Channel Myanmar

Drama

Autumn Fairy Tale ( 2019 ) 5.9
Autumn Fairy Tale ( 2019 ) ဒီတစ်ခေါက်မှာတော့ ဆောင်းဦးရွက်ကြွေချစ်သက်သေကိုးရီးယား ဇာတ်လမ်းတွဲကိုပြန်ရိုက်ထားတဲ့chinese movieကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာတော့အဓိကသရုပ်ဆောင်အဖြစ် Xu kai နဲ့ Zhao Lusi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ရင်ကျွင့်ရှီးငယ်ငယ်ကဆေးရုံမှာညီမလေးကိုသွားကြည့်ရင်းသတိမထားမိပဲ အန်းရှီးနဲ့ရှင်းအိုက်မွေးကင်းစကလေးနှစ်ယောက်ရဲ့ချိတ်ထားတဲ့ နာမည်ကတ်ပြားတွေကိုပြုတ်ကျအောင်လုပ်မိပြီး သူနာပြုဆရာမတွေ့သွားတဲ့အခါနာမည်ကတ်ပြားကိုမှားယွင်းပြီးပြန်ချိတ်မိသွားပါတယ်။သာယာချမ်းမြေ့တဲ့မိသားစုမှာကြီးပြင်းလာကြတဲ့ရင်ကျွင့်ရှီးနဲ့ ရင်အန်းရှီးတို့မောင်နှမနှစ်ယောက်ကြားကိုကားတိုက်မှုတစ်ခုဝင်လာပြီးနောက် အရာအားလုံးကပြောင်းလဲခဲ့ရပါတယ်။ကားတိုက်မှုကြောင့် အန်းရှီးသွေးအမျိုးအစားကိုမိဘတွေစစ်ဆေးကြည့်မိတဲ့အခါမှာတော့ အန်းရှီးနဲ့ပတ်သက်တဲ့အဖြစ်မှန်ကိုသိသွားပြီး တစ်ညထဲနဲ့ ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးအဖြစ်အမေအရင်းဆီကိုပြန်ရောက်သွားပြီး ကျွင့်ရှီးကအဖေအမေ ညီမလေးရှင်းအိုက်တို့နဲ့အတူအမေရိကန်ကိုပြောင်းသွားခဲ့ရပါတော့တယ်။အချိန်တွေကြာပြီးနောက် အန်းရှီးနဲ့အတူပိုင်ဆိုင်ခဲ့ဖူးတဲ့လှပတဲ့ အမှတ်တရတွေရှိနေတဲ့မွေးရပ်မြေကိုကျွင့်ရှီးနောက်တစ်ခါပြန်ရောက်လာပြီး အန်းရှီးကိုပြန်လာရှာခဲ့ကာနောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါလို့တိုက်တွန်းလိုက်ပါတယ်နော် Filesize : Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Drama , Family Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK  
movie

Autumn Fairy Tale ( 2019 )

2019
Spooks: The Greater Good (2015) MI 5 6.2
Spooks: The Greater Good (2015) MI 5 Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာ နာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့ လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေး ဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကို ယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကို အမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကို Suspense အပြည့်နဲ့ရှုစားကြရမှာပါ။File size_(1.9GB)/(980MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Spooks: The Greater Good (2015) MI 5

Ullozhukku (2024) 7.9
Ullozhukku (2024) Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ)IMDb - 7.9/10ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားက ခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကို မျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်က အန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာ မွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင် သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက် ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီး မထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 660MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Ullozhukku (2024)

2024
Crush (2024)
Crush (2024) Crush (2024) ကြင်သူအလိုကျ Genre – Romance, Dramaကာနာဆိုတာ တွေ့သမျှကောင်မလေးတိုင်း လိုက်ဖွံကြောင် ရည်းစားစကားလိုက်ပြောပေမဲ့ အမြဲတမ်း အငြင်းခံရပြီး ပလစ်ခံနေရတဲ့ ကောလိပ်ကျောင်းသားလေး ဖြစ်ပါတယ်။ဒီလိုနဲ့ နေလာရင်း ကျောင်းမှာ ရှကီရာတို့လို့ ဆံပင်ကောက်ကောက်လေးနဲ့ အလန်းလေးတစ်ယောက်တွေ့လို့ နောက်ထပ်တစ်ခါ ဇွဲလုံ့လ ဝီရိယကြီးစွာနဲ့ လိုက်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဒီ အမ်မီဆိုတဲ့ ဆံကောက်မလေးမှာက ကလေးဘဝကတည်းက အဖြစ်ချင်ဆုံး ဆန္ဒလေးတစ်ခု ရှိနေတယ်၊ အဲဒါကလည်း လွယ်တော့ လွယ်မနေပါဘူး။ဒီလိုနဲ့ ကာနာတစ်ယောက် သူချစ်ရတဲ့သူလေးကို ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြည့်စည်းနိုင်အောင် ကူညီပေးနိုင်မလား၊ ကူညီပေးရင်းကနေ လိုချင်တဲ့အချစ်မေတ္တာကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ရမယ့် ကန်နားဒါ အိန္ဒိယအချစ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဗျာ။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 1.84GB / 998MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Crush (2024)

2024
Bharat Ane Nenu (2018) 7.5
Bharat Ane Nenu (2018) Bharat Ane Nenu (2018)IMDb Rating (7.5) / Rotten Tomatoes (88%)ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇာပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာနိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။သူပြောတဲ့စကားက"စစ်မှန်တဲ့ ...
movie

Bharat Ane Nenu (2018)

2018
A Moment to Remember (2004)
A Moment to Remember (2004) A Moment to Remember (2004)*********************************အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလိုဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီးအမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက်ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေကဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလိုသင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းက‌ပေါ့။တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ဒီလိုနဲ့ပဲ.......... တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာအချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလိုကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ...
movie

A Moment to Remember (2004)

The Class (2008) 7.5
The Class (2008)  ဒီတစ်ခေါက်တင်ဆက်မဲ့ကားလေးကတော့ ထွက်တာကြာပြီဖြစ်တဲ့ ကားဟောင်း ကားကောင်းလေးပေါ့နော် ဇာတ်ကားနာမည်က The Classဖြစ်ပြီး ၂၀၀၈ခုနစ်ကတည်းကထွက်ရှိထားပါတယ် ဒီကားကို ဒါရိုက်တာ Laurent Cantentကရိုက်ကူးထားတာဖြစ်ပြီး အံ့ဩစရာက ဇာတ်ညွှန်းရေးသားသူ François Bégaudeau က အတန်းပိုင်ဆရာအနေနဲ့ပါဝင်သရုပ်ဆောင်ထားတာမို့ ဇာတ်လမ်းက ပိုအသက်ဝင်နေတာဖြစ်ပါတယ်ဇာတ်ကားအကျဉ်းကတော့ ပြင်သစ်စာသင်တဲ့ အတန်းပိုင်ဆရာ ဖရန်ကို နဲ့သူ့ရဲ့တပည့်လေးတွေအကြောင်း အဓိက ပြသထားတာပါ ဆယ်ကျော်သက်ကျောင်းသားတွေ ထုံးစံ ကျောင်းက ဘာလုပ်လုပ်သဘောမကျကြ ပုန်ကန်ပြန်ပြောချင်ကြအရွယ်တွေ ဖြစ်ပါတယ် အတန်းပိုင်ဆရာဖရန်ကိုခမျာ ကျောင်းသားတွေအတွက်အရမ်းတွေးပေးပြီး တပည့်တွေရဲ့ စရိုက်လက္ခဏာအမျိုးမျိုး ပြဿနာအမျိုးမျိုးကို မျိုသိပ်ပြီး စိတ်အေးအေးနဲ့ ရှင်းပေးရပါတယ်ဆရာဖရန်ကို ဒီလိုပဲ ခေါင်းအေးအေးနဲ့ ကျောင်းသားတွေ အတွက် တွေးပေးနိုင်ဦးမှာလား မတူညီတဲ့ ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်မှာလဲ ကျောင်းသားတွေနဲ့ရော သင့်မြတ်နိုင်ပါ့မလားကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုနိုင်ပါတယ် Aprilအနေနဲ့တော့ တကယ့်လက်တွေ့ဆန်တဲ့ အဖြစ်အပျက်တွေကို မီးမောင်းထိုးပြသွားတဲ့ ကားကောင်းလေးမို့ ဆယ်ကျော်သက်အရွယ်လေးတွေ ကျောင်းသားကျောင်းသူလူငယ်တွေ ဆရာတွေကို ...
movie

The Class (2008)

The Arctic Convoy (2023) 6.7
The Arctic Convoy (2023)  ဒီကားကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပင်လယ်ထဲက ဖြစ်ရပ်မှန်လေးကို ရိုက်ပြထားတာပါ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေက ဆိုဗီယက်ယူနီယမ်ကို ရုရှားနယ်ထဲထိ လိုက်တိုက်ခိုက်နေစဉ် ဆိုဗီယက်တွေ အတွက်လိုအပ်တဲ့ စစ်လက်နက်တွေထောက်ပံ့ပေးဖို့ နော်ဝေအရပ်သား သင်္ဘောတွေနဲ့ လိုက်ပို့ပေးရပါတယ်။ဒါပေမဲ့ လိုက်ပို့ပေးတဲ့ စစ်အစောင့်အရှောက် သင်္ဘောတွေ ကအကြောင်းတစ်ခုခုကြောင့် ခွဲထွက်သွားပြီး သင်္ဘောတွေလူစုခွဲ လိုက်ရတဲ့အချိန်မှာ ‌သင်္ဘောပေါ်မှာ ဘယ်လိုဖြစ်ကြလဲ ဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ကားလေးပါ။ File size…(1.35 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:48:00 Genre... Action, Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

The Arctic Convoy (2023)

Savi (2024) 7.6
Savi (2024) Savi (2024) (အသွားမတော်တစ်လှမ်း)နာကူးရ်ဆာဒပ်ဗ်ဟာ မိန်းမနဲ့ ကလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူတစ်ယောက်ပါ။ တစ်နေ့တော့ အသွားမတော် တစ်လှမ်းဆိုတဲ့အတိုင်းပဲ နာကူးရ်သွားခဲ့တဲ့နေရာမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး လူသတ်မှုဖြစ်ရာအချိန်အတွင်းမှာ လူသွားလူလာဆိုလို့ နာကူးရ်တစ်ယောက်ပဲရှိတာကို စုံစမ်းရမိတဲ့အခါမှာတော့ ရဲတွေဟာ ဖမ်းဝရမ်းနဲ့ နာကူးရ်တို့အိမ်ကို ရောက်လို့လာပါတော့တယ်။နာကူးရ်ကတော့ အဲဒီအချိန်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူနဲ့အတူ လူတစ်ယောက်ရှိကြောင်း၊ အဲဒီလူနဲ့ ဝင်တိုက်ခဲ့မိကြောင်း၊ ဝင်တိုက်ရင်း အဲဒီလူရဲ့ ကြယ်သီးဟာ ကွဲပြီး ပြုတ်ထွက်သွားကြောင်း အခိုင်အမာပြောဆိုနေပါတယ်။နာကူးရ်တစ်ယောက်တည်းမဟုတ်ကြောင်း သက်သေပြဖို့အတွက် ကြယ်သီးတစ်ခြမ်းပဲ့လေးကို ရှာတွေ့ရင် အထောက်အကူဖြစ်နိုင်ကြောင်း မိန်းမဖြစ်သူ ထောင်ဝင်စာလာတွေ့တော့ ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ မိန်းမဖြစ်သူဟာ ရှေ့နေအာနူနဲ့အတူ နာကူးရ်ရဲ့ အမှုကို ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ ...... နာကူးရ်ဟာရော ဒီလူသတ်မှုနဲ့ တကယ်ရော အဆက်အစပ်မရှိတာ သေချာရဲ့လား .... ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File size…1.9GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie

Savi (2024)

2024
The Extraordinary Journey of the Fakir (2018) 7.2
The Extraordinary Journey of the Fakir (2018) The Extraordinary Journey of the Fakir (2018)IMDb Rating (6.8 )ဒီရုပ်ရှင်ကားကတော့ The Boys ထဲက Starlight အဖြစ် လူသိများတဲ့ မင်းသမီး Erin Moriarty နဲ့ အိန္ဒိယတောင်ပိုင်းမင်းသား Dhanush တို့ပါဝင်ထားတာကြောင့်ထူးခြားတဲ့ အတွဲအဖက်နဲ့ Adventure Comedy Drama ရုပ်ရှင်ကားဖြစ်ပါတယ်။အာဂျာအဖြစ် ဒနွတ်ရှ်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲလို့ အမေဖြစ်သူရဲ့ လိုအင်နဲ့ ဆန့်ကျင်ဖက်အဖြစ်ခါးပိုက်နှိုက်တလှည့် မျက်လှည့်ဆရာတလှည့်ဘဝနဲ့  မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ ပြင်သစ်ကိုသွားဖို့ အိမ်မက်တစ်ခုရှိပါတယ်...ဘာလို့လဲဆိုတော့ အဖေဖြစ်သူကို ရှာဖွေဖို့ပါ....ဒါကြောင့်မလို့ အမေဖြစ်သူဆုံးသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပဲရစ်မြို့ကို ချီတက်လာခဲ့ပါတော့တယ်။ပဲရစ်က အီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ Starlight မလေး မေရီနဲ့ တွေ့ဆုံပြီး မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့်အိန္ဒိယနိုင်ငံသား တစ်ယောက် ကမ္ဘာတခွင်မှာ ဘယ်လိုတွေအလွဲလွဲအချော်ချော် ဖြစ်မလဲဆိုတာ....။ File size…(1.7 GB )/(1 ...
movie

The Extraordinary Journey of the Fakir (2018)

2018
Eye on Juliet (2017) 6.4
Eye on Juliet (2017) Eye on Juliet ဇာတ်ကားဟာ 2017 မှာ ထွက်ရှိထားတဲ့ Romance/Drama အမျိုးအစား ဖြစ်ပါတယ်။ IMDb 6.4 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရ အဆင်ပြေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ရီမုထိန်းချုပ်စက်ရုပ်လေးတွေနဲ့ ဆီပိုက်လိုင်း လုံ‌ခြုံရေးပေးရတဲ့ ဂေါ်ဒန်ဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံရာမှာ ဘာတွေဆက်ဖြစ်မလဲ။အသဲကွဲနေတဲ့ ဂေါ်ဒန်ဟာ အချစ်ကိုအယုံကြည်ရှိဦးမှာလား၊ သူ့ရဲ့နေ့စဉ်ဘဝကိုဘယ်လိုသက်ရောက်လဲဆိုတာကို မြင်တွေ့ရမှာပါ။ မိုင်ထောင်ချီဝေးနေလည်း ချစ်ရင်ဘာမဆိုဖြစ်နိုင်မလားဆိုတာကိုChannel Myanmar ပရိတ်သတ်ကြီးတို့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာဖြစ်ပါတယ်။ File size…    1.2 GB /  562 MB Quality… BDRip 1080p / 720p Format… mp4 Duration…. 1h 36m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by KK
movie

Eye on Juliet (2017)

Mr. & Mrs. Mahi (2024) 6.5
Mr. & Mrs. Mahi (2024) IMDb 6.5/10 Rotten tomato 64%မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေ ဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေ အချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင် သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။ File size… 2.06GB / 1GB  Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team 
movie

Mr. & Mrs. Mahi (2024)

2024
Chalti Rahe Zindagi (2024)
Chalti Rahe Zindagi (2024) Chalti Rahe Zindagi (2024) "ဘ၀အဖုံဖုံ"လောင်ရုံတင်မက ပြာပါကျသွားမဲ့အရှုပ်တော်ပုံကြီးကို ဖန်တီးရိုက်ကူးတင်ဆက်ထားတဲ့ ဟင်ဒီရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။၀ူဟန်ကတဆင့် ပျံ့ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရက အိမ်ပြင်မထွက်ကြဖို့ တောင်းဆိုထားချိန်။ဒီလော့ခ်ဒေါင်းကြောင့်ပဲ အိမ်နီးချင်းအိမ်ထောင်သည်တွေထဲက လင်ဖြစ်သူနဲ့ မယားဖြစ်သူတို့ ဖောက်ပြန်နေကြတာ ပေါ်လာခဲ့တယ်။မတူညီတဲ့မိသားစုသုံးခုရဲ့ သပွတ်အူလိုရှုပ်ထွေးလှတအကြောင်းအရာတွေ။မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကို သူတို့တွေရင်ဆိုင်ခံစားရင်း ကျော်ဖြတ်နိုင်ကြမလားဆိုတာတွေကို ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…1.8GB / 906MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Chalti Rahe Zindagi (2024)

2024
Imagine Me & You (2005) 6.7
Imagine Me & You (2005) Imagine Me & You (2005)IMDb – 6.7/10 Genre - Comdey, Drama, RomanceGOT စီးရီးမှာ ဆာဆီ လန်နစ္စတာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey၊ Watchmen နဲ့ The Imitation Game မင်းသား Matthew Goode နဲ့ မင်းသမီး Piper Perabo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီးချစ်မိသွားခဲ့ပါတယ်။လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင် ၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို ...
movie

Imagine Me & You (2005)

The Reason I Jump (2020) 7.4
The Reason I Jump (2020) The Reason I Jump (2020)~ IMDb - 7.4/10, RT - 97%, Meta - 83% ~“I don’t have ADHD when I am out in the woods.” - David (Age 14)“ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။”Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ … “သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး ...
movie

The Reason I Jump (2020)

2020
Bhaiyya Ji (2024) 6.6
Bhaiyya Ji (2024) Bhaiyya Ji (2024)"အစ်ကိုကြီး အဖအရာ" ================================The Family Man ထဲက သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ IMDb 6.6/10 ရ ကလဲ့စား အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် ott ထွက်ရှိလို့လာပြီ။ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားတယ်လို့လည်း ဒါရိုက်တာဖြစ်သူက ပြောပြထားပါတယ်။ဇာတ်လမ်းကတော့ မာနို့ဂျ်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်ဖြစ်သူ ရမ်ချာရန်ရဲ့ မင်္ဂလာပွဲအတွက် သူ့ရဲ့ညီဖြစ်သူဟာ သူတို့ရဲ့ မွေးရပ်မြို့ဆီကို ပြန်လာနေတုန်းမှာ အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားတဲ့အတွက် ရမ်ချာရန်တစ်ယောက် လိုက်ရှာဖို့ကြိုးစားရင်း တစ်နွယ်ငင်တစင်ပါဆိုသလို အမှိုက်ကစ ပြဿာဒ်မီးလောင်ကာ နိုင်ငံရေးသမား အကောင်ကြီးကြီးတွေနဲ့ငြိပြီး မီးခိုးကြွက်လျှောက်ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ အက်ရှင်အကြမ်းပတမ်းတွေကို မြင်တွေ့ရမှာဖြစ်လို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhaiyya Ji (2024)

2024