Channel Myanmar

Drama

Welcome to Sudden Death 2020 4.9
Welcome to Sudden Death 2020 အညွှန်း ဘတ်စကတ်ဘောကွင်းကို အကြမ်းဖက်သမား အုပ်စုတစ်ခုက ဝင်စီးပြီး ဝင်ပေါက်တိုင်းမှာ ဗုံးထောင်ပြီး ငွေညှစ်ပါတယ်။ အဲဒီ ကွင်းမှာ လုံခြုံရေးလုပ်နေတဲ့ ဂျက်ဆီက မရင်းတပ်သားဟောင်း ဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံ ရှိတဲ့လူပါ။ အခု ဒီကစားပွဲကို သူ့ကလေးနှစ်ယောက်နဲ့အတူ လာကြည့်တဲ့အခေါက်ကျမှ တိုက်တိုက်ဆိုင်ဆိုင် အကြမ်းဖက်ရန်နဲ့ လာတွေ့ကြုံရတဲ့အခါ ဖခင်တာဝန်ကျေပွန်အောင်ဖို့အပြင် လူတွေရဲ့ အသက်ကိုကယ်ဖို့ ကြိုးစားရပါတော့တယ်။Welcome to sudden death (2020) ဟာ Die Hard (1988) ရဲ့ အငွေ့အသက်တွေ ပြန်လည်ခံစားရမယ့် အက်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။   File size… 1Gb Quality… Bluray 1080p Format…mp4 Duration….01:21:00 Genre ... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Htet Wai Lwin Encoded by Littleneo
movie

Welcome to Sudden Death 2020

Sex and the City (2008) 5.6
Sex and the City (2008) Sex and the City (2008)==================IMDb Rating - 5.6/10#Unicodeခေါင်းစဉ်ကိုကြည့်ပြီး 21+ ကားထင်နေရင်မှားသွားပါလိမ့်မယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး လာပါပြီ။ နယူးယောက်မြို့သူ ၄ ယောက်ရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအညွှန်း*****************နယူးယောက်မြို့ကြီးကို လူတွေလာကြတာ ၂ ချက်ပဲရှိတယ် အောင်မြင်မှုနဲ့ အချစ် အတွက်ပဲ....လို့ ခံယူထားတဲ့Carrie Bradshaw , Samantha Jones , Charlotte York , Miranda Hobbes တို့ ၄ ယောက်ဟာ အရမ်းခင်ကြတဲ့ squad ဖြစ်ပါတယ်။ သူတို့ခံယူချက်အတိုင်း သက်ဆိုင်ရာ နယ်ပယ်မှာအောင်မြင်မှုကိုရရှိပြီးတဲ့အခါမှာအချစ်စစ်ကို စူးစမ်းရှာဖွေကြရင်းနဲ့ ဘဝရဲ့အလွဲလွဲအချော်ချော်အဖြစ်အပျက်တွေကို ဘယ်လိုထိန်းကျောင်းကျော်ဖြတ်သွားမလဲ ခံစားရမှာပါ ။ သူငယ်ချင်း ၄ ယောက်ရဲ့ Friendship နဲ့ Relationship ကိုတဝကြီးကြည့်ရှုရမှာဖြစ်ပြီးRomance, Drama ...
movie

Sex and the City (2008)

2008
Kajaki 2014 7.1
Kajaki 2014 Kajaki 2014 စစ်ကားကောင်းကောင်းလေးကြည့်မလား ? မျက်စိလည်းမနောက် ၊ ဇာတ်လမ်းလေးလည်းကောင်း ၊ တကယ့်အဖြစ်အပျက်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးမယ်နော် ဒုံးဒုံးဒိုင်းဒိုင်း နဲ့ ပစ်တဲ့စစ်ကားတော့မဟုတ်ဘူးနော် ဒါပေမဲ့ ပါးစပ်အဟောင်းသားနဲ့ကြည့်ရမှာတော့ အာမခံပါတယ်။ မိုင်းထိတဲ့ကားလေးပါ ။ ဇာတ်လမ်းလေးကရိုးပါတယ် ။ ဟိုဘက်ကမ်းကိုသွားဖို့ လမ်းဖြတ်ကူးရမယ်ပေါ့။ အဲ့လမ်းက ဖြစ်ချင်တော့ ဗုံးမြေဖြစ်နေတယ် ။ပေါက် လိုက်တာမှ တအုံးအုံး နဲ့ ။ ပြီးတော့ ကယ်ဆယ်ရေးကိုစောင့်ရင်း ဇာတ်လမ်းကိုအဆုံးသတ်ထားပါတယ်။ ဘာကြောင့် ဒီဇာတ်ကားလေးကို ညွှန်းချင်လည်းဆိုတော့ အဲ့လမ်းမှာဗုံးထိရင်း အချင်းချင်း ရိုင်းပင်းကူညီတဲ့စိတ်ဓါတ်၊ စစ်ဆိုတာ ဘယ်လောက်တောင်အကြပ်ရိုက်လဲဆိုတာကို ဒါရိုက်တာက ပညာသားပါပါ ရိုက်ပြထားပါတယ်။ အဲ့ဒါကြောင့် စစ်ပြန်တွေ အချင်းချင်း အရမ်းရင်းနှီးတယ်ဆိုတာ ဒီလိုအခက်အခဲတွေကြောင့်ဆိုတာ အခုမှသိရတော့တယ်။ စစ်သုံးစကားတွေလည်း ဗဟုသုတအဖြစ်ထည့်ပေး ထားသေးတယ်နော်။ အရမ်းကောင်းတဲ့ကားလေးပါ... ကြည့်ဖို့တိုက်တွန်းပါတယ်နော်....။ ။ Translator : Jo Jo Va Encoder : Thit San Khant Quality : 1080p and 720p Size :1.14 GB and 539MB
movie

Kajaki 2014

2014
Monster Run 2020 4.1
Monster Run 2020 Monster Run 2020 2020 August လကထွက်ခဲ့တဲ့ ဇာတ်ကားလေးတကားတင်ဆက်ပေးချင်ပါတယ် မွန်းစတားလေးတွေပါဝင်တဲ့ချစ်စရာဇာတ်ကားလေးပါ မင်းသမီးလေးကဒီကားရဲ့အဓိကဇာတ်ကောင်ပေါ့ (ကြည့်နေရင်းခင်ဝင့်ဝါနဲ့တောင်ဆင်သလိုလိုပါပဲ) ဇာတ်လမ်းအကြောင်းကတော့ လူ တွေကြားထဲမှာ တခြားကမ္ဘာကရောက်လာတဲ့မွန်းစတားတွေဟာလူတွေမသိအောင် နေထိုင်လျက်ရှိပါတယ် မင်းသမီးလေးကတော့ငယ် ငယ်ကတည်းကဘေးမှာမွန်းစတားတွေလိုက်ကပ်နေတာကိုခံနေရတာပေါ့ သာမာန်လူမမြင်နိုင်တဲ့ဒီသတ္တဝါတွေကိုသူတယောက်ထဲမြင် နေရတော့ အားလုံးကရှောင်ဖယ်ခံရပြီး စိတ်ရောဂါဆေးရုံအပို့ခံရပါလေရောဆေးရုံကဆင်းပြီးနောက် စူပါမားကပ်ဆိုင်တဆိုင်မှာ အလုပ် ဝင်လုပ်နေခဲ့ပါတယ် ဒီလိုနဲ့တညမှာ သူတို့ဆိုင်ကိုမွန်းစတားဖမ်းဖို့ဆိုပြီး ဆရာတစ်ဦးရောက်လာတာကနေသူ့ဘဝအပြောင်းအလဲစတင် ဖြစ်ခဲ့တော့တာပါပဲ ဘာတွေဆက်ဖြစ်မလဲသိချင်ရင်တော့ဇာတ်ကားလေးကို ကြည့်ရှုလိုက်ပါလို့ .... Translator : Nay Chi Encoder :Thit San Khant Quality :1080p and 720p Size : 1.1GB and 509MB
movie

Monster Run 2020

2020
The Binding 2020 4.6
The Binding 2020 Binding 2020 Horror ရုပ်ရှင် တွေကိုမှ ကြိုက်နှစ်သက်ပါတယ် ဆိုတဲ့ သူတွေအတွက် ၂၀၂၀ အောက်တိုဘာလ ကမှNetflix ကထုတ်လွှင့်ခဲ့တဲ့ အီတလီဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာတော့ အီတလီအောက်လမ်းပညာ နဲ့တိုက်ခိုက်ခံရတဲ့ မိသားစု အကြောင်းကို အဓိကထား ရိုက်ကူးထားတာပါတယ် မင်းသား တို့မိသားစု သူ့အမေရဲ့ ခြံထဲကို အလည်ထွက်လာတဲ့အခါမှာတော့ မမျှော်လင့်ဘဲ အောင်လမ်းနည်းပညာနဲ့ အတိုက်အခိုက် ခံခဲ့ရပါတယ် အောက်လမ်း အစီအရင် တွေကို သူတို့မိသားစု ကျော်လွှားနိုင်ပါ့မလား ဆိုတာကတော့.... Netflix ကရိုက်တဲ့ သည်းထိတ် ရင်ဖို ဇာတ်ကားကောင်းတွေထဲက တစ်ခုပါ Imdb ကတော့ 4.7 ရရှိထားပါတယ် ခင်ဗျ Translator : Thu Khant Encoder : Thit San Khant Quality : 1080p and 720p Size : 1GB and 500MB
movie

The Binding 2020

2020
Suk Suk ( 2020 ) 7.1
Suk Suk ( 2020 ) ဒီဇာတ်ကားလေးကတော့ IMDb 7.1, Rotten Tomatioes က 100% အပြည့် ညွှန်းထားပြီး၂၀၂၀ ခုနှစ် ဟောင်ကောင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိထားတဲ့ထိုင်ဝမ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်BL ကြိုက်နှစ်သက်သူတွေအတွက် လာပါပြီနော် BL ကားလေးအခုလတ်တလောမှာ ပရိသတ်တွေနှစ်သက်တဲ့ ငယ်ငယ်ရွယ်ရွယ် BL မျိုးမဟုတ်ဘဲအရွယ်ရောက် Men Love လို့တင်စားလို့ရတဲ့ ML ကားလေးပေါ့နော်ကမ္ဘာပေါ်မှာ ကိုယ့် Gender ကို မိသားစုအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ကလက်ခံလို့ ပွင့်ပွင့်လင်းလင်း ဖွင့်ချခွင့်ရခဲ့တဲ့လူများရှိသလို မရတဲ့လူများလည်းရှိပါတယ်ဖွင့်ချခွင့်မရှိတဲ့ အမျိုးသားအများစုဟာ သာမာန်အမျိုးသားများလိုအိမ်ထောင်ပြုပြီး သားသမီးမြေးမြစ်များနဲ့ မိသားစုများရှိကြပါတယ်တစ်ချို့ကြတော့လည်း အိမ်ထောင်ပြုပြီးမှ မိမိကိုယ်ကိုသိရှိတာမျိုးလည်းရှိပါတယ်လူတစ်ယောက်နဲ့တစ်ယောက် နုပျိုချိန်ကနေ အတူတူအိုမင်းလာလို့မေတ္တာမပျက်ကြတာမဆန်းပေမယ့်အရေးကြောင်းတွေနဲ့အိုနေချိန်မှာမှ တစ်ယောက်ကိုတစ်ယောက်မေတ္တာသက်ဝင်ဖို့ဆိုတာအနည်းငယ်တော့ခက်ခဲပါတယ်ဒီဇာတ်ကားလေးထဲမှာတော့ အိုကလည်းအို ဂေးကလည်းဖြစ်လို့ပတ်ဝန်းကျင်ရဲ့ အကြည့်တွေကိုခံနေရသူတွေအတွက် ဂေးလူအိုရုံတောင်းဆိုကြရင်းသူတို့ချင်းရိုင်းပင်းကူညီမှုတွေနဲ့မိသားစုကိုယ်စီပိုင်ဆိုင်ထားပြီး သားသမီးမြေးမြစ်တွေရဲ့ ဂုဏ်သိက္ခာအတွက်တစ်သက်တာလုံးမိမိရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားရမယ့် လူနှစ်ယောက်ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာ မြင်တွေ့ရမှာပါကြည့်ကြည့်ပါ ရင်ထဲတစ်ခုခုကျန်ခဲ့မှာပါTranslated & Review By Htoo Htoo Ka Joe
movie

Suk Suk ( 2020 )

The Tunnel ( 2019 ) 6.1
The Tunnel ( 2019 ) The Tunnel 2019 ဒီကားလေးကတော့ ၂၀၁၉ ခရစ်စမတ် နေ့က ထွက်ရှိခဲ့တဲ့ နော်ဝေး ဒရမ်မာ သည်းထိတ်ရင်ဖို ကားလေး ဖြစ်ပါတယ် နော်ဝေ နိုင်ငံက ဥမင်တွေ မှာ ဖြစ်လေ့ ရှိတဲ့ အက်ဆီးဒန့် တွေ အကြောင်းကို အခြေခံ ပြီးရိုက်ကူးထားပါတယ် ဒီကားထဲမှာတော့ လူသွားလူလာများတဲ့ ခရစ်စမတ် နေ့ ကြီးမှာမှ ဥမင် အတွင်း မီးလောင် မှုတစ်ခု ဖြစ်ခဲ့ပါတယ် ဥမင် အတွင်းမှာ ရှိတဲ့ လူတွေ ဒီ မီးတော ထဲကနေ ရုန်းထွက်နိုင်ပါ့ မလား ရာသီဥတု အခြေအနေ ကြောင့် ကယ်ဆယ်ရေး တွေ အချိန်မှီ မရောက် နိုင်တဲ့အခါ ဘယ်လို အခက်အခဲ တွေကို ကျော် ဖြတ်ရမ လဲဆိုတာကတော့...... သည်းထိတ်ရင်ဖို ဒရမ်မာကို မှ ကြိုက်တဲ့ ရုပ်ရှင်ချစ် ပရိသတ် တွေအတွက် ကြည့် ပျော် ...
movie

The Tunnel ( 2019 )

2019
Eight Below (2006) 7.3
Eight Below (2006) [Unicode]ဒီဇာတ်ကားကတော့ ကွယ်လွယ်သွားပြီဖြစ်တဲ့ မင်းသားကြီး Paul Walker ရဲ့ကားတွေထဲက အကောင်းဆုံးကားတစ်ကားပါပဲ၁၉၃၈ တုန်းကရိုက်ခဲ့တဲ့ Antarctica ဆိုတဲ့ ဇာတ်ကားကို အခြေခံပြီး Walt Disney Pictures က အကောင်းဆုံး ပုံစံနဲ့ ပြန်လည်ရိုက်ကူးပြထားတာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းJerry ကတော့ National Science Foundation နဲ့ချုုပ်ထားတဲ့ စာချုပ်အရ Antarctica research base မှာ guide လုပ်ပေးနေရသူပါသူ့မှာ အတူတူနေတဲ့ ခွေးလေး ရှစ်ကောင်ရှိပါတယ်National Science Foundationရဲ့ရည်ရွယ်ချက်ကတော့ (Mount Melbourne) ရေခဲတောင်မှာ (meteorite) ကျောက်တွေကို ရှာဖွေဖို့အတွက်ပေါ့တစ်နေ့ သူတို့တွေ ထိုရေခဲတောင်သို့ သွားရောက်ဖို့အတွက် ရေခဲလွှာပါးတာကြောင့် ယာဉ်တွေနဲ့သွားမရပဲ ခွေးရှစ်ကောင်ကို စွတ်ဖားနဲ့ချိတ်ပြီးသွားကြရပါတယ်သူတို့ကအသွား နှင်းမုန်တိုင်းက ဝင်လာတဲ့နောက်...ဒဏ်ရာတွေရပြီး အရေးပေါ်လေယာဉ်နဲ့ ဆေးရုံကို သွားရမယ့်ကိစကဖြစ်လာတော့ သူရဲ့ခွေးလေးရှစ်ကောင်ကို ရေခဲပြင်ပေါ်မှာပဲ သံကြိုးတွေ ခိုင်အောင်ချည်ပြီး ထားခဲ့ရပါတော့တယ်Jerry က ...
movie

Eight Below (2006)

A Fire in the Cold Season (2019) 5.0
A Fire in the Cold Season (2019) A Fire in the Cold Season (2019)========================IMDb Rating - 5.0/10#Unicodeကန္တာရထဲမှာ ရေကြည်တစ်ပေါက်က အေးချမ်းမှုကို ပေးစွမ်းပါတယ်။ ဒီလိုပဲ ဆောင်းတွင်းအေးအေးမှာလည်း မီးတစ်ဖိုက နွေးထွေးမှုကို ပေးစွမ်းပါတယ်။ မုဆိုးတစ်ယောက်နဲ့ မုဆိုးမတစ်ယောက်ရဲ့ တွေ့ဆုံမှုက ဒီဇာတ်လမ်းလေးကို ဖြစ်စေတာပါပဲ။ မုဆိုးကတော့ တောလိုက်မုဆိုး ပါ။ မုဆိုးမကတော့ လင်ယောကျ်ားဆုံးပါးသွားတဲ့ အမျိုးသမီး မိုနာ ပါ။ဒီနှစ်ယောက် ဘယ်လိုဆုံတွေ့ခဲ့ကြတာလဲဆိုတော့ ..... မိုနာရဲ့အမျိုးသား မြစ်ဘေးမှာ လဲကျသေဆုံးနေတာကို မုဆိုးက စတွေ့ခဲ့ပြီး ရဲတိုင်ခဲ့ပါတယ်။ သူ့မှာ တာဝန်ရှိသလို ခံစားရပြီး မိုနာကိုစောင့်ရှောက်ပေးဖို့ ကြိုးစားပါတယ်။ မိုနာ့မှာလည်း ကိုယ်လေးလက်ဝန်နဲ့ ကျန်နေခဲ့တာပါ။မိုနာရဲ့အမျိုးသားဟာ အကြွေးတွေ တင်နေခဲ့ပြီး ဒီအကြွေးတွေကို လူဆိုးတွေက မိုနာ့ဆီလာတောင်းတဲ့အခါမှာတော့ ..... ဆောင်းတွင်းရဲ့မီးတစ်တောက်က ဘယ်လိုမျိုးလဲ ဆိုတာကိုဆက်လက်ကြည့်ရှုကြရအောင်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ August ပဲဖြစ်ပါတယ်။) #Zawgyiကန္တာရထဲမှာ ရေကြည်တစ်ပေါက်က ...
movie


2019
Rebecca (1940) 8.1
Rebecca (1940) မန်ဒါလေ ဆိုတာ အရမ်းကြီးကျယ်ခမ်းနားပြီးတော့ လူတိုင်း အံံ့သြရလောက်အောင် ခမ်းနားပြီး ပို့စ်ကတ်တွေထဲမှာပါသူ့ရဲ့အလှကို ရိုက်ပြီး ရောင်းချရတဲ့ ပင်လယ်အော်ကြီး ဘေးက စံအိမ်ကြီးတအိမ်ပေါ့အိမ်ကြီးရဲ့ အမွေဆက်ခံသူ မစ္စတာ ဒီဝင်းတားနဲ့ ပြင်သစ်တောင်ပိုင်းမှာ ဖူးစာဆုံခဲ့တဲ့ အညတရ မနူးမနပ် ရှပ်ပြာပြာနဲ့မိန်းကလေးတယောက်က မလွှဲမရှောင်သာ ဒီအိမ်ကြီးရဲ့ အရှင်သခင်မဖြစ်လာခဲ့တယ်သူ့ရဲ့ဘဝအစမှာ ခိုကိုးရာမဲ့ခဲ့ပေမယ့် မုဆိုးဖို မစ္စတာ ဒီဝင်းတားရဲ့ မျက်နှာကို တရွာထင်ပြီး မန်ဒါလေကို လိုက်လာခဲ့တာပေါ့အိမ်ကြီးကိုရောက်လာခဲ့တဲ့အခါမှာတော့ ဒုတိယ မစ္စ ဒီဝင်းတားဖြစ်လာခဲ့သူလေးဟာ လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတဲ့ကွယ်လွန်လေသူ ရေဘက္ကာ ဒီဝင်းတားရဲ့ အလှအပတွေ ဉာဏ်ပညာထက်မြက်မှုတွေရဲ့ အတိတ်အရိပ်အောက်မှာရိုးအအ မိန်းကလေးပီပီ ခံစားရသမျှကို မထုတ်ဖော်နိုင်ဘဲ ကျိတ်မှိတ်ခံစားရင်းထူးဆန်းတဲ့ အိမ်ကြီးက အိမ်ကြီးရဲ့ အနောက်ဆောင်က အခန်းတခန်း ထူးဆန်းတဲ့ ပထမဇနီးဟောင်းသေဆုံးမှုတွေကိုဘယ်လို ရှာဖွေတွေ့ရှိမလဲဆိုတာ ရင်ဖိုစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Daphne du Maurier ရဲ့ Rebecca ဝတ္ထုကို ...
movie

Rebecca (1940)

1940
Me and Me(2020) 6.0
Me and Me(2020) Me and Me(2020)ဂင်ဆူယော့က ကျောင်းဆရာတစ်ယောက်ပါ...ရီယောင်းလို့ခေါ်တဲ့ ဇနီးသည်ရှိပြီးထိုဇနီးသည်က ထူးဆန်းတဲ့စိတ်​ေ၀ဒနာကို ခံစားနေရပါတယ်...ကျောင်းဆရာဟာသူ့ဇနီးဖြစ်နေတဲ့ဝေဒနာဟာ တော်ရုံလူသိနိုင်ဖို့ခဲယဉ်းတဲ့ရောဂါမျိုးမို့ ရွာထဲကသူတွေမသိအောင်သိုသိုသိပ်သိပ်နေနိုင်ကြတယ်...တစ်နေ့တော့ ရွာသားတစ်ယောက်သိသွားရာကစပြီး မကြာခင်မှာပဲကျောင်းဆရာအိမ်မီးလောင်ပြီး လင်မယား(၂)ယောက်လုံးဆုံးသွားရှာတယ်...ဒါ့ကြောင့် ရဲတွေဟာ မတော်တဆမှုလား တမင်ကြံစည်မှုလားဆိုပြီး အပူတပြင်းစုံစမ်းပါတော့တယ်...ဘယ်ဟာက အဖြစ်မှန်လည်းဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Han Thu Aye ပဲဖြစ်ပါတယ်..File Size :(907 MB) and (333 MB) Quality : FHDRip 720p Format…mp4 Duration…01:45:00 Genre : Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie

Me and Me(2020)

Monster List ( 2020 ) 6.3
Monster List ( 2020 ) လူနဲ့ မိစ္ဆာကြားက အချစ်ဇာတ်တွေကို ကြိုက်တယ်ဆို ဒီကားလေးကို ကြိုက်ကြမှာပါဒါပေမယ့် ဒီကားလေးကတော့ အမြှီးကိုးချောင်း မြေခွေးမလေးကသူချစ်ရသူကို ဘဝအဆက်ဆက်လိုက်ရှာခဲ့ရပြီးတွေ့တဲ့အချိန်မှာ ချစ်ရသူက တရားကျင့်စဉ် ကျင့်နေသူဖြစ်ပြီးမိစ္ဆာမှတ်တမ်းဆိုတဲ့ မိစ္ဆာကြမ္မာကိုပြောင်းလဲနိုင်တဲ့ စာကြမ်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီးမိစ္ဆာနဲ့ လူ ကြားတရားမျှတမှုကို ယူဆောင်ပေးမယ့် နတ်မင်းဖြစ်လို့နှစ်တစ်ထောင်ကျင့်အား တိုးစေမယ့် မိစ္ဆာတို့အတွက် စားတော်ပွဲဆိုလည်းမမှားသလို မြေခွေးမလေးအသက်ကို နှုတ်ယူနိုင်တဲ့ ကြမ္မာဆိုးဆိုလည်း မမှားပါဘူး...ဒီတော့ ဒီကြမ္မာဆိုးကနေ ဘယ်လို ရှောင်တိမ်းမလဲဆိုတာရယ်ရှောင်တိမ်းလို့ရပါ့မလားဆိုတာကတော့ ဇာတ်လမ်းလေးသာကြည့်လိုက်ကြပေါ့Translated & Review By Chu ChuEncoded By LK
movie

Monster List ( 2020 )

A River Runs Through It (1992) 7.2
A River Runs Through It (1992) [Unicode]A River Runs Through It (1992) ================= IMDb Rating - 7.2နော်မန်မက်ကလင်းဆိုတဲ့ လူတစ်ယောက်ဟာ ငါးမျှားတံကိုင်ပြီး ရပ်နေခဲ့တယ်။ စက္ခုရဲ့တုရှုမှာမြစ်တစ်စင်း။ ရေစီးထဲကိုကြိုးကိုပစ်ထည့်ရင်း ရစ်သမ်တစ်ခုအတိုင်းလက်လှုပ်ရှားနေပေမယ့် သူ့စိတ်တွေက ဒီငါးမျှားတံမှာမရှိတော့ဘူး။ သူရပ်နေတဲ့မြစ်ကမ်းပါးကို ပတ်လည်ဝိုင်းထားတဲ့ တောင်တွေကြားက အလင်းရောင်ဟာ တဖြည်းဖြည်း မှိန်ပြလာတယ်။ ဖြူဖွေးပါးလျနေတဲ့ ဆံပင်တွေဟာ သူဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ်‌‌တွေရဲ့ သက်သေပါပဲ။ သူချစ်တဲ့လူတွေကို သူနှစ်ခါပြန် ချိုးလို့မရတဲ့ မြစ်တစ်စင်းက ခေါ်ဆောင်သွားခဲ့ပြီ။ ရေတွေရဲ့ အသံကို သူ နားစိုက်ထောင်ကြည့်တယ်။ သူ့အဖေ သင်းအုပ်ဆရာ ရီဗားရန့်မက်ကလင်းကတော့ တစ်ခါပြောဖူးတယ်။"ဟိုးတုန်းက ရွှံ‌‌တွေပေါ်ကို မိုးစက်‌တွေကျပြီး ကျောက်တုံးတွေဖြစ်လာခဲ့တယ်။ အတိကျအဆို လွန်ခဲ့တဲ့ နှစ်သန်းငါးရာအကြာတုန်းကပေါ့။ ကျောက်တုံးတွေမဖြစ်လာခင်မှာ ဒီကန်ကြီးရဲ့အောက်ခြေမှာ တကယ်တမ်းရှိခဲ့တာက ဘုရားသခင်ရဲ့စကားလုံးတွေပဲတဲ့" သူတကယ်တမ်းကြားနေရတာကတော့ ဘုရားသခင်ရဲ့ စကားလုံးတွေမဟုတ်ဘဲ သူချစ်ခဲ့တဲ့လူ‌တွေရဲ့ စကားလုံးတွေပါပဲ။ သူ့အဖေပြောနေကြ တရားစာတွေ၊ သူ့ညီလေးပေါလ်ရဲ့စကားလုံးအရိုင်းတွေ၊ သူ့ဘဝရဲ့အချစ်ဂျက်ဆီရဲ့ စကားလုံးချိုချိုတွေ မြစ်အောက်ဘက်ကကျောက်တုံးတွေအောက်မှာ ခိုဝင်နေတဲ့စကားလုံးတွေကို သူကြားနေရတယ်။ ဟိုးအတိတ်နေ့တစ်ရံတစ်ခါဆီတုန်းက ဒီမြို့ကလေးရဲ့နေ့ရက်တွေကို သူပြန်ကြားနေရတယ်။ မြို့လယ်‌ခေါင်က အုတ်ခုံကလေးပေါ်မှာ ထိုင်ခဲ့ကြတဲ့ သူတို့ရဲ့ကလေးဘဝတွေ လူငယ်ဘဝတွေကို သူပြန်ကြားနေရတယ်။ လူဟာ ...
movie

A River Runs Through It (1992)

Marathon (2005) 7.7
Marathon (2005) [Unicode]မွေးရာပါ ဉာဏ်ရည်ချို့ယွင်းအားနည်းသူ ဖြစ်ပေမယ့် အဲ့လိူများစွာထဲကမှ နာမည်ကျော် အောင်မြင်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း...ဇာတ်လမ်းလေးကတော့ ယွန်းချိုဝမ်ဆိုတဲ့ ကောင်လေးဟာ အမေမွေးကတည်းက ဉာဏ်ရည်မမှီတဲကံကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ရပါတယ်အမေဖြစ်သူက သစ်ပင်ကို သစ်ပင်ပါ ၊ ရေကို ဒါက ရေပါဆိုတာကအစ တစ်ခုချင်းပြောသင်ကြားပေးပေမယ့် ချိုဝမ့်ဘက်က ဘာတုံ့ပြန်မှုမှမရှိ မှတ်နိုင်စွမ်းမရှိခဲ့ပါဘူးအဲ့လိုကောင်လေးကို အမေဖြစ်သူက ငယ်ငယ်လေးကနေစ လူပျိုပေါက်ရောက်တဲ့အထိ မျက်စိအောက်က အပျောက်မခံဘဲ ဒုတိယသား အငယ်ကောင်နဲ့ ခင်ပွန်းကိုပါ ဂရုမစိုက်နိုင်သည်အထိ ပြုစုပျိုးထောင်ခဲ့ပါတယ်...တနေ့ ချိုဝမ်ဟာ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲကို ဝင်ပြိုင်တော့ တတိယဆုရခဲ့ပြီး ပျော်ရွှင်နေခဲ့လေရဲ့...ချို့တဲ့နေတဲ့ သားဖြစ်သူက ဆုရခဲ့တဲ့အပြင် ပြေးနေရတိုင်း ပျော်ရွှင်နေတတ်တဲ့ သားရဲ့အမူအယာကို အမေဖြစ်သူက သတိထားမိတဲ့အခါ ချို့ဝမ့်ကို မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နည်းပြဆရာကိုပါ ငှါးပြီး စနစ်တကျလေ့ကျင့်စေခဲ့ပါတယ်မှတ်ဉာဏ်ချို့ယွင်းအားနည်းတဲ့ ကလေးတစ်ယောက်အတွက် မာရသွန်ကမသင့်တော်ဘူး မဖြစ်သင့်ဘူးစတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြား နည်းပြဆရာကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ချိုဝမ်ဟာ ...
movie

Marathon (2005)

Vitalina Varela 2019 7
Vitalina Varela 2019 Vitalina Varela (2019) ဗီတာလီနာ ဗာရီလာဆိုတဲ့အမျိုးသမီးဟာ သူ့ယောင်္ကျားရှိရာပေါ်တူဂီနိုင်ငံကို သူ့ယောင်္ကျားကိုသင်္ဂြိုဟ်ပြီး သုံးရက်အကြာမှာရောက်လာခဲ့ပါတယ် သူမနှစ်၄၀ကြာအောင်စောင့်ဆိုင်းပြီးမှလာခဲ့ရတဲ့ ဒီပေါ်တူဂီနိုင်ငံမှာ သူမအတွက် သွားစရာနေရာ လုပ်စရာအလုပ်များများစားစားမရှိခဲ့ပါဘူး ကွယ်လွန်သူယောင်္ကျားရဲ့အိမ်ရယ်၊ သူမဇာတိမြို့မှာသိကျွမ်းခဲ့တဲ့ သူ့ကြောင့်လူတစ်စုကားတိုက်သေဆုံးပြီးတဲ့နောက်မှာ ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်နဲ့ စိတ်မနှံတော့တဲ့ သင်းအုပ်ဆရာကြီးဆီပဲ သွားဖြစ်ခဲ့ပါတယ် နှစ်၄၀ကြာပြီးမှရောက်လာခဲ့တဲ့ ယောင်္ကျားဖြစ်သူရဲ့ပေါ်တူဂီကဘဝကို သိလိုက်ရတဲ့အခါမှာ နာကျည်းပေမဲ့ ယောင်္ကျားဖြစ်သူကိုသံယောဇဥ်မပြယ်နိုင်သေးတဲ့ မိန်းမတစ်ယောက်ရဲ့ခံစားချက်တွေကို ဖော်ပြထားတဲ့ဇာတ်လမ်းပါ အလင်းရောင်မဝင်ပဲမှောင်မိုက်နေတဲ့ လေးဖက်လေးတန်အုတ်နံရံကာအခန်းတွေရယ်၊ စကားပြောသံတိုးတိုးလေးတွေရယ်ပဲသုံးပြီး ပူဆွေးမှုတွေ​ပေါ်လွင်အောင် တစ်ကားလုံးကိုရိုက်ပြထားတာပဲဖြစ်ပါတယ် Translator - MTA Encoder - Thit San Khant Quality - 1080p and 720p File size - 1.3GB and 900MB
movie

Vitalina Varela 2019

2019
When I Get Home, My Wife Always Pretends to be Dead 6.4
When I Get Home, My Wife Always Pretends to be Dead My Wif Always Pretend To Be Dead 2018 ကျွန်တော်အိမ်ပြန်တဲ့အချိန်တိုင်း မိန်းမကအမြဲသေချင်ယောင်ဆောင်တယ် ....   ဇာတ်ကားရဲ့ခေါင်းစဥ်လေးအတိုင်းပါပဲ ဂျွန်ဆိုတဲ့သူကပထမအိမ်ထောင်နဲ့ကွဲပြီး ချီဆိုတဲ့မိန်းကလေးနဲ့လက်ထပ်လိုက်ပါတယ်   သူတို့၂ယောက်က အိမ်ထောင်ကျပြီး၃နှစ်ပြည့်တဲ့နေ့ကျရင်တစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဥ်နားလည်မှုအပေါ် မူတည်ပြီး   ဆက်လက်တွဲဖို့ မတွဲဖို့ဆုံးဖြတ်မယ်ဆိုပြီး ကတိပြုထားကြတယ်   ၃နှစ်ပြည့်တဲ့အချိန်ကစပြီး ချီက ဂျွန်အိမ်ပြန်လာတိုင်း တစ်နည်းနည်းနဲ့သေချင်ယောင်ဆောင်ပါတော့တယ်   ဓါးဒဏ်ရာနဲ့သေပြလိုက်..မျှားတန်းလန်းနဲ့သေပြလိုက်..   ဂြိုလ်သားတွေသတ်လို့သေဟန်ဆောင်ပြလိုက် အမျိုးမျိုး သေဟန်ဆောင်ပြပါတယ်   ချီကဘာလို့အဲ့လိုလုပ်လည်းဆိုတာ ဇာတ်လမ်းအဆုံးကျမှသိရမှာပါ   အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ ဘယ်လောက်ခက်ခဲလည်း ပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်လေးဘယ်လိုတည်ဆောက်ရမလဲဆိုတာ   ဒီကားလေးကြည့်ပြီးရင် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းချမ်သာသာ ဖြစ်မှာသေချာပါတယ်   ကျွန်တော်အိမ်ပြန်တဲ့အချိန်တိုင်း မိန်းမကအမြဲသေချင်ယောင်ဆောင်တယ် ....   ဇာတ်ကားရဲ့ခေါင်းစဥ်လေးအတိုင်းပါပဲ ဂျွန်ဆိုတဲ့သူကပထမအိမ်ထောင်နဲ့ကွဲပြီး ချီဆိုတဲ့မိန်းကလေးနဲ့လက်ထပ်လိုက်ပါတယ်   သူတို့၂ယောက်က အိမ်ထောင်ကျပြီး၃နှစ်ပြည့်တဲ့နေ့ကျရင်တစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဥ်နားလည်မှုအပေါ် မူတည်ပြီး   ဆက်လက်တွဲဖို့ မတွဲဖို့ဆုံးဖြတ်မယ်ဆိုပြီး ကတိပြုထားကြတယ်   ၃နှစ်ပြည့်တဲ့အချိန်ကစပြီး ချီက ဂျွန်အိမ်ပြန်လာတိုင်း တစ်နည်းနည်းနဲ့သေချင်ယောင်ဆောင်ပါတော့တယ်   ဓါးဒဏ်ရာနဲ့သေပြလိုက်..မျှားတန်းလန်းနဲ့သေပြလိုက်..   ဂြိုလ်သားတွေသတ်လို့သေဟန်ဆောင်ပြလိုက် အမျိုးမျိုး သေဟန်ဆောင်ပြပါတယ်   ချီကဘာလို့အဲ့လိုလုပ်လည်းဆိုတာ ဇာတ်လမ်းအဆုံးကျမှသိရမှာပါ   အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ ဘယ်လောက်ခက်ခဲလည်း ပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်လေးဘယ်လိုတည်ဆောက်ရမလဲဆိုတာ   ဒီကားလေးကြည့်ပြီးရင် ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းချမ်သာသာ ဖြစ်မှာသေချာပါတယ် Translator - Dolly Encoder - Thit San Khant Quality - 1080p and 720p File ...
movie

When I Get Home, My Wife Always Pretends to be Dead

2018
The Most Beautiful Retrograde ( 2020 ) 5.9
The Most Beautiful Retrograde ( 2020 ) အခု ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရတဲ့ ကပ်ဆိုးကြီး ကိုရိုနာ (ခ) ကိုဗစ်ပေါ့ဒါစဖြစ်ခဲ့တာ ဝူဟန်ဆိုတာ အားလုံးသိကြမှပါ။ ဒီဝူဟန်မှာ စဖြစ်ခဲ့တဲ့ကူးစက်ရောဂါကို ဝူဟန်ပြည်သူ ပြည်သားတွေ ဘယ်လိုရင်ဆိုင်ခဲ့ရတယ်ဆိုတာကျွန်မတို့ ရာနှုန်းပြည့် မသိပေမယ့် ဒီကားလေးကတော့ အနီးစပ်ဆုံး ခံစားမိအောင် ရိုက်ကူးထားပါတယ်...ဒီဇာတ်ကားလေးမှာတော့ ဝူဟန်ကူးစက်ရောဂါ ဘယ်ကစတယ်ဆိုတာထက်ဝူဟန်ကနေ တခြား ပြည်ကို ဘယ်လို ပျံ့သွားတယ်ဆိုတာရယ်ဝူဟန်ဆိုတဲ့ မီးခိုးတိတ်တိုက်ပွဲကြီးကို အဖြူရောင်စစ်သည်နဲ့ အစိုးရရဲအဖွဲ့၊နောက်ပြီး အုပ်ချုပ်သူ အစိုးရ၊ နောက်ဆုံးငွေရှင်လုပ်ငန်းရှင်တို့ ဘယ်လိုအချိတ်ဆက်မိမိ ကြိုးစားခဲ့တယ်ဆိုတာကို အနည်းအကျဉ်းဖော်ပြထားသလို...ကူးစက်ခံလိုက်ရတဲ့ မိသားစုတွေခံစားချက်၊ ဘယ်လို အားနည်းချက်ကြောင့်ကူးစက်ခံလိုက်ရတယ် နောက်ပြီး ဘယ်လိုတွေ နေထိုင်သင့်တယ်ဆိုတာလည်း တင်ဆက်ထားပါသေးတယ်...ဒီဇာတ်လမ်းမှာတော့ သံသယပိုးရှိသူ ကို ဖမ်းရင်း အကူးစက်ခံလိုက်ရတာကိုဆေးရုံသွားနောက်ကျခဲ့တဲ့ ရဲမေမလေးအကြောင်း၊ မိသားစုကိုပစ်ပြီးတိုက်ပွဲဝင်နေပေမယ့် တာဝန်ကြောင့် မိသားစုကိုတောင် ဒီရောဂါပိုးအကြောင်း ပြောပြခွင့်မရှိတဲ့ ဆရာဝန်တွေအကြောင်း၊ လူနာကိုကာကွယ်ဖို့ ကြိုးစားရင်းကူးစက်ခံလိုက်ရတဲ့ သူနာပြုဆရာမလေးအကြောင်း...ကိုယ်တိုင်ခံစားရမှ သိနိုင်တဲ့ ခံစားချက်တွေကို ဇာတ်လမ်းကြည့်ရုံနဲ့ သိလိုက်မှာပါ။Translated & ...
movie

The Most Beautiful Retrograde ( 2020 )

Start-Up 2019 6.3
Start-Up 2019 Start Up (2019) အညွှန်း ******************** imdb 6.3 မင်းသားကြီး Ma Dong Seok ပါဝင်သရုပ်​ဆောင်ထားတဲ့ comedy-drama ကား​လေးတစ်ခုကိုတင်ဆက်​ပေးချင်ပါတယ် ဇာတ်လမ်းထဲမှာ ထယ်အီဆိုတဲ့​​ကောင်​လေးဟာ အထက်တန်း​ကျောင်းကထွက်ပြီး က​​လေက​ချေဖြစ်​နေတဲ့​ ဆယ်​ကျော်သက်အရွယ်​ကောင်​လေးတစ်​ယောက်ပါ ဒီအရွယ်မှာ ဖြစ်တတ်တဲ့သ​ဘာဝအတိုင်း မိခင်ဖြစ်သူနဲ့အဆင်မ​ပြေဖြစ်ကာ အိမ်ကသွားထွက်သွားခဲ့ပါတယ် နောက်​တော့ နေထိုင်စား​သောက်ဖို့အတွက် စား​သောက်ဆိုင်တစ်ဆိုင်မှာဝင်လုပ်ခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ ထယ်အီ ရဲ့ မိုက်​ဖော်မိုက်ဖက်သူငယ်ချင်း ဆန်းပယ်ကလည်း အ​ကြွေးရှင်လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ် သူတို့နှစ်​ယောက် အလုပ်ခွင်မှာကြုံ​တွေ့ရမယ့် အဖြစ်အပျက်​တွေက သူတို့ရဲ့ဘဝကို ဘယ်လိုတည့်မတ်​ပေးသွားမလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ် ဒီကားမှာလူငယ်​တွေဖြစ်တတ်တဲ့သ​ဘာဝ​တွေကို​သေချာချပြသွားပြီး တစ်ချို့​ရိုက်ကွက်​လေး​တွေဆို တော်​တော်ကိုမှတ်သားစရာ​လေး​တွေရှိတာကို​တွေ့ရပါတယ် ဒီကားမှာ မင်းသားကြီးရဲ့​မြင်​နေကျဇာတ် ရုပ်​တွေနဲ့မတူညီတဲ့ သရုပ်​ဆောင်မှူ​တွေကို မြင်​တွေ့ရမှာဖြစ်ပြီးတော့ ရီရီ​မော​မောနဲ့ကြည့်ရှုရမှာမို့ သူ့ရဲ့ပရိသတ်​တွေဆိုရင်လက်လွှတ်ခံလို့မဖြစ်ပါဘူး​​နော် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက​တော့- Thet Hnin Hsu ပါ   Translator  - Thet Hnin Hsu Encoder - Thit San Khant File Size -1GB and 500MB Quality - 1080p and 720p
movie

Start-Up 2019

2019
Rebecca(2020) 7.0
Rebecca(2020) Rebecca(2020)အညွှန်း***********************နက်ဖလစ်က ၂၀၂၀ ထဲမှာ တင်ဆက်ထားတဲ့ Rebecca ဆိုတဲ့ဇာတ်ကားလေးဟာ Daphne du Maurier ရဲ့ ၁၉၃၈ခုနှစ်က ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ ဇာတ်လမ်းတခုပဲဖြစ်ပါတယ်... ဒီဇာတ်ကားထဲမှာတော့ အမည်ကို မဖော်ပြထားတဲ့ တကောင်ကြွက် မိန်းကလေးတဦးဟာ လေဒီ တဦးရဲ့ မိန်းမဖော်အဖြစ် ပြင်သစ်တောင်ပိုင်းကို အလည်အပတ် ရောက်သွားတယ်... ကံကောင်းထောက်မစွာ အင်္ဂလန်က လူချမ်းသာတဦးဖြစ်တဲ့ မစ္စတာ ဒီဝင်းတားဆိုတဲ့ မုဆိုးဖိုနဲ့ ဖူးစာဆုံခဲ့ ပြီးတဲ့နောက် မစ္စတာ ဒီဝင်းတားတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့တဲ့ မန်ဒါလေ ဆိုတဲ့ အိမ်ကြီးကို တပါတည်း လိုက်လာခဲ့တယ်....သူမ ဘဝဟာ အစပိုင်းပျော်စရာကောင်းတယ်လို့ထင်ရပေမယ်...မကြာပါဘူးမှုခင်းနဲ့ဆိုင်တဲ့ထူးဆန်းအံအားသင့်စရာ ပြဿနာမျိုးစုံနဲ့ စပြီးကြုံရသလိုဒါတွေကိုဖြေရှင်းပေးဖို့လည်း တာဝန်တွေရှိလာပါတော့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:01:00 Genre :  Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard ...
movie

Rebecca(2020)