Channel Myanmar

Drama

I’ll Sleep When I’m Dead (2003) 5.8
I’ll Sleep When I’m Dead (2003)  I'll Sleep When I'm Dead ကတော့ ၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူအကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်းဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ်လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ်မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့်ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့်ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကိုပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီကသေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲသံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကိုသိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိလာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီးဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင်အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

I’ll Sleep When I’m Dead (2003)

Phalana Abbayi Phalana Ammayi (2023) 5
Phalana Abbayi Phalana Ammayi (2023) Phalana Abbayi Phalana Ammayi (2023) "အချစ်နယ် ကန့်သတ်ချက်"ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထွက် အိန္ဒိယတေလူဂူးဘာသာစကားပြော အချစ်ဟာသရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို Srinivas Avasarala ရိုက်ကူးပေးထားပြီးတော့ Naga Shaurya နဲ့ Malvika Nair တိုက အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဆန်ဂျေးနဲ့ အာနူပါမာတိုနှစ်ယောက် ကောလိပ်မှာ ဆုံတွေ့ရာကနေ တဖြည်းဖြည်း ရင်းနှီးသွားပြီး အချစ်တွေနဲ့အတူ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို အတူတူ တည်ဆောက်လိုက်ကြပါတော့တယ်။သူတိုနှစ်ယောက်ဟာ ကောလိပ်အပြီးမှာတော့ တူတူနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အဆင်မပြေ ဖြစ်လာရာကနေ လမ်းခွဲလိုက်ရပါတယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆန်ဂျေးတစ်ယောက် သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ အာနူပါမာနဲ့ ပြန်တွေ့ဆုံရင်း သူတိုနှစ်ယောက်ကြား ဘာတွေ ဆက်ဖြစ်ကြဦးမလဲဆိုတာ‌ကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို တိုက်တွန်းပါရစေရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size… 1.9GB / 847MB Quality…WEB DL 1080p / ...
movie

Phalana Abbayi Phalana Ammayi (2023)

2023
Raundal (2023) 7
Raundal (2023) Raundal (2023) "လယ်သမား"IMDb 7.2 ရထားပြီး အက်ရှင် ဇာတ်ကြမ်း အချစ်အလွမ်းတို ရောယှက်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ အမိမြေကို အလုပ်အကျွေးပြုချင်လို တပ်ထဲဝင်သွားပေမယ့် လေ့ကျင့်ရေးမှာ မလိုက်နိုင်တာရယ် အသက်ပြည့်သွားတာရယ်ကြောင့် ဝင်ခွင့်ကျသွားတော့ …ဘိုးဘွားပိုင် လယ် ၇ ဧကကို အထွက်တိုးအောင်လုပ်ပြီး တိုင်းပြည်ကို စိုက်ပျိုးရေးနဲ့ အလုပ်အကျွေးပြုဖို ဆုံးဖြတ်လိုက်တယ်စိုက်ပျိုးတာအောင်မြင်သလောက် ရိတ်သိမ်းရောင်းချဖိုကျ အခက်အခဲရှိတာကို သိရပြီး စက်ရုံပိုင်ရှင်တစ်ယောက်က သူတိုရွာကိုမှ ခွဲခြားနှိမ်ထားတဲ့ အကြောင်းတစ်ခုကလည်း ရှိနေပြန်တယ်သူ့အိပ်မက်အကောင်အထည်ဖော်ဖို ကြိုးစားရပုံတွေနဲ့အတူ တစ်ဖက်မှာလည်း ဘေးအိမ်က အထာတွေပေးနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လိုဇာတ်လမ်းဆက်မှာလဲ အချစ်နဲ့ ဘဝ ဘက်မျှမျှ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါကြောင်းအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alex ~ KKKZ တို ဖြစ်ပါတယ် File size… 3.2GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Raundal (2023)

2023
LSD 2: Love, Sex aur Dhokha 2 (2024) 4.2
LSD 2: Love, Sex aur Dhokha 2 (2024) Love Sex Aur Dokha 2 (2024) အချစ် တဏှာနှင့် လှည့်စားခြင်းများဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2010 တုန်းက ထွက်ရှိထားတဲ့ Love Sex Aur Dokha ဇာတ်ကားလေးရဲ့ ဒုတိယကားဖြစ်တဲ့ Love Sex Aur Dokha 2 လေးပဲ ဖြစ်ပါတယ်ဒီဇာတ်ကားကိုတော့ Dibakar Banerjee က ရိုက်ကူးပေးထားပြီးတော့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ပါတယ် အဲဒီထဲကမှ Naagin ဇာတ်ကားထဲမှာ မြွေမင်းသမီးလေး ရှီဗန်ညာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Mouni Roy လည်း ပါဝင်တာမလို့ သူ့ရဲ့ပရိသတ်တွေကတော့ လက်မလွတ်တမ်း ကြည့်ရှု့သင့်တယ်နော်ဒီဇာတ်လမ်းထဲမှာဆိုရင် ခေတ်သစ်ဆက်ဆံရေးအရှုပ်‌အထွေးတွေ ခေတ်မီနည်းပညာတိုးတက်လာမှုတွေပါဝင်ပါတယ်ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လျှို့ဝှက်ကင်မရာတွေနဲ့ မတူညီတဲ့ဇာတ်လမ်းသုံးခုကို အခြေခံထားသလို ခေတ်မီချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှုနှင့် မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုတို့၏ ရှုပ်ထွေးမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘဝကို သရုပ်ဖော်ရိုက်ကူးထားတာမလို့ ဘာတွေများ စိတ်ဝင်စားစရာကောင်းစွာနဲ့ မြင်တွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ စောင့်မျှော်ကြည့်ရှု့အားပေးကြပါဦးရှင့်အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ဖြစ်ပါတယ်ရှင် File ...
movie

LSD 2: Love, Sex aur Dhokha 2 (2024)

2024
Full Metal Jacket (1987) 8.3
Full Metal Jacket (1987) Full metal Jacket ( 1987 )IMDb Rating (8.3) / Rotten Tomatoes (90%)အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ...
movie

Full Metal Jacket (1987)

Thaaram Theertha Koodaram (2023) 7
Thaaram Theertha Koodaram (2023) Thaaram Theertha Koodaram (2023) သောကမျက်ရည်စက်များ IMDb- 7.8/10အမေဖြစ်သူက နောက်ယောကျ်ားယူသွားပြီး ပထွေးဖြစ်သူ နှင်ချခံထားရတဲ့ အကြွေးနွံနစ်နေတဲ့ အိမ်ခြေရာမဲ့ညီမနှစ်ယောက်။အခန်းခကလည်း မပေးနိုင်တဲ့အပြင် အကြွေးရှင်တွေကလည်း သတ်မှတ်ရက်အတွင်း အကြွေးကို ဆပ်ဖို အတင်းတိုက်တွန်းနေတဲ့အခြေအနေမှာ သူငှားနေတဲ့အခန်းရဲ့ ဘေးအခန်းက ကောင်လေး ဆန်ဂျေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဆန်ဂျေးဆိုသူကတော့ နှစ်ကိုယ်ခွဲစိတ်ရောဂါခံစားနေရပြီးတော့ မိသားစုကနေ ပစ်ပယ်ခြင်းကို ခံထားရသူတစ်ဦးပေါ့။ ဒီလိုနဲ့ ဆန်ဂျေးဟာ အိမ်ခြေရာမဲ့ညီမနှစ်ယောက်ကို သူဟာ လူမှုစိတ်ဓာတ်အပြည့်အဝရှိသူပါဆိုတာကို သက်သေပြနိုင်ဖို ကူညီပေးဖို ကြိုးစားရင်းနဲ့ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာရိုမန့်စ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တိုပဲဖြစ်ပါတယ်) File size…1.8GB / 736MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Alex~ToMo
movie

Thaaram Theertha Koodaram (2023)

2023
(21+) The Intern: A Summer of Lust (2019)
(21+) The Intern: A Summer of Lust (2019) [21+] The Intern - A Summer of Lust (2019)ဒီရုပ်ရှင်ထဲမှာ ပါတဲ့ဇာတ်ကောင်တွေက Blaire Ivory၊ Casey Calvert၊ Kali Sudhra၊ Michael Vegas။ နာမည်တွေကို သိတဲ့သူတွေလည်း သိလောက်မှာဆိုပေမဲ့ မသိသေးတဲ့သူတွေက ဒီရုပ်ရှင်လေးကို အရင်ခံစားကြည့်ပါ။ ပြီးမှ နာမည်တွေရှာပြီး လိုက်ကြည့်ချင်ရင်လည်း ကိုယ့်ဝေဒနာနဲ့ကိုယ်ပေါ့။မက်ဒီဆိုတဲ့ကောင်မလေးက ရှေးရိုးစွဲမိဘတွေဆီမှာမနေနိုင်တော့ဘဲ ဘာစီလိုနာကိုထွက်လာခဲ့တယ်။ နာမည်ကြီး အပြာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းရေးရာပိုင်းအလုပ်သင်ဝင်လုပ်တယ်။ လွပ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေကို ခံစားနိုင်သမျှခံစားလိုက်တယ်။တနေ့ မက်ဒီ ရုတ်တရက်ကြီး ပျောက်သွားခဲ့တယ်။ ဒီမှာပဲ ညီမဖြစ်သူ ပေစ်လီ အမေရိကကနေ အစ်မဖြစ်သူကိုရှာဖို့ ဘာစီလိုနာကို လိုက်လာခဲ့တယ်။ သူ့အစ်မ ဘာတွေဖြစ်ခဲ့လဲ ဘာဖြစ်သွားတာလဲရှာဖွေရင်း ဘ၀ရဲ့အနှစ်သာရကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာခဲ့ပုံကို အမိုက်စားရိုက်ကူးတင်ဆက်သွားတာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်) File size…1.2GB / 808MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Zeo
movie

(21+) The Intern: A Summer of Lust (2019)

2019
Blackmail (2018) 7.2
Blackmail (2018) IMDb Rating (7.2)မင်းသားကြီး Irrfan Khan ရဲ့  ဒီဇာတ်ကားလေးကတော့  Comedy/Thriller အမျိုးအစားဖြစ်ပြီးတွေ့ရခဲတဲ့ပေါင်းစပ်မှုတချို့နဲ့ စိတ်ဝင်စားစရာရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ဇာတ်လမ်းကတော့...သာမန်ရုံးတစ်ခုမှာ သာမန်အလုပ်တွေလောက်ပဲလုပ်ကိုင်နေရပြီး အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက်မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးယောကျာ်းတစ်ယောက်၊စီးပွားရေးမပြေလည်သလို အိမ်ထောင်ရေးလဲမသာယာတဲ့ လင်ယောကျာ်းတစ်ယောက်၊သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီး ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်အဖြစ် Dav...အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက်ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။အရာအားလုံးမအောင်မြင်နေရတဲ့ကြားထဲ မိန်းမဖြစ်သူကပါ စည်းမစောင့်တော့တာသိရှိသွားချိန်မှာတော့ Dav တစ်ယောက် ဘယ်လိုတွေလက်စားပြန်ချေဖို့ကြိုးစားမလဲဆိုတာ...။ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။Irrfan Khan ရဲ့ ထိမိတဲ့ ထုံပေပေမျက်နှာပေးနဲ့ သက်ဝင်ထားတဲ့Dav တစ်ယောက် ဘယ်လိုတွေအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ File size…(7.8 GB)/(2.2 GB )/(1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….02:18:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura Zarni Aung
movie

Blackmail (2018)

2018
4K HEVC
Somante Krithavu (2023) 6
Somante Krithavu (2023) Somante Krithavu (2023) "လူ့ဂွစာ" IMDb - 6.0/10စိမ်းစိုတဲ့ လယ်ယာရှုခင်းတွေနဲ့အတူ ကျေးလက်သဘာ၀ကို ဖော်ကျူးထားတဲ့ မလေယာလမ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆိုမန်ဆိုတာ စိုက်ပျိုးရေးအရာရှိလူပျိုကြီးတစ်ယောက်။ သဘာ၀တရားကြီးကို ချစ်မြတ်နိုးပြီး အော်ဂဲနစ်ဆိုတာကို ရူးသွပ်သူတစ်ယောက်။အလိမ်အညာစကားမဆိုဘဲ အလုပ်ကိုရိုးသားကြိုးစားစွာနဲ့လုပ်ကိုင်နေသူတစ်ယောက်ဆိုလည်းဟုတ်။ သူတင်မကဘဲ သူ့မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဓာတုဆေးပါတဲ့ အစားအသောက် အသုံးအဆောင်တွေကိုမသုံးစွဲဖို့ လိုက်တားမြစ်ပြီးဆုံးမနေတဲ့အတွက် တစ်ရွာလုံးနဲ့တစ်ယောက်ဆိုသလို သူ့ကိုအမြင်မကြည်ကြပါဘူး။ဖြစ်ချင်တော့ သူ့သစ်တောရုံးက သစ်ပင်တစ်ပင်မှာ တင်ပါးဆုံပုံစံထွက်လာတာကို ကလေးတွေက နောက်ပြောင်ပြီး ဓာတ်ပုံရိုက်လိုက်ကြ အမျိုးသမီးတွေလည်းအဲဒါကိုကြည့်ပြီး ရှက်ကြတယ်ဆိုတော့ ရွာလူကြီးက ခုတ်ဖို့စီစဉ်ပါရော။ဒီမှာပဲ ဆိုမန်တစ်ယောက် သစ်ပင်မခုတ်ဖို့အရေး အစာငတ်ခံဆန္ဒပြပါတော့တယ်။ ဒီလိုလူ့ဂွစာဖြစ်နေတဲ့ ဆိုမန်ရဲ့ ဘ၀ရှင်သန်ပုံကို ဟာသလေးနှောပြီးရိုက်ကူးတင်ဆက်ထားတာမို့ အပျော်သဘောနဲ့ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.88GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Somante Krithavu (2023)

2023
Maharaj (2024) 6
Maharaj (2024) Maharaj (2024) "အများနဲ့တစ်ယောက်"IMDb 6.4ဖြစ်ရပ်မှန် အမှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ ဒရာမာရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်တို့ငယ်ငယ်က မိဘဘိုးဘွားတွေကို ဘာသာတရား၊ ဓလေ့ထုံးတမ်းတို့ကို အကျအနကောက်ပြီး တန်ပြန်မေးခွန်းထုတ်လာတဲ့အခါကျ "ငရဲကြီးမယ် မမေးရဘူး" လို့ အပြောခံရဖူးမှာပါဒီလို အများနဲ့တစ်ယောက်ဆန်ဆန် အတွေးအခေါ်နဲ့ လက်တွေ့တရားကိုသာဆုပ်ကိုင်ထားသူ၊ ရှေးရိုးစွဲတွေကို မျက်စိဆံပင်မွှေးစူးနေတဲ့လူကတော့ ဂျာနယ်လစ် ကာဆန်ပါပဲသူဟာ ၁၈၆၀ အိန္ဒိယလို ရှေးရိုးစွဲအယူဝါဒများလွန်းတဲ့ နိုင်ငံမှာ ၊ မုဆိုးမများကို တန်းညီဆက်ဆံရေး၊ ခေတ်သစ်အတွေးအခေါ်တို့ကို ဟောပြောရေးသားလေ့ရှိပြီး ချစ်ရသော ဇနီးလောင်း ကီရှိုရီကတော့ မိရိုးဖလာ ဓလေ့တို့ကို မျက်စိစုံမှိတ်ယုံကြည်သူတစ်ယောက်'ဟိုလီ' ဆေးရောင်ခြယ်ပွဲတော်နေ့မှာ သူတို့နယ်က လူတိုင်းလေးစားရတဲ့ ဂုရုတစ်ပါးဖြစ်တဲ့ ဂျေဂျေဟာ "ချာရန်စီဗာ" ဆိုတဲ့ ခြေလက်ဆေးကြောအရိုအသေပေးတဲ့ အမှုကိုပြုဖို့ အပျိုစင်ဖြစ်သူ ကီရှိုရီကို ရွေးချယ်လိုက်တယ်လူတိုင်းလေးစားရတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဟာ ဘာသာတရားအမည်ခံပြီး ကီရှိုရီ့ကို မဖွယ်မရာလုပ်နေတာ ကာဆန်တစ်ယောက် မြင်သွားတဲ့အခါမှာတော့ …ဘယ်လိုတွေဆက်ဖြစ်မှာလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File ...
movie

Maharaj (2024)

2024
Rudy (1993) 7.5
Rudy (1993) Rudy 1993 ဟာ sport/family အမျိုးအစားဖြစ်ပြီးတော့ iMDB 7.5 ရရှိထားတဲ့ ကား‌ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Rotten Tomatoes ကလည်း 77% တောင်ရှိတာဆိုတော့ ရုပ်ရှင်ပရိသတ်တွေလုံးဝ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ပုဒ်လို့ပြောရမယ်။ဇာတ်လမ်းအကျဉ်းကတော့ ရူဒီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ နော်ထရီဒိန်းမှာဘောလုံးကစားသမား ဖြစ်ချင်ပေမယ့် ကျူရှင်ဖိုးမတတ်နိုင် စာတော်တဲ့အထဲလည်းမပါ‌တော့ သူ့အနေနဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ၊ အခက်ခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်း ဇာတ်ကွက်လည်း ကောင်းပြီး ပရိသတ်တွေကို motivation ကောင်းကောင်းပေးနိုင်မယ့် ရုပ်ရှင်တစ်ပုဒ်လို့လည်း ပြောလို့ရတယ်။ရူဒီဇာတ်ကောင်ရဲ့ မလျှော့သော ဇွဲ၊ စိတ်အားထက်သန်မှု၊ ရလိုစိတ်ပြင်းပြမှုတွေနဲ့အတူ ပျင်းဖို့အချိန်မရှိရလောက်အောင် ဇာတ်ရှိန်ကိုဆွဲခေါ်နိုင်တဲ့ကားမို့ ပရိသတ်တို့အကြိုက်တွေ့မှာသေချာပါတယ်။File size…  3.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Biography/Drama/Sport Subtitle…. Myanmar Subtitle (Hard ...
movie

Rudy (1993)

Purple Butterfly (2003) 6.1
Purple Butterfly (2003) Purple Butterfly ( 2003 ) IMDb - 6.1/10 Genre - Drama/History/Warဒီကားကိုရိုက်တဲ့ Lou Yeကို တော်တော်များများကတော့ Suzhou Riverတို့ Summer Palaceတို့နဲ့ သိကြမှာပါပဲ။ လုရီဟာ ပြည်မကြီးက ဒါရိုက်တာဖြစ်သလို ခြောက်ဆက်မြောက်မျိုးဆက်ဒါရိုက်တာလည်း ဟုတ်တယ်။ Chen Kaigeတို့ Zhang Yimouတို့ရဲ့ နောက်တစ်ဆက် Jia Zhangkeတို့အဆက်ပေါ့။ဒီမျိုးဆက်က အချိုးအကွေ့တော့ ကြီးတယ်ပြောရမလားပဲ။ ချန်ကေ့တို့ ကျန်းရိမူတို့ အဆက်နဲ့ အကြောင်းအရာရော တင်ဆက်ပုံရော တော်တော်လေးကွဲပြားသွားတယ်။ ဒီလိုဆန်းသစ်မှုတွေနဲ့ ပြည်မနဲ့ရဲ့ ပြဿနာလည်း တော်တော်လေးပေါ်လာတယ်။ လုရီရဲ့ ပထမဆုံးကားဖြစ်တဲ့ Weekend Loverကလည်း အပိတ်ခံရသလို Suzhou Riverကလည်း အပိတ်ခံခဲ့ရတယ်။ သူလည်း ရုပ်ရှင်ရိုက်ခွင့် ၂နှစ်အပိတ်ခံခဲ့ရလို့ ၂၀၀၃မှာမှ တတိယကားဖြစ်တဲ့ Purple Butterflyနဲ့ ပြန်ပေါ်လာခဲ့တယ်။ ...
movie

Purple Butterfly (2003)

Liberation (aka) Before It Ends (2023) 7.0
Liberation (aka) Before It Ends (2023)  ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းJacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါ‌တော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။ မကြာခင်ပဲ သူ့ကျောင်းမှာရှိတဲ့ ဂျာမန်လူမျိုးဒုက္ခသည်တွေက ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး တဖြုတ်ဖြုတ် သေကြပါတော့တယ်။ဒီအခါ ...
movie

Liberation (aka) Before It Ends (2023)

Lost in the Night (aka) Perdidos en la noche (2023) 6.1
Lost in the Night (aka) Perdidos en la noche (2023)  ဒီဇာတ်ကားဟာဆိုရင်တော့ မက္ကဆီကိုနိုင်ငံက မြို့တစ်မြို့မှာ ဇာတ်အိမ်တည်ထားတားပါ။ အဲဒီမြို့မှာနေထိုင်ကြတဲ့ လူတွေဟာ သူတို့နိုင်ငံမှာ မိုင်းတွေဆောက်ပြီး စီးပွားလာရှာကြတဲ့ နိုင်ငံခြားသားတွေကို မကျေမနပ်ဖြစ်ပြီး ဆန့်ကျင်ဆန္ဒပြရာကနေ အမျိုးသမီးတစ်ယောက် အဖမ်းခံလိုက်ရာကနေ ဇာတ်လမ်းစထားပါတယ်။ဒီကားထဲမှာ အမီလီယာနိုဟာ ထိုအမျိုးသမီးရဲ့သားဖြစ်သူပါ။ အမီလီယာနိုဟာ သူ့ရဲ့အမေဘာဖြစ်သွားလဲဆိုတဲ့ အဖြစ်မှန်ကိုရှာဖို့ လိုက်လံစုံစမ်းရာက သဲလွန်စတွေက အလွန်ချမ်းသာတဲ့ အယ်ဒါမာ မိသားစုဆီကို ဦးတည်လာပါတော့တယ်။ အဖြစ်မှန်ကိုဖော်ထုတ်ဖို့ အမီလီယာနိုဟာ အယ်ဒါမာမိသားစုကို ချဉ်းကပ်ရာက သူ့ရဲ့ အမေဖြစ်ခဲ့တဲ့ အဖြစ်မှန်တွေပဲပေါ်သွားမလား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကတော့ …..မိသားစုနဲ့အတူ မကြည့်သင့်တဲ့ အခန်းတချို့ပါဝင်ပါတယ်...... File size…(1.6 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat
movie

Lost in the Night (aka) Perdidos en la noche (2023)

Aazam (2023) 6
Aazam (2023) Aazam 2023 နေရာလုပွဲImdb 6/10 ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ crime/thriller ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်မွမ်ဘိုင်းမြို့ပေါ်မှာ အာဏာရှိတဲ့လူတစ်ယောက်ရှိတယ် အာဏာကဘယ်လောက်ထိရှိလဲဆို အဲဒီလူကသေခါနီးဖြစ်လို့ အိပ်ရာထဲလဲနေတာတောင် သူ့နေရာကိုမလုရဲကြဘူးတဲ့လေ အကြောင်းကတော့ လူကသာမထနိုင်ပေမဲ့ မွန်ဘိုင်းတစ်မြို့လုံးကိုမြေလှန်ဖျက်ဆီးပစ်နိုင်လို့ပါပဲသူကွယ်လွန်ပြီးရင်သူ့နေရာကိုဆက်ခံဖို့တွေးထားကြတာကတော့ သူ့ရဲ့သားဖြစ်တဲ့ကာဒါပါ အဖေလိုတစ်မျိုး အမေလိုတစ်ဖုံနဲ့ကာဒါ့ကိုအလိုလိုက်ပြီးတော့ပျိုးထောင်ခဲ့သူတစ်ယောက်ပါ ဒါပေမဲ့လည်းဂိုဏ်းတွေကြားထဲ မကျေနပ်သဘောထားကွဲလွဲမှုတွေရှိတော့ ကာဒါ့ကိုတချို့ကခေါင်းဆောင်မတင်ချင်ကြဘူးပေါ့နာဝဘ်သေတာနဲ့ကာဒါ့ကိုပါသတ်ပြီးတော့ တခြားလူကိုနေရာချထားဖို့စီစဉ်နေကြသူတွေနဲ့ ကာဒါ့ကိုပဲ နန်းတင်ချင်တဲ့လူတွေကြားက ဖြစ်ရပ်မှန်ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ Zwe Yan ~ ToMo ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…1.4GB / 636MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ Zwe Yan ~ ToMo ~ V ~ KKKZ 
movie

Aazam (2023)

2023
Legacy of Rage (1986) 6.0
Legacy of Rage (1986)  ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray  1080p / 720p Format…mp4 Duration….01:30:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Legacy of Rage (1986)

Disco Boy (2023) 6.4

Disco Boy (2023)

Angrezi Medium (2020) 7.6
Angrezi Medium (2020) Angrezi Medium (2020)IMDb Rating (7.2/1)ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့  Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦးဇာတ်လမ်းကတော့အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကိုလူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ......။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size….(2 GB )/(1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:25:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zaw Htoo
movie

Angrezi Medium (2020)

2020
Singappenney (2024)
Singappenney (2024) Singappenney (2024)"အာဂအမျိုးသမီးလေးများ"နိုင်ငံတကာအမျိုးသမီးများနေ့မှာ ရုံတင်ပြသခဲ့ပြီး အားပေးချီးကျူးမှုတွေရခဲ့တဲ့ တမီလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်။ ကလေးလေးတွေကို သူတို့ရည်မှန်းချက်တွေ မေးကြည့်ကြရင် ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ် စသဖြင့် လူ့အသိုင်းအဝိုင်းက ဂုဏ်မြင့်ပါတယ်လို့ လက်ခံကြတဲ့အရာတွေကို စိတ်ကူးအိပ်မက်တတ်ကြတယ်။ မိန်းကလေးတစ်ယောက် သူ့ရည်မှန်းချက်ကိုအောင်မြင်ဖို့ဆိုရင်တော့ မိသားစုနဲ့ လူ့အဖွဲ့အစည်းတွေဆီက အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ရဖို့ပိုများကြတယ်။ဒီလိုအခက်အခဲတွေကို ကျော်လွန်ပြီး ရည်မှန်းချက်ထိရောက်တဲ့ အမျိုးသမီးတွေကို "ဆင်ဂါပန်"လို့ခေါ်တယ်။ ဒီရုပ်ရှင်ထဲမှာလည်း အားကစားကိုချစ်မြတ်နိုးတဲ့ အမျိုးသမီးလေးတွေ မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှု တားဆီးမှုတွေကြားက မိမိတို့အိပ်မက်ဆီကိုတက်လှမ်းဖို့ ကြိုးစားကြတာကို အားတက်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.48GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Singappenney (2024)

2024
Bridgend (2015) 5.5
Bridgend (2015)  ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီးကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်းအမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်းရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးကအဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီးအဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံးရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီးပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေကတစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေးတစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကိုကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲနေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေတစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံနေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီးအဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လိုကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 635MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 44m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Bridgend (2015)