Channel Myanmar

Drama

Buffalo Soldiers (2001) 6.7
Buffalo Soldiers (2001)  ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ်လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီးJoaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ ‌အကျင့်ပျက်စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်းရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီးဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့အခါမှာတော့ .....ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာComedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်းကြည့်ရှုကြရမှာပါ။ File size…1.61GB / 717MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Buffalo Soldiers (2001)

Chef Chidambara (2024) 7.8
Chef Chidambara (2024) Chef Chidambara (2024) ====================ဒီနေ့မှာတော့ ကျွန်တော်တို့ ဘောလိဝုဒ်ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating လည်း တော်တော်လေးကောင်းတဲ့ကားမို့ အားလပ်ချိန်မှာကြည့်ရှူဖို့အတွက် သင့်လျော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျား။ဇာတ်လမ်းအကျဉ်းချီဒူးဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဘိုးဘွားပိုင် ကမ်းခြေဘေးက ဟိုတယ်တစ်ခုကို ပေါင်ထားရပြီး ပြန်ရွေးနိုင်ဖို့အတွက် အတော်လေးရုန်းကန်ကြိုးစားနေရပါတယ်။သတ်မှတ်ထားတဲ့အချိန် ငွေမပေးနိုင်လို့ တစ်လလောက်အချိန်ထပ်ပေးဖို့ သွားပြောရင်း သူဌေးဖြစ်သူရဲ့ အမျိုးသမီးနဲ့ခေတ္တတွေ့ခဲ့ပြီး သူဌေးကိုပေးနိုင်ဖို့ ပိုက်ဆံရှာဖို့ ခေါင်းစားနေတုန်းမှာပဲ ခုနက သူဌေးကတော်ဖြစ်သူက လူအများသိလို့မရတဲ့ အရာတစ်ခုကို ကူညီပေးဖို့ပြောလာပါတယ်။ဖြစ်ပုံက သူဌေးကတော်ရဲ့ လက်ရှိအိမ်ထောင်မတိုင်ခင်မှာ တွဲခဲ့တဲ့ ဗစ်ကီဆိုတဲ့ ဘဲတစ်ဗွေက သူတို့အတူနေထားတဲ့ပုံတွေ ဗီဒီယိုတွေကို ရိုက်ထားပြီး သူ့ကိုလာပြီး ငွေညှစ်နေတာကို ချီဒူးကိုအဲ့ဒီဖိုင်တွေ သွားယူပြီး သူတောင်းတဲ့ပိုက်ဆံ ၁၀သိန်းကိုပေးခိုင်းဖို့လုပ်ပါတယ်။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ချီဒူးတိုက်ခန်းဆီ ဗစ်ကီရောက်သွားတဲ့အချိန်မှာ မတော်တဆ အဲ့ဒီလူကသေသွားပါတယ်။ ဒါပေမဲ့ဇာတ်လမ်းက အဲ့ဒီမှစတာပါ။ ပုံတွေ ဗီဒီယိုတွေ ပါတဲ့ဖုန်းက ဗစ်ကီဝရံတာမှာ ဖုန်းထွက်ပြောတုန်း ကားတစ်စီးပေါ်ပြုတ်ကျပြီး ပါသွားတာပါ။ အဲ့ဒါကိုသူလည်းမသိလိုက်ပါဘူး။ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲ ဖုန်းကို ...
movie

Chef Chidambara (2024)

2024
The Goat Life (2024) 8.6
The Goat Life (2024) Aadujeevitham - The Goat Life (2024) "ကန္တာရအလယ်"IMDb 8.6ပရိသတ်ကြီးအတွက် မလေယာလမ်ရုံတင်ကားသစ်ကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်၂၀၀၈ ထုတ် ဖြစ်ရပ်မှန်ဝတ္ထုကို ရိုက်ကူးထားတဲ့ ဒီကားလေးမှာဆိုရင် Saalar, Bade Miyan Chote Miyam တို့လို နာမည်ကြီးကားတွေထဲက မင်းသား Prithviraj Sukumaran ပါဝင်ထားပြီး ရုံတင်ဝင်ငွေ ၁၆၀ ကုဋေ ရထားတဲ့အပြင် တတိယဝင်ငွေအကောင်းအဆုံး မလေယာလမ်ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ်ကနဦးအနေနဲ့ အာရပ်နိုင်ငံတိုင်းလိုလိုက ပိတ်ပင်ခဲ့ပြီး အခုလက်ရှိ ဆော်ဒီအာရေးဗျနဲ့ ကူဝိတ်လို နိုင်ငံတွေက ပိတ်ပင်ထားဆဲပါ အရှေ့အလယ်ပိုင်းမှ ဆော်ဒီ၊ ကာတာတို့ကို ချမ်းသာတဲ့ ရေနံနိုင်ငံတွေအဖြစ် လူသိများကြတယ် သူတို့ဘက်က ခေါင်းဆောင်တွေကလည်း ကမ္ဘာ့အလယ်မှာ သူတို့နိုင်ငံ ဂုဏ်သတင်းကျော်ဇောစေရန် အဘက်ဘက်က လုပ်ဆောင်လာကြပေမယ့် လူအများစုရဲ့စိတ်ထဲမှာတော့ ပြစ်ချက်တစ်ခုကရှိနေတုန်းပါအဲဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ ဒီရုပ်ရှင်ဇာတ်လမ်းအကျဥ်းကို ပြောရရင် နာဂျိဘ်ဆိုတဲ့ မလေယာလမ် အိန္ဒိယလူမျိုးတစ်ဦးနဲ့ ဟာကင်ဆိုတဲ့ ခပ်ငယ်ငယ်ကောင်လေးတို့ဟာ ဆော်ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြပါတယ်အေးဂျင့်စကားအရ ကုမ္ပဏီမှာ အလုပ်ရမယ် မြို့မှာနေစရာရမယ်လို့ ယုံကြည်ထားတဲ့ သူတို့နှစ်ယောက် လာခေါ်တဲ့ကားနဲ့ ...
movie

The Goat Life (2024)

2024
Vanished into the Night (2024) 5.2
Vanished into the Night (2024)  အခုဇာတ်ကားလေးကတော့ ဒရမ်မာအမျိုးအစားဖြစ်ပြီး အကြွေးတွေပတ်လည်ဝိုင်းနေပြီး မိန်းမနဲ့ပါ ကွာရှင်းဖို့ တရားရင်ဆိုင်နေရတဲ့ Pietro တစ်ယောက် မိန်းမဖြစ်သူ Elena မှ ခရီးသွားဖို့ ရှိတာကြောင့် ကလေးနှစ်ယောက်ကို Pietro ရဲ့အိမ်မှာ ထားခဲ့ရာ ကလေးနှစ်ယောက်လုံး ပြန်ပေးဆွဲခံလိုက်ရတယ်။ပြန်ပေးသမားမှ ပြန်ပေးငွေတောင်းရာ Pietro တစ်ယောက် ကလေးတွေကို ကယ်တင်ဖို့ ငွေကို ဘယ်လိုရှာမလဲ၊ ကလေးတွေကိုရော အန္တရာယ်ကင်းကင်းနဲ့ ပြန်ပေးသမားလက်ထဲကနေ ပြန်ခေါ်နိုင်ပါ့မလား၊ ပြန်ပေးသမားကရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့..... File size…(1.5 GB)/(820 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie

Vanished into the Night (2024)

The Rose Tattoo (1955) 6.9
The Rose Tattoo (1955)  ဒီကားကတော့ 1955 တုန်းက ထွက်ခဲ့တဲ့ အဖြူအမည်းကားလေးပါ။ IMDB rating 6.9 (nice) ရထားပြီးတော့ ဆုတွေအတော်များများရထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။လင့်မျက်နှာ တစ်ကမ္ဘာဆိုတဲ့ ဆယ်ရာဖီနာ ဟာ ယောင်္ကျားဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာ နှစ်နဲ့ချီ ပူဆွေးပြီး အိမ်တွင်းအောင်းနေခဲ့ပါတယ်။ ဒီလိုနေလာရင်းကနေ အိမ်ကို အဝတ်ချုပ်ဖို့ လာအပ်တဲ့ မိန်းမနှစ်ယောက်နဲ့ စကားများရာက သူ့ ယောင်္ကျားဟာ သူ့အပေါ်ဖောက်ပြန်ခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်။ဒါကိုပဲ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ရင်း ချစ်ရသူကို ဆုံးရှုံးရတာရော သစ္စာဖောက်ခံရတာရောကို ဘယ်လိုဘယ်နည်းနဲ့ ကုစားမယ်ဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရမှာပါ။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:57:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Rose Tattoo (1955)

Liberty Stands Still (2002) 5.7
Liberty Stands Still (2002)  ဒီကားကတော့၂၀၀၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Liberty Stands Still လို့ခေါ်တဲ့ Action/Thriller ဇာတ်ကားလေးဖြစ်ပါတယ်.....Blade မင်းသားလို့ လူသိများကြတဲ့ မင်းသားကြီး Wesley Snipes ရဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ.....သူ့ရဲ့ ဇာတ်လမ်းလေးကတော့... Liberty လို့ခေါ်တဲ့သေနတ်ထုတ်လုပ်သူတစ်ဦးရဲ့ ဇနီးက သူ့သမီးသေဆုံးမှုကို ကလဲ့စားချေချင်နေတဲ့လူတစ်ဦးရဲ့ခြိမ်းခြောက်ခြင်းကိုခံရပြီးဗုံးတစ်လုံးနဲ့အတူချည်နှောင်ခံခဲ့ရပါတယ်အဲဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတဖြည်းဖြည်းချင်းကြည့်ရူရမယ့်ကားလေးဖြစ်ပါတယ်‌ Action ဆိုပင်မဲ့လည်းအရမ်းကြီးချနေတာမျိုးမဟုတ်ဘဲဖြည်းဖြည်းချင်းစကားပြောတာတွေကိုနားထောင်ပြီးဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ကြည့်ရမယ့်ရုပ်ရှင်မျိုးဖြစ်ပါတယ် File size…(2.4 GB)/(1.6 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:36:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Liberty Stands Still (2002)

Project Papa (2018) 6.2
Project Papa (2018) Project Papa (2018) IMDb - 6.2/10သားဖနှစ်ယောက်ကြားက ချိုမြိန်တဲ့ ချစ်ခြင်းတရားနဲ့ ဂရုစိုက်မှုတွေကို တငြိမ့်ငြိမ့်ခံစားစေရမဲ့ ဝေဖန်ရေးဆရာတွေဆီက ချီးကျူးမှုတွေ ဆုတွေအများကြီးရခဲ့တဲ့ မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အနီးမှာရှိတဲ့မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ထဲမှာပဲ စိတ်ကိုနှစ်မြှုပ်ထားနေတဲ့ စိတ်ဖိစီးမှုတွေနဲ့ အမျိုးသမီးတစ်ယောက်။သူ ရုတ်တရက်တွေးသိလိုက်ရတာ အဖေဖြစ်သူမှာ အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အရိပ်အယောင်တွေ။ဒီမှာပဲ အလုပ်တွေကို ပစ်ချထားခဲ့ပြီး အဖေဖြစ်သူရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ကြိုးစားပါတော့တယ်။မေတ္တာတရားဆိုတာမျိုးက အသွားအပြန်ရှိမှဆိုတာမျိုး တစ်လမ်းသွားပဲဆိုတာမျိုးတွေတွေးနေဖို့မလိုပါဘူး။အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးနေတာ။ ဘယ်လောက်ထိကြာရှည်မလဲဆိုတာ ကျွန်တော်တို့တွေမသိဘူး။ ဒီတော့ အနီးအနားက ချစ်ခင်ရတဲ့ မိသားစုတွေ မိတ်ဆွေတွေရယ်နဲ့ မေတ္တာတရားရယ်၊ ပျော်ရွှင်မှုတွေရယ်နဲ့ကုန်ဆုံးဖို့ ကြိုးစားကြရအောင်လားဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Vဖြစ်ပါတယ်) File size…1.3GB / 539MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V
movie

Project Papa (2018)

2018
Moorane Krishnappa (2024) 7.5
Moorane Krishnappa (2024) Moorane Krishnappa (2024) "အထူးဧည့်သည်တော်"ဝေဖန်ရေးဆရာတွေရဲ့ ရီဗျူးကောင်းတွေ ရထားတဲ့ အသစ်ထွက် ကန်နားဒါး ကျေးလက်ဟာသ ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်ကျေးရွာဥက္ကဌတစ်ဦးဟာ ရွာဘုရားကျောင်းသစ်ကို တည်ဆောက်ပေးထားပြီး ဖွင့်လှစ်ပွဲအတွက် အထူးဧည့်သည်တော် နာမည်ကြီးဟာသသရုပ်ဆောင်တစ်ယောက်ကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်အကြောင်းမှာဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ပြိုင်ဘက်ထက် မဲအသာရစေဖို့ ဘာသာရေးအမည်တပ်ပြီး ရွာသားတွေအကြိုက်ဆောင်ဖို့ပါပဲ ဖြစ်ချင်တော့ ငါးရက်အလိုမှာ အဆိုပါနာမည်ကြီးမင်းသားဟာ ရုတ်တရက်ဆုံးသွားလို့ ဘုရားကျောင်းဖွင့်ပွဲအတွက် အထူးဧည့်သည်တော်တစ်ဦးကို အလျင်အမြန်ရှာဖွေဖို့လိုလာတဲ့အခါမှာ ခရစ်ရှ်နာပါဆိုသူ ရွာက သင်္ချာဆရာတစ်ယောက်ကို ခေါ်ပြီး သူ့ရဲ့အဆက်အသွယ်နဲ့ နာမည်ကြီးပုဂ္ဂိုလ် ရှာပုံတော်ဖွင့်ကြပုံကို ဟာသလေးနှောပြီး ပရိသတ်ပြုံးပျော်စေနိုင်ဖို့ တင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်က​တော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.8GB / 855MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Moorane Krishnappa (2024)

2024
I Want You (2012) 6.8
I Want You (2012)  စပိန်ရုပ်ရှင် I Want You ကတော့ ချောချောလှလှမင်းသား၊မင်းသမီးလေးတွေနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့အချစ်ကားစစ်စစ်လို့ပြောရမှာပါ။ မတော်တဆမှုတစ်ခုမှာအချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အာချေဟာ လန်ဒန်မှာနှစ်အနည်းငယ်ကြာအောင်သွားနေခဲ့ပြီးတဲ့နောက် မိသားစုရှိရာဘာစီလိုနာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ်ခွင့်မလွှတ်နိုင်သေးတဲ့အာချေဟာ ရည်းစားဟောင်းဘာဘီကိုလည်း အရမ်းတွေ့ချင်ပေမယ့် သွားမတွေ့နိုင်ခဲ့ပါဘူး။တစ်ရက်မှာတော့ ဓာတ်ဆီဆိုင်မှာ ဂျင်ဆိုတဲ့ကောင်မလေးနဲ့အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်။ချောတယ်၊ ခေတ်ဆန်တယ်၊ သူများကိုဂရုမစိုက်ဘဲလွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့သတ္တိအပြည့်ရှိတဲ့ဂျင်ဟာအာချေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နဲ့အနာဂတ်ကိုခရီးဆက်ချင်တဲ့အာချေတစ်ယောက် အတိတ်ကိုရောလွှတ်ချထားနိုင်ခဲ့မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.48GB / 1.23GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

I Want You (2012)

Gerald’s Game (2017) 6.6
Gerald’s Game (2017) Gerald's Game (2017)IMDb Rating (6.5) / Rotten Tomatoes (91%)အတူနေဖို့ ကုတင်မှာ လက်ထိပ်တွေဘာတွေခတ်ပြီးကာမှ ယောက်ျားဖြစ်သူနှလုံးရပ်သွားလို့ခေါ်မကြားအော်မကြားအိမ်ကြီးထဲမှာ တစ်ယောက်ထဲ လက်ထိပ်ကြီးနဲ့ကူကယ်ရာမဲ့ဖြစ်သွားတဲ့ ဇနီးသည်နှင့် ထူးဆန်းသော Horror ဇာတ်လမ်းဆိုပြီး ခေါင်းစဉ်တပ်ရမယ့်ဇာတ်ကားပါ။ဒီဇာတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေဇာတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ်ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့်သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ်တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ  ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ...ဇာတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ်သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie ...
movie

Gerald’s Game (2017)

2017
Trespassers (2024) 5.0
Trespassers (2024) လူတွေရဲ့စိတ်ဆိုတာတစ်ခါတစ်လေမှာ ဖြောင့်မတ်တည်ကြည်မူ့တွေရှိနေတတ်ပေမယ့် တစ်ခါ‌တစ်လေကျတော့လည်း မြစ်တစ်စင်းလိုကောက်ကွေ့ကြစမြဲပါ။ဒီဇာတ်လမ်းလေးထဲမှာတော့ Kanae San သူငယ်ချင်း OGAWA နဲ့ TANAKA တိုသုံးယောက်က ကုမ္ပဏီတစ်ခုထဲမှာ အရမ်းကိုခင်ကြတဲ့သူငယ်ချင်းသုံးယောက်ပါ။သုံးယောက်လုံးက သွားအတူ လာအတူ စားအတူနဲ့အရမ်းကိုခင်မင်ကြပါတယ်။ တစ်နေ့မှာတော့ သူတိုရဲ့ကုမ္ပဏီက လစာငွေပေးတာအရမ်းနည်းတဲ့အတွက် သူတိုအတွက်အခက်အခဲတွေအရမ်းဖြစ်လာပါတော့တယ်။အဲ့ဒီတော့ အဲ့ဒီကိစ္စကိုသုံးယောက်သားတိုင်ပင်ပြီး သူဌေးအိမ်ကို ဖောက်ထွင်းဖိုကြံပါတော့တယ်။သူတိုရဲ့လုပ်ရပ်က ရက်စက်ရာကြတယ်ဆိုပေမယ့် သူ‌တိုရဲ့မသိစိတ်မှာတော့ လူတစ်ဖတ်သားကိုအာနာမိတဲ့အသိစိတ်လေးဝင်လာတာကြောင့် သူတိုလုပ်ရပ်ကို ချက်ချင်းဘဲရပ်လိုက်ပါတော့တယ်။နောက်ဆုံး သူတိုရဲ့လုပ်ရပ်တွေအားလုံး သူဌေးသိသွားတဲ့အခါမှာတော့ ဘယ်လိုရှုပ်ထွေးမူ့တွေနဲ့ ထပ်ပြီးရင်ဆိုင်ရမလဲဆိုတာ....File size_(1.1GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Blank
movie

Trespassers (2024)

Dreamer: Inspired By a True Story (2005) 6.8
Dreamer: Inspired By a True Story (2005) ဒီဇာတ်လမ်းမှာ ပြိုင်မြင်းလေ့ကျင့်ရေးသမားဖြစ်တဲ့ Benက အလုပ်များတာကြောင့် သူ့သမီးလေး Cale ကို လျစ်လျူရှုပြီး နေရင်းက အလုပ်မှာ ခြေထောက်ကျိုးသွားတဲ့ပြိုင်မြင်းမလေးတစ်ကောင်ဖြစ်တဲ့ Sonador ကိုကယ်ရင်း အလုပ်ပြုတ်သွားခဲ့တယ်။Cale လေးက Sonador ကိုချစ်ပြီး Ben နဲ့အတူ အိမ်မှာ Sonador ခြေထောက်သက်သာအောင်ကူညီရင်းက သားအဖနှစ်ယောက် ပြန်လည်စည်းလုံးလာပြီး နွေးထွေးတဲ့ မိသားစုတစ်ခုပြန်လည်ရရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်နေတဲ့ Ben တို့မိသားစု ငွေကြေးအတွက် Sonador မြင်းမလေးနဲ့ ပြိုင်မြင်းလောင်း​ကြေးလောကမှာ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ နွေးထွေးတဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ကလေးမလေး Cale ရဲ့ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုရှိတဲ့ အတုယူစရာစိတ်ဓာတ်နဲ့ သတ္တိကို ရင်ထဲနွေးထွေးပြီး​ အနှစ်သာရအပြည့်နဲ့ ကြည့်ရှုရမဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p ...
movie

Dreamer: Inspired By a True Story (2005)

Saramsha (2024) 7
Saramsha (2024) Saramsha 2024 (စာရေးဆရာနဲ့ ဇာတ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ပုဒ်)မွေးစားမိဘတွေနဲ့အတူတူနေတဲ့ တေဂျက်စ်ဝီဆိုတဲ့ကောင်လေး၊ သူဟာ စာဖတ်ရတာကို ဝါသနာပါပြီးတော့ စာရေးဆရာဖြစ်ချင်နေခဲ့တဲ့သူတစ်ယောက်ပေါ့။ငယ်ငယ်လေးကတည်းက ကဗျာတွေလည်းရေးရင်း စာလည်းကြိုးစားလို့ ကျောင်းမှာ ဆရာမတွေရဲ့အချစ်တော်လေး ဖြစ်ခဲ့သူတစ်ယောက်ပေါ့။ သူဟာ မိဘတွေအတွက် အရှင်ကပေးတဲ့လက်ဆောင်လို့ မှတ်ယူရင်း မိဘတွေစိတ်ချမ်းသာအောင်ပဲ အမြဲထားချင်တဲ့ ကလေးလေးတစ်ယောက်ပေါ့။ ဒီမှာ ထူးဆန်းတာက တေဂျက်စ်ဝီရဲ့ စာရေးခုံမှာရှိနေတဲ့ အရုပ်လေးနှစ်ရုပ်က သူနဲ့အတူတူ စကားပြောပေးတာပါပဲ။ဒီလိုနဲ့ အသက်တွေကြီးလာတော့လည်း စာရေးဆရာဖြစ်ချင်တဲ့ ဝါသနာအရ စာတွေရေးရင်းနဲ့ သူ့ရဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ အာဘေးနဲ့ အပြင်မှာ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ ....... စာရေးဆရာနဲ့ ဇာတ်ကောင်ကြား ဘာတွေဖြစ်လာမလဲ ......ဒီလို စိတ်ကူးရင်ဆန်တဲ့ ဖြစ်ရပ်တွေကြားမှာ ဘယ်လို စိတ်ခံစားချက်တွေနဲ့ ဘယ်လို ဒရာမာဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ .... တေဂျက်စ်ဝီကရော နောက်ဆုံးမှာ သူဖြစ်ချင်ခဲ့တဲ့ စာရေးဆရာ ဖြစ်လာမလား ..... ဆိုတာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) File size…1.8GB / 622MB Quality…WEB DL 1080p ...
movie

Saramsha (2024)

2024
Tyler Perry’s Divorce in the Black (2024) 5.0
Tyler Perry’s Divorce in the Black (2024)  ဒီဇာတ်ကားကို Medea movie Franchise နဲ့နာမည်ကြီးလာတဲ့ Tyler Perry က director အဖြစ်နဲ့ရောဇာတ်ညွှန်းဆရာအဖြစ်ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။ဒါ့အပြင် ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကတော့လူမည်းသရုပ်ဆောင်တွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။အိမ်ထောင်ရေး Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် Ava ဟာသူ့ယောကျ်ားကို အရမ်းချစ်ပြီးတော့ဂရုစိုက်တဲ့အိမ်ထောင်ရှင်မတစ်ယောက်ပါ။ ဒါပေမယ့် သူ့ယောကျ်ားDallas က‌တော့ Ava ကို အကောင်းမမြင်ပဲနဲ့ ကွာရှင်းခဲ့ပါတယ်။ဒါပေမယ့် ကွာရှင်းပြီးသွားတာတောင်မှ မကျေနပ်နိုင်သေးပဲAva ကို လိုက်နှောင့်ယှက်နေပါတယ်။ Dallas က Ava ကိုဘယ်လိုတွေလိုက်နှောင့်ယှက်မလဲ..ဘာလို့လိုက်နှောင့်ယှက်နေတာလဲ..Ava ကရော သူ့လက်ထဲကနေလွတ်မြောက်အောင်ဘယ်လိုလုပ်မလဲဆိုတာကို ရသမျိုးစုံခံစားရအောင်ကြည့်ရမှာဖြစ်ပါတယ်။ File size…1.89GB / 793MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Tyler Perry’s Divorce in the Black (2024)

A Cure for Wellness (2016) 6.4
A Cure for Wellness (2016) A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie

A Cure for Wellness (2016)

[18+] The Devil’s Honey (1986) Dangerous Obsession
[18+] The Devil’s Honey (1986) Dangerous Obsession The Devil's Honey (1986) -------------------------------ဒီဇာတ်ကားလေးကတော့ အီတလီဒါရိုက်တာ Lucio Fulci ရိုက်ကူးထားတဲ့ Italian erotic drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။Naked အခန်းတွေပေါပေါသီသီပါတဲ့အတွက် မိသားစုနဲ့‌အတူတူကြည့်လို့တော့မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂဲတာနိုဟာ ဆက်ဆိုဖုန်း မှုတ်တဲ့သူတစ်ယောက်ပါ။သူ့မှာ စီဆီလီယာ ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပြီး အရမ်းကျူးကြတဲ့ အတွဲလေးဖြစ်ပါတယ်။တစ်နေ့တော့ ဂဲတာနိုဟာ မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ခွဲစိတ်ခန်း၀င်ရတဲ့အခါ ဆရာ၀န်ရဲ့အမှားကြောင့် ဂဲတာနိုတစ်ယောက် အသက်ဆုံးရှုံးလိုက်ရပါတယ်။အဲဒီ‌နောက်တော့ သူ့ရဲ့ချစ်သူ စီဆီလီယာဟာ ဆိုက်ကို၀င်ပြီးဝောာ့ ဆရာ၀န်ကိုလက်စားချေဖို့ကြိုးစားပါတော့တယ်။ဒီဇာတ်ကား‌လေးမှာ ချစ်ခြင်းအပြင် Erotic ဖြစ်ခြင်း၊ တပ်မက်ခြင်း၊ စိတ္တဇဖြစ်ခြင်းတို့ရဲ့ dark side ကိုထင်ထင်ရှားရှားရိုက်ကူးပြထားပါတယ်။(Dark Side Production မှ တင်ဆက်သည်။) File size…(6.6 GB)/ (1.5 GB) Quality…BluRay 1080p/ 720p Format…mp4 Duration….01:22:49 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Theo Kat
movie

[18+] The Devil’s Honey (1986) Dangerous Obsession

Bottom Feeders (2024)
Bottom Feeders (2024)  "Bottom Feeders" ဆိုတဲ့ ရုပ်ရှင်ဟာ လူမှုရေး ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး စိတ်ဝင်စားဖွယ် ဇာတ်အိမ်တစ်ခုနဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းက ၂၀ နှစ်အရွယ် Dmitri ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးထားပြီးတော့ သူက အတော်ကိုစရိုက်ဆန်တဲ့ ဖခင်နဲ့အတူ ရက်စက်တဲ့အိမ်ခြေမဲ့ ဘဝကို ရက်ရှည်ဖြတ်သန်းနေရတာပါ။ ငယ်သူငယ်ချင်း Benny က ခရစ်စမတ်မှာ သူ့ရဲ့ သိပ်လှတဲ့ ချစ်သူ Jess နဲ့အတူ ပြန်လာတဲ့အခါမှာ Dmitri ရဲ့ တကယ့်အိပ်မက်တွေပြောင်းလဲလာပြီး ထွက်ပေါက်အသစ်တွေ ရှာတွေ့သလို ဖြစ်လာပါတယ်။သူဟာ သူ့အိပ်မက်တွေကို အမှန်တကယ်မှီငြမ်းဖို့ Benny နဲ့ Jess တို့ရဲ့ ဆက်ဆံရေးထဲ ထိုးဖောက်ရင်း ဒီရက်စက်တဲ့ ဘဝကနေ ထွက်ပေါက်ရမလားဆိုတာကို ကြည့်ရှူပြီးခံစားပေးပါဦး။ File size…(970 Mb)/(440 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:18:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min ...
movie

Bottom Feeders (2024)

The Imaginary (2023)
The Imaginary (2023)  Netflix က အသစ်ထွက်ရှိလာတဲ့ ရင်ကိုနွေးစေမယ့် anime လေးကို တင်ဆက်ပေးလိုက်ပါတယ်ရာဂျာဆိုတဲ့ ကောင်လေးက အာမန်ဒါဆိုတဲ့ ကောင်မလေးရဲ့ စိတ်ကူးယဥ်သူငယ်ချင်းဖြစ်ပြီး အာမန်ဒါစိတ်ကြိုက်ဖန်တီးတဲ့ စိတ်ကူးယဥ်ကမ္ဘာအလီလီမှာ အတူကစားခုန်စားပျော်ပါးရင်း အာမန်ဒါရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးရတယ်အာမန်ဒါကလွဲ ဘယ်သူမှ မမြင်ရတဲ့ ရာဂျာ၊ သူ့ဘဝအတွက် တစ်ဦးတည်းသော အဖော် အာမန်ဒါ အက်ဆီးဒင့်ဖြစ်တဲ့အခါ တခြား အမေ့လျော့ခံ စိတ်ကူးယဥ်ဇာတ်ကောင်တွေလို တဖြည်းဖြည်း ဗလာနတ္ထိအဖြစ် ပျောက်ဆုံးသွားတော့မှာလား စိတ်ကူးယဥ်ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမျက်ရည် သင်းရနံ့ကို စားသုံးချင်တဲ့ လူထူးဆန်းကြီးနဲ့ ဘယ်လိုရင်ဆိုင်ဦးမှာလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြပါလို့ ... File size…(1.4 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Animation, Drama, Family, Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

The Imaginary (2023)

The Edukators (2004)
The Edukators (2004)  ဒီဇာတ်ကားလေးက အရင်းရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်သုံးဦးဖြစ်တဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီဆိုတဲ့ လူငယ်သုံးယောက်အပေါ် အခြေခံထားပါတယ်။ သူတို့ကတော့ ခေတ်သစ်လူ့အဖွဲ့အစည်းမှာရှိတဲ့ လူမှုရေးအရမညီမျှမှုတွေနဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံကို စိတ်ပျက်နေကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ဇန်နဲ့ ပီတာ က "The Edukators" ဆိုတဲ့ အဖွဲ့တစ်ဖွဲ့လုပ်ထားပြီး ညဘက်ကျရင် ချမ်းသာတဲ့အိမ်ကြီးတွေထဲဝင်ပြီး ဘာပစ္စည်းမှမခိုးဘဲ ပစ္စည်းတွေကို နေရာပြန်ချပြီး အိမ်ပိုင်ရှင်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စာတစ်စောင်ချန်ထားတတ်ပါတယ်။ဂျူလီကတော့ ဟာဒန်ဘက်ချ် လို့ခေါ်တဲ့ ချမ်းသာတဲ့ စီးပွားရေးသမားရဲ့ကားကို တိုက်မိတဲ့မတော်တဆမှုကြောင့် အကြွေးတွေတစ်ပုံတစ်အောကြီးကို အလုပ်လုပ်ရင်းဆပ်နေရတဲ့သူပါ။ တစ်ရက်တော့ ဂျူလီနဲ့ ဇန်တို့နှစ်ယောက်သား အဲဒီ သူဌေးရဲ့ ဗီလာထဲ ခိုးဝင်ရာကနေ ဟာဒန်ဘက်ချ် နဲ့ ပင်ပင်းတိုးတဲ့အခါမှာတော့ သူ့ကိုပြန်ပေးဆွဲဖို့ကြံလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့...ဟာဒန်ဘက်ချ် ကို သူတို့ ဘာဆက်လုပ်မလဲ၊ သူနဲ့ ပတ်သက်ရင်းနဲ့ သူတို့ရဲ့အယူဝါဒယုံကြည်ချက်တွေနဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီ ...
movie

The Edukators (2004)