ယောက်။ သံတမန်ဖြစ်လို့တဲ့အတွက် အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့် ခြေထောက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိတဖြစ်နေတာကြောင့် ပယ်ချခံရတဲ့ သနားစရာ အမျိုးသမီးပါပဲ။ ကံကောင်းချင်တော့ အမျိုးသမီးစပိုင်ခန့်အပ်ရေးအတွက် လူရှာနေတဲ့ SOEရဲ့ စက္ကထရီ ဗီရာအတ်ကင်နဲ့ တွေ့သွားခဲ့တယ်။ ဗီရာအတ်ကင်ကလည်း နေရာတစ်ခုရထားပေမယ့် ဂျူးလူမျိူးဖြစ်နေလို့ ဗြိတန်မှာ နေရသိပ်အဆင်မပြေဖြစ်နေတဲ့ အမျိူးသမီး။ သူရှာခဲ့တဲ့ စပိုင်နှစ်ယောက်မှာ တစ်ယောက်က ဒုက္ခိတ တစ်ယောက်က မွတ်စလင်။ သူ့နည်းသူ့ဟန်နဲ့ အနှိမ်ခံနေရတဲ့ အမျိုးသမီးတွေ။ သူတို့ဟာ သူတို့ရဲ့ အားနည်းချက်တွေကိုပဲ အားသာချက်အဖြစ်အသုံးချပြီး ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ကြ သူတို့နိုင်ငံအတွက်အားထုတ်ခဲ့ကြတယ်။ဗာဂျင်နီယာဟောနေရာမှာ သရုပ်ဆောင်တဲ့ Lead Actor Sarah Megan Thomas ကိုယ်တိုင် ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာကလည်းအမျိုးသမီးဒါရိုက်တာပဲဖြစ်တဲ့အတွက် အမျိုးသမီးစွမ်းဆောင်ရည်ပြရုပ်ရှင်ကို အမျိူးသမီးတွေချည်းဦး‌ဆောင်ရိုက်ထားကြတယ်ဆိုရမယ်။A call to spyကို Audienceတွေပေးတဲ့ဘက်က IMdb ...
movie
A Call to Spy (2020)
2020
DAU. Natasha 2020 (18+) 6.3
DAU. Natasha 2020 (18+) ဒီကားကတော့ DAU project မှာပါဝင်တဲ့ ရုရှားကားလေးဖြစ်ပါတယ်နိုဘယ်ဆုရရှိခဲ့တဲ့ဆိုဗီယက်သိပ္ပံပညာရှင် Lev Landau ရဲ့ဘဝဇာတ်ကြောင်းကို သူ့နာမည်အတိုကောက် DAUဆိုတဲ့နာမည်နဲ့ ဒါရိုက်တာ Ilya Khrzhanovskyက cinematic projectတစ်ခုဖန်တီးခဲ့တာပါဒီပရောဂျက်ဟာ ရုရှားမှာ အကြီးဆုံးနဲ့ အငြင်းပွားဖွယ်အကောင်းဆုံးပရောဂျက်ဖြစ်လာခဲ့ပါတယ်နာတာရှာကတော့ ဆိုဗီယက်လျှို့ဝှက်သုတေသနအဖွဲ့စည်းအတွက် အချက်ပြုတ်တာဝန်ယူပေးရပါတယ် သူ့မှာ အိုလာဆိုတဲ့ မတည့်အတူနေလက်ထောက်တစ်ယောက်လဲရှိပါတယ် သူတို့ဟာအလုပ်ပြီးချိန်တွေမှာ အချစ်ကြောင်းပြောတာ အရက်သောက်ရတာကို သဘောကျကြပါတယ်ဆိုဗီယက်လျှို့ဝှက်အဖွဲ့စည်းက နိုင်ငံခြားသားတစ်ယောက်နဲ့အိပ်ရင် သတ်ပစ်ပါတယ် တစ်နေ့မှာ သောက်ရင်းစားရင်း နာတာရှာတစ်ယောက် အထူးဧည့်သည်ပြင်သစ်သားတစ်ယောက်နဲ့အိပ်မိတဲ့အခါမှာတော့...***18+ warningပါ,ပါတယ် sex sceneတွေကလည်း တကယ်သရုပ်ဆောင်ထားတာပါတဲ့ File size… 1 Gb / 500 Mb Quality… Webrip 1080p / 720p Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Willy
movie
DAU. Natasha 2020 (18+)
Ka/Pae. Ranasingam(2020) 7.5
Ka/Pae. Ranasingam(2020) Ka/Pae. Ranasingam(2020)ဖြစ်ရပ်မှန်ပေါ်မှာဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့အတွက်တစ်ခြားတမီးလ်ဇာတ်ကားတွေလိုစူပါဖိုက်ခန်းတွေမပါဝင်ဘဲ ဇာတ်လမ်းပြီးတဲ့အထိ ဆွဲဆောင်မှုရှိရှိကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါ... ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာအလုပ်ကရှားပါး ရေကလဲမရှိတော့ အဲ့ကရွာသားတွေဟာ နိုင်ငံခြားကိုထွက်ပြီး ပိုက်ဆံရှာကြပါတယ်...ဒါပေမယ့်အဲ့ရွာကရာနာ့ဆင်းလို့ခေါ်တဲ့လူတစ်ယောက်ကတော့ ရွာမှာပဲနေပြီးရွာသူရွာသားတွေရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ ရွာ့အချစ်တော်လူတစ်ယောက်..ရွာကမိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ဒီိလိုလူမှုရေးကိစ္စတွေလိုက်လုပ်နေလို့မဖြစ်တော့တာနဲ့နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ခဲ့တော့တယ်...ဒါပေမယ့်တစ်နေ့မှာ သူတို့မျှော်လင့်မထားတဲ့  ရာနာ့ဆင်းနဲ့ပတ်သက်ပြီးသတင်းဆိုးတစ်ခုရောက်လာခဲ့တယ်.....အဲ့ဒီနောက်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါ...IMDb...7.5 တောင်ရထားတာမို့ India ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... File Size :(1.37 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:57:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Ka/Pae. Ranasingam(2020)
Clean Up(2019) 6.8
Clean Up(2019) Clean Up(2019)အညွှန်း******************ဂျောင်ဂျူက သန့်ရှင်းရေးလုပ်ငန်းက ၀န်ထမ်းတစ်ယောက်ပါ သူမရဲ့ကလေးဟာ နှလုံးရောဂါကြောင့် သေဆုံးခဲ့ရပါတယ် သားဖြစ်သူ သေဆုံးမှုရဲ့ နာကျင်မှုဒဏ်တွေကို မခံစားနိုင်လို့မေ့ပျောက်လို့ပျောက်ငြား နေ့နေ့ညည အလုပ်တွေ လုပ်နေခဲ့ပါတယ်..... အရက်သောက်လိုက် ဘုရားကျောင်းသွားလိုက်လုပ်နေပေမယ့် သူမရဲ့ စိတ်တွေမဖြေနိုင်ခဲ့ပါဘူး..... အဲ့ဒီနောက် ထောင်ထွက် ကလေး တစ်ယောက်ဖြစ်တဲ့ မင်ဂူဟာ ဂျောင်ဂျူတို့ရဲ့ အလုပ်မှာ အလုပ်၀င်ခဲ့တဲ့အချိန်ကပြီးပြောင်းလဲမှုတွေအများကြီးကြုံရပါတော့တယ်....ဘာတွေလည်းဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး....File Size :(900 MB) and (422 MB) Quality : FHDRip 720p Format…mp4 Duration…01:48:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie
Clean Up(2019)
Cut Throat City(2020) 5.5
Cut Throat City(2020) Cut Throat City(2020)သူ့ကြောင့် လူတွေအသက်ရှင်နိုင်ပြီး သူ့ကြောင့် လူတွေသေသွားနိုင်တာ ဘာလဲ ဆိုတဲ့ ပဟေဠိတစ်ခုရှိပါတယ် အဖြေကတော့ "ရေ" ပါ ၂၀၀၅ ခုနှစ် အမေရိကန်နိုင်ငံ လူဝီစီယားနားမြို့မှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း "ကက်ထရီနာ" ကြောင့်လူဝီစီယားနားတစ်မြို့လုံးနီးပါး ရေအောက်ရောက်ခဲ့ရပါတယ် တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရတဲ့အခါမှာ စီးပွားရေးဆိုတာကတော့ လုံးဝထိုးဆင်းသွားခဲ့တာပါပဲ ဒါပေမဲ့ အဲ့ဒီဒဏ်ကိုအခံရဆုံးကတော့ လူမည်းတွေပါ... လူမည်းတွေရဲ့ ခံယူချက်မှာ "မုန်တိုင်း" ဆိုတာဟာ ဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲလူဖြူတွေက သူတို့ကိုအပြုတ်ဖြုတ်ဖို့ ဖန်တီးထားတာလို့ လက်ခံထားကြပါသတဲ့ ဒီလိုနဲ့ မုန်တိုင်းအပြီး အကုန်လုံးပြုတ်ပြုတ်ပြုန်းချိန်မှာ ဘဝဆိုတာကို စတင်ဝင်ရောက်ကြမယ့်သူငယ်ချင်းလေးယောက် ပိုက်ဆံရဖို့ရုန်းကန်ရင်း တဇွတ်ထိုးရူးမိုက်ကြပုံတွေကို တွေ့မြင်ခံစားရမယ့်ဇာတ်ကြမ်းကားတစ်ကားဖြစ်ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paingပဲဖြစ်ပါတယ်.....File Size :(900 MB) and (351 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
Cut Throat City(2020)
Adult Life Skills (2016) 6.2
movie
Adult Life Skills (2016)