Channel Myanmar

Drama

Knowing (2009) 6.2
Knowing (2009) Knowing (2009)~ IMDb - 6.2/10, RT - 35%, Meta - 41% ~ဒီကားက ကျွန်တော်တို့ ကလေးဘဝကတည်းက ရင်းနှီးခဲ့ပြီးသားကားပဲ။ တော်တော်လည်းကောင်းခဲ့တဲ့ကားပေါ့။ အဲဒီကာလတွေက ဒီမှာ နစ်ကေ့ဂ် တော်တော်ပေါ်ပြူလာဖြစ်ခဲ့တဲ့ကာလလို့ပြောရမယ်။ အဲဒီတုန်းက နစ်ကေ့ဂ် ကော်လက်ရှင်အခွေတွေဆိုလည်း Knowing က အမြဲပါတတ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ ကမ္ဘာပျက်တဲ့ကားတွေ သိပ်မကြည့်ခဲ့ရသလို ဒီကားက ကမ္ဘာပျက်တဲ့ကားပေမဲ့ ပဟေဠိတွေနဲ့ စိတ်ဝင်စားဖို့ကောင်းနေတာရော အဲဒီမတိုင်ကာလမှာ နာမည်ကြီးခဲ့တဲ့ နိုင်ငံခြား ရှေ့ဖြစ်ဟောဆရာမတစ်ယောက်ပြောတာတွေနဲ့ ခပ်ဆင်ဆင်တွေဖြစ်နေလို့လားမသိ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းခဲ့တယ်။ တော်တော်ကြာလို့ မေ့သွားမှ ခုခေတ်တွေမှာ ပြန်ကြည့်တော့လည်း ဒီကားက မဟောင်းသေးပါဘူး။ ကောင်းတုန်းပဲ။ သက်တမ်းနု နှစ်ချို့ဝိုင်တစ်ခွက်လို့ ပြောရင်လည်းရတယ်။ သရုပ်ဆောင်တွေကတော့ နစ်ကေ့ဂ်အပြင် Rose Byrne ပါတယ်။ Ben Mendelsohn ပါတယ်။ Rose ...
movie

Knowing (2009)

4K HEVC
71: Into the Fire (2010) 7.3
71: Into the Fire (2010) 71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာတောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက်ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာလက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာသူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက်စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာအမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကိုဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာအိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာအသစ်ဝင်ရောက်လာတဲ့ ...
movie

71: Into the Fire (2010)

Chandu Champion (2024) 8.3
Chandu Champion (2024) Chandu Champion (2024) "ချန်ပီယံ"ဒီတစ်ခါမှာဆိုရင် ရီဗျူးကောင်းတွေရထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိ အားကစားရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Freddy ရုပ်ရှင်မှာ သွားဆရာဝန်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသား ကာacတစ်ခ် ပါဝင်ထားတာ ဖြစ်ပါတယ်၁၉၅၂ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အိန္ဒိယကိုယ်စားပြု နပမ်းသမား ကာရှာဘာ ကြေးတံဆိပ်ဆုရပြီး ပြန်လာချိန်....နယ်ဘူတာရုံလေးက အားပေးကြိုဆိုကြတဲ့ လူထောင်သောင်းချီကြားမှာ မူရ်လီ ဆိုတဲ့ကောင်လေးလည်း အပါအဝင်ပေါ့အဲဒီကစလို့ အိုလံပစ် ချန်ပီယံဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်တဲ့ ကောင်လေး အိမ်က အားမပေးခွင့်မပြုတဲ့ကြားက ရွာက နပမ်းဆရာဆီမှာ ပညာသင် အစွမ်းကုန်ကြိုးစားတယ်တစ်နေ့မှာတော့ အိုလံပစ်ပြိုင်ခွင့်ရဖို့ စစ်တပ်ထဲ ဝင်ဖို့လိုတယ်လို့ လူတစ်ယောက်က သူ့ကိုပြောလာတော့ စစ်တပ်ထဲ ဝင်သွားပါလေရော ဒီကနေ ကံကြမ္မာအလှည့်အပြောင်း အလီလီကျော်ဖြတ်လို့ မလျှော့တဲ့ ဇွဲလုံ့လကြောင့် အိန္ဒိယပထမဆုံး အိုလံပစ် ရွှေတံဆိပ်ရှင်ဖြစ်လာပုံကို ခေတ်အခြေအနေတို့နဲ့ တွဲလျက် တင်ဆက်ထားတဲ့ ရုပ်ရှင်လေးလို့ ညွှန်းလိုက်ပါတယ်ဗျအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 3.4GB / ...
movie

Chandu Champion (2024)

2024
The Dream Songs (2023) 7.7
The Dream Songs (2023) The Dream Songs (2023) ************************ ကိုရီးယားနိုင်ငံရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်တဲ့ Sewol Ferry ဖြစ်ရပ်မတိုင်ခင် ကျောင်းလေ့လာရေးခရီးမသွားခင်အချိန်လေးကို ဇာတ်အိမ်တည်ထားပြီးဆယ်ကျော်သက်အရွယ်‌ ကျောင်းသူလေးနှစ်ယောက်ရဲ့ ရိုးရိုးသူငယ်ချင်းအချစ်ဆိုတာထက်ပိုတဲ့ ဒီကားလေးမှာတော့ဂျောင်ဆယ်မီအဖြစ် Dear M ,Hello My Twenties စတဲ့ ဇာတ်လမ်းတွဲတွေထဲမှ ချစ်စရာမင်းသမီးလေး (Park Hye Soo)ဟာအွန်းအဖြစ် Next Sohee , Run On စတဲ့ ဇာတ်လမ်းတွဲထဲက မင်းသမီးလေး (Kim Si-Eun) တို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ************* ကျောင်းလေ့လာရေးခရီး မထွက်ခင်တစ်ရက်အလို နေ့လယ်ခင်းမှာဂျောင်ဆယ်မီတစ်ယောက် ကျောင်းစာသင်ခန်းရဲ့ထောင့်မှာ အိပ်နေရာကနေအိပ်မက်ဆိုးတစ်ခုကြောင့် မျက်ရည်တွေနဲ့ နိုးလာခဲ့ပါတယ် ။အိပ်မက်ဆိုးကနေ နိုးထလာပြီးနောက် သူ့ရဲ့သူငယ်ချင်းထက်ပိုနေတဲ့ခံစားချက်တွေကို ဖွင့်ပြောဖို့အတွက်မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်နေတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဟာအွန်းဆီကို အပြေးအလွှားသွားခဲ့ပါတယ် ။ကျောင်းလေ့လာရေးခရီးသွားချင်ပေမဲ့ မတော်တဆမှုကြောင့်ခြေထောက်ထိသွားလို့ မသွားနိုင်တော့တဲ့ ဟာအွန်းကတော့ ဆေးရုံမှာလှဲနေကာရင်ထဲကဒဏ်ရာတွေကို ဖုံးကွယ်ထားပြီး‌ ဘာမှမဖြစ်သလိုဟန်ဆောင်နေပါတော့တယ် ။ဒီလို စိတ်ဒဏ်ရာတွေကို ဖြစ်နေတဲ့ ...
movie

The Dream Songs (2023)

Magic Magic (2013) 5.0
Magic Magic (2013) Magic Magic (2013) IMDb: 5.0/10 Rotten Tomatoes: 68%Magic Magic ဟာ ၂၀၁၃ ခုနှစ်ထွက်ကြည့်ပျော်ရှုပျော်ရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။အရမ်းကြီးလည်းမကောင်းသလို အရမ်းကြီးလည်းမဆိုးပါဘူး။ဇာတ်ညွှန်း အလီစီယာ ဟာ ဆာရာရဲ့ ညီမဝမ်းကွဲဖြစ်ပါတယ်။ ဆာရာ ဟာ သူ(မ)သူငယ်ချင်းတွေနဲ့ချီလီတောင်ပိုင်းဘက်ကိုအလည်အပတ်ထွက်ဖို့ လုပ်ခဲ့ပါတယ်။ အဲလိုမျိုးထွက်တာကိုအလီစီယာကိုပါခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာရာ ဟာ ကိစ္စတစ်ခုကြောင့်ခရီးတစ်ဝက်မှာနောက်ပြန်လှည့်ပြီး နောက်နေ့မှလိုက်လာခဲ့မယ်လို့ပြောခဲ့ပါတယ်။အဲဒါကြောင့် အလီစီယာဟာတစ်ယောက်တည်း အရင်ပါသွားခဲ့ပါတယ်။စစချင်းမှာ အလီစီယာကနည်းနည်းထူးဆန်းနေခဲ့ပါတယ်။ ဒါကိုဘယ်သူမှမသိခဲ့ပါဘူး။ဒါပေမယ့်လည်း ကြာလာလေလေ အလီစီယာက ထူးဆန်းလေလေဖြစ်လာခဲ့ပါတယ်။ဘာတွေဆက်ဖြစ်မှာလည်းဆိုတာကိုတော့ကြည့်လိုက်ကြပါ။ File size…    1.4 GB /  737 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Magic Magic (2013)

A Quiet Place Part II (2020) 7.8
A Quiet Place Part II (2020) A Quiet Place Part 2 (2020)IMDb Rating (7.2) / Rotten Tomatoes (91%)Quiet Place 2 လာပါပြီ။အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီးနောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင်းလူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ....။ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ်ပါဝင်ထားပါတယ်။A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။ File size…(7 GB)/(1.7 GB ) / (830 MB) Quality….BluRay 4K ...
movie

A Quiet Place Part II (2020)

2020
4K HEVC
A Quiet Place (2018) 7.9
A Quiet Place (2018) A Quiet Place (2018)IMDb Rating (7.5) / Rotten Tomatoes (96%)အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ ...
movie

A Quiet Place (2018)

2018
4K HEVC
The Dark Sisters (2023) 5.0
The Dark Sisters (2023)  Channel Myanmar ပရိသတ်ကြီးကို ခု2023 မှာတင်ထွက်ရှိထားတဲ့ "Dark Sisters" နဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းကတော့ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ညီအစ်မနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်အရင်ကလိုနွေးနွေးထွေးထွေးပြန်ဖြစ်ဖို့ကြိုးစားတာကနေ ဇာတ်အိမ်တည်ထားတာပါ.....ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်ကနွေးထွေးမှုတွေပဲရှိခဲ့တာမဟုတ်ပဲ ဒဏ်ရာတွေလည်းရှိနေတာပါ အခြားစိတ်လှုပ်ရှားဖွယ်ရာ ရုပ်ရှင်များနှင့်မတူဘဲ သေဆုံးမှုပတ်ဝန်းကျင်တွင်ရင်တထိတ်ထိတ်ဖြင့် ရင်ဆိုင်ကြုံတွေ့ရသော မိန်းကလေးများ၏စိတ်ခံစားမှုများကို အမှန်တကယ်ပြသတဲ့ ကားမျိုးပါ။မိန်းကလေးတစ်ဦးတစ်ယောက်စီရဲ့ စိတ်နှင့်ခန္ဓာကိုယ်ကိုဖိစီးမှုကြောင့် ဆုံးရှုံးရခြင်းတွေ ရုန်းကန်ပုံတွေကို ဇာတ်ကားမှာကောင်းကောင်းမွန်မွန် ဖော်ပြထားတာကိုကြည့်ရှူခံစားရမှာပါ"Dark Sisters" ရုပ်ရှင်က သည်းထိတ်ရင်ဖိုဆန်ဆန် ခြောက်ချားစရာဆန်ဆန် ဇာတ်ကားမျိုးကြည့်ရှုလိုသူများအတွက် ရွေးချယ်မှုတစ်ခုပါလို့ပဲညွှန်းဆိုလိုက်ရပါတယ်... File size…1.39GB /681MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 20m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

The Dark Sisters (2023)

Reservation Road (2007) 6.6
Reservation Road (2007)  Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားကဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီးသူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျသွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူးတွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူးတွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်းပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန်ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန်တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့ကကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက်ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့...... File size…1.83GB / 908MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Reservation Road (2007)

Horizon: An American Saga – Chapter 1 (2024)
Horizon: An American Saga – Chapter 1 (2024)  ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ ...
movie

Horizon: An American Saga – Chapter 1 (2024)

Welcome to the Dollhouse (1995) 7.4

Welcome to the Dollhouse (1995)

A Body That Works (aka) Rispet (2023)
A Body That Works (aka) Rispet (2023)  နီကိုလာက စိတ်မနှံ့တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေရဲ့ စပျစ်ခြံအလုပ်တွေကိုလည်း ဝင်မကူ သူ့ကိုယ်ပိုင်ခွေးနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေ့ရှိတယ်။ ညဘက်တွေဆိုလည်း ခွေးတစ်ကောင်နဲ့ ရွာထဲကိုလျှောက်သွားတတ်ပြီး လူတွေ လမ်းကြားထဲမှာ ရန်ဖြစ်နေတာမြင်ရင် သူက ကြောက်လို့ထွက်ပြေး... လူတွေက သူထွက်ပြေးတာကိုမြင်တော့ သူက ရွာသားတွေကို လိုက်ချောင်းနေတာလားဆိုပြီး အတွေးရောက်စရာတွေဖြစ်ကုန်တော့တယ်။ဒီလိုနဲ့ တစ်နေ့ သူတို့ရွာထဲက ရွာသားတစ်ယောက်ရဲ့ ပန်းပုရုပ်ထုတစ်ခုကို လူတစ်ယောက်က ညဘက်ကြီး ခေါင်း-ဖြတ်သွားတဲ့အခါ... နောက်ညတွေမှာလည်း အခြားပန်းပုရုပ်တွေပါ ဖျက်စီးခံလာရတဲ့အခါ... တစ်ရွာလုံးရဲ့ စွပ်စွဲချက်တွေက နီကိုလာဆီကို စုပြုံပြီးရောက်လာတော့တယ်။ တကယ်ပဲ နီကိုလာက ရွာကပစ္စည်းတွေကို ဖျက်စီးနေတာလား? ဘယ်သူကလုပ်နေတာလဲ?အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.5 GB)/(790 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway ...
movie

A Body That Works (aka) Rispet (2023)

Ask the Dust (2006) 5.7
Ask the Dust (2006) ဒီဇာတ်လမ်းကတော့ သူကြိုက်နေတဲ့ ကောင်မလေးကိုမှ စတွေ့ကတည်းက မချေမငံပြောပြီး စော်ကားတတ်တဲ့ မိန်းမတွေအကြောင်းနားမလည်တဲ့ စာရေးဆရာ Arturo Bandini နဲ့ သတ္တိရှိတဲ့ ခပ်စွာစွာ စားပွဲထိုးမလေး Camilla ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။Arturo က Colorado ကနေ LA ကို ဝတ္ထုရေးဖို့ပြောင်းလာတဲ့ အီတလီလူမျိုးစာရေးဆရာဖြစ်ပြီး ဘားတစ်ခုက စားပွဲထိုး မက္ကဆီကန်မလေး Camilla ကို မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမဲ့ သူချစ်တာက အဆန်းသား။ Camilla ကို ကော်ဖီသောက်မကောင်းလို့ ရန်တွေ့ပြီး ကော်ဖီကိုသွန်ပစ်ပြီး ထွက်သွားခဲ့တယ်။ ဆင်းရဲတဲ့စာရေးဆရာဖြစ်တဲ့ Arturo နဲ့ ချမ်းသာတဲ့သူကိုမှလက်ထပ်ချင်နေတဲ့ Camilla တို့ နှစ်ယောက် တွေ့တိုင်းရန်ဖြစ်နေရာက တဖြည်းဖြည်း ခံစားချက်တွေပေါက်ဖွားလာရာမှာတော့ နဂိုရှုပ်ပြီးသား သူတို့အချစ်ရေးက လူမျိုးရေးခွဲခြားတတ်တဲ့ခေတ်ရဲ့ ပြဿနာတွေကြောင့် ဘယ်လိုအခက်အခဲတွေ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ Romance ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ...
movie

Ask the Dust (2006)

Nobel Son (2007) 6.1
Nobel Son (2007) ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie

Nobel Son (2007)

Aloft (2014) 5.5
Aloft (2014)  လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က မိမိကို စွန့်ပစ်သွားတဲ့ မိခင်ကို နာကျည်းရင်းရှင်သန်နေထိုင်နေတဲ့ သိမ်းငှက်ဆရာ အိုင်ဗန်။အိုင်ဗန်ကို စွန့်ပစ်သွားပြီး နာမည်ကြီး ယုံတမ်းသမားတော်တစ်ဦးဖြစ်လာခဲ့တဲ့ မိခင်ဖြစ်သူ နာနာ။သတင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် နာနာကိုရှာဖွေနေတဲ့ သတင်းထောက်ပေါက်စလေး ဂျာနီယာရက်စ်မော။Peaky Blinders မင်းသားဖြစ်တဲ့ Cillian Murphy နဲ့ဟော်လီးဝုဒ် ဝါရင့်မင်းသမီးကြီး Jennifer Connelly အပြင်ပြင်သစ်မင်းသမီး Mélanie Laurent တို့ပါဝင်သရုပ်ဆောင်ထားတဲ့“Aloft” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ မရေရာမှုတွေ၊ အဖြေရှာမရတဲ့မေးခွန်းတွေ၊ ငယ်ဘဝ စိတ်ဒဏ်ရာတွေကို ကျွမ်းကျင်သရုပ်ဆောင်ချက်တွေနဲ့ လေးနက်စွာ ဆွဲထုတ်ပြသထားတဲ့ဇာတ်ကားကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size…1.39GB/ 666MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 52m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Aloft (2014)

Retreat (2011) 5.8
Retreat (2011)  Peaky Blinders ထဲမှာ သောမတ်စ်ရှယ်လ်ဘီနေရာကသရုပ်ဆောင်ထားတဲ့ နာမည်ကြီးမင်းသား Cillian Murphyပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2010 ခုနှစ်တုန်းကဒရာမာ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Retreat ဖြစ်ပြီး ကမ္ဘာပျက်ရုပ်ရှင်ဇာတ်ကားတွေလိုပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ကြည့်ဖို့အချိန်ပေးရတာတန်စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကိတ်နဲ့ မာတင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ထောင်ရေးကနည်းနည်းယိုယွင်း ပျက်စီးနေပြီဖြစ်တဲ့အတွက် ဇာတ်ကားနာမည်အတိုင်း Retreat(ပြန်လည်ထူထောင်ရေး)လုပ်ဖို့အတွက်ဘလက်ဟုမ်းဆိုတဲ့ ကျွန်းတစ်ကျွန်းဆီကိုသွားခဲ့ကြပါတော့တယ်။အဲ့ဒီမှာ အိမ်လေးတစ်လုံးကို ငှားကာ လင်မယားနှစ်ယောက်အတူတူအပန်းဖြေခဲ့ကြပြီး အိမ်ထောင်ရေးပြန်လည်အဆင်ပြေဖို့မျှော်လင့်နေပေမဲ့ တစ်ရက်ထက်တစ်ရက်ပိုပိုဆိုးလာတာပဲရှိခဲ့ပါတယ်။ဖြစ်ချင်တော့ သူတို့ရဲ့ အိမ်ရှင်ရှိရာ ကုန်းမကြီးကိုလည်းရေဒီယိုနဲ့ဆက်သွယ်လို့မရ အိမ်မှာသုံးနေတဲ့မီးစက်ကလည်းပျက်နဲ့တော်တော်ကိုတိုင်ပတ်နေခဲ့ပါတော့တယ်။ကျွန်းပေါ်က ထွက်သွားဖို့ကျတော့လည်း ဘာလှေ ဘာသင်္ဘောမှမရှိတဲ့အတွက် နှစ်ယောက်သားအဲ့ဒီကျွန်းပေါ်မှာ ပိတ်မိနေကြပါတော့တယ်။အဲ့ဒီအချိန်မှာ သူတို့အိမ်ကိုစစ်တပ်က လူတစ်ယောက်ရောက်လာခဲ့ပြီးအပြင်မှာ လေထဲကနေ ကူးစက်တဲ့ ကြောက်စရာဗိုင်းရပ်စ်တစ်ခုကမ္ဘာအနှံ့ပြန့်နှံ့နေပြီးအိမ်ထဲမှာပဲ လေလုံအောင်အလုံ ပိတ်နေရမယ်လို့ ပြောခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်လည်း နှစ်ယောက်တည်းပိတ်မိနေရာကနေသုံးယောက်ဖြစ်သွားပြီး ကြောက်စရာကောင်းတဲ့ဗိုင်းရပ်စ်ကြီးကြားမှာအသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ရုန်းကန်ကြိုးစားကြပုံတွေကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.56GB / 584MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , ...
movie

Retreat (2011)

A Journey to Kasi (2023) 7
A Journey to Kasi (2023) A Journey to Kasi (2023) "ကာစီသို့ မျဉ်းပြိုင်၂ကြောင်း"ဒီတစ်ခေါက်မှာတော့ စိတ်ဝင်စားစရာ အပြိုင်ဆန့်ကျင်ဘက်နိယာမသဘောကို ဆောင်တဲ့ ဇာတ်လမ်းလေး၂ခုကို ယှဥ်ပြီးရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းပါရဂူဘွဲ့လွန်ကျောင်းသား တစ်ယောက်ဖြစ်တဲ့ ဂျက်ဝက်ဘာတစ်ယောက် တစ်ညမှာ အမျိုးသမီးပြည့်တန်ဆာတစ်ယောက် လမ်းမပေါ်မှာ အမျိုးသားတချို့ဝိုင်းဝန်း အနိုင်ကျင့်နေတာကို တွေ့ပြီးကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်ဆက်တွေ့ဖြစ်ခဲ့ကြပြီး ဂျက်ရဲ့ ဆရာကိုရှာဖို့ ကာစီမြို့ကို အတူရှာဖွေရေးတစ်ခုထွက်ခဲ့ကြပါတယ်။နောက်ထပ်ဇာတ်လမ်းတစ်ခုမှာလည်း ဆမ်ဘိုင်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာလည်း သူ့ရဲ့သား ဆီဗာနာဒါကို ကာစီမြို့ကို ဘုရားဖူးထွက်ချင်လို့ လိုက်ပို့ခိုင်းပါတယ်။ ဒါပေမဲ့ အဲ့ဒါကရော သဘောရိုးနဲ့ဟုတ်ရဲ့လား ဆီဗာနာဒါမိသားစုထဲမှာရော ဘာတွေဖြစ်ပြီး ဆွယ်သာကရော ကာစီမြို့နဲ့ဘယ်လိုဆက်စပ်နေမလဲဆိုတဲ့ အပြိုင်ဆန့်ကျင်ဘက်သဘောတရား နိယာမ ဇာတ်လမ်းလေးကို ကြည့်ရှူအဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ဇာတ်လမ်းနဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ခင်ဗျာ။ File size…2.38GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

A Journey to Kasi (2023)

2024