Channel Myanmar
Drama
Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie
Pearl Harbor (2001)
2001
Miss India 2020 4
Miss India 2020 ဘ၀မှာယောကျာ်းသားတွေရဲ့အကူအညီမပါပဲအောင်မြင်မှုကိုအရယူချင်တဲ့မိန်းကလေးတွေအတွက် အကြီးအကျယ် motivateဖြစ်စေမဲ့ ဇာတ်ကား Miss India ဟာ အရမ်းကောင်းတဲ့အိန္ဒိယဇာတ်ကားလေးတစ်ကားပါ အဓိကဇာတ်ဆောင်ဖြစ်တဲ့ မာနာဆာဆမ်မျူ့သာဟာ အိန္ဒိယနိုင်ငံရဲ့ပြည်နယ်လေးတစ်ခုက သာမန်လူတန်းစားမိသားစုလေးကပါ ငယ်စဥ္ကတည်းကစီးပွားရေးကို၀ါသနာပါပီး ချစ်ရတဲ့အဘိုးရဲ့ဆုံးမစကားတွေအောက် မှာကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ် နောက်ပိုင်းမှာ ဆမ်မျူ့သာရဲ့အဖေက အယ်ဇိုင်းမားရောဂါရပီးအိမ်စီးပွားရေးအခြေအနေအလှည့်အပြောင်းဖြစ်ပီး USကို ရွှေ့ပြောင်းရပါတော့တယ် USရောက်ပီး နေယာနာနဲ့ ပရီတီဆိုတဲ့သူငယ်ချင်း၂ယောက်နဲ့စနောက်ရင်း ဗီဂျေးလို့ခေါ်တဲ့ကောင်လေးနဲ့စတင်တွေ့ဆုံခဲ့ပေမဲ့ ဘ၀မှာအောင်မြင်မှုမရှိသေးပဲလက် မထပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်လမ်းခွဲခဲ့ရပါတယ် စီးပွားရေးလုပ်ချင်တဲ့အိပ်မက ်ကြောင့်အိမ်ကနေထွက်ပီး ဘ၀ကိုတစ်ယောက်ထဲရုန်းကန်ပီးနောက်ဆုံးမှာ Miss Indiaဆိုတဲ့ လက်ဖက်ရည်brandကို USမှာအခြေချနိုင်ခဲ့ပါတယ် အရင်ကတည်းကနာမည်ကြီးခဲ့တဲ့ KSK ကော်ဖီကုမ္ပဏီပိုင်ရှင်သူဌေးကိုင်လက်ရှ်နဲ့စီးပွားပြိုင်တွေဖြစ်လာပီး နောက်ဆုံး ကိုင်လက်ရှ်က သူမရဲ့သူငယ်ချင်းနေယာနာနဲ့ပေါင်းပီး စီးပွားကျဆင်းအောင်ကြံစည်ကြပါတယ် ဒါပေမဲ့ သူဒီအခက်အခဲကရုန်းထွက်နိုင်အောင်ဘယ်လိုကြိုးစားပီးအောင်မြင်မှုကိုထိန်းသိမ်းနိုင်မလဲဆိုတာ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ် File size… 1.4 Gb / 700 Mb Quality… webrip 720p Format…mp4 Duration….02:16:00 Genre … Drama Subtitle….Myanmar Subtitle (Hardsub) Translated by Zora Yang
movie
Miss India 2020
The Land Before Time VI: The Secret of Saurus Rock 5.9
The Land Before Time VI: The Secret of Saurus Rock THE LAND BEFORE TIME VI Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါ တယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေ အကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ပြထားတာပါ။ ကာတွန်းကားဆိုပေမယ့် …… ကမ္ဘာဦးတုန်းက ...
movie
The Land Before Time VI: The Secret of Saurus Rock
1998
The Winners 2020 6.5
The Winners 2020 Winner 2020 အခုလို ကိုဗစ်ကာလမှာ ပျင်းနေကြပြီလား။အပျင်းပြေအောင် ဆန်းလည်းဆန်း ၊ ရယ်စရာလဲကောင်းတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါ့မယ်။ Comedy အမျိုးအစားဖြစ်ပြီး Chinese IMDBအရ Rating 6.8ရထားတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ရထားတဲ့ ratingနဲ့အညီ နောက်ဆုံးအထိ ရယ်လဲရယ်ရသလို မြုပ်ကွက်တွေကလဲ တကယ်အံသြစရာကောင်းပါတယ်။ အဓိကလူက ယန်ဂျင်။ ဂျင်ဆိုတဲ့ စကားလုံးက တာဝန်သိတတ်မှု၊ အလေးအနက်ထားမှုနဲ့ အသေးစိတ်ကျမှုဆိုပြီ အဓိပ္ပါယ်ရတယ်။ ဒီလိုပါပဲ ယန်ဂျင်တစ်ယောက်ဟာလဲ နာမည်နဲ့အတူ တာဝန်ကျေပွန််တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်းသွားတယ်၊ စည်းစနစ်ကျတယ်။ အဲ့လိုလူတစ်ယောက်ဖြစ်တဲ့ ယန်ဂျင်ဟာ တစ်ရက်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ဓားပြနေရာသရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါလေရော။ ယန်ဂျင်က ဘဏ်ဝန်ထမ်းတစ်ယောက်၊ စစ်ရေးလေ့ကျင်မှုက ဘယ်လိုလဲဆိုရင် တကယ်ဘဏ်ကို ဓားပြအတိုက်ခံရသလိုမျိုး လေ့ကျင့်ရတာ။ ယန်ဂျင်ရဲ့ ဇာတ်ဆောင်နေရာက.... ဓားပြ။ ဘယ်အရာမဆို အသေးစိတ်ကျတတ်တဲ့ ယန်ဂျင််ကတော့ ထုံးစံအတိုင်း ဓားပြတိုက်ဖို့ အစီအစဥ်တွေဆွဲ၊ အကြံတွေထုတ်၊ လေ့ကျင့်ခန်းတွေ လုပ်တာပေါ့လေ။ ရဲတွေကတော့ ဒီတိုင်းပြီးသွားမှာပဲ ဆိုပြီး ...
movie
The Winners 2020
2020
18+ Beauty Salon Special Service 4 (2020)
18+ Beauty Salon Special Service 4 (2020) Special Service 4(2020) 18+ဆိုဇာတ်လမ်းသွားနဲ့ အနုအရွခံစားချင်တယ်ဆိုတဲ့ ဘဒိုတွေအတွက် ကိုရီးယား 18+လေးလာပါပြီ Darksite ကိုရီးယား အားပေးတဲ့ အမျိုးသားထုကြီးအတွက် ဒီတစ်ခါထူးထူးခြားခြား Service ပေးတဲ့ အလှပြင်ဆိုင်လေးနဲ့မိတ်ဆက်ပေး ချင်ပါတယ်။Stay Home မှာဆံပင်တွေရှည်နေလို့ ညှပ်ချင်တယ်ဆိုတဲ့ ဘဒိုတွေ ဒီကားကြည့်ပြီး ဒီဆိုင်မှာပဲ ညှပ်ချင်တယ်ဖြစ်သွားစေရ မယ်။ဇာတ်လမ်းကတော့ ပါလေရာကျော်ကြီးနဲ့ အပေါင်းအပါများရဲ့ ဆံပင်ညှပ်ဆိုင် အလှူပေးရေး ဇာတ်ကြောင်းလေးပေါ့။ဇာတ်လမ်း လေးက ဒီလိုစတယ်။ဧည့်သည်မကျ ဝင်ငွေမကောင်း ဆိုင်လခပေးဖို့အခက်ကြုံနေတဲ့ ဆံပင်ညှပ်ဆိုင်က လုံးကြီးပေါက်လှ သူဠေးမမနဲ့ လက်ထောက်ဂစ်တာရှိတ် ကောင်မလေးတို့က အကြံကုန်ဂဠုန်ဆားချက် အင်တာနက်မှာ ခေတ်စားနေတဲ့ အထူးအစီအစဉ်လေးတစ်ခု လုပ်ပြီး ယောက်ျားလေးဖောက်သည်တွေကို ဆွဲဆောင်ဖို့ အစီအစဉ်စဆွဲပါတော့တယ်။သူရဲ့အထူးအစီအစဉ်ကဘာလဲ ဆိုတော့ ဆံပင်လာ ညှပ်တဲ့ ဘဲတွေကို ဘီကီနီလေးဝတ်ပြီးတော့ ဧည့်ခံကြိုဆိုမယ့်အပြင် After Serviceတွေပါ အပြည့်အဝပေးအုန်းမှာ။ကဲ ဘယ်လိုလဲ ဆံပင်ညှပ်ချင်သွားပြီမလား ငါးကောင်တို့။ကိုရီးယားကားဆို ဇာတ်လမ်းထက်ဆော်လေးတွေပဲစိတ်ဝင်စားတဲ့ ဘဒိုတွေအတွက် ကြည့်ရ တာတန်အောင်ဆော် review လေးပေးခဲ့မယ်။ကိုရီးယားမတွေထုံးစံအတိုင်း ဖွေးအုနေတာတော့ ...
movie
18+ Beauty Salon Special Service 4 (2020)
2020
On the Rocks(2020) 7.0
On the Rocks(2020) On The Rocks (2020) အညွှန်း ****************************** IMDb Rating ........ 7.0/10 Rotten Tomatoes ........ 86%ဒီဇာတ်ကားကတော့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက် မဟုတ်ပါဘူး....ဘာဖြစ်လို့လဲဆိုတော့ ပြင်ပလက်တွေ့ဘ၀မှာ တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာလေးတွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်ပါပဲဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် "မင်းရဲ့နှလုံးသားကို ဘယ်ကောင်လေးကိုမှ မပေးနဲ့"....."တကယ်လို့ လက်ထပ်ပြီးသွားရင်တောင် ငါ့သမီးကအဖေ့အပိုင်ပဲ" လို့ သမီးဖြစ်သူကို ငယ်စဉ်ထဲကပြောထားတဲ့.... အချစ်ကြီးလွန်းတဲ့ ဖခင်တစ်ယောက် ရှိပါတယ်....ဒီလိုနဲ့အချိန်တန်တော့ သမီးဖြစ်သူ လော်ရာ ဟာ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက်မွေးပါတယ်…တစ်နေ့မှာ ယောက်ျားဖြစ်သူက သူ့အပေါ်ဂရုစိုက်မှုတွေ နည်းလာပြီး ခြေလှမ်းတွေပျက်နေတယ်လို့ ခံစားရတဲ့အခါ...လော်ရာ ဟာ သူမအဖေကို အကြောင်းစုံရင်ဖွင့်တိုင်ပင်ပါတော့တယ်....ဒီလိုနဲ့ပဲ ချစ်ရတဲ့သမီးဖြစ်သူရဲ့ အိမ်ထောင်ရေး အခက်အခဲပြေလည်စေဖို့ ဖခင်ဖြစ်သူဟာ ၀င်ရောက်ပြီး စီစဉ်သူ လုပ်ပါတော့တယ်....ထပ်ပြီးပြောရမယ်ဆိုရင် ဒီဇာတ်ကားကငြိမ့်ငြိမ့်လေးနဲ့ ရသပေးတဲ့ ပုံစံမျိုးပါ....လက်တွေ့ဆန်တဲ့ဇာတ်လမ်း ဖြစ်တဲ့အတွက်ကြောင့် တစ်ကားလုံး အဓိဇာတ်ဆောင်နေရာရောက်သွားသလို ခံစားကြရမှာပါ.... နာမည်ကြီးသရုပ်ဆောင်တွေကိုယ်တိုင် ပါ၀င်ထားတဲ့ ဇာတ်လမ်းကောင်းဖြစ်တဲ့အတွက် ခံစားကြည့်ကြပါဦး....ဇာတ်လမ်းအညွှန်းနဲ့ ...
movie
On the Rocks(2020)
The Land Before Time 1988 7.4
The Land Before Time 1988 THE LAND BEFORE TIME REVIEW Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူ တွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေအကြောင်းကို ဇာတ်အိမ်တည် ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ပြထားတာပါ။ ကာတွန်းကားဆိုပေမယ့် ...
movie
The Land Before Time 1988
1988
The Eight Hundred ( 2020 ) 7.2
The Eight Hundred ( 2020 ) IMDB 7.2 ရရှိထားပြီးစစ်ကားကောင်းကြိုက်သူတွေအကြိုက်တွေ့စေမယ့်august 21 2020မှာထွက်လာပြီး Budget $80millionသုံးထားတဲ့တရုတ်ဖြစ်ရပ်မှန် ဇာတ်ကားလေးပါBox office ဝင်ငွေ $451.5million စံချိန်တင်လည်းချိုးထားပါတယ်တရုတ်ပြည်ရဲ့ရှန်ဟိုင်းမြို့ကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်ပင်မတပ်ကြီးပြန်ဆုတ်သွားပေမယ့် ကျန်ရှိနေတဲ့တပ်သား၈၀၀ ရဲ့လက်နက်အင်အားမမျှတဲ့ကြားက အရှုံးမပေးပဲအသက်စွန့်ပြီး ၄ရက်ကြာတိုက်ခိုက်ခဲ့တာကိုဂုဏ်ပြုရိုက်ကူးထားတာပါရှန်ဟိုင်းကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့ဂိုထောင်မှာ အမှတ်၈၈ခေါင်းဆောင်ဦးဆောင်တဲ့တပ်သား၈၀၀အဖွဲ့ဟာတပ်မဆုတ်ပဲ စောင့်ကြပ်ကာကွယ်နေခဲ့ပါတယ်..တိုင်းပြည်ဂျပန်တွေလက်ထဲမရောက်ရဖို့အရေး လက်နက်အင်အားမမျှပေမယ့်အသက်စွန့်တိုက်ခိုက်မှုကြောင့် ဂျပန်တွေက အင်အားသုံးတိုက်ခိုက်ပေမယ့်၄ရက်ကြာ မသိမ်းပိုက်နိုင်ဖြစ်ရပါတယ်.....ဂိုထောင်ရဲ့မြစ်တစ်ဖက်ကမ်းမှာ အဂ်လိပ်တွေကာကွယ်ပေးထားတဲနယ်မြေသစ်မှာပြည်သူတွေ ၄သိန်းကျော်ရှိနေတာပါ.....တရုတ်တပ်သားတွေအသေခံတိုက်ခိုက်နေတာကိုမြစ်တစ်ထက်ကမ်းကပြည်သူတွေရင်နင့်စွာမြင်နေရရင်းဂျပန်ကိုတော်လှန်လိုစိတ်တွေတက်ကြွလာခဲ့ပါတယ်...ဒါပေမယ်လဲ နယ်မြေသစ်ရဲတံတားကိုဖြတ်တာနဲ့ ဂျပန်တွေပစ်သတ်တာခံရမှာပါ....လိုနေတဲ့ရိက္ခာတွေကို အသက်စွန့်ပြီး ပို့ပေးမယ့်သူတွေပေါလာတဲ့အခါ....တပ်သားတွေရဲ့အသက်စွန့်ပြီးရဲဝံ့စွာတိုက်ခိုက်မှုတွေကြောင့်သတင်းစာမှာဖော်ပြခံရပြီးနိုင်ငံတစ်ကာက ချီးမွမ်းခဲ့ကြပေမယ့်လက်နက်အင်အားကြီးနေတဲ့ဂျပန်နိုင်ငံနဲ့ရန်ငြိုးမဖွဲ့လိုလို့ တရုတ်နိုင်ငံကို ဘယ်သူမှတပ်ကူမပေးလိုတဲ့အခါ.....တပ်သား၈၀၀ ကျော်ရဲ့အရှုံးမ ပေးပဲ အသက်စွန့်တိုက်ခိုက်မှုဟာတရုတ်ပြည်သူတစ်ရပ်လုံးကိုနိုးထစေခဲ့ပြီးနောင်တစ်ချိန်ကွန်မြူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာဂျပန်ကိုတစ်ကြိမ်ထဲနဲ့ အပြတ်တိုက်ထုတ်နိုင်ခဲ့ပါတယ်.... Translated & Reviewed By Phyo ZawEncoded By LK
movie
The Eight Hundred ( 2020 )
25th Hour(2002) 7.6
25th Hour(2002) 25th Hour(2002)IMDb...7.6,,,Rotten...78%New Yorkမြို့ပေါ်က မူးယစ်ဆေးရောင်းချသူ မွန်တီဘရိုဂန်လို့ခေါ်တဲ့သူတစ်ယောက်ရှိတယ်...သူဟာ အချိန်အတော်ကြာဒီလောကထဲကျင်လည်ခဲ့ပြီး ပိုက်ဆံတွေတော်တော်များများစုမိဆောင်းလာလို့ပဲလားချစ်သူတစ်ယောက်ရခဲ့လိုပဲလားမသိ... မူးယစ်ဆေးရောင်းချသူအဖြစ်ကနေ နှုတ်ထွက်ပြီး အေးဆေးပဲနေတော့တယ်...အေးဆေးနေတဲ့အချိန်ရောက်မှ တစ်နေ့တော့ရဲတွေ သူ့အိမ်ကိုရောက်ချလာတယ်..ဖမ်းဝရမ်းလည်းပါသလို ပိုက်ဆံတွေမူးယစ်ဆေးတွေကို အလွယ်တစ်ကူရှာတွေ့ပြီးဖမ်းဆီးခဲ့တယ်...ကြည့်ရတာ တစ်ယောက်ယောက်ချောက်ချလိုက်ပုံပါပဲ...ထောင်(၇)နှစ်ကျဖို့ အမိန့်ချပြီး မွန်တီအတွက် တစ်ရက်အချိန်ရခဲ့တယ့်..နောက်နေ့မတိုင်မီဆိုတော့ပြောရရင် ၂၅နာရီပေါ့...ဒီအချိန်အတွင်း သူဘာတွေလုပ်မလဲဆိုတာကိုတော့...ဒီကားထဲက မင်းသားကြီး  Edward Norton ကို အတော်များများသိကြမှာပါ...ဗီလိန်ခန်းဆို ကြည့်နေတဲ့TVပြေးရိုက်ခွဲချင်လောက်အောင် ပီပြင်လှသလို၊ သနားစရာဇာတ်ရုပ်ဆိုလည်း အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်လိုတော်လွန်းလှတာသိကြမှာပါ...ဆုကြီး(၄)ဆုရရှိထားတဲ့ကားမို့ ခံစားကြည့်ကြပါဉီး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်...File Size :(1.04 GB) and (384 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie
25th Hour(2002)
The Craft: Legacy (2020) 5.0
movie
The Craft: Legacy (2020)
2020
The True Adventures of Wolfboy (2019) 6.1
The True Adventures of Wolfboy (2019) The True Adventures of Wolfboy (2019)============================IMDb Rating - 6.1/10#UnicodeIMDB Rating 6.1 ရထားပြီး IT Chapter 1,2 နဲ့နာမည်ကြီးခဲ့တဲ့ လူငယ်သရုပ်ဆောင်လေးJaeden Martell ရဲ့ မြေခွေးလူသား ကားလေးလာပါပြီ။ဇာတ်လမ်းအညွှန်း ********************** မိခင်မရှိဘဲ အဖေနဲ့အတူနေရတဲ့ ပေါလ်ဆိုတဲ့ကောင်လေးဟာ ရောဂါတစ်ခုကြောင့်  ခန္တာကိုယ်တစ်ခုလုံးအမွှေးအမျှင်တွေပေါက်နေပြီး ရိတ်ရင်လည်း နှစ်ဆ ပိုပိုထူလာပါတယ်။ဒီပုံပန်းသဏ္ဍာန်ကြောင့် ရွယ်တူကလေးတွေကြားထဲမှာ လှောင်ပြောင်ခံရ့ပြီး လူတောမတိုးခဲ့ပါဘူး ။ အသက် ၁၃ နှစ်ပြည့်မွေးနေ့မှာပတ်ဝန်းကျင်ရဲ့အတိုက်အခိုက်တွေကို မခံလိုတာကြောင့် အိမ်ပြေးတစ်ယောက်ဖြစ်ခဲ့ပြီး သူတစ်ခါမှမမြင်ဖူးတဲ့ အမေကိုရှာပုံတော်ဖွင့်ပါတော့တယ်။ လမ်းမှာသူ့လိုမျိုး ဆိုးမိုက်နေတဲ့ကလေးတစ်သိုက်နဲ့သူငယ်ချင်းတွေဖြစ်ခဲ့ပြီး အခက်အခဲမျိုးမျိုးနဲ့ကြုံရပါတော့တယ်.... သူ့ရဲ့ ခန္တာကိုယ်အမွှေးအမျှင်တွေကရော ဘာကြောင့်ပေါက်လာတာလဲ....? သူရှာနေတဲ့ မိခင်ကိုရော ရှာတွေ့သွားမှာလား....ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်) #ZawgyiIMDB Rating 6.1 ရထားၿပီး IT Chapter 1,2 နဲ႔နာမည္ႀကီးခဲ့တဲ့ ...
movie
The True Adventures of Wolfboy (2019)
2020
Innocent Thing (2014) 6.1
Innocent Thing (2014) Innocent Thing (2014)=================IMDb Rating - 6.1/10#Unicodeပုံမှန်ကိုရီးယားရုပ်ရှင်တစ်ကားကိုညွှန်းရင် မင်းသားဘယ်သူ မင်းသမီးဘယ်သူဆိုတာက စညွှန်းရမယ်ထင်တယ်။ Innocent Thingရဲ့ Lead Actorက Jang Hyukပါ။ Jang Hyuk ရိုက်တဲ့ရုပ်ရှင်တွေဟာ အရမ်းလန်ပြန်နေတာမျိူး တွေချည်း မဟုတ်ပေမယ့်လည်းမဆိုးတဲ့ ကားတွေပါပဲ။ You are my destinyတို့ Money Flowerတို့Work of Loveတို့လို ပေါက်စီးရီးတွေနဲ့ လူသိများတယ်။ Lead Actress Jo Bo-Ahကတော့ လက်ရှိHotနေတဲ့ vampire diaries Korean versionထဲကပါပဲ။ ဒီကားပြန်ဖြစ်တာသူ့ကြောင့်ဆိုရမယ်။ သူ့ကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားထက်ပိုကောင်းတာဘာမှမရှိ‌တော့ပါဘူး။ ဒီရုပ်ရှင်မှာ သူ့ဇာတ်ကောင်ဟာ ဆရာကိုကြိုက်နေတဲ့ ကျောင်းသူမလေး‌နေရာကပါ။ ဆရာလုပ်တဲ့ Jang Hyukကိုရဖို့ မရမက ဖျားရောင်းတာတွေကို တလှေကြီးမြင်ရမှာပါပဲ။၁၆နှစ်အောက်တော့ မကြည့်သင့်ဘူးပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းကတော့ ရက်ဂီဘောသမားထွက်ဖြစ်တဲ့ ကင်ဂျန်ကီဟာ ယောက္ခမအကူအညီနဲ့ ကျောင်းတစ်ကျောင်းမှာ ကာယဆရာအဖြစ်အလုပ်၀င်လုပ်နေတယ်။ ကျောင်းဆရာဖြစ်ဖို့မသင့်တော်လောက်အောင် ချောလွန်းတဲ့သူ့ရုပ်ကြောင့်တပြည့်မတွေအကုန်လုံးဟာ သူ့ကိုအရူးအမူးဖြစ်နေကြတယ်။ သူ့တပြည့်မတွေထဲက တစ်ယောက်ကတော့ မတူပါဘူး။ သူက ယောင်းအွန်။ ယောင်းအွန်က လိုချင်တာကို ရအောင်ယူတတ်တဲ့ သဘာ၀ရှိတဲ့ ကလေးမပါပဲ။ ဇနီးလည်းရှိ ကလေးလည်းမွေးတော့မယ့် ဆရာကို ရဖို့ ဆင်ကြံကြံဂေါ်ဇီလာကြံအထိကြံကုန်ပါတယ်။ ကင်ဂျန်ကီကလည်း ဒီညွတ်ကွင်းကနေ မရုန်းနိုင်ပါဘူး။ တပြည့်မလေးရယ် သူ့မိန်းမရယ် မွေးတော့မယ့် ကလေးရယ်ကြားမှာ သူအကြပ်ရိုက်လာပါပြီ။ သူရဲ့မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေရဲ့ နောက်ဆက်တွဲမှာ ဘာတွေဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ကြပါ။ဒီရုပ်ရှင်ဟာ နာမည်ကျော် ဂျပန်ရုပ်ရှင် My Rainy Day (2009)ကို တခြားအမြင်ကနေ ရိုက်သွားတဲ့ပုံစံပါပဲ။ ...
movie
Innocent Thing (2014)
Criminal Audition(2020) 6.0
Criminal Audition(2020) Criminal Audition(2020)အခြားသူတွေရဲ့ ပြစ်မှု‌တွေကို အခကြေးငွေယူပြီး ကိုယ်စားဝင်ခံပေးဖို့ ရာဇဝတ်သားအယောင်ဆောင်တွေမွေးထုတ်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့၊ သူတို့အလုပ်က ကြားဝင်လက်လျိုပြီး တရားခံအဖြစ် ဝန်ခံလိုက်ရုံသက်သက်မဟုတ်ပါဘူး။အရမ်းစနစ်ကျပါတယ်။ အမှုတည်ဆောက်တာကနေ တရားစီရင်ချသွားတဲ့အထိအမှုကို စောင့်ကြည့်နေတဲ့လူတွေကြားမှာ ဟာကွက်မရှိအောင် ဇာတ်လမ်းဆင်ကြတာပါ။ဒါပေမဲ့ တနေ့မှာတော့ အရင်အခေါက်တွေနဲ့ မတူတဲ့ အလုပ်အပ်သူ ဖောက်သည်တစ်ယောက်ရောက်ရှိလာတဲ့အချိန်မှာတော့.... အချိုးအ‌ကွေ့‌တွေနဲ့ ဘာတွေဆက်ဖြစ်ပျက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့အတွက် ဆက်လက်ကြည့်ရှူလိုက်ကြပါဦးFile Size :(875MB) and (329 MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre : Comedy, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Thithtoo Zaw Encoded by Phyo Pyae
movie
Criminal Audition(2020)
Lord of Shanghai 2 4.2
Lord of Shanghai 2 Lord of Shanghai (2020) 2016တုန်းကထွက်ခဲ့တဲ့ Lord of Shanghai ရဲ့အဆက်လေးပါ ပထမကားတုန်းက ချန်လီရှုံသေပြီး ဟွမ်ယွီဖေ့က ရှန်ဟိုင်းဘုရင်ဖြစ်လာရာကနေ ဇာတ်ကားအပြီး မှာ ဟွမ်ယွီဖေ့ဗုံးပေါက်ကွဲပြီးသေသွားတာနဲ့အဆုံးသတ်ထားပါတယ် အခုကသူ့ရဲ့နောက်ဆက်တွဲပေါ့ ဘယ်သူကရှန်ဟိုင်းရဲ့ဘုရင်ဆက်ဖြစ်လာမလဲ ရှန်ဟိုင်းဘုရင် နေရာကိုရဖို့အတွက်ဘယ်သူတွေဘယ်လိုကြိုးစားကြမလဲ ရှောင်ယွဲ့ကွေ့နဲ့ဘယ်သူတွေထပ်ပြီပက်သက်ဦးမှာလဲ ပထမကားကိုကြည့်ထားပြီးမှဒီကားကိုကြည့်ရ တာအဆင်ပြေမှာပါ မဟုတ်ရင်ဇာတ်ရည်လည်ဖို့ခက်ပါတယ် ကဲ ၁၉၀၀ပြည့်နှစ်အလွန်ကိုအခြေခံထားတဲ့ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး Translator : Nay Chi Encoder : YK File Size : 1.03GB and 513MB Quality : 1080p and 720p
movie
Lord of Shanghai 2
2020
Spring, Summer, Fall, Winter… and Spring (2003) 8.0
Spring, Summer, Fall, Winter… and Spring (2003) Spring, Summer, Fall, Winter... and Spring (2003)====================================IMDb Rating - 8.0/10#Unicodeဒီနေ့မှာ ဒီနှစ်မှာ ဒီဘ၀မှာ ကြုံရတဲ့ဒုက္ခဝေဒနာသံသရာလို့ ခင်ဗျားတို့ခေါ်ကြတဲ့ ထပ်ဖန်တလဲလဲဖြစ်ပျက်တဲ့ သဘောတရားအတိုင်း ဖြစ်ပျက်နေမယ်ဆိုရင် ဒီဒုက္ခတွေဟာ ရင်ဆိုင်နိုင်စရာရှိပါ့မလား။နွေကန္တာဦးကိုဖြတ်သန်းပြီးတဲ့အခါ ဂိမာနနွေဂိမာနနွေကိုကျော်လွန်သွားတဲ့အခါ ရွက်ကြွေဆောင်းဦး ဆောင်းဦးကိုကျော်လွန်သွားတဲ့အခါ ဟေမန္တဆောင်းပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ဒွန်တွဲလို့ ဒီအရာတွေအားလုံးကို ကျော်လွန်ပြီးသွားတဲ့အခါ နွေကန္တာဦးဟာ ပြန်မွေးဖွားလာပြန်တယ်။အဆုံးမသတ်တတ်တဲ့ သဘောသဘာ၀ရှိပါတဲ့ ဒီသံသရာကြီးမှာ ကျွန်တော်တို့ ခြေလှမ်းတွေနဲ့ထပ်ကြပ်မကွာ အပြစ်၀န်တွေဟာ လေးလံလှစွာ ပါလာတယ်။နွေဦးပြ‌ီးတော့နွေ နွေပြီးတော့ဆောင်းဦ; ဆောင်းဦးပြီးတော့ဆောင်း ဆောင်းပြီးတော့နွေ အားလုံးဟာ ဒီအပြစ်၀န်တွေကို သယ်ကာပိုးကာနဲ့ ရှေ့ဆက်ကြရဦးမယ်။ကဗျာဟောင်းကလေးထဲကလိုဆိုရရင် မာယာတွေရစ်သိုင်းထားတဲ့ လောကဓံတရားရဲ့အောက်မှာ ဘယ်လူသားကမှတော့ ဒဏ်ရာနဲ့ မကင်းခဲ့ပါဘူး။ ကျွန်တော်တို့သယ်ပိုးထားရတဲ့ ဒဏ်ရာတွေကို လွှတ်ချဖို့ အဖြေက အချိန်ပါပဲ။ အချိန်ဟာ အရာအားလုံးရဲ့ အဖြေပါပဲ။ဒီအရာတွေ ဘယ်အချိန်မှာရပ်သွားမလဲ ဒီရင်ထဲမှာချည်နှောင်ထားတဲ့အပြစ်၀န်တွေကို ဘယ်လိုဖြေချရမလဲ ဆိုတဲ့အဖြေကတော့ ကိုယ်တိုင်ရဲ့ ရင်ထဲမှာပဲရှာရမယ်။အဖြေမရှာနိုင်‌သေးသမျှတော့ ...
movie
Spring, Summer, Fall, Winter… and Spring (2003)
2003
The Secret: Dare to Dream 2020 6.4
The Secret: Dare to Dream 2020 ဒီ ဇာတ်ကားလေးကတော့ မိသားစုတစ်စုရဲ့ချစ်ခြင်းမေတ္တာကိုဖော်ကျူးထားတဲ့ ဇာတ်ကားလေးတစ်ကားပါမရန်ဒါအမည်ရတဲ့မုဆိုးမတစ်ယောက်ဟာ ခက်ခဲပင်ပန်းစွာနဲ့အသက် မွေး၀မ်းကျောင်းပြုပီး ကလေး၃ယောက်ကိုပြုစုပျိုးထောင်နေတဲ့မိန်းမတစ်ယောက်ပါတစ်နေ့တော့သူတို့နေတဲ့မြို့ကလေးကို ဟေဇယ်မုန်တိုင်းက၀င်ရောက်တိုက်ခတ်ခဲ့ပါတယ် တိုက်ခတ်လာတဲ့မုန်တိုင်းနဲ့အတူ သူမကို ကူညီပေးတဲ့ ဘရေးအမည်ရတဲ့လူတစ်ယောက် တိုက်ဆိုင်စွာရောက်ရှိလာခဲ့ပါတယ်ဘရေးရဲ႕ ဘ၀သင်ခန်းစာတွေ စိတ်ခွန်အားဖြစ်စေတဲ့စကားတွေကြောင့် စိတ်ပျက်အားငယ်နေတဲ့မိသားစုလေးဟာ အသက်၀င်လာခဲ့ပါတယ်ဒါပေမဲ့ မရန်ဒါရဲ့ယောက္ခမကတော့ ဘရေးကိုသိပ်သဘောမကျခဲ့ပါဘူးနောက်ဆုံးမှာ ဘရေးတစ်လျှောက်လုံးဖွင့်ပြောချင်ပေမဲ့ထုတ်မပြောနိုင်ခဲ့တဲ့ လျို့၀ှက်ချက်တစ်ခုပေါ်ပေါက်လာတဲ့အခါ ဒီအခြေအနေတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်အ့ဒီ့လျို့၀ှက်ချက်ကဘာလဲ သူတို့တွေပေါင်းစည်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်  File size… 1Gb Quality… Webrip 1080p Format…mp4 Duration….01:47:00 Genre ... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Translated by Zhang Yu Yan Encoded by Littleneo
movie
The Secret: Dare to Dream 2020
Midnight Diner 2014 4.9
Midnight Diner 2014 Midnight Diner 2014 ညအလင်းဆိုင်ငယ်လေးတခုမှာလူပေါင်းစုံလာရောက်စားသောက်ရာကနေ ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာပါတယ် ညပိုင်းအလုပ်တက်ရမယ့်သူတွေ၊ အိမ်မှာအဖော်မရှိတဲ့တယောက်တည်းသမားတွေ ၊ညဘက် အစားစားလေ့ရှိသူတွေ၊ အချိန်ပိုဆင်းရသူတွေ စသဖြင့်အကြောင်းမျိုးစုံနဲ့ဒီဆိုင်ကိုရောက်လာကြသူတွေဟာ ပထမဆုံးတခေါက်ဆိုင်မှာဝင်ထိုင်ရင်း အမြဲတမ်းထိုင်ဖြစ်သွားသူတွေလည်းအပုံ တချို့လည်းဖြတ်သွားလို့ဝင်ထိုင်ရင်းနောက်တခေါက်ပြန်ရောက်မလာခဲ့ကြဘူး ဆိုင်မှာထိုင်နေကြဖြစ်သွားသူတွေကတော့ သူတို့ရဲ့အမှတ်ရစရာဇာတ်လမ်းလေးတွေကို ဆိုင်မှာချန်ထားခဲ့တာပေါ့ ဖောက်သည်အချင်းချင်းခင်မင်ရာကနေအဆင့်တက်သွားသူတွေလည်းမနည်း ဒီဇာတ်ကားဟာ လူတဦးတယောက်ထဲရဲ့ဇာတ်လမ်းမဟုတ်ပဲ ဆိုင်လေးဆီလာနေကြဖောက်သည်တွေရဲ့ ဇာတ်လမ်းတိုလေးတွေပါ။ဘယ်လိုပဲပြောပြော ညအလင်းဆိုင်ဆိုတာကတော့ လူသားအားလုံးအတွက် ခဏနားခိုစရာနေရာလေးတခုအဖြစ်အမြဲရှိနေမှာပါ ။ဆိုင်ရှင်ဦးလေးကြီးကလည်းစေတနာအပြည့်နဲ့ လာရောက်စားသုံးသူတွေကို ဧည့်ခံနေဦးမှာပါ ။ဦးလေးကြီးရဲ့ဟင်းပွဲပြင်ဆင်မှုလက်ရာတွေနဲ့ဇာတ်ကားရဲ့ နေက်ခံတီးလုံးတွေကတော့ ပိတ်ရက်ညလိုမျိုးမှာ နားကျပ်တပ်ပြီးကြည့်ရင် အလိုက်ဆုံးပေါ့ ..... Translated by : Nay Chi Encoded by : YK File Size :1.1GB and 561MB Quality : 1080p blueray and 720p
movie
Midnight Diner 2014
2014
Cadaver (2020) 5.1
Cadaver (2020) Horror, Thriller ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ကမ္ဘာလုံး နျူကလီးယားကပ်ဘေးကျရောက်နေတဲ့အတွက် စားစရာနေစရာ ချို့တဲ့အနေတဲ့အချိန်မှာလီယိုနာရာ တို့မိသားစုနေထိုင်တဲ့ နေရာနားကို ပြဇာတ်ကိုလာကြည့်ရင် အစားအသောက်ပါစားရမယ်ဆိုပြီးဇာတ်ပွဲအတွက် လက်မှတ်တွေကို ပေးသလောက်ငွေနဲ့ ရောင်းပေးနေပါတယ်။လီယိုနာရာ နဲ့ သူ့ခင်ပွန်း၊ သမီးဖြစ်သူ အဲလစ်တို့ အဲဒီပြဇာတ်ကိုသွားကြည့်တဲ့အချိန်မှာတော့ ပြဇာတ်ကစင်ပေါ်မှာမကဘဲ ကျင်းပတဲ့နေရာ ဟိုတယ်တစ်ခုလုံးမှာ ကမှာဖြစ်ပြီး ပရိသတ်နဲ့ သရုပ်ဆောင်ကို ခွဲခြားထားတာကတော့ မျက်နှာဖုံးလေးတစ်ခုနဲ့ပါ။မျက်နှာဖုံးတပ်ထားတဲ့သူတွေက ပွဲကြည့်သူတွေဖြစ်ပြီး မျက်နှာဖုံးတပ်မထားတာက သရုပ်ဆောင်တွေပါ။တစ်နေရာတည်းမှာ ကပြတာမဟုတ်ဘဲ ကိုယ်နှစ်သက်ရာ သရုပ်ဆောင်နောက်ကို လိုက်သွားပြီး ကြည့်ရပါတယ်။လီယိုနာရာတို့မိသားစု သူတို့ စိတ်ဝင်စားတဲ့ သရုပ်ဆောင်နောက်ကို လိုက်သွားကြည့်ကြရင်း သမီးလေး အဲလစ် ပျောက်သွားတဲ့အချိန်မှာတော့....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်… File Size : (700 MB) and (350 MB) Quality : NF WEB-DL 720p Running Time : 1hr 26min Format ...
movie
Cadaver (2020)
2020