Channel Myanmar

Drama

The Wind Will Carry Us (1999) 7.4
The Wind Will Carry Us (1999) The Wind Will Carry Us (1999)~ IMDb - 7.4/10, Rotten Tomatoes - 97% ~Abbas က ဝတ္တုတွေထက် ကဗျာတွေက ခံစားချက်အပေါ် သက်ရောက်မှုပိုများတယ်လို့ ယုံတဲ့လူမျိုးပဲ။ The Wind Will Carry Us ဆိုတဲ့ နာမည်ရော ဒီကားထဲက ကဗျာစာသားတွေကိုရော သူက ကဗျာတစ်ပုဒ်ကနေ ယူသုံးထားတယ်။ Poetic Cinema ဟာ ဇာတ်ကြောင်းပြောရုံသက်သက်ရုပ်ရှင်တွေထက် ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်မယ်လို့ သူက ယုံခဲ့တယ်။ သူ့အိမ်က စာကြည့်ခန်းထဲမှာဆိုလည်း ဝတ္တုစာအုပ်တွေဟာ အသစ်ကျပ်ချွတ်လိုကိုဖြစ်နေတယ်တဲ့။ ဝတ္တုတွေကို သူတစ်ခါလောက်ပဲဖတ်ပြီး ဂျောင်ထိုးထားတာမလို့လို့ပြောတယ်။ သူ့ကဗျာစာအုပ်တွေဆို သူထပ်ခါထပ်ခါ ဖတ်လွန်းလို့ ထောင့်ဘက်တွေဆို ပြုတ်ထွက်နေပြီတဲ့။"ကဗျာက ကိုယ့်ဆီကနေ အမြဲထွက်ပြေးနေတယ်။ ဖမ်းဆုပ်ဖို့ ခက်တယ်။ ဖတ်လိုက်တိုင်း ကိုယ့်စိတ်အခြေအနေကိုမူတည်ပြီး ဖမ်းဆုပ်မိတဲ့အရာက တူမှာမဟုတ်ဘူး။ ...
movie

The Wind Will Carry Us (1999)

1999
Kapil Return (2023) 6.2
Kapil Return (2023) Kapil returns 2024 အိပ်မက်ပန်းတိုင်မနက်ခင်းနိုးထလာရင် ပျော်စရာတွေနဲ့အစပြုတတ်တဲ့မိသားစုတစ်စု ယောကျာ်းကအလုပ်သွားဖို့ပြင်ဆင် မိန်းမကအိမ်မှုကိစ္စလုပ် သားဖြစ်သူဘာရတ်ကစာတွေလုပ်ရင်းပေါ့ သားဖြစ်သူကိုမျှော်မှန်းထားကြတာက ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အကောက်ခွန်ဦးစီးဖြစ်ဖို့ စသဖြင့်ပါဒါပေမဲ့ဒီကလေးက ခရစ်ကတ်မှာ ပါရမီပါလာပါတယ် ခရစ်ကတ်မှာနာမည်ကြီးတစ်ယောက်ဖြစ်ချင်ပေမဲ့ ဖခင်ဖြစ်သူကတော့ ခရစ်ကတ်ဆိုအရမ်းမုန်းတီးတာပါ ဘော်လီဘော ဘောလုံးကြိုက်တာကစားလို့ရပေမဲ့ ခရစ်ကတ်ကိုတော့ အသုံးမဝင်တဲ့ကစားနည်းလို့မှတ်ယူထားတာပေါ့ သူဒီလိုမုန်းတီးရတာလည်းအကြောင်းရှိပါတယ်ခရစ်ကတ်ကို အရမ်းသဘောကျခဲ့ပေမဲ့ အကြောင်းတချို့ကြောင့်ခရစ်ကတ်လောကထဲကထွက်ခဲ့ရလို့ပါ ဒါကဘာများဖြစ်မလဲဖခင်မုန်းတီးနေတဲ့ခရစ်ကတ်ကိုမှ ဝါသနာပါမိသူဘာရတ်နဲ့ အထိမခံမုန်းတီးနေတဲ့အာရှို့ခ်ကြား ဘယ်လို၂ပါးသွားမယ်ဆိုတာ ထင်မှတ်မထားတဲ့ plot twist တွေနဲ့ ခံစားကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.9GB / 940MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 51mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by CM Bollywood Team
movie

Kapil Return (2023)

2023
My Dictator (2014)
My Dictator (2014) My Dictator (2014)********************မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်းအဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေစိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကိုဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကိုလွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီးကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာသူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်ကနိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာမမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင်ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကိုအဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…2.33GB ...
movie

My Dictator (2014)

Hiraya (2024) 5.0
Hiraya (2024) ဟီရာယာဆိုတာ ဆန်ရိုကေးတိုက်နယ်အပိုင်ရွာတစ်ခုကမြစ်ကမ်းဘေးမှာ ဒဏ်ရာတွေနဲ့လဲနေလို အဘွားကြီးတစ်ယောက်က ကယ်ထားတဲ့ဇစ်မြစ်မသိရတဲ့ မိန်းမလှလေးတစ်ယောက်ပါ။သူ့ကိုစတွေ့ကတည်းက နာမည်တစ်ခုကလွဲလို ဘာမှမေးမရတဲ့အပြင် ခေါင်းထိထားတဲ့ဒဏ်ရာကြောင့်အတိတ်ကလည်းမေ့နေပြန်ပါသေးတယ်။ရပ်ထဲရွာထဲက အတင်းပြောတတ်တဲ့အမျိုးသမီးတွေရဲ့စကားအရတော့ သူ့ကိုရှာတွေ့ခဲ့တဲ့ မြစ်ဘေးဟာ သုံးနှစ်တစ်ကြိမ် သူယောင်မတွေက ယောကျ်ားတွေကိုမြူဆွယ်ဖြားယောင်းပြီးခေါ်သွားတတ်တဲ့ ပါးစပ်ရာဇဝင်တစ်ခုရှိတဲ့အတွက် သူ့ကိုလည်း အဲ့ဒီကလာတဲ့ လူယောင်ဆောင်တစ်ဦးလိုဆိုကြပြန်ပါတယ်။ဒါပေမယ့် စကားမပြောတတ်၊အတိတ်ကို မမှတ်မိတဲ့ ဟီရာယာဟာ တွေ့သမျှယောက်ျားတိုင်းနဲ့လိုက်အိပ်ပြီး အဲ့ဒီလိုသူနဲ့အိပ်ဖူးတဲ့သူတိုင်း ကံဆိုးမိုးမှောင်ကျမှုတွေ ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေ စိပ်လာချိန်မှာတော့ တစ်ရွာလုံးနဲ့ထိပ်တိုက်တွေ့ဖိုဖြစ်လာပါတော့တယ်။နောက်ပိုင်းထွက်တဲ့ Vivamax ကားတွေထဲမှာဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော alias ပါ )File size_(1.7GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Hiraya (2024)

The Fatal Encounter (2014) 6.7
The Fatal Encounter (2014) The Fatal Encounter (2014) IMDb: 6.7/10 Genre: Action, Dramaကိုရီးယားနိုင်ငံသမိုင်းမှာ ဘုရင်ဂျောင်ဂျိုကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဘုရင်ဂျောင်ဂျိူအနေနဲ့ ဗိုလ်ကြီးလို့သိကြတဲ့မင်းသားကြီး ဟျွန်းဘင်းကပါဝင်သရုပ်ဆောင်ထားပြီး မင်းကြီးရဲ့လူယုံတော်ဖြစ်တဲ့အထိန်းတော်အနေနဲ့ကတော့ Parters for Justice ထဲကမင်းသားဖြစ်တဲ့ ဂျန်ဂျယ်ယောင်းကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၇၇ခုနှစ်၊ဂျောင်ဂျိုဘုရင်ဟာ အုပ်ချုပ်မှုတစ်နှစ်အတွင်းမှာခြိမ်းခြောက်မှုတွေအဆက်မပြတ်ကြုံတွေ့နေရပါတယ်။ထိုအချိန်က အာဏာရနိုင်ငံရေးအုပ်စုဖြစ်တဲ့ နိုရိုအုပ်စုက အားလုံးကိုထိန်းချုပ်ထားပြီး နောက်ကွယ်ကနေ နိုင်ငံရေးကိုရော နန်းတွင်းကလူတွေကိုပါ ခြယ်လှယ်နေတာပါ။ မြို့ထဲမှာလည်း ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ဂိုဏ်းကလည်းရှိနေပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နန်းတော်ထဲမှာ လျှို့ဝှက်စွာနဲ့ သူတို့လူတွေကို ဖြည်းဖြည်းချင်း နန်းတော်ရဲ့‌ နေရာတိုင်းမှာဖြန့်ထားပြီး အလုပ်လုပ်စေတာပါ။နန်းတော်ထဲမှာဒီလိုမျိုးလုပ်ခွင့်ရဖို့ဆိုတာ မျိုးရိုးကြီးတစ်ခုနောက်ခံရှိနေမှာသာလုပ်လို့ရမှာပါ။ နောက်ကွယ်မှာရှိနေတဲ့ အာဏာကြီးတဲ့လူကတော့ မယ်တော်မိဖုရားကြီးပါပဲ။ မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူတွေထဲမှာ မယ်တော်မိဖုရားကြီးလည်းပါဝင်နေပါတယ်။ ဒီလိုမျိုးနိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အသက်ခြိမ်းခြောက်ခံနေရတဲ့ ငယ်ရွယ်တဲ့မင်းကြီးဟာ ယုံကြည်ရတဲ့သူဆိုလို့ ဂါ့ပ်ဆူလို့ခေါ်တဲ့အထိန်းတော်ကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီအထိန်းတော်ကြီးကလည်း လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ငယ်ငယ်တည်းကဂိုဏ်းကလေ့ကျင့်ပျိုးထောင်ပေးထားပြီး မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ မင်းကြီးအနားမှာလျှို့ဝှက်စွာရှိ‌နေတဲ့ သူလျှိုတစ်ယောက်ဖြစ်နေပါတယ်။မင်းကြီးအနေနဲ့ဘယ်လိုဖြေရှင်းမလဲ ပြီးတော့ဒီလိုမျိုး ...
movie

The Fatal Encounter (2014)

2014
Divines (2016) 7.4
Divines (2016)  ပါရီဆင်းရဲသားရပ်ကွက်က ကောင်မလေးတစ်ယောကရဲ့လောကဓံအနိမ့်တွေ၊ သူငယ်ချင်းကြားက သံယောဇဉ်ကြိုးတွေ၊မြို့ပြရဲ့ ခက်ထန်မှုတွေကို ဘွင်းဘွင်းကြီး ထင်ဟပ်နေတဲ့ “Divines”။၁၅ နှစ်သမီး ဒူနီယာဟာ အရွယ်နဲ့မမျှအောင် လူမှုအဆင့်အတန်းကွာခြားမှုကို မျက်ဝါးထင်ထင် ကြုံတွေ့ခံစားထားရတဲ့မိန်းကလေးတစ်ယောက်ပါ။ ပိုင်ဆိုင်တာဆိုလို့ ဝိုင်းစက်စက်မျက်လုံးတွေရယ်၊ လက်ရဲဇက်ရဲနိုင်တဲ့ စရိုက်ရယ်၊ မိုင်မိုနာလို့ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပဲ ရှိတဲ့ ဒူနီယာဟာကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တံတိုင်းတွေ အထပ်ထပ်ချထားပြီးရည်မှန်းချက်ကြီးတဲ့ သူလေးတစ်ယောက်။သူမလို မိန်းကလေးဟာ ရပ်ကွက်ရဲ့ အကျော်ဇေယျ မူးယစ်ဆေးဒိုင်ရေဗက်ကာရဲ့ လက်အောက်ကို ရောက်သွားတဲ့အချိန်မှာသူမစိတ်ကူးမျှော်မှန်းထားတဲ့ အိပ်မက်ကို အကောင်အထည်ဖော်လာနိုင်တော့မလား? ဒါမှမဟုတ် မတူညီတဲ့ အိပ်မက်အသစ်တွေများ ရလာမလားဆိုတာကို ဒီပြင်သစ်ကားလေးမှာစောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…1.77 GB / 858 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Divines (2016)

Out of the Blue (2006) 7.1
Out of the Blue (2006)  ရာဇဝတ်မှုလုံးဝမရှိလုနီးပါးအေးချမ်းလှတဲ့နယူးဇီလန်နိုင်ငံရဲ့Aramoana မြို့လေးမှာ သေနတ်သမားတစ်ယောက်ကလူပေါင်း ၁၃ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်ကဖြစ်ရပ်မှန်တစ်ခုကိုရိုက်ကူးထားတာပါ။တွေ့ရာလူလိုက်ပစ်သတ်နေတဲ့သေနတ်သမားရဲ့ရက်စက်မှုကိုချောက်ချားစရာမြင်တွေ့ရမှာဖြစ်ပေမယ့် မှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တာကြောင့် သာမန်နေ့ရက်တွေကိုအေးအေးချမ်းချမ်းဖြတ်ကျော်နေကြတဲ့ဒေသခံတွေဆီ ရုတ်တရက်ရောက်ရှိလာတဲ့ကြမ္မာဆိုး၊အရွယ်နဲ့မလိုက်အောင် သေနတ်သမားရှေ့မှာကြောက်ရွံ့မှုကိုခံစားခဲ့ကြရတဲ့ကလေးငယ်လေးတွေ၊ သေနတ်သမားရန်ထက်သားသမီးအတွက်ပူလောင်သောကဝေခဲ့ကြရတဲ့မိဘတွေရဲ့ပုံရိပ်တွေကိုအဓိကပြသသွားပါတယ်။၁၉၉၀ နိုဝင်ဘာလ ၁၃ ရက်မှာ ကလေးငယ်လေးဦးအပါအဝင် လူ ၁၃ယောက်သေဆုံးစေခဲ့တဲ့ Aramoana massacre ဟာ နယူးဇီလန်နိုင်ငံရဲ့ဒုတိယအကြီးဆုံးလူအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်မှုဖြစ်ရပ်မှန်ပါ။လူဦးရေအနည်းငယ်သာရှိပြီး ပျင်းစရာကောင်းလောက်အောင်အေးချမ်းလွန်းလှတဲ့ ပင်လယ်ကမ်းခြေမြို့ငယ်လေးမှာ အလုပ်လက်မဲ့တစ်ဦးဖြစ်တဲ့ဒေးဗစ်ဂရေးဟာ စိတ်ဖောက်ပြန်သွားပြီး ရိုင်ဖယ်တစ်လက်နဲ့ကလေးတွေပါမချန် တွေ့ကရာလူကိုပစ်သတ်ခဲ့ပါတယ်။ပုံမှန်နေ့ရက်တွေမှာ တိရစ္ဆာန်ပျောက်တဲ့အမှုတွေလောက်သာလိုက်ဖြေရှင်းရတဲ့ မြို့ခံရဲအင်အားစုဟာ လူအင်အားမရှိ၊လေ့ကျင့်မှုမရှိ၊ လက်နက်မရှိဘဲ ရွာထဲမှာ ၂၄ နာရီကြာအောင်ပိတ်မိနေတဲ့အသက်ရှင်ကျန်ရစ်သူတွေကို အသက်စွန့်ကာကွယ်ကယ်တင်ပေးခဲ့ကြပါတယ်။လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရောက်ရှိလာချိန်မှာတော့ ဒေးဗစ်ဂရေးကိုပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ File size…2.07 GB / 994MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Out of the Blue (2006)

Kill (2023) 8
Kill (2023) Kill (2023) "ရထား"IMDb 7.0အချစ်ဇာတ်လမ်းနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်အမိုက်စားတို့ကို ပေါင်းစပ်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးကို streaming ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ကွန်မန်ဒို ကပ္ပတိန်အာမစ်ရာထောသ် စစ်ဆင်ရေးက ပြန်အရောက် ချစ်သူလေးက ရေးကြီးသုတ်ပျာ ဖုန်းဆက်ခေါ်ပါသတဲ့သူ့ကိုအဖေဖြစ်သူက အတင်းစေ့စပ်ပေးတော့မယ်ဆိုတာ သိသိရချင်း လိုက်သွားပြီး ခိုးပြေးဖို့ စီစဥ်ပေမယ့် ကောင်မလေးက အန္တရာယ်များတာကြောင့် ခဏစောင့်ခိုင်းထားပြီး ဒေလီညရထားနဲ့ လိုက်သွားပါတယ်အာမစ်လည်း ဒေလီညရထားအမီ လိုက်လာခဲ့ပြီး ရထားပေါ်မှာ ချစ်သူနှစ်ယောက်အတွေ့ လက်ထပ်ခွင့်တောင်း ခေါင်းတွေညိတ်လို့ ရှေ့ဆက်မယ်ကြံကာမှ ဓားပြတစ်သိုက် ရထားပေါ်ရောက်နေတာ သိလိုက်ရတယ်ကွန်မန်ဒိုရယ် သူ့ဘော်ဒါတစ်ယောက်နဲ့ ဓားပြတွေကို ရထားပေါ်မှာ ဘယ်လိုဖိုက်ကြမလဲ အသက်ရှူမနားရအောင် အက်ရှင်ပြကွက်ခပ်သွက်သွက်နဲ့ အပိုတွေသိပ်မလုပ်ဘဲ ဒဲ့ဗျင်းတာကို ပရိတ်ကြီး ရှုစားရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့CM Bollywood Team က ဖြစ်ပါတယ် File Size....1.7GB / 751MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kill (2023)

2024
Kaazh (2024)
Kaazh (2024) Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေး Genre – Dramaတစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလား ဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကို သွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းက စလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင် အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာ ကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက် ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကို ပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ) File size…1.53GB / 670MB Quality…WEB DL 1080p ...
movie

Kaazh (2024)

2024
Queen of My Heart ( 2021 ) 5.7
Queen of My Heart ( 2021 ) သာ့ချွမ်ပြည်ရဲ့ အိမ်ရှေ့စံမင်းသားကို ငယ်စဉ်ကတည်းက ချစ်သူနှစ်ယောက်နဲ့တွေ့ရလိမ့်မယ်လို့ နတ်သူငယ်လေးပေးတဲ့လျို့ဝှက်ကြမ်းမှာပါလာပါတယ် ။ ဒီလိုနဲ့ မင်းကြီးနတ်ရွာစံသွားပြီး အိမ်‌ရှေ့စံကထီးနန်းဆက်ခံခါစဆိုတော့ တိုင်းပြည်အရေးကရှုပ်ထွေးပြီး ညီလာခံမှာလည်း အမတ်တွေက ပြောင်းဆန်လို့နေပါတယ်ထီးနန်းဆက်ခံခါစ အိမ်ရှေ့စံဟာ အမေဖြစ်သူ မိဖုရားခေါင်ကြီးနဲ့ ဦးလေးဖြစ်သူရဲ့အကူအညီနဲ့ သူဒီတိုင်းပြည်ကိုကောင်းကောင်း အုပ်ချုပ်နိုင်မယ်လို့ထင်ခဲ့ပေမဲ့ သူထင်ထားတာနဲ့လွဲမှားစွာ ဦးရီးတော်ဖြစ်သူက ထီးနန်းကိုမက်မောပြီး သူ့နောက်ကျောကိုဓားနဲ့ထိုးဖို့ချောင်းနေပါတော့တယ် ။ဒါ့အပြင် သူ့တူလေးကို ချစ်လွန်းလို့လက်ဆောင်ပေးသလိုနဲ့ ကောင်မလေးတစ်ယောက်ကိုဆက်သလာချိန်မှာတော့... အဲဒီမိန်းကလေးရဲ့သရုပ်မှန်ကရော ဘယ်လိုဖြစ်မလဲ ? ဒီလိုမကောင်းတဲ့သူတွေအာဏာရနေတဲ့ ညီလာခံကိုရော ထီးနန်းရခါစ အိမ်ရှေ့စံမင်းသားတစ်ယောက် ဘယ်လိုပြန်လည်တိုက်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုပေးကြပါအုံးနော် ။ Filesize : 996 MB / 575 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama  Runtime : 1h 07 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Queen of My Heart ( 2021 )

Kowloon Walled City ( 2021 ) 6.3
Kowloon Walled City ( 2021 ) Kowloon walled city  ဆိုတဲ့ ဟာသအက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒါက ထုံးစံအတိုင်း တော်လှန်ရေးကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ပုံစံမတူတာကတော့ ဟောင်ကောင်မြို့ရဲ့ လူမသိ သူမသိ ပျက်စီးသွားတဲ့ အကြောင်းရင်းလေးကို ဟာသနှောပြီး တင်ဆက်ပြထားတာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းနဲ့ ဇာတ်ကားအကြောင်းမပြောခင်မှာ... ဟောင်ကောင်ဟာ တစ်ခေတ်တစ်ခါက တရုတ်ပြည်မှာ ရှန်ဟိုင်းထက် စီးပွားရေး အောင်မြင်ပြီး ငွေဖြစ်လွယ် ရလွယ်တဲ့ အားလုံး မျက်စိကျစရာ နေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာလေး ပြောချင်ပါတယ်...သို့ပေမယ့် ဘာကြောင့် ရှန်ဟိုင်းတို့ ပေကျင်းတို့လောက် စီးပွားရေး အခွင့်အလမ်းမရှိတော့တာလဲလို့ မေးလာရင် ဒီကားလေးက အဖြေပေးမယ်လို့ ပြောပါရစေ...တော်လှန်ရေးကာလမို့ စီးပွားရေးက မကောင်း ခေတ်ကပျက် စနစ်က မရှိ စည်းကမ်းမဲ့နေတဲ့ ကာလတစ်ခုမှာ လူကိုဖျက်တဲ့ ဘိန်းကပါ အတူယှဉ်တွဲနေထိုင်လိုက်ချိန်မှာတော့ ဟောင်ကောင်ဟာ အခုကားလေးထဲကလိုပဲ ဘိန်းဘုရင်တွေပေါ်လာတယ်...ဘိန်းက လူကိုဖျက်... ဖျက်တဲ့ဘိန်းကို လူကမဖြတ်နိုင်တော့ မရှိရှိတာပေါင်နှံ ငွေမလောက်တော့ လောင်းကစားဝိုင်းပြေး နောက်ဆုံး အိမ်တိုင်ကျွတ် ရှိတာကုန်တော့ မိန်းမသားသမီးကို သင့်ရာနေရာရောင်းချ... ဒီလိုနဲ့ပဲ လောင်းကစားဝိုင်းတွေများပြားလာပြီး အဖော်အချွတ်နဲ့ ငွေရှာတဲ့ အမျိုးသမီးတွေ ထုနဲ့ထည်ပေါ်ထွက်လာတာပေါ့...ခေတ်ပျက်မှာ စာရိတ္တပျက်ပြီး မကောင်းတာလုပ်မှ ငွေရတော့တဲ့ ကာလဆိုရင်မမှားဘူးပေါ့... ဒီကာလမှာဖြစ်တဲ့ အဖြစ်ပျက်တစ်ချို့ကို အမှန်နည်းနည်း စိတ်ကူးယဉ်နည်းနည်း ရောယှက်ပြီး ဒီဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ.. Filesize : 1.28 GB / 737 MB Quality : WEB-DL 1080p , 480p Format ...
movie

Kowloon Walled City ( 2021 )

Laila Majnu (2018) 7.7
Laila Majnu (2018) Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီ Genre – Drama, Romance IMDB – 7.7/10၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှား လူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါ ပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ် နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီး ယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာက စိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ ...
movie

Laila Majnu (2018)

2018
Wrong Love ( 2024 ) 5.7
Wrong Love ( 2024 ) အချစ်ရုပ်ရှင်လေးတွေပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တို့အတွက် Wrong love ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျန်းဟဲ့နဲ့ လင်ဖေးတို့ဟာ လူတိုင်းက အားကျရတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ နယ်ကနေ မြို့ကိုတက်လာခဲ့ပြီး ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်နိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်လေး ၂ ယောက်ဟာ မြို့ပြရဲ့ ရှုပ်ထွေးမှု အောက်မှာ လမ်းပျောက်ခဲ့ရပါတယ်။တစ်ဖက်မှာ ကုမ္ပဏီသူဌေးက လင်ဖေးကို လိုချင်စိတ်ကြောင့် လင်ဖေးရဲ့ သူငယ်ချင်းဖြစ်သူ လိလိကို ကျန်းဟဲ့နဲ့ လင်ဖေးတို့ဆက်ဆံရေးကို ကြားထဲက ဝင်ရှုပ်ခိုင်းခဲ့သလို တစ်ဖက်မှာ ကျန်းဟဲ့ကလည်း ရှယ်ယာကစားပြီး လောဘထောင်ချောက်ထဲ ဝင်သွားပြီး အတိုးမြင့်ချေးငွေတွေထဲ နစ်မြုပ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ ကျန်းဟဲ့တစ်ယောက် ပျောက်သွားခဲ့ပြီး လင်ဖေးကို အကြွေးရှင်တွေက လိုက်ပြီးနှောင့်ယှက်ပါတော့တယ်။ လင်ဖေးတစ်ယောက် အကြွေးဆပ်ဖို့ ဘယ်လိုဆုံးဖြတ်ချက်မျိုး ချခဲ့ရသလဲ...... ကျန်းဟဲ့ကရော အောက်ဆုံးအထိ ကျရှုံးသွားပြီးနောက် ဘဝကို အရှုံးမပေးပဲ ဘယ်လို ကြိုးစားမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.62 GB / 975 MB Quality : WEB-DL 1080p ...
movie

Wrong Love ( 2024 )

Gold Or Shit / G For Gap ( 2024 ) 6
Gold Or Shit / G For Gap ( 2024 ) "လောကကြီးက ငါ့အပေါ်မကောင်းဘူး" "ငါဟာလူရာမဝင်တဲ့သူ" "ငါ့ကို အားလုံးက အပြစ်မြင်နေကြတယ်" "ငါဘာကြောင့် အသက်ရှင်နေရတာလဲ" ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်ဆိုရင် Gold or Shit (2024) ကိုကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်..တရုတ်အနုပညာလောကရဲ့ နတ်ဘုရားလို့ဆိုနိုင်တဲ့ မင်းသား ဟူကယ်.. မင်းသမီး ထန်ယွမ်ယွမ်တို့ အဓိကပါဝင်ရိုက်ကူးထားတာကြောင့် သရုပ်ဆောင်ပိုင်းရော ရုပ်ရည်ပိုင်းလည်း စိတ်ပူစရာမလိုပါဘူးဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်.. ငယ်ငယ်တည်းက သူများနဲ့မတူ တစ်မူထူးခြားပြီး ထက်မြက်တဲ့ ဝူဒီဆိုတဲ့ အမျိုးသားတစ်ယောက်... မူလတန်း အလယ်တန်း အထက်တန်း တစ်လျှောက် ဆုတွေရပြီး ထူးချွန်ခဲ့တာကြောင့် အိပ်မက်တွေအကောင်အထည်ဖော်ဖို့ မြို့ကြီးကို တစ်ယောက်တည်း ထွက်ပြီး ကြိုးစားခဲ့ပေမယ့်...အသက် ၃၅ နှစ်ကျော်သွားချိန်မှာတော့ သူ့မွေးရပ်ဇာတိကို အရှုံးတွေပိုက်ပြီး ပြန်လာခဲ့တယ်... ဘယ်အလုပ်အတွေ့အကြုံမှ မရှိခဲ့တဲ့ သူ့အနေနဲ့ အတော်လေး အခက်တွေ့ခဲ့ရသလို... ဒီအချိန်မှာ လုပ်ငန်းအသီးသီးမှာ အဆင်ပြေနေတဲ့ ကျောင်းနေဖက်တွေကိုပါတွေ့တော့ ဝူဒီတစ်ယောက်ဘယ်လိုတွေဆက်ဖြစ်မလဲ...အရှုံးသမားကံကြမ္မာက လွတ်မြောက်နိုင်မလား... ကျောင်းနေဖက်တွေရဲ့ အကူအညီနဲ့ သူဘဝတစ်ကွေ့ချိုး ပြောင်းလဲသွားမှာလား... တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့ Filesize : 753 MB / 458 MB Quality : WEB-DL 1080p , 720p Format : ...
movie

Gold Or Shit / G For Gap ( 2024 )

Kurangu Bommai (2017) 7.9
Kurangu Bommai (2017) Kurangu Bommai (2017) "မျောက်ရုပ်" IMDb - 7.9/10လတ်တလော ဟစ်ဖြစ်နေတဲ့ Maharaja(2024)ရဲ့ ဖန်တီးရှင်ဒါရိုက်တာကြီး Nithilan Swaminathan ရိုက်ကူးထားတဲ့ ၂၀၁၇ခုနှစ်က ဇာတ်လမ်းဟောင်းလေးကို တောင်းဆိုမှုတွေကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။အဂမ်ဘာရမ်ဆိုတာ ရှေးဟောင်းရုပ်တုတွေကို မှောင်ခိုကူးနေတဲ့ လူမိုက်ခေါင်းဆောင်ကြီးတစ်ယောက်။ ဆွန်ဒါရမ်က အဂမ်ဘာရမ်ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေဆိုလည်းဟုတ်။ ဆွမ်ဒါရမ်မှာ ကာဒီရ်ဆိုတဲ့ ချန်နိုင်းမှာ အငှားယာဉ်မောင်းသားတစ်ယောက်ရှိပါတယ်။ ကာဒီရ်က ဗီဂျီဆိုတဲ့ကောင်မလေးနဲ့ ချစ်ခင်စုံမက်တာကြောင့် လက်ထပ်ပေးဖို့သွားကြောင်းလမ်းခဲ့ပေမဲ့ ကောင်မလေးအဖေဖြစ်သူ သဘောမတူတာကြောင့် အဆင်မပြေခဲ့။မိန်းမတောင်းရာက ယောက္ခထီးနဲ့ပြဿနာတက်လာပြီး ဘူနေတဲ့ ကာဒီရ်တစ်ယောက် ချန်နိုင်းကိုပြန်လာတဲ့အချိန် ဘတ်စ်ကားမှတ်တိုင်မှာ အိတ်တလုံးကို ရူပီးဆယ်သန်း အိပ်ရာအောက်မှာထားအိပ်ဖို့ရည်မှန်းချက်ကြီးနဲ့ ခါးပိုက်နှိုက်က ခိုးပြေးပါရော။ ဒီမှာပဲ ကာဒီရ် ခါးပိုက်နှိုက်ကိုလိုက်ဖမ်းပြီး အိတ်ပြန်ယူလာခဲ့ပေမဲ့ ပိုင်ရှင်ကမရှိတော့။ အဲဒါနဲ့ ဖေ့စဘွတ်မှာ အိတ်ပိုင်ရှင်ပြန်လာယူဖို့ ပို့စ်တင်ချိန်မှာတော့ မထင်မှတ်ထားတဲ့ပြဿနာတွေ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.1GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard ...
movie

Kurangu Bommai (2017)

2017
The Awakening (2011) 6.4
The Awakening (2011)  Horror ပရိသတ်များအတွက် slow burn‌ လေးနဲ့ ဖြည်းဖြည်းချင်းကျောချမ်းစေမဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Godzilla vs Kong နဲ့The prestige တို့မှာပါဝင်ခဲ့တဲ့ မင်းသမီး Rebecca Hall, နာမည်ကျော်ရုပ်ရှင်ပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားDominicWest နဲ့ Harry Potter ရုပ်ရှင်များထဲမှာ Voldemort ထက် ပိုလူမုန်းများခဲ့တဲ့ Dolores Umbridge သရုပ်ဆောင် မင်းသမီးကြီး ImeldaStaunton တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း--------------------အမျိုးသမီးတွေဟာ ပညာရေးပိုင်းနဲ့မသက်ဆိုင်ဘူးလို့ တစ်ပိုင်းတစသတ်မှတ်ထားကြတဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းအချိန်မှာ ဖလောရန့်စ်ကတော့ ပညာရေးပိုင်းထူးချွန်ပြီး အင်္ဂလန်ရဲ့ အထက်မြက်ဆုံးလူတွေထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ သူဟာ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားလေ့လာနေတဲ့သူဖြစ်တဲ့အလျောက် လက်တွေ့အရှိတရားတွေကိုပဲယုံကြည်ပြီး သရဲတစ္ဆေဆိုတာ တကယ်မရှိဘူးလို့မှတ်ယူထားတာပါ။ ဒီလိုမှတ်ယူထားတဲ့အတွက် သူ့ရဲ့ ကောင်းမွန်တဲ့ဉာဏ်စွမ်းနဲ့အတွေးအခေါ်တွေကို ပေါင်းစပ်အသုံးချပြီး မြို့တွင်းက သရဲတစ္ဆေခေါ်ပွဲတွေ၊ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သရဲယောင်ဆောင်ထားတဲ့လူတွေကို လက်ပူးလက်ကြပ်ဖမ်းပြကာ ဝိညာဉ်တွေတကယ်မရှိကြောင်းသက်သေလိုက်ပြလေ့ရှိပါတယ်။တစ်နေ့မှာတော့ ...
movie

The Awakening (2011)

Exit (2006) 5.8
Exit (2006)  စီးပွားရေးလောကမှာ ပိုက်ဆံရှာချင်ရင်သိထားသင့်တဲ့အရာတစ်ခုရှိတယ်။ ဘယ်အရာမှကံနဲ့မဆိုင်ဘူး ။ကိုယ့်ပြိုင်ဖက်အကြောင်းကိုယ်သိရမယ်။မဟုတ်ရင်အရာအားလုံးကိုဆုံးရှုံးရလိမ့်မယ်။ကျရှုံးမှုကို မမုန်းဘူးဆိုရင်ဘယ်တော့မှ အောင်မြင်ချမ်းသာမှာမဟုတ်ဘူး။ဒါပေမယ့်တစ်ခါတစ်လေကျရင်တော့ အောင်မြင်ဖို့အတွက် စည်းတွေဘောင်တွေကို ကျော်ရတတ်တယ်ဆိုတာကို စီးပွားရေးလောကထဲက လူတွေတော်တော်များများသိကြပါတယ်။ဒါပေမယ့် အဲ့လိုဘောင်တွေ စည်းတွေကျော်တာများသွားရင်တော့ တစ်ချိန်ချိန်မှာ၀ဋ်ဆိုတဲ့အရာကြီးက ကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာမှာကိုတော့ သိထားသင့်ပါတယ်။အဲ့ဒီလိုစီးပွားရေးလောကရဲ့အရှုပ်အထွေးတွေကို လူကြမ်းမျက်နှာပေါက်နဲ့ ဒိန်းမတ်ကနာမည်ကြီးမင်းသားကြီး Mads Mikkelsen ပါဝင်သရုပ်ဆောင်ထားတဲ့ Exit ဆိုတဲ့2006 ခုနှစ်တုန်းကထွက်ရှိထားတဲ့ IMDb 5.8 ရဇာတ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ်။သောမတ်စ်ဆိုတဲ့ လူကနိုဗာရင်းနှီးမြှုပ်နှံမှုဆိုတဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင်ရှင် ဖြစ်ပြီးသူတို့ရဲ့ ကုမ္ပဏီကတော့သူတို့ရဲ့အလုပ်ရှင်တွေရဲ့ပိုက်ဆံတွေကို အလားအလာကောင်းရှိတဲ့ ကုမ္ပဏီအသေးလေးတွေမှာ ရင်းနှီးမြှုပ်နှံပေးပြီးအကျိုးအမြတ်ပြန်ပေးရတဲ့ကုမ္ပဏီမျိုးဖြစ်ပါတယ်။တစ်နေ့မှာ မော်ဂန်ဆိုတဲ့သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကCataegis ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုကို အရမ်းဝယ်ချင်တဲ့အတွက်ပိုင်ရှင်ဖြစ်သူကို စည်းကျော်တဲ့ လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ အတွက်ကုမ္ပဏီကနေမောင်းထုတ်လိုက်ပါတော့တယ်။မော်ဂန်ကလည်း ကုမ္ပဏီကမောင်းထုတ်ခံလိုက်ရပြီး သိပ်မကြာခင်မှာတင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပါတော့တယ်။ဖြစ်ချင်တော့မော်ဂန်ဝယ်ခဲ့တဲ့ Cataegis ဆိုတဲ့ကုမ္ပဏီကိုရင်းနှီးမြှုပ်နှံမှုက အရမ်းအောင်မြင်ခဲ့ပြီး သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးက အရမ်းတိုးတက်လာပါတော့တယ်။ဒါပေမယ့်တစ်နေ့မှာသောမတ်စ်နဲ့ လက်တွဲလုပ်နေတဲ့ တွဲဖက်အသတ်ခံလိုက်ရပြီး သူ့ကိုရဲတွေကလူသတ်တရားခံဆိုပြီး စွပ်စွဲကြပါတော့တယ်။ဒါပေမယ့် နောက်ပိုင်းမှာဒါတွေအားလုံးရဲ့ နောက်ကွယ်မှာအကြွေးဟောင်းတွေဆပ်မဲ့ လူတစ်ယောက်ရှိနေတာကို သောမတ်စ်သိလိုက်ရတဲ့ အခါမှာတော့ဘယ်လိုလျှို့ဝှက်ချက်တွေပေါ်ပေါက်လာပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ...
movie

Exit (2006)

Churchill (2017) 6.0
Churchill (2017)  D-Day ဆိုတဲ့စကားလုံးကိုဂျာမနီ အမေရိကန်စစ်ကားတွေကြည့်ဖူးတဲ့လူတွေဆိုရင်တော့မြင်ဖူးသလိုလိုရှိနေကြမှာပါ။အဲ့ဒီ D-Day ဆိုတာကဒုတိယကမ္ဘာစစ် ၁၉၄၄ ခုနှစ် ဇွန်လ၆ ရက်နေ့တုန်းက ပြင်သစ်ကိုကျူးကျော်လာတဲ့ ဂျာမနီတွေကိုမဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကြည်း ရေ‌ လေစစ်ကြောင်းသုံးခုနဲ့အကြီးအကျယ် ချီတက်နှိမ်နင်းခဲ့ကြတဲ့နေ့ပဲဖြစ်ပါတယ်။အဲ့ဒီ စစ်ဆင်ရေးက ကြီးလွန်းလို့ သမိုင်းမှာတောင် ဒုတိယအကြီးဆုံး ပင်လယ်ချီတက်မှုကြီးလို့တောင် သတ်မှတ်ခံထားရပါတယ်။ကျူးကျော်လာတဲ့ ဂျာမနီတွေကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပေမဲ့ ပြန်လည်ပေးဆပ်ရတာတွေကလည်းကြီးမားပါတယ်။စစ်ဆင်ရေးစတင်ပြီး ၂၄ နာရီမှာတင်စစ်သားပေါင်း ၉၀၀၀ ကျော်ထိခိုက်ဒဏ်ရာရ အသေအပျောက်တွေရှိခဲ့ကြပါတယ်။အဲ့ဒီကာလမှာ အဲ့ဒီလို ဆုံးရှုံးမှုတွေကိုလုံး၀မဖြစ်စေချင်တဲ့သူတစ်ယောက်ရှိပါတယ်။အဲ့ဒီလူကတော့ ဝင်စတန်ချာ့ချေးလ်ဆိုတဲ့ ယူကေဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်။သူကပထမကမ္ဘာစစ်မှာတုန်းက ဒီလိုမျိုးကြီးမားတဲ့ချီတက်မှုမျိုးကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပြီး ဆုံးရှုံးမှုတွေကိုမျက်မြင်တွေ့ခဲ့ရတဲ့အတွက် နိုင်ငံရဲ့လူငယ်ပေါင်းနှစ်သိန်းခွဲလောက်နဲ့ ချီတက်မဲ့စစ်ဆင်ရေးကြီးကိုအပြင်းအထန်ကန့်ကွက်ပြီး ဖျက်သိမ်းဖို့ကြိုးစားနေခဲ့သူပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့အသက်တွေနဲ့ယှဉ်လာရင် ဒီစစ်ဆင်ရေးကိုသွားရမဲ့ လူငယ်တွေကိုတော့စတေးကိုစတေးရမှာ ဖြစ်တဲ့အပြင် သမ္မတကိုယ်တိုင်ကပါသူ့ဖက်မှာရှိမနေတဲ့အတွက် တားဖို့မဖြစ်နိုင်ခဲ့ပါဘူး။အခုတင်ဆက်ပေးမဲ့ Churchill ဆိုတဲ့ရုပ်ရှင်ထဲမှာ အထက်ပါပြောခဲ့တဲ့အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ဝင်စတန်ချာ့ချေးလ်ရဲ့နေရာကနေ ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့အတွက် စစ်ပွဲသမိုင်းကြောင်းတွေကိုစိတ်ဝင်စား သူတွေအတွက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…  1.39GB / 626MB Quality… ...
movie

Churchill (2017)

Texas Rangers (2001) 5.5
Texas Rangers (2001)  ဒီဇာတ်ကားက အမေရိကန်နိုင်ငံရဲ့ ၁၈၀၀ ပြည့်နှစ်အလွန်ကာလတွေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ပြည်တွင်းစစ်မတိုင်ခင်က ကပ္ပတိန်မက်နယ်လီကတက္ကဆက်ရိန်းဂျားအဖွဲရဲ့ ခေါင်းဆောင်ပါ။ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်မှာ အမေရိကန်တက္ကဆက်ပြည်နယ်မှာ သူခိုးဓားပြ တွေက ကြီးစိုးနေတဲ့အတွက် ပြည်နယ်အစိုးရက ကပ္ပတိန်မက်နယ်လီကိုတက္ကဆက်ရိန်းဂျားအဖွဲကို ပြန်လည်ဖွဲစည်းစေတဲ့အခါသူခိုးဓားပြတွေကို နှိမ်နင်းဖို ဖြစ်လာပါတော့တယ်။ကပ္ပတိန်မက်နယ်လီနဲ့ အတွေ့အကြုံမရှိသေးတဲ့လူငယ်လေးတစ်ဖွဲက သူခိုးဓားပြတွေကို ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ ဒီရုပ်ရှင်မှာ၁၈၀၀ ပြည့်နှစ်အလွန် အမေရိကန်လူနေမှုဘ၀ နဲ့ယဉ်ကျေးမှုအကြောင်းကိုတွေ့မြင်ရမှာပါ။ အမေရိကန်ကောင်းဘွိင်တွေရဲ့ အပစ်အခတ် အသတ်အပုတ်တွေကိုအက်ရှင်ဆန်ဆန်ရှုစားရမှာဖြစ်ပြီး ကောင်းဘွိင်ရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုကောင်းမဲ့အက်ရှင်ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။  File size…  1.54GB / 781MB Quality… Blu- Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action ,  Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Texas Rangers (2001)