Channel Myanmar

Drama

Loco (2020) 6.7
Loco (2020) Loco (2020)==========IMDb Rating - 6.7/10#Unicodeဇာတ်လမ်းတည်ဆောက်ပုံက Breaking Bad Series နဲ့ နည်းနည်းဆင်တယ်....BrBa မှာ Meth ချက်ပေမယ့် ဒီကားမှာတော့ လိုကို(Loco) ချက်တာပေါ့။ လိုကိုဆိုတာမူးယစ်ဆေးတစ်မျိုးရဲ့နာမည်ပါ။ မက္ကဆီကို နယ်မြို့လေးတစ်ခုမှာ အကောင်းဆုံး Drugတစ်မျိုးလို့လည်းပြောလို့ရတယ်။ ဒီ မူးယစ်ဆေးလောကထဲကို အဲလက်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို လက်စတာဆိုတဲ့ လိုကိုချက်တဲ့ မူးယစ်ရာဇာတစ်ယောက်ကခေါ်သွင်းခဲ့တယ်( မသိရင် ဝေါ်တာ ဝှိုက်နဲ့ ဂျက်ဆီပင့်မန်းအတိုင်းပဲ)။ အဲလက်စ်တို့အဖွဲ့ဟာ တစ်ဖက်မှာလည်းမူးယစ်လောကမှာ ဘုရင်လို့ပြောလို့ရတဲ့ တလာမိုကိုရှောင်ရပါတယ်။ တလာမိုဆိုတာ နာမည်သာကြားဖူးပြီး ဘယ်သူမှမမြင်ဖူးတဲ့ ဆရာကြီးပေါ့။ အဲလက်စ်ဟာ တလာမိုနဲ့သွားရှုပ်မိပြီးလက်စတာ, တလာမို မူးယစ်ရာဇာ ၂ ယောက်ရဲ့ အားပြိုင်မှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။တလာမိုဆိုတာ ဘယ်သူဖြစ်မလဲ .....အဲလက်စ်တို့အဖွဲ့ရော တလာမိုလက်အောက်က လွတ်နိုင်မှာလား .....ဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်း Climax လို့ပြောလို့ရတဲ့ Ending ပိုင်းမှာwtf လို့ထယောင်မိအောင် plot ...
movie

Loco (2020)

2020
Let Him Go(2020) 7.0
Let Him Go(2020) Let Him Go(2020)IMDb.....7.0ဝါရင့်သရုပ်ဆောင် Diane Lane နဲ့ Kevin Costner ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး IMDB 7/10 ရရှိထားပါတယ်...ဂျော့နဲ့ မာဂရက်ဆိုတဲ့အဘိုးကြီး လင်မယားမှာ တစ်ဉီးထဲသောသားလေးတစ်ယောက်ရှိတယ်...အချိန်တန်အရွယ်ရောက်လို့ သားဖြစ်သူ အိမ်ထောင်ကျပြီး သားယောင်္ကျားလေးရလို့ အဘိုးအဘွားဖြစ်သူတို့အတွက်ပီတိတွေဖြာလို့ပေါ့...သားအချစ်မြေးအနှစ်ဆိုတဲ့အတိုင်း မြေးလေးကိုအရိပ်တကြည့်ကြည့်ပေါ့...တစ်နေ့ မြင်းပေါ်ကပြုတ်ကျပြီး သားဖြစ်သူဆုံးပါးသွားတယ်...နှစ်အနည်းငယ်ကြာတော့ ချွေးမဖြစ်သူလည်းနောက်အိမ်ထောင်ပြုသွားတယ်....မြေးလေးနဲ့ အိမ်မှာပဲနေစေချင်ပေမဲ့ ချွေးမဖြစ်သူလည်း သူ့အားကိုးရာရှာလေတော့အဘိုးအဘွားလင်မယားဟာ မြေးလေးနဲ့ခွဲရတော့တာပေါ့...အဘိုးအဘွားဆိုတာ ပထွေးနဲ့ ဘယ်စိတ်ချပါ့မလဲ..တစ်နေ့ အဘွားဖြစ်သူဈေးသွားတော့ ချွေးမနဲ့သားကို ပထွေးဖြစ်သူကရိုက်နှက်နေတာတွေ့သွားတယ်..အဘိုးအဘွားရဲ့စိုးရိမ်မှုတွေဟာ ပြောမပြနိုင်အောင်ပါပဲ..ဒါ့ကြောင့် မြေးလေးတို့အိမ်လိုက်သွားပေမဲ့အိမ်ပြောင်းသွားကြတယ်...မြေးလေးရဲ့ပထွေးဖြစ်သူဟာ ထစ်ခနဲရှိလက်ပါတတ်ပြီး သဘောထားကျဉ်းမြောင်းတဲ့သူဖြစ်နိုင်တာကြောင့် မြေးလေးကို ပြန်တွေ့ပြီး အိမ်ကိုပြန်ခေါ်ဖို့ ရေဆုံးမြေဆုံးလိုက်ပါတော့တယ်..တကယ်တော့ ဒီဇာတ်ကားဟာ ဆန်းပြားပြီးလှည့်ကွက်တွေပါတဲ့အမျိုးအစားမျိုးမဟုတ်ပေမဲ့မင်းသားကြီး မင်းသမီးတွေရဲ့သရုပ်ဆောင်မှုနဲ့အတူ အဘိုးအဘွားတွေရဲ့ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ကားမို့တော်တော်ကြီးကိုကြည့်လို့ကောင်းပါတယ်...အမလေးငါ့မြေးလေးရဲ့ဆိုပြီး ငိုကြီးချက်မနဲ့ အာဗြဲကြီးနဲ့အော်ငိုနေတဲ့ပုံစံမျိုးတွေမပါဘဲ ခပ်တိုးတိုးစကားသံနဲ့ မျက်လုံးတွေကိုကြည့်ရုံနဲ့ သူတို့ဘယ်လောက်စိုးရိမ်ပြီးမြေးလေးကိုလွမ်းဆွတ်နေလဲဆိုတာ အလိုလိုခံစားရပါတယ်...မြေးလေးနဲ့ပြန်တွေ့နိုင်မလား..တခြားဘယ်လိုအခက်အခဲတွေရော မမျှော်လင့်ဘဲကြုံတွေကြရမလဲဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်... File Size :(900 MB) and ...
movie

Let Him Go(2020)

Power On Girls ( 2020 ) 5.7
Power On Girls ( 2020 ) ဒီတစ်ခေါက်တော့ တရုတ် အိုင်ဒေါလ်မိန်းကလေးအဖွဲ့ တစ်ဖွဲ့ရဲ့ နောက်ကွယ်ကသွေးချွေးနဲ့ အခက်ခဲ အတားအဆီးတွေကို ရသစုံပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။ရသစုံဆိုတာက ဒီလိုပါ။ မိန်းကလေး အိုင်ဒေါလ်ဖြစ်လို့ တဏှာလက်မည်းတွေကအသုံးချဖို့ကြိုးစားနေတဲ့ ပုံရိပ်တချို့၊ မန်နေဂျာနဲ့ အိုင်ဒေါလ်ကြားကဖြူစင်တဲ့ မေတ္တာ၊ အဖွဲ့သားတွေကြား အခွင့်အရေးအတွက် လုယက်တုန်းအထေ့အငေါ့လေးတွေရှိပေမယ့် အရေးကြီးရင် သွေးစည်းသွားတာလေးတွေ။နောက်ပြီး အိုင်ဒေါလ်တိုင်းကြုံရတဲ့ အဆောင်ပြဿနာ၊အကလေ့ကျင့်ခန်းပြဿနာလေးတွေကို ပြိုင်ဖက်အဖွဲ့နဲ့လုရပုံလေးတွေကိုသုံးပြ ဟာသသဘောဆောင် တင်ဆက်ထားပါတယ်။အကုန်မတူပေမယ့် ဒီဇာတ်ကားလေးထဲကလေ အိုင်ဒေါလ်တစ်ယောက်ရဲ့ခက်ခဲတဲ့ လှေကားထစ်လေးတွေကို မြင်တွေ့နိုင်မှာပါ။Translated & Review By Chu ChuEncoded By LK
movie

Power On Girls ( 2020 )

Wet Season (2019) 6.8
Wet Season (2019) Wet Season (2019) ==================   သာယာမှု ၊ နွေးထွေးမှု ၊ နားလည်မှု ၊ စာနာမှု အဲ့ဒါတွေအကုန်ခံစားရစေမယ့် ကားကောင်းလေးတစ်ကားပါ ။ ၁၈ နှစ်ကျော်တာလည်း တစ်ခန်းလောက်ပဲပါပြီး စုံတွဲတွေအဓိကကြည့်သင့်တဲ့ကားလေးလို့ မြင်မိပါတယ်။ ဒါပေမဲ့လည်း ဖိုမသဘာ၀သာပါတဲ့ တခြားသောကားတွေထက် ပိုသာလွန်ပြီး နိုင်ငံရဲ့ စာပေယဉ်ကျေးမှုကိုပါ ခပ်ပါးပါးလေး ထည့်ရိုက်ပေးထားတာမို့လို့ ကြည့်လို့အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားပါ ။ လင်း ဆိုတဲ့ ဆရာမတစ်ယောက်အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားပါတယ် ။ တရုတ်စာကို သင်တဲ့ဆရာမပီပီ အင်္ဂလိပ်မှ အင်္ဂလိပ်ဖြစ်နေတဲ့ ကျောင်းသားတွေ ကျောင်းသားမိဘတွေ တခြားဆရာတွေကို မိခင်ဘာသာတရုတ်စာကအရေးကြီးကြောင်း ရှင်းပြချင်နေတဲ့သူတစ်ယောက်ပါ ။ တစ်ဖက်မှာလည်း သားသမီးမရနိုင်တဲ့ကံကြောင့် အိမ်ထောင်ရေးမှာ သွေးအေးတာကိုခံစားနေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပေါ့ ။ ဆရာမကြောင့် တရုတ်စာကို ပိုကြိုးစားလာချင်တဲ့ ကျောင်းသားလေး ကောင်းဝေလွင် ကတော့ အကောင်းဆုံးဇာတ်ကိုပံ့ပိုးသူပေါ့ ။ ဆရာမရဲ့ ဂရုစိုက်မှု ၊ နွေးထွေးမှု ကြောင့် သူ့ရဲ့ချစ်တဲ့စိတ်တွေ နိုးထလာခဲ့ပြီး ဆရာမနဲ့ကျောင်းသားအကြား ...
movie

Wet Season (2019)

2019
My Teacher, Mr. Kim (2003) 6.4
My Teacher, Mr. Kim (2003) My teacher Mr.Kim 2003 =====================   ကိုဗစ်ကာလမှာ Heartwarming ဖြစ်စေမယ့် ကိုရီးယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။   ကျေးလက်ကဆရာဆိုရင် ဒီဘက်မှာဦးညပုလေးရဲ့မီးအိမ်ရှင်မလေးဆိုတဲ့သီချင်းကိုပြေးမြင်မိမှာပါ။ ဒီထဲကဆရာကတော့   အခုလောက်မရိုးရှင်းပါဘူး ကင်ဘုံဒူဆိုတဲ့ မြို့ပြကဆရာတစ်ယောက်က နာတာရှည်ဖြစ်နေတဲ့အဖေကြောင့်   ကျောင်းသားမိဘတွေဆီက စာအိတ်ကလေးတွေလက်ခံခဲ့ပါတယ်။ တစ်ရက်မှာအလုပ်ထွက်ရဖို့ဖြစ်လာပြီး   အလုပ်လည်းမထွက်ချင်တာကြောင့် လိုအပ်နေတဲ့ကျေးလက်ဘက်က စတိုးဆိုင်တောင်မရှိတဲ့ နယ်ဖျားတစ်နေရာမှာ   ဆရာလုပ်ဖို့ဖြစ်လာပါတယ်။အစကတော့ သူလည်းကျောင်းပြန်ပြောင်းရဖို့အမျိုးမျိုးကြိုးစားပါတယ်။   ဟာသလေးတွေလည်းပါပါတယ်။ ဒီထဲမှာ ဆရာကကလေးတွေကိုသင်ပေးတာထက် ကလေးတွေကပါ   ဆရာ့စိတ်ထားကိုပြုပြင်ပေးသွားတာကို ကြည်နူးဖွယ်တွေ့ရမှာပါ။ ကျေးလက်လူထုနဲ့ စာသင်ကျောင်းတွေ၊   ကျေးလက်ကကျောင်းသားကလေးတွေ၊ အသက်ကြီးပြီး ဇီဇာကြောင်ပေမယ့် သဘောကောင်းတဲ့အဖိုးကြီးတွေ   အထီးကျန်နေတဲ့အချိန်တွေပဲဖြစ်ဖြစ် Heartwarming ဖြစ်စေတာမို့ ကြည့်ကြည့်သင့်တယ်လို့ ထင်ပါတယ်    Translated and reviewed by DoDo Encoded by YK Quality ; 1080p and 720p File Size : 1.2GB and 590MB
movie

My Teacher, Mr. Kim (2003)

2003
Babyteeth 2019 6.9
Babyteeth 2019 ဆယ်ကျော်သက် ကောင်မလေး မီလာ။ အဆင်မပြေတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ ဒီကောင်မလေးမှာ မကြာခင် သေရတော့မယ်ဆိုတဲ့ ရောဂါဆိုးကြီးကလည်း ရှိနေပြန်ပါသေးတယ်။ တစ်ရက်တော့ မီလာက အိမ်ပေါ်ကနှင်ချထားတဲ့ မောစက်နဲ့ စဆုံမိတယ်။ မီလာဟာ သူ့မိဘတွေကို အရွဲ့တိုက်ဖို့အတွက် လူပေလူတေ ဆေးသမားဖြစ်တဲ့ မော့စက်ကို ရည်းစားအနေနဲ့ အိမ်ကို ခေါ်လာခဲ့တယ်။ ဒါပေမဲ့ မီလာဟာ မော့စက်ကို အမှန်တကယ် ချစ်မြတ်နိုးမိသွားတဲ့အခါမှာတော့ မြန်မြန်သေချင်လှပါပြီလို့ ဖြစ်နေခဲ့တဲ့ သူ့စိတ်တွေက ရှင်သန်ချင်စိတ်ဘက်ကို ယိမ်းလာပါတော့တယ်။ ဒီတော့ ဆေးသမားဖြစ်တဲ့ မော့စက်က မီလာ့ကို တကယ်ပြန်ချစ်ပါ့မလား။ မီလာကရော ရောဂါဆိုးကြီးဒဏ်ကနေ လွတ်မြောက်ပါ့မလားဆိုတာကို ကြည့်ရှူခံစားကြည့်လိုက်ကြပါဦးနော်။ Quality – 720p  blurayrip Duration - 1 hr 58 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Comedy Translator ...
movie

Babyteeth 2019

Mookuthi Amman(2020) 6.6
Mookuthi Amman(2020) Mookuthi Amman(2020)နေရာတိုင်းလိုလိုမဟုတ်ပေမယ့် ဘာသာရေးကိုခုတုံးလုပ်ပြီး အကျိုးစီးပွားရှာနေကြတဲ့ဘိုးတော်တုဘိုးတော်လိမ်တွေဆိုတာ အများကြီးရှိကြပါတယ်..အထူးသဖြင့်အိန္ဒိယလိုနိုင်ငံမျိုးတွေမှာဆိုရင် ဒုနဲ့ဒေးပါ...ပိုဆိုးတာကသူတို့ဆီမှာ ကိုးကွယ်စရာနတ်ဘုရားက အများကြီးရှိတဲ့အတွက် ဘိုးတော်တုတွေအတွက်ပိုပြီးဂွင်ဖန်လို့တောင်ကောင်းပါတယ်.. အဲ့ဒီလိုဘိုးတော်တု ဘိုးတော်လိမ်တွေကို ကိုးကွယ်ယုံကြည်ရင်လူတွေ လမ်းလွှဲလိုက်ကြလို့ ငွေတွေမလိုအပ်ဘဲကုန်ကြသလိုတခြားဆိုးကျိုးများစွာလည်းရှိလေတော့ တကယ့်နတ်ဘုရားတစ်ပါးက ဒီဖြစ်စဉ်ကြီးကိုကြည့်မနေနိုင်တော့ပါဘူး..ဒါ့ကြောင့် လူ့ပြည်ကို ပညာပေးဖို့ ဆင်းသက်လာခဲ့ပါတော့တယ်... တစ်ကယ့်နတ်ဘုရားဆင်းသက်လာပြီးနောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ဒီဇာတ်ကားနင်းကန်ရယ်ရသလို တော်တော်လည်း ပညာလေးပေးတဲ့ကားဖြစ်တာမို့ Indiaကားကောင်းကြိုက်သူတိုလက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်...File Size :(1.04GB) and (377MB) Quality : WEB-DL 720p Format…mp4 Duration…02:15:00 Genre : Comedy, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Mookuthi Amman(2020)

Haruko Azumi Is Missing (2016) 6.2
Haruko Azumi Is Missing (2016) Haruko Azumi Is Missing (2016)========================IMDb Rating - 6.2/10#UnicodeJapanese Girls Never Die လို့လည်း ဒီဇာတ်ကားကို ခေါ်ပါသေးတယ်။(သတိပေးချက်။ ။ ဒီအညွှန်းက ပွဲရှာတာ၊ မီးမွှေးတာမဟုတ်ပါဘူး။ အဲဒါကြောင့် တချို့ဓာတ်မတည့်တဲ့သူတွေ ကျော်သွားနိုင်အောင် သတိပေးချက်ရေးပေးတာပါ။ ဒီဇာတ်ကားက မဟာပုရိသဝါဒလက်ကိုင်ထားသူများ၊ ရှေးရိုးစွဲသူများ၊ လိင်ပိုင်းဆိုင်ရာ အယူသီးတတ်ကြသူများ၊ အသက်မပြည့်သေးသူများ၊ အသက်ပြည့်သော်လည်း စိတ်ဓာတ်မပြည့်သေးသူများ၊ လိင်ခွဲခြားဆက်ဆံတတ်သူများ၊ စကားလုံးအသုံးအနှုန်းနှင့်ပတ်သက်၍ ထိရှလွယ်သူများ၊ လူသားအမြင်နဲ့သာမကြည့်တတ်ဘဲ လူ့အသိုင်းအဝိုင်းအမြင်ကိုသာ လက်ကိုင်ထားတတ်ကြသူများ လုံးဝ(လုံးဝ) ကြည့်ရှုရန် မသင့်တော်သောကြောင့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များ ဇာတ်ကားကိုရော အညွှန်းကိုပါ လက်ရှောင်ပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါတယ်ဗျာ။)တံခွန်မရှိတဲ့ ရထားက မတင့်တယ်ဘူးတဲ့ ရထားမရှိတဲ့ တံခွန်ကကျတော့ ဘာဖြစ်လို့ သုံးစားမရတော့တာ ဖြစ်သွားရတာလဲ။ Haruko Azumi ပျောက်ဆုံးနေပါတယ်။ အသက် ၃၀ ပြည့်ခါနီး အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးတစ်ယောက်။ ...
movie

Haruko Azumi Is Missing (2016)

2016
One Little Finger (2019) 7.8
One Little Finger (2019) One Little Finger (2019)==================IMDb Rating - 7.8/10#Unicodeဒီဇာတ်ကားလေးဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ဒရမ်မာအမျိုးစားဖြစ်ပါတယ်၊ အဓိကအားဖြင့် ကိုယ်အင်္ဂါချို့တဲ့သူတွေအပေါ် လူတွေအမြင်ပြောင်းလဲသွားစေမယ့် ဇာတ်ကားမျိုးပါပဲ....ဇာတ်လမ်းအကျဉ်းက‌တော့ အမေရိကန်နိုင်ငံသူ ဦးနှောက် နှင့် အာရုံကြောဆရာ၀န် ဒေါက်တာ ရေနာက ဂီတကုထုံး နှင့် ပတ်သတ်တဲ့ထိရောက်မှုတွေကို သုတေသနပြုချင်လို့ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပါတယ်...သူဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ မသန်စွမ်းကျောင်းမှာ အဆိုပါ ဂီတကုထုံးကို သုတေသနပြုရင်း မသန်ပေမယ့်စွမ်းတဲ့ ဂျီဂျာ အိန်ဂျယ်တို့နဲ့ဆုံတွေပြီး သူတို့ရဲ့မျှော်လင့်ချက်တွေကြိုးစားအားထုတ်မှုတွေကို ပြထားတာဖြစ်ပါတယ် ... ဒီဇာတ်ကားထဲမှာတော့ ဂီတဟာ လူသားတွေကို တစ်သားတည်း‌ဖြစ်စေတတ်ပုံတွေ...မသန်စွမ်းတွေအနေနဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ အနိုင်ကျင့်ခံရတာတွေ ရှိပေမယ့် သူတို့က ဘယ်လို မျိုး လူ့အဖွဲ့အစည်းကို ပြန်ပြီးကောင်းကျိုးပြုနိုင်လဲဆိုတာတွေကို ဖော်ကျူးထားပါတယ်...ဒီဇာတ်ကားလေးဟာ IMDb 7.8/10 ရရှိထားခဲ့ပါတယ်...(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်ကားလေးဟာ ၂၀၁၉ ခုနှစ်မှာ ...
movie

One Little Finger (2019)

2019
Embattled(2020) 7.0
Embattled(2020) Embattled(2020)2020 ထဲမှာထွက်ရှိခဲ့တဲ့ အက်ရှင် ဒရာမာ အမျိုးအစားဇာတ်ကားဖြစ်ပါတယ် MMA Caged Fights တွေကိုအခြေတည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်လို့ လက်ဝှေ့ပွဲပရိတ်သတ်တွေ နှစ်သက်ကြမယ်ထင်ပါတယ်...ကတ်ရှ်က MMA မှာ ဘုရင်လို့တောင် တင်စားခံရတဲ့ ထိတ်ထန်း ဖိုက်တာတစ်ယောက်ပါ....၃၇ပွဲမှာ တစ်ပွဲသာရှုံးနိမ့်ဖူးတဲ့ ဖိုက်တာာတစ်ယောက်ပေါ့..တကယ်တော့ သူဟာ ကလေး(၂)ယောက်ရှိခဲ့ပြီး အမျိုးသမီးနဲ့ အဆင်မပြေလုိ့လမ်းခွဲခဲ့ပြီးနောက်မှအောင်မြင်လာတဲ့သူပါ..ယခုလည်းနောက်အိမ်ထောင်ပြုလိုက်ပါပြီ...ပထမအိမ်ထောင်နဲ့ရခဲ့တဲ့သားကြီး ဂျက်ကတော့အောင်မြင်လာတဲ့သူ့အဖေကိုအားကျပြီး MMAလောကထဲကို ဝင်ရောက်ဖို့ကြိုးစားလာပါတယ်..ကတ်ရှ်က သူ့သားအောင်မြင်ဖို့ ကူညီပေးပြီး ထရိန်နာတွေနဲ့ ကူညီပေးပါတယ်...အဲ့ဒီနောက် သားဖြစ်သူ ဂျက်တစ်ယောက် လက်စောင်းလေးထက်လာပြီး MMAလောကအကြောင်းနဲ့သူ့အဖေအကြောင်းတွေသိလာရတဲ့အချိန်မှာတော့...ဘယ်လိုတွေဆက်ပြီး ပွဲတွေကြမ်းမလဲဆိုတာကိုတော့..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်...File Size :(928MB) and (333MB) Quality : WEB-DL 720p Format…mp4 Duration…01:57:00 Genre :  Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Embattled(2020)

(18+)Tiger Woman 2015
(18+)Tiger Woman 2015 Tiger Woman 2015 ================== dsပေ့ချ်ကို အသစ်တဖန်ပြန်လည်ဖွင့်တဲ့အနေနဲ့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ သမန်းကျားမလေးကားပါပဲ. ဇာတ်လမ်း အကျဉ်းကတော့ ယောကျာ်းတွေဆို ကြောက်ရွံ့နေတတ်တဲ့ နီယာလေးကို သူငယ်ချင်းမလေးတွေက ကုသိုလ်လည်းရ ဝမ်းလည်းဝအောင် ခပ်တောင့်တောင့် ဘဲတွေကို ခေါ်ပြီး သူတို့လဲစားမယ် နီယာလေးလဲ ပျော်စေရမယ်ဆိုပြီး အပန်းဖြေစခန်း တစ်ခုဆီ ခေါ်သွားတာကနေ ဇာတ်လမ်းကစတာပါပဲ. နီယာလေးဟာ ယောကျာ်းတွေကို လွယ်လွယ်အကပ်မခံတာကြောင့် သူတို့တွေ အကြံအိုက်နေတုန်း ဒီကိုခေါ်လာတာဟာ သူ့ရဲ့ အပျိုရည်ကို ဖျက်ချင်ရုံသက်သက်ပဲဆိုတာကို နီယာလေးသိလိုက်ချိန်မှာတော့ ဝမ်းနည်းပက်လက်ဖြစ်ပြီး တောထဲကို စိတ်ရူးပေါက်ပြီး လျှောက်သွားပစ်ခဲ့ပါတယ်. တောထဲက ချောင်းတချောင်းမှာ မိန်းမတစ်ယောက် မိမွေးတိုင်း ရေချိုးနေတာကို သူမ မြင်သွားပြီး ကြည့်နေချိန်မှာ အဲ့ဒီမိန်းမက သူ့အနားကို ရောက်လာပြီး သူ့ကို လက်စားချေနိုင်အောင် ကူညီပေးခဲ့ပါတယ်. သူမ ဘယ်လိုလက်စားချေမလဲဆိုတာကို ကြည့်ချင်စဖွယ် ဇာတ်ကွက်တွေနဲ့ ဆွဲဆောင်ထားပြီး နီယာ့ သူငယ်ချင်းမလေးတွေရဲ့ ဆွဲဆောင်မှုပြင်းအားကလဲ 9+ဖြစ်တာကြောင့် dsဖန်တွေ လက်မလွှတ်သင့်ကြောင်း သတင်းကောင်းပါးရင်း တင်ဆက်ပေးလိုက်ရပါတယ်. 18+ warningဖြစ်တာကြောင့် ၁၈နှစ်မပြည့်သူများကလွဲရင် လူမျိုးဘာသာမရွေးကြည့်ရှုနိုင်ပါတယ်ဗျာ.   Released: 01 Jan 2015 (5 years ago)  Genre: Thriller Adult  Countries: Thailand  Languages: Thai Translated ...
movie

(18+)Tiger Woman 2015

2015
Ayyappanum Koshiyum(2020) 7.9
Ayyappanum Koshiyum(2020) Ayyappanum Koshiyum(2020)IMDb...7.9အိုက်ယာပန်နိုင်းယားလို့ခေါ်တဲ့ ဉပဒေကိုယ်တိုင်လိုက်နာသလို သူစည်းကမ်းတင်းကြပ်တာကိုအမြဲတမ်းဂုဏ်ယူခဲ့တဲ့ နယ်မြို့လေးရဲ့အချစ်တော်seniorရဲအရာရှိတစ်ယောက်ရှိတယ်...စာအုပ်ကြီးသမားဖြစ်လို့ သူ့ကိုရှိန်ကြသူတွေလည်းအတော်များတယ်...တစ်နေ့မှုခင်းတစ်ခုမှာ လူတစ်ယောက်ဖမ်းဆီးလိုက်တယ်...ဉပဒေအရ အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်..သို့ပေမဲ့ အကျင့်ပျက်ချစားမှုတွေများလှတဲ့ ဒီနိုင်ငံမှာ သူဖမ်းလိုက်တဲ့သူကြောင့် နောက်ဆက်တွဲပြဿနာတွေဖြစ်လာပြီးရာထူးက အနားခံရတဲ့အပြင် ယူနီဖောင်းချွတ်ပြီးအရပ်သားအဖြစ်ပါပြောင်းခံလိုက်ရတယ်...ကျားနာတစ်ကောင်လိုဖြစ်လာတဲ့သူဟာ"မျက်လုံးတလုံးအတွက်မျက်လုံးတလုံး" "သွားတချောင်းအတွက်သွားတချောင်း"ဆိုတဲ့  စိတ်ရိုင်းတွေဝင်လာတဲ့အခါမှာတော့...သူဘယ်လိုတုန့်ပြန်မလဲဆိုတာကိုတော့...India ကားကောင်းတွေနင်းကန်ကြိုက်သူတို့အဖို့ လက်မလွှတ်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Yoonwahwah Theint ပဲဖြစ်ပါတယ်....File Size :(1.35GB) and (505MB) Quality : WEB-DL 720p Format…mp4 Duration…02:57:00 Genre :  Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie

Ayyappanum Koshiyum(2020)

The Princess Switch: Switched Again(2020) 6.0
The Princess Switch: Switched Again(2020) The Princess Switch: Switched Again(2020)ဒီကားက The Princess Switch (2018) ရဲ့အဆက်ပါ...လူကြိုက်များပြီး ပေါက်လို့ 2020မှာSwitched Againဆိုပြီး ဆက်ရိုက်ကူးထားတာပါ...2018ကို ကြည့်ပြီးသားသူက ပြဿနာမရှိပေမဲ့မကြည့်ရသေးဘဲနဲ့တော့ ဒီကားကိုသွားကြည့်ရင် ခေါင်းမူးသွားမှာမို့ ၂၀၁၈ ကိုအရင်ကြည့်လိုက်ပါ...ဘုရင်စနစ်အုပ်ချုပ်တဲ့ ဘယ်ဂရေးဗီးယားနိုင်ငံ နဲ့ မွန်တဲနားရိုး နိုင်ငံ(၂)ခုရှိတယ်...မာဂရက်ဆိုတဲ့ကောင်မလေးက မွန်တဲနားရိုး နိုင်ငံရဲ့မင်းသမီးလေးပေါ့...၂၀၁၈ က ကားထဲမှာ ရုပ်ချင်းလုံးဝတူတဲ့သာမန်အရပ်သူလေးစတေးစီ နဲ့  မွန်တဲနားရိုးနိုင်ငံက မင်းသမီး မာဂရက်တို့ဟာလူချင်းခဏချိန်းရင်း နောက်ဆက်တွဲအနေနဲ့ သာမန်အရပ်သူလေး စတေးစီဟာ Belgravia နိုင်ငံက မင်းသားနဲ့အိမ်ထောင်ကျသွားရင်တော်ဝင်မိသားစုဖြစ်သွားတယ်....မင်းသမီးမာဂရက်ကတော့ အရပ်သားနဲ့ချစ်ကြိုက်ရင်း သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားပေမဲ့သူ့မရဲ့ Montenaro နိုင်ငံက ဘုရင်မ အရာကိုဆက်ခံဖို့အကြောင်းဖန်လာတဲ့အခါ သာမန်အရပ်သားချစ်သူနဲ့ပြတ်သွားတယ်..ဒါကို သိလို့မနေနိုင်တဲ့ စတေးစီက ကူညီဖို့ ကြိုးစားရင်း ၂၀၂၀ဇာတ်လမ်းကိုစထားပါတယ်...၂၀၁၈ ကားကိုမကြည့်ရသေးတဲ့သူတွေအဖို့ အညွှန်းဟာ အနည်းငယ်ရှုတ်ထွေးနိုင်လို့ ဇာတ်ကားကြည့်လိုက်ရင်တော့သဘောပေါက်သွားပါလိမ့်မယ်..ဒီကားက ဇာတ်လမ်းလေးလည်းကောင်းသလို စိတ်လှုပ်ရှားစရာ Twistလေးတွေလည်းပါလို့ကြည့်ရအတော်ကောင်းပါတယ်...ဆောင်းရာသီရဲ့လှပတဲ့ရှုခင်းတွေခံစားရင် ပျော်ရွှင်ဖွယ်ဒီဇာတ်လမ်းကိုကြည့်ရှုရင်းStay Home ...
movie

The Princess Switch: Switched Again(2020)

Wild Grass 2020 4.9
Wild Grass 2020 Wild grass 2020 =====================   Drama & romance အမျိုးအစားဇာတ်ကားတခုကိုတင်ဆက်ပေးချင်ပါတယ် ကောင်မလေးနှစ်ယောက်နဲ့ကောင်   လေးတယောက် စုစုပေါင်းသုံးယောက်ရဲ့ဘဝသုံးခုကို ဇာတ်လမ်းထဲမှာတမျိုးစီကနေပေါင်းသွားတဲ့ပုံစံကို1990ခုနှစ်   နောက်ခံနဲ့ရိုက်ပြထားပါတယ် (အဆုံးသတ်မှာမင်းသားမင်းသမီးညားတာလိုချင်တဲ့သူတွေအတွက်ကတော့   ဒါဟာဘဝအကြောင်းကိုရိုက်ပြထားတာလို့ပြောပါရစေ)   - ယွင်ချောင်ဟာ အမေနဲ့အမဆီကနေမြို့ကြီးကိုသွားပြီးရုပ်ရှင်တွေထဲကလိုဘဝကိုဖြတ်သန်းချင်သူ   - လီမိုင်ကတော့ အကကိုဘဝထက်ရူးသွပ်ပြီး ဂျပန်ထိတောင်သွားရောက်ကပြချင်သူ   - ဖုန်း ဆိုတဲ့ကောင်လေးကတော့ အကိုကိုအရမ်းချစ်ပြီး ဘေးအိမ်က အကကျင့်နေတဲ့   ကောင်မလေးကိုခိုးခိုးကြည့်ကာချစ်နေရသူ သူတို့ရဲ့အိပ်မက်ကိုယ်စီဟာ   သူတို့မျှော်လင့်သလိုလက်တွေ့ဖြစ်လာခဲ့မလားသိချင်ရင်တော့ဆက်လက်ကြည့်ရှုပေးကြပါဦ:    Translated by : Nay Chii Encoded by : YK
movie

Wild Grass 2020

2020
Spring Tide(2019) 6.7
Spring Tide(2019) Spring Tide2019 =============    မိသားစုတစ်ခုကို နိုင်ငံရေးနှင့်ယှဉ်ပြီး ရိုက်ပြတဲ့ကားကိုပြပါဆို ဒီကားလေးကို လက်ညှိုးထိုးရမှာပါပဲ ။   ဘာလို့လဲဆိုတော့...ဒီဇာတ်ကားထဲမှာပါတဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီက   ပြောသွားတဲ့စကားလုံးတိုင်းက သာမာန်မိသားစုတစ်ခုမှာပြောတာထက်ကို ပိုပြီးလေးနက်လို့ပါပဲ။    ဉပမာ... နင်က သတင်းသမားဖြစ်ပြီး နိုင်ငံကိုအာခံတယ်ပေါ့... အဲ့ဒါက   ငါ့အိမ်မှာနေပြီး နင်ကငါ့ကို ပြန်ပြီးအာခံတာနဲ့အတူတူပဲ   အာခံချင်ရင် ငါ့အိမ်မှာမနေနဲ့... ကဲ ဘယ်လိုထင်ပါသလဲ ပရိသတ်ကြီး ?   ဘာသာပြန်သူအထင်ကတော့ ကွန်မြူနစ်နဲ့ ဒီမိုကရေစီ ကိုပါးပါးလေး ရိုက်ပြနေသလိုပဲ ။   တရုတ်ဆိုတာက ဆင်ဆာလည်းကြမ်းတယ်မလား ။ အဲ့တော့ ပါးပါးလေးနဲ့ပဲ ထည့်သွားတာ ။    အမေကြီးကတော့ အရင်စနစ်နဲ့တိုင်းပြည် ၊ သမီးကတော့ တော်လှန်ချင်တဲ့သူ၊   မြေးကတော့ အမေနဲ့သမီးက ပုံသွင်းချင်တဲ့ ပြည်သူလေးပေါ့ ။    အဲ့လိုမတွေးဘဲ ပုံမှန် မိသားစုကားလေးလို့ သတ်မှတ်ပြီး   ကြည့်ရင်လည်းအဆင်ပြေပါတယ်ဗျာ.....   Translated by Jojova Encoded by YK
movie

Spring Tide(2019)

2019
The Lookout(2007)
The Lookout(2007) The Lookout(2007)အညွှန်း***********************IMDb....7.0Rotten tomatoes....87%Chrisဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် ဆယ်ရက်လောက် ကိုမာဝင်ခဲ့ပြီး အတိတ်မေ့ရောဂါရခဲ့ပါတယ်....ဒီယာဉ်တိုက်မှုရဲ့အဓိက တရားခံဟာ သူကိုယ်တိုင်ဖြစ်ပြီး ကားပေါ်ပါတဲ့သူငယ်ချင်းတွေဆုံးပါးခဲ့တဲ့အတွက်ယူကြုံးမရဖြစ်ပြီး သူ့အမှားဆိုတဲ့ စိတ်ကြီးနဲ့ပဲ အပြစ်တင်ရင်းနေလာခဲ့တယ်....သူရဲ့တစ်နေ့တာလုပ်ငန်းစဉ်ကိုတောင် မမှတ်မိနိုင်တဲ့ Chrisအတွက် ဘဝမှာ အဆင်မပြေမှုတွေ များခဲ့တယ်...ဘဏ်တစ်ခုမှာသန့်ရှင်းရေးလုပ်ရင်းတစ်နေ့တာကို ခက်ခဲလေလွင့်စွာဖြတ်သန်းနေရတယ်...တစ်နေ့တော့ အကြီးစားဘဏ်ဖောက်မှုကျူးလွန်တဲ့သူတွေဟာအမာခံတစ်ယောက်ရအောင် သူ့ကိုချဉ်းကပ်လာပြီးဘဏ်ဖောက်ဖို့ စည်းရုံးသိမ်းသွင်းလာတဲ့အခါမှာတော့....ဘဏ်ဓားပြကားတွေကြိုက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်... File Size :(926 MB) and (352MB) Quality : Blu-Ray 720p Format…mp4 Duration…01:39:00 Genre : Crime , Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie

The Lookout(2007)

Times & Measures (2020) 4.3
Times & Measures (2020) Times and measures (2020) =====================    ဒီကားကတော့ ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားပါ    ကော်ရီနာက Single Mother တစ်ယောက်ပါ    ယောကျာ်းဖြစ်သူ ဒက်စ် နှစ် ၂၀ ပေါင်းသင်းပြီးတော့ သူတို့မိသားစုကို ထားသွားခဲ့တယ်    သူ့ဆီမှာ မယ်လ်လို့ခေါ်တဲ့ ၁၇ နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်    ၁၇ နှစ်အရွယ်သမီးလေးကို ပြုစုစောင့်ရှောက်ဖို့အတွက် ကော်ရီနာဟာ    အလုပ်တွေလိုက်လျှောက်ခဲ့ပေမယ့် အလုပ်မရခဲ့ပါဘူး    နောက်ဆုံးတော့ အကြွေးတွေ နစ်လာတဲ့အခါမှာ ကော်ရီနာတစ်ယောက်    ဘယ်လိုဖြေရှင်းခဲ့သလဲ ဒက်စ်ကရော သူတို့ဆီပြန်လာမှာလားဆိုတာ စိတ်ဝင်စားစရာကောင်းကောင်းနဲ့    ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ခုပါ    Drama, Thriller အမျိုးအစား ဖြစ်ပေမယ့်လည်း    ကြောက်စရာကောင်းတဲ့အခန်းတွေ သိပ်မပါလို့ ကြောက်တတ်ပြီး    သည်းထိပ်ရင်ဖို့ကားကြည့်ချင်တဲ့ ‌လူတွေအတွက်ကတော့ ကွက်တိပါပဲ     Translated By Paxton Encoded by : YK  
movie

Times & Measures (2020)

2020
Red Post on Escher Street 2020 7.6
Red Post on Escher Street 2020 Red Post On Escher Street ====================== ကိုယ်တို့ဟာ ရုပ်ရှင်တွေကြည့်ကြတယ် ရုပ်ရှင်ကားဖန်တီးမှုကိုတော့ မကြည့်ဖြစ်ကြတာများပါတယ် ရုပ်ရှင်ကားတွေထဲမှာ လက်တွေ့ဘဝကိုရိုက်ပြကြပေမယ့် ဒီကားကတော့ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ဘဝတွေကိုပုံဖေါ်ပြထားတာဖြစ်ပါတယ် ဒါရိုက်တာတကယ်ပြချင်တာကတော့ ကိုယ်တို့တွေရဲ့စိတ်တွေကိုဖေါ်ပြချင်တာဖြစ်နိုင်ပါတယ် ပေါ့ပေါ့လေးကြည့်ရင် ခပ်ပေါ့ပေါ့ကားလေးပါပဲ တွေးယူရင်တော့ တွေးယူသလောက် နက်နဲတဲ့ကားလေးပါ ဂျပန်တွေရဲ့ထုံးစံအတိုင်း တခြားသူတွေနဲ့မတူညီတဲ့ပြသပုံနဲ့ ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ ကိုယ်ကတော့ ကြည့်ရင်းက ကိုယ့်ဘဝကိုပါ ကိုယ်ပြန်တွေးဖြစ်ပါတယ် ကိုယ့်ဘဝနဲ့ကိုယ်နေလာခဲ့တာ အရံအဖြစ်နဲ့လား ဇာတ်ဆောင်အဖြစ်နဲ့လားပေါ့ သူများဘဝမှာ ကိုယ်ဟာ အရံဖြစ်ပေမယ့် ကိုယ့်ဘဝမှာတော့ ကိုယ်ဟာ ဇာတ်ဆောင်အဖြစ်နဲ့ တောက်ပနိုင်ပါတယ် ခံယူချက်လေးပဲလိုတာပါ ဟုတ်တယ်မဟုတ်လား ပရိတ်သတ်ကြီးလည်း ဒီကားလေးကြည့်ရင်းက အတွေးတွေနယ်ချဲ့လိုက်ပါဦး Translator : Thinzar Htet Encoder : Thit San Khant Quality : 1080p and 720p File Size : 1.55GB and 759MB
movie

Red Post on Escher Street 2020

2020
Farewell Song (2019) 6.9
Farewell Song (2019) Farewell Song 2019 ================ ဟရု နဲ့ လီယို ဆိုတဲ့ကောင်မလေးနှစ်ယောက်က အမှတ်မထင်တွေ့ရင်းက ဟရုလီယိုဆိုတဲ့ တီးဝိုင်းလေးတစ်ခုဖြစ်လာတယ် အောင်မြင်လာတာနဲ့အတူ အဆင်မပြေမှုတွေပါတွေ့ရင်း ဘယ်လိုဆက်ဖြစ်မလဲ နာမည်ကြီးမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Na Na လေးနဲ့ Mugi Kadowaki က ဟရု နဲ့ လီယို အဖြစ်သရုပ်ဆောင်ထားပါတယ် တီးဝိုင်းအဖွဲ့ဝင်တွေကြားက ချစ်ခြင်းမေတ္တာတွေရယ် သံယောဇဉ်တွေရယ် ကြိုးစားအားထုတ်မှုတွေရယ် စိတ်အားထက်သန်မှုတွေရယ် သီချင်းချိုချိုလေးတွေရယ်ကို အားရပါးရကြည့်ရမှာပါ ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း ပါးပါးလှပ်လှပ် ပေါ့ပေါ့ပါးပါးလေးပဲရိုက်ပြထားပါတယ် သီချင်းတွေလည်းအရမ်းကောင်းလို့ သေချာလေးရေးပေးထားတာမို့ ဒေါင်းပြီးတော့ ကြည့်ရှုခံစားလိုက်ပါဦး အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ ThinZar Htet ဖြစ်ပါတယ်  Translator  : Thinzar Htet Encoded : YK Quality :  1080p blueray and 720p File Size :  1.22 GB and 578MB
movie

Farewell Song (2019)

2019