Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Drama
6.0
The Drug King(2018)
The Drug King (2018)IMDb Rating (6.2) / Rotten Tomatoes (75%)လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်.....ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.....ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး.....အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်...သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား ...ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ...ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား...အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ...ကိုင်း ခံစားကြည့်လိုက်ပါဦး....မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...) File size…(2.9 GB )/(1.4 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:18:50 Subtitle….Myanmar Subtitle ...
movie
The Drug King(2018)
2018
Dealing with Dad (2022)
IMDb - 7 / RT - 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေတဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ ...
movie
Dealing with Dad (2022)
6.0
Fresh Kills (2023)
Drama အမျိုးအစားဖြစ်တဲ့ Fresh Kills ရုပ်ရှင်ကို ၁၉၈၀ဝန်းကျင်မှာအခြေတည်ထားပြီး နယူးယောက်စီးတီးရဲ့နေရာတချို့ကိုကြီးစိုးမင်းမူခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့နောက်ကွယ်က အမျိုးသမီးတွေရဲ့သစ္စာရှိမှုနဲ့ရုန်းကန်ရတဲ့အခက်အခဲတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။လာရူဆိုးမိသားစုမှာ ဂျိုးက မိသားစုဝင်တွေကိုလျှို့ဝှက်ထားတဲ့မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဖြစ်လဲ မိသားစုကိုအရမ်းချစ်တဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ချောမောလှပတဲ့ဇနီးသည် ဖရန်ဆင်းနဲ့အတူ သမီးနှစ်ယောက်ရှိပြီးသမီးကြီးကွန်နီက ဂျိုးအရမ်းလိုချင်ခဲ့တဲ့သားယောက်ျားတစ်ယောက်လိုဖြစ်အောင် ကြိုးစားနေထိုင်ပေးခဲ့သူပါ။သမီးငယ်ရို့စ်ကတော့ မိသားစုဝင်တွေကြားမှာ အမြဲရေငုံနှုတ်ပိတ်နေတတ်ပြီး အရေးမပါသလိုနေလေ့ရှိသူပါ။ဂျိုးတို့မိသားစုဟာ ပိုကောင်းတဲ့ဘဝတစ်ခုအတွက်စတက်တန်ကျွန်းကိုပြောင်းလာခဲ့ပြီးတဲ့နောက် ပတ်ဝန်းကျင်ကသူတို့မိသားစုကိုကြောက်ရွံ့ကြပုံတွေကိုကြည့်ပြီး ရို့စ်ဟာသူ့ဖခင်ရဲ့သရုပ်မှန်ကိုရိပ်စားမိလာခဲ့ပါတယ်။ရို့စ်ဟာ ဒီမိသားစုကနေခွဲထွက်ပြီး ဘဝသစ်တစ်ခုထူထောင်ချင်ပေမယ့် မိခင်နဲ့အစ်မဖြစ်သူရဲ့ဟန့်တားမှုကြောင့် တွန့်ဆုတ်နေခဲ့ပါတယ်။ဒါပေမဲ့ ဖခင်ဖြစ်သူဂျိုးအဖမ်းခံရပြီးတဲ့နောက် မိသားစုဝင်တွေကြားမှာ ပရမ်းပတာဖြစ်ပြီး ဘယ်သူမှထင်မထားတဲ့အငယ်ဆုံးမိသားစုဝင်ရို့စ်က မိသားစုကိုစောင့်ရှောက်ရဖို့ဖြစ်လာခဲ့ပါတယ်။Fresh Kills ဟာ တခြားလူဆိုးဂိုဏ်းရုပ်ရှင်တွေနဲ့မတူဘဲလူဆိုးဂိုဏ်းဝင်တွေရဲ့မိသားစုဝင်တွေဖြစ်တဲ့အမျိုးသမီးတွေမှာကြုံတွေ့ရလေ့ရှိတဲ့ကြောက်ရွံ့မှုနဲ့ဒေါသတွေကို မီးမောင်းထိုးရိုက်ကူးပြထားတာဖြစ်ပါတယ်။ File size…1.60GB / 713MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Fresh Kills (2023)
7.3
Ghost World (2001)
Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie
Ghost World (2001)
2001
8.1
Indian (1996)
Indian 1996 (အင်ဒီးယန်း)IMDb 8.1/10ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာ အကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့ သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာ သူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြား လွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီး နောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 1.76GB Quality…WEB DL 1080p / 720p Format…mp4 Duration….3h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Indian (1996)
1996
7.0
Insomniacs After School (2023)
Insomniacs After Schoolဂျပန်ကျောင်းသားအချစ်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို မျက်ရည်ခိုင်တဲ့သူမှဆက်ကြည့်ဖိုအကြံပြုချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဂန်တာ နာကာမီဆိုတဲ့ကောင်လေးဟာ အိပ်ပျော်နေတုန်း အမေအိမ်ကထွက်သွားပြီးကတည်းက ညအိပ်မပျော်တဲ့ရောဂါဖြစ်သွားတယ်။ တစ်ဖက်မှာလည်း နှလုံးရောဂါသည်မလေး မာဂရီကလည်း အိပ်ပျော်နေရင် သူ့နှလုံးခုန်သံကိုမကြားရလို ညညဆိုမအိပ်ဘဲနေရင်းကနေ အိပ်မပျော်ရောဂါဖြစ်သွားတယ်။ ဒီလိုနဲ့တစ်ရက်ကျောင်းသန့်ရှင်းလုပ်ဖို နာကာမီတစ်ယောက် ဂိုဒေါင်ထဲမှာ လှေကားသွားယူရင်း ခိုးအိပ်နေတဲ့ မာဂရီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တယ်။ ရောဂါတူ အကျင့်တူနေတဲ့သူတိုနှစ်ယောက်လည်း သူငယ်ချင်းတွေဖြစ်သွားကြပြီး နတ္ခတ်တာရာအသင်းတစ်ခုကို ဖွဲစည်းဖိုလုပ်ခဲ့ကြတယ်။ ဆရာမရဲ့အကူအညီတွေယူ သူငယ်ချင်းတွေရဲ့အကူအညီတွေနဲ့ ပြပွဲလေးဖြစ်မြောက်ဖိုရှိသေးတယ် နွေခေါင်ခေါင်ကြီးမိုရွာလို ပြပွဲက ပျက်စီးသွားတယ်။ နှလုံးရောဂါသည်မလေးနဲ့ အူကြောင်ကြောင်နာကာမီတိုရဲ့အချစ်ဇာတ်လမ်းက happy ending ဖြစ်သွားမလား... sad ending ပဲဖြစ်သွားမလား.... သိချင်ရင်တော့ ဇာတ်ကားလေးပဲဆက်လက်ကြည့်ရှူပေးကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nga Tay Gyi ပါ )File size_(1.7GB)/(880MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nga Tay Gyi
movie
Insomniacs After School (2023)
6.5
Goyo (2024)
ဒီတစ်ခါမှာတော့ မိုးအေးအေးမှာ ကြည့်ဖို့ အာဂျင်တီးနားရုပ်ရှင်ကောင်းလေး တစ်ခုကို CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးကတော့ Asperger Syndrome လို့ခေါ်တဲ့ အော်တစ်ဇင် မျိုးကွဲရောဂါတစ်ခု ခံစားနေရတဲ့ပြတိုက်လမ်းညွှန် Goyo နဲ့ ကလေးနှစ်ယောက်အမေပြတိုက် လုံခြုံရေးဝန်ထမ်း Eva တို့ကြားထဲက အချစ်ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်း ဖော်ကြူးထားတာပါပဲ ။Asperger Syndrome ခံစားနေရတဲ့ Goyo ဟာမိုးတွေရွာနေတဲ့ နေ့တစ်နေ့မှာ ထီးကျိုးသွားလို့ ဒေါသထွက်နေတဲ့ Eva ကို မြင်မြင်ချင်း သဘောကျမိသွားပါသတဲ့ ။ပုံမှန် ချစ်ကြိုက်ညား ဇာတ်လမ်းတွေနဲ့မတူတာကတော့နှစ်ဖက်လုံးမှာ ကိုယ်စီ ချို့ယွင်းချက်တွေ အဟန့်အတားတွေပိုင်ဆိုင်ထားတာပါပဲ ။ချစ်မိသွားတဲ့အခါ Asperger Syndrome ဝေဒနာရှင် Goyoတစ်ယောက် ဘယ်လိုပြုမူမလဲ ။သူတို့လို လူမျိုးတွေရဲ့ အချစ်ကို ချဥ်းကပ်ပုံလေးတွေကိုရသပေါင်းစုံနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ တစ်ဖက်မှာလည်းEva က Goyo ထက် အများကြီး အသက်ကြီးတဲ့အပြင်ပြတ်စဲလုနီးနီးအိမ်ထောင်ရေးနဲ့ ...
movie
Goyo (2024)
7.6
Lockdown Lovers (2023)
ဒီတစ်ခေါက်မှာတော့ ကိုဗစ်ဖြစ်တုန်းက lockdownကာလတွေကိုပြန်အမှတ်ရသွားစေမဲ့ GLဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။Kristal ဟာ ကိုဗစ်မဖြစ်ခင်တစ်ပတ်လောက်အလိုမှာAustralia ကို ခရီးထွက်လာခဲ့ပြီး Lisetteဆိုတဲ့ ခပ်မိုက်မိုက်Bartender ကောင်မလေးတစ်ယောက်နဲ့ ငြိမိသွားပါတယ်။ခရီးကမပြန်ခင် Lisette အိမ်မှာ ခဏလိုက်နေနေတုန်းကိုဗစ်ရောဂါပြန့်ပွားလာတာကြောင့် လေယာဉ်လည်းcancel ဖြစ်သွားပြီး lockdown ကျသွားပါတော့တယ်။တစ်ယောက်ကိုတစ်ယောက် one night stand လို့သာသတ်မှတ်ထားခဲ့ကြပေမဲ့ lockdown ကြောင့် တစ်အိမ်တည်းတူတူနေကြရတဲ့အခါမှာ အရာရာကချောမွေ့မနေခဲ့ပါဘူး။Kristal က အရာရာကို တိတိကျကျ အစီအစဉ်ဆွဲကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်စရိုက်မျိုးရှိပေမဲ့၊Lisette ကတော့ ထင်ရာစိုင်း လုပ်ချင်ရာလုပ် ဖြစ်သလိုနေတတ်တဲ့ လူမျိုးပါ။ဒီလို အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့နှစ်ယောက်ရဲ့ကြားထဲက ပဋိပက္ခတွေ သံယောဇဉ်ဖြစ်တည်လာပုံတွေကိုplot twist ပါးပါးလေးထည့်ပြီး ကျကျနနရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။Kristal နဲ့ Lisette တို့ရဲ့အချစ်လမ်းခရီးက ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ File size…1.50GB / 686MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle ...
movie
Lockdown Lovers (2023)
8.1
The 400 Blows (1959)
The 400 Blows (1959)~ IMDb - 8.1/10, Rotten Tomatoes - 99% ~ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ...
movie
The 400 Blows (1959)
1959
6.0
Little Ones (2023)
ဒီဇာတ်ကားကတော့ ကိုယ်၀န်ဆောင်မိခင်တစ်ယောက်ရဲ့ အကြောင်းကို Drama ဆန်ဆန်ရိုက်ပြထားတာဖြစ်ပါတယ်ဇာတ်လမး်အညွှန်း၁၆နှစ်အရွယ်ကိုယ်၀န်ေဆာင် ကောင်မလေးကတော့ မိသားစုတရားသူကြီးရဲ့ အမိန့်နဲ့ အိမ်မှာပဲ အကျဥ်းကျနေတာပေါ့တစ်နေ့မှာ Alison ဆိုတဲ့ မရင့်ကျက်သေးတဲ့ မိခင်တစ်ယောက်နဲ့ပေါင်းမိပြီး ဆန့်ကျင်ဖို့လုပ်ကြတဲ့အခါ...File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie
Little Ones (2023)
5.2
My Sole Desire (2023)
ရည်ရွယ်ချက်မရှိ ပန််းတိုင်မရှိဘဲ ပေါ့ပေ့ါနေ ပေါ့ပေါ့စား Manon ဆိုတဲ့ ကောင်မလေးကတော့ ဖော်ချွတ်ကလပ်မှာ အလုပ်သွား၀င်ပါတယ်စစချင်းတော့ အဆင်ပြေနေပေမယ့် သူ့ထက်ပိုလှတဲ့ ကောင်မလေးတစ်ယောက်ရောက်လာချိန်မှာတော့....ဒီကားကတော့ ဖော်ချွတ်မယ်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama , Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
My Sole Desire (2023)
Ichigeki (2023)
Ichigeki 2023 ကတော့ ဂျပန် ဆာမူရိုင်းကားပါ။ သမိုင်းမှတ်တမ်းကို အခြေခံပြီးတော့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီဇါတ်လမ်းကို ရှုးထောင့်အမျိုးမျိုးက တင်ဆက်ဖူးကြပါတယ်။ ဒီတစ်ခါတော့ ပြဇာတ်အသွင်နဲ့ တက်ဆက်ထားတာပါ။ ဒါပေမယ့် လုံးလုံးလျားလျားပြဇာတ်ဟန်တော့မရှိပါဘူး။ ဇာတ်လမ်းအခြေခံက အီတိုမြို့စား ရှိုဂန်အနွယ်တွေရဲ့ နှောင်းကာလဖြစ်ပြီး မီဂျီဘုရင်က အာဏာတွေပြန်ပြီးစုလာတဲ့ကာလပါ။ ဒီကာလမှာ တိုင်းပြည်အခြေအနေကြောင့် ဆူပူမှုတွေရှိလာပြီး ဆာမူရိုင်းတွေရဲ့ရှင်သန်မှုကို ပြောင်းလဲလာစေပါတယ်။ ဒါကို မျိုနွယ်နှစ်ခုကြားက အာဏာပြိုင်ဆိုင်မှုအသွင်နဲ့ တင်ဆက်ထားပါတယ်။ဂျပန်ဆာမူရိုင်းကားတွေက အားလုံးနီးပါးကြည့်ရအဆင်ပြေပါတယ်။ ဒီတစ်ခုကိုလည်း သဘောကျကြပါလိမ့်မယ်။ ဒါရိုက်တာ Ayado Matsuda က စီစဥ်ရိုက်ကူးထားတာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Drama , History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa
movie
Ichigeki (2023)
5.6
Sniper: Ultimate Kill (2017)
ဒီကားလေးကတော့ Sony ရဲ့ နိုင်ငံတကာမှာအောင်မြင်မှုရထားတဲ့စနိုက်ပါရုပ်ရှင်စီးရီးထဲမှာပါဝင်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီးHollywood စတား မိုက်ကယ်ကောလင်း က စနိုက်ပါဘရန်ဒန်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။စနိုက်ပါရုပ်ရှင်ကောင်းကောင်းကြည့်ရှုလိုသူတွေအတွက်ချန်မထားသင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်း **************ဘရန်ဒန် ဟာ အမေရိကန် မရိန်းတပ်ရဲ့ စနိုက်ပါတစ်ယောက်ပါ။တစ်နေ့မှာတော့ မူးယစ်ဆေးနှိမ်နင်းရေးမစ်ရှင်တစ်ခုအနေနဲ့ကိုလံဘီယာနိုင်ငံကိုသွားရဖိုဖြစ်လာတယ်။ ကိုလံဘီယာမူးယစ်ရာဇာ မိုရယ်လေး က ဒီယာဘလို လိုခေါ်တဲ့ ကြေးစားစနိုက်ပါတစ်ယောက်ကိုငှါးပြီး သောင်းကြမ်းနေတယ်။မူးယစ်နှိမ်နင်းရေး တပ်ဖွဲနဲ့ မိုရယ်လေးတိုအဖွဲ ဘယ်လိုတွေအပြန်အလှန်နွှဲကြမလဲ...ဘရန်ဒန်နဲ့ ဒီယာဘလိုတိုရဲ့ စနိုက်ပါချင်း နွှဲတဲ့ အက်ရှင်အခန်းတွေကိုအမေရိကန်ကားပီပီ အက်ရှင်ခန်းတွေအပြည့်နဲ့ ရှုစားကြရမှာပါ။တစ်ကားလုံး ပျင်းစရာမရှိအောင် ဇာတ်လမ်းဇာတ်ကွက်အပိုအလိုမရှိ အနှစ်အပြည့်နဲ့ဆွဲခေါ်သွားတာကြောင့် အက်ရှင်ကားချစ်သူတွေအနေနဲ့ အားလပ်ရက်မှာ ကြည့်ဖို ရုပ်ရှင်တစ်ကားရှာနေတယ်ဆိုရင်တော့ ဒီကားလေးကိုလည်း ကြည့်ရှုသင့်ပါကြောင်း.... File size…1.76GB / 807MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
Sniper: Ultimate Kill (2017)
6.2
Firebrand (2023)
Firebrand ရုပ်ရှင်ဟာ Drama ၊ History အမျိုးအစားဖြစ်ပြီးမင်းသားကြီး Jude Law နဲ့အတူ Tomb Rider ထဲကမင်းသမီး Alicia Vikander တို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့အုပ်ချုပ်မှုကြောင့်သွေးစွန်းနေတဲ့အင်္ဂလန်နိုင်ငံမှာ ဘုရင် Henry VIII ရဲ့ခြောက်ယောက်မြောက်နဲ့နောက်ဆုံးမိဖုရားဖြစ်တဲ့ ကတ်သရင်းပါးဟာဘုရင်စစ်ထွက်သွားနေတဲ့အချိန်မှာ နိုင်ငံကိုဘုရင်ခံအနေနဲ့အုပ်ချုပ်ကျန်ရစ်ခဲ့ရပါတယ်။ကတ်သရင်းဟာ သူ့ရဲ့အစွန်းရောက်ပရိုတက်စတင့်ယုံကြည်မှုတွေကိုအခြေခံပြီး တိုင်းပြည်ရဲ့အနာဂတ်သစ်တစ်ခုကိုဖော်ဆောင်နိုင်ဖို့တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူများကိုယုံမှားသံသယလွန်ကဲတတ်ပြီး ကျန်းမာရေးလည်းချွတ်ယွင်းနေတဲ့ဘုရင်ဟင်နရီပြန်ရောက်လာချိန်မှာတော့ အစွန်းရောက်တွေကိုဒေါသပုံချပြီးအစွန်းရောက်တရားဟောဆရာမတစ်ဦးဖြစ်တဲ့ ကတ်သရင်းရဲ့အချစ်ဆုံးသူငယ်ချင်းအန်းကို ဖမ်းဆီးမီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ သူငယ်ချင်းအတွက်ဒေါသလည်းထွက် ပူဆွေးသောကလည်းရောက်ရတဲ့ကတ်သရင်းဟာနန်းတော်ထဲမှာ အရင်မိဖုရားတွေကိုလည်းခေါင်းဖြတ်သတ်ခဲ့တဲ့ဟင်နရီရဲ့လက်ကနေ သူ့အတွက်သူလွတ်မြောက်အောင် ကြိုးပမ်းရပါတော့တယ်။ File size…1.55GB / 716MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Firebrand (2023)
Bully (2001)
Bully (2001) IMDb: 6.9/10 Rotten Tomatoes: 54% Genre: Biography, Crime, DramaBully ရုပ်ရှင်ဟာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့တုန်းက ဖလော်ရီဒါမှာဖြစ်ခဲ့တဲ့ ဘော်ဘီကန့်တ်ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက်အသတ်ခံရတဲ့အမှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဖော်အချွတ်များပါပြီး စကားပြောတွေလည်းရိုင်းသောကြောင့် မိသားစုနဲ့ကြည့်ရန်မသင့်တော်ပါ။ဇာတ်ညွှန်း ခင်ဗျားတို့လူတစ်ယောက်ကိုမုန်းလွန်းလို့ သတ်ပစ်ချင်လောက်တဲ့အထိဖြစ်ဖူးလား။ ဒါပေမယ့်စိတ်အေးတဲ့အချိန်ခင်ဗျားပြန်တွေးကြည့်လိုက်ရင် သတ်မယ်သာပြောတာ အစီအစဉ်မရှိ၊ သတ်ပြီးဘယ်လိုလုပ်မှာလဲဆိုတဲ့ အရံအတွေးမရှိ၊ လူသတ်ရတာဟာမလွယ်တဲ့အလုပ်ဆိုတာကိုသိလာပါလိမ့်မယ်။ခုဒီအဖြစ်အပျက်မှာလည်းအဲလိုပဲဖြစ်ပါတယ်။ ဘော်ဘီဆိုတဲ့ကောင်လေးဟာရိုင်းစိုင်းပြီးအတော်လေးကို မောက်မာပါတယ်။ အထူးသဖြင့်ငယ်သူငယ်ချင်း မာတီကို အရမ်းအနိုင်ကျင့်ပါတယ်။ လက်ပါတယ်၊ လူကြားထဲအရှက်ခွဲတယ်။ ဘော်ဘီဟာအရမ်းကိုဆိုးပါတယ်။ သူ့ကြောင့်နစ်နာခဲ့တဲ့လူတွေလည်းများနေပါပြီ။ အဲဒါကိုမကျေနပ်တဲ့ ဘော်ဘီရဲ့ကောင်မလေး လီဆာ ဟာ ဘော်ဘီကိုသတ်ရအောင်ဆိုပြီး ပြောလာပါတယ်။နှစ်ယောက်ထဲနဲ့လုပ်လို့မရဘူးဆိုတာကိုသိတော့ ဘော်ဘီမုဒိန်းကျင့်တာကိုခံဖူးတဲ့ အယ်လီကိုခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့အဆက်အသွယ်တွေနဲ့အုပ်စုကတောင့်လာပါတယ်။ ဘော်ဘီကိုသူတို့ဘယ်လိုများဆက်ကိုင်တွယ်မှာလဲ။ ဖြစ်ရပ်မှန်ဇာတ်လမ်းမလို့ကြည့်နေရင်း စိတ်မသက်မသာဖြစ်ရသလို၊ သံဝေဂလည်းရစေမှာသေချာပါတယ်။ File size… 2.4 GB / 1.1 GB Quality… BluRay 1080p ...
movie
Bully (2001)
The Lover (1992)
The Lover (1992) IMDb: 6.8/10 Genre: Biography, Drama, Romanceerotic romantic drama ဖြစ်တာကြောင့် လှပလွန်းတဲ့ အနုစိတ်ရိုက်ချက်တွေနဲ့ ဗလာကျင်းအခန်းတွေ အများကြီးပါတာမို့ အသက်မပြည့်သေးတဲ့သူတွေ မကြည့်မိဖို့ မိသားစုနဲ့အတူမကြည့်မိဖို့တို့ သတိလေးချပ်စေချင်ပါတယ်။ဗီယက်နမ်ဟာ ပြင်သစ်ကိုလိုနီဖြစ်နေဆဲ ကာလတုန်းကပေါ့ ...ဗီယက်နမ်မှာပဲ အခြေချနေထိုင်တဲ့ အသက်မပြည့်သေးတဲ့ အခြေမွဲအနေမွဲ ပြင်သစ်ကျောင်းသူလေးတစ်ဦးဟာ တရုတ်လူမျိုး ကြေးရတတ်အမျိုးသားတစ်ဦးနဲ့ ငြိစွန်းခဲ့ကြပါတယ်။တရုတ်ဆိုတာ အထင်သေးစရာ လူမျိုးတစ်ခုအနေနဲ့ မြင်တဲ့ လူမျိုးစုပြဿနာကို လက်ကိုင်ထားတဲ့ ပြင်သစ်မိသားစုက တစ်ဖက်၊ လူဖြူဖြစ်တယ်ဆိုတဲ့ မဆိုစလောက်ဂုဏ်ကလေးပိုက်ပြီး သွေးကြီးနေသလောက် ကုန်းကောက်စရာမရှိတဲ့ ဥရောပမိသားစုကို အထင်ကိုမကြီးတဲ့ တရုတ်ဖခင်ကြီးက တစ်ဖက်နဲ့ ရှေ့ဆက်စရာမရှိမှန်း ကိုယ်စီသိပြီးသား အခြေအနေတစ်ရပ်မှာ နှစ်ကိုယ်တူအိပ်မက်ဆိုတာကို မရှိသလိုသဘောထားပြီး ပစ္စုပ္ပန်မှာပဲ အာရုံပြုလို့ ရမ္မက်မီးပွားတွေကိုသာ အစွမ်းကုန်လောင်ကျွမ်းစေခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ ပြင်သစ်စာရေးဆရာမ Marguerite Duras ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်တာကြောင့် ...
movie
The Lover (1992)
8.1
Harom Hara (2024)
Harom Hara 2024 (ကယ်တင်ရှင် ဆူဘရာမာနီယမ်) IMDb - 9.1/10ဒီတစ်ခါမှာတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေထက်ကို ပိုကြမ်းပြမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ရွာတစ်ရွာမှာ တမ်မီရက်ဒီဆိုဦးဆောင်တဲ့ လူမိုက်အဖွဲ့ဟာ ကြီးစိုးနေပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ သူ့စကားကို ပယ်ရှားဖို့မပြောလေနဲ့ သူ့လူတွေကို လက်နဲ့ရွယ်တာနဲ့တင် အဲဒီလူ အသေဘဲဆိုတာမျိုးအထိ ကြမ်းပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ အုပ်စိုးနေသူဖြစ်ပါတယ်။ တမ်မီရက်ဒီတို့အဖွဲ့ ခေတ်ကောင်းနေတဲ့အချိန်မှာပဲ သူတို့ရွာရဲ့ကောလိပ်ကို စမ်းသပ်ခန်းလက်ထောက်ရာထူးနဲ့ ဆူဘရာမာနီယမ်ဆိုတဲ့သူ ရောက်ရှိလာပါတယ်။ တစ်ရက်မှာ ဆူဘရာမာနီယမ်နဲ့ တမ်မီရက်ဒီရဲ့ တပည့်တွေ ပြဿနာဖြစ်ကြရင်း အလုပ်ကနေ ထွက်ရဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာ ဆူဘရာမာနီယမ်ရဲ့အဖေဟာ အကြွေးပေါင်းများစွာတင်ပြီးတော့ ပြန်မဆပ်နိုင်တဲ့အဖြစ်ကို ရောက်နေကြောင်းသိလိုက်ရတဲ့အချိန်မှာ အကြွေးရှင်များက ဒီအကြွေးတွေဆပ်ဖို့အတွက် အချိန်၃လပေးလိုက်ပါတယ်။ ဒီ၃လအတွင်းမှာ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ တရားမဝင်ဂိုဏ်းတစ်ခုကို ဝင်မိရာကနေ ....... အကြွေးတွေကိုရော ပြန်ဆပ်နိုင်မှာလား .......ဆူဘရာမာနီယမ်တစ်ယောက် အဲဒီတရားမဝင်လုပ်ငန်းကနေ ဘယ်လိုတွေ လက်စွမ်းပြမလဲ ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ BpL~ ...
movie
Harom Hara (2024)
2024
Better Living Through Chemistry (2014)
Better Living Through Chemistry (2014) IMDb: 6.2/10 Rotten Tomatoes: 23% Genre: Comedy/Dramaတစ်ခါတလေဘဝက အရမ်းမွန်းကြပ်လာတဲ့အခါမှာ မထင်မှတ်ထားတာလေးတွေဖြစ်လာတတ်ပါတယ်။ ကောင်းတာတွေရှိသလို၊ ဆိုးတာတွေလည်းရှိပါတယ်။ ဖြစ်သင့်တာတွေရှိသလို၊ မဖြစ်သင့်တာတွေလည်းရှိပါတယ်။ Better Living Through Chemistry မှာတော့ ဒါတွေကိုဟာသလေးနှောပြီးပြသွားမှာဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့လိုတာက ပြောင်းလဲခြင်းပါပဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပထမဦးဆုံးခြေလှမ်းက အခက်ခဲဆုံးပါပဲ။ဇာတ်ညွှန်း ဒေါက်ကလက်စ်ဗာနီဆိုတာကတော့ မြို့လေးတစ်မြို့က ဆေးဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ အီသန်ဆိုတဲ့သားလေးတစ်ယောက်နဲ့ ကာရာဆိုတဲ့ အမျိုးသမီးရှိပါတယ်။မိသားစုတစ်ခုရှိနေပေမယ့် ဘဝရယ်လို့ရေရေရာရာ မရှိခဲ့ပါဘူး။တစ်ရက်မှာတော့ အယ်လိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အကြောင်းပါခဲ့ပါတယ်။အယ်လိဇဘတ်ကလည်း ဒေါက် လိုပဲ အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။အိုးခြမ်းပဲ့ခြင်းတွေ့တော့ အဆင်ပြေခဲ့တယ်ပဲ ဆိုရပါမယ်။ နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတော့ ခံစားကြည့်လိုက်ကြပါ။သရုပ်ဆောင်တွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းနဲ့နာမည်ကြီးတွေဖြစ်ပြီးမကြာသေးခင်ကမှ ဆုံးပါးသွားတဲ့ မင်းသားကြီး Ray Liotta လည်းပါဝင်အားဖြည့်ထားပါတယ်။ File size… 1.5 GB / 646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie
Better Living Through Chemistry (2014)
7.5
The Old Gun (1975)
IMDb Rating(7.5/10)Julien Dandieu ကပြင်သစ်ခွဲစိတ်ဆရာဝန်တယောက်ဖြစ်ပြီး စစ်ပွဲကာလအတွင်းမှာ ဂျာမန်တွေအတွက်အလုပ်လုပ်ပေးနေခဲ့ရတာပါ၊ ဒါကပဲသူနဲ့သူ့မိသားစုအတွက် အသက်ရှူချောင်နေရတာပါ၊ တိုက်ပွဲတွေပိုမိုပြင်းထန်လာခဲ့တော့ သူလည်းမိသားစုကိုစိတ်မချတာနဲ့ သူ့ဇာတိမြေကိုပြန်ခိုင်းလိုက်ပါတယ်၊ အန္တရာယ်ကင်းစေဖို့ သွားခိုင်းလိုက်ပေမယ့် သူ့မိန်းမနဲ့သမီးလေးဟာ ဂျာမန်တွေရဲ့သတ်တာကိုခံလိုက်ရပါတယ်၊ ဒါကို Julien တယောက်သိသွားချိန်မှာတော့ဆောက်တည်ရာမရဖြစ်ခဲ့ရပြီး သူကိုယ်တိုင်ပဲ ဂျာမန်တွေကိုလက်စားချေပါတော့တယ်၊ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်းက ချစ်ခြင်းတွေ၊နာကျင်ခံစားရတာတွေ၊လက်စားချေခြင်းတွေ၊ပြောင်းလဲသွားတဲ့ဘဝအကြောင်းတွေအကြောင်းကိုရိုက်ကူးထားတာပါ၊ဒီလိုခံစားချက်တွေကိုလည်း ပေါ်လွင်အောင်ရုပ်ကူးထားနိုင်တာကြောင့် 1976 César Award မှာအကောင်းဆုံးရုပ်ရှင်ဆုကိုရခဲ့တာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ၊ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre... Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Kyaw
movie
The Old Gun (1975)
Two Scoops of Italy (2024)
မိတ်ဆွေတစ်ဦးရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့စားသောက်ဆိုင်ဖွင့်ထား အမေရိကန်စားဖိုမှူးမလေးတစ်ဦးဟာ သူ့ရဲ့ဆိုင်ကို အောင်မြင်အောင်လုပ်ဖို့ရာအတွက် လူတွေ အကြိုက်တွေ့စေမယ့် မီနူးတစ်ခုဖန်တီးဖို့ လိုလာပါတယ်။ သူဟာ အကြံဉာဏ်အသစ်တွေရအောင် အီတလီနိုင်ငံကျေးလက်ဒေသကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အီတလီနိုင်ငံရဲ့ အစားအသောက်အရသာတွေ၊ ယဥ်ကျေးမှုတွေ၊ ရေခဲမုန့်တွေကို အကြိုက်တွေ့သွားအောင် ကူညီပေးတဲ့ အီတလီအမျိုးသားနဲ့ ချစ်ကျွမ်းဝင်သွားတဲ့ အမေရိကန်မလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ် File size…(1.5 GB)/(895 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Kaung San
movie
Two Scoops of Italy (2024)
First
21
22
23
24
25
Last
Previous
Next